သတင်းနှင့်နည်းပညာများ

2/21/14

ယာဉ်တစ်စီးအရှိန်လွန်ကာ တံတားဘောင်အားတိုက်မိပြီး တံတားအောက်ရှိ ရထားသံလမ်းပေါ်သို့ ပြုတ်ကျ


ယာဉ်တစ်စီးအရှိန်လွန်ကာ တံတားဘောင်အားတိုက်မိပြီး
တံတားအောက်ရှိ ရထားသံလမ်းပေါ်သို့ ပြုတ်ကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

၂၀.၂.၂၀၁၄ရက်နေ့ ၀၁၄၀အချိန် မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်းအတိုင်း မြောက်ဥက္ကလာ ဘက်မှမရမ်းကုန်းဘက်သို့ ယာဉ်မောင်း အောင်ကိုကို (ဘ)ဦးစိန်မင်း၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ် နေသူမောင်းနှင်လာသည့်ဆ/----BM
(၂၃၅)လိုင်းခရီးသည်တင်အဖြူရောင်ယာဉ်သည် အုတ်ပုံဆိပ် တံတား(လမ်းဝတံတား)အလယ်သို့အရောက်အရှိန်လွန်ကာ
ဝဲဘက်တံတားဘောင်အား ၀င်ရောက်တိုက်မိပြီး တံတားအောက်ရှိ ရထားသံလမ်းပေါ်သို့ ပြုတ်ကျသွားခဲ့ပါသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ယာဉ်နှင့်တံတားဘောင်တို့
ပျက်စီးခဲ့သည့်အပြင် ယာဉ်မောင်း အောင်ကိုကိုမှာ ရင်ဘတ်ပွင့်ထွက်၊ ယာလက်မောင်းဖူးရောင်ဒဏ်ရာများဖြင့် အခင်းဖြစ်
နေရာတွင် သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်ပါခရီးသည်
(၅)ဦးတို့တွင် ဖူးရောင်ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိကာ
မြောက်ဥက္ကလာပဆေးရုံ၌ အတွင်းလူနာ(မစိုးရိမ်ရ)များအဖြစ် တင်ပို့ကုသရသောကြောင့် ယာဉ်မဆင်မခြင်
မောင်းနှင်သူ အောင်ကိုကိုအား မြောက်ဥက္ကလာပမြို့မရဲစခန်း
ယာဉ်(ပ)၁၀/၂၀၁၄၊ ပုဒ်မ ၃၃၇/၃၃၈/ ၃၀၄-ကဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

2/19/14

ပြိုင်ကားဖမ်းဆီးရေးရဲအဖွဲ့ကို ဆိုင်ကယ်ဖြင့် ၀င်တိုက်


ပြိုင်ကားဖမ်းဆီးရေးရဲအဖွဲ့ကို ဆိုင်ကယ်ဖြင့် ၀င်တိုက်

ဇော်ဇော်ထွေး|ဖေဖော်ဝါရီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့၊ ၂၀၁၄ ခုနှစ်။

ပြိုင်ကားဖမ်းဆီးရေးအဖွဲ့ကို ဆိုင်ကယ်ဖြင့်ဝင်တိုက်ပြီး မချေမငံပြောဆိုခဲ့သည်ဟုဆိုကာ လူတစ်ဦးကို အရေးယူပေးရန် တိုင်တန်းသဖြင့် သာကေတရဲစခန်းက ဖေဖော်ဝါရီ ၁၇ ရက်တွင် အမှုဖွင့် ဆောင်ရွက် လျက်ရှိသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၆ ရက်ည ၈ နာရီခွဲက သာကေတမြို့နယ် ဦးစီးရုံးမှ ရဲအုပ် စိုးဝဏ္ဏအောင်နှင့်အဖွဲ့ သည် သက်သေများနှင့်အတူ သာကေတမြို့နယ်၊ ရှုခင်းသာ ရပ်ကွက်၊ ရှုခင်းသာ မြို့ပတ်လမ်းမကြီး၊ ရှုခင်း သာဟိုတယ်ရှေ့တွင် ပြိုင်ကားဖမ်းဆီးရေးတာဝန်ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် ၉ နာရီ ၄၅ မိနစ်တွင် ဒေါပုံဘက်မှ သန်လျင်ဘက်သို့ မောင်းနှင်လာသော ဆိုင်ကယ်တစ်စီးကို စစ်ဆေးရန် တားဆီးရာ ရပ်တန့်ခြင်းမပြုဘဲ အော်ဟစ်စီးနင်းသွားသည်ဟုလည်း ထည့်သွင်းပြောပြတိုင် တန်းထားသည်။

ထို့ပြင် စစ်ဆေးရေးအဖွဲ့နှင့် ကိုက် ၁၀၀ အရောက်တွင် အဆိုပါဆိုင်ကယ်မှာ ပြန်ကွေ့လာပြီး တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ အတားအဆီး သံဘယ်ရီဂိတ်အား ၀င်တိုက်ခဲ့သည်ဟု ဆိုထားသည်။

ထို့ပြင် မချေမငံပြောဆိုသဖြင့် ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်စီးနင်းသူသည် သာကေတမြို့နယ်၊ ၄/တောင် ရပ်ကွက်နေ ဇော်လင်းထွန်း(ခ)ဇော်ဇော် (၂၇)နှစ်၊ ၀ါယာရိန်းလုပ်ငန်းလုပ်ကိုင်နေသူဖြစ်သည်ဟု အတည် ပြုထားသည်။

၎င်းစီးနင်းသော ဆိုင်ကယ်မှာ လိုင်စင်ရှိဖြစ်သော်လည်း တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းအဖွဲ့ကို အနှောင့်အယှက် ဖြစ်စေသည်ဟုဆိုကာ ဇော်လင်းထွန်းအပေါ် အရေးယူပေးရန် ရဲအုပ်စိုးဝဏ္ဏအောင်က တရားလိုပြုလုပ်တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

ယင်းတိုင်တန်းမှုကို သာကေတရဲစခန်းက (ပ)၇၇/၂၀၁၄ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူကို တာဝန် နှောင့်ယှက်မှု ပုဒ်မ ၃၅၃ ဖြင့် အရေးယူရန် ဖမ်းဆီးစစ်ဆေးနေသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

Mizzima - News in Burmese

အူရီးဒူးက မိုဘိုင်းဆင်းမ်ကတ်ကို ကျပ် ၁၅၀၀ နှင့်ရောင်းမည်



အူရီးဒူးက မိုဘိုင်းဆင်းမ်ကတ်ကို ကျပ် ၁၅၀၀ နှင့်ရောင်းမည်

စ,ချိုကိုကို|ဖေဖော်ဝါရီ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့၊ ၂၀၁၄ ခုနှစ်။

ပြည်တွင်းတွင် ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိထားသော ကာတာနိုင်ငံအခြေစိုက် အူရီးဒူး ကုမ္ပဏီက ၂၀၁၄ ဇူလိုင်လ၀န်းကျင်တွင် မိုဘိုင်းဆင်းမ်ကတ်ကို ကျပ် ၁၅၀၀ နှင့် စတင်ရောင်းချပေးသွား မည်ဟု အူရီးဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr.Ross Cormack က ဖေဖော်ဝါရီ ၁၈ ရက်က ရန်ကုန် မြို့ အင်းလျားလိတ်ဟိုတယ်တွင် ပြုလုပ်သည့် 2nd Telecoms Infrastructure Summit 2014 တွင် ပြောသည်။

Mr. Ross Cormack က “ကျွန်တော်တို့အနေနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုပေးနိုင်ဖို့ကို အဆင်သင့်လုပ် နေပါပြီ။ ၂၀၁၄ နှစ်လယ်ပိုင်းမှာ ဆင်းမ်ကတ်တွေကို ကျပ် ၁၅၀၀ နှင့် ရောင်းချပေးမှာဖြစ်ပြီး ဖုန်းပြော ဆိုခတွေကတော့ အခုအချိန်မှာ ပြောဖို့စောသေးပါတယ်”ဟု သတင်းထောက်များကို ပြန်လည်ဖြေကြား သည်။

မိုဘိုင်းဝန်ဆောင်မှုပေးသည့်အခါတွင်လည်း 3G ကွန်ရက်ရရှိအောင် ပြုလုပ်သွားမည်ဖြစ်ပြီး နောက်ဆုံး ပေါ်3G နည်းပညာဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသွားမည်ဟုလည်း ၎င်းက ပြောသည်။

၎င်းက “မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို 3G ကွန်ရက်ကို ရရှိစေမှာဖြစ်ပါတယ်။ အသုံးပြုတဲ့အခါမှာ လည်3းG ကွန်ရက်ကို နောက်ဆုံးပေါ်နည်းပညာတွေနဲ့ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်”ဟု ဆိုသည်။
အူရီးဒူးကုမ္ပဏီအနေဖြင့် လိုင်စင်ရရှိပြီး ခြောက်လအကြာတွင် မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချပေး သွားမည်ဖြစ်ပြီး လက်ရှိတွင်လည်း မိုဘိုင်းတာဝါတိုင် စိုက်ထူခြင်းလုပ်ငန်းများ လုပ်ကိုင်နေပြီဖြစ်သည်။ မိုဘိုင်းဈေးနှုန်းနှင့်ပတ်သက်၍လည်း တင်ဒါတင်ခဲ့စဉ်က ဖြည့်စွက်ထားသော တစ်မိနစ် ၄၅ ကျပ်ဈေးနှုန်းမှာ ပုံသေမဟုတ်သေးဘဲ အားလုံးလက်လှမ်းမီသည့်ဈေးနှုန်းမျိုးဖြင့် ရောင်းချပေးမည်ဟုလည်း Mr. Ross Cormack က ပြောသည်။

