သတင်းနှင့်နည်းပညာများ

1/25/14

သူနေတဲ့ အပင်အောက် အပေါ့လာသွားသော ယောင်္ကျားလေးကို ကြိုက်နှစ်သက်သွားကာ ပေါင်းသင်းဖို့ ကြိုးစားခဲ့တဲ့ သရဲမ(ဖြစ်ရပ်မှန်)


သူနေတဲ့ အပင်အောက် အပေါ့လာသွားသော ယောင်္ကျားလေးကို ကြိုက်နှစ်သက်သွားကာ ပေါင်းသင်းဖို့ ကြိုးစားခဲ့တဲ့ သရဲမ(ဖြစ်ရပ်မှန်)

ဘိုကလေး မြို့ နယ်ထဲ က ရွာ လေးတစ်ရွာ မှာ ဖြစ်ပါတယ်။ အချိန် က နာ ဂစ် မဖြစ်ခင် ၂၀၀၇ လောက် က ပါ။ အဲဒီ မှာ NGO တစ်ဖွဲ့  က ပတ် ၀န်း ကျင် ထိန်း သိမ်း ရေး အတွက် ဒီရေတော သစ်ပင် တွေ ကို တော ထဲ က စိုက် လို့  ကောင်း တဲ့  မြေလွတ် တွေ မှာ ရွေး ချယ် ပြီး ခြုံ ခုတ်၊ မြေ နေ ရာ ရှင်း၊ ပန္တက် ရိုက်၊ ကျင်းတူး ပြီး အပင် တွေ စိုက် မှာ ပါ။ အဲ ဒီ မှာ ကျေးရွာ တစ် ရွာ နဲ့  တစ်ရွာ က ကုန်းလမ်း ဆက်စပ် မှု နည်းပြီး ရေ လမ်း နဲ့ ပဲ သွာုးက ရ တာ ဆို တော့ တစ် ချို့  ဒီရေတက်တဲ့ ရက်တွေ မှာ စခန်းကို မပြန် ဖြစ်ပဲ တောထဲ မှာ ယာယီ စ ခန်း ဆောက် ပြီး ည အိပ် တာ မျိုး တွေ ရှိ ပါ တယ်။ မှတ် မှတ် ရ ရ အဲ ဒီ နေ့  က ည နေ စောင်း တစ် ခု မှာ ပေါ့။ ကျွန် တော် တို့  အဖွဲ့  က တော ထဲ မှာ ခုတ် ထွင် ရှင်း လင်း ပြီး ခ ရီး အ တော် ရောက် လာ တဲ့  အခါ အ နား ယူ ချက် ပြုတ် ရေး အတွက် ပြင် ဆင် နေ တုန်း အဖွဲ့ ထဲ မှာ ပါ တဲ့ လူ တစ် ယောက် က နေ မ ကောင်း ဖြစ် တယ်။ လှဲ သိပ် အနား ယူ ပြီး သိပ် မုကာ ပါ ဘူး သူ့  ပုံ စံ က မူ မ မှန် ဖြစ် လာ ပါ တယ်။ က ယောင် က တမ်း တွေ ပြော ပြီး အဖွဲ့ ထဲ က ကု လား မောင် မြင့် ကို လှမ်း လှမ်ုးကည့် နေ ပါ တယ်။ အ တွေ့  အုကုံ ရှိ တဲ့ လူ တစ် ချို့ က အဲ ဒါ ပ ယော ဂ တစ် ခုခု ၀င် ပူး တာ ထင် တယ် လို့  ပြော တယ်။ ကျွန် တော် တို့  အဖွဲ့ ထဲ က ခေါင်း ဆောင် " ဆ ရာ ကျော်" လို့  ခေါ် တဲ့ လူ က ပါး နှပ် တယ်။ တစ် ချိန် က လည်း သစ်တော မှာ အ ရာ ရှိ လုပ် ဖူး တော့ ဓား ရှည် တစ် ချောင်း ကိုင် ပြီး အဲ ဒီ နေ မ ကောင်း တဲ့ လူ ကို သူ့  အ ရှေ့  ခေါ် လာ ခိုင်း တယ်။

အား လုံး က ရင် တ ထိတ် ထိတ် ဖြစ် နေ ချိန် မှာ သူ က ခပ် တည် တည် နဲ့  " ခင် ဗျား ဘယ် သူ လဲ၊ သူ့  ကို ဘာ လို့  လိုက် နှောက် ယှက် တာ လဲ၊ ကျုပ် တို့  က အ စိုး ရ အ မိန့်  နဲ့  ဒီ မှာ တော ခုတ် ရှင်း လင်း ပြီး အ ပင် တွေ စိုက် မ လို့  လာ တာ၊ ခင် ဗျား မင်း ပြစ် မင်း ဒဏ် သင့် မှာ မေုကာက် ဘူး လား" ဆို ပဲ...။
အဲ ဒီ အ ချိန် မှာ နေ မ ကောင်း ဖြစ် သူ က မိန်း မ အ သံ နဲ့ " ကျွန် မ နာ မည်ုကည် မေ ပါ။ လွန် ခဲ့  တဲ့ ၁၀ နှစ် ကျော် က ဟို ဘက် ရွာ မှာ ဆုံး သွား သူ ပါ။ သူ့  ကို ( ကု လား မောင် မြင့် ကို လက် ညိုး ထိုး ပြ ပြီး)ုကိုက် လို့  လိုက် လာ တာ ပါ" တဲ့။ ...
ဆရာ ကျော် ..." ခင် ဗျား ဘာ ကိစ္စ သူ့  ကိုကိုက် ရ တာ လဲ"?.........

ုကည် မေ ..." သူ က ကျွန် မ နေ တဲ့ သစ် ပင် ရှေ့  မှာ သေး လာ ပေါက် ပါ တယ် သူ့  ကို မြင် တော့ ကျွန် မုကိုက် လို့  လိုက် လာ တာ ပါ" တဲ့...။.....

ဆ ရာ ကျော်... " ခင် ဗျား သူ့  ကိုကိုက် လို့  မ ရ ဘူး။ ဘ ၀ ချင်း လဲ မ တူ ဘူး"...
ုကည် မေ... " သိ ပါ တယ် သူ နဲ့  ဘ ၀ ချင်း တူ သွား အောင် ကျွန် မ ဆွဲ ခေါ် မှာ ပေါ့" တဲ့ ဗျာ...။...
ဆရာ ကျော်..." မ ရ ဘူး ခင် ဗျား ဒီ လို လုပ် လို့  မ ရ ဘူး။ သူ့  မှာ မိန်း မ ရှိ တယ်...။ ခင် ဗျား ဒု..သ...န...သော... ဖြစ် မှာ မေုကာက် ဘူး လား"...

ုကည် မေ... ( နဲ နဲ တွေ ဝေ သွား ပြီး ).. "ေုကာက် ပါ တယ်"...
ဆရာ ကျော်..." ဒီ လို ဆို သူ့  ကို တောင်း ပန် ပြီး ပြန် တော့ နောက် ဘယ် သူ့  ကို မှ မ နှောင့် ယှက် နဲ့  တော့"....

ုကည် မေ..." ဟုတ် ကဲ့ တောင်း ပန် ပါ့ မယ်... ဒါ ပေ မယ့် ကျွန် မ မှာ နေ စ ရာ မ ရှိ လို့  ဒီ တော ထဲ က သစ် ပင် မှာ ပဲ ဆက် နေ ခွင့် ပေး ပါ"...

ဆရာ ကျော်...( စိုက် ခင်း လုပ် ငန်း ကုကာ ဦး မှာ ဆို တော့ သူ့  လူ တွေ စိတ် အ နှောင့် အ ယှက် ဖြစ် မှာ လည်း စိုး တာ နဲ့ ) " ခင် ဗျား ဒီ မှာ နေ လို့  တော့ မ ဖြစ် ဘူး.....ဒါ အ စိုး ရ ပိုင် နယ် မြေ သူ တို့  ခွင့် မ ပြု ရင် နေ လို့ မ ရ ဘူး ... တစ် ခြား သွား နေ ပါ"....

ုကည် မေ... " ကျွန် မ မှာ အ ခြား နေ စ ရာ မ ရှိ ပါ ဘူး ... သင့် တော် တဲ့ နေ စ ရာ တစ် နေ ရာ ပေး ဖို့  တောင်း ပန် ပါ တယ် ရှင်"....

ဆရာ ကျော်...( မျက် စိ ကို မှိတ် ပြီး စဉ်း စား သ လို အာ ရုံ ခံ နေ သ လို မျိုး ခဏ လုပ် လိုက် ပြီး)..." ဒီ တော ရဲ့  ဟို ဘက် ကမ်း မှာ တော တစ် ခု ရှိ တယ်... ဟို ကမ်း စပ် မှာ မြင် နေ ရ တဲ့ သ မဲ့  ပင်ုကီး မှာ သွား နေ"...
ုကည် မေ... (၀မ်း သာ အား ရ နှင့်) " ကျေး ဇူး တင် ပါ တယ် ရှင့်...အခု မှ ပဲ နေ စ ရာ အ စစ် ရ တော့ တာ...အ ရင် နေ တဲ့ နေ ရာ က ကိုယ် ပိုင် မ ဟုတ် ဘူး....ဌား နေ ရ တာ... သွား တော့ မယ်" ဆို ပြီး ထိုင် ကန် တော့ ပြီး ထွက် သွား ပါ တယ်.......။

သူ မ ထွက် သွား မှ လူ အား လုံး လည်း သက် ပြင်း ချ နိုင် ပြီး....။ နောက် ရက် တွေ မှာ သူ မ ပြော တဲ့ ဟို ဘက် ရွာ ဘက် ရောက် သွား တော့ ရွာ လူုကီး တွေ ကို မေုးကည့် ရာ မှာ ဒေါ်ုကည် မေ ဆို တဲ့ အ မျိုး သ မီး တစ် ယောက် က သူ တို့  ရွာ က ဖြစ် ပြီး လွန် ခဲ့ တဲ့ ဆယ် နှစ် ကျော် လောက် က ခု န က တော ထဲ မှာ ပဲ ပိုး ထိ ပြီး ဆုံး သွား တယ် ဆို တဲ့ အေုကာင်း သိ ရှိ ရ ပါ တယ်.........။
ဆ ရာ ကျော် သာ အ တည် ပေါက် ထို ကဲ့ သို့  မ လုပ် ပဲ အား လုံးေုကာက် နေ လျင် နေ မ ကောင်း တဲ့ သူ ( သို့  မ ဟုတ်) ကု လား မောင် မြင့် တစ် ဦး ဦး မှာ ဒုက္ထ ရောက် နိုင် ပါ သည်။
(စာုကွင်း- အေုကာင်း အ ရာ ပါ အ ချက် အ လက် များ မှာ တစ် ကယ် ဖြစ် ခဲ့ ပြီး မိ မိ မှတ် မှိ သ လောက် ကို အ ဆင် ပြေ ပြေ ဖတ် လို့  ကောင်း အောင် ဇာတ် လမ်း ဆင် စာ စီ ကုံး ထား ပါ သည်)

ကိုယ်တွေ့ဖြစ်ရပ်မှန်လေးကို ပြောပြပေးသော ကို Tayzar Minn ကို ကျွန်တော်တို့ Admin များက ကျေးဇူးအထူးတင်ပါတယ်နော်.....။ ။

