သတင်းနှင့်နည်းပညာများ

9/28/13

Programming ဘယ်လိုလေ့လာမလဲ

Programming ဘယ်လိုလေ့လာမလဲ 

အောင်ခမ်း ( TSJ Team )

Programming ကို စိတ်ဝင်စားပေမယ့် ဘယ်ကနေ စလို့ ဘယ်လို လေ့လာ ရမှန်း မသိသူများ အတွက် wikihow က ဆောင်းပါးကိုပဲ ဆီလျော်သလို ဘာသာပြန်ပေး လိုက်ရ ပါတယ်။ 


Decide your goal

Programmer လို့သာ ခေါင်းစဉ်တပ်လိုက်တာ။ ရွေးစရာလိုင်းတွေက အများကြီးပဲ။ Web လား၊ Software လား၊ Desktop Application လား၊ System လား အစရှိသဖြင့် ရွေးစရာတွေ အများကြီးပဲ။ ကိုယ်က စက်ရုပ် တီထွင်တဲ့ ပညာရှင်ဖြစ်ချင်တာလား၊ OS လုပ်ချင်တာလား၊ ဖုန်း Application လုပ်ချင်တာလား၊ Web application လုပ်ချင်တာလား အစရှိသဖြင့် သီးသန့်လမ်းကြောင်းတစ်ခုကို အရင်ဆုံး Choice လုပ်ရပါအုံးမယ်။ အဲဒါလုပ်ပြီး ပန်းတိုင်ကို သေချာ ချထားမှ အကောင်းဆုံး လုပ်နိုင်မှာ ဖြစ်ပါတယ်။


Choose a programming language

အကယ်၍ ကိုယ်က Web Programming ကိုလေ့လာမယ်ဆိုရင်တောင် PHP, Java, C++, .Net အစရှိသဖြင့် ပြောမကုန်အောင် များပြားလှတဲ့ Language တွေ ရှိနေပါသေးတယ်။ တစ်ခုတည်းကို အရင်ဆုံး Specialized လုပ်မှ အောင်မြင်မှာလေ။ နေရာတစ်ခုရောက်မှာလေ။ ဒီတော့ ကိုယ်သွားချင်တဲ့ လမ်းကို ရွေးပြီး ပန်းတိုင်ကို သေ သေချာချာ သတ်မှတ်ထားဖို့ လိုပါတယ်။


Fall in Love in mathematics

ကွန်ပြူတာနဲ့ ပက်သက်တဲ့ အလုပ်လုပ်ပြီဆိုရင် သင်္ချာကို မချစ်လို့ မရတော့ဘူး။ Fibonacci, Floyd triangle, Fourier Seiries အစရှိသဖြင့် Mathematical series များကို ထိတွေ့ထားဖို့လိုအပ်ပါတယ်။ သင်္ချာဥာဏ်စမ်း လေးတွေကိုလည်း အားတဲ့အချိန်တိုင်း လေ့ကျင့်ပြီးဖြေဖြစ် ရင်တော့ အကောင်းဆုံးပေါ့။ Programmer ဖြစ်ဖို့ ဆုံးဖြတ် လိုက်သူက သင်္ချာနဲ့ ချစ်သူ ဖြစ်ဖို့ ခံယူလိုက်သလိုပါပဲ။


Be self-motivated

Rome was not built in a day တဲ့။ ဒီနေ့မှ စလုပ်ပြီး မနက်ဖန် အကုန်တတ်ပြီလို့ ဘယ်ပြောလို့ရမလဲ။ ဒါကို သိထားပြီး အမြဲတမ်း ကိုယ့်ကိုယ်ကို Motivate လုပ်နေရ မယ်။ စိတ်အားတက်ကြွမှု ရှိနေရမယ်။ ယုံကြည်ချက် လည်း ရှိနေရပါမယ်။


Take your time

မအောင်မြင်တဲ့ ပရိုဂမ်မာတွေရဲ့  အားနည်းချက်က အချိန်မပေးတာပါပဲ။ Error တွေ့နေပေမယ့် ဒီ Error ကို အဖြေရှာဖို့အတွက် ကောင်းကောင်း အချိန်မပေးပြီး Project ပြီးဖို့သာ ခေါင်းခဲပြီး လုပ်တော့၊ အိုင်ဒီယာ ကောင်း မထွက်တဲ့အပြင် အမှားလည်းများပါတယ်။ Problem Solving ဆိုတာ Programming မှာ ဘာသာရပ်တစ်ခုလိုပါပဲ။ Programmer တစ်ယောက်ဟာ code ရေးတဲ့အခါမှာတင်မကပဲ တကယ့် လက်တွေ့ ဘဝမှာပါ ပြဿနာကို ခေါင်းအေးအေးထား ဖြေရှင်းတတ်သူ တစ်ယောက် ဖြစ်လာပါတယ်။ ဒီတော့ အချိန်ပေးပြီး လုပ်ဖို့တော့ လိုအပ်ပါတယ်။


Never Back Down

Programming ဆိုတာ မခက်ဘူး။ သို့ပေမယ့် စိတ်ရှုပ်ဖို့ကောင်းတယ်။ စိတ်မရှည်တဲ့ သူတွေနဲ့ သင့်တော် တဲ့ အလုပ်မဟုတ်ဘူး။ စိတ်ရှည်တယ်ဆိုတာကလည်း လူတိုင်းလေ့ကျင့်လုပ်ယူလို့ရတဲ့ အကျင့်စရိုက် တစ်ခု။ ဒါကို ငါနဲ့တော့ အဆင်မပြေပါဘူးလေ ဆိုပြီး ရပ်လိုက်ရင်၊ နောက်ဆုပ်လိုက်ရင်တော့ သွားပါပြီ။ ရှေ့ မရေက်၊ နောက်မရောက် အလယ်မှာ ကိုးရိုးကားရားဖြစ်တဲ့ ဘဝက ပိုဆိုးပါတယ်။ ဒီတော့ မလျော့သောဇွဲနဲ့ နောက်မလှည့်တန်း ကြိုးစားရမှာက Programmer တစ်ယောက်ရဲ့  ခံယူချက်ပဲ ဖြစ်ပါတယ်။


Become a master

Programming Language တစ်ခုမှာ ဆရာကျသွားသူ တစ်ယောက်ဖြစ်ဖို့ဆို တာ အဲဒါကို အနည်းဆုံး ၂ နှစ်လောက်တော့ အချိန်ပေးရသေးတယ်။ ၁ နှစ်ပဲ ကြိုးစားထားတဲ့ ရလဒ်က လုပ်ငန်းခွင်ဝင်နိုင်တဲ့ level တစ်မခုသာ ရှိသေးပြီး expert မဖြစ်နိုင်ပါဘူး။ ၂ နှစ်နဲ့ကော် ဆရာကျပြီလို့ ကြိမ်းသေပြောလို့ရပါ့မလား။ ၄ နှစ်သာကြာသွားမယ်။ သူများခိုင်းတဲ့ ပရိုဂရမ်တွေ၊ ကုဒ်တွေပဲ ရေးပြီး ကိုယ်ပိုင် ပရောဂျက်၊ application များ မလုပ်နိုင်သေးရင် Master တစ်ယောက်ဖြစ်တဲ့ ပရိုဂမ်မာလို့ မဆိုနိုင်ပါဘူး။


Be a bookworm

ပရိုဂမ်မာကောင်း တစ်ယောက်ကလည်း စာဂျပိုးပါပဲ။ စားဖတ်အား အမြဲသန်နေရမယ်။ စာမှာတောင်မှ Programming တစ်ခုတည်းတင်မကပဲ သုတ၊ ရသ၊ သတင် အစုံအလင် အမြဲ စိတ်ဝင်တစား ဖတ်ချင်နေ သူ ဖြစ်ရပါမယ်။ ဒါက a must တော့မဟုတ်ပါဘူး။ Optional ပါ။ သို့ပေမယ့် ပရိုဂမ်မာကောင်းတစ်ယောက် ဖြစ်ဖို့ စာဖတ်အားကောင်းဖို့တောင် recommend ပေးထား ကြပါတယ်။


Invest on Training Centers

ကိုယ်တစ်ယောက်တည်း လေ့လာနေတာ အဆင်မပြေတော့ဘူး။ အချို့ အချက်တွေ နည်းပညာ ကျကျ သိဖို့ ကျတော့ မလွယ်တော့ဘူးဆိုရင် သင်တန်းတက်ဖို့ အကြံပေးပါတယ်။ တစ်ယောက်တည်း Self Study လုပ်တယ် ဆိုတာ သူ့အကန့်အသတ်နဲ့ သူရှိပါတယ်။ သင်တန်းတက်တယ် ဆိုတာ ပညာတစ်ခုတည်း သင်တာ မဟုတ်ပါဘူး။ စီနီယာ ပရိုဂမ်မာများရဲ့  ပရောဂျက်များ၊ လုပ်ဆောင်ချက်များ၊ အရည်အချင်းများကို လေ့လာခြင်း လည်း ပါဝင်ပါတယ်။ ဒါကြောင့် တစ်ယောက်တည်း လေ့လာလို့ နေရာတစ် ခုမှာ တစ်နေရင် training center ကောင်းကောင်းတစ်ခု ရွေးချယ်လို့ Invest လုပ်ဖို့ Recommend ပေးပါတယ်။

Programmer တစ်ဦး ဖြစ်ဖို့အတွက်၊ အတန်းပညာ၊ ဘွဲ့ပညာ တတ်နေမှ မဟုတ်ပါဘူး။ သင်္ချာတွက်ချက်ဥာဏ် ရှိပြီး Programmer ဖြစ်ချင်စိတ် ရှိနေရင် Programmer တစ်ဦး ဖြစ်နိုင်ပါပြီ။

http://blog.techspace.com.mm/2013/09/programming.html

Programmer ဖြစ်ရန် အွန်လိုင်းမှာ အလွယ်တကူ လေ့လာလို့ရတဲ့ ဝဘ်ဆိုဒ်

Programmer ဖြစ်ရန် အွန်လိုင်းမှာ အလွယ်တကူ လေ့လာလို့ရတဲ့ ဝဘ်ဆိုဒ်

www.codeacademy.com

Code Academy နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သူက လက်ရှိ ကမ္ဘာပေးမှာ လူသုံးအများအဆုံး Code Learning Website များထဲမှ တစ်ခု ဖြစ်ပါတယ်။ သိတဲ့သူတွေလည်း သိပြီးသား ဖြစ်မှာပါ။

Basic html က စလို့ ပရော်ဖက်ရှင် coder တစ်ယောက် ဖြစ်ဖို့အတွက် သင်ခန်းစာ အားလုံး အပြည့်အစုံ ရှိပါတယ်။ အခမဲ့ သင်ကြားရေး ဝဘ်ဆိုဒ်ပါ။ Home Page မှာ ရေးထားတဲ့စာတွေကို အသေအချာဖတ်ဖို့ လိုအပ် ပါတယ်။ calculation, time and Date တွေလောက် အလွယ်တကူ ရိုက်ထည့်ပြီးရင် site ရဲ့  Learning Portal ထဲကို ဝင်လို့ ရပါပြီ။ ပထမဆုံး ပေးမယ့် သင်ခန်းစာက Basic html ပါ။ html လောက်နဲ့ Web page တစ်ခုရေးနိုင်သွားရင် Certificate ကို အီးမေးလ်လှမ်းပို့ ပေးပါတယ်။ နောက်ပိုင်းသင်ခန်းစာ များမှာ CSS လည်းပါဝင်လာပါမယ်။

ပရိုဂမ်မာ ဖြစ်ချင်စိတ် ရှိပြီး လုံးဝ အခြေခံမရှိတဲ့သူများလည်း သင်ကြားလေ့လာနိုင်ပါတယ်။ အခြေခံကျတဲ့ စာသားများနဲ့ပဲ ဖော်ပြထားပါတယ်။ လက်တွေ့စမ်းသပ်လို့ရမယ့် Casing တွေလည်း ပါရှိပြီးသား ဖြစ်ပါတယ်။ လူတိုင်း Coding တတ်ဖို့အတွက် Code Academy ဟာ အကောင်းဆုံး ဝဘ်ဆိုဒ်လေးမို့ မိတ်ဆက် မျှဝေ ပေးလိုက် ရပါတယ်။

www.codeacademy.com

အောင်ခမ်း ( TSJ Team )

http://blog.techspace.com.mm/2013/09/programmer.html

LG ရဲ့ စီရီးတွေထဲမှာ လက်တလာ နောက်ဆုံးထွက် LG Vu3

LG ရဲ့ စီရီးတွေထဲမှာ လက်တလာ နောက်ဆုံးထွက် LG Vu3

=================================
ခွန်နေ(AMMG)

နောက်ဆုံးပေါ်လို့ မပြောရဲလောက်အောင် နောက်ဆုံးထွက် တွေက တန်းစီနေလေတော့ တစ်ပတ်လောက် ကွန်ပျူတာကိုပိတ်ထားလိုက်ရင် နည်းပညာလောကမှာ ခေတ်နောက်ကျန် ခဲ့မယ်ဆိုတဲ့အထိ တီထွင်မူတွေ ကနေ့စဉ်ရက်ဆက်ဆိုသလိုပါပဲ။

အဲတော့ စာစကားနဲ့ပြောရင် ကစားမလား၊နားမလား။ ကိုယ်တိုင်တော့ဝယ်မ
ကိုင်နိုင်ပေမယ့် ထွက်သမျှပေါ်သမျှကို ပါးစပ်လေးအဟောင်းသားနဲ့ကြည့်နေ
ရသူပါ။ နားမယ့်ထဲမှာလည်းမပါသလို ထွက်တိုင်းလည်းမကစား၊စာဖတ်သူ
တွေ သွားရည်ကျလို့ရအောင် မျှဝေဖို့ဆုံးဖြတ်လိုက်တယ်။

အဲဒါကတော့ LG Vu3 တဲ့ခင်ဗျ။ဘာလင်မှာ LG G2 နဲ့ နှိပ်စက်လို့
မဆုံးသေးဘူး ကိုယ်လုံးကိုယ်ထည် ကြီးကြီးနဲ့ ကိုင်ပေါက်လို့ရအောင် LG ရဲ့ 
Vu 3 ကဒီရက်ပိုင်းလေးတင် စင်မြှင့်ထက်မှာ အလှပြခဲ့ပါသတဲ့။