“အဲဒီထက် အများကြီးလျှော့ချသွားဖို့ရှိပြီး လူတိုင်းအံ့သြနိုင်တဲ့ဈေးနှုန်းမျိုးနဲ့ဖြစ်လာမှာပါ”ဟုလည်း Mr. Ross Cormack က ဆိုသည်။

အူရီးဒူးအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များတွင် အင်တာနက်တစ်ပါတည်းရရှိအောင် လုပ်ဆောင်သွားမည် ဖြစ်ပြီး နောက်ပိုင်းတွင် Mobile Banking နှင့် Mobile Payment စနစ်ကိုလည်း ထပ်မံဝန်ဆောင်မှုပေး သွားမည်ဖြစ်သည်။ ပြည်တွင်းတွင် လုပ်ငန်းလုပ်ကိုင်ခွင့်ကို အူရီးဒူးက ဇန်န၀ါရီ ၃၀ ရက်တွင် ရရှိခဲ့ခြင်းဖြစ် သည်။
Mizzima - News in Burmese

၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။


၂၀၁၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၂၀)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနှိုင်ပါတယ်။ ကျန်ဘင်္ဂလား ပင်လယ်အော် နဲ့ ကပ္ပလီ ပင်လယ်ပြင်တို့မှာ အများအားဖြင့် သာယာပါ့တယ်။ ဘင်္ဂလားပင်လယ်အော် နဲ့ တောင်တရုတ် ပင်လယ်ပြင် တို့မှာ မုန်တိုင်း ဖြစ်နှိုင်ခြေ မရှိပါ။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာ့ပင်လယ်ပြင်ကမ်းရိုးတန်းနဲ့ ကမ်းလွန် ပင်လယ်ပြင်တို့တွင် လှိုင်းအနည်းငယ် ရှိနှိုင်ပြီး၊ လှိုင်းအမြင့် (၂)ပေခန့် ရှိနှိုင်ပါတယ်။

ညအပူချိန်များအခြေအနေ ။
ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း တို့တွင် ညအပူချိန်များဟာ 9°C - 12°C ခန့်၊ ရခိုင်ပြည် နယ်၊ နေပြည်တော်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး တို့တွင် ညအပူချိန် များဟာ 13°C - 15°C ခန့်၊ ကျန်ပြည်နယ် နဲ့ တိုင်းဒေသကြီးတွေမှာ ညအပူချိန် များဟာ 16°C - 20°C ခန့်ရှိနှိုင်ပါတယ်။

မိုးတိမ်တောင်အခြေအနေ။
မြန်မာပြည် တ၀ှမ်းလုံး ဒေသများမှာ မိုးတိမ်တောင်များ ဖြစ်ပေါ်နှိုင်မှုမရှိပါ။

မိုးရွာသွန်းမှုအခြေအနေ။
ကချင်ပြည်နယ် နဲ့ တနင်္သာရီတိုင်းဒေသကြီး တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနှိုင်ပြီး၊ ကျန်တပြည်လုံးတွင် အများအားဖြင့် သာယာနိုင်ပါတယ်။

မြူကျရောက်နှိုင်မှုအခြေအနေခန့်မှန်းချက်။
ကယားပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း တို့တွင် နံနက်ပိုင်း အချိန်အခါ များတွင် မြူအနည်းငယ် ကျဆင်းနှိုင်ပါတယ်။

ဒေါက်တာထွန်းလွင်

မှတ်ချက်။ တပြည်လုံးတွင် မိုးရွာသွန်းနှိုင်မှု အခြေအနေများလျော့နည်းသွားပြီး ညအပူချိန်များလည်း သိသိသာသာမြင့်တက် လာပြီး အအေးပေါ့ လာနှိုင်ပါတယ်။

လင်မယားစကားများစဉ် ဇနီးဖြစ်သူမှ ဓါးဖြင့်ထိုး၍ ခင်ပွန်းသေဆုံး

လင်မယားစကားများစဉ် ဇနီးဖြစ်သူမှ ဓါးဖြင့်ထိုး၍ ခင်ပွန်းသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

၁၈.၂.၂၀၁၄ ရက်နေ့ ၂၀၃၀ အချိန် တိုက်ကြီးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သည် တိုက်ကြီးဆေးရုံ၌ အမျိုးသားတစ်ဦး ဓါးထိုးခံရသဖြင့် သေဆုံး
ရောက်ရှိနေကြောင်းသတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ကိုမြင့်ဝင်း(၄၂)နှစ်၊ ရှမ်းစုရပ်ကွက်၊ တိုက်ကြီးမြို့နယ်နေသူဖြစ်ပြီး ယာဘက်ရင်အုံ၌ ထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိထားသည်ကို တွေ့ရှိရ
ပါသည်

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ဇနီးဖြစ်သူမမြ၀င်း(၄၇)နှစ်နှင့် နေအိမ်၌
စကားများရန်ဖြစ်ကြစဉ် ဇနီး ဖြစ်သူမှ အရိုးအသွား(၉)လက်မခန့်ရှိ မီးဖိုချောင်သုံးစတီးဓါးဦးချွန်ဖြင့်ထိုးခဲ့၍ ဒဏ်ရာရရှိသေဆုံးခဲ့ခြင်း
ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်သူ မမြ၀င်းအား တိုက်ကြီးမြို့မရဲစခန်း
(ပ)၆၃/၂၀၁၄၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်
ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အမျိုးသမီးငယ်ကို အခန်းတွင်းပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသူကို အမှုဖွင့်

အမျိုးသမီးငယ်ကို အခန်းတွင်းပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသူကို အမှုဖွင့် 
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် (၇၈) ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က တိုက်ခန်းတွင်း ပိတ်လှောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့မှုကြောင့် တစ်ရပ်ကွက်တည်းနေသူ အမျိုးသမီးနှင့် အမျိုးသားကြီး တစ်ဦးတို့ကို အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ အမျိုးသမီးငယ်ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တစ်ရပ်ကွက်တည်းနေသူ အသက် ၂၀ အရွယ် မသဲသဲက အထည်ချုပ် စက်ရုံတွင် လစာကောင်းသော အလုပ်ရမည်ဆိုကာ အတူတူ အလုပ်လုပ်ရန် ပြောဆိုပြီး ဗိုလ်တထောင်ဘုရားသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ခေါ်ဆောင်သူ အမျိုးသမီးက တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ အသက် ၄၀ အရွယ် ဦးဝင်းနိုင် မောင်းလာသော မော်တော်ယာဉ်ဖြင့် ၎င်းတို့နှင့်အတူ လိုက်ပါခဲ့ကြောင်း၊ ယင်းနောက် ရန်ကုန်မြို့တွင်း မြို့နယ်တစ်ခုရှိ ရှစ်ထပ်တိုက်၊ ငါးလွှာသို့ ရောက်ရှိကာ အခန်းတံခါး သော့ပိတ်ခံရကြောင်း အဆိုပါ အမျိုးသမီးငယ်က ၎င်း၏ မိခင်ကို ပြောပြချက်များအရ သိရှိရသည်။

ယင်းနောက် ၎င်းသည် ရက် ၂၀ ခန့်က ပျောက်ဆုံးနေသော အသက် ၁၇ နှစ်အရွယ် ၎င်း၏ ညီမဝမ်းကွဲကို ပြန်လည် တွေ့ရှိပြီး ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်း ခံနေရသည်ကိုပါ တွေ့ရှိရကြောင်း၊ ဦးဝင်းနိုင် ဆိုသူက ၎င်း၏ယာဉ်ဖြင့် တည်းခိုခန်း၊ ဟိုတယ်ခန်းများသို့ လိုက်လံ ပို့ဆောင်ကြောင်း၊ ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်းသည်ကို အမျိုးသမီးငယ်က ငြင်းဆန်ကာ အခန်း၏ အရေးပေါ်လှေကား ထွက်ပေါက်မှ ထွက်ပြေး လွတ်မြောက်လာခြင်း ဖြစ်ကြောင်း ၎င်း၏ ပြောကြားချက်ကို ကိုးကား၍ ၎င်း၏မိခင်က ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့မရဲစခန်းထံ တိုင်ကြားခဲ့သည်။
“ကောင်မလေးကို ခေါ်သွားတဲ့ နေရာတွေကို ရဲတပ်ဖွဲ့ဝင်တွေက လိုက်လံ စုံစမ်းနေပါတယ်။ အသေးစိတ်တော့ မသိရသေးပါဘူး” ဟု ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်တွင် တာဝန် ထမ်းဆောင်နေသော ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ အမျိုးသမီးငယ်ကို ပြည့်တန်ဆာအဖြစ် အဓမ္မစေခိုင်း၍ အခန်းတွင်း ပိတ်လှောင် ချုပ်နှောင်ခဲ့သူ မသဲသဲနှင့် ဦးဝင်းနိုင်တို့ကို (ပ) ၅၆/၁၄၊ ပုဒ်မ ၃၇၂/၃၄၁/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

ဗေဒင်ကိစ္စ ငြင်းခုံရာမှ ဗေဒင်ဆရာဓားထိုးခံရ



ဗေဒင်ကိစ္စ ငြင်းခုံရာမှ ဗေဒင်ဆရာဓားထိုးခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ရွာသာကြီး သားသတ်ရုံ စည်ပင်လိုင်းခန်း ရှေ့တွင် ဖေဖော်ဝါရီလ ၁၇ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ ခန့်က ဗေဒင်ကိစ္စ ငြင်းခုံရာမှ အသက် ၄၄ နှစ်အရွယ် ဗေဒင်ဆရာ ဦးအောင်လွင်ကို အသားထုတ်ဌာနခွဲ (ဝက်) နေ့စား စည်ပင်ဝန်ထမ်းနှင့် အခြားအမျိုးသား တစ်ဦးက ဓားဖြင့်ထိုးခဲ့ကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့မရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ ဗေဒင်ကိစ္စ ငြင်းခုံစဉ် စည်ပင် အသားထုတ်ဌာနခွဲ (ဝက်) နေ့စား စည်ပင်ဝန်ထမ်း အသက် ၃၀ အရွယ် ကိုအရှည်ကြီးက ယူလာသော အရှည်တစ်ပေခန့်ရှိ ဝါးရိုးတပ်ဓားဖြင့် ဗေဒင်ဆရာ ကိုထိုးခဲ့ပြီး သီဟဆိုသူက ကိုအရှည်ကြီးထံမှ ဓားကိုလုကာ ဗေဒင်ဆရာကို ထပ်မံထိုးခဲ့သဖြင့် ဘယ်လက်ချောင်းများတွင် ပြတ်ရှဒဏ်ရာများနှင့် လည်ပင်းတွင် ပြတ်ရှ ဒဏ်ရာများ ရရှိခဲ့ကြောင်း ဗေဒင်ဆရာ၏ တူဖြစ်သူ တိုင်တန်းချက်အရ သိရှိရသည်။