Post By:မောင်မိုးတိမ်
By သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း

ဦးမင်းကိုနိုင်နှင့် ဦးဂျင်မီတို့၏ ဟောပြောပွဲ နေပြည်တော်တွင် ခွင့်ပြုမိန့်မရ



ဦးမင်းကိုနိုင်နှင့် ဦးဂျင်မီတို့၏ ဟောပြောပွဲ နေပြည်တော်တွင် ခွင့်ပြုမိန့်မရ

ရန်ကုန်၊ ဇန်နဝါရီ ၂၄

နေပြည်တော် ကောင်စီနယ်မြေ၌ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် ပြုလုပ်မည့် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်နှင့် ဦးဂျင်မီတို့၏ စာပေဟောပြောပွဲမှာ ခွင့်ပြုမိန့် မရရှိသဖြင့် အစီအစဉ် ဖျက်လိုက်ရကြောင်း အဆိုပါပွဲ ဖြစ်မြောက်ရေး ကော်မတီထံမှ စုံစမ်းသိရှိရသည်။

ဥတ္တရသီရိခရိုင် တပ်ကုန်းမြို့နယ်ရှိ မြို့နယ်သာသနာပြု ဗိမာန်တွင် ပြုလုပ်ရန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံ ခွင့်ပြုမိန့် လျှောက်ထားခဲ့သော်လည်း လိုအပ်သည့် ထောက်ခံစာ မပြည့်စုံခြင်းကြောင့် ခွင့်ပြုခြင်း မရှိခဲ့ကြောင်း စာပေဟောပြောပွဲ ဖြစ်မြောက်ရေး ကော်မတီဝင် ဦးကျော်မြတ်သူက The Voice သို့ ပြောကြားသည်။

အဆိုပါဟောပြောပွဲ ကျင်းပခွင့်ပေးရန် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စာရေးဆရာအသင်းနှင့် ပွဲကျင်းပမည့် မြို့နယ်သာသနာပြု ဗိမာန် စသည်တို့၏ ထောက်ခံစာလေးခု လိုအပ်သော်လည်း နှစ်ခုသာ ရရှိခဲ့ခြင်းကြောင့်ဟောပြောပွဲ ခွင့်ပြုချက် မရရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ပွဲကျင်းပမယ့် သာသနာပြု ဗိမာန်ကတော့ မြို့နယ်က ခွင့်ပြုရင် သူတို့လည်း ခွင့်ပြုမယ်လို့ ပြောတယ်။ ထောက်ခံစာကတော့ အရင်ပွဲတွေမှာလည်း ပေးရိုးထုံးစံ မရှိဘူးတဲ့။ မြို့နယ် စာရေးဆရာအသင်း ဆီကလည်း မရခဲ့ဘူး” ဟု ဦးကျော်မြတ်သူက ဆိုသည်။

ဟောပြောပွဲ ခွင့်မပြုခဲ့ခြင်းမှာ လိုအပ်သည့် စာရွက်စာတမ်း၊ အထောက်အထားများ မပြည့်စုံခြင်းကြောင့်သာ ဖြစ်ကြောင်း၊ တမင်ပိတ်ပင် တားဆီးခြင်း မဟုတ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

ပွဲကျင်းပခွင့် ထောက်ခံစာနှင့် ပတ်သက်၍ အဆိုပါ မြို့နယ် စာရေးဆရာအသင်း ဥက္ကဋ္ဌ ဖြစ်သူကို ဆက်သွယ်မေးမြန်းရာ နေအိမ်တွင် မရှိကြောင်း မိသားစုဝင်တစ်ဦးက ပြန်လည် ဖြေဆိုခဲ့သည်။

နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဟောပြောခွင့် မရရှိခဲ့ခြင်းအတွက် စာနယ်ဇင်းကောင်စီ (ယာယီ) ထံသို့ တင်ပြ အကြောင်းကြားထားကြောင်း၊ သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်ရာ နေပြည်တော် ကောင်စီနယ်မြေတွင် စာပေဟောပြောမှုများ တင်းကျပ်ထားခြင်းသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုသည်ကို မေးခွန်းထုတ်စရာ ဖြစ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးဂျင်မီက ပြောကြားသည်။
“မြို့နယ် စာရေးဆရာအသင်းကို ထောက်ခံစာ တောင်းရတယ်ဆိုတော့ သူက အာဏာပိုင် အဖွဲ့အစည်းလား၊ ဒါဟာ အဓိပ္ပာယ် မရှိပါဘူး” ဟု ၎င်းကဆိုသည်။

ဦးမင်းကိုနိုင်နှင့် ဦးဂျင်မီတို့၏ စာပေဟောပြောပွဲကို ခွင့်မပြုခဲ့ခြင်းမှာ ယခုအကြိမ်သည် ဒုတိယမြောက် ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ် မေလတွင် ပြုလုပ်ရန် စီစဉ်ခဲ့သည့် ဟောပြောပွဲကိုလည်း မိတ္ထီလာ ပဋိပက္ခကို အကြောင်းပြချက်ဖြင့် ခွင့်ပြုမိန့် မပေးခဲ့ကြောင်း ဦးကျော်မြတ်သူက ဆိုသည်။

Credit By - The Voice Weekly

မြန်မာပြည်မှာ တပ်မတော်မဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့ဘယ်လောက်များသလဲ သင်သိပါသလား


မြန်မာပြည်မှာ တပ်မတော်မဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့ဘယ်လောက်များသလဲ သင်သိပါသလား

တချိန်က မှိုပေါက်သလိုများပြားလှတဲ့ လက်နက်ကိုင်တွေကို စစ်အုပ်ချုပ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ မလှုပ်နိုင်အောင် ဖိထားခဲ့တာပါအင်အားနည်းအောင

် ပြည်မကိုရန်မရှာနိုင်အောင် ရဲဘော်လေးတွေအသက်
ပေါင်းများစွာနဲ့ ပေးဆပ်ပြီး အမိအရဖိထားနိုင်ခဲ့ပါတယ်စစ်အုပ်ချုပ်ရေးရဲ့ ဆိုးမွေတွေလဲအများအပြား
ရှိသလိုစစ်အုပ်ချုပ်ရေးကြောင့် အောက်ပါအဖွဲ့အစည်းတွေ ငြိမ်သက်သွားရတာကိုတော့ မြန်မာနိုင်ငံသား
တစ်ယောက်အနေနဲ့ သိထားသင့်ပါတယ်။
(၁)ALP/ALA/RSLP ရခိုင်
(၂)CNF ချင်း
(၃) DKBA 5 ကလိုထူးဖော
(၄)KNPP ကယား
(၅)KNU ကရင်
(၆)KNLA ကရင်
(၇)NDAA-ESS ထူး ၎
(၈)NMSP မွန်
(၉)NSCN - K နာဂ
(၁၀)PNLO ပအိုဝ်း
(၁၁)SSA/SSPP ထူး ၃ ရှမ်းမြောက်
(၁၂)SSA/RCSS ရှမ်းတောင်
(၁၃)UWSA/P ဝပြည်
(၁၄)KIO/A ကချင် ထူး ၂
(၁၅)ABSDF
(၁၆)AA ရခိုင်
(၁၇)TNLA တအောင်း(န်)
(၁၈)NDA-K ကချင် ထူး ၁
(၁၉)KNPLF ကယား ထူး ၂
(၂၀)KNPDP ကယားနီ
(၂၁)KNDP/A ကယားနဂါး
(၂၂)KNUSO ကယားကြယ်ဖြူ
(၂၃)MNDAA ရှမ်းမြောက် ထူး ၁
(၂၄)Ja Pikwe လားဟူ
(၂၅)Jakuni လားဟူ
(၂၆)လားဟူ ပြည်သူ့စစ်
(၂၇)မက်ခ်မန်း ပြည်သူ့စစ်
(၂၈)DKBA ကရင်
(၂၉)KPF ကရင်
(၃၀)RRF ကချင်
(၃၁)KDA ကချင်
(၃၂)SSA-N ရင်း ၃
(၃၃)SSA-N ရင်း ၇
(၃၄)SSA-S ရင်း ၇၅၈
(၃၅)KNG ကယန်း
(၃၆)PSLP ပလောင်
(၃၇)KNLP ကယန်း
(၃၈)MPDF မွန်
(၃၉)MMA မွန်
(၄၀)WNO/A ဝပြည်
(၄၁)NUPA ရခိုင်
(၄၂)LDU လားဟူ
(၄၃)ASA ရခိုင်
(၄၄)MTUF မြိတ်
(၄၅)ZRO ဇိုမီး
(၄၆)KNO ကချင်
(၄၇)MNDAA ကိုးကန့် ထူး ၁
(၄၈)MNDA မွန်
(၄၉)HRP မွန်
(၅၀)PNO ပအိုဝ်း ထူး ၆
(၅၁)လဝါးယန်ပြည်သူ့စစ်
(၅၂)ရဝမ်ပြည်သူ့စစ်
(၅၃)ကောင်းခါးပြည်သူ့စစ် ၁ ၂ ၃ ၄ ၅
(၅၄)စိန်ကျောက်ပြည်သူ့စစ် ၁ ၂
(၅၅)မိန်းခေးပြည်သူ့စစ်
(၅၆)ကာလိပြည်သူ့စစ်
(၅၇)ဝမ့်ပန်ပြည်သူ့စစ်
(၅၈)နားပွဲပြည်သူ့စစ်
(၅၉)မန်ပန်အဖွဲ့
(၆၀)မုံးဟင်အဖွဲ့
(၆၁)နောင်မိုအဖွဲ့
(၆၂)မိုင်းကောင်းအဖွဲ့
(၆၃)နားကော်အဖွဲ့
(၆၄)မိုင်းယုအဖွဲ့
(၆၅)ကြူကုတ်အဖွဲ့
(၆၆)မုံးကိုးအဖွဲ့
(၆၇)မုံးပေါ်အဖွဲ့
(၆၈)ရှောက်ဟော်အဖွဲ့
(၆၉)လုံခန်းအဖွဲ့
(၇၀)ပန်စိန်းအဖွဲ့
(၇၁)ကွတ်ကိုင်အထူးပြည်သူ့စစ်
(၇၂)ဖွန်းဆိုင်အဖွဲ့
(၇၃)ကွတ်ကိုင်အထူးရိန်းဂျားအဖွဲ့
(၇၄)တာမိုးညဲအဖွဲ့
(၇၅)ပန်ဆေးအဖွဲ့
(၇၆)လုံထန်အဖွဲ့
(၇၇)နမ္မတူအဖွဲ့
(၇၈)မန်တုံအဖွဲ့
(၇၉)ဂန့်ဂွမ်း ချီဗွေအဖွဲ့
(၈၀)လူဖီအဖွဲ့
(၈၁)စင်းကြိုင်အဖွဲ့
(၈၂)ကန်ပိုက်တီးအဖွဲ့
(၈၃)ပန်တိန်အဖွဲ့
(၈၄)ဆော့ပိုင်အဖွဲ့
(၈၅)လောက်ကိုင်အဖွဲ့
(၈၆)ပုံပါကျင် လားဟူအဖွဲ့
(၈၇)မိုင်းယု လားဟူအဖွဲ့
(၈၈)တာလေ ဂျာကူနီအဖွဲ့
(၈၉)တာချီလိတ် ပြည်သူ့စစ်
(၉၀)မက်မန်း ပြည်သူ့စစ်
(၉၁)ပန်တော်မီ လှိုင်းဘွဲ့အဖွဲ့
(၉၂)ကျုံထော်အဖွဲ့
(၉၃)ကတိုင်တိအဖွဲ့
(၉၄)ဖာပွန်အဖွဲ့
(၉၅)ပိုင်ကျုံအဖွဲ့
(၉၆)ဒေါ်လန်းအဖွဲ့
(၉၇)မဲပုလဲအဖွဲ့
(၉၈)ရွှေကုက္ကိုအဖွဲ့
(၉၉)မြဝတီအဖွဲ့
(၁၀၀)ထီးဝါးကလေးအဖွဲ့
(၁၀၁)ထီးဟူသန်အဖွဲ့
(၁၀၂)အတွင်းကွင်းကလေးအဖွဲ့
(၁၀၃)ကျိုက်ဒုံအဖွဲ့