ဝင်းဝင်းပပ မျက်နှာပြင် ၅.၂ လက်မရှိမှာဖြစ်တဲ့ Vu 3 ကပြီးခဲ့ G2 နဲ့ အကျယ်ကတူညီနေပြန်တယ်။သို့ပေမယ့် ခန္ဓာကိုယ်က နည်းနည်းတော့
ဝလာတယ်။ Resolution 1280x960 HD + IPS display နဲ့ပွဲထွက်ထားတယ်။
quad-core Snapdragon 800 processor နဲ့ CPU ကို Quad-core 2.26 GHz Krait 400 အသုံးပြုထားပြီး GPU ပါဝင်မှု Adreno 330 က ပြီးခဲ့ G2 နဲ့ စွမ်းဆောင်ရည်သိပ်မကွာတာကို တွေ့ရတယ်။သိသိသာသာ ကွဲထွက်တဲ့ အချက်တစ်ချက်ကတော့ Touch Pen ပါဝင်လာတာပါပဲ။Note 2,Note 3 တို့ လို စတိုင်လ်ထုတ်ပြီး စိတ်ကြိုက်ရေးခြစ်ဖို့ Touch Pen က မျက်စိကျစရာ
ဖြစ်နေပြန်တယ်။

ကင်မရာပါဝင်မူအပိုင်းကိုပြန်ကြည့်မယ်ဆိုပြန်တော့လည်း အရင် LG G2 နဲ့
ကွာဟမူမရှိပြန်ဘူး။တန်းမြင့်ဖုန်းမှာ ပါဝင်နေကျ နောက်ကင်မရာ 13MP နဲ့
ရှေ့ကင်မရာ 2.1 MP သုံးထားတာက အရင်ဦးဆုံးထွက်ခဲ့တဲ့ LG G2 နဲ့တူနေ
ပြန်ပါတယ်။

ကင်မရာ Features အနေနဲ့ Simultaneous video and image recording, geo-tagging, face detection, HDR ပါတယ်။Video Features က 1080p@60fps, HDR, stereo sound rec., video stabilization စတာတွေ
ပါဝင်တယ်။

သိုလှောင်မူပိုင်းမှာ RAM 2GB အသုံးပြုထားတယ်။Memory ပိုင်းမှာ
တော့ ဘယ်လောက်အထိ အသုံးပြုနိုင်တယ်ဆိုတာကိုပြောဆိုထားခြင်းမရှိ
ဘူး။ ထပ်တိုးအသုံးပြုနိုင်တဲ့ Memory Card Slot လည်းမပါဝင်ဘူး။
Operating System အပိုင်းမှာ Android Version 4.2.2 Jellybean
အသုံးပြုပေးထားတယ်။

ဈေးနှုန်းကိုလည်းကြေငြာထားခြင်းမရှိပေမယ့် Touch Pen ပါဝင်လာတဲ့ အားသာချက်ကြောင့် ပြီးခဲ့တဲ့ LG G2 ထက်ဈေးမနိမ့်တာတော့သေချာတယ်။
မျက်နှာပြင်ကျယ်တာကြိုက်သူနဲ့ အင်တာနက်သုံးရင် စာလုံးကြီးကြီးမြင်တွေ့
ဖို့ဆိုရင် ဒီကောင်ကအဆင်ပြေနိုင်တယ်။
ကဲ...စာဖတ်သူတွေ ကစားမလား...နားမလား......။

Ref:fonearena
From - Techspace Journal

HTC One Max တွင် လက်ဗွေစနစ်ပါဝင်မည်

HTC One Max တွင် လက်ဗွေစနစ်ပါဝင်မည် 


အရွယ်ကြီး Phablet ဖုန်း အဖြစ် ထွက်ရှိမယ့် ထိုင်ဝမ်ရဲ့  HTC Max သတင်း တစ်ခုပါ။ လက်ဗွေ သုံး လုံခြုံရေးစနစ် ပါဝင်လာမယ်လို့ တရုတ်ပြည် အခြေဆိုက် သတင်းဌာန အများစုက ဖော်ပြလျက် ရှိနေကြပြီး HTC အတည်ပြုမှုကိုလည်း စောင့်ဆိုင်းလျက် ရှိပါတယ်။

Apple တုန်းကလည်း ပလပ်စတစ်နဲ့ လုပ်တဲ့ အိုင်းဖုန်း ထွက်ရမယ်လို့ တရုတ်ပြည်ကနေပဲ သတင်း စထွက်ပြီး တကယ် အတည်ဖြစ်သွားပါတယ်။ ဒီတစ်ခါလည်း အရွယ်ကြီး HTC One သတင်းနဲ့ အတူပါဝင်လာမယ့် လက်ဗွေ စနစ်ကလည်းမမှားနိုင်ပါဘူး။ ဖုန်းရဲ့  အသေးစိတ် Specification ကိုလည်း ခန့်မှန်းဖော်ပြ ထားကြ ပါတယ်။ မျက်နှာပြင်အရွယ် ၆.၄ လက်မရှိမယ့် Full HD မျက်နှာပြင် သို့မဟုတ် ၅.၉ လက်မ 1920x1080 resolution ၂ ခုတည်း က တစ်ခုခုနဲ့ ထွက်မယ်လို့ ဆိုပါတယ်။ ၆.၄ လက်မ ဖုန်းက ppi 342 ရှိပြီး ၅.၉ လက်မ ဖုန်းက 373 ppi ရှိမယ်လို့တောင် ရေးသား ဖော်ပြ ထားကြ ပါတယ။် ထွက်ရင်တော့ တစ်မျိုးပဲ ထွက်မှာပါ။

RAM 2GB, internal storage 16 GB ရှိပြီး ဘက်ထရီက 3300 mAh ရှိမယ်လို့ ဆိုပါတယ်။ microSD card ထည့်သွင်း အသုံးပြုလို့ ရပါမယ်။ HTC One မှာ ပါဝင်တဲ့ ကင်မရာထပ် ပိုကောင်းမယ်လို့ ပြောဆိုထားပြီး Processor က 2.3 GHz Snapdragon 800 quad core ဖြစ်ပါတယ်။ Android 4.3 နဲ့ Sense 5.5 UI ပေါင်းစပ်ထားတယ်လို့ ဆိုပါတယ်။ RAM 3G ရှိတဲ့ Note 3 ကိုလိုက်လို့ မမှိပေမယ့် Fingerprint Scanner ပါဝင်တာတော့ တစ်ခုသာသွားပါတယ်။

ဒီတော့ Samsung Galaxy Note 3 ရဲ့  ပြိုင်ဘက်ဖြစ် လာအုံးမယ် ထင်ပါတယ်။ ရေးသားဖော်ပြချက်များ အရတော့ လာမယ့် အောက်တိုဘာလ IFA မှာ မိတ်ဆက်ပြသမယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရပါတယ်။
.
Ref:pocketlint
အောင်ခမ်း (TSJ Team)
From - http://blog.techspace.com.mm/2013/09/htc-one-max_26.html

"ကမ္ဘာတစ်ဝန်းတွင် အမေရိကန်ကိုပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်မှု ပေါ်ပေါက်နိုင်"

ကမ္ဘာတစ်ဝန်းတွင် အမေရိကန်ကိုပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်မှု ပေါ်ပေါက်နိုင်"

အယ်လ်ကေဒါကဲ့သို့ အကြမ်းဖက်အဖွဲ့အစည်းတို့က တိုက်ခိုက်မှုများ ပြုလုပ်ရန် စီစဉ်ထားနိုင်သဖြင့် နိုင်ငံသားများအနေဖြင့် လုံခြုံရေးအတွက် သတိဝီရိယထား သွားလာနေထိုင်ကြရန် အမေရိကန်အစိုးရက တိုက်တွန်းခဲ့သည်။ ယခင် လပိုင်းအတွင်းကလည်း ကမ္ဘာတစ်ဝန်း အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်နိုင်ကြောင်း အမေရိကန်က သတိပေးချက် ထုတ်ပြန်ထားခဲ့သည်။
အပြည့်အစုံ ဖတ်ရှုရန် ==>http://www.planet.com.mm/news/read.cfm/id/22165

ဖိလစ်ပိုင်တောင်ပိုင်းတွင် လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပွားနေဟု ကုလသတိပေး


ဖိလစ်ပိုင်တောင်ပိုင်းတွင် လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပွားနေဟု ကုလသတိပေး

မနီလာ၊ စက်တင်ဘာ ၂၆

လက်နက်ကိုင် အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မြို့တော် ဇန်ဘိုအန်ဂါနှင့် အနီးတစ်ဝိုက်တွင် လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်း ဖြစ်ပွားလျက် ရှိနေကြောင်း ကမ္ဘာ့ ကုလသမဂ္ဂက သတိပေးလိုက်ကြောင်း foxnews သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

စစ်တပ်နှင့် မွတ်ဆလင် သူပုန်တို့ လူနေရပ်ကွက်များ အတွင်း ဖြစ်ပွားနေသည့် ယင်းသို့ အသေအပျောက် များလှသော ထိပ်တိုက် တိုက်ပွဲများကြောင့် လူသောင်းနှင့်ချီ အတိဒုက္ခ ရောက်ကြရသည်ဟုလည်း ယင်းသတိပေးချက်တွင် ထည့်သွင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၉ ရက်နေ့ ကတည်းက သူပုန်အင်အား ၂၀၀ ခန့်က မြို့ထဲသို့ ဝင်လာခဲ့ပြီး စစ်တပ်နှင့် ရဲတို့ကလည်း ပြန်လည် နှိမ်နင်းမှုများ ပြုလုပ်ခဲ့ရာ မကြာသေးခင် နှစ်များအတွင်း ဖိလစ်ပိုင် တွင် အပြင်းထန်ဆုံးသော လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

မိုရို အမျိုးသားလွတ်မြောက်ရေး တပ်ဦး (MNLF) သူပုန်တပ်မှ လက်နက်ကိုင် ၁၀၄ ဦးနှင့်အတူ စစ်သားနှင့်ရဲ ၁၅ ဦးလည်း ယင်းတိုက်ပွဲများ အတွင်း သေဆုံးခဲ့ကြရသည်။

သူပုန် တိုက်ခိုက်ရေးသမားများ အညံ့ခံလာခြင်း၊ အဖမ်းခံရခြင်းများ ရှိနေပြီး အချို့လည်း လွတ်မြောက်နေဆဲဖြစ်ကာ အရပ်သားများကို ဓားစာခံများအဖြစ် ဖမ်းဆီးထားပြီး လူသားဒိုင်းများ အဖြစ်လည်း အစိုးရတပ်များက တိုက်ခိုက်လာမည်ကို ကာကွယ်ထားကြသည်။

အဆိုပါ တိုက်ပွဲများကြောင့် လူပေါင်း တစ်သိန်းငါးသောင်း ရှစ်ထောင်ခန့် ထိခိုက်နစ်နာမှုများ ရှိပြီး နေအိမ်ပေါင်း တစ်သောင်းခန့် ဖျက်ဆီးခံခဲ့ရသည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ ပေးရေးရုံးက ထုတ်ပြန်ထားသည်။
“ဒီလိုအခြေအနေနဲ့ အကြမ်းဖက်မှု ဒဏ်ခံရတဲ့ ပြည်သူတွေရဲ့ လိုအပ်ချက် မြင့်တက်လာတာမို့ ကျွန်မတို့ ထိတ်ထိတ်ပျာပျာ ဖြစ်ရပါတယ်” ဟု ကုလသမဂ္ဂ၏ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ လူသားချင်း စာနာမှု လုပ်ငန်းများ အကြီးအကဲ လူဇာကာဗယ်ဟိုက ပြောကြားသည်။

ထိခိုက်နိုင်ခြေ အရှိဆုံး အုပ်စုဖြစ်သည့် အမျိုးသမီးများနှင့် ကလေးများအတွက် အလွန်စိုးရိမ်မိကြောင်း အဆိုပါ ကုလအရာရှိကြီးက ပြောကြားသည်။

ယခုအခါ လူခုနှစ်သောင်းခန့်သည် ဇန်ဘိုအန်ဂါရှိ အားကစားကွင်းများ ထဲတွင် စုပြုံနေထိုင်ရလျက် ရှိပြီး ရေဆိုးစနစ်စသည့် လိုအပ်ချက်များစွာ ရှိနေကြောင်း ကုလသမဂ္ဂရုံးက ထုတ်ပြန်လိုက်သည်။

အစားအသောက်၊ သောက်ရေ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ ချက်ပြုတ်ရန် ပစ္စည်းပစ္စယ၊ တဲများနှင့် အခြားလိုအပ်ချက်များစွာ ရှိနေပြီး ရောဂါဘယများ ဖြစ်ပွားမည့် အန္တရာယ်လည်း ရှိနေသည်ဟု ကုလသမဂ္ဂ အရာရှိများက ဆိုသည်။


တရုတ် ဗိုလ်ချုပ်ကြီး၏သား မုဒိမ်းမှုဖြင့် ထောင် ၁၀ နှစ် ချမှတ်ခံရ


တရုတ် ဗိုလ်ချုပ်ကြီး၏သား မုဒိမ်းမှုဖြင့် ထောင် ၁၀ နှစ် ချမှတ်ခံရ

ဘေဂျင်း၊ စက်တင်ဘာ ၂၆

တရုတ် ဗိုလ်ချုပ်ကြီးတစ်ဦး၏ သားကို မုဒိမ်းမှုဖြင့် ဘေဂျင်းမြို့ရှိ အိုက်ဒီယန် တရားရုံးက စက်တင်ဘာလ ၂၆ ရက်၌ ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်သည်ဟု BBC သတင်းဌာနတွင် ဖော်ပြထားသည်။

တရုတ်တပ်မတော်မှ ဗိုလ်ချုပ်ကြီး လီရွှမ်းချောင်၏ သားဖြစ်သူ လီထျင်းယီသည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ အတွင်းက အပေါင်းအပါ လေးဦးနှင့်အတူ အရက်မူးပြီး အမျိုးသမီး တစ်ဦးကို ဟိုတယ်ခန်း တစ်ခုအတွင်းတွင် အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့မှုဖြင့် အဖမ်းခံခဲ့ရပြီး ယခုအခါတွင် ပြစ်မှုထင်ရှားသဖြင့် တရားရုံးက ၎င်းအား ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် အသက် ၁၇ နှစ် အရွယ်ရှိပြီ ဖြစ်သော လီထျင်းယီကမူ ၎င်းအပေါ် စွဲဆိုထားသော ပြစ်မှုများကို အစောပိုင်းက ငြင်းဆိုခဲ့ပြီး သူ့အနေနှင့် ထိုအမျိုးသမီးနှင့် ကာမစပ်ယှက်ခဲ့ခြင်း မရှိသလို ထိုအမျိုးသမီးမှာလည်း ကြေးစား အပျော်မယ် တစ်ဦးသာ ဖြစ်သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။