အဆိုပါ ဗေဒင်ဆရာမှာ မန္တလေးမြို့ အမရပူရမြို့နယ်တွင် နေထိုင်သူဖြစ်ပြီး တူဖြစ်သူ စည်ပင်ဝန်ထမ်း နေအိမ်သို့ အလည်ရောက်ရှိနေစဉ် ဓားထိုးခံရခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ ဗေဒင်ဆရာမှာ ရရှိခဲ့သော ဒဏ်ရာများကြောင့် သင်္ဃန်းကျွန်း စံပြဆေးရုံတွင် အတွင်းလူနာအဖြစ် ကုသနေရပြီး ဒဏ်ရာအခြေအနေမှာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း၊ ယင်းကဲ့သို့ ဗေဒင်ဆရာကို ဓားဖြင့်ထိုးသူဟု တိုင်ကြားခံရသူနှစ်ဦးကို (ပ) ၇၈/၁၄၊ ပြစ်မှုပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

WiMax အင်တာနက် ဝန်ဆောင်မှုအား ပုံစံပြောင်းလဲ ဆောင်ရွက်ရန်စီစဉ်

WiMax အင်တာနက် ဝန်ဆောင်မှုအား ပုံစံပြောင်းလဲ ဆောင်ရွက်ရန်စီစဉ်
========

လက်ရှိဝန်ဆောင်မှု ပေးနေသော WiMax အင်တာနက်ဝန်ဆောင်မှုအား ပုံစံပြောင်းလဲဆောင်ရွက်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

“အခုလက်ရှိ ကျွန်တော်တို့ပေးနေတဲ့ WiMax ကကျတော့ House Sold Basic ပေါ့။ အိမ်မှာ ပလပ်တပ်ပြီးသုံးတာ။ တစ်အိမ်တစ်လုံးပေါ့။ ကျွန်တော်တို့ ရှေ့လျှောက်သွားမယ့်ပုံစံကတော့ တစ်ယောက်ကို ကျွန်တော်တို့ ဝန်ဆောင်မှုတစ်ခုစီအနေနဲ့ ရှိစေချင်တာ။ ကျွန်တော်တို့ဟာ ဈေးနှုန်းအားဖြင့်လည်း တစ်ဦးတည်းအနေနဲ့ သုံးနိုင်အောင် ကျွန်တော်တို့က ချမှာ။ အခု လိုင်စင်ရပြီးရင်လုပ်မယ်။ အဲဒါတွေကို ပြင်ဆင်နေပါတယ်” ဟု Redlinks ကုမ္ပဏီ၏ Vice Chairman ဦးသိန်းသန်းတိုးက ပြောသည်။

အဆိုပါ ဆောင်ရွက်ချက် အကောင်အထည်ဖော်ပါက လက်ရှိ အသုံးပြုနေသူများအားလုံးကို စနစ်အသစ်သို့ ပြောင်းလဲပေးမည်ဖြစ်ပြီး လိုအပ်ချက်များကို ကုမ္ပဏီမှ ကျခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အပြည့်အစုံဖတ်ရန် ===> http://www.myanmarinternetjournal.com/content/11204

သမဝါယမဘဏ်က မိုဘိုင်းဘဏ်စနစ် ကိုယ်စားလှယ် လျှောက်ထားမှု တစ်ရာကျော်ရှိလာ



သမဝါယမဘဏ်က မိုဘိုင်းဘဏ်စနစ် ကိုယ်စားလှယ် လျှောက်ထားမှု တစ်ရာကျော်ရှိလာ
========

သမဝါယမဘဏ် (CB Bank) မှ မိုဘိုင်းဘဏ်စနစ်အတွက် ကိုယ်စားလှယ်များ ခေါ်ယူထားရာ လျှောက်ထားသူပေါင်း တစ်ရာကျော် ရှိလာကြောင်း သိရသည်။ လက်ရှိတွင် ရန်ကုန်ဧရိယာမှ လျှောက်ထားမှုအများဆုံးဖြစ်ကြောင်း သိရသည်။ “လျှောက်ထားတာ တစ်ရာကျော်နေပြီ။ လောလောဆယ်က ရန်ကုန်ဧရိယာက ပိုများပါတယ်” ဟု သမဝါယမဘဏ်၏ ဒုတိယ အထွေထွေမန်နေဂျာ ဦးဦးသိန်းမြင့်က ပြောသည်။

စတင် အကောင်အထည်ဖော်လိုက်သည့် မိုဘိုင်းဘဏ်စနစ် ဝန်ဆောင်မှုအတွက် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်လိုသူများအား ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဘဏ်အနေဖြင့် အနယ်နယ်အရပ်ရပ်တွင် ကိုယ်စားလှယ်များထားရှိရန် စီစဉ်ထားကြောင်း၊ ဆောင်ရွက်လိုသူများ အနေဖြင့် နီးစပ်ရာ သမဝါယမဘဏ်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Internet Journal

Android ဖုန်းတွေကို TV/DVD စက်တွေရဲ့ Remote Control အဖြစ်အသုံးပြုနိုင်စေမယ့်ဆော့ဝဲလေးပါ



Android ဖုန်းတွေကို TV/DVD စက်တွေရဲ့ Remote Control အဖြစ်အသုံးပြုနိုင်စေမယ့်ဆော့ဝဲလေးပါ။ Samsung ဖုန်းတွေနဲ့ HTC ဖုန်းတွေမှာ ဒီဆော့ဝဲလေးကိုအဓိကအသုံးပြုနိုင်ပါတယ်။ Smart IR Remote – Universal IR 1.7.3 for Android ကိုအောက်က link မှာရယူပါ။

Ref: Papktop

Credit By - http://www.myanmarmobileapp.com/2014/02/18/smart-ir-remote-universal-ir-1-7-3-for-android/

Android ဖုန်းတွေအတွက် မြန်မာဆော့ဝဲအလန်းလေးတစ်ခုထပ်မံထွက်ရှိလာပါတယ်


Android ဖုန်းတွေအတွက် မြန်မာဆော့ဝဲအလန်းလေးတစ်ခုထပ်မံထွက်ရှိလာပါတယ်။ ယင်းဆော့ဝဲရဲ့နာမည်ကတော့ MPT Gadget လို့ခေါ်ပါတယ်။ ဒီဆော့ဝဲလေးရဲ့ထူးခြားချက်ကတော့ တခြားဖုန်းငွေစစ်ဆော့ဝဲတွေလို ဆော့ဝဲလေးအနေနဲ့တင်အသုံးပြုနိုင်ရုံသာမက ဖုန်းရဲ့ Home Screen ပေါ်မှာပါ Widget Style အနေနဲ့လည်းအသုံးပြုနိင်မှာဖြစ်ပါတယ် ။ ဒီဆော့ဝဲလေးက လုပ်ဆောင်ပေးနိုင်တဲ့အချက်တွေကတော့
-ဖုန်းဘေလ်စစ်နိင်ခြင်း
-ဖုန်းအချင်းချင်းငွေလွှဲနိုင်ခြင်း
-ငွေဖြည့်နိုင်ခြင်း
-အင်တာနက်ဖွင့်ပိတ် (APN)
-အင်တာနက်လျှောက်နိုင်ခြင်း
-အင်တာနက် SETTING ချိန်နည်း
-CALL WAIT, CALL FORWARD , MISS CALL ALERT စတာတွေကိုဒီဆော့ဝဲကနေတစ်ဆင့်လျှောက်နိုင်ခြင်း
-VOICE လျှောက်နိုင်ခြင်း ပယ်ဖျက်နိုင်ခြင်း
စတာတွေကို MPT Gadget ဆော့ဝဲလေးတစ်ခုထဲနဲ့အကုန်လုပ်ဆောင်နိင်မှာဖြစ်ပါတယ်။ INTERNET လျှောက်တာတို့ တခြား ၀န်ဆောင်မူတွေလျှောက်တာတို့ပယ်ဖျက်တာမျိုးတို့မှာ VERIFACTION FUNCTION ထည့်ထားတဲ့အတွက် MESSAGE မရောက်လဲသိအောင်ပြုလုပ်ပေးထားတယ်လို့ဆိုပါတယ်။ MPT Gadget ကိုရေးသားသူကတော့
Developer ကို ချမ်းမြေ့ကိုကို ဖြစ်ပါတယ်။ MPT Gadget v1.0 for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။
MPT Gadget v1.0 for Android အားရယူရန် (Link 1)
MPT Gadget v1.0 for Android အားရယူရန် (Link 2)
MPT Gadget v1.0 for Android အားရယူရန် (Link 3)

မူရင်းလင့် - http://www.myanmarmobileapp.com/2014/02/18/mpt-gadget-v1-0-for-android/













