‘‘ရေငုပ်တာတော့ ရှာမတွေ့ဘူး။ သူတို့(ဦးစံလင်းတို့)အပေါ်က မြင်နေရသလား မသိဘူး’’ — ဓမ္မစေတီခေါင်းလောင်း ရေငုပ်ရှာဖွေခဲ့သော ဦးသန်းညွန့်
ဓမ္မစေတီခေါင်းလောင်း ရှာဖွေနေစဉ် သင်္ဘောပျက်ဟု ယူဆရသော သံပြားကြီးကိုသာ လက်ဖြင့် စမ်းမိခဲ့ပြီး ရေငုပ်ခဲ့သည့် အကြိမ်ရေ နှစ်ဆယ်အတွင်း ခေါင်းလောင်းကို မတွေ့ခဲ့ ကြောင်း ကော့သောင်းမြို့သို့ ပြန် ရောက်နေသော ရေငုပ်သမားအ ဖွဲ့ခေါင်းဆောင် ဦးသန်းညွန့်က ပြောသည်။
‘‘၂၆ ရက်အထိ ဘာမှထပ် မတွေ့ရဘူး။ အခုတွေ့တဲ့ သင်္ဘောပျက်အနီးနားဝန်းကျင်ကို လည်း ရေငုပ်ရှာဖွေခဲ့တယ်။ အဘတို့ ရေငုပ်တာတော့ ရှာမတွေ့ဘူး။သူတို့က အပေါ်က မြင်နေရသ လား မသိဘူး။ အခုထိပါပဲ’’ဟု ထားဝယ်ဇာတိဖြစ်ပြီး ကော့သောင်းမြို့တွင် နေထိုင်သော ဦးသန်းညွန့်က ပြောသည်။
သင်္ဘောပျက်ဟု ယူဆရသော အလျားပေ ၁၀၀၊ အနံ ၂ ပေခန့်ရှိသည့် သံပြားကြီးကို ရေအနက် လေးလံခန့် (ခန့်မှန်း ၂၄ ပေဝန်းကျင်) တွင် လက်ဖြင့် စမ်းမိခြင်းဖြစ်ပြီး မြစ်ရေသည် လက်ဖက်ရည်ရောင်ကဲ့သို့ နောက်ကျိနေ၍ မည်သည့်အရာမှ မမြင်ခဲ့ရသောကြောင့် ခန့်မှန်းပြီး ပြောဆိုခြင်းဖြစ်ကြောင်း ဦးသန်း ညွန့်က ပြောသည်။
‘‘သူကတော့ ဝိဇ္ဇာနည်းနဲ့ နဂါးတွေကို မြင်ချင်မြင်မယ်။ ကျွန်တော်တို့ နေ့တိုင်းလိုလို ရေ ငုပ်ရှာဖွေတဲ့ နေရာမှာတော့ အ ထူးအဆန်း ဘာမှမတွေ့ရဘူး’’ဟု ဦးသန်းညွန့်က ခေါင်းလောင်းအ ပြင် နဂါးကို မတွေ့ခဲ့ကြောင်း လည်း ပြောသည်။
ခေါင်းလောင်းရှာဖွေရန် ဦး သန်းညွန့် အပါအဝင် ကော့သောင်းမှ ဒေသခံရေငုပ်သမားရှစ်ဦးကို ခေါ်ယူခဲ့ခြင်းဖြစ်ပြီး မည်သည့် ဆလုံလူမျိုးမှ မပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။ ခေါင်း လောင်း ရှာဖွေမည့်အချိန်ကို ဦး စံလင်း၏ အဖွဲ့က သတ်မှတ်ပေး ခြင်းဖြစ်ပြီး သတ်မှတ်ချိန်အတွင်း ရေငုပ်ရှာဖွေရကြောင်း ဦးသန်း ညွန့်က ဆိုသည်။
ဦးသန်းညွန့် အပါအဝင် ခြောက်ဦးသည် နေရပ်တွင် အိမ်မှုကိစ္စများရှိနေသဖြင့် ဦးစံလင်းထံ ခွင့်ပြုချက်တောင်းခံပြီး စက်တင် ဘာ ၅ ရက်တွင် နေရပ်သို့ ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါခြောက်ဦးတွင် ထားဝယ် မြို့ပေါ်မှ ဒေသခံတစ်ဦး ပါဝင်သည်။