လီထျင်းယီ၏ အမှုကို ဘေဂျင်းမြို့ရှိ ဟိုက်ဒီယန် တရားရုံးတွင် ကြားနာစစ်ဆေးခဲ့ပြီး ထိုအမှုတွင် ပါဝင် ပတ်သက်ခဲ့သော လီထျင်းယီ၏ သူငယ်ချင်း လေးဦးမှာလည်း ထောင်ဒဏ် ၃ နှစ်မှ ၁၂ အတွင်း ပြစ်ဒဏ်များကို အသီးသီး ကျခံခဲ့ရသည်။

လီထျင်းယီအနေနှင့် လူအများ ဝိုင်းဝန်းဝေဖန်စရာ ပြစ်မှုမျိုး ကျူးလွန်သည်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်ဘဲ ၂၀၁၁ ခုနှစ်ကလည်း လူငယ်စုံတွဲ နှစ်ဦးကို လူမြင်ကွင်းတွင် ဒေါသအလျောက် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် လူအများ ဝေဖန်စရာ ဖြစ်ခဲ့ရဖူးသည်။

ထိုစဉ်က လီထျင်းယီသည် လိုင်စင် နံပါတ်ပြား မပါသော BMW ကားကို မောင်းနှင်ခဲ့ပြီး ၎င်းသွားမည့် လမ်းကြောင်း၌ ပိတ်နေသော ကားတစ်စီးပေါ်မှ စုံတွဲနှစ်ဦးကို လူမြင်ကွင်းတွင် ကိုယ်ထိလက်ရောက် စော်ကားခဲ့ခြင်း ဖြစ်သည်။

လီထျင်းယီသည် ထိုပြစ်မှုအတွက် လူငယ်ပြုပြင်ရေး စခန်းတွင် တစ်နှစ်ခန့် ထိန်းသိမ်းခံခဲ့ရပြီး သူ၏ဖခင်ဖြစ်သူ ဗိုလ်ချုပ်ကြီး လီရွှမ်းချောင်မှာလည်း အဆိုပါ စုံတွဲနှစ်ဦးကို လူသိရှင်ကြား ပြန်လည် တောင်းပန်ခဲ့ရသည်။

ယခု လီထျင်းယီ ကျူးလွန်ခဲ့သော ပြစ်မှုမှာ အရာရှိကြီးများ၏ သား၊ သမီးများကို ဥပဒေ အထက်တွင်ရှိသော ဆိုးသွမ်း လူငယ်များအဖြစ် ရှုမြင်လျက်ရှိသည့် တရုတ် ပြည်သူလူထု၏ ဒေါသကို ဆွပေးသကဲ့သို့ ဖြစ်သွားခဲ့သည်။

င်္From - The Voice Weekly

ကာလတန်ဖိုးသတ်မှတ်ပေးမည့် မြေကွက်စံနှုန်းမျာ

ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး) က ကာလတန်ဖိုး သတ်မှတ်ပေးမည့် မြေကွက်စံနှုန်းများ

Source: ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)

ဆက်လက်ဖော်ပြပါမည်

Beginner Network Myo Thura စာအုပ်လေးပါ

မင်္ဂလာပါအခုတင်ပေးမယ့်စာအုပ်ကတော့
Beginner Network Myo Thura စာအုပ်လေးပါ
Network တည်ဆောက်ပုံနဲ့ အခြေခံသဘောတရားလေးကို
ရေးထားတာပါ ........

http://www.solidfiles.com/d/c2dd8942ba/

Netmeeting အကြောင်းလေ့လာချင်တဲ့လူတွေအတွက်

NetMeeting ရဲ့အသုံဝင်ပုံလေးကိုတော့
ကျွန်တော်မရေးတော့ပါဘူး စိတ်ဝင်စားတယ်ဆိုရင်တော့
အောက်ကနေပြီးစာအုပ်ကိုဒေါင်းပြီး ဖတ်လိုက်ပါဗျာ......
အင်တာနက်မလို Networtချိတ်ထားတဲ့ ကွန်ပြူတာအချင်းချင်းစာရိုက်တာကအစလုပ်လို့ရတယ်နော်...
ကျန်တာကတော့ လေ့လာကြည့်ကြပါ .....

http://www.solidfiles.com/d/d3d0e4a7cd/

networking စာအုပ်

netwok နဲ့ဆိုင်တဲ့ စာအုပ်လေးကိုတင်ပေးလိုက်ပါတယ်...
networking ကို အခြေခံကနေစပြီးလေ့လာတဲ့သူတွေအတွက်
အရမ်းကိုအသုံးဝင်ပါတယ်.......

http://www.solidfiles.com/d/f37d5b4bf4/

desktop က icon လေးကိုအလှဆင်မယ်

desktop က icon လေးကိုအလှဆင်ပေးတဲ့ဆော့ဝဲလေးပါ။
ပုံထဲမှာမြင်ရတဲ့အတိုင်းပါဘဲ။

http://www.solidfiles.com/d/5dd185feb4/

Speed up your's XP Shut down အမြန်ချမယ်

Speed up your's XP 
Shut down အမြန်ချမယ်။ 

စစခြင်း Start>run>regedit 
ထိုနောက်
Registry ထဲ ကို ဒီအတိုင်းလေး ၀င်ပေးပါ။ ။
Code:
HKEY_LOCAL_MACHINE/SYSTEM/CurrentControlSet/Control
Control ကို select မှတ်ပြီးရင် သူ ဖိုဒါထဲမှာ ဒါလေး ကို ရှာပါ။
"WaitToKillServiceTimeout"

အဲဒီကောင်ကို ကျွန်တော်တို့ ပြင်မှာ ဖစ်ပါတယ်။
သူကို ဖွင့်လိုက်ရင် value data မှာ 5000 လောက်ပြနေတတ်ပါတယ်။

ကျွန်တော် တို့  အများ ဆုံး 2000 က နေ 200 အထိ ထားနိုင်ပါတယ်ခင်ဗျား။ ။
ဒါဆိုရင် တော့  မိတ်ဆွေတို့ ရဲ့ ကွန်ပြူတာ က Shutdownချရင် အမြန်ကျသွားမှာဖြစ်ပါတယ်။

ကွန်ပြူတာ system ကို မြန်အောင် လုပ်မယ်။ ။
1. Disable Indexing Services
Indexing Services ဆိုတာက တော့ .ကျွန်တော်တို့ PC တွေ မှာ ပါဝင်တဲ့ အသေးစား
Program လေးတစ်ခု ဖြစ်ပါတယ်။ ဒါပေ့ မယ် သူက RAM ရဲ့ ပမာဏ တော်တော်များများကို
ယူထားတယ်ခင်ဗျ။သူ ကြောင့် ဖြစ်တာတွေ ကတော့  ကျွန်တော်တို့ ရဲ့ PC တွေ ကို တစ်ချက်
တစ်ချက် ဟမ်းသွားအောင်လုပ်ပါတယ်။ဟမ်းသွားပြီးရင်လည်း ဘာမှ မပြန်မတတ်လာတော့ ဝူး
အဲဒီလိုတွေ။ အဲဒါကြောင့် သူရဲ့  Process ကို end လုပ်ဖို့ လိုပါတယ်။
ဘယ်လိုလုပ်ရမလဲဆိုတော့ ။ ။
Start>run>appwiz.cpl>Add/Remove Window Components ကို သွားပါ။
အဲဒီထဲမှာ Indexing service ဆိုတာကို uncheck လုပ်ပေးခဲ့ ပါ။
ဒါဆိုရင်ရပါပြီခင်ဗျား။ ။

2. Optimise Display Settings
Start>setting>control panel (or) start>run>control
ထို နောက် system ထဲ ကို ၀င်ပါ။
အဲဒီမှ Advanced ဆိုတဲ့ tab ထဲ ကို ထပ်ဝင်ပါ။
ထိုနောက် Performance tab အောက်မှာ ရှီတဲ့  setting ထဲ ကို ၀င်ပါ။
အဲဒီထဲမှာ မှ Visual effects tab အောက်မှာ ရှိတဲ့ ဒါလေးတွေ ကို Ticket လုပ်ပေးခဲ့ ပါ။
• Show shadows under menus
• Show shadows under mouse pointer
• Show translucent selection
ထပ်ပြင်ချင်တယ်ဆိုလည်း အဲဒီအောက်မှာအများကြီးပါ။

3. Speedup Folder Browsing
My computer ကို ဖွင့်ပါ။ Tools ထဲမှာ Folder option ကို ၀င်ပါ။
View tab မှ Automatically search for network folders and printers
ကို uncheck လုပ်ခဲ့ ပါ။

ကဲ ပျော်ရွှင်ကြပါစေခင်ဗျား။ ။

9/27/13

Android သမားတွေအတွက် တာရော့ဗေဒင်

Android သမားတွေအတွက် 
တာရော့ဗေဒင် application
လေးပါ ..........

http://www.solidfiles.com/d/5d3909b94c/

Window မှာ key တွေအလုပ်လုပ်ပုံလုပ်နည်းလေးပါ ...

Window မှာ key တွေအလုပ်လုပ်ပုံလုပ်နည်းလေးပါ ...

အရင်ဆုံး key တွေနဲ့ စရအောင် .. Window key လေးသိမှာပါနော် .. အဲဒါလေး နှိပ်ကြည့်ရအောင် ..
windowkey – Start Menu
win+E – My Computer
win+R – Run
win+F – Search For a File or Folder
win+D – Show Desktop
win+U – Open Utility Manager
win+Break(Pause ကီး။ Prt Scr ကီးနားမှာ ရှိတယ်) – System Properties
win+M – Minimize all windows
win+Shift+M – Restores minimized windows
win+F1 – Windows Help
win+L – switch users
win+Tab – 3D Display Switch between open items ( Vista Only )


F2 – Rename selected item
F3 – Search for a file or folder.
F4 – Display the Address bar list in My Computer or Windows Explorer
F5 – Refresh the active window or Desktop
F6 – Cycle through screen elements in a window or on the desktop
CTRL+F4 – Close the active document in programs that allow you to have multiple documents open simultaneously
SHIFT+F10 – Display the shortcut menu for the selected item
ALT+F4 – Close the active item, or quit the active program
ALT+ENTER – View properties for the selected item
ALT+SPACEBAR – Opens the shortcut menu for the active window
ALT+TAB – Switch between open items
ALT+ESC – Cycle through items in the order they were opened

Right SHIFT ကို 8 sec လောက် ဖိထား – Switch FilterKeys on and off
SHIFT ကို ၅ ခါနှိပ် – Switch StickyKeys on and off
NUM LOCK 5 sec လောက် ဖိထား – Switch ToggleKeys on and off
Left ALT+left SHIFT+Prt Scr – Switch High Contrast on and off
Left ALT +left SHIFT +NUM LOCK – Switch MouseKeys on and off

Internet Browser တွေအတွက် တစ်ခုလောက်ပြောဦးမယ်နော် ..
မိမိသွားချင်တဲ့ URL ကို ရေးပြီး Ctrl+Enter ကို နှိပ်ပေးလိုက် www. နဲ့ .com ကို အလိုလို ထည့်ပေးပါတယ်။ (ဥပမာ- firefox ရဲ့ Address bar မှာ thantsin လို့ ရေးပြီး Ctrl+Enter ကို နှိပ်လိုက် www.thantsin.comဖြစ်သွားလိမ့်မယ် )

[ Ctrl+ Enter = .com
Shift+Enter = .net
Ctrl+Shift+Enter =.org ]

တော်လောက်ပြီဗျာ .. များသွားမယ် .. Run Command တွေဆီ သွားကြမယ်နော် …

devmgmt.msc = Device Manager
msinfo32 = System Information
msconfig = System Configuration (For Start up)
cleanmgr = Disk Cleanup
ntbackup = Backup or Restore Wizard (Windows Backup Utility)
mmc = Microsoft Management Console
excel = Microsoft Excel (If Installed)
msaccess = Microsoft Access (If Installed)
powerpnt = Microsoft PowerPoint (If Installed)
winword = Microsoft Word (If Installed)
frontpg = Microsoft FrontPage (If Installed)
notepad = Notepad
wordpad = WordPad
calc = Calculator
charmap = Character Map
msmsgs = Windows Messenger
mspaint = Microsoft Paint
pbrush = Microsoft Paint
wmplayer = Windows Media Player
rstrui = System Restore
waol = America Online
control = Opens the Control Panel
control printers = Opens the Printers Dialog
dxdiag = Direct X Diagnostic Tool

CHKDSK ဆိုတာက Microsoft Windows မှာ သုံးတဲ့ Command လေး တစ်ခု
ဖြစ်ပါတယ်။ “chkdsk”

command ကို အသုံးပြုခြင်းအားဖြင့် ကွန်ပျူတာမှာရှိတဲ့ Hard disk နှင့် floppy disk တွေ ရဲ့ error တွေကို

အတတ်နိုင်ဆုံးအထိ ဖြေရှင်းပေးနိုင်ပါတယ်။ “chkdsk” command ဟာဆိုလျင် Unix operation system

မှာသုံးတဲ့ “fsck” ဆိုတဲ့ command နဲ့ အတူတူပါပဲ။


သင့်ရဲ့ ကွန်ပျူတာက NT-based ကို သုံးထားတဲ့ Windows ဖြစ်နေရင် “chkdsk” command က disk

ရဲ့မျက်နှာပြင်မှာ ဖြစ်ပေါ်နေတဲ့ error တွေ၊ bad sector တွေကိုပါ စစ်ပေးနိုင်မှာပါ။ တခါတရံမှာ Hard disk

ထဲက ပျက်စီးသွားတဲ့ Data တွေကို ဖတ်လို့ရနိုင်သေးတယ်ဆိုလျင်တော့ Data တွေကို Recover

လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ အချို့ Physical errors တွေကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။


CHKDSK နဲ့ အလုပ်လုပ်မယ်ဆိုလျင် Command Prompt သို့မဟုတ် Windows Recovery Console

ထဲကနေ သွားပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ CHKDSK command တစ်ခုထဲပဲ အသုံးပြုမယ်ဆိုလျင်တော့

File System တွေကို ဖတ်ရုံသာလျင် ဖတ်ပေးသွားမှာဖြစ်ပြီး၊ အခြား မည်သည့်အလုပ်ကိုမျှ

လုပ်ဆောင်သွားလိမ့်မည် မဟုတ်ပေ။ ဆိုတော့ CHKDSK နဲ့တွဲပြီး အသုံးပြုရမည့် Parameter

တွေရှိပါတယ်။ အဲဒါတွေကို အောက်မှာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ /R parameter ကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။ Command prompt မှာ chkdsk /r လို့

ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ /R parameter ကို သုံးခြင်းအားဖြင့် ပျက်စီးသွားတဲ့ Data တွေကို Hard Disk

ထဲမှာ ရှာပြီးတော့ ပြန်လည် ပြုပြင်ပေးသွားမှာဖြစ်ပါတယ်။ ထိုကဲ့သို့ ပြုပြင်ပေးခြင်းအားဖြင့်

အချို့ပျက်စီးနေသော Windows File တွေဟာ မူလနေရာသို့ ပြန်လည်ရောက်ရှိသွားပြိး ပုံမှန်ပြန်လည်

အလုပ်လုပ်မှာ ဖြစ်ပါတယ်။


/F parameter ကတော့ volume ထဲမှာရှိတဲ့ error တွေကို ပြုပြင်ပေးသွားမှာ ဖြစ်ပါတယ်။ အဲလို

ပြုပြင်ပေးဖို့ရန်အတွက် volume ကို locked ချရပါလိမ့်မယ်။ အဲလို locked ချလို့ မရဘူးဆိုလျင်တော့

ကွန်ပျူတာကို ပိတ်ပြီး နောက်တစ်ကြိမ် အသုံးပြုတဲ့အချိန်မှာ check disk လုပ်ငန်းစဉ်

လုပ်ဆောင်သွားပါလိမ့်မယ်။


/L parameter ကတော့ NTFS မှာပဲ သုံးလို့ရမှာဖြစ်ပြီး လက်ရှိ log file ရဲ့ ပမာဏကို ပြပေးသွားမှာ

ဖြစ်ပါတယ်။ chkdsk ကို သုံးတဲ့အခါ log file တွေ ကျန်ခဲ့ပါတယ်။ Log file ရဲ့ ပမာဏကို

ပြင်ချင်တယ်ဆိုရင်လည်း ပြင်ပေးနိုင်ပါတယ်။


/V parameter ကတော့ disk ထဲမှာရှိတဲ့ file တွေရဲ့ အမည်နှင့် လမ်းကြောင်း အပြည့်အစုံကို

ဖောပြပေးသွားမှာ ဖြစ်ပါတယ်။


/X parameter က လိုအပ်လျင် ပထမဆုံးအနေနဲ့ volume ကို dismount လုပ်ဖို့ရန်

တွန်းအားပေးခြင်းဖြစ်ပါတယ်။

အထက်ပါဖော်ပြခဲ့တာတွေက အသုံးဝင်နိုင်လောက်တဲ့ Parameter တွေပဲ ဖြစ်ပါတယ်။

အခြား parameter အနည်းငယ်လည်း ရှိပါသေးတယ်။ ၎င်းတို့ကို သိချင်တယ် ဆိုလျင်တော့ “chkdsk /?”

ဆိုပြီး command prompt မှာ ရိုက်ထည့် ပေးခြင်းဖြင့် chkdsk command ကို

ကောင်းကောင်းသုံးနိုင်လိမ့်မယ်လို့ ယူဆရင်းနဲ့ပဲ ရပ်နားလိုက်ပါတယ်။

ရေးရင်ကောင်းမလား မရေးရင်ကောင်းမလားနဲ့ စဉ်းစားနေတာ ကြာပါပြီ ။ မရတော့ဘူး ရေးလိုက်ပြီနော် ။ ဗဟုသုတ ရအောင်မျှဝေတယ်လို့ ပဲ သဘောထားပေးပါ။
လေ နည်းနည်း ရှည်ပါဦးမယ် ။ တစ်ချို့ Virus မိမှာ အရမ်းကြောက်ပါတယ် ဒါပေမယ့် မေးကြည့် Virus ဆိုတာဘာလဲ ဆိုရင် ရေရေ ရာရာ မပြောနိုင်ပါဘူး။
Virus ဆိုတာ လွယ်လွယ်ပြောရရင် ( ခက်ခက်လဲ မပြောတတ်ပါ။ ) ပုံမှန် အလုပ်လုပ်နေတဲ့ ကွန်ပြူတာကို ဖိုင်တစ်ခုခု ကြောင့် အနှောင့် အယှက် ဖြစ်စေမယ်ဆိုရင်
အဲဒီဖိုင်ဟာ Virus လို့ ခေါ်နိုင်ပါတယ်။ Window system များ ပျက်စီးပြီး ၊ data များဆုံးရှူံးသည် အထိဖြစ်နိုင်ပါတယ်။ ( ကျနော်လေ့လာမိသလောက်က Virus ကြောင့်
Hardware ပျတ်စီးမှု မရှိတာ နှစ် ၂၀ ကျော်ခဲ့ပါပြီ ။ )
အလွယ်ဆုံးနဲ့ အန္တရာယ် အကင်းဆုံးက စရေးကြရအောင် ….. shutdown virus ကို တွေ့ဖူးနေကြပါ

အရင်ဆုံး Desktop ပေါ်မှာ R-click လုပ်ပြီး New – Shortcut ကို click ပါတယ် ။ New shortcut ဆိုတဲ့ icon နဲ့ အတူ Creat shortcut ဆိုတဲ့ box ပေါ်လာပါတယ်။
Text box နေရာလေးမှာ ဒါလေးကို ရိုက်ထည့်ပေးပါ ။ (space ခြားတာ မှန်ဖို့ လိုပါတယ်။)

shutdown -s -t 60 -c “WARNING a virus has been detected on your computer, emergency shutdown initiated”
(60 ဆိုတာက မိမိ ဘယ်လောက် အချိန် အတွင်းမှာ shutdown ကျသွားစေချင်လဲ ဆိုတဲ့ စက္ကန့် ဖြစ်ပါတယ်။ ” ” ကြားထဲက စာသားကတော့ ကြိုက်တာရေးနိုင်ပါတယ်။ )

Next နှိပ်လိုက်ရင် Select a Tittle for the program ဆိုတဲ့ box ပေါ်ပါတယ်။ နာမည်ကို လည်းကြိုက်တာပေးပါ။ ပြီးရင် finish ပေါ့။

မိမိပေးလိုက်တဲ့ နာမည်နဲ့ ပေါ်လာတဲ့ shortcut လေးကို R-Click လုပ်ပြီး properties နှိပ်ပါတယ်။ Change icon ဆိုတာလေး click ပြီး icon ပြောင်းပေးပါ။

တစ်ခါမှ မမြင်ဘူးတဲ့ icon ဆိုရင်တော့ ဘယ်သူ ဖွင့် ကြည့် ပါ့မလဲ နော်.. ။ ကျနော်ကတော့ JPEG icon လေးပဲ ရွေးလိုက်ပါတယ်။ Desktopn ပေါ်မှာ photo လေးတစ်ခု
အတိုင်းဖြစ်နေပါတယ်။




Run ကြည့် ရအောင်ဗျာ …. ။
D-click ပေးလိုက်တာနဲ့ အောက်မှာ ပြထားတဲ့ အတိုင်းပေါ်လာပါတယ် ။ မသိရင်တော့ တော်တော် လန့်သွားမှာနော် ။ ဘယ်နေရာမှ လည်း နှိပ် လို့ မရဘူး၊ ဘာနဲ့ မှလည်း
ပိတ်လို့မရပါဘူး ။ ဒါဆို ဒီအတိုင်း shutdown ကျသွားတာကို ထိုင်ကြည့်နေမှာလား …..။ ဟဲဟဲ

run လေးကို ခေါ်ပြီး shutdown -a လို့ သတ်မှတ်ချိန် မပြည့် ခင်လေးမှာ ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ။ shutdown virus ပြန်ပိတ်သွား ပါလိမ့်မယ်။

စမ်းကြည့်နိုင်ပါတယ် အန္တရာယ်ကင်းပါတယ်။

နိုင်ငံအနှံ့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် ရွာလုံးကျွတ် ပြောင်းရွှေ့မှုများနှင့် အဆိုးရွားဆုံးဖြစ်နေ


နိုင်ငံအနှံ့ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် ရွာလုံးကျွတ် ပြောင်းရွှေ့မှုများနှင့် အဆိုးရွားဆုံးဖြစ်နေ

မြန်မာနိုင်ငံအနှံ့တွင် ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေပြီး အလယ်ပိုင်း ဒေသများ ဖြစ်ကြသော မန္တလေး၊ မြင်းခြံ၊ အောင်လံ၊ မကွေး၊ မင်းဘူး၊ ညောင်ဦး၊ မုံရွာ၊ ပခုက္ကူ စသည့် ဒေသများတွင် မြစ်ရေကြီးမှုကြောင့် နေရာအနှံ့ ရေကြီးရေလျံမှုများ ဖြစ်ပေါ်ခဲ့ကာ ရွာများပြောင်းရွှေ့၍ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေရကြောင်း သိရသည်။

မန္တလေးမြို့၌ ဧရာဝတီ မြစ်ရေသည် စက်တင်ဘာ ၁၂ ရက်မှ စတင်ကာ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့တို့၏ စိုးရိမ်ရေမှတ်သို့ ကျော်လွန်ရောက်ရှိနေပြီး အနီးဝန်းကျင်ရှိ ကျေးရွာအများအပြားတွင် လူနေအိမ်ခြေများ ရေ၀င်နစ်မြုပ် နေလျက်ရှိသည်။ ဧရာဝတီမြစ်နှင့် ဒုဋ္ဌ၀တီမြစ် ဆုံရာနေရာတွင်ရှိသော တံတားဦး၊ အင်းဝဒေသ တစ်လျှောက်လုံးတွင် မြစ်နှစ်စင်းလုံး မြစ်ရေမြင့်တက် နေမှုကြောင့် စိုက်ပျိုးမြေများ အပါအ၀င် လူနေအိမ်ခြေ များ၌လည်း ရေ၀င်နစ်မြုပ်ကာ ပျက်စီးဆုံးရှုံးမှု များပြားနိုင်ကြောင်း စုံစမ်းသိရှိရသည်။

ထို့ပြင် ဧရာဝတီမြစ်ရေ တိုးသည့်အတွက် တောင်သမန် အင်းတွင်လည်း ရေမျက်နှာပြင် မြင့်တက်ကာ တောင်သမန် ကန်ပတ်လမ်း ရေကျော်ခြင်းနှင့် စစ်ကိုင်း-မန္တလေး ကားလမ်း နေရာအချို့ ရေကျော်ခြင်းများ ဖြစ်ပေါ်လျက် ရှိနေသည်။

ဧရာဝတီမြစ်ရေသည် မန္တလေးမြို့၌ စက်တင်ဘာ ၁၃ ရက်က ယင်းမြို့၏ စိုးရိမ်ရေမှတ် စင်တီမီတာ ၂၃၀ အထက် ကျော်လွန်ကာ ၂၃၁ ဒသမ ၀၄ ပေသို့ ရောက်ရှိခဲ့ပြီး စက်တင် ဘာ ၁၄ ရက်တွင် ၂၃၁ ဒသမ ၂၇ ပေသို့ ဆက်လက် မြင့်တက်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၆ ရက် တွင်မှု စိုးရိမ်ရေမှတ် ၂၂၇ ပေတွင် ရပ်တန့်နေကြောင်း သိရသည်။

ထို့အတူ စစ်ကိုင်းမြို့တွင် စက်တင်ဘာ ၁၃ ရက်၌ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိခဲ့ပြီး စက်တင်ဘာ ၁၆ ရက်တွင် ၁၁၉၂ စင်တီမီတာဖြင့် စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် မြင့်တက်နေကြောင်း သိရသည်။ ဒုဋ္ဌ၀တီ မြစ်ရေသည် မြစ်ငယ်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ် စင်တီမီတာ ၈၇၀ အထက်တွင် ရှိနေပြီး စက်တင်ဘာ ၁၆ ရက်တွင် စင်တီမီတာ ၉၃၀ ရှိကြောင်း သိရသည်။

စက်တင်ဘာ ၁၃ ရက်မှစ၍ ဧရာဝတီမြစ်ရေ မြင့်တက်လာမှုကြောင့် စိုးရိမ်ရေမှတ် ၁၇၀၀ စင်တီမီတာ ရှိသည့် မင်းဘူးမြို့တွင် စက်တင်ဘာ ၁၆ ရက် မွန်းတည့် ၁၂ နာရီက ၁၆၄၆ စင်တီမီတာအထိ ရောက်ရှိလာပြီး မင်းဘူးမြို့ပေါ်နှင့် မင်းဘူးခရိုင်အတွင်း ကျေးရွာ ၁၀ ရွာကျော်သို့ မြစ်ရေများ ၀င်ရောက်ကာ နေအိမ်နှင့် ကျွဲနွားတိရစ္ဆာန်များ ရွှေ့ပြောင်းနေရကြောင်း ဒေသခံများနှင့် သက်ဆိုင်ရာ ဌာနများထံမှ သိရသည်။

မင်းဘူးမြို့ အနိမ့်ပိုင်း ရပ်ကွက်များ ဖြစ်သည့် အမှတ် ၃ နှင့် အမှတ် ၄ ရပ်ကွက် များအတွင်း စက်တင်ဘာ ၁၃ ရက်မှစ၍ မြစ်ရေ ၀င်ရောက်လာကာ စက်တင်ဘာ ၁၆ ရက် နံနက်အထိ ဆက်တိုက်မြင့်တက် လာသောကြောင့် ယင်းနေ့ မွန်းတည့်ပိုင်းအထိ နေအိမ် ၁၇၀ ခန့် ရေ၀င်ရောက် ခံခဲ့ရကာ မိသားစု ၅၀ ခန့် ပြောင်းရွှေ့ခဲ့ရသည်။

ပြောင်းရွှေ့ခဲ့ရသည့် မိသားစုများမှာ မင်းဘူးမြို့ ဓာတ်တော်ကုန်း ဓမ္မာရုံနှင့် မှန်ကင်း ကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသော ဒုက္ခသည် စခန်းများတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

မြစ်ရေမြင့်တက်မှုကြောင့် မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် အတွင်းရှိ ခုံစု၊ ရှားတော၊ ဆည်မုန်း၊ ကျောင်းကုန်း၊ ညောင်ကုန်း ကျေးရွာများနှင့် မင်းဘူး (စကု) မြို့နယ် အတွင်းရှိ ထုံးမကြီး၊ ပေါက်လေးပင်၊ ရွာသစ်ကုန်း၊ ပေါင်းကူး၊ သနပ်ပင်စု၊ နိဗ္ဗာန်ကျွန်းကျေးရွာများမှ နေအိမ်များနှင့် ကျွဲ၊ နွား၊ ၀က် စသည့် တိရစ္ဆာန်များအား ကုန်းမြင့်ပိုင်း နေရာများသို့ ပြောင်းရွှေ့ပေး နေရကြောင်း သိရသည်။