2/18/14

လောင်းကစားပြုလုပ်သူများအား အရေးယူ



လောင်းကစားပြုလုပ်သူများအား အရေးယူ
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ ည ၉ နာရီခွဲအချိန် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ ဈေးကြိုကားဝင်း၊ ဆိုင်ခန်းအမှတ်(၁၄/၁၅)တွင် ပန်းသီးဂိမ်းလောင်းကစားဝိုင်း ပြုလုပ် နေကြောင်းသတင်းအရ မုပွန်နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေ စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်နေ ဦးဌေးလွင်(၅၁)နှစ်ပါ (၄)ဦးတို့အား လောင်းကစားပြုလုပ်နေသည်ကိုတွေ့ရှိရပြီး BONUSစာတမ်းပါ ပန်းသီးဂိမ်းစက်(၆)လုံး၊YUEHUA 2006 MADE IN CHINA စာတမ်းပါ ပန်းသီးဂိမ်းလောင်း ကစား ရာတွင်အသုံးပြုသည့် အကြွေစေ့(၃၃၀)စေ့၊SPJ စာတမ်းပါအကြွေစေ့စက်(၁)လုံး၊ လောင်းကြေး ငွေကျပ်(၅၅၇၀၀ိ/)နှင့် လောင်းကစားရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းများနှင့်အတူ သိမ်းဆည်းရမိခဲ့သဖြင့် ဌေးလွင်ပါ(၄)ဦး တို့အား မုပွန်နယ်မြေရဲစခန်း (ပ)၄၅/၂၀၁၄၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

Credit By -ရဲဇာနည်

ဟင်္သတ နည်းပညာတက္ကသိုလ် ကျောင်းသားနှစ်ဦး ချစ်သူများနေ့ ပန်းစည်းချရာမှ အဆောင်ရှင်ကို ရိုက်နှက်



ဟင်္သတ နည်းပညာတက္ကသိုလ် ကျောင်းသားနှစ်ဦး ချစ်သူများနေ့ ပန်းစည်းချရာမှ အဆောင်ရှင်ကို ရိုက်နှက်

ဟင်္သာတ၊ ဖေဖော်ဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ကွမ်းခြံကုန်း ကျေးရွာအုပ်စု ကွမ်းခြံကုန်း (မူလွန်) ကျောင်းမှ ဆရာမတစ်ဦး ဖွင့်လှစ်ထားသည့် အမျိုးသမီး ကျောင်းသူ ဘော်ဒါဆောင်ပိုင်ရှင် အလယ်တန်းပြဆရာမမှာ ဟင်္သာတ နည်းပညာတက္ကသိုလ် ကျောင်းသားနှစ်ဦး ရိုက်နှက်မှုကြောင့် ဦးခေါင်းကွဲဒဏ်ရာ ရရှိခဲ့၍ ဟင်္သာတ ပြည်သူ့ဆေးရုံကြီး၌ တက်ရောက် ကုသခံနေရကြောင်း အရိုက်ခံရသူ ကျောင်းဆရာမ၏ ခင်ပွန်း ဦးနိုင်ရဲဝင်းက ပြောကြားသည်။

အမျိုးသမီးကျောင်းသူ ဘော်ဒါဆောင်တံခါး အနီး၌ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၁ နာရီကျော်က ချစ်သူများနေ့ ရောက်ချိန်တွင် အဆောင်ရှေ့၌ ပန်းစည်းများ လာရောက်ချထားစဉ် အဆောင်ပိုင်ရှင်နှင့် စကားများကာ ကျောင်းသားများက အဆောင်အိမ် အုတ်တံတိုင်းကို ကျော်တက်ပြီး အဆောင်ပိုင်ရှင် အမျိုးသားကို လက်သီးဖြင့် ထိုးကြောင်း၊ အပြန်အလှန် လုံးထွေးနေသဖြင့် အဆောင်ပိုင်ရှင် ကျောင်းဆရာမက ဝင်ရောက်ဖျန်ဖြေစဉ်၊ ကျောင်းသားနှစ်ဦးက အသင့်ပါလာသည့် တုတ်နှင့် အရက်ပုလင်း တို့ဖြင့် ဝင်ရောက် ရိုက်နှက်ခဲ့ရာ အလယ်တန်းပြ ဆရာမ ဒေါ်ကလျာပပစိန်၏ ဦးခေါင်း နောက်ဘက်တွင် ဒဏ်ရာများ ရှိခဲ့သဖြင့် ခြောက်ချက် ချုပ်ခဲ့ရပြီး ဖေဖော်ဝါရီလ ၁၇ ရက်နေ့ အထိ ဆေးရုံ၌ ကုသခံနေရကာ ဆေးရုံဆင်းခွင့် မရသေးကြောင်း ၄င်းကဆိုသည်။

ယင်းဖြစ်ရပ်အတွက် ဥပဒေကြောင်းအရ မြို့နယ်ရဲတပ်ဖွဲ့ရုံး၌ တိုင်ချက် ဖွင့်ထားသော်လည်း ကျောင်းသားများဖြစ်၍ ပညာရေးကို ထိခိုက်မည် စိုးရိမ်သောကြောင့် အရေးယူရန်သင့် မသင့် စဉ်းစားလျက် ရှိကြောင်း အရိုက်ခံရသူ ဒေါ်ကလျာပပစိန်က ပြောကြားသည်။

ယင်းကဲ့သို့ ပြစ်မှုမျိုး ထပ်မံမကျူးလွန်ရေး အတွက် မိဘများက တာဝန်ယူ ဆုံးမပေးမည် ဆိုပါက ကျေအေးပေးမည် ဖြစ်ကြောင်းနှင့် ကျောင်းသားမိဘများ ကလည်း တောင်းပန်နေသည့် အတွက် ဆေးရုံဆင်းခွင့် မရသေးသော်လည်း ကျေးအေးပေးရန် စဉ်းစားလျက် ရှိသည်ဟု ၄င်းကဆိုသည်။

ယင်းကျောင်းသားများမှာ ဟင်္သာတမြို့နယ် နတ်မော်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် နည်းပညာတက္ကသိုလ် ကျောင်းသားများ ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်သွယ်ကာ ဆောင်ရွက်မည် ဖြစ်ကြောင်းနှင့် ကာယကံရှင်များ ကလည်း အမှုဖွင့်ရန် စဉ်းစားနေဆဲ ဖြစ်သည့်အတွက် စောင့်ဆိုင်းပေးထားကြောင်း အမှတ် (၁) ရဲတပ်ဖွဲ့ စခန်းမှ ဒုရဲအုပ်ဇော်လင်းထွန်းက ပြောကြားသည်။

The Voice Weekly

ရိုက်နှက်ပြီး ရွှေဆွဲကြိုးလုသူများအား အရေးယူထား



ရိုက်နှက်ပြီး ရွှေဆွဲကြိုးလုသူများအား အရေးယူထား
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၅ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ စံနန်းတော်တိုက်တန်းနေ ဒေါ်လှလှမြင့်(ခ) ဒေါ်ခင်မိုး(၄၈)နှစ်သည် ခင်ပွန်းဖြစ်သူ ဦးခင်မောင်ဝင်း(၆၂)နှစ်နှင့်အတူ နေအိမ်ရှိခွေးမျာကို လမ်းလျှောက်ထိန်းကျောင်းရာမှ နေအိမ်သို့ပြန်လာပြီး ဒေါ်ခင်မိုးမှ ခွေးများအား ခွေးလှောင်အိမ်အတွင်းသို့ ပို့နေစဉ် နေအိမ်ရှေ့မှ ခွေးဟောင်သံကြားရ၍ ထွက်ကြည့်ရာ ဦးခင်မောင်ဝင်းအား ဦးခေါင်း ယာချိုစောင်းတွင် ရိုက်နှက်ခံ ရသည့် ဖူးရောင်ဒဏ်ရာဖြင့်တွေ့ရှိရပြီး ၎င်း၏လည်ပင်းတွင်ဆွဲထားသော ရွှေဆွဲကြိုး အလေးချိန်(၅) ကျပ်သားခန့်၊ တန်ဘိုးငွေကျပ်သိန်း(၃၀)ကျော်ခန့်မှာ ပျောက်ဆုံးနေသဖြင့် အရေးယူပေးရန်တိုင်တန်း သောကြောင့် အမှတ်(၁) နယ်မြေရဲစခန်း(ပ)၂၀၄/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၅/၃၈၆ ဖြင့် အမှုဖွင့်စုံစမ်း စစ်ဆေးခဲ့သည်။ ထို့နောက် အမှုနှင့်ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များသည် မသင်္ကာသူ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်နေ အောင်ကျော်မိုး(ခ)ရှကီရာ(၂၀)နှစ်အား သက်သေများရှေ့၌ ခေါ်ယူစစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ အောင်ကျော်မိုး(ခ)ရှကီရာသည် လွန်ခဲ့သော(၃)လခန့် နံနက် ၄ နာရီအချိန်ခန့် ပြည်ကြီးတံခွန်မြို့နယ်နေ သက်အောင်(ခ)ဂျာနယ်မ(၂၂)နှစ်၊ အောင်မြေသာစံမြို့နယ်၊ ရွှေကျင်ရပ်ကွက်နေ သဲသဲ(၂၀)နှစ်တို့နှင့်အတူကျုံးအရှေ့ဘက်၊ သုဓမ္မဇရပ်တန်းအနီးတွင် ဦးခင်မောင်ဝင်းအား ခွေး(၂)ကောင်နှင့်အတူတွေ့ရှိရ၍ စကားရပ်ပြောနေစဉ် သဲသဲက ဦးခင်မောင်ဝင်း၏ရွှေဆွဲကြိုးအား ဖြုတ်ပြီး အောင်ကျော်စိုး(ခ)ရှကီရာက အနီးတွင်တွေ့ရှိသောတုတ်ချောင်းဖြင့် ဦးခေါင်းအား(၂)ချက် ရိုက်ခဲ့ကြောင်း၊ ထိုသို့ရိုက်သဖြင့် လဲကျသွားခဲ့စဉ် ၎င်းတို့ (၃)ဦးထွက်ပြေးခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သောကြောင့် သက်အောင်(ခ)ဂျာနယ်မနှင့်သဲသဲတို့ (၂)ဦးအားဖမ်းဆီးစစ်ဆေးခဲ့သည်။ ထို့နောက် လုယူရရှိသောရွှေဆွဲကြိုးအား မန်းမြို့ဈေးတွင် ငွေကျပ်သိန်း(၂၀)ဖြင့် ရောင်းချခဲ့ပြီး အောင်ကျော်စိုး(ခ)ရှကီရာမှ(၁၀)သိန်း၊ သက်အောင်(ခ)ဂျာနယ်မနှင့် သဲသဲတို့အား (၅)သိန်းကျပ်စီ ခွဲဝေခဲ့ကြကြောင်းသိရသဖြင့် အောင်ကျော်မိုး(ခ)ရှကီရာထံမှ ရွှေဆွဲကြိုးရောင်းရငွေဖြင့် ၀ယ်ထားသည့် အ၀တ်အထည်နှင့်ပစ္စည်းများအားလည်းကောင်း၊ သက်အောင်(ခ)ဂျာနယ်မထံမှ ကျန်ငွေကျပ်(၁၆၀၀၀၀ိ/-) တန်ဘိုးရှိအလှပြင်ပစ္စည်းများအားလည်းကောင်း၊ သဲသဲထံမှ ရွှေဆွဲကြိုးရောင်းရငွေဖြင့် ၀ယ်ယူထားသော ငွေကျပ်(၃၅၀၀၀၀ိ/-)တန်ဘိုးရှိ ဆိုင်ကယ်(၁)စီး၊ (၁၀၀၀၀၀ိ/-)တန်ဘိုးရှိ ဟန်းဆက် (၁)လုံး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အရှည်(၂)ပေရှိ သစ်ကိုင်းတုတ် (၁)ချောင်းနှင့် ရွှေဆွဲကြိုးတို့အားလိုက်လံသိမ်းဆည်းကာ ပြစ်မှုကျူးလွန်သူ အောင်ကျော်စိုး(ခ)ရှကီရာပါ (၃)ဦးအား ထိုက်သင့်သည့် ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Credit By -
ရဲဇာနည်

