သတင်းနှင့်နည်းပညာများ

3/12/14

မမျှော်လင့်ဘဲ သေဆုံးသွားတဲ့ မိန်းမအလောင်းကို သင်္ချိုင်းကနေ အိမ်ပြန်သယ်ပြီး ကော်ဖီစားပွဲပြုလုပ်ခဲ့တဲ့ ချစ်လွန်းသူယောင်္ကျား(ဖြစ်ရပ်မှန်)


မမျှော်လင့်ဘဲ သေဆုံးသွားတဲ့ မိန်းမအလောင်းကို သင်္ချိုင်းကနေ အိမ်ပြန်သယ်ပြီး ကော်ဖီစားပွဲပြုလုပ်ခဲ့တဲ့ ချစ်လွန်းသူယောင်္ကျား(ဖြစ်ရပ်မှန်)
အမေရိကန်နိုင်ငံ Arizona က Jeff Green ဆိုတဲ့ အသက် ၃၂ နှစ် အရွယ်ရှိ
လူတစ်ယောက်ရဲ့ ဇနီးဖြစ်သူ Lucy ဟာနှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်..။ သူဟာ သူ့မိန်းမကို အရမ်းချစ်လွန်းပြီး သိပ်ကို ခံစားခဲ့ရပါတယ်..၊ နောက်ဆုံးတော့ သူဟာ သာမန်လူသားတွေ
လုပ်ဖို့ မစဉ်းစားရဲတဲ့ မိုက်မဲတဲ့ လုပ်ရပ်တစ်ခုကို လုပ်ခဲ့ပါတယ်..၊ အဲဒါကတော့
သေဆုံးသူ သူ့ဇနီးကို သချိုင်းကနေ အိမ်ကို ပြန်သယ်လာတာပဲ ဖြစ်ပါတယ်။
Lucy မသေဆုံးမီ Jeff Green ကို "ငါတို့ ကောင်းကဘုံမှာ ပြန်ဆုံရအောင်"
လို့ပြောခဲ့ပါတယ်.။
ဒီစကားက Jeff ရဲ့ ခံစားချက်တွေကို နှစ်သိမ့်နိုင်စွမ်းမရှိခဲ့ပါဘူး၊ အသုဘချတဲ့နေမှာ..၊
မျှော်လင့်ချက်ကင်းမဲ့တဲ့မျက်နှာနဲ့ Jeff ဟာLucy ကို သူ့စီကနေ ထွက်ခွာခွင့်မပြုဖို့
ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
သူဟာ တာဝန်ရှိသူတွေနဲ့ စကားပြောခဲ့ပါတယ်..၊ သူ့ကိုတာဝန်ရှိသူတွေက မယုံကြည်နိုင်
ခဲ့ပေမယ့်..၊ ပြင်းထန်လှတဲ့သှူ့ဆန္ဒကို မလွန်ဆန်နိုင်တာကြောင့် ထူးခြားနောက်ဆုံးတော့
သူ့ဇနီးကို အိမ်ပြန်သယ်သွားနိုင်မယ့် အထူးခွင့်ပြုချက်ကို ပေးခဲ့ပါတယ်..၊
" ကျွန်တော့်ဇနီးကို အိမ်မှာထားရတာက မြေအောက် ၇ ပေ လောက်မှာ မြှပ်ရမှာထက်
ပိုကောင်းပါတယ်၊ Lucy ဟာပျော်ရွှင်တတ်သူလည်း ဖြစ်တာကြောင့် သူက ကျွန်တော့်
ကော်ဖီစားပွဲဖြစ်ရတာ သူဝမ်းသာမှာပါ " လို့လည်းပြောခဲ့ပါတယ်..။
Jeff ဟာ အလောင်းကို မပျက်စီးစေမယ့် အထူးစီမံပြုလုပ်ထားတဲ့ ဖန်အခေါင်း
တစ်လုံးကို ဒေါ်လာ ၆၀၀၀ လောက် အကုန် အကျခံကာ မှာယူခဲ့ပါတယ်။ တစ်ချို့ အပေါင်းအဖော်နဲ့ ဆွေမျိုးတွေဟာ.၊ ကြောက်လန့်ပြီး သူ့အိမ်ကို လာမလည်တော့ ပါဘူး..၊
ဒါပေမယ့် သူ့ခံစားချက်ကို နားလည်တဲ့ သူငယ်ချင်းအချို့ကတော့ လာလည်မြဲ လာ
လည်ကြပါတယ်၊ တစ်ချို့ဆိုရင် ဒီကော်ဖီစားပွဲဟာ အတော်ကောင်းကြောင်းကိုတောင်
ချီးမွမ်းပြောဆိုသွားပါသတဲ့ဗျာ။
အောင်ထွန်ဦး
ရွှေမြန်မာမီဒီယာ
Myawady News