အဖွဲ့ဆိုတာက သောင်းကျန်းသူဆန့်ကျင်ရေးခေါင်းစဉ်နဲ့ ကျေးရွာကြီးတွေမှာ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်ပါတယ်တချို့တွေကတော့ တပ်မတော်အောက်ကို BGF တပ်ရင်းများအဖြစ် သစ္စာခံလိုက်ကြပြီဖြစ်ပါတယ်

ဒါ့ကြောင့် နိုင်ငံရေးသမားများ ပြည်မမှာပဲနေပြီး နိုင်ငံရေးစတန့်မထွင်ဖို့ဘာသာရေး လူမှုရေးကိစ္စလို မျိုးတွေနဲ့အချိန်မရွေး တောခိုသွားနိုင်တဲ့ ဒီလိုအဖွဲ့တွေရှိတယ်ဆိုတာ သိထားဖို့ကိုတခုခုဖြစ်ရင် အသေခံတိုက်ရတဲ့ ရဲဘော်လေးတွေကိုယ်စားပြောပြလိုက်ရပါတယ်။

Credit By -သတင်းထူးများ စုစည်းရာ

1/24/14

တံခါးပေါက် ပိတ်စရာမလိုတဲ့ နိုင်ငံ


တံခါးပေါက် ပိတ်စရာမလိုတဲ့ နိုင်ငံ

ဥရောပတိုက် အလယ်ပိုင်းမှာ တည်ရှိတဲ့ လစ်သမ်စတိန်းလို့ အမည်ရ တဲ့ နိုင်ငံ ငယ်လေး ဖြစ်ပါတယ်။ သြစတေးရီးရ နဲ့ ဆွစ်ဇာလန် နှစ်နိုင်ငံ ကြားမှာ ရှိနေတဲ့ နိုင်ငံသေးသေးလေး တစ်ခု ဖြစ်ပါတယ်။ လူဦးရေက ၄ သောင်းဝန်းကျင်ပဲ ရှိပါတယ်။

ယင်းနိုင်ငံမှာ ထူးခြားချက်က အိမ်တံခါးပေါက် ခတ်စရာ မလိုခြင်း ဖြစ်ပါ တယ်။ သော့ခတ်တဲ့ အလေ့အထကို မကျင့်သုံးကြ ပါဘူး။ အကြောင်းက လစ်သန်စတိန်းမှာ ရာဇဝတ်မရှိလို့ ဖြစ်ပါတယ်။ ၁၅ နှစ်လုံး နေမှ လူသတ်မှု တစ်ခု ဖြစ်ခဲ ပါတယ်။ ၁၉၉၇ ခုနှစ်ဝန်းကျင်လောက် ကပဲ လူသတ်မှု တစ်ခု ဖြစ်ခဲ့ပြီး အရင်ကလည်း ဖြစ်ခဲ သလို၊ ယနေ့အထိလည်း မဖြစ် တဲ့ နိုင်ငံ ဖြစ်ပါတယ်။

ဒါကြေင့် လစ်သီစတန်းဟာ ကမ္ဘာ့ပေါ်မှာ သော့ခတ်စရာမလိုသော တစ်ခု တည်းသော နိုင်ငံအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရပါတယ်။

Credit to မြ၀တီ

မစိုးရိမ်တိုက် ဆရာတော်ကြီး၏ အရိုးပြာမှ ရောက်ခြည်တော်ထွက်


မစိုးရိမ်တိုက် ဆရာတော်ကြီး၏ အရိုးပြာမှ ရောက်ခြည်တော်ထွက်

မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်၊ တိုက်အုပ်မဟာနာယက၊
အဘိဓဇမဟာရဋ္ဌဂုရု၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒု-ဥက္ကဋ္ဌ ဘဒ္ဒန္တ တေဇောသာရာဘိဝံသ မထေရမြတ်ကြီး၏ အရိုးပြာမှ ရောင်ခြည်တော် ထွက်ပေါ်ခြင်းများ ဖြစ်ပေါ်ခဲ့တယ်လို့ တပည့်သံဃာတော်များထံမှ သိရှိရသည်။

မစိုးရိမ်တိုက်ဆရာတော်ကြီး၏ ရုပ်ကလာပ်ကို ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် မစိုးရိမ်တိုက်သစ်၊ တိုက်ဟောင်းမှ တပည့်သံဃာတော် အပါး ၁၅၀၀ ကျော်နှင့် တပည့် ဒကာ/မများက အေးရိပ်ငြိမ်သုဿာန်သို့ စည်ကားသိုက်မြိုက်စွာ လိုက်ပါ ပို့ဆောင်ခဲ့ကြပြီး ဇန်န၀ါရီလ ၁၉ ရက်နေ့ မနက်တွင် အရိုးပြာများကို ဧရာဝတီမြစ်အတွင်း ရေမျှောပူဇော်ခဲ့ကြတာလည်း ဖြစ်ပါသည်။

အဆိုပါ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော် မီးပြာကျသည့် ဇန်န၀ါရီလ ၁၉ ရက်နေ့ မနက်အချိန်ထိ တပည့်သံဃာတော်များက စောက်ရှောက်ခဲ့ကြရာမှ မနက် ၄ နာရီခန့်အချိန် အရိုးပြာများကို အရိုးအိုးထဲသို့ ထည့်သိမ်းရန်ပြုလုပ်စဉ် အခုလို ရောင်ခြည် ထွက်ပေါ်ခဲ့တာကို ထူးထူးခြားခြား တွေ့မြင်ခဲ့ရတယ်လို့ သံဃာတစ်ပါးက မိန့်ကြားသည်။

မဏိစလ နာရေးကူညီမှုအသင်းမှ စေတနာရှင်တစ်ဦးကလည်း ၄င်းတို့ ကူညီပြုလုပ်ပေးခဲ့သည့် သက်တမ်းတစ်လျှောက် အခုလို ထူးခြားမှုမျိုးကို တခါမှ မမြင်တွေ့ခဲ့ဖူးဘူးလို့လည်း ပြောဆိုပါတယ်။

မစိုးရိမ်းဆရာတော်ကြီးသည် ဟိတ်ဟန်မများ အလိုနည်းပါးခြင်း၊ ရိုးရိုးအေးအေး၊ မှန်မှန်ကန်ကန် ကျင့်သုံးနေထိုင်တော်မူခြင်း စသည့်အချက်များနှင့် မစိုးရိမ်သံဃာတော်များအတွင်း ထင်ရှား လေးစားရသည့် ဆရာတော်ကြီးဖြစ်တယ်လို့လည်း သိရှိရသည်။

မိသားစု လုံခြုံရေးအတွက် ငွေသုံးကြမ်းနေသည့် ဗစ်တိုးရီးယား ဘက်ဟမ်း


မိသားစု လုံခြုံရေးအတွက် ငွေသုံးကြမ်းနေသည့် ဗစ်တိုးရီးယား ဘက်ဟမ်း

Friday, January 24, 2014

ဗစ်တိုးရီးယားဘက်ဟမ်းအနေဖြင့် မိသားစု လုံခြုံရေး ကဏ္ဍတွင် ငွေကြေး
ကို မတွန့်မဆုတ် သုံးစွဲရန်ဆုံးဖြတ်ထားခဲ့ကြောင်း သိရသည်။ နာမည်ကျော် ဗြိတိသျှ ဖက်ရှင်ဒီဇိုင်နာသည် သူမနှင့် သူမ၏ ခင်ပွန်းသည် အင်္ဂလန်
လက်ရွေးစင် ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ဟမ်းနှင့် ကလေး (၄) ယောက်တို့အတွက် လုံခြုံရေး အသုံးစရိတ်ကို ပေါင်စတာလင် (၁)သန်းထိ မြှင့်တင် သတ်မှတ်ထားခဲ့သည်။ ဘက်ဟမ်းမိသားစုသည် လန်ဒန်ရှိ
ပေါင်စတာလင် (၃၁.၅)သန်းတန် စံအိမ်ကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်နေပြီး ယင်းအတွက် နေအိမ် လုံခြုံရေးစံနှုန်းများကို အမြင့်ဆုံး သတ်မှတ်လုပ် ဆောင်ရန် ဗစ်တိုးရီးယားက ရွေးချယ်ခဲ့သည်။
"အရေးပေါ် အခြေအနေမှာ ခိုလှုံမယ့် အခန်းတစ်ခုရှိမယ်။ (၂၄)နာရီပတ်လုံး အလုပ်လုပ်နေမယ့် လုံခြုံရေးကင်မရာ အလုံး(၆၀)လောက် ရှိလိမ့်မယ်" ဟု နီးစပ်သူ တစ်ဦးကဆိုသည်။ အသက်(၂)နှစ် အရွယ် သမီးငယ်လေး ဟာပါး
၏ အခန်းထဲတွင် ပေါင်စတာလင် (၆၀၀၀၀၀) တန်သည့် ဒါမိန်းဟာ့စ် လက်ရာပန်းချီကားတစ်ချပ်ကိုလည်း ချိတ်ဆွဲပေးထားပြီး အစ်ကို(၃)ဦး သည်လည်း မိမိတို့ ကိုယ်ပိုင် အခန်းများတွင် အဖိုးတန် အနုပညာလက်ရာ များ ဖြည့်သွင်းစုဆောင်းပေးထားသည်ကို ပိုင်ဆိုင် ရရှိမည်ဟု ဆိုသည်။
လုံခြုံရေး စနစ်များ တပ်ဆင်သည့် စရိတ်စကမှာမူ ပေါင်စတာလင် (၁)သန်း ထိ ရှိနေကြောင်း သိရသည်။
ဗစ်တိုးရီးယားသည် နေအိမ်မွမ်းမံမှုအတွက် သူငယ်ချင်းဖြစ်သူ ကယ်လီ ဟော့ပန်းကို အပြည့်အဝ တာဝန်ပေး အပ်နှံခဲ့သည်။ ထို့အပြင် ဒေးဗစ်က စံအိမ်အတွင်း၌ မီးဖိုခန်းကို အထူးမွမ်းမံ တည်ဆောက်ရန်နှင့် ဓာတ်လှေခါး
တစ်စင်း တပ်ဆင်ရန်တို့အတွက် သူငယ်ချင်း တစ်ဦးဖြစ်သည့် ဂေါ်ဒွန်ရမ် ဆေးကို အလုပ်အပ်ခဲ့ကြောင်းလည်း သိရှိရသည်။

Planet Myanmar Network

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးလို့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက်


လော်ခီးလာသဘောတူညီချက် မနက်ဖြန် လက်မှတ်ထိုးမည်၊ ဘားအံအတွက် ဒေါ်စုကိုဖိတ်မည်

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်စာချုပ်ကို အတည်ပြုတဲ့အချက်ပါဝင်တဲ့ လော်ခီးလာ ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေကို ဇန်နဝါရီ ၂၅ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပြီးသတ် လက်မှတ်ရေးထိုးကြတော့မှာဖြစ်ပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ညီလာခံပြီးဆုံးတဲ့အထိ မတက်ရောက်နိုင်တာမို့ မနက်ဖြန်မှာရေးထိုးမှုမှာ ပါဝင်နိုင်ခြင်းမရှိပေမယ့် NCCT လို့ခေါ်တဲ့ အပစ်ရပ်ရေး ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ သဘောတူစာချုပ်ကို အတည်ပြုခဲ့တယ်လို့ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက ဆိုပါတယ်။