မဟာပါဝါအတွင်းအား ထူးခြားကသိုဏ်းစွမ်းရည် သရုပ်ပြ


မဟာပါဝါအတွင်းအား ထူးခြားကသိုဏ်းစွမ်းရည် သရုပ်ပြ
=============================

ကျောက်ဆည်၊ ဖေဖော်ဝါရီ - ၁၇

မန္တလေးတိုင်းဒေသကြီ ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် အသက်(၇၀) ဆရာကြီး ဦငြိမ်းချမ်းအောင် သမီး မရွှေဆုမြတ်မွန်နှင့် အဖွဲ့သည် မဟာပါဝါအတွင်းအား ထူခြားကသိုဏ်းစွမ်းရည် သရုပ်ပြအခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက်နေ့ မွန်းလွဲ (၁) နာရီက အဆိုပါကျောင်းတွင် ကျင်းပရာ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုအားပေးကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးဖြစ်သော မော်ကင်းထံမသီမျိုးနွယ်စု၏ မဟာပါဝါအတွင်းအား ထူးခြား ကသိုဏ်းဖြစ်သော သရုပ်ပြရခြင်းကို ဆရာကြီး ဦးငြိမ်းချမ်းအောင်က အများအကျိုးပြု ပရဟိတရံပုံငွေ ရှာဖွေပေးရေးနှင့် အမျိုးသားကျန်းမာကြံ့ခိုင်ရေး၊ ကျောင်းသားကျောင်းသူများ အကျင့်သီလကောင်းမွန်ရေး၊ စိတ်ဓါတ်နှင့် စွမ်းအား ရှင်များ ပေါ်ထွန်းလာစေရေး၊ နိုင်ငံနှင့် လူမျိုးဘာသာ သာသနာကို အမှန်တကယ် ချစ်မြတ်နိုးသောစိတ်နှင့် စည်းလုံးညီညွတ်စွာ အကျိုးတူပူးပေါင်းနိုင်စေရေး ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြား၍ သိုင်းသရုပ်ပြခြင်း၊ ကိုယ်ခန္တာစွမ်းအားပြခြင်းများ ပြသပြီး ဆိုင်ကယ်တစ်စီးလျှင် လူ(၂) ဦးနှင့် ဆိုင်ကယ် (၈) စီးအား ၎င်း၏ ဆံပင်များဖြင့် ချီနှောင်၍ ဆိုင်ကယ်(၈) စီး၊ လူ(၁၆) ဦးအား ပေ(၃၀) ခန့် ဆွဲပြပြီး နံချပ်ကူ ကစားနည်းနှင့် အခြားသိုင်းကစားနည်း များ သရုပ်ပြခဲ့ကြကြောင်း သိရှိရသည်။

ဒလမြို့နယ် ကားကူးဇက်ဆိပ်တွင် ယာဉ်တစ်စီးချော်ကျတိမ်းမှောက်


ဒလမြို့နယ် ကားကူးဇက်ဆိပ်တွင် ယာဉ်တစ်စီးချော်ကျတိမ်းမှောက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

၁၈.၂.၂၀၁၄ ရက်နေ့ ၀၇၁၅ အချိန် ဒလမြို့နယ်၊ ဒလ-ရန်ကုန် ကားကူး ဇက်ဆိပ်ကမ်း၌ ယာဉ်မောင်း ကိုစိန်မြင့် (ဘ)ဦးအောင်ခင်၊ ဒလမြို့နယ်
နေသူမောင်းနှင်လာသော ၆က/---- ကင်တာအဖြူရောင် ကုန်တင်ယာဉ် သည် ပုလင်းခွံများတင်ဆောင်ပြီး ဇက်သင်္ဘောပေါ်သို့တက်ရန်မောင်းနှင် လာစဉ် ကွန်ကရစ်ဆိပ်ခံနှင့်သစ်သား တံတားအခင်းအရောက်တွင် ၀ဲဘက်သို့ချော်ကျကာပက်လက်အနေအထားဖြင့် တိမ်းမှောက်သွားခဲ့
ပါသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်၏ရှေ့လေကာမှန်ပျက်စီး၊ အမိုးပိန်ချိုင့်ခဲ့ကာ လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရှိရပါသည်။

ယင်းကဲ့သို့ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ်မောင်း ကိုစိန်မြင့်အား ဒလမြို့မရဲစခန်း ယာဉ်(ပ)၄/၂၀၁၄၊ ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit By - Yangon Police

မြိတ်တွင် ပြင်လက်စ ကားပိမိ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ


မြိတ်တွင် ပြင်လက်စ ကားပိမိ တစ်ဦးသေ နှစ်ဦးဒဏ်ရာရ
.........................................................................

[ Dawei Watch ၊ မြိတ်၊ ဖေဖော်ဝါရီ ၁၄ ]

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့တွင် ဖေဖော်ဝါရီ ၁၂ ရက် မွန်းတည့် ၁၂ နာရီခန့်က ဆယ်ဘီး တပ်ကုန်တင်ယာဉ်၏အရှေ့ပိုင်း ကားအ လေးကိုပြန်တင်စဉ် ခုထားသည့်တုံးပြုတ် ထွက်၍ ကားပိမိကာ တစ်ဦးသေဆုံးပြီး နှစ် ဦးဒဏ်ရာရရှိခဲ့ကြောင်း မြို့မရဲစခန်းတာ ဝန်မှူး ဒုရဲအုပ် အောင်မျိုးဝင်းထံမှ သိရ သည်။

ကလွင်ကျေးရွာအုပ်စု၊ ယာယီ အဝေးပြေးကားဝင်းအနောက် မြိတ်လေ တပ်စခန်းဌာနချုပ်အနီး မြို့ပတ်(၂)လမ်း ရှိ သန့်ဇင်ကုန်စည်ပို့ဆောင်ရေးကားဂိတ် ရှေ့တွင် အဆိုပါယာဉ်လိုင်း ဆယ်ဘီးတပ် ကုန်တင်ယာဉ်၏အရှေ့ပိုင်းအလေးကို ပြန် တင်စဉ် တုံးပြုတ်ထွက်သွားပြီး ယင်းသို့ပိမိ ခြင်းဖြစ်ကြောင်း ယင်းကုန်စည်ပို့ဆောင်ရေး မှ တာဝန်ခံ ဦးသန့်ဇင်ဦးက ပြောသည်။

ထိုသို့ပိမိခြင်းကြောင့် ဝမ်းတွင်း မြို့ ရွာရှည်ရွာဇာတိ မောင်ဖြိုးငြိမ်း အသက် ၁၉ နှစ်မှာ အခင်းဖြစ်ပွားသည့်နေရာတွင် ပင် သေဆုံးခဲ့ပြီး မောင်ဖြိုးငြိမ်းနှင့် ဇာတိ တူ ကျန်နှစ်ဦးဖြစ်သည့် ယာဉ်မောင်းဖြစ် သူ ဦးအောင်မျိုးဦး အသက် ၃၃ နှစ်နှင့် ယာဉ်အကူ ဦးထွန်ြး<ွကယ် အသက် ၃၆နှစ် တို့ ဒဏ်ရာအသီးသီးရရှိခဲ့သဖြင့် မြိတ်အ ထွေထွေရောဂါကုဆေးရုံကြီးတွင် ဆေးကု သမှုခံယူလျက်ရှိကြောင်း ယင်းကုန်စည်ပို့ ဆောင်ရေးမှတာဝန်ခံ ဦးသန့်ဇင်ဦးက ရှင်း ပြသည်။

မတော်တဆမှုဖြစ်ပွားခဲ့သည့်လုပ် ငန်းခွင်ကို သက်ဆိုင်ရာမှလာရောက်စစ် ဆေးခဲ့ပြီး (ပ) ၁၂၇။ ၂ဝ၁၄ ၊ ပုဒ်မ ၃ဝ၄- (က)။ ၃၃၇ အရအရေးယူဆောင်ရွက်လျက် ရှိကြောင်း အထက်ပါရဲစခန်းမှ သိရသည်။

-----------------------------------------

Post By Yangon Media Group

အကြမ်းဖက်သမားများ မွေးထုတ်ပေး သောရွာ..