3/11/14

VOA - AIDS ရောဂါ ပျောက်နိုင် ခြေလမ်းစပေါ်လာ


VOA - AIDS ရောဂါ ပျောက်နိုင် ခြေလမ်းစပေါ်လာ
=============================

AIDS ရောဂါကို ပျောက်ကင်းအောင် လုပ်ပေးနိုင်မယ့် လမ်းစပေါ်လာတဲ့ ကုထုံး ၂ ခု တွေ့ရှိတဲ့အပေါ် အမေရိကန် သိပ္ပံပညာရှင်တွေ အာရုံစိုက်နေကြပါတယ်။ HIV ပိုး ကူးစက်နေတဲ့ လူနာ တဒါဇင်ထံက သွေးနမူနာကို ထုတ်ယူပြီး HIV ပိုးကို တွယ်စေတဲ့ ပရိုတိန်းဓါတ်ကို ဖယ်ရှားပေးတဲ့နည်းကို အသုံးပြုခဲ့တဲ့အကြောင်း အမေရိကန်နိုင်ငံက နံမည်ကျော် New England ဆေးပညာဂျာနယ်မှာ ဖော်ပြထားတာပါ။

နောက်တော့ ရောဂါတွယ်စေတဲ့ ပရိုတိန်းဓါတ် ဖယ်ထားတဲ့ သွေးတွေကို လူနာရဲ့ ခန္ဓာကိုယ်ထဲ ပြန်ထိုးပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဝေဒနာ ရှင်တွေ သောက်နေတဲ့ ဆေးဝါးတွေကို တလလောက် ဖြတ်ထားလိုက်ပါတယ်။

အဲ့ဒီနည်းကို အသုံးပြုထားတဲ့ သွေးက ရောဂါပိုး ကူးစက်မှုက ကာကွယ်ပေးနိုင် တာကို ဆရာဝန်တွေ တွေ့ရှိခဲ့ပါတယ်။ အခု တွေ့ရှိမှုအသစ်အရ HIV ရောဝေဒနာရှင် တချို့အနေနဲ့ သူတို့ နေ့စဉ် သောက်နေကျ ဆေးတွေကို သောက်စရာမလိုတော့ အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။

ဒီအတောအတွင်း HIV ရောဂါပိုးနဲ့ မွေးလာတဲ့ ဒုတိယမြောက် ကလေးငယ်တဦးထံမှာ အခု ရောဂါလက္ခဏာ တစုံတရာမှ မရှိတော့တာကို တွေ့ရတယ်လို့ Boston မြို့မှာ ပြုလုပ်နေတဲ့ AIDS ညီလာခံကိုတက်နေတဲ့ ဆရာဝန်တွေက ပြောပါတယ်။ ဒါဟာ Los Angeles မြို့မှာ မနှစ်က အဲဒီကလေးငယ် မွေးပြီးပြီးချင်း ဆရာဝန်တွေက ဆေးဝါးကုသမှု ဖိဖိစီးစီး ပြုလုပ်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။

ပထမကလေးကတော့ အမေရိကန်နိုင်ငံ အရှေ့တောင်ပိုင်းဒေသ Mississippi ပြည်နယ်မှာ HIV ရောဂါပိုးနဲ့ မွေးလာတဲ့ကလေးကို မွေးပြီးပြီးချင်း နာရီ ၃၀ အကြာမှာ ဆေးဝါးကုသမှု ပေးခဲ့တာမှာ အခု အဲဒီကလေးငယ် ၃ နှစ်ကြာလာတဲ့အထိ သူ့ခန္ဓာကိုယ်မှာ ရောဂါလက္ခဏာ တစုံတရာ မတွေ့ရတော့ဘူးလို့ ဆိုပါတယ်။