လိုင်ဇာသဘောတူညီချက် ရေးထိုးခဲ့တဲ့အဖွဲ့တွေ၊ လော်ခီးလာညီလာခံတက်ရောက်လာတဲ့အဖွဲ့တွေ၊ အစိုးရနဲ့ တစ်ဖွဲ့ချင်း အပစ်အခတ်ရပ်စဲထားတဲ့အဖွဲ့တွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရဲ့ ကြန်အင်လက္ခဏာနဲ့ပြည့်စုံတဲ့အဖွဲ့တွေဟာ အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်နိုင်ဖို့ NCCT က သတ်မှတ်ထားပြီး မြန်မာအစိုးရနဲ့ မြန်မာအစိုးရသြဇာခံအဖွဲ့တွေပါမှာ မဟုတ်ဘူးလို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးလို့ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် ပူးတွဲကော်မတီ ဖွဲ့စည်းလိုက်တာနဲ့ လက်ရှိ NCCT ရဲ့ လုပ်ပိုင်ခွင့်နဲ့ တာဝန်တွေပြီးဆုံးမှာဖြစ်ပြီး ဖယ်ဒရယ်တပ်မတော်ကိစ္စ တိုင်းရင်းသားတွေဘက်က သဘောတူလိုက်တဲ့ မူကြမ်းမှာ ခေါင်းစဉ်လောက်သာ ထည့်ထားပြီး အကောင်အထည်ဖော်မှုကိုတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆက်လက်လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

လာမယ့် ဘားအံညီလာခံမတိုင်ခင် မြန်မာအစိုးရဘက်က ဦးအောင်မင်းတို့နဲ့ NCCT အလွတ်သဘောတွေ့ဆုံသွားမှာဖြစ်ပြီး မိုင်းလားနဲ့ UWSA အဖွဲ့တွေဆီ ရှင်းပြမယ်လို့ ဗိုလ်ချုပ်ဂွန်မော်က ဆိုပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးတဲ့အခါ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးအပါအဝင် ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ဂျပန်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်က ကိုယ်စားလှယ်တွေကိုလည်း ဖိတ်ကြားသွားမယ်လို့ နိုင်ဟံသာက ဆိုပါတယ်။


Credit By- BREAKING NEWS

မောင်တော၌ အရပ်သား ၄ဝကျော် သတ်ဖြတ်ခံရမှု စုံစမ်းရန် ကုလသမဂ္ဂ၏ တောင်းဆိုချက်ကို မြန်မာအစိုးရက သေဆုံးမှုမရှိဟု ထပ်မံတုံ့ပြန်


မောင်တော၌ အရပ်သား ၄ဝကျော် သတ်ဖြတ်ခံရမှု စုံစမ်းရန် ကုလသမဂ္ဂ၏ တောင်းဆိုချက်ကို မြန်မာအစိုးရက သေဆုံးမှုမရှိဟု ထပ်မံတုံ့ပြန်

အစိုးရအတည်ပြုထားသော သတင်းကိုမထုတ်ပြန်ပါက မြန်မာ့ပြည်တွင်းရေး စွက်ဖက်ရာရောက်ဟု နိုင်ငံခြားသတင်းဌာနများနှင့် အဖွဲ့အစည်းများကို သတိပေး

မောင်တော၌ အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရသည့် ဒဏ်ရာရသူ ၂၂ဦးကို ပြီးခဲ့သည့်အပတ်အတွင်း ဆေးဝါးကုသပေးခဲ့ရဟု ရိုက်တာသတင်းကို MSF ပြော

ဒူချီရာတန်းတွင် ဖြစ်ပျက်ခဲ့သည်များကို အမှန်အတိုင်း ကမ္ဘာကိုထုတ်ပြောရန် အမေရိကန်သံရုံးက မြန်မာအစိုးရကို သောကြာနေ့၌ ထပ်မံတိုက်တွန်းခဲ့

Credit By- BREAKING NEWS

1/19/14

ရက်အနည်းငယ်အတွင်း ၂၀ ကျော်အရွယ်မှ အသက် ၇၀ ကျော်အရွယ်သို့ ပြောင်းလဲသွားသော မိန်းကလေး


ရက်အနည်းငယ်အတွင်း ၂၀ ကျော်အရွယ်မှ အသက် ၇၀ ကျော်အရွယ်သို့ ပြောင်းလဲသွားသော မိန်းကလေး

ဖော်ပြပါပုံများတွင် အသက် ၂ဝကျော်အရွယ် မိန်းကလေးနှင့် သူ၏အဘွားကို နှိုင်းယှဉ်ပြထားသည်ဟု ထင်ရသည်။ သို့သော် အဆိုပါဓာတ်ပုံသည်လူတစ်ဦးတည်းကိုပင် ရက်အနည်းငယ် ခြား၍ ရိုက်ကူးထားသော ဓာတ်ပုံများဖြစ်သည်။ ငုယင်သီဖြူအွန်း အမည်ရှိဗီယက်နမ် မိန်းကလေးငယ်က သူသည်ပင်လယ်စာများကို ဓာတ်မတည့်မှု ပြင်းထန်စွာဖြစ်ပွားရာမှ ယခုကဲ့သို့ ရုပ်သွင်ပြောင်းလဲသွားရခြင်းဖြစ်သည်ဟု ဆိုသည်။ ယခုအခါ အသက် ၂၆ နှစ်ရှိပြီ ဖြစ်သော ငုယင်က သူသည် ၂ဝဝ၈ ခုနှစ်တွင် မျက်နှာမှာ ဖောင်းကားရောင်ရမ်းလာပြီးနောက် ယခုကဲ့သို့ အရေပြားများတွဲကျလာခြင်းဖြစ်သည်ဟုဆိုသည်။ သူသည် ကုသမှုအမျိုးမျိုးကို ရှာဖွေခဲ့သော် လည်း ယခုတိုင် ထိရောက်သော ကုသမှုမျိုး တွေ့ရှိရခြင်းမရှိဟုဆိုသည်။ သူ၏ခင်ပွန်းဖြစ်သူ သန်တုယင်က သူ့ဇနီးအဖြစ်အပျက်မှာ အမှန်တကယ်ဖြစ်ပြီး ရုပ်သွင်ပြောင်းလဲသွားသော်လည်း သူ၏အချစ် မပြောင်းလဲဟုဆိုသည်။ ငုယင်သည်ကာလကြာရှည်စွာ ပင်လယ်စာအပေါ်ဓာတ်မတည့်မှု အခြေအနေကို ရင်ဆိုင်ခဲ့ရသော်လည်း သူတို့သည် ဆင်းရဲကာငွေကြေးမတတ်နိုင်သောကြောင့် ဆေးရုံသို့မသွားနိုင်ဘဲ ဆေးဆိုင်မှသာ ဆေးများဝယ်သောက်ခဲ့ရသည်ဟုဆိုသည်။ ဆရာဝန်များက သူ၏ရောဂါကို ipodystro-phy ဟုခေါ်ပြီး အဆိုပါရောဂါမှာ ရေပြားအောက်ရှိ အဆီတစ်သျှူးများပြိုကွဲ ပျက်စီးသွားခြင်းဖြစ်သည် ဟုဆိုသည်။
www.facebook.com/mmcities
Credit to Myawady news
Reposted by Tint

ဘူလ်ဂေးရီးယားမှ ထူးထူးခြားခြား ဓလေ့ထုံးစံနှင့် မင်္ဂလာအခမ်းအနားများ


ဘူလ်ဂေးရီးယားမှ ထူးထူးခြားခြား ဓလေ့ထုံးစံနှင့် မင်္ဂလာအခမ်းအနားများ

သတို့သမီးသည် ဇာပဝါပါးဖြင့် ဖုံးအုပ်ထားသည့် မျက်နှာတွင် ဆေးရောင်စုံဖြင့် တောက်တောက်ပပ ထင်ထင်ရှားရှား ခြယ်သပေးခြင်းကို ခံရလေ့ရှိသည်။

မိမိ၏ သတို့သမီးကို မျက်နှာမမြင်ရသေးဘဲ ခေါင်းပေါ်တွင် လွှမ်းခြုံထားသည့် ဇာပဝါပါးလေးကို လှပ်ကြည့်ရသည့် အခိုက်အတန့်သည် သတို့သား တစ်ဦးအတွက် ကြည်နူးစိတ်လှုပ်ရှားစရာ တစ်ဒင်္ဂမျိုး ဖြစ်နိုင်သည်။ သို့သော်လည်း ဘူလ်ဂေးရီးယား နိုင်ငံရှိ ကျေးရွာငယ်လေး တစ်ခုတွင် ကျင့်သုံးနေသည့် ရိုးရာဓလေ့ ထိမ်းမြားလက်ထပ်မှု အခမ်းအနားများမှ သတို့သားများအတွက်မူ ယင်းခံစားချက်မျိုး ပိုင်ဆိုင်နိုင်ဖွယ် မရှိချေ။ အဆိုပါ ဓလေ့ထုံးစံ လက်ထပ်ပွဲများတွင် သတို့သမီး၏ မျက်နှာကို ဆေးရောင်စုံဖြင့် ခြယ်သပြင်ဆင်ထားကြသည်။ အဆိုပါ လုပ်ရပ်ကို ဂီလီနာဟု ခေါ်ဝေါ်ကြောင်းလည်း သိရသည်။ ယခုအခါ ဘူလ်ဂေးရီးယားရှိ ရစ်ဘ်နိုဗို ရွာလေးတစ်ခုတွင်သာ ယင်းထူးထူးဆန်းဆန်း ဓလေ့မျိုးလေး အမြစ်တွယ် ကျန်ရှိနေခြင်း ဖြစ်သည်။ ရွာခံများ၏ အဆိုအရ ထိုသို့သော မင်္ဂလာလက်ထပ်ပွဲ အခမ်းအနားများကို ပြုလုပ်လာခဲ့သည်မှာ ရာစုနှစ်များစွာ ကြာမြင့်ခဲ့ပြီဟု သိရသည်။ သတို့သမီးသည် ဇာပဝါပါးဖြင့် ဖုံးအုပ်ထားသည့် မျက်နှာတွင် ဆေးရောင်စုံဖြင့် တောက်တောက်ပပ ထင်ထင်ရှားရှား ခြယ်သပေးခြင်းကို ခံရလေ့ရှိသည်။

လက်ထပ်ပွဲကို နှစ်ရက်တာ ပြုလုပ်လေ့ရှိပြီး ဒုတိယနေ့တွင် ယင်းကဲ့သို့ ပြုလုပ်ခြင်း ဖြစ်သည်။ မျက်နှာကို ခြယ်သရာတွင်လည်း သတို့သားဘက်မှ ဆွေမျိုးမိန်းကလေးများကသာ သီးခြားပြုလုပ်ခွင့် ရှိသည်။ ဆေးခြယ်ရာတွင် ခပ်ထူထူ၊ ခပ်ပြစ်ပြစ်ဆေးတစ်မျိုးကို သုံးကြသည်။ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်တစ်ဦးက မင်္ဂလာစုံတွဲကို ကောင်းချီးမပေးမချင်း သတို့သမီး၏ မျက်လုံးကို ဖွင့်မကြည့်ရချေ။ သတို့သမီးခမျာ မျက်လုံးကို ခပ်တင်းတင်း မှိတ်ထားရပြီး ပါးစပ်တစ်ဝိုက်တွင်လည်း ဆေးခြယ်ခံထားရသည်။