‘‘ရေငုပ်သမားသုံးဦး အဲဒီမှာ ကျန်နေသေးတယ်။ ဦးရဲ့တူတွေ ပဲ။ ကော့သောင်းက ဆယ်မိုင် ကျေးရွာမှာ နေကြတာ’’ဟု ဦးသန်းညွန့်က ပြောသည်။
၎င်းတို့ တွေ့ရှိထားသည့် သင်္ဘောပျက်ဟုယူဆသောပေ ၁၀၀ ခန့်ရှိသော သံပြားကြီး၏ ထက်ဝက်ခန့်သည် နုန်းမြေတွင် နစ်မြုပ် နေပြီး နဂါးများရှိနေသဖြင့် အဆို ပါနေရာတွင် ဝင်ရောက်ရှာဖွေ ခြင်းမပြုရန် ဦးစံလင်းက တားမြစ် ခဲ့သည်ဟု ဦးသန်းညွန့်က ဆို သည်။
အဆိုပါနေရာတွင် ထပ်မံရှာ ဖွေပါက လွယ်ကူစေရန် ဗော် ယာနှစ်ခုချည်၍ အမှတ်အသားပြု လုပ်ထားပြီး ယခုရပ်နားထား သည့် သင်္ဘောနှင့် ပေ ၅၀ ခန့်အကွာတွင် ရှိသည်ဟု ဆိုသည်။
ဦးစံလင်းက သြဂုတ် ၂၆ ရက်တွင် ဓမ္ဓစေတီခေါင်းလောင်းတွေ့ ရှိသည်ဟု ကြေညာခဲ့သည်။ ထို့ ပြင် ဇူလိုင်လနောက်ဆုံးပတ်တွင် ပြုလုပ်သည့် ခေါင်းလောင်းဆယ် ယူမည့် အသိပေး သတင်းစာ ရှင်းလင်းပွဲတွင်လည်း ရေငုပ်သ မားများသည် ဆလုံရေငုပ်သမား များ ဖြစ်သောကြောင့် ဗမာစကား မတတ်ဟု ပြောခဲ့သည်။
ခေါင်းလောင်းဆယ်ယူရာ တွင် ငွေကြေးကုန်ကျမှုသည် သိန်းပေါင်း တစ်ထောင့်ရှစ်ရာကျော် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ရေငုပ်သမား ၁၄ ဦးနှင့် ခရီးစရိတ် ကုန်ကျစရိတ်မှာ ကျပ် သိန်းငါး ဆယ်ခန့်ဟု အဆိုပါ ခန့်မှန်းစာ ရင်းတွင် တွက်ချက်ထားသည်။ သို့သော် ဦးသန်းညွန့် အပါအဝင် ကော့သောင်းဒေသခံ ရေငုပ်သ မားများသည် ပရဟိတအဖြစ် ရေ ငုပ်ပေးခြင်းဖြစ်ပြီး ခရီးစရိတ်များ အပါအဝင် ကုန်ကျစရိတ်များကို အဖွဲ့မှ ကျခံပေး၍ အပိုထောက် ပံ့ကြေးအဖြစ် တစ်ဦးလျှင် ကျပ် တစ်သိန်းစီ ပေးခဲ့သည်ဟုဆို သည်။
ခေါင်းလောင်းကို စက်တင်ဘာ ၂၀ ရက်အထိ ဆက်လက်ရှာဖွေရန် လျာထားကြောင်း သိရသည်ဟု ၎င်းက ဆိုသည်။ ထို့ကြောင့် ဦးစံလင်းပြောကြားချက်အားလုံးနီးပါးနှင့် အဖြစ်မှန်မှာကွဲပြားနေသည်ကို တွေ့ရသည်။
http://www.7daydaily.com/story/20516#.VBQkV0RUOc9
http://www.7daydaily.com/story/20516#.VBQkV0RUOc9