အကြမ်းဖက်သမားများ မွေးထုတ်ပေး သောရွာ..

မောင်တောမြို့နယ်ရှိ ဒုချီးရားတန်းကျေးရွာဟာ ခတ်အဆက်ဆက် နိုင်ငံတော်အချုပ်အခြာလုံခြုံရေးအား ချိုးဖောက်ပြီး အကြမ်းဖက်မှုများ ပြုလုပ်နေသော ကျေးရွာတစ်ခုဖြစ်ပါတယ်။ အသေးစိတ် ပြောပြရလျှင် ၁၉၈၆ ခုနှစ်တွင် သစ်တောဝန်ထမ်းများနှင့် ဒုချီးရားတန်းရွာသားများ ပြသနာဖြစ်ပွားခဲ့ပြီး ဘင်္ဂလီရွာသားများမှ ဒုချီးရားတန်းကျေးရွာအနီး ကင်းချောင်းရွာရှိ ရခိုင်တိုင်းရင်းသားများကို အုပ်စုဖွဲ့တိုက်ခိုက်သဖြင့် ထွက်ပြေးသွားခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။ ၁၉၉၈ ခုနှစ်တွင်လည်း ဒုချီးရားတန်းအလယ်ရွာ ဘင်္ဂလီရွာ သားများက ကင်းချောင်းရွာကိုလာဝိုင်းသဖြင့် ထွက်ပြေးခဲ့ရတယ်။ ဘင်္ဂလီကုလားတွေက ဘုန်းကြီးကျောင်း တစ်ကျောင်းနှင့် နေအိမ်တစ်လုံး မီးရှို့ခဲ့ကြတယ်။ ၂၀၀၈ ခုနှစ်တွင်လည်း ရဲတပ်ဖွဲ့ဝင်သုံးဦးကို ၀ိုင်းရိုက်သည့် အတွက် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတော့မရှိခဲ့ပါ။ ၂၀၀၉ ခုနှစ်တွင် ဒုချီးရားတန်း ကျေးရွာအုပ်ချုပ် ရေးမှူးဦးရင်မွန်မှ မောင်တောမြို့မှ အပြန်ဒုချီးရာတန်းအလယ်ရွာသို့ ဖြစတ်သွားစဉ် ရွာသားများမှ ဒါးဖြင့် ၀ိုင်း ခုတ်သဖြင့် ဒဏ်ရာပြင်းထိန်စွာရရှိခဲ့ပါသည်။ (ဦးရင်မွန်မှာ ယခုထက်ရှိသက်ရှိထင်ရှားနေဆဲဖြစ်ကြောင်း၊ အမှန် တွင် ကုလားများမှ သေပြီအထင်နှင့် သူအား ရပ်ကွက်ရုံးသို့ လာရောက်ပို့ဆောင်ခဲ့တာပါ။ ရပ်ကွက်ရုံးအရောက် ဒဏ်ရာနှင့် ညီးတွားသံထွက်တော့ သူတို့ကိုယ်တိုင်သတ်ပြီး သူတို့လာပို့တဲ့ကုလား တွေ ချက်ချင်းထပြေးကြတာပါ)
၂၀၁၂ ခုနှစ်၊ ဇွန်လတွင်ဖြစ်ပွားခဲ့သော ကုလားများ၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုတွင် ဒုချီးရားတန်းကျေးရွာမှ ကင်းချောင်း(နတလ)ရွာကို မီးရှို့ဖျက်ဆီးခဲ့ပါသည်။ ယခုတပ်ကြပ်ကြီးအောင်ကျော်သိန်းဖြစ်စဉ်အပါဝင်ဆိုလျှင် ဖြစ်စဉ် (၆)ခု ဆက်တိုက်ဖြစ်ပွားခဲ့ဖူးပါတယ်။
အနီးရှိ တိုင်းရင်းသားကျေးရွာများမှလည်း ယခုကဲ့သို့ အကြမ်းဖက်သမားများ စုဆည်းထားရာ၊ မွေးထုတ်ပေး ရာ ကျေးရွာတစ်ခုဖြစ်နေသော ဒုချီးရားတန်းကျေးရွာအား ဖျက်သိမ်းပေးစေချင်ကြပါတယ်။ ထိုကျေးရွာအား ကျေးရွာအဖြစ်မှ ဖျက်သိမ်းကာ နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းရ်ျ လည်းကောင်း၊ သို့မဟုတ် ထိုနေရာတွင် တိုင်းရင်းသားကျေးရွာတစ်ခု အစားထိုးပေးလျှင်လည်းကောင်း ပိုမိုကောင်းမွန်စေနိုင်ပြီး အနီးတိုင်းရင်းသားကျေးရွာများအတွက် လည်း လုံခြုံမှုပိုမိုကောင်းမွန်လာနိုင်ကောင်း အနီးရှိ တိုင်းရင်းသားကျေးရွာများက သုံးသတ်ကြပါတယ်။

Western Gate Guard

ပင်နယ်တီနှစ်လုံးပေးရပြီး ဇွဲကပင်အသင်းပိုင်ရှင် ကွင်းလယ်ဒိုင်အား ကွင်းထဲဆင်းပြီး ပါးရိုက်


ပင်နယ်တီနှစ်လုံးပေးရပြီး ဇွဲကပင်အသင်းပိုင်ရှင် ကွင်းလယ်ဒိုင်အား ကွင်းထဲဆင်းပြီး ပါးရိုက်


ယင်းကိစ္စအတွက် အရေးယူပေးရန် စည်းမျဉ်းသစ် ရေးဆွဲရဖွယ်ရှိဟု စည်းကမ်းထိန်းသိမ်းရေးဥက္ကဋ္ဌ ဆို

၂၀၁၄ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် -၃ ပွဲစဉ်တစ်ပွဲအဖြစ် ရန်ကုန်မြို့၊ အောင်ဆန်း ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ဇွဲကပင်နှင့် ရတနာပုံအသင်းတို့၏ ပွဲစဉ်တွင် ဇွဲကပင်အသင်း က ပင်နယ်တီနှစ်ဂိုး ပေးရကာ ရတနာပုံအသင်း အား ၂-၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် ကွင်းလယ် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များအား မကျေနပ် ၍ ဇွဲကပင်အသင်းပိုင်ရှင် ဦးလှဌေးမှ ကွင်းလယ် ဒိုင်လူကြီး ဦးလှမင်းအား ပွဲအပြီးတွင် ပါးရိုက် ခဲ့ကြောင်း သိရသည်။ ယင်းကိစ္စနှင့်ပတ်သက် ၍ ဒိုင်ကော်မတီမှ စည်းကမ်းထိန်းသိမ်းရေးသို့ စာတင်သွားမည်ဖြစ်ပြီး ဒိုင်လူကြီး၏ ဆုံးဖြတ် ချက်မှာ မှန်ကန်ကြောင်း ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်က ပြောကြားသွားခဲ့သည်။ ထို့ နောက် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ကလည်း ယင်းဖြစ်ရပ်မှာ မကြုံဘူးကြောင်းနှင့် စည်းကမ်းထိန်းသိမ်းရေး ပြစ်ဒဏ်ချမှတ်ရာတွင် လည်း ယင်းကဲ့သို့ ဥပဒေမရှိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့သည်။
    ဇွဲကပင်အသင်းနှင့် ရတနာပုံအသင်းတို့၏ ပွဲစဉ်အား ဖေဖော်ဝါရီလ ၁၅ရက်နေ့တွင် ယှဉ် ပြိုင်ကစားခဲ့ပြီး ဇွဲကပင် ၁-၂ ရတနာပုံရလဒ် ဖြင့် ပြီးဆုံးခဲ့သည်။ ယင်းပွဲစဉ်တွင် ဇွဲကပင် အသင်းက ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ရတနာပုံ အသင်းက ပင်နယ်တီနှစ်ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ ခြင်း ဖြစ်သည်။ ထို့ကြောင့် ကွင်းလယ်ဒိုင်လူကြီး ၏ ဆုံးဖြတ်ချက်အား ကျေနပ်ခြင်းမရှိ၍ ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေးသည် ပွဲအပြီး၌ ကွင်း အတွင်းသို့ ၀င်ရောက်ကာ ကွင်းအတွင်းမှ ထွက် ခွာလာသည့် ကွင်းလယ်ဒိုင်လူကြီး ဦးလှမင်းအား ပါးရိုက်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ ကြောင်း သိရသည်။
    ယင်းကိစ္စနှင့်ပတ်သက်၍ ဒိုင်ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းလှအောင်က ပြောကြားရာ “ကျွန် တော်တို့အနေနဲ့ စည်းကမ်းထိန်းသိမ်းရေးကို တင်  သွားမှာပါ။ ဒါမျိုး တစ်ခါမှလည်း မကြုံဖူးပါ ဘူး။ ကျွန်တော်လည်း ဒီပွဲကို သွားကြည့်ခဲ့ပါ တယ်။ ပြိုင်ပွဲကျင်းပရေးရော၊ ဒိုင်တွေကိုရော မေးကြည့်ပါတယ်။ ကျွန်တော့်အနေနဲ့လည်း ကွင်းလယ်ဒိုင်ဦးလှမင်းရဲ့ ဆုံးဖြတ်ချက်က မှန် တယ်လို့ ယူဆပါတယ်။ ဒါကလည်း အသင်း ပိုင်ရှင် တစ်ယောက်အနေနဲ့ သူ့အသင်း ရှုံးတဲ့အ ချိန်မှာ စိတ်လိုက်မာန်ပါ လုပ်မိတာပါ။ စည်း ကမ်းထိန်းသိမ်းရေး မဆုံးဖြတ်ခင် သူတို့ လာ တောင်းပန်မယ် ဆိုရင်လည်း တစ်မျိုးတစ်ဖုံ ပြောင်းသွားနိုင်ပါတယ်”ဟု ပြောကြားသွားခဲ့ သည်။
    ထို့နောက် ယင်းကိစ္စအတွက် အရေးယူရန် စည်းမျဉ်းမရှိသေးဟု စည်းကမ်းထိန်းသိမ်းရေး ဥက္ကဋ္ဌ ဦးခင်မောင်ထွေးက ပြောကြားရာ “ဒါ မျိုး တစ်ခါမှလည်း မဖြစ်ဖူးဘူး။ ကျွန်တော်တို့ စည်းကမ်းထိန်းသိမ်းရေးမှာလည်း ဒီလို ကိစ္စမျိုး ကို အပြစ်ပေးမယ့် ဥပဒေမျိုး မရှိသေးဘူး။ ခု အချိန်ထိတော့ စည်းကမ်းထိန်းသိမ်းရေးကို ဘာမှ ရောက်မလာသေးဘူး။ ဒီလိုမျိုးက ဒိုင်လူကြီးက တိုင်မှ ကျွန်တော်တို့ ဆုံးဖြတ်ခွင့်ရမှာပါ။ တကယ် လို့ ဆုံးဖြတ်ခဲ့ရမယ် ဆိုရင်တောင်မှ ပြစ်ဒဏ် ချမှတ်ဖို့ ဥပဒေကို ပြန်စဉ်းစားရမှာပါ”ဟု ပြောကြားသွားခဲ့သည်။ ထို့နောက် “ကျွန်တော့်အ နေနဲ့ ပြောရမယ်ဆိုရင်တော့ လူကြီးလူကောင်း တစ်ယောက်အနေနဲ့ မလုပ်သင့်၊ မလုပ်ထိုက်ဘူး လို့ မြင်တယ်”ဟု ဦးခင်မောင်ထွေးက သုံးသပ် ပြောကြားသွားခဲ့သည်။