သူမကို ပန်းမျိုးစုံဖြင့် အလှဆင်ပေးပြီး သတို့သားထံ ခေါ်ဆောင်လာလေ့ ရှိသည်။ ဘူလ်ဂေးရီးယားသူ ဖာတမီအီနက်စ်သည် ယင်းဓလေ့ထုံးစံဖြင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်က မင်္ဂလာဆောင်ခဲ့သည်။ "တော်တော် စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံပဲ"ဟု သူမက ဆိုသည်။ သူမ၏ မျက်နှာသည် အဖြူရောင်ကဲသော ဆေးမျိုးစုံဖြင့် ခြယ်သခြင်း ခံရသည်။ မင်္ဂလာစုံတွဲသည် လက်ဖွဲ့ငွေ ရရှိသည့် အခါတွင်လည်း အခါတွင်လည်း မင်္ဂလာဝတ်စုံပေါ် ငွေစက္ကူများ လာရောက် ချိတ်ဆွဲခြင်း ခံရလေ့ရှိသည်။ ရစ်ဘ်နိုဗိုသည် ဝေးလံသီခေါင်သော ရွာလေးတစ်ခုဖြစ်ပြီး ဆင်းရဲနွမ်းပါးသည့် ဒေသခံများသည် တစ်နယ်တစ်ကျေးသို့ ထွက်ခွာကာ အလုပ်လုပ်လေ့ ရှိကြသည်။ သို့သော်လည်း ၎င်းတို့သည် ဆောင်းရာသီ ကျရောက်ချိန်တွင် နှင်းဖုံးတောင်များကြားမှ ရွာကလေးသို့ လက်ထပ်ပွဲ အခမ်းအနားအတွက် အရောက်ပြန်လာလေ့ ရှိကြသည်။

ရွာငယ်လေးတွင် မွတ်ဆလင် ဘာသာရေးခေါင်းဆောင် (၁၀)ဦးနှင့် ဗလီနှစ်လုံးရှိသည်။ ရွာထဲတွင် နေထိုင်သူပေါင်း (၃၅၀၀)ဝန်းကျင်မျှသာ ရှိကြောင်းလည်း သိရသည်။ အများစုက လက်လုပ် ခြေအိတ်လေးများ၊ ကော်ဇောများနှင့် ကြမ်းခင်းများ ရက်လုပ်ရောင်းချ၍ အသက်မွေးကြသည်။ ရွာငယ်လေး၏ မင်္ဂလာပွဲ ဓလေ့နှင့် ပတ်သက်ပြီး ဘူလ်ဂေးရီးယား သိပ္ပံအကယ်ဒမီမှ တိုင်းရင်းသားဆိုင်ရာ ပါမောက္ခ မာဂါရီတာ ကာရာမင်ဟိုဗာက "တကယ့်ကို ထူးဆန်းပြီး တီထွင်ဖန်တီးထားတဲ့ ဓလေ့ထုံးစံ တစ်ခုပါပဲ။ ပြောရရင် ဒါဟာ သူတို့တွေ ဘယ်သူဘယ်ဝါဆိုတာ တန်းပြီး ပေါ်လွင်စေမယ့် အထိမ်းအမှတ် တစ်ခုလိုတောင် ဖြစ်နေပါတယ်"ဟု မှတ်ချက်ပြုသွားခဲ့သည်။

PlanetMyanamr

အမျိုးသမီးတပ်မတော်သား ကိုယ်စားလှယ်သည် ဗေဒင်အရ ရောက်ရှိခြင်းဖြစ်ခဲ့လျှင် ၎င်းတို့၌ ကြီးမားသည့် အန္တရာယ် ကျရောက်နိုင်


အမျိုးသမီးတပ်မတော်သား ကိုယ်စားလှယ်သည် ဗေဒင်အရ
ရောက်ရှိခြင်းဖြစ်ခဲ့လျှင် ၎င်းတို့၌ ကြီးမားသည့် အန္တရာယ် ကျရောက်နိုင်

ရန်ကုန်၊ ဇန်ဝါရီ ၁၅

အမျိုးသမီး တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးသည် ဇန်န၀ါရီ ၁၃ ရက်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် န၀မပုံမှန် အစည်းအဝေး ပထမနေ့တွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရောက်ရှိလာခြင်းသည် ဗေဒင်အရ ရောက်ရှိခြင်း ဖြစ်ခဲ့လျှင် အစားထိုးသည့် လူနှစ်ယောက်လုံး၌ ကြီးမားသည့် အန္တရာယ် ကျရောက်သွားနိုင်ပြီး

၎င်းတို့၏ အိမ်ထောင်ရေး၊ လူမှုရေး၊ စီးပွားရေး အန္တရာယ်များ ကျရောက် နိုင်သည်ဟု ဇန်န၀ါရီ ၁၄ ရက်တွင် ဗေဒင်ပညာရှင် ဆရာ စံ-ဇာဏီဘိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ယင်းအမျိုးသမီး တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦးမှာ အင်္ဂါနာမ်ဖြင့် နာမည် စတင်ထားသည့် ဒုတိယ ဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့် (ကြည်း ၂၅၅၀၄)နှင့် ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင်(ကြည်း ၂၆၀၇၀) တို့ ဖြစ်သည်။

လူထုက ရွေးထားသည့် လူတစ်ယောက်၏ ပါဝါကို ပါဝါနှင့် ရွေးထားသည့်လူက ယှဉ်၍ မရကြောင်း၊ ယင်းတို့သည် ယခုရက်ပိုင်းတွင် အန္တရာယ် ကျရောက်နိုင်ကြောင်း၊ ပါဝါများသည်
အင်္ဂါသမီး (ဒေါ်အောင် ဆန်းစုကြည်)ကို အဆိုး ရောက်ရှိခြင်း မရှိ၊ အစားထိုးသည့်သူသာ အစားခံရမည် ဖြစ်ပြီး ပါဝါချင်း မတူလျှင် ဒုက္ခရောက်နိုင်သည်ဟု ၎င်းက ပြောသည်။

လွှတ်တော်ထဲတွင် အင်္ဂါသမီး တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦး ရောက်ရှိခြင်းနှင့် ပတ်သက်၍ ““တပ်မတော် ကနေ အမျိုးသမီး ကိုယ်စားလှယ်နှစ်ဦး ထားတာ သမားရိုးကျလည်း ဖြစ်နိုင်တယ်။ သမားရိုးကျ မဟုတ်တဲ့ ဗေဒင်အရဆိုရင် အင်္ဂါသမီးကို ထားတာက အင်္ဂါသမီးကို attack လုပ်ဖို့ထားတာ ဖြစ်နိုင်တယ်။

အင်္ဂါ သမီးကို attack လုပ်ရင် ဗေဒင်ပညာမှာ ဓာတ်တူချင်းယှဉ်ရင် အသေရတဲ့ သဘောရှိတယ်။ ဓာတ်တူချင်းမို့ ခံနိုင်ရည် မရှိရင် attack လုပ်တဲ့သူက ပြန်ပြီး ဒုက္ခရောက်အောင် ယတြာချေတာ၊ မနိုင်ရင် ချေတဲ့သူက ဒုက္ခရောက်တယ်။

အားနည်းခြင်း၊ အားသာခြင်းက ဗေဒင်ပညာမှာ ဘုန်းကံနဲ့ ဆိုင်တယ်။ ဘုန်းကံချင်း မယှဉ်နိုင် ရင် လာယှဉ်တဲ့ သူမှာ အန္တရာယ်ရှိတယ်။ ဗေဒင်အစားထိုးတယ်ဖြစ်စေ၊ attack လုပ်တယ်ဖြစ်စေ အင်္ဂါ (၂)ခုလုံး အန္တရာယ်ရှိတယ်။ အခန့်မသင့်ရင် အသက်ဘေး ကြုံနိုင်တယ်။

အစားထိုးတဲ့ အရာတွေက ကိုယ်စားပြုပြီး အစားခံပေးတယ်။ အင်္ဂါသမီး ပျက်ဖို့အတွက် အင်္ဂါသမီး နှစ်ယောက်လုံးကို စတေးတာလည်း ဖြစ်နိုင်တယ်။ လမ်းခင်းတဲ့ သဘောလည်း ဖြစ်နိုင်တယ်။ သူတို့ ဘယ်လိုဖြစ်မလဲ ဆိုတာကို စောင့်ကြည့်ရမှာပေါ့”” ဟု ဆရာ စံ-ဇာဏီဘိုက သုံးသပ် ပြောကြားသည်။

၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၉ ရက်နေ့တွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လေးဦး အစားထိုး ပြောင်းလဲရာ၌

ဗိုလ်မှူးထွန်းထွန်းဝင်း (ကြည်း ၂၇၁၉၁) အစား ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့် (ကြည်း၂၅၅၀၄)၊

ဗိုလ်မှူး ကျော်ကျော်သက် (ကြည်း၃၃၁၄၄) အစား ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင် (ကြည်း ၂၆၀၇၀)၊

ဗိုလ်မှူးလေးနိုင် (ကြည်း၂၂၀၃၁) အစား ဗိုလ်မှူးဆွေလင်းမြင့် (ကြည်း ၃၁ ၅၈၅) နှင့် ဗိုလ်မှူး ကျော်မင်းဇော် (ကြည်း ၂၆၁၄၅) အစား ဗိုလ်မှူးတင့်လွင် (ကြည်း ၃၂၄၀၂) တို့ဖြစ်သည်။

တင်ဇာအောင်
Myanmartandawsint Newspaper

သင့်အမျိုးထဲမှာ ၁၀ တန်းကျောင်းသူကျောင်းသားလေးရှိရင် ဒါလေးပြောပေးပါ


သင့်အမျိုးထဲမှာ ၁၀ တန်းကျောင်းသူကျောင်းသားလေးရှိရင် ဒါလေးပြောပေးပါ

တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီး မကြာမီ ဖြေဆိုကြ ရပါတော့မယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးက နတ်ကြီး လှပါတယ်။ အဖေ၊ အမေ မနေနိုင် အဘိုး၊ အဘွား မနေနိုင်နဲ့ တစ်အိမ်လုံး၊ တစ်မြို့လုံး၊ တစ်နိုင်ငံလုံး ဆိုတာလို အုန်းခြိမ့်ခြိမ့်ညံထဲကပါ။

မြန်မာနိုင်ငံတွင်း ကျင်းပတဲ့ စာမေးပွဲတွေ အထဲမှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲက အထင်ရှားဆုံး၊ အကြီးကျယ် အခမ်းနားဆုံးလို့ ဆိုရ လောက်ပေတယ်။

ဒါ ... ဘာ့ကြောင့်လဲဆိုတော့ ဒီတက္ကသိုလ်ဝင်တန်း စာမေးပွဲကြီးရဲ့ စုစုပေါင်း ရမှတ်တွေက လူတစ်ယောက်ရဲ့ ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲ သွားစေလို့ပါ။ Institute လို့ ခေါ်တဲ့ အဆင့်မြင့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကြီးတွေ ဝင်ဖို့ဆိုတာ တက္ကသိုလ်ဝင်တန်း စာမေးပွဲရဲ့ စုစုပေါင်း ရမှတ်တွေက ခွဲခြား သတ်မှတ် ကန့်သတ်လိုက်လို့ပါပဲ။
တော်ကြ၊ ထက်ကြ၊ ထူးချွန်ကြတဲ့ ကျောင်းသား၊ ကျောင်းသူတို့ အဖို့ ဒီအမှတ် ပြိုင်ပွဲကြီးမှာ ပထမဦးဆုံး ဖြေဆိုရမယ့် မြန်မာစာက အရေးအကြီးဆုံး စီးချင်းထိုးရမယ့် ဘာသာရပ်ပါ။ အထက်တန်းစား ဦးနှောက်ပိုင်ရှင်တွေ ဖြစ်ကြလို့ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒဆိုတဲ့ ဘာသာ ရပ်တွေက ဘယ်သူဝင်ဖြေဖြေ အမှတ် ၈၀ ကျော် ၉၀ ရနေကျပါ။ တချို့များ အမှတ် ၁၀၀ ပြည့်တောင် ရအောင် လက်စွမ်းပြနိုင်ကြပေရဲ့။ အင်္ဂလိပ်စာလည်း အမှတ် ၈၀ ဝန်းကျင်နဲ့ ဂုဏ်ထူး ထွက်နေကြတာပါပဲ။

