သတင်းနှင့်နည်းပညာများ

12/14/13

ဆိးဂိမ်း အလေးမ ပြိုင်ပွဲ၊ အမျိုးသမီး ၅၃ ကီလို အလေးမတွင်...


ဆိးဂိမ်း အလေးမ ပြိုင်ပွဲ၊ အမျိုးသမီး ၅၃ ကီလို အလေးမတွင်...

မြန်မာမှ အေးသန္တာလွင်က

အမြန်မ တွင် ၉၂၊ နှစ်ဆင့်မ တွင် ၁၁၀၊ စုစုပေါင်း ၂၀၂ ကီလို ဖြင့်...

ရွှေတံဆိပ် ကြီးကို ဆွတ်ခူး နိုင်လိုက်ပါပြီ။

မြန်မာတို့အတွက် အလေးမ မှ ပထမဆုံးရွှေ ဆုကြီး ဖြစ်ပါတယ်။

ဂုဏ်ယူပါတယ် မြန်မာ...

မြန်မာ-ထိုင်း ဘောလုံးပွဲလက်မှတ်တစ်စောင် ကျပ်လေးသောင်းခွဲပေါက်



မြန်မာ-ထိုင်း ဘောလုံးပွဲလက်မှတ်တစ်စောင် ကျပ်လေးသောင်းခွဲပေါက်
----------------------

ရန်ကုန်- မြန်မာ-ထိုင်းဘောလုံးပွဲစဉ်လက်မှတ်များမှာ မှောင်ခိုဈေးကွက်တွင် အထူးတန်းတစ်စောင်လျှင် ကျပ်လေးသောင်းခွဲထိ ဈေးပေါက်နေပြီး မှောင်ခိုဈေးကွက်အပေါ် ဘောလုံးအဖွဲ့ချုပ်က ထိန်းချုပ်နိုင်ခြင်းမရှိခဲ့ကြောင်း ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးကပြောသည်။

ဒီဇင်ဘာ ၁၄ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် မြန်မာနှင့် ထိုင်းအသင်း ယှဉ်ပြိုင်ကစားကြမည့် ဘောလုံးပြိုင်ပွဲလက်မှတ်များကို ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၁၃ ရက်တွင် ရန်ကုန်မြို့ရှိနေရာ လေးနေရာတွင် ရောင်းချခဲ့ရာ တစ်နာရီကျော်မှာပင် လက်မှတ်များကုန်သွားခဲ့သည်။

ထို့ကြောင့် သတ်မှတ်ထားသည့်လက်မှတ်စောင်ရေတစ်သောင်းထက် စောင်ရေလေးထောင်ခန့် ထပ်မံရောင်းချပေးခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ကျင်းပရေးကော်မတီ ဒါရိုက်တာဦးရဲမျိုးဟိန်းကပြောသည်။ သို့သော် အဆိုပါလက်မှတ်များမှာ ပြင်ပမှောင်ခိုသမားအများစုထံ ရောက်ရှိသွားပြီး လက်မှတ်တစ်စောင်လျှင် ပုံမှန်ရောင်းချသော ဈေးထက် ၁၁ ဆ မြင့်တက်သွားခဲ့သည်။ ဘောလုံးပွဲအထူးတန်းလက်မှတ်တစ်စောင်လျှင် လေးထောင်ကျပ်၊ ရိုးရိုးတန်းလက်မှတ်တစ်စောင်လျှင် နှစ်ထောင်ကျပ် သတ်မှတ်ထားသည်။

“မနက် ၁၀ နာရီ ရောင်းမယ်ဆိုလို့ လက်မှတ်လာဝယ်ပါတယ်။ တန်းစီမယ်မကြံသေးဘူး လက်မှတ်ကုန်ပြီတဲ့။ အဲဒါနဲ့ မှောင်ခိုသမားဆီက တစ်စောင်တစ်သောင်းနဲ့ ၀ယ်လာခဲ့ရတယ်”ဟု သုဝဏ္ဏအားကစားရုံသို့ ရိုးရိုးတန်းလက်မှတ် လာရောက်ဝယ်ယူသူတစ်ဦးကပြောသည်။

“မှောင်ခိုဆိုတဲ့ဟာမရှိအောင် လက်မှတ်တွေကို မှတ်ပုံတင်တစ်ခုကို နှစ်စောင်နှုန်းပဲ ရောင်းတာပဲ။ အဲဒီထက်လည်း ပိုရောင်းခဲ့တာမရှိပါဘူး။ သုံးလေးယောက်လောက်တန်းစီပြီး လာဝယ်ရင်တော့ ကျွန်တော်တို့လည်းမတတ်နိုင်ဘူး”ဟု ဦးရဲမျိုးဟိန်းကပြောသည်။