''ကျွန်တော်တို့ရွာက ကမ်းပြိုလို့ ရွှေ့ထားရတဲ့ အိမ်တွေဟာ ပြန်မဆောက်နိုင်ခင် ရေထပ်တက်လာလို့ အိမ်အမိုးနဲ့ ထရံတွေ မျောပါကုန်တာတွေ ရှိခဲ့တယ်။ သစ်လုံးတွေကိုတော့ ဖောင်ဖွဲ့ပြီး သစ်ပင်တွေမှာ ကြိုးနဲ့ဆိုင်းထားရတယ်။ တစ်ရွာလုံး ရေထဲမှာဆိုတော့ ချက်ရေးပြုတ်ရေးနဲ့ နွားစာအတွက် ဒုက္ခပိုကြီးပါတယ်။ ငွေကြေးမရှိသူတွေကတော့ မင်းဘူးမြို့ပေါ် ဆိုင်တွေက အကြွေးယူစား နေရတယ်'' ဟု နိဗ္ဗာန်ကျွန်းကျေးရွာ ဒေသခံတစ်ဦးက ပြောကြားသည်။

ညောင်ဦးမြို့တွင် စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီအချိန် တိုင်းထွာချက်များအရ ၂၁၇၁ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်ရာ မြို့ပေါ်ရပ်ကွက် အချို့ရှိ မြစ်ရေ၀င်ရောက် လျက်ရှိသည့် နေအိမ်များနှင့် ရေလယ်ကျွန်းရွာများ ရေလွတ်ရာသို့ ဆက်လက်ပြောင်းရွှေ့ နေကြရကြောင်း သတင်းရရှိသည်။

''ရေကတက်တုန်း ရှိသေးတယ်။ နွားတွေတော့ အခြေအနေ ဆိုးနေတယ်။ ဒီအတိုင်း တက်နေရင် ရွှေ့မှဖြစ်မယ်။ ရေက ကျွန်တော်တို့ တစ်ရပ်လောက် မြုပ်နေပြီ။ ခြောက်ပေ ခုနစ်ပေလောက် ရှိမယ်။ ရွှေ့ပြန်ရင်လည်း စားဝတ်နေရေးက မိသားစု တကွဲတပြား ဖြစ်ရင် မလွယ်ဘူးဗျ။ ကူညီထောက်ပံ့မှုတွေ ရရင်တော့ ကောင်းတာပေါ့'' ဟု လက်ပန်ခြေပေါ်အုပ်စု၊ အုန်းနဲကျွန်းမှ ဦးရွှေမန်းက ပြောကြားသည်။

ညောင်ဦးမြို့နယ်၊ ဧရာဝတီမြစ် အတွင်းရှိ ကျွန်းရွာများသည် ကျွန်းရေမြုပ်သည့်တိုင် ပြောင်းရွှေ့လိုသည့်ဆန္ဒ နည်းပါးလေ့ ရှိကြောင်း၊ လက်ရှိ အခြေအနေတွင်မူ ရေ၀င်ရောက်မှုသည် ယခင်နှစ်များထက် မြန်ဆန်ကြောင်း ဆယ်လံကျွန်းမှ ရွာသားတစ်ဦးက ဆိုသည်။

မြင်းခြံမြို့နယ် အတွင်းရှိ ကျေးရွာများတွင် စက်တင်ဘာ ၁၂ ရက် ညနေပိုင်းမှစ၍ ဧရာဝတီမြစ်ရေ ရုတ်တရက် တိုးလာခြင်းကြောင့် ဒေသခံများ ရေလွတ်ရာ ဒေသများသို့ ပြောင်းရွှေ့မှုများ ပြုလုပ်နေရသည်ဟု သိရသည်။

''ဧရာဝတီမြစ်ရေ အခုလို မတိုးတာ ခုနစ်နှစ်လောက် ရှိပါပြီ။ ဒီနှစ်တော့ ထင်မထားဘဲ ရုတ်တရက်ရေကြီးမှုနဲ့ ကြုံရတာ။ စာသင်ကျောင်းတွေလည်း ပိတ်ထားရပါတယ်။ ကျွဲ၊ နွားများကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပြီးတော့၊ အချို့လည်း ရွာမှာ ဆက်လက် နေထိုင်ကြပါတယ်။ မိုးလေ၀သ သတင်းမှာတော့ ဧရာဝတီမြစ် အထက်ပိုင်းတွေ ရေတိုးနေဆဲလို့ သိရတဲ့အတွက် ပြောင်းရွှေ့ဖို့ လုပ်နေပါတယ်'' ဟု ဖိုးတုတ်ဖြူကျေးရွာမှ ကိုသိန်းဇော်က ဆိုသည်။

မြင်းခြံမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ဧရာဝတီမြစ်ရေ ရုတ်တရက် တိုးလာခြင်းကြောင့် ကမ်းနီး၊ ကမ်းဝေး ကျေးရွာများဖြစ်ကြသော သဲဖြူဝ၊ ဇီးကုန်း၊ လက်ပံပင်၊ သရက်ကုန်း၊ လေးအိမ်တန်း၊ အနောက်ရွာ၊ ကျီးပင်ရွာ၊ အုတ်ကျင်း၊ ဖိုးတုတ်ဖြူ၊ တလုပ်မြို့၊ ကျားတိုင်း၊ ကုလရွာ၊ စားကြူး အစရှိသော ကျေးရွာများတွင် မြစ်ရေကြီးမှုကြောင့် ရေဘေးဒုက္ခများ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၅ ရက် တိုင်းထွာချက်အရ အောင်လံမြို့ဘက်ရှိ ဧရာဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ်အောက် ခြောက်ပေခန့် မြင့်တက်နေပြီး ကမ်းနားအနိမ့်ပိုင်းရှိ ဈေးဆိုင်အများစု ရေနစ်မြုပ်နေကြောင်း သိရသည်။ မြစ်ရေ စိုးရိမ်ရေမှတ်မှာ ၂၅၅၀ စင်တီမီတာ ဖြစ်ပြီး ယခု ၂၄၀၀ စင်တီမီတာအထိ ရေတက်နေကြောင်း ရေလမ်းထိန်းသိမ်းရေးနှင့် ရေအရင်းအမြစ် ဌာနမှ သိရသည်။ သမားရိုးကျအရ ရေကျနိုင်ဖွယ် ရှိသော်လည်း မိုးရွာသွန်း မှုများပါက ဆက်လက်၍ မြစ်ရေ မြင့်တက်နိုင်ကြောင်း အဆိုပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ပခုက္ကူမြို့ ဧရာဝတီမြစ် ကမ်းဘေးရှိ ကျေးရွာပေါင်း ၃၀ ခန့်နှင့် မြို့ပေါ်ရပ်ကွက် အချို့တွင် မြစ်ရေဆက်လက် မြင့်တက်နေသည့် အတွက် ရေကြီးရေနစ်မြုပ်မှုများ ဖြစ်ပေါ်ကာ အိမ်ထောင်စု အများအပြား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရကြောင်း သိရသည်။

မြို့ပေါ်ရှိ မြေအနိမ့်ပိုင်းဖြစ်သည့် အမှတ် (၁) ရပ်ကွက်တွင် မြစ်ရေ၀င်ရောက်မှုကြောင့် ယခုလ ၁၄ ရက်မှစ၍ အိမ်ထောင်စုပေါင်း ၃၀ ခန့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေရပြီး မြစ်ကမ်းဘေးရှိ အနောက်ဆယ်လံ၊ ရှားပင် ကျေးရွာများတွင်လည်း မြစ်ရေကြီးမှုကြောင့် နွားအကောင် ၃၀၀ ကျော်အား သက်ဆိုင်ရာ အကူအညီဖြင့် ရွှေ့ပြောင်းခဲ့ရသည်။

ပခုက္ကူမြို့ အနောက်ဘက်ရှိ ကြက်တန်းကုန်း၊ ကျွန်းဦး၊ ကျွန်းညိုကြီး၊ သိမ်ကုန်း၊ မြင်းကျွန်း၊ ရှားတော၊ ထနောင်းကုန်းများနှင့် မြို့အရှေ့ဘက်ရှိ အေးကျွန်း၊ ရွှေချောင်းကျွန်း၊ ကွမ်းကျေးရွာ များတွင်လည်း ကျေးရွာအတွင်း မြစ်ရေ၀င်ရောက် မှုကြောင့် သက်ကြီးရွယ်အိုများ၊ အသုံးအဆောင် ပစ္စည်းများ၊ ကျွဲ၊ နွားနှင့် အခြား အိမ်မွေး တိရစ္ဆာန်များအား ရေလွတ်ရာ ကုန်းမြင့်များဆီသို့ ရွှေ့ပြောင်းနေရကြောင်း ဒေသခံကျေးရွာ သားများထံမှ သိရသည်။

''ရွာထဲရေ၀င်တာ တအားများလာလို့ အသက်ကြီးတဲ့ သူတွေနဲ့ အသုံးအဆောင် ပစ္စည်းတွေကို ရေလွတ်တဲ့ မြေအမြင့်ဆီ ရွှေ့ထားတယ်။ အတော်များများက နီးစပ်ရာ ဘုန်းကြီးကျောင်းတွေကို ပြောင်းနေကြတယ်။ တချို့ မိသားစုတွေကျလည်း နွားတွေကို ရွှေ့ပြောင်းရင်း တစ်ခါတည်း ပြောင်းသွားကြတယ်။ ရွာထဲမှာ လူငယ်တွေလောက်ပဲ ကျန်တယ်။ ရေထပ်များလာရင် ရွှေ့ပြောင်းတာတွေ ဒီထက်ပို များလာနိုင်တယ်'' ဟု ရေကြီးမှုနှင့် ကြုံတွေ့နေရသည့် ကျွန်းဦးကျေးရွာမှ ကိုဖိုးကျော်က ဆိုသည်။

ပခုက္ကူမြို့အနီး ဧရာဝတီမြစ်ရေသည် စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်း တိုင်းထွာချက်များအရ စိုးရိမ်ရေမှတ် ၂၁၅၀ စင် တီမီတာသို့ ရောက်ရှိရန် ၁၀ စင်တီမီတာခန့်သာ လိုတော့ကြောင်း သိရပြီး ၂၀၀၄ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်များတွင် စိုးရိမ်ရေမှတ် အထက်သို့ ရောက်ရှိခဲ့သည့် အတွက် ရေကြီးရေနစ်မြုပ်မှုများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။

ဧရာဝတီမြစ်သည် ပြီးခဲ့သည့် မိုးဦးကာလနှင့် မိုးလယ်ကာလတို့တွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပွားခြင်း မရှိခဲ့ဘဲ ယခုမိုးနှောင်း ကာလမှသာ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသနှင့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် စပါးစိုက်ပျိုးခြင်းများ ပြုလုပ်လျက်ပြီး ရေကြီးရေလျှံ မှုကြောင့် စပါးခင်း အများအပြား ပျက်စီးခဲ့ရသည်။

From - Eleven

ကော့သောင်းထောင်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်အပေါ် အစိုးရ သတင်းစာများနှင့် ပုဂ္ဂလိက သတင်းစာ အချို့တွင် ဖော်ပြထားမှု ဖြစ်စဉ်အမှန်နှင့် ကွဲလွဲမှုရှိနေ

ကော့သောင်းထောင်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်အပေါ် အစိုးရ သတင်းစာများနှင့် ပုဂ္ဂလိက သတင်းစာ အချို့တွင် ဖော်ပြထားမှု ဖြစ်စဉ်အမှန်နှင့် ကွဲလွဲမှုရှိနေ

ကော့သောင်းထောင်တွင်း ဖြစ်စဉ်အပေါ် အစိုးရ သတင်းစာများနှင့် ပုဂ္ဂလိက သတင်းစာ အချို့တွင် ဖော်ပြထားမှုသည် ဖြစ်စဉ်အမှန်နှင့် ကွဲလွဲမှု ရှိနေကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စက်တင်ဘာ ၁၅ ရက်ထုတ် အစိုးရ သတင်းစာများတွင် ထောင်ဖောက် ထွက်ပြေးရန် ကြိုးပမ်းမှုအား အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သတင်းဖော်ပြခဲ့သည်။ အဆိုပါ သတင်းတွင် ခိုက်ရန်ဖြစ်ပွားမှုဖြင့် ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လစီ ကျခံနေရသော ညီအစ်ကိုနှစ်ဦးနှင့် အကျဉ်းသား တစ်ဦးတို့ စကားများ ရန်ဖြစ်ရာမှ အစပြုကာ အကျဉ်းထောင် အမျိုးသားနှစ်ထပ် အိပ်ဆောင် (၁) အပေါ်ထပ်ရှိ အခန်း (၄) တွင် ရုန်းရင်းဆန်ခတ်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းသို့ ဖြစ်နေသည်ကို အခွင့်ကောင်းယူ၍ အိပ်ဆောင် (၁) အခန်း (၃) နှင့် (၄)တို့ရှိ အကျဉ်းသားများက ဆူပူအောင် ဖန်တီးခဲ့ကြကြောင်း၊ တာဝန်ရှိသူများက ဥပဒေနှင့်အညီ နေထိုင်ကြရန်၊ ဆူပူမှု မပြုလုပ်ကြရန် လက်ကိုင် အသံချဲ့စက်ဖြင့် ထိန်းသိမ်းနေစဉ် အကျဉ်းသား အချို့က ခေါင်မိုး (အမိုးသွပ်) အား ဖောက်ထွက်ခြင်း၊ အိပ်ဆောင် တံခါးများကို ဖျက်ဆီးခြင်း၊ အိပ်ဆောင်(၁) အပေါ်ထပ်ရှိ ကော်ရစ်တာ အိပ်ဆောင်(၂) အောက်ထပ်ရှိ ကော်ရစ်တာတို့အား မီးရှို့ခြင်း၊ လျှပ်စစ်လိုင်းများအား ခဲဖြင့်ပစ်ခွဲခြင်းတို့ကို ပြုလုပ်ခဲ့ပြီး အိပ်ဆောင်အတွင်းမှ ဖောက်ထွက်၍ အကျဉ်းထောင် ဆူပူမှုကို အရှိန်မြှင့်ကာ ထောင်ဖောက်ရန် ကြိုးစားခဲ့ကြောင်း ရေးသားခဲ့သည်။ ထို့ပြင် ပုဂ္ဂလိက သတင်းစာ အချို့၌လည်း ထောင်ဖောက်ပြေးခြင်း၊ ထောင်ဆူ၍ ဖျက်ဆီးမီးရှို့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ရေးသားဖော်ပြ ခဲ့ကြသည်။