ကိုယ့်မိခင် ဘာသာဖြစ်တဲ့ မြန်မာစာမှ ဂုဏ်ထူးမထွက်ဘဲ ပြုတ်ကျန်ခဲ့တာ၊ ဂုဏ်ထူး ထွက်ပြန်တော့လည်း ၇၅ မှတ်နဲ့ ကပ်ထွက်တာ ဆိုတာမျိုးတွေ ဖြစ်ကုန်ကြရော။ ဒီတော့ အထက်က ဆိုခဲ့သလို တခြား ဘာသာရပ်တွေက ၉၀ ကျော် ၁၀၀ ရထားခဲ့ရင် မထောင်းသာပေမယ့် ၈၀ ကျော် လောက် ကလေးတွေနဲ့ ဂုဏ်ထူး ကပ်ထွက်ထားရင်တော့ ဘာသာစုံဂုဏ်ထူး ထွက်နေရင်လည်း မြန်မာစာအမှတ် နိမ့်ကျနေရင် ရည်မှန်းထားတဲ့ Institute အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကြီးတွေ မဝင်ရောက် နိုင်တော့ပါဘူး။
လွမ်းစရာလေးတွေတော့ ဖြစ်ကုန်ပါပြီ။
ဒီတော့ မြန်မာစာ ဘာသာရပ်ကို ဘယ်လို လေ့လာရမယ်။ ဘယ်ပုံ ကျက်မှတ်ရမယ်။ ဘယ်နည်း ဖြေဆိုရမယ် ဆိုတာကို ဆွေးနွေး တင်ပြသွားပါမယ်။ မြန်မာစာ အမှတ် မြင့်မြင့်မားမား ရစေချင်လို့ပါ။ ရည်မှန်းထားတဲ့ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေကို ဝင်စေဖို့ပါ။
မေးခွန်းနံပါတ် ၁။(က) မှာ မူရင်း အရေးအသားလို့ ခေါ်တဲ့ စာရှစ်မျိုး၊ စကားသံဖြစ် အင်္ဂါရှစ်မျိုး၊ ဝါစင်္ဂရှစ်မျိုး၊ သဏ္ဌာန်ပြောင်း အက္ခရာ ၁၃ လုံးနဲ့ တခြားတစ်မျိုးမျိုး စုစုပေါင်း ငါးမျိုး မေးလေ့ရှိပါတယ်။ တစ်မျိုးကိုသာ ဖြေဆိုရပါမယ်။ ၅ မှတ် အပြည့်ရနိုင်တဲ့ မေးခွန်းပါ။

မေးခွန်းနံပါတ် ၁။(ခ) သဒ္ဒါဆိုင်ရာ နားလည်မှု ၄ မှတ်နဲ့ မေးခွန်းနံပါတ် ၁။(ဂ) သဒ္ဒါဆိုင်ရာ တတ်ကျွမ်းမှု ၆ မှတ်၊ စုစုပေါင်း ၁၅ မှတ်ဖိုး မေးထားပါတယ်။ (ခ)၊ (ဂ) မေးခွန်းတွေက ဝါစင်္ဂဆိုင်ရာ မေးခွန်းတွေ ဖြစ်လို့ နဝမတန်း သင်ခန်းစာ ကျေညက်ခဲ့ရင် ပြန်ကြည့်စရာတောင် မလိုတဲ့ ပြဋ္ဌာန်းစာ တွေပါ။ ဒါကြောင့်လည်း မြန်မာစာ မေးခွန်း နံပါတ် (၁) ကို အမှတ်ပြည့် ရနေကြတာပါ။

မေးခွန်း ၂။ (က) ဝေါဟာရတွေက ကဗျာ၊ စကားပြေ၊ ပြဇာတ် ပြဋ္ဌာန်းစာတွေထဲက စုစုပေါင်း ရှစ်မျိုး အချိုးကျ ပါဝင်အောင် မေးပါတယ်။ ဒီနေ့ ခေတ်သုံးစကား မဟုတ်တဲ့ ပေါရာဏလို့ ခေါ်တဲ့ ရှေးဟောင်း စကား၊ ပါဠိသက်၊ မွေးစား စကားလုံးတွေကို မေးလေ့ရှိပါတယ်။ ငါးလုံး ရွေးချယ်ပြီး ဖြေဆိုရပါမယ်။ အမှတ်ပြည့် ရကြပါတယ်။

မေးခွန်း ၂။(ခ) ဝေါဟာရ ဝါကျဖွဲ့ထုံး မေးခွန်းတွေကိုလည်းပဲ ကဗျာ၊ စကားပြေ၊ ပြဇာတ် ပြဋ္ဌာန်း စာတွေထဲက ရှစ်မျိုး အချိုးကျ ပါဝင်အောင် မေးပါတယ်။ ဒီနေ့ခေတ်သုံး စကားများကိုသာ ဝါကျဖွဲ့ ခိုင်း လေ့ရှိပါတယ်။ ဒါမှလည်း ဝါကျဖွဲ့ ဖြေဆိုလို့ အဆင်ပြေမှာပါ။ မေးထားတဲ့ ဝေါဟာရက နာမ်လား၊ နာမဝိသေသနလား၊ ကြိယာလား၊ ကြိယဝိသေသနလား သိဖို့ လိုအပ်သလို နေရာအထားအသို မှန်ကန်ဖို့၊ သဒ္ဒါ မှန်ဖို့လည်း အရေးကြီးပါတယ်။ ဒီဝါကျ ငါးခုကလည်း အမှတ်ပြည့် ရကြတာပါပဲ။

မေးခွန်း ၂။(ဂ) အလင်္ကာ မေးခွန်းကို ကဗျာ၊ စကားပြေ၊ ပြဇာတ် ပြဋ္ဌာန်းစာတွေထဲက အရေအတွက် အချိုးကျ ပါဝင်အောင် ရှစ်လုံး မေးပါမယ်။ အလင်္ကာ ၅ မျိုးလုံး စုံအောင်လည်း ထည့်မေးလေ့ရှိပါ တယ်။ သုံးလုံးသာ ရွေးချယ် ဖြေဆိုရပါမယ်။ အလင်္ကာကို နှစ်ဆင့် ဖြေဆိုရပါတယ်။ ဘယ်ပြဋ္ဌာန်းစာထဲက မေးထားတာ၊ ဘယ်သူက ပြောတာ (ရေးဖွဲ့တာ)၊ ဘာအဓိပ္ပာယ်နဲ့ ပတ်သက်ပြီး ဆက်စပ် သုံးစွဲထားတာ ဖြေဆိုနိုင်ရင် တစ်မှတ်၊ အလင်္ကာ မြောက်ကြောင်း ရေးဖွဲ့နိုင်ရင် တစ်မှတ်ဆိုပြီး အလင်္ကာ တစ်လုံးကို နှစ်မှတ် ပေးထားပါတယ်။ ငါးမျိုးမှန်တော့ ၁၀ မှတ်။ မေးခွန်း အမှတ် (၂) တစ်ခုလုံးရဲ့ ပေးမှတ် ၂၀ ကို အပြည့် ရနေကြတာ တွေ့နေရပါတယ်။

မေးခွန်း ၃။(က) ကဗျာ ဓမ္မဒိဋ္ဌာန်လို့ ခေါ်တဲ့ ကဗျာမှတ်စုတို တွေပါ။ ပြဋ္ဌာန်း စာကဗျာ (၁၆) ပုဒ်ထဲက ကဗျာ စာဆိုတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ကဗျာစာပေနဲ့ ပတ်သက်တာတွေကို ရှစ်မျိုးမေး ပါတယ်။ နှစ်သက်ရာ ငါးမျိုး ရွေးချယ် ဖြေဆိုရပါမယ်။ အမှတ်ပြည့် ၅ မှတ် ရနေကြပါတယ်။

မေးခွန်း ၃။(ခ) ကဗျာ မေးခွန်းရှည် နှစ်ပုဒ်မေးပြီး နှစ်သက်ရာ တစ်ပုဒ် ရွေးချယ် ဖြေရမှာပါ။ ဂုဏ်ထူး ထွက်စေဖို့ အခရာကျတဲ့ မေးခွန်း ဖြစ်ပါတယ်။ နိဒါန်း စာပိုဒ်မှာ စာရေးသူ၊ ရေးသော ခေတ်၊ ကဗျာ အမျိုးအစား၊ ကောက်နုတ်ချက်၊ ရည်ရွယ်ချက် စတာတွေ ပြီးပြည့်စုံအောင် ဖော်ပြရပါတယ်။ တစ်မျိုးမျိုး ပြုတ်ကျန်ခဲ့ရင်၊ မှားယွင်း ဖြေဆိုမိရင် စာဆိုရဲ့နာမည်၊ ကဗျာအမျိုးအစားတွေကို ဖော်ပြရာမှာ စာလုံးပေါင်း မှားရင်တော့ အောင်မှတ် မပေးပါဘူး။ နိဂုံးမချုပ်ရင်လည်း အောင်မှတ် မပေးပါဘူး။ စာဆိုရဲ့ ရှုထောင့်က မေးထားတာလား၊ အရေးအဖွဲ့ကို မေးတာလား၊ အကြောင်းအရာကို မေးတာလား မေးခွန်းကို အသေအချာ ဖတ်ပြီးမှ ဖြေဆိုရမှာပါ။ ပို့ချချက်တွေကို အလွတ်ကျက်ပြီး ဖြေတာမျိုးထက် မူရင်း ကဗျာကို အပိုင်ကျက်ထားပြီး၊ မေးထားတဲ့ မေးခွန်းရဲ့ အာဘော်ကို အံဝင်ခွင်ကျ ဖြေဆိုနိုင်သူတွေသာ ဂုဏ်ထူးမှတ် ရကြပါတယ်။ ၂၈ မိနစ် နာရီဝက်ခန့် အချိန်ယူပြီး ဖြေရပါတယ်။

မေးခွန်း ၄။(က) စကားပြေ ဓမ္မဒိဋ္ဌာန်လို့ ခေါ်တဲ့ စကားပြေမှတ်စုကို ရှစ်မျိုး မေးပါတယ်။ ငါးခု ရွေးချယ် ဖြေဆိုရပါတယ်။ မေးခွန်း ၃။(က) နဲ့ ၄။(ဂ) က ကဗျာနဲ့ စကားပြေပဲ ကွာသွားတာပါ။ မေးခွန်းပုံစံ လုံးဝနီးပါး တူပါတယ်။ စကားပြေ ပြဋ္ဌာန်းစာ ၁၈ ပုဒ်ထဲကပဲ ထောင့်စုံအောင် မေးမှာပါ။ အမှတ်ပြည့် ရကြတာပါပဲ။