Credit By - 7Day Sport Journal

ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် အမျိုးသမီးတစ်ဦးအား ခေါင်းဖြတ်သတ်ခဲ့သည်ဟုယူဆရသူကို မကြာမီရုံးတင်စစ်ဆေးသွားမည်



ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် အမျိုးသမီးတစ်ဦးအား
ခေါင်းဖြတ်သတ်ခဲ့သည်ဟုယူဆရသူကို မကြာမီရုံးတင်စစ်ဆေးသွားမည်

[ ကျော်စွာ ၊ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅ ]

လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်က ရန်ကုန်-မန္တလေး ကား လမ်းဘေးတွင်ဖြစ်ပွားခဲ့သည့် ခေါင်းဖြတ် လူသတ်မှုကျူးလွန်သူကို ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းထောက်လှမ်းရေး အဖွဲ့တို့ပူးပေါင်းပြီး ဖေဖော်ဝါရီ ၁၃ ရက် က ဖမ်းဆီးရမိခဲ့ကြောင်း ပဲခူးတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့်အရာရှိကြီး တစ်ဦးကပြောသည်။

တရားခံဟု မြန်မာနိုင်ငံရဲတပ် ဖွဲ့မှ ဖမ်းဆီးထားသူမှာ ကျောက်တံခါးမြို့ နယ် တောကျွဲအင်းကျေးရွာနေသူ ငွေအ တိုးပေးသည့် လုပ်ငန်းလုပ်ကိုင်သူ ဦးတင် စိုးဆိုသူဖြစ်ပြီး ယင်းပြစ်မှု ကျူးလွန်ခဲ့သော သက်သေများမှတစ်ဆင့် ခြေရာခံကာ အမှု မှန်ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ သက်သေ အထောက်အထားများ ခိုင်လုံစွာဖြင့် ဖမ်းဆီး ရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူအနေဖြင့်လည်း ဖြောင့်ချက်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှ အဆင့်မြင့်အရာရှိက''မကြာခင်မှာပဲ ရုံး တင်စစ်ဆေးမှာပါ။ ဖေဖော်ဝါရီ ၁ဝ ရက် က ကျောက်တံခါးမြို့နယ် ဦးတင်စိုးရဲ့ နေ အိမ်မှာ လူသတ်မှုကျူးလွန်ခဲ့တဲ့ ပစ္စည်းတွေ နဲ့အတူ ဖမ်းဆီးရမိခဲ့တာပါ။ အရမ်းခက်ခဲ နက်နဲတဲ့ အမှုတစ်ခုပါ။ ပြစ်မှုကျူးလွန်သူရဲ့ သက်သေအထောက်အထားကနေတစ်ဆင့် ဖမ်းဆီးနိုင်ခဲ့တာပါ''ဟု ပြောသည်။

ပြစ်မှုကျူးလွန်သည်ဟု ရဲတပ်ဖွဲ့ မှဖမ်းဆီးထားသည့် ဦးတင်စိုးမှာ သေဆုံး သူ ကျောက်တံခါးမြို့နယ် တောကျွဲအင်းမြို့ အောင်ဇေယျရပ်ကွက်နေ မသန်းထွေးဆို သူနှင့် လူမှုရေးအရ ငြိစွန်းခဲ့ရာမှ ၂ဝ၁၂ ခုနှစ် မေလက မသန်းထွေးသည် ဘားအံမြို့ မှပြန်လာစဉ် ငွေကျပ်သိန်း ၃ဝ ခန့်နှင့် ရွှေ ထည်ပစ္စည်းများပါလာကြောင်း၊ ထို့နောက် ဦးတင်စိုးနှင့် ဇနီးတို့ထံတွင်နေထိုင်ပြီး ငွေ များအား အတိုးရရှိရန် ဦးတင်စိုးထံတွင် ပေး ထားကြောင်း၊ ထို့နောက်ဦးတင်စိုးနှင့် ငြိစွန်း ပြီး ဦးတင်စိုးဇနီး ရန်ကုန်သွားနေခိုက် ၂ဝ၁၃ ဖေဖော်ဝါရီ ၁၂ ရက် ည ၉ နာရီ ခွဲခန့်တွင် မသန်းထွေးသည် ဦးတင်စိုးထံရောက်လာ ပြီး နှစ်လုံးထီရှုံးသည့်အတွက် ငွေသုံးသိန်း ကိုတောင်းရာမှ နှစ်ဦးစကားများ ရန်ဖြစ်ရာ မှတစ်ဆင့် ဦးတင်စိုးက မသန်းထွေးအား ဓားဖြင့် လည်ပင်းအားလှီးဖြတ်ကာ ပီနံအိတ် အထုပ်များဖြင့်ခွဲထည့်၍ ညအချိန်တွင် ဆိုင် ကယ်ဖြင့် ခေါင်းပြတ်နေသော မသန်းထွေး အလောင်းကို သယ်ဆောင်ပြီး ရန်ကုန်- မန္တလေးကားလမ်း မိုင်တိုင်အမှတ် ၁၃၉/ ၁၂ အကြား တံတားအမှတ် ၁၄ဝ/၁ ဇဟား ချောင်းတံတားအနီးတွင် ပီနံအိတ်ဖြင့် ပစ် ထားခဲ့ကြောင်း ရဲစစ်ချက်များအရ သိရသည်။

သေဆုံးသူအား စွန့်ပစ်ရာတွင် အသုံးပြုခဲ့သော ရေသန့်ဘူး၊ ဓာတ်မီး၊ မျှော့ ကြိုး အစရှိသည့် သဲလွန်စများမှတစ်ဆင့် အဆင့်ဆင့် ရှာဖွေဖော်ထုတ်မှုကြောင့် တရားခံ ကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ တောင် ငူခရိုင်အတွင်း နေထိုင်သော ပြည်သူတချို့ ၏လက်ဗွေရာများနှင့်လည်း တိုက်ဆိုင်စစ် ဆေးခဲ့ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်အ မျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးကလည်း ''လဝက က တာဝန် ရှိသူတွေအနေနဲ့လဲ ဒီအမှုပေါ်ဖို့ တောင်ငူ ခရိုင်မှာရှိတဲ့ ပြည်သူတွေဆီက လက်ဗွေ တွေယူခဲ့ရသေးတယ်။ ပူးပေါင်းပါဝင် ကူ ညီတဲ့သဘောပါ''ဟု ပြောသည်။

---------------------------------

Post by Yangon Media Group

2/17/14

နိုင်ဂျီးရီးယားတွင် သေနတ်သမားများ၏ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၉၀ သေဆုံး


နိုင်ဂျီးရီးယားတွင် သေနတ်သမားများ၏ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၉၀ သေဆုံး
Monday, February 17, 2014

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရှိတဲ့ ရွာတရွာကို အစ္စလာမ္မစ် သေနတ်သမားတွေက ၀င်ရောက် တိုက်ခိုက်ခဲ့လို့ လူအနည်းဆုံး အယောက် ၉၀ သေဆုံးသွားတယ်လို့ မျက်မြင်သက်တွေက ပြောပါတယ်။

Untitled-2 copyဘိုကိုဟာရမ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့ မနက်ပိုင်းမှာ ကင်မရွန်းနဲ့ နယ်စပ်မှာ ရှိတဲ့ ရွာကို သေနတ်နဲ့ ၀င်ပစ်ပြီး အိမ်ဒါဇင်နဲ့ ချီပြီး မီးရှို့ခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

နိုင်ဂျီးရီးယား ကော်မရှင်နာရဲမင်းကြီးကလည်း တိုက်ခိုက်မှုကို အတည်ပြုပါတယ်။

ဘိုကိုဟာရမ်အဖွဲ့ဟာ အရင်တပတ်ကလည်း အဲဒီဒေသမှာပဲ မြို့တမြို့ကို တိုက်ခိုက်ခဲ့ပြီး လူအယောက် ၅၀ ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။

