ရန်ကုန်မြို့ရှိ အောက်ခံမြေသား ပျော့သည့် မြို့နယ် အချို့တွင် ဆောက်လုပ်ထားသော အဆောက်အအုံအချို့ တိမ်းစောင်းမှု ဖြစ်ပေါ်
ရန်ကုန်မြို့ရှိ အောက်ခံမြေသားပျော့သည့် မြို့နယ်အချို့တွင် ဆောက်လုပ်ထားသော အဆောက်အအုံအချို့ တိမ်းစောင်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ သိရသည်။
လတ်တလောတွင် ပုဇွန်တောင်မြို့နယ်၌ ခြောက်ထပ် အဆောက်အအုံ တစ်လုံးနှင့် သင်္ကန်းကျွန်းမြို့နယ် (ငမိုးရိပ်)ရပ်ကွက်၊ သံသုမာလမ်းပေါ်တွင် ခုနစ်ထပ် အဆောက်အအုံတစ်လုံး တိမ်းစောင်းမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
''ဦးတို့ငှားနေတဲ့ တိုက်က ဟိုဘက်တိုက်ဘက်ကို စောင်းနေတယ်။ အဲဒါကို တိုက်ဆောက်တဲ့သူနဲ့ အိမ်ရှင်တွေ ပေါင်းပြီးတော့ ဟိုဘက်တိုက်ဘက်ကို ထပ်မစောင်းအောင် တိုက်နှစ်လုံးကြားမှာ သံဒေါက်တွေ လာထောက်သွားပါတယ်။ ဦးတို့က ဒီတိုက်မှာ ငှားနေတာ သိပ်မကြာသေးပါဘူး။ ဒါပေမဲ့ တိုက်ကတော့ သက်တမ်း သိပ်မကြာသေးဘူး'' ဟု သင်္ကန်းကျွန်းမြို့နယ် (ငမိုးရိပ်ရပ်ကွက်) သံသုမာလမ်းပေါ်ရှိ တိမ်းစောင်းနေသည့် တိုက်တွင် ငှားရမ်းနေထိုင်သူ တစ်ဦးက ပြောပြခဲ့သည်။
ထိုကဲ့သို့ တိမ်းစောင်းမှု ဖြစ်ပေါ်ခဲ့သည့် တိုက်အချို့မှာ သက်တမ်း မကြာသေးသော အဆောက်အအုံများဖြစ်ပြီး ထပ်မံတိမ်းစောင်းမှု မဖြစ်ပေါ်စေရန် အတွက် ညွှန်ကြားမှုများ ပြုလုပ်ထားပြီး ထပ်မံတိမ်းစောင်းမှု ရှိ၊ မရှိ စောင့်ကြည့်လျက် ရှိကြောင်းနှင့် ယင်းသို့ တိမ်းစောင်းခြင်းမှာလည်း အဆောက်အအုံ မဆောက်လုပ်မီ အောက်ခံမြေ အရည်အသွေး စစ်ဆေးခြင်း (Soil Test) ကို သေချာ မလုပ်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
''Soil Test သေချာမလုပ်တာပေါ့။ soil Test မလုပ်လည်း soil Test အဖြေ ထွက်လာတဲ့ အတိုင်း ဒီဇိုင်းလုပ်မှ ရမှာလေ။ အခု စောင်းတဲ့ တိုက်တွေကို ထပ်မဆောင်းအောင် လုပ်ဖို့ ညွှန်ကြားထားပါတယ်။ ဟိုအရင်တုန်းက ဗဟန်း(၃)လမ်းမှာ ဆောက်လက်စ တိုက်ပြိုတယ်။ မြောက်ဥက္ကလာပမှာ တိုက်တုံးလုံး လဲကျတယ်။ အဲဒါကြောင့် အခုနောက်ပိုင်း စည်ပင်သာယာမှာ အဆောက်အအုံတွေကို Structure စစ်တဲ့ စစ်ဆေးရေး အင်ဂျင်နီယာ ဆိုတာ ပေါ်လာတယ်။ ပြီးတော့ အခုနောက်ပိုင်း သုံးထပ်နဲ့အထက် ဆောက်မယ်ဆိုရင် Soil Test အလုပ်ရမယ်။ Soil Test က ထွက်လာတဲ့ ဒီဇိုင်းအတိုင်း ကြီးကြပ်ရမယ်ဆိုပြီး ညွှန်ကြားမှုတွေ ရှိလာတာပါ'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့ရှိ ပုဇွန်တောင်၊ တာမွေ (နတ်ချောင်း၊ မေတ္တာညွန့်၊ ပုသိမ်ညွန့်)၊ သင်္ဃန်းကျွန်း (ငမိုးရိပ်)နှင့် စမ်းချောင်း၊ အင်းစိန်၊ ကမာရွတ်၊ လှိုင်စသည့် မြို့နယ်များကို ဖြတ်သန်းဖောက်လုပ် ထားသည့် ဗဟိုလမ်း တစ်လျှောက်တို့သည် အောက်ခံမြေသား ပျော့သည့် မြေနေရာများ ဖြစ်သောကြောင့် ယင်းနေရာများတွင် အဆောက်အအုံ ဆောက်မည် ဆိုပါက ခြောက်ထပ်ထက် ပိုမိုဆောက်လုပ်ခွင့် မပြုကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
သို့သော်ယခင်က ပုဇွန်တောင်၊ အင်းစိန် စသည့်မြို့နယ်များတွင် အဆောက်အအုံအချို့ တိမ်းစောင်းမှုများ ရှိခဲ့သည်။
(သင်္ကန်းကျွန်းမြို့နယ် (ငမိုးရိပ်ရပ်ကွက်) သံသုမာလမ်းပေါ်ရှိ အဆောက်အအုံ တစ်လုံး (ညာ)မှာ (၀ဲ)ဘက်သို့ တိမ်းစောင်းနေမှုအား အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ်)
Credit By - Eleven Media
"သမီးတစ်ကောင် နွားတစ်ထောင်"
ကျုပ်မှာ သမီးလေးတစ်ယောက်ရှိတယ်
မိတဆိုးလေးဆိုတော့ အစစအလိုလိုက်ထားရတာ
အရွယ်ငယ်တုန်းကတော့ လိမ္မာရေးခြားရှိရှာပါတယ်
ဒါပေမယ့်...