မေးခွန်း ၄။(ခ) စကားပြေ မေးခွန်းရှည် (၂) ပုဒ် မေးပြီး တစ်ပုဒ် ရွေးချယ် ဖြေဆိုရပါမယ်။ မြန်မာစာ ဂုဏ်ထူးထွက်ဖို့အတွက် အလွန်အရေးကြီးတဲ့ မေးခွန်းဆိုတာ သတိပြုဖွယ်ပါ။ အကြမ်းဖျင်းအားဖြင့် သုတစာပေ တစ်ပုဒ်၊ ရသစာပေ တစ်ပုဒ် အဲသလို ခွဲခြား မေးတတ်ပါတယ်။ နိဒါန်းပိုင်းမှာ စာရေးသူ၊ ရေးသော ခေတ်၊ စာအမျိုးအစား၊ ကောက်နုတ်ချက်၊ ရည်ရွယ်ချက်တွေကို ပြည့်စုံအောင် ဖော်ပြရပါမယ်။ မူရင်း ပြဋ္ဌာန်းစာတွေကို အသေအချာ ဖတ်ရှုထားရပါ့မယ်။ မေးခွန်းကို သေချာစွာ မဖတ်ဘဲ ကျက်ထားတာတွေကို ရမ်းမဖြေသင့်ပါဘူး။ ၃။(ခ) ကဗျာ မေးခွန်းရှည်မှာတော့ ကဗျာစာကိုးတွေနဲ့ ဖြေရလို့ အမှတ်ရဖို့ အထောက်အပံ့ ဖြစ်တာပေါ့။ ဟောဒီစကားပြေ မေးခွန်းရှည်က အမှတ်ရဖို့ လက်ဝင်ပါတယ်။ ကဗျာရှည်ထက်ပိုပြီးလည်း ရေးရ ဖြေရပါတယ်။ မိနစ် ၃၀ ကျော်၊ ၃၅ မိနစ်ခန့်ကို အချိန်ယူပြီး ဖြေရပါတယ်။ ဒီထက် အချိန်ပို ယူရင်တော့ရမယ့် အမှတ်နဲ့ မတန်ဘူးလို့ ဆိုရမှာပါ။ သတိပြုဖွယ်ပါ။

မေးခွန်း ၅။(က) ရေသည်ပြဇာတ် စကားစပ်မေးခွန်းပါ။ မေးခွန်းထဲမှာ စာပိုဒ်တစ်ပိုဒ် ထည့်ပေးထားပါတယ်။ ဒါကို ဖတ်ရှုပြီး ရေသည်ပြဇာတ် ဘယ်အခန်းက ထုတ်နုတ်ထားတယ်ဆိုတာ ဖြေရပါမယ်။ ဘယ်သူက ပြောနေတာ၊ ဘယ်သူ့ကို ပြောနေတာ၊ ဘယ်အချိန်၊ ဘယ်နေရာမှာ၊ ဘာအကြောင်း နဲ့ စပ်လျဉ်းပြီးပြောတယ်၊ ဘယ်ပုံပြောတယ် ဆိုတာတွေကို ဖြေရတာပါ။ ၇ မှတ်ပေးမှာ ပါ။ အမှတ်ပြည့်ရနိုင်တဲ့ အလွယ်ဆုံး မေးခွန်းလို့ ဆိုရင်တောင်ရမှာပါ။ ဖြေဆိုချိန်ကလည်း အလွန်ကြာလှမှ ၁၀ မိနစ်ပါပဲ။

မေးခွန်း ၅။(ခ) ရေသည်ပြဇာတ် ဇာတ်ကောင်စရိုက်လို့ ခေါ်တဲ့ မေးခွန်းရှည်ပါ။ နှစ်ပုဒ်မေးပြီး နှစ်သက်ရာ တစ်ပုဒ် ရွေးချယ် ဖြေဆိုရမှာပါ။ ရေသည်ပြဇာတ် စကားစပ်ကို အပိုင်ရထားတဲ့ ကျောင်းသား၊ ကျောင်းသူတို့အဖို့ ကျက်စရာ မလိုတဲ့ မေးခွန်းပါ။ သတိပြုရမှာက ၈ မှတ်တန် မေးခွန်းပါ။ ၁၀ မှတ်တန် မဟုတ်ဘူး။ အချိန်ကို တန်သင့်ရုံသာ အသုံးပြုပါ။

ကလေးတို့ ရေသည်ပြဇာတ်မေးခွန်း ၅(က) (ခ)ကို ဖြေဆိုပြီးချိန်ဟာ နံနက် ၁၁ နာရီ ကွက်တိ ဖြစ်နေသင့်ပါတယ်။ ဒါမှ မေးခွန်း ၆ စာစီစာကုံး ဖြေဆိုချိန် မိနစ် ၅၀၊ ပြန်စစ်ချိန် ၁၀ မိနစ်၊ စုစုပေါင်း တစ်နာရီစာ အချိန် ကျန်ရမှာပါ။ တက္ကသိုလ်ဝင်တန်း စာစီစာကုံးဟာ မိနစ် ၅၀ ခန့်မှ အချိန်ယူ မရေးနိုင်ဘူးဆိုရင် ဘယ်လိုမှ ဂုဏ်ထူးမဖြစ် နိုင်တော့ပါဘူး။ မေးခွန်း ၆ မှာ စာစီစာကုံး သုံးပုဒ် မေးပါတယ်။ သုံးပုဒ်လုံးမှာ အောက်လိုင်းလို့ခေါ်တဲ့ အချက်အလက်တွေ ပေးထားပါတယ်။ မိမိနှစ်သက်ရာ၊ မိမိ ကျွမ်းကျင်ရာ တစ်ပုဒ်ကို ရွေးချယ် ဖြေရမှာပါ။ မေးခွန်း တစ်ခုလုံးရဲ့ အမှတ်အများဆုံး ပေးထားတဲ့ မေးခွန်းပါ။ အမှတ် ၂၀ ပေး ထားတာမို့ ၁၂ မှတ်၊ ၁၄ မှတ်စသည် ရ သင့်ပါတယ်။ ပေးထားတဲ့ ပုံကြမ်းအတိုင်း အစီအစဉ်တကျ ရေးရမှာပါ။ ကလေးတို့ အရည်အချင်းကို အစစ်အမှန် သိစေနိုင်တာ ဒီစာစီစာကုံးပဲလေ။ ဆန့်ထွက်၊ ဖြန့်ကြက်ပြီး အစွမ်းကုန် လက်စွမ်းပြဖို့ မေးခွန်းပါ။ ပေးထားတဲ့ အချက်အလက်တွေချည်း အာရုံစိုက်မနေ ပါနဲ့။ ရဲရဲတွေးပြီး ရဲရဲရေးချ ပစ်လိုက်စမ်းပါ။

အရေးကြီးတဲ့ အချက်ကလေးတွေ ရှိပါသေးတယ်။ မြန်မာစာကို ဖြေဆိုရာမှာ ‘ပင့် ရစ် ဆွဲ ထိုး’ မြန်မာစာ အရေးအသား မှန်ဖို့ မြန်မာစာရေးချ နှစ်မျိုးရှိရာမှ ဝိုက်ချ၊ မောက်ချ မှန်ကန်စွာ သုံးတတ်ဖို့၊ မြန်မာ အက္ခရာတွေကို လက်ရာရစ်ပဲ ရေးသားဖို့၊ (အင်္ဂလိပ် အက္ခရာများကို ရေးသကဲ့သို့ လက်ဝဲရစ် လုံးဝမရေးရပါ။) ရရစ်ရေးလျှင် တစ်ကြိမ်တည်း အပြီး ရေးပါ။ နှစ်ကြိမ်၊ နှစ်ဆင့် မရေးသားရပါဘူး။ လက်ရေး လက်သား သန့်ရှင်းသပ်ရပ်ဖို့လည်း အရေးကြီးပါတယ်။ ဂုဏ်ထူးရှင်တွေအတွက် ဆွေးနွေးတာမို့ သဒ္ဒါ အထားအသို၊ ကတ္တား၊ ဝါစက၊ ကံမှန်ဖို့လည်း အထူးဂရုပြုဖြေဆိုဖို့ လိုပေသပေါ့။

ထူးချွန်ထက်မြက်တဲ့ မြန်မာစာ ဂုဏ်ထူးရှင်များ ဖြစ်ကြပါစေ။

Credit By -
Myawady News

ဒါတို့တိုင်းတို့ပြည် တို့မြန်မာတွေ


♫ ♪ ♫ ♪… ဒါတို့တိုင်းတို့ပြည် တို့မြန်မာတွေ၊ ဒါတို့တိုင်းတို့ပြည် တို့မြန်မာတွေ၊မြင့်မြတ်တဲ့ ဂုဏ်ကျက်သရေ ကျုပ်တို့ရဲ့ ရွှေထီးရွှေနန်း တင့်ဆန်းပေ။မြင့်မြတ်တဲံ ဂုဏ်ကျက်သရေ ကျုပ်တို့ရဲ့ ရွှေထီးရွှေနန်းတင့်ဆန်းပေ။ … အာဇာနည်ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည် ရာဇဝင် ရှေးထုံးစဉ်လာ ထွန်းတောက်ခဲ့ပေ။ ပိုင်ဆိုင်သူဘိုးဘွားဘီဘင် တို့အမွေ တို့ပြည် တို့ြေ
မ။ … ♫ ♪ ♫ ♪♫ ♪ ♫ ♪… ရိုးရာအခြေ မညှိုးပါသလေ မျိုးသာကီဝင် ဆင်းသက်ပေ ဒါတို့ရွှေထီး ဒါ တို့မြေကြီး စည်းကြီးခရိုင် ကိုယ်ပိုင် မြန်မာပြည်။ တက်လူတွေ တက်လူတွေ လုံ့လဝီရိယရှိပြီ မျိုးဂုဏ်တက်အောင် ရွက်ဆောင် တို့တာဝန်မှန်ပေ။ … ♫ ♪ ♫ ♪♫ ♪ ♫ ♪… အာဇာနည်ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည် ရာဇဝင် ရှေးထုံးစဉ်လာ ထွန်းတောက်ခဲ့ပေ။ ပိုင်ဆိုင်သူဘိုးဘွားဘီဘင် တို့အမွေ တို့ပြည် တို့မြေ။ … ♫ ♪ ♫ ♪♫ ♪ ♫ ♪… မျိုးရိုးက တန်ခိုးရှိခဲ့သလေ ထီးနန်းနဲ့ စံမြန်းလာတာတွေ၊ မျိုးရိုးက တန်ခိုးရှိခဲ့သလေ ထီးနန်းနဲ့ စံမြန်းလာတာတွေ ကမ္ဘာမိုးမြေ တေဇာတော်ဖြိုးဝေ မဟာမျိုးတွေ စိတ်အားတက်ကြလေ ကမ္ဘာမိုးမြေ တေဇာတော်ဖြိုးဝေ မဟာမျိုးတွေ စိတ်အားတက်ကြလေ ။ ရွှေမှန်းကင်းအစစ် ဝင်းဝင်းတောက်ခဲ့ပေ၊နောင်လာနောင်သားတွေ သိအပ်ကြတဲ့အခြေ ရွှေမှန်ကင်းအစစ် ဝင်းဝင်းတောက်ခဲ့ပေ၊ နောင်လာနောင်သားတွေ သိအပ်ကြတဲ့အခြေ။ … ♫ ♪ ♫ ♪♫ ♪ ♫ ♪… မြန်မာချင်း ရိုင်းပင်းစေ ဘုန်းတန်ခိုးတိုးတက်ကြဖို့ ခေတ်ကောင်းရောက်ပေါ့လေ။ မျိုးကျက်သရေ တိုးတက်စေ အောင်ကြောင်း မင်္ဂလာအခြေ တမိုးအောက်မြေ တန်ခိုးတောက်ပေ ခေတ်ကောင်းရောက်ပြီလေ၊ မျိုးကျက်သရေ တိုးတက်စေအောင်ကြောင်း မင်္ဂလာအခြေ တမိုးအောက်မြေ တန်ခိုးတောက်ပေ ခေတ်ကောင်းရောက်ပြီလေ။ … ♫ ♪ ♫ ♪အောက်ကျမခံဘူးဟေ့ အမျိုးသားတို့ရေ၊ အောက်ကျမခံဘူးဟေ့ အမျိုးသမီးတို့ရေမြန်မာအပေါင်းအကြောင်းသိစေ အာဇာနည်တွေ၊ ရွှေမှန်ကင်းအချင်းတို့ရေ အာဇာနည်တွေ တိုင်းပြည်လုံးပဲ နယ်လုံးပဲ ညီညွတ်ကြစေ မျိုးရိုးက အထက်တန်းစားတွေ။ … ♫ ♪ ♫ ♪♫ ♪ ♫ ♪… ရိုးရာအခြေ မညှိုးပါသလေ မျိုးသာကီဝင် ဆင်းသက်ပေ ဒါတို့ရွှေထီး ဒါ တို့မြေကြီးစည်းကြီးခရိုင် ကိုယ်ပိုင် မြန်မာပြည်။ ♫ ♪ ♫ ♪… တက်လူတွေ တက်လူတွေ လုံ့လဝီရိယရှိပြီ မျိုးဂုဏ်တက်အောင် ရွက်ဆောင် တို့တာဝန်မှန်ပေ။ အာဇာနည်ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည် ရာဇဝင် ရှေးထုံးစဉ်လာ ထွန်းတောက်ခဲ့ပေ။ ပိုင်ဆိုင်သူဘိုးဘွားဘီဘင် တို့အမွေ တို့ပြည် တို့မြေ။ … ♫ ♪ ♫ ♪