***************
Ref : Zaw Lwin Win
***************
Yangon Media Group

တစ်ကမ္ဘာလုံးက ဝိုင်းရှာပေမယ့် မတွေ့နိုင်သေးတဲ့ မလေးရှား လေယာဉ်

တစ်ကမ္ဘာလုံးက ဝိုင်းရှာပေမယ့် မတွေ့နိုင်သေးတဲ့ မလေးရှား လေယာဉ်
မလေးရှား လေကြောင်းလိုင်းမှ MH370 လို့ အမည်ရတဲ့ လေယာဉ် ပျောက် ဆုံး မှု တစ်ကမ္ဘာလုံး သိရှိနေပြီး ဖြစ်ပါတယ်။ မတ်လ ၈ ရက်နေ့က မလေးရှား ကွာလာလမ်ပူ မှ တရုတ်ပြည် ပေကျင်း ကို အသွားမှာ ပျောက် ဆုံး သွားပြီး ပျောက်ဆုံးတယ်လို့ ခန့်မှန်း ရတဲ့ နေရာ ကို ထိုင်း ကမ်းမြောင် ဒေသနဲ့ တောင်တရုတ်ပင်လယ် ဆိုပြီးတော့ သတ်မှတ် ထားပါတယ်။
မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ အမေရိကန်၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ သြစတေးလျ၊ စင်္ကာပူ၊ တရုတ်ပြည်မ၊ တောင်ကိုရီးယား အစရှိတဲ့ နိုင်ငံ အားလုံး ပူးပေါင်းလို့ တောင်တရုတ်ပင်လယ် မှာကော၊ ထိုင်း ကမ်းမြောင် ဒေသ မှာကော စစ်အင်အား၊ နည်းပညာ အား၊ ကယ်ဆယ်ရေး တပ် အင်အား သုံးလို့ ရှာဖွေ လျက် ရှိပါတယ်။ ရေတပ် ရေယာဉ်များ၊ ရေငုပ် သင်္ဘောများ အပြင်၊ လေကြောင်းမှနေလည်း ရှာဖွေ နေပါတယ်။ ဂြိုလ်တု အကူအညီနဲ့ ရှာဖွေနေတာတောင် အစအန မတွေ့ရ သေး ပါဘူး။ တွေ့မယ် လို့ ထင်ရလိုက်တိုင်း ကြည့်လိုက်တဲ့ အခါမှာ MH370 မဟုတ်ပဲ ဖြစ်နေ ပါတယ်။
ခရီးသည်ပေါင်း ၂၂၇ ဦး ပါဝင်ပြီး လေယာဉ်ဝန်ထမ်း ၁၂ ယောက် ထပ်ပါဝင် ပါသေးတယ်။ တရုတ် နိုင်ငံသား ၁၅၃ ဦး ပါဝင်ပြီး သြစတေးလျ၊ ကနေဒါ၊ ပြင်သစ်၊ အိန္ဒိယ၊ အင်ဒိုနိးရှား၊ မလေးရှား၊ နယ်သာလန်၊ နယူးဇီလန်၊ ရုရှား၊ ထိုင်ဝမ်၊ ယူကရိန်း၊ ပြင်သစ် အစရှိတဲ့ နိုင်ငံများ မှ နိုင်ငံသား ခရီး သည်နဲ့ ဝန်ထမ်းများ ပါဝင် ပါတယ်။
ယင်း လေယာဉ်ကို အမြန်ဆုံး ပြန်လည် တွေ့ရှိ နိုင်ဖို့ ကြိုးပမ်း လျက် ရှိကြောင်း သိရ ပါတယ်။ လေယာဉ်နဲ့ ပက်သက်တဲ့ Update သတင်းကို ရိုးရာလေးမှ တင်ဆက် ပေး ပါ့မယ်။
အောင်ခမ်း (ရိုးရာလေး)
.