သို့သော် ဖြစ်စဉ်မှန်မှာ စက်တင်ဘာ ၁၃ ရက်ညပိုင်းတွင် ကော့သောင်း အကျဉ်းထောင်အတွင်း အကျဉ်းကျနေသူများက ညှဉ်းပန်း နှိပ်စက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများအား မကျေနပ်၍ အကျဉ်းကျနေသော အခန်းတွင်းမှ ဆူပူအုံကြွခဲ့သဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက အကျဉ်းထောင် မီးများကို ဖြတ်တောက်ကာ ခြောက်လှန့်ပစ်ခတ်ရာမှ တစ်ဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်မှုအပေါ် မကျေနပ်သဖြင့် စက်တင်ဘာ ၁၅ ရက်တွင် ကော့သောင်း အကျဉ်းထောင်များမှ အကျဉ်းသားများ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ စက်တင်ဘာ ၁၅ ရက် နံနက် ၈ နာရီ ၁၅ မိနစ် မှစ၍ အကျဉ်းသားများက ''အကျဉ်းထောင်ပိုင် လူသတ်သမားကို ထိရောက်စွာ အရေးယူပေးပါ။ ထိရောက်စွာ အရေးပေးနိုင်ရေး ဒို့အရေး၊ အကျဉ်းထောင်အတွင်း ဖြစ်စဉ်များနှင့် ပတ်သက်၍ သတင်းအမှားများ ဖော်ပြခဲ့သည့်အတွက် သတင်းမီဒီယာများ ခေါ်ယူ၍ တွေ့ဆုံပေးရေး ဒို့အရေး'' ဟူ၍ ငြိမ်သက်စွာ ထိုင်၍ တောင်းဆိုမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

စက်တင်ဘာ ၁၆ ရက်တွင် တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ထောင်ပိုင်အား ခေါ်ဆောင်သွားခဲ့ပြီး အကျဉ်းသားများ၏ မိဘ၊ ဆွေမျိုးများကို ထောင်ဝင်စာ တွေ့ခွင့်ပေးရန် ဆောင်ရွက်နေကြောင်း သိရသည်။

''၁၉၉၀ ခုနှစ်က ကျွန်တော် ပထမအကြိမ် ထောင်ကျခဲ့ပါတယ်။ အဲဒီထဲမှာ ကျွန်တော်တို့ စာမဖတ်ရဘူး။ ထမင်းကိုလည်း ပုံစံနဲ့ကျွေးတယ်။ ဒါကြောင့် ကျွန်တော်တို့က ထမင်းအ၀ကျွေးဖို့၊ စာဖတ်ခွင့်ပေးဖို့ တောင်းဆိုတယ်။ စက်တင်ဘာ ၂၅ ရက်မှာ ထောင်တစ်ခုလုံးမှာ 'စာဥရေ ငါအရောက် ပြန်ခဲ့မယ်' ဆိုတဲ့ သီချင်းတွေကို အကျယ်ကြီးဖွင့်ပြီး အခန်းတွေထဲကို ၀င်ရိုက်တယ်။ တချို့ ခြေကျင်းတွေ ၀တ်ခိုင်းပြီးမှ ခေါင်းစွပ်တွေ စွပ်ထားပြီး ရိုက်တာပါ။ သတိလစ်သွားတဲ့ သူတွေကို ထောင်ဆရာဝန် ဒေါက်တာစိုးကြည်က နားကြပ်နဲ့ထောက်ပြီး စမ်းသပ်တယ်။ ပြီးရင်သူက ဆက်ရိုက်လို့ရတယ်။ သူတာဝန် ယူတယ်လို့တောင် ပြောခဲ့တာပါ။ ကိုဘိုလူးဆိုတဲ့ ကြိုးကျထားတဲ့ တစ်ယောက်ဆိုရင် ခေါင်းကို ရိုက်တာကြောင့် ဦးနှောက်ထဲမှာ ဒဏ်ရာဖြစ်ပြီး အခုအချိန်အထိ ဆေးသောက်နေရပါတယ်'' ဟု နိုင်ငံရေး အကျဉ်းသားဟောင်း ကိုအောင်ဇေယျက ဆိုသည်။

''ထောင်ထဲမှာ အကျဉ်းသားတွေကို ရိုက်နှက်ခြင်းဆိုတာ လူ့အခွင့်အရေးကို ဆန့်ကျင်ပါတယ်။ အကျဉ်းထောင် လက်စွဲဥပဒေမှာ ကြိမ်ဒဏ် မရှိတော့ပါဘူး။ ထောင်ထဲမှာ ဥပဒေ ချိုးဖောက်ရင်တောင်မှ ပြစ်ဒဏ်ပေးတဲ့အခါ ရိုက်တာမပါဘူး။ ရိုက်ခဲ့ရင် လူ့အခွင့်အရေးကို ချိုးဖောက်တာပါ။ အဓိကရုဏ်းဖြစ်တာ ဆိုရင်တော့ တစ်မျိုးပေါ့။ ဒါကြောင့် ထောင်ဝန်ထမ်းတွေကြောင့် အကျဉ်းသားကို ရိုက်မယ်ဆိုရင် အဲဒါဥပဒေကို ချိုးဖောက်တာပါ'' ဟု နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့မှ ကိုမြင့်အောင်က ပြောကြားသည်။

တနင်္သာရီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး၊ ရဲမှူးကြီး ကြည်လင်းက ''ကော့သောင်း အကျဉ်းထောင်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ရဲတပ်ဖွဲ့အနေနဲ့ လုံခြုံရေးကိုပဲ အဓိက ဆောင်ရွက်ပေးနေရတယ်။ အခုလက်ရှိမှာ ဒါနဲ့ပတ်သက်ပြီးတော့ စုံခုံဖွဲ့ပြီးတော့ စစ်ဆေးနေတယ်လို့ သိရပါ တယ်'' ဟု စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက ပြောကြားသည်။

''ဒီဖြစ်စဉ်ကိုတော့ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့က အဓိက ကိုင်တွယ်ပြီးတော့ စစ်ဆေးနေတယ်။ အခုချိန်အထိ အကျဉ်းဦးစီး ဌာနကိုတော့ ဘာအချက်အလက်မှ တရားဝင် တက်လာခြင်း မရှိသေးဘူး။ လိုအပ်တာတွေကိုတော့ အစိုးရအဖွဲ့ အနေနဲ့ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်'' ဟု နေပြည်တော် အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက ပြောကြားသည်။

အလားတူ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံးမှ အတွင်းရေးမှူး ဦးတင်သိန်းက ''ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဘယ်ကစပြီးတော့ ဖြစ်ပွားခဲ့တယ် ဆိုတာကို အသေးစိတ် စစ်ဆေးနေတယ်။ သေနတ်နဲ့ ပစ်ပြီးတော့ မထိန်းခဲ့ဘူးဆိုရင် ထောင်ပွင့်သွားနိုင်တယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့တာ ဟုတ်မဟုတ် ဆိုတာကို စစ်ဆေးနေတယ်။ စစ်ဆေးချက် ထွက်လာရင်တော့ ဥပဒေနဲ့ မညီဘူးဆိုရင် သက်ဆိုင်ရာ ၀န်ထမ်းကို ဥပဒေအရ ထိရောက်စွာ အရေးယူ သွားပါမယ်'' ဟု စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက ပြောကြားခဲ့သည်။

ကော့သောင်း အကျဉ်းထောင် ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်မြေသတင်းထောက်မှ စက်တင်ဘာ ၁၅ ရက်တွင် သက်ဆိုင်ရာ တာဝန်ရှိသူများအား ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ အကျဉ်းထောင်တွင် စစ်ဆေးဆောင်ရွက် နေသဖြင့် ဆက်သွယ်၍ မရခဲ့ကြောင်း သိရသည်။ ထို့ပြင် စက်တင်ဘာ ၁၆ ရက်တွင်လည်း ထပ်မံဆက်သွယ်ခဲ့ရာ ခရိုင်တာဝန် ရှိသူများ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် နယ်ခြားကိစ္စ ဆောင်ရွက်ရန် ထွက်ခွာသွားကြကြောင်း သိရသည်။

From - Eleven

ခလရ (၁၃၇) မှ အရာရှိ၏ဖြစ်ရပ်မှန် ..

ခလရ (၁၃၇) မှ အရာရှိ၏ဖြစ်ရပ်မှန် ..

ယခုအပတ်တွင် KIA မှ စစ်တပ်မှ အရာရှိတစ်ဦးနှင့် ရဲဘော် (၂) ဦးကို ရက်ရက်စက်စက် ခေါင်းဖြတ် သတ်မှု သတင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေ တွေ့နေရပါတယ်။ အမှန်တကယ်ဖြစ်ပွားမှုမှာ ခလရ(၁၃၇) က ဗိုလ်ဇော်မျိုးထက်အပါအ၀င် (၁၂) ဦးက တောင်တက်အဖွဲ့ကို လုံခြုံရေး လိုက်ပေးရင်း KIA က မလွမ်ဒိန်စာရွာ အနီး မှာ တိုက်ပွဲဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။ စစ်တပ်ဘက်က (၂)ယောက်သေပြီး (၁)ယောက်ထိခိုက် ကာ KIA ဘက်က (၁) ယောက်သေပါတယ်။ တောင်တက်အဖွဲ့အား အင်ခဂါးရွာသို့ ဆက်လက်ပို့ဆောင်စဉ် KIA မှ အင်အား (၃၀)ကျော် နှင့် စစ်တပ်လုံခြုံရေးအဖွဲ့ဝင်များအား ခြုံခိုတိုက်ပွဲ ထပ်မံဖြစ် ပွားခဲ့ပြီး အင်အားခြင်းမမျှတတာကြောင့် စစ်တပ်က ပြန်ဆုပ်တဲ့အချိန်မှာ ဗိုလ်ဇော်မျိုးထက် မပါလာကြောင်း သူ့အဖွဲ့က သိရှိရပါတယ်။

ခလရ(၁၃၈)မှ အဖွဲ့က ဗိုလ်ဇော်မျိုးထက်ကို ထပ်မံရှာဖွေခဲ့ရာ ဒီလ (၅) ရက်နေ့မှာ အင်ဒဂါးရွာအနီးတွင် ဦးခေါင်းပြတ်ပြီး မြေမြှုပ်ထားကြောင်း ရွာသားများ၏ ပြောဆိုမှုအရ အလောင်းအားရှာဖွေတွေ့ရှိခဲ့ရပါတယ်။
မျက်မြင် တွေ့ရှိခဲ့ရတဲ့ ရွာသားတွေရဲ့ပြောဆိုချက်အရ စစ်တပ်က အရာရှိကို KIA က ဖမ်းလာခဲ့ပြီး ရွာအနောက်ဘက် တောအုပ်မှာ ခေါင်းဖြတ်သတ် ခဲ့တာပါ။ ခေါင်းဖြတ်သတ်တာ အရင်တုန်းက KIA တွေတစ်ခါမှ မလုပ်ခဲ့ပါဘူး။ ဖြတ်တဲ့ လူပုံကလဲ ကုလားနဲ့ဆင်ပြီး ကချင်လူမျိုးမဖြစ်နိုင်ပါဘူး။ ကုလားတွေ KIA ထဲရောက်လာလို့ ခုလိုဖြစ်ရတာ၊ အစိုးရ တပ်ကပဲ တောင်တက်အဖွဲ့ကို လုံခြုံရေးလိုက်ပေးရင်းနဲ့ ခုလိုတိုက်ပွဲဖြစ်သွားတာပါ။ ငြိမ်းချမ်းရေးလုပ်နေစဉ် အတောအတွင်းမှာ ခုလို KIA က စစ်ပွဲမှာဖမ်းမိတဲ့ အရာရှိကို ခုလို ရက်ရက် စက်စက်သတ်ဖြတ်တာကတော့ မကောင်းဘူးပေါ့ဗျာ။ ငါတို့ အားလုံးလည်း ငြိမ်းချမ်းရေးလိုချင်ပါတယ်။ ဒါပေမဲ့ KIA ကအခုလို ရန်သူကို လူမဆန် သလို လုပ်တာတော့ ငါတို့လည်း မကြိုက်ဘူး ဟု အင်ခဂါးရွာသားတစ်ဦးက ပြောပြခဲ့ပါတယ်။

ပျံ့နှံ့နေတဲ့သတင်းတွေက အရာရှိကို ခေါင်းဖြတ်နှိပ်စက်တာကို သူ့ရဲဘော်တွေကိုကြည့်ခိုင်းပြီးမှ ကျန်တဲ့ ရဲဘော်တွေကို နောက်မှ ခေါင်းဖြတ်သတ်မယ်ဆိုပြီး သတင်းတွေ အမျိုးမျိုးပျံ့နှံ့နေပါတယ်။ ဒါပေမဲ့ အရာရှိ ကိုသာ ခေါင်းဖြတ်သတ်ခဲ့တာဖြစ်ပြီး ကျန်တဲ့ရဲဘော် (၂)ဦးက တိုက်ပွဲမှာသေတာဖြစ်ပါတယ်။ ဒီလိုမျိုးဖမ်း မိတဲ့ ရန်သူကို ရက်စက်စွာ သတ်ဖြတ်မှုကို ကျွန်တော်တို့တွေလည်းလက်မခံသလို ဘယ်သူမှ လည်းလက် မခံနိုင်ပါဘူး။ ငြိမ်းချမ်းရေး လုပ်ဆောင်နေတဲ့အချိန်မှာ ဖြစ်တာကြောင့်မို့ ပိုဆိုးဝါးပေမဲ့ အစိုးရဘက်က သဘောထားကြီးစွာထားပြီး လုပ်ဆောင် သင့်ပါတယ်။ ပျံ့နှံ့နေတဲ့သတင်းတွေကို သေချာ လေ့လာပြီးမှ ယုံကြည်ကြပြီး အဖြစ်မှန်ကိုသိရှိဖို့ ဖော်ပြလိုက်ရ ပါတယ်။

အင်နော်သား

Kachin Daily News

မိသားစုလုံခြုံရေးကို အာမခံမည်ဆိုလျှင် ဒီပဲရင်း အရေးအခင်းနှင့်ပတ်သတ်သမျှ အားလုံးဖွင့်ချမည်ဟု အငြိမ်းစာဗိုလ်ချုပ်ကြီးခင်ညွန့်ပြောကြား