တွင်းတူးသောကြွက်နှင့်တွင်းမတူးသောကြွက်



တွင်းတူးသောကြွက်နှင့်တွင်းမတူးသောကြွက်
_________________________________
တစ်ခါတုန်းက တောင်ပို့ ရ်လေးတစ်ခုမှာ ကြွက်မိတ်ဆွေ နှစ်ကောင်နဲ့ အခြားကြွက်များ နေထိုင်ကြပါတယ်။ ကြွက်
မိတ်ဆွေနှစ်ကောင်ကတော့ တစ်ကောင်က မိမိဘ၀ရပ်တည်မှုအတွက် လုံခြုံမှုရစေဖို့  တွင်းကို ကိုယ်တိုင်တူးပြီး
အခြားကြွက်တွေလို နေသတဲ့။
တစ်ကောင်ကတော့ ကိုယ်တိုင် တွင်းမတူးပဲ သူများတူးထားတဲ့ တွင်းအဟောင်းတွေမှာပဲ လိုက်ပြီး ခိုအောင်း
နေတဲ့ ကြွက်ဖျင်းတစ်ကောင်ပါတဲ့လေ။
တွင်းတူးပြီးဖို့ မလို တွင်းဟောင်းတွေ ခိုနေမယ်လို့ တွေးထားတာပါ။
ကြွက်ဖျင်းက သူ့ ကိုယ့်သူ သက်သာရာရှာချင်တာကြောင့် ခုလို နေပါသတဲ့။ သူများတွေ ပင်ပန်းကြီးစွာ နေ
စရာ တွင်းတူးနေချိန်မှာ သူကတော့ အစာလေးစားပြီး နှပ်နေရတယ်လို့ သူက တွေးပါတယ်။ မိတ်ဆွေ ကြွက်
ကလေးကိုလည်း သူတို့ နေတတ်ဖို့ စည်းရုံးပါသေးတယ်။
လုံ့ လနဲ့ အမျှော်မြင် ရှိတဲ့ ကြွက်ကတော့ ကြွက်ဖျင်းဘယ်လို ပြောပြော နားမထောင်ပါဘူး။ သူ့ အလုပ်ကိုပဲ သူ
အာရုံစိုက် လုပ်နေတာပေါ့။ ငါ့တွင်းဟာ ငါ့အတွက်သာ မဟုတ် အခြားသော ကြွက်တွေအတွက်လည်း နားခိုစရာ
လေး ဖြစ်လာမယ်လို့ လည်း ခံယူထားပါတယ်။
ဒါ့အပြင် ငါခုလိုတူးနေတာ အပန်းမကြီးပါဘူး။ ဒါဟာ ငါ့အတွက် တွင်းတူးနေကျဖြစ်လို့  အလေ့အကျင့်တောင်
ရနေပါတယ်။ အများလိုပဲ တွင်းတစ်တွင်းကို ငါလည်း အမြန်တူးနိုင်တာပေါ့လို့  ကြွက်ဖျင်းကို ပြောပြခဲ့တာပေါ့။
ဒီလိုနဲ့  တစ်နေ့ မှာ ကြွက်တို့ နေထိုင်ရာ တောင်ပို့ ရ်လေး ပြိုကျပါတော့တယ်။ ဒီချိန်မှာ ကြွက်အားလုံးဟာ ဘ၀ကို
တစ်ကပြန်စကြရတာပေါ့။
ကြွက်တိုင်းလိုလိုဟာ သူတို့ နေထိုင်ရာတွင်းကို တူးနိုင်ကြပေမယ့် အမြဲရေသာခိုပြီး အချောင်နေတတ်တဲ့ ကြွက်
ဖျင်းခမျာ မှာတော့ တွင်းလည်း မတူးတတ်၊ နေစရာနေရာ တွင်းဟောင်းတွေလည်း ရှာမရတော့ အခက်တွေ့ ပြီး
နောင်တတွေ ရနေတာပေါ့။
ဒီလိုနဲ့ အခြားကြွက်တွေဆီမှာ သူလည်း နေပါရစေဆိုပြီး အသနားခံပေမယ့် သူ့ လိုကြွက်ဖျင်း တစ်ကောင်ကို
ဘယ်ကြွက်တွေကမှ လက်မခံပါဘူး။ မိမိမှာ လုပ်နိုင်စွမ်း ရှိရဲ့နဲ့ မလုပ်ပဲ အချောင်နေချင်တဲ့ ကြွက်ဖျင်းကို ငါတို့ 
တွေ မသနားလို့ ပြောလွှတ်ကုန်ပါသတဲ့။
နောက်ဆုံး လုံလနဲ့ အမျှော်မြင်ရှိတဲ့ ကြွက်ကလေးဟာ ကြွက်ဖျင်းလေးကို ခေါ်ပြီး သူ့ ကြွင်းမှာ ထားသတဲ့။ သူ့ 
အတွက်တော့ သူ့ တွင်းဟာ တခြားသူတွေ အတွက်ဆိုတဲ့ စကားကို သက်သေပြလိုက်တာပါပဲ။
ကျန်တဲ့ ကြွက်တွေလည်း လုံလရှိတဲ့ ကြွက်ကလေးကို လေးစားလွန်းလို့  အစာပိုတွေ သယ်လာပြီး ပေးကြတာ
ပေါ့။ ကြွက်ဖျင်းလေးလည်း ဒီဖြစ်ရပ်တွေ ကြည့်ပြီး အများလို မကျင့်ကြံခဲ့လို အများရဲ့ အလေးထားမှုကို ငါဆုံး
ရှုံးလိုက်ရတာ ပါလားလို့ တွေး မိသွားပါတယ်။
ရေသာခို နေခြင်းဟာ မကောင်းပါလား၊ ခဏတာ သာယာမှုရပေမယ့် ရေရှည်မှာ ဆိုးရွားစေတယ်ဆိုတာ ကြွက်
ဖျင်းတစ်ကောင် ကောင်းကောင်းနားလည်ပြီး နောင်တတွေ တစ်ပုံကြီးရသွားပါတယ်။
ငါဟာ တွင်းမတူးတဲ့ ကြွက်ဖျင်းပဲ။ တွင်းတူးတဲ့ ကြွက်တစ်ကောင်ဖြစ်အောင် ငါယနေ့မှ စပြီး ပြင်ဆင်ရတော့မယ်
လို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ လောကမှာ ကိုယ့်တွင်း ကိုယ်တူးခြင်းသာ ကောင်းပါပေတယ် ဆိုတာကို ကြွက်
ဖျင်း တစ်ကောင် သဘောပေါက်ခဲ့ပါပြီ။
စာဖတ်သူများလည်း အတွေးထဲမှာ တွင်းတူးသောကြွက်နဲ့ တွင်းမတူးသောကြွက်ရဲ့ ဇာတ်သိမ်းခန်းမှာ သင်ခန်းစာ
လေး တစ်ခု ရသွားမယ်လို့ လည်း မျှော်လင့်ပါတယ်။

Credit By- Myawady News

ဆိုင်ကယ်ဖြင့်ပို့ဆောင်ပေးသူကို ချွန်ထက်သောအရာဖြင့်ထိုးပြီး ဆိုင်ကယ်အားလုယူမှုဖြစ်

ဆိုင်ကယ်ဖြင့်ပို့ဆောင်ပေးသူကို ချွန်ထက်သောအရာဖြင့်ထိုးပြီး ဆိုင်ကယ်အားလုယူမှုဖြစ် 
ရန်ကုန်၊ ဇန်န၀ါရီ ၁၈ ၁၅.၁.၂၀၁၄ ရက်နေ့ ၂၃၃၅ အချိန် 

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၇)ရပ်ကွက်နေ ကိုဝင်းဇော်သည် ၂၀ယ/၇၇၃၆၇ နီ/နက်ကြား၊ KENBO-125 ဆိုင်ကယ်ဖြင့် သာကေတမြို့နယ်သို့ ဈေးသွားဝယ်စဉ် သာကေတမြို့နယ်၊ လျှပ်စစ်ရုံးရှေ့အရောက်တွင် အမည်မသိ လူမြင်လျှင်မှတ်မိသူအမျိုးသား(၃)ဦးမှ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ သရက်ပင်ချောင်သို့ လိုက်ပို့ပေးရန် အကူအညီတောင်း၍ လိုက်ပို့ခဲ့ကြောင်း၊

ထိုသို့လိုက်ပို့စဉ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၂၃)ရပ်ကွက်၊ စက်မှုဇုံ(၁)၊ မန္တလေးလမ်းမသို့အရောက်တွင် ၎င်းတို့အနက်(၁)ဦးမှ ဖိနပ်ကျွတ်ကျခဲ့၍ဆိုင်ကယ်အားရပ်ပေးရန် ပြောသဖြင့် ရပ်တန့်ပေးခဲ့စဉ် ကျန်(၁)ဦးမှ ကိုဝင်းဇော်၏လည်ပင်းကို ချွန်ထက်သောအရာဖြင့်ထိုးပြီး

၎င်းအမျိုးသား(၃)ဦးမှ ဆိုင်ကယ်အားယူဆောင် မောင်းနှင်ထွက်ပြေး
သွားခဲ့ကြကြောင်း၊ ကိုဝင်းဇော်တွင် လည်ပင်းယာဘက်
ထိုးသွင်းပေါက်ပြဲဒဏ်ရာ(၁)ချက် ရရှိခဲ့ကာ စံပြဆေးရုံတွင်
အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တက်ရောက်ကုသခဲ့ရကြောင်းတို့ကို ကိုဝင်းဇော်၏အဘိုးဖြစ်သူ ဦးသိန်းမြင့်မှ ၁၈.၁.၂၀၁၄ရက်နေ့တွင် လာရောက်တိုင်တန်းခဲ့သဖြင့်

ဒဂုံတောင်မြို့မရဲစခန်း (ပ)၅၁/ ၂၀၁၄၊ ပုဒ်မ၃၈၂/၁၁၄ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူ(၃)ဦးအားဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police