နိုင်ဂျီးရီးယားမှာ ခရစ်ယာန်နဲ့ မွတ်စလင်တွေ အညီအမျှနီးပါး ရှိပါတယ်။ အစ္စလာမ္မစ်အဖွဲ့ ကတော့ ရှာရီယာဥပဒေကို ပြဋ္ဌာန်းဖို့ လိုလားနေပါတယ်။၊ လွန်ခဲ့တဲ့ ၄ နှစ်ခွဲအတွင်း လူပေါင်း ထောင်ချီကို သတ်ဖြတ်ခဲ့ပါတယ်။

ဘိုကိုဟာရမ်အဖွဲ့ရဲ့ သောင်းကျန်းမှုတွေကို နှိမ်နင်းဖို့ သမ္မတ ဂွတ်လပ် ဂျိုနသန်က တပ်တွေ တိုးစေလွှတ်ဖို့ မေလက အမိန့်ထုတ်ခဲ့ပေမယ့် လုံခြုံရေး ကိစ္စ အခက်ကြုံနေရပါတယ်။

DVB

စေတန်ဘာသာ ယုံကြည်သက်ဝင်ပြီး ၁၃နှစ်ကတည်းက လူသတ်လာတဲ့ မိန်းကလေး


စေတန်ဘာသာ ယုံကြည်သက်ဝင်ပြီး ၁၃နှစ်ကတည်းက လူသတ်လာတဲ့ မိန်းကလေး
Monday, February 17, 2014

အင်တာနက်ကတဆင့် လူသတ်တယ်လို့ စွပ်စွဲခံရသူ၊ ၁၉နှစ်အရွယ် မိန်းကလေးဟာ လူသတ်မှု ၂၂ခု ပြုလုပ်ခဲ့ကြောင်း ၀န်ခံလိုက်ပြီလို့ သတင်းရရှိပါတယ်။

ဒါဟာ ရူးဖွယ်ဖြစ်ပြီး ကြောက်စရာပါ။ ဖြစ်လည်းဖြစ် နိုင်ပါတယ်။ ၁၉နှစ်အရွယ် မိန်းကလေးတစ်ယောက်ဟာ သူ့ကိုအွန်လိုင်းကတဆင့် လိင်ကိစ္စအတွက်ငှားရမ်းခဲ့သူ လူကြီးကို သတ်ခဲ့တဲ့ အပြင် နောက်ထပ် လူတော်တော်များများကို သတ်ခဲ့တယ်။ သူမပြောပုံက “လူသတ်တာ ၂၂ယောက်ပြည့်တော့ နောက်ထပ် မှတ်မထားတော့ဘူး။” တဲ့။ သူမဟာ အသက် ၁၃နှစ်ကစ စေတန်ဘာသာကို ယုံကြည်သက်ဝင်ခဲ့ပြီး လူတွေ စသတ်ခဲ့တာဖြစ်ပါတယ်။

သူမအမည်ကတော့ Miranda Barbourပါ။ Pennsylvania ပြည်နယ်အကျဉ်းထောင်မှာ လောလောဆယ် သူမရှိပါတယ်။ Troy LaFerrara ဆိုတဲ့ လူကြီးကို ဓားနဲ့ အချက်၂၀ ထိုးသတ်ခဲ့တဲ့ အမှုအတွက် အမိန့်ချမှုကို စောင့်ဆိုင်းနေပါတယ်။ သူမက ၁၆နှစ်ပဲရှိသေးတယ်ဆိုပြီး စမ်းသပ်လိုက်တော့ အဲ့ဒီ့လူက အလျှော့မပေးဘဲ လိင်အကြမ်းဖက်တဲ့အတွက် သတ်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“မကောင်းမှုတွေ လုပ်ခဲ့ပြီး လူ့လောကမှာ ဆက်နေဖို့မသင့်တော့တဲ့ သူတွေကို သတ်ခဲ့တာပါ။” လို့လည်း သူမက ပြောပါတယ်။

“နောင်တရတာမျိုး မရှိပါဘူး။ ကျွန်မလွတ်လာရင် ဒီအလုပ်တွေထပ်လုပ်ဖြစ်ဦးမှာမို့လို့ ထောင်က လွတ်ချင်စိတ် မရှိတော့ပါဘူး။” လို့ Barbour ကဆက်ပြီးပြောပါတယ်။

Trend Myanmar.

ကွန်ပျူတာ သမားများ အတွက် ကိုယ်တွေ့ ခါးနာ ပျောက်ဆေးနည်း


ကွန်ပျူတာ သမားများ အတွက် ကိုယ်တွေ့ ခါးနာ ပျောက်ဆေးနည်း
Monday, February 17, 2014

ကွန်ပျူတာ သုံးတာ ကြာပြီ ဆိုတော့ ခါးနာ ရောဂါလည်း ဖြစ်လာ တာပေါ့။

ဒီနှစ်ပိုင်းမှာ ခါးက ပိုနာ လာတယ်။ ဆေးနည်းက နက္ခတ္တ ရောင်ခြည်ကနေ ရထားတာ ကြာလှပြီ။ အမှုအမှတ်မဲ့ မစမ်းကြည့် ဖြစ်ဖူး။ အခုတော့ စမ်းမှ ဖြစ်မယ်ဆိုပြီး -

အာလူးကြီး တစ်လုံးကို ခပ်ပါးပါး အလွှာတွေ ရအောင် လွှာပြီး ညအိပ်ယာ ၀င်တော့ နာနေတဲ့ ခါးပေါ်မှာ စီပြီး ကပ်လိုက်တယ်။ အားကစားသမားတွေ သုံးတဲ့ အလပ်စတစ် ပတ်တီး ပတ်ပြီး အိပ်လိုက်တယ်။ မနက်ကျတော့ ခါးနာ နေတာ ယူပစ်သလို ပျောက်သွားတယ်။ အံ့ရောပဲ ...

အာလူးထဲမှာ ပါတဲ့ ဓါတ်သဘာဝ တွေက အရေပြား ကနေ ခါးနာတဲ့ နေရာကို ၀င်သွားလို့ ဒါမှမဟုတ် ခါးနာ ဆီကနေ အာလူးက စုပ်ယူ လိုက်လို့  ပျောက်သွားတယ် ထင်တယ်။

နွယ်မြက် သစ်ပင် ရိုးရာ ဆေးမြီးတို လေးတွေလည်း အထင် မသေးကြနဲ့ ဗျို့ ။

သတင်းချစ်သူ - ဝေဟင်

ရန်ကုန်မြို့ ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထောင့်မှာ နေတိုင်းကçနေတဲ့လူတစ်ယောက်ကို ပရိသတ်ကြီး တွေ့ဖူးကြပါလိမ့်မယ်။

ရန်ကုန်မြို့ ဓမ္မစေတီလမ်းနဲ့ လင့်လမ်းထောင့်မှာ နေတိုင်းကçနေတဲ့လူတစ်ယောက်ကို ပရိသတ်ကြီး တွေ့ဖူးကြပါလိမ့်မယ်။ ယာဉ်ထိန်းတပ်ဖွဲ့ ယူနီဖောင်းကို စမတ်ကျကျဝတ်ပြီး ကားတွေဘယ် လောက်ပဲရှုပ်ထွေးနေပါစေ၊ ယာဉ်ကြောရှင်းလင်းအောင် ကြိုးပမ်းနေတဲ့သူ့ဆီမှာ အပြုံးတွေအမြဲ တမ်းတွေ့ရပါလိမ့်မယ်။ သူကတော့ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံး အမှတ်(၂)နယ်မြေ ဒု-တပ်ကြပ်ခင်မောင်မြင့်ဖြစ်ပါတယ်။ ရိုးရိုးသားသားပြောရရင် ယာဉ်ထိန်းရဲတွေကို ကားသမား တွေချစ်ခင်တာ၊ အမြင်ကြည်တာနည်းပေမယ့် သူ့ကိုတော့ ရန်ကုန်မြို့က ကားသမားအများစု ချစ်ခင်ကြပါတယ်။ သူက တာဝန်ကျတဲ့ အချိန်တစ်ချိန်လုံးမှာ ယာဉ်ကြောရှင်းလင်းဖို့ပဲ နေပူပူ၊ မိုးရွာရွာလမ်းမထက်ကနေ ယာဉ်မောင်းတွေအားလုံးကို ကူညီပေးပါတယ်။ သူက ယာဉ်မောင်း တွေဆီက ပိုက်ဆံမတောင်းပါဘူး။ ကားသမားတွေကို မရစ်ဘူး။ မတော်တဆယာဉ်တိုက်မှုတွေ ဖြစ်ရင်တောင် သူကကူညီပေးပါတယ်။ ယာဉ်ထိန်းရဲတွေအပေါ်လူတွေရဲ့အမြင်ပြောင်းလာအောင် ရိုးသားပြီး အလုပ်ကြိုးစားတဲ့၊ ပြည်သူလူထုကို အကောင်းဆုံးဝန်ဆောင်မှုပေးတဲ့ ဒု-တပ်ကြပ် ခင်မောင်မြင့်ကို ၂၀၁၁7Day News သူရဲကောင်းဆုချီးမြှင့်ဖို့ ရွေးချယ်ပါတယ်။
အဆိုပါဆုကို ဦးတိုးနိုင်မန်း (ပြည်သူ့လွှတ်တော်ဥပပေရေးရာနှင့်ထူးခြားဖြစ်စဉ်များ လေ့လာစီစစ်သုံးသပ်ရေးကော်မတီဝင်)က တက်ရောက်ချီးမြှင့်ပေးခဲ့ပြီး ဒုတပ်ကြပ်ခင်မောင်မြင့်ကိုယ်တိုင် လက်ခံရယူခဲ့ပါတယ်။

7Day News Journal

သက်မွန်မြင့်တို့ မင်္ဂလာဆောင်


သက်မွန်မြင့်တို့ မင်္ဂလာဆောင်