မိသားစုလုံခြုံရေးကို အာမခံမည်ဆိုလျှင် ဒီပဲရင်း အရေးအခင်းနှင့်ပတ်သတ်သမျှ အားလုံးဖွင့်ချမည်ဟု အငြိမ်းစာဗိုလ်ချုပ်ကြီးခင်ညွန့်ပြောကြား

မိသားစု လုံခြုံရေးကို အာမခံမည်ဆိုလျှင် ဒီပဲရင်း အရေးအခင်းနှင့်ပတ်သတ်သမျှ အားလုံးဖွင့်ချမည်ဟု အနောက်နိုင်ငံသံရုံးကိုယ်စားလှယ် တစ်ဦးနှင့် လျှို့ဝှက်တွေ့စုံ စဉ် အငြိမ်းစာဗိုလ်ချုပ်ကြီးခင်ညွန့်မှပြောကြား ခဲ့ခြင်းဖြစ်သည် ၊

စစ်တပ်မှ ဖိအားပေး အနားယူခိုင်းခံခဲ့ရသော အငြိမ်းစားအရာရှိများလည်း သူ့နည်းတူ တိုင်းပြည်သို့ ဝန်ခံဖွင့်ချမည့်သူ အများအပြားရှိကြောင်းလည်း ပြောကြားသွားသည်ဟု သိရပါသည် ၊

" အားလုံးက ပြောချင်နေကြပြီလေ ၊ အဲဒီအချိန်တုန်းကတော့ အထက်အမိန့်အရ လုပ်ခဲ့ကြတာလေ ၊ မှားတယ်မှန်တယ် လုပ်သင့်တယ် မလုပ်သင့်ဘူး ပြန်ဝေဖန်ပိုင်ခွင့်မှ မရှိတာ ၊ ခိုင်းတာလည်းလုပ်ပြီးရော အဲဒါက ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်ခဲ့သလိုလို နဲ့ အပြင်ကို

ကောလဟာလလွှင့်တာခံရတယ် ၊ အဲဒါတွေက နောက်ကျောဓါးနဲ့ထိုးလိုက်တာပဲ ၊ ကိုယ့်ကို သမိုင်းတရားခံဖြစ်အောင် ထိုးကျွေးလိုက်တာ ၊ ဒါ ဘယ်သူကမှ မခံနိုင်ဘူးလေ ၊ ကိုယ့်သားစဉ်မြေးဆက်အပေါ် မဟုတ်တဲ့ အမည်းစက်ကြီးဖြစ်နေမှာလေ ၊ အားလုံး

ဖွင့်ချချင်နေကြတယ် ၊ တစ်ခုပဲရှိတယ် ၊ မိသားစုရဲ့ လုံခြုံရေးကို တိတိကျကျ အာမခံချက်ပေးရမယ် ၊ "

မည်သည့်စိုးရိမ်မှုများကြောင့် မိသားစုလုံခြုံရေးကို အာမခံချက်တောင်းရတာလဲ ဟု သ့ရုံးကိုယ်စားလှယ်မှမေးရာ ၅လောင်းပြိုင်လူသတ်မှု အမှုမှန်မပေါ်မခြင်း အရင်အာဏာရှင်များ၏ နောက်ကွယ်မှ ကြိုးကိုင်မှုများရှိနေသည်ကို အထင်အရှားသိနိုင်ကြောင်း ၊ အချိန်မရွေး

အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်မှ ပြန်ဖြေခဲ့သည်ဟု သိရပါသည် ၊

သံရုံးကိုယ်စားလှယ်မှ တဆက်တည်းဖြေလို့ရလျှင် မေးစရာတစ်ခုရှိကြောင်း ၊ ဖြေလို့ရလျှင်ဖြေပေးစေလိုကြောင်း ပြောကြားခဲ့ရာ ဗိုလ်ချုပ်ခင်ညွှန့်မှ သဘောတူသဖြင့် အတွင်းရေးမှူး(၂) ဗိုလ်ချုပ်တင်ဦး ရဟတ်ယာဉ်ပျက်ကျခြင်းသည် ဗိုလ်ချုပ်ကြီးခင်ညွန့်၏ ပယောဂပါ

မပါ သိလိုကြောင်းမေးကြားခဲ့သည် ၊

" အဲဒါကိုလည်း ဖြေချင်နေတာပါ ၊ ကိုယ့် ပယောဂ မပါပါဘူး ၊ လုံးဝကို မပါတာပါ ၊ ကိုယ်တို့ ဟာ လုပ်ဖော်ကိုင်ဖက်တွေပါ ၊ တခါတခါ သဘောထားတိုက်ဆိုင်တာရှိသလို ထိပ်တိုက်ပြောရတာလေးတွေလည်းရှိတာပေါ့ ၊ အခုဟာက အပြင်မှာ ဒီကိစ္စနဲ့ပတ်သတ်လာရင်

ကိုယ်က တရားခံလိုလို ဘာလိုလို ဖြစ်နေတယ် ၊ ဒါလုံးဝမဟုတ်ပါဘူး ၊ ဒါဘယ်သူလုပ်တယ်ဆိုတာ ကိုယ်သိတယ် ၊ အချိန်တန်ရင် ကိုယ်ဖွင့်ပြောမှာပါ ၊ ကိုယ်မသေခင် တာဝန်ကျေသွားချင်တယ် "

တွေ့ဆုံမှုအစီအစဉ်ကို ပြည်ပရောက် ဗိုလ်မှူးအောင်လင်းထွဋ်မှ စီစဉ်ပေးခဲ့ကြောင်း သိရသည် ၊


Credit @ Hawdeka Khalaylay
Copied @ Hlaing Bwa

Valentime day live wapper

Android phone တွေမှာ Live Wallpaper
အလန်းလေးထားချင်သူတွေအတွက်
Vanletines Day live wallpaper လေးပါ ......

http://www.solidfiles.com/d/1131a8d0c1/

block list application

Android phone သမားတွေအတွက် မိမိတို့ရဲ့ဖုန်းတွေမှာ
ကိုယ်ဆီကိုမ၀င်စေချင်တဲ့ ဖုန်းနံတွေကို block list ထဲမှာထည့်သိမ်းထားလို့
ရပါတယ် ...ကိုယ်ဆီမှာ ဖုန်ဝင်လာတာကိုသိရပေမယ့် သူ့ဆီမှာဖုန်းမအားသေးဘူးဆိုပြီးပြနေမှာပါ အဆင်ပြေတယ်ဆိုရင်တော့
ဒေါင်းလော့ဆွဲလိုက်ပါခင်ဗျား ...........

http://www.solidfiles.com/d/57c609b5d2/

Excel စာအုပ်

မင်္ဂလာပါ .....
Office ပိုင်းဆိုင်ရာနဲ့ပတ်သက်လို့
စာရင်းဇယားပိုင်းတွေလုပ်ဆောင်နေတဲ့လူတွေအတွက်
အထူးသင့်တော်ပါတယ် ...microsoft excel 2007 
မြန်မာလိုစာအုပ်လေးကို ကျွန်တော်တင်ပေးလိုက်ပါတယ်...
စာအုပ်ကနှစ်အုပ်ဖြစ်တဲ့အတွက် အပိုင်းနှစ်ပိုင်းတင်ထားပါတယ်...
လေ့လာချင်တယ်ဆိုရင် အောက်ကလင့်တွေကနေဒေါင်းသွားပါနော် ....

http://www.solidfiles.com/d/4eaa371f4e/

http://www.solidfiles.com/d/b94cb5d7f1/

မိသားစုဓါတ်ပုံတွေ ၊ အမှတ်တရဓါတ်ပုံတွေကို နောက်ခံသီချင်းလေးတွေနဲ့ slide show ပုံစံလေးတွေဖန်တီးပြီးဗီဒီယိုဖိုင်လေးတွေ လုပ်ချင်တဲ့သူတွေ အတွက်

မင်္ဂလာပါခင်ဗျား .......
မိသားစုဓါတ်ပုံတွေ ၊ အမှတ်တရဓါတ်ပုံတွေကို နောက်ခံသီချင်းလေးတွေနဲ့
slide show ပုံစံလေးတွေဖန်တီးပြီးဗီဒီယိုဖိုင်လေးတွေ လုပ်ချင်တဲ့သူတွေ အတွက် လွယ်လွယ်ကူကူလေးနဲ့ လုပ်ဆောင်လို့ရတဲ့ PP Gold slideshow
လေးကိုတင်ပေးလိုက်ပါတယ် ...full version ဖြစ်အောင် notepad လေးနဲ့ serial key လေးကိုထည့်ပေးထားပါတယ် .....
အားလုံးအဆင်ပြေပါစေလို့ ဆုတောင်ပါတယ် ......

download link - https://app.box.com/s/ouquue8l2z5n4xc5pxkm

ယနေ့ကာတွန်း

From - The Voice Weekly

ရန်ကုန်တွင် စင်င်္ကာပူကုမ္ပဏီ လျှပ်စစ်ထုတ်လုပ် ရောင်းချမည်

ရန်ကုန်တွင် စင်င်္ကာပူကုမ္ပဏီ လျှပ်စစ်ထုတ်လုပ် ရောင်းချမည်

ရန်ကုန်၊ စက်တင်ဘာ ၁၄

စင်ကာပူနိုင်ငံအခြေစိုက် UPP Power ကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ရွာမ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ဝင်းအတွင်းတွင် အကောင်အထည် ဖော်နေသော သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချခွင့်ကို စက်တင်ဘာလ ၁၁ ရက်နေ့က ရရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။

အဆိုပါ ဓာတ်အားပေး စက်ရုံစီမံကိန်းမှ လျှပ်စစ်ဓာတ်အား စီးပွားဖြစ် ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းများကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် စတင်ပြုလုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း အဆိုပါ ကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

စင်ကာပူအခြေစိုက် UPP Holdings နှင့် UPP Greentech တို့ ပူးပေါင်း ရင်းနှီးမြှုပ်နှံထားသော UPP Power (Myanmar) သည် ရွာမလျှပ်စစ် ဓာတ်အားပေး စက်ရုံဝင်း အတွင်းတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

UPP Holdings ကုမ္ပဏီသည် အဆိုပါ လျှပ်စစ် ဓာတ်အားပေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက ရွာမဓာတ်အားပေး စက်ရုံတွင် ၅၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံကို BOT စနစ်ဖြင့် တည်ဆောက် လုပ်ကိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးပြီး စတင်လုပ်ကိုင်ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန်ထားသည်။

BOT စနစ်ဖြင့် နှစ် ၃၀ ကြာ လုပ်ကိုင်ခွင့် ရရှိထားသော အဆိုပါ လျှပ်စစ် ဓာတ်အားပေး စက်ရုံသစ် စီမံကိန်းကို UPP Holdings ကုမ္ပဏီနှင့် မြန်ရွှေပြည် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သည်။

From - The Voice Weekly

ဟုမ္မလင်းရဲစခန်းတွင် အချုပ်ခန်းအင်္ဂါ ညီညွတ်စေရန် အပါအဝင် အချုပ်သားများ တောင်းဆိုချက် နှစ်ရက်အတွင်းပြေလည်

ဟုမ္မလင်းရဲစခန်းတွင် အချုပ်ခန်းအင်္ဂါ ညီညွတ်စေရန် အပါအဝင် အချုပ်သားများ တောင်းဆိုချက် နှစ်ရက်အတွင်းပြေလည်

မန္တလေး၊ စက်တင်ဘာ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ရဲစခန်းတွင် အချုပ်သားများက စက်တင်ဘာလ ၁၁ ရက်နေ့တွင် အချက် ၁၀ ချက်ပါ တောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ တောင်းဆိုချက်များကို စက်တင်ဘာလ ၁၃ ရက်နေ့တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည့် အတွက် နှစ်ရက်အတွင်း ပြေလည်မှုများ ရရှိခဲ့ကြောင်း ဟုမ္မလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

“အချုပ်သားတွေ တောင်းဆိုတဲ့ အချက် ၁၀ ချက်ထဲက အချက်အားလုံးနီးပါး ပြေလည်ခဲ့ပါတယ်” ဟု ဟုမ္မလင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ညီက The Voice သို့ အတည်ပြု ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့ အချုပ်ခန်းအတွင်း ထိန်းသိမ်းထားခံရသော အချုပ်သားများက စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက အချုပ်ခန်းထဲမှနေ၍ တောင်းဆိုမှုအချို့ ပြုလုပ်ခဲ့ကြောင်း၊ ယင်းတို့ တောင်းဆိုရာတွင် အချုပ်ခန်းများ ပြင်ဆင်ပေးရန်၊ အချုပ်သား တရားခံများ၏ အမှုများအား မှန်မှန်ကန်ကန်နှင့် မြန်ဆန်စွာ ဆောင်ရွက်ပေးရန်၊ သောက်သုံးရေ သန့်စင်စွာ ရရှိစေရန်၊ အချုပ်သားများကို စွဲဆိုထားသည့် မူးယစ်ပုဒ်မများအစား အခြားပုဒ်မများဖြင့် စွဲဆိုပေးနိုင်ရန်၊ အချုပ်ခန်းအတွင်း လျှပ်စစ်မီး ပြည့်ဝစွာရရှိရန်၊ ကျန်းမာရေး စောင့်ရှောက် မှုများ ပေးနိုင်ရန်၊ ဆေးဝါးသုံးစွဲသူများကို မဖမ်းဆီးဘဲ ပြုစုပျိုးထောင်ရေး စခန်းများသို့ ပို့ရန်၊ အချုပ်ခန်းအတွင်း အချုပ်သားများ အချုပ်ခန်းအင်္ဂါ ညီညွတ်စေရန်၊ မူးယစ်ဆေးစွဲ တရားခံများကို ဆီးစစ်ဆေးခြင်းအစား တခြားနည်းလမ်းဖြင့် စစ်ဆေးမှုများ ပြုနိုင်ရန်အတွက် လွှတ်တော်သို့တင်ပြ ပေးရန်နှင့် အချုပ်သားများ ယခုကဲ့သို့ တောင်းဆိုမှုနှင့် ပတ်သက်ပြီး မည်သည့် အရေးယူမှုမျှ မပြုလုပ်ရန်တို့ ပါဝင်ကြောင်း ယင်းအချုပ်သားများနှင့် နီးစပ်သူ ဟုမ္မလင်းမြို့ခံတစ်ဦးက ပြောကြားသည်။

“၁၀ ချက်ထဲက အားလုံးနီးပါး ပြေလည်ပါတယ်။ သူတို့တောင်းတဲ့အထဲက မူးယစ်ဆေးဝါးပုဒ်မဖြင့် စွဲဆိုထားသည့် ပုဒ်မအစား အခြားပုဒ်မနှင့် ပြောင်းလဲ အရေးယူဖို့ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဟု ဟုမ္မလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကောင်းမြတ်ညီက ပြန်လည် ပြောဆိုသည်။