အသက်လေးက ၁၈နှစ်ပြည့်ပြီးသွားတဲ့ နောက်ပိုင်းတော့ ပြောလို့ဆိုလို့ တယ်မရချင်ဘူး
ခုလည်းကြည့်လေ သူ့ရည်းစားကောင်လေးနဲ့ လျှောက်လည်မယ်ဆိုပြီး ထွက်သွားလိုက်တာ မိုးတော်တော်ချုပ်နေပြီ ပြန်မလာသေးဘူး
ကျုပ်မှာ စိတ်ပူလို့ သေတော့မယ်
ဟော...အိမ်ရှေ့က ဆိုင်ကယ်သံကြားတယ်၊ ပြန်လာကြပြီထင်ပါရဲ့
အိမ်ထဲကနေ အပြင်ကို အသာခြောင်းကြည့်မိတယ်... ...
သမီးက ဆိုင်ကယ်နောက်ကနေ ဆင်းလာပြီး အိမ်ဘက်ကို ဇောင့်ဇောင့်နဲ့လျှောက်လာတယ်
သူ့ကောင်လေးက နောက်ကနေလိုက်လာပြီး အတင်းလိုက်ဆွဲနေတာကို မြင်နေရတယ်
သမီးက လာဆွဲတဲ့လက်ကို ပြန်ပုတ်ချတယ်
အင်း... ဘာများ ဖြစ်လာကြတယ် မသိဘူး
ဧည့်ခန်းထဲဝင်လာကြလို့ မမြင်ကွယ်ရာကပဲ ဆက်ပြီးခြောင်းကြည့်နေလိုက်တယ်
ဆိုဖာခုံပေါ်ကို သမီးက ပစ်ထိုင်လိုက်တယ်
ကောင်လေးက နောက်ကနေ လာဖက်တာရင်း ပြောသံကြားလိုက်တယ်... ...
"မောင့်ကို ခွင့်လွတ်ပါ ချစ်ရယ်၊ ချစ်လွန်းလို့ ဖြစ်သွားတာပါ"
အမလေး ဘုရား ဘုရား...
ကိုယ်ကျိုးတွေတော့ နည်းကုန်ပြီ ထင်ပါရဲ့...
သမီးရဲ့ ပြန်အော်သံကို ကြားရပြန်တယ်... ...
"သွား... ဘာမှမကြားချင်ဘူး၊ ဘာမှ လာပြောမနေနဲ့"
"မဟုတ်ပါဘူး ချစ်ရယ်၊ မောင်ကတိပေးပါတယ်၊ နောက်ကို မဖြစ်စေရဘူးနော်"
"မသိဘူး မသိဘူး ရှင့်ကို ကျမမုန်းတယ် မုန်းတယ် လူယုတ်မာကြီး"
အင်း... ဒီကောင်နဲ့ ကျုပ်နဲ့ ရှင်းမှ ရတော့မှာ
ကျုပ် ကွယ်ပြီးကြည့်နေရာကနေ ထွက်လိုက်တယ်... ...
"သမီးလေး ဒီကောင် သမီးကို ဘာလုပ်လိုက်တာလဲ ပြောစမ်း"
"ဟင့် ... ဟင့်... သမီးရှက်တယ် ဖေဖေ၊ သမီးကို ပန်းခြံထဲမှာ ပန်းခြံထဲမှာ အီး ဟီး သူ့ကိုသာ မေးပါတော့"
အော်... ဒါဆိုရင်တော့ ငါထင်တာ ဟုတ်နေပါပြီ ဒီကောင်တော့ သေပြီသာမှတ်တော့
"ဟေ့ကောင်... ငါ့သမီးကို ဘာမတော်မတရားလုပ်လိုက်တာလဲ၊ မင်း မိကောင်းဖခင် သားသမီးမဟုတ်ဘူးလား မင်းကို ငါသတ်မယ်"
"ဟာ... ဦး မလုပ်ပါနဲ့ ကျနော် ရှင်းပြပါရစေ"
"ရှင်းစမ်း မြန်မြန်ရှင်း"
"သူက အချိုနဲ့မတည့်ဘူး ဆိုတာ ဦးသိတယ်နော်"
"သိတယ် သူ့မှာ ဆီးချိုရောဂါရှိတယ်"
"အဲဒါ သူက ပန်းခြံထဲမှာ ရေခဲမုန့်တွေ ဝယ်စားနေလို့၊ သူစားနေတဲ့ ရေခဲမုန့်ကို ကျနော်က ပုတ်ချလိုက်မိတယ်၊ လူတွေက ဝိုင်းကြည့်နေတော့ သူရှက်ပြီး ... "
"ဟင်... တေနာမ"
သန်၎ကို-ပေါက်ကရရေးသည်
https://www.facebook.com/ thanlayko

https://www.facebook.com/