အချုပ်သားများ ကျပ်တည်းစွာ နေထိုင်ရသည့်အတွက် လက်ရှိအသုံးပြုနေသော အချုပ်ခန်းအပြင် ဗြိတိသျှအစိုးရ လက်ထက်က အချုပ်ခန်း အဟောင်းကို ပြန်လည် ပြင်ဆင်ပြီး ယင်းအချုပ်ခန်းထဲသို့ အချုပ်သားအချို့ကို ပြောင်းလဲ နေထိုင်စေခဲ့ကြောင်း၊ ယခုအခါ အချုပ်ခန်းဟောင်းတွင် အချုပ်သား ၄၀ ဦး၊ အချုပ်ခန်းသစ်တွင် အချုပ်သား ၁၅ ဦး စုစုပေါင်း ၅၅ ဦး ရှိကြောင်း ဟုမ္မလင်းမြို့ ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။

ယင်းအချုပ်သားများ၏ တောင်းဆိုမှုများနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်း သားရေးရာဝန်ကြီး၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ခန္တီးခရိုင် အုပ်ချုပ်ရေးမှူး၊ ခန္တီးခရိုင် ရဲတပ်ဖွဲ့မှူး၊ ဟုမ္မလင်းမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက တောင်းဆိုမှုများ ပြုလုပ်သူ အချုပ်သားများနှင့် စက်တင်ဘာလ ၁၃ ရက်နေ့က တွေ့ဆုံညှိနှိုင်းခဲ့ခြင်း ဖြစ်ကြောင်း ခန္တီးခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးထံမှ စုံစမ်းသိရှိရသည်။

From - The Voice Weekly

ဆီးချိုပျောက်နည်းများစွာထဲက လက်တွေ့နည်းလမ်းကောင်းလေးတခု

ဆီးချိုပျောက်နည်းများစွာထဲက လက်တွေ့နည်းလမ်းကောင်းလေးတခု

ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ 
အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) 
ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။ ဆရာဝန်ကြီးဟာ
ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။

ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။ ဆင်တုံးမနွယ် လက်ခလယ်အရွယ် 
တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊
အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး
ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန်
တစ်လုံး သောက်ရပါသည်။

ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။
သကြားပါသည့် အချိုများ မစားရပါ။ ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက်
စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။ ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။
အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း
ထမ်းဆောင်နေတယ် ပြောပါတယ်။

ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊
ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ်
မတက်တော့တာ တွေ့ရတယ်။ စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။
ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊ သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို
ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ
သုံးနိုင်ပါသည်။

တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန်
လိုပါသည်။ ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင်
ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက
ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။

တူသောအကျိုး ခံစားရပါစေ။

ဦးစန်းမောင် (မန်း) Mg Mandalay

From - သတင်းချစ်သူ - ဝေဟင်

မက္ကစီကိုပညာရေး ပြုပြင်ပြောင်းလဲရန် ဆရာ၊ ဆရာမများ ဆန္ဒပြ

မက္ကစီကိုပညာရေး ပြုပြင်ပြောင်းလဲရန် ဆရာ၊ ဆရာမများ ဆန္ဒပြ

မက္ကစီကိုနိုင်ငံ မက္ကစီကိုမြို့ရှိ ဇိုကာလိုပလာဇာတွင် ထောင်နှင့်ချီသော ဆရာ၊ ဆရာများ စုရုံးကာ အစိုးရ၏ ပညာရေးစနစ်အား ပြုပြင်ပြောင်းလဲရန် ဆန္ဒပြတောင်းဆိုခဲ့ကြရာ ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့သည်။ မက္ကစီကိုတွင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး ဆန္ဒပြမှုများ ပြီးခဲ့သည့် သီတင်းပတ်အကြာကတည်းက ပေါ်ပေါက်နေခဲ့ခြင်းဖြစ်သည်။

From - https://www.facebook.com/media/set/?set=a.10151639208559067.1073742038.42443419066&type=1

တပ်မတော် အရာရှိ အသတ်ခံရမှု ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

တပ်မတော် အရာရှိ အသတ်ခံရမှု ကာကွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်
=========================================

မြန်မာ့တပ်မတော်နှင့်ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒဏ်ရာရတပ်မတော်အရာရှိတစ်ဦး ဖမ်းဆီး အသတ်ခံရမှုနှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ယနေ့ (စက်တင်ဘာ၁၄ရက်)တွင် ထုတ်ပြန်ခဲ့ သည်။ ယင်း ထုတ်ပြန်ချက်ကို ရန်ကုန်တိုင်းမ်သတင်းစာ မှ လက်ခံရရှိခဲ့ပါသည်။ ယင်းထုတ်ပြန်ချက်အပြည့်အစုံကို ပြန် လည်ဖော်ပြအပ်ပါသည်။

(အယ်ဒီတာ)
==========================================

ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့က တိုက်ပွဲအတွင်း ဒဏ်ရာရအရာရှိအား ဖမ်းဆီးသတ်ဖြတ်ခြင်း

၁။ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်းတွင် နယ်မြေခံတပ်ရင်းမှ တပ်စုတစ်စုသည် မချမ်းဘောမြို့ဝန်းကျင်အတွင်းပိုင်းနယ် မြေအတွင်း နယ်မြေစိုးမိုးရေး၊ စည်းရုံးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ထမ်းဆောင်ရန်အတွက် ဩဂုတ်၂၈ရက်တွင် မလွတ်ဒမ်းကျေးရွာမှ ထွက်ခွာလာခဲ့ရာ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့အင်အား ၂ဝခန့်မှ အသင့်စောင့်ကြိုတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ပါသည်။ ဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိတစ်ဦးနှင့် စစ်သည်တစ်ဦးလူစုကွဲပျောက်ဆုံးသွားခဲ့ပြီး ဖြန့်ခွဲရှာဖွေခဲ့ ရာ စက်တင်ဘာ၁ရက်တွင် စစ်သည်အား ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပါသည်။

၂။ ပျောက်ဆုံးအရာရှိအား ဆက်လက်ရှာဖွေခဲ့ စဉ် မြေပြင်သတင်း စိစစ်ဖော်ထုတ် ချက်အရ ကေအိုင်အေ(ကချင်) လက်နက်ကိုင် အဖွဲ့တပ်ရင်း(၇)မှ တပ်စုမှူးတန်ခမ်ဦးစီးအင်အား၂ဝခန့်သည် ဩဂုတ်၂ရရက်တွင် အင်ခန်ဂါးကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ၂၈ ရက်တွင် တပ်အား အသင့်စောင့်ကြို နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း၊ ၂၉ရက်တွင် ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့ အင်ခန် ဂါးကျေးရွာမှ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း၊ ၃ဝရက်တွင် ပျောက်ဆုံးအရာရှိသည် ဘယ်ဘက်လက်မောင်းတွင် လက်နက်ငယ် ဒဏ်ရာဖြင့် အင်ခန်ဂါးကျေးရွာသို့ ရောက်ရှိလာရာ ၎င်းကျေးရွာရှိ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့နှင့် အဆက်အသွယ် ရှိသူတစ်ဦးမှ သွားရောက်သတင်း ပို့ခဲ့သဖြင့် ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

ဖမ်းဆီးခံအရာရှိအား ပြန်လည်ရရှိရေးဆောင်ရွက်နေစဉ် စက်တင်ဘာ၅ရက်တွင် အင်ခန်ဂါးကျေးရွာအနီးနေထိုင်သည့် ဦးဖုန်ဇော်လဆိုင်းနှင့် သားဖြစ် သူမောင်ဖုန်ဇောင်ခင်ဆိုင်းတို့မှ ၎င်းတို့တောင်ယာအနီးတွင် အပုပ်နံ့ရရှိကြောင်း တပ်မတော်သို့ လာရောက်အကြောင်းကြားသဖြင့် လိုက်လံရှာဖွေရာ အင်ခန်ဂါးရွာ၏မြောက်ဘက်မီတာ၁ဝဝဝခန့်အကွာ တောင်ယာသွားလမ်း၏ညာဘက်ကိုက်၁ဝဝဝခန့်ရှိ တောင် စောင်းနေရာတွင် မြေပုံတစ်ခုအား တွေ့ရှိခဲ့ပြီး တူးဖော်ကြည့်ရာ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည့်အရာရှိအား ရက်စက်စွာ ဦးခေါင်းဖြတ်သတ်ဖြတ်ပြီး မြှုပ်နှံထားသည်ကို တွေ့ရှိခဲ့ရပါသည်။

၃။တပ်မတော်အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များအား အလေးအနက်ထားလုပ်ဆောင်လျက်ရှိပြီး တွေ့ကြုံရသည့် အခက်အခဲ၊ သဘောထားကွဲလွဲမှုနှင့် နားလည်မှုလွဲမှားသောပြဿနာများ အား သဘောထားကြီးမားစွာဖြင့် ထိန်းသိမ်း ဖြေရှင်းမှုများလုပ်ဆောင်လျက် ရှိပါသည်။ တပ်မတော်မှ ထိုသို့ဆောင်ရွက်ချက်ရှိသော် လည်း ကေအိုင်အေ(ကချင်)လက်နက်ကိုင် အဖွဲ့အနေဖြင့် ပြည်ထောင် စုငြိမ်း ချမ်းရေးဖော်ဆောင်မှု ကြိုးပမ်းဆောင်ရွက်စဉ် အချိန်တွင်ပင် ဖမ်းဆီးရမိသည့်အရာရှိအား ရက် စက်စွာသတ်ဖြတ်ခဲ့ကြောင်း တွေ့ရှိရ ပါသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးထားသောအရာရှိအား ရက်စက်စွာသတ်ဖြတ်ခဲ့ကြသည့် လူသတ်မှုကျူးလွန်သူ ကေအိုင်အေ(ကချင်)လက်နက်ကိုင်အဖွဲ့တပ်ရင်း(၇)မှ တပ်စုမှူးတန်ခမ်နှင့် အပေါင်းပါ၂ဝခန့်အား တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး မချမ်းဘောမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် သက်ဆိုင်ရာမှ အမှုဖွင့်လှစ်ထားရှိကြောင်း သိရပါသည်။

Link=>http://goo.gl/ENVm2C

ယုဇနပလာဇာမှာ ညညဆို သရဲအရမ်းခြောက်နေတယ်တဲ့။

အောက်ပါအဖြစ်အပျက်ကတကယ်ရှိပါတယ်။မိမိလည်းတခြားနေရာမှာကြုံဖူးပါတယ်။
@@@သာသနာနွယ်

ယုဇနပလာဇာမှာ ညညဆို သရဲအရမ်းခြောက်နေတယ်တဲ့။ 
================================
ဈေးလုံခြုံရေးတွေ လုံးဝအိပ်လို့မရအောင် ခြောက်နေတာတဲ့။ နောက်ဆုံး ဆရာတော်ကြီးများပင့်ပြီး အသံမဆဲ ပဋ္ဌာန်းပွဲ ကျင်းပပါတယ်။ (၅)ရက်တိုင်တိုင်ပါ။ ဒီနေ့မှာတော့ ပဋ္ဌာန်းပွဲ အောင်မြင်စွာနဲ့ပြီးဆုံးပါတယ်။
ဇတ်လမ်းက ဒီမှာစတော့တာ
ပဋ္ဌာန်းပွဲ အပြီးရေစက်ချ အမျှဝေနေတုန်း တရားနာနေတဲ့ ရှေ့ဆုံးက
အမျိုးသမီးကြီးဟာ ယိမ်းထိုးသွားပြီး အားးးးးးး အားးးးးးးး လို့အော်လိုက်တဲ့အသံကြီးဟာ ကျယ်လွန်းအားကြီးလို့
မိုက်ကလိုဖုန်းကနေတဆင့် ဈေးတစ်ဈေးလုံးကြားလိုက်ရတယ်။ အမျိုးသမီးကြီးဟာ ယိမ်းယိမ်းယိုင်ယိုင်နဲ့ မျက်နှာအောက်ငုံပြီး ဖင်တရွတ်တိုက်ဆွဲပြီး
အပြင်ထွက်တဲ့ အပေါက်ဝဘက်ကို တရွေ့ရွေ့သွားတယ်။
တရားဟောနေတဲ့ ဆရာတော်က နင်ဘယ်သူတုန်း၊ ဒီဘက်ကိုလှည့်စမ်း ဆိုလည်း မျက်နှာကိုလုံးဝမပြတော့ဘူးတဲ့၊ အပေါက်ဝဘက်ကိုဘဲ သွားဖို့ကြိုးစားနေတယ်တဲ့။
ဆရာတော်က အသံမာမာနဲ့ဟိန်းဟောက်ပြောတော့မှ ဆရာတော်ဘက်ကိုလည့်လာ
တယ်တဲ့။မျက်နှာကိုတော့ လုံးဝမပြဘူးတဲ့။ဆရာတော်က နင်ဘယ်သူတုန်း၊
နင်ဘာဖြစ်နေတာတုန်းလို့မေးတော့မှ ဘလုံးဗထွေးလေသံနဲ့ ဈေးမှာနေတဲ့
သူရဲမပါ။သူတို့မှာနေစရာမရှိလို့နေစရာပေးပါ။ ဒီဈေးမှာသူတို့ခြောက်ယောက်
ရှိတယ်။သူတို့ကိုအုပ်ချုပ်တဲ့သူရဲကြီးက နေစရာမပေးလို့သွားစရာမရှိပါဘူး။
နေစရာပေးပါ၊ လူတွေကို ဘာမှမလုပ်ပါဘူးလို့ပြောတယ်တဲ့၊
ဆရာတော်က ဒါဆို အပေါ်ဆုံးထပ်ခုနှစ်လွှာမှာနေဆိုပြီး နေရာပေးလိုက်တယ်တဲ့။ ခုနှစ်လွှာကတော့ လူမနေပါဘူး၊ ပစ္စည်းတွေထားတဲ့ ဂိုတောင်တွေဘဲရှိတာပါ။
ကြားရတာ တမျိုးကြီးဘဲဗျာ ဒီခေတ်ကြီးထဲမှာ ဒီလိုတွေရှိနေတယ်ဆိုတာ
မယုံချင်ပေမယ့် အခုအဖြစ်အပျက်ကြီးက ဒီနေ့ဒါကယ်ဖြစ်တာဆိုတော့ ဘာပြောရမယ်မှန်းတောင်မသိတော့ဘူး......။
From: Kokyaw Swarwin