အဆိုပါမှောင်ခိုလက်မှတ်နှုန်းများမှာ စတင်ရောင်းချသည့်အချိန်တွင် ပုံမှန်လက်မှတ်ခနှုန်းထားနှင့် ကွာဟမှုမရှိသော်လည်း ပွဲစဉ်လက်မှတ်များ ထပ်မံရောင်းချရန်မရှိတော့ဘဲ ကုန်ဆုံးသွားပြီဟု ကောလာဟလများ ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ဈေးနှုန်းများအဆမတန်မြင့်တက်ကာ ရိုးရိုးတန်းလက်မှတ်တစ်စောင်လျှင် ကျပ်လေးသောင်းနှင့် အထူးတန်းလက်မှတ်တစ်စောင်လျှင် ကျပ်ငါးသောင်းထိရှိခဲ့ကြောင်း မှောင်ခိုဈေးကွက်များထံမှ သိရသည်။

မှောင်ခိုဈေးကွက်တွင် လက်မှတ်ဝယ်ခဲ့သူတစ်ဦးက “ကိုယ်ကတန်းစီဝယ်ဖို့ အချိန်မပေးနိုင်လို့ မှောင်ခိုမှာသွားဝယ်တော့ အထူးတန်းကို လေးသောင်းခွဲတဲ့။ ကိုယ့်မြန်မာအသင်းကို အားပေးချင်လို့သာ ၀ယ်ခဲ့ရတယ်။ မတန်လိုက်တာ၊ တာဝန်ရှိသူတွေအနေနဲ့ တကယ့်ပရိသတ်တွေကို ဈေးနှုန်းသက်သက်သာသာနဲ့ရအောင် စီစဉ်ပေးသင့်တယ်”ဟု ပြောသည်။

အဆိုပါမှောင်ခိုဈေးကွက် ဖြစ်ပေါ်ခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများက ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီတွင် ကျန်ရှိနေသည့် လက်မှတ်စောင်ရေ ၆၀၀၀ ကို မှတ်ပုံတင်တစ်ခုလျှင် လက်မှတ်တစ်စောင်နှုန်းဖြင့် ပြန်လည်ပြင်ဆင်ရောင်းချသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၁၃ ရက်တွင် ရောင်းချခဲ့သော ပွဲစဉ်လက်မှတ်များကို ရန်ကုန်မြို့ရှိ နေရာလေးနေရာတွင် ခွဲဝေရောင်းချခဲ့ပြီး လက်မှတ်အရောင်းဌာနတစ်ခုလျှင် ပျမ်းမျှလူဦးရေနှစ်သောင်းခန့် လာရောက်ဝယ်ယူခဲ့သော်လည်း လက်မှတ်အရေအတွက် စုစုပေါင်း ၁၄၀၀၀ ခန့်သာ ရောင်းချပေးနိုင်ခဲ့သည်။

7Day News Journal

မြန်မာစံတော်ချိန် 1:10 PM အထိ နိုင်ငံအလိုက်ရပ်တည်မှု့


ယနေ့ မြန်မာစံတော်ချိန် 1:10 PM အထိ နိုင်ငံအလိုက်ရပ်တည်မှု့
ကျုပ်တို့ ရွှေမြန်မာ ရွှေတခုထပ်ရပါတယ်။

ကရာတေးဒို ကနေ အေးချမ်းနိုင် က ရွှေတခုယူပေးလိုက်တာလို့ သိရပါတယ်။

အင်ဒိုက ငွေအသာနဲ့ ဗီယက်နမ်ဆီက ဒုတိယနေရာကို ဖြတ်လုလိုက်ပါပြီ။

ထိုင်းကတော့ ကြေးတံဆိပ်တာ တိုးလာပြီး ရွှေမှာတန့်သွားပါပြီ။

ပြေးထား ရွှေမြန်မာ

Post By : MM IT

ကုန်ပြီတဲ့ :)


မြန်မာဘောလုံးချစ်ပရိသတ်များသို့ ကြိုတင်အသိပေးကြေညာခြင်း


မြန်မာဘောလုံးချစ်ပရိသတ်များသို့ ကြိုတင်အသိပေးကြေညာခြင်း
==========================================
ယနေ့ဒီဇင်ဘာလ (၁၄) ရက်နေ့တွင်

သုဝဏ္ဏလူငယ်အားကစားလေ့ကျင့်ရေးစခန်း၌ 
ညနေ (၄) နာရီတွင် တီမောနှင့် အင်ဒိုနီးရှားအသင်း၊

ညနေ (၆း၄၅) နာရီတွင် ထိုင်းနှင့် အိမ်ရှင်မြန်မာအသင်းတို့ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ကြောင်း...

မြန်မာဘောလုံးချစ်ပရိသတ်များသို့ ကြိုတင်အသိပေးကြေညာအပ်ပါသည်။

အိမ်ရှင် မြန်မာ အောင်ရမည်..
အိမ်ရှင် မြန်မာ အောင်ရမည်..
အိမ်ရှင် မြန်မာ အောင်ရမည်........။

FIFA World Cup ကမ္ဘာ့ဖလား မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၂၅ ရက်တွင်ရောက်မည်


FIFA World Cup ကမ္ဘာ့ဖလား မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၂၅ ရက်တွင်ရောက်မည်

FIFA World Cup ပြိုင်ပွဲတွင် ချီးမြှင့်မည့် ကမ္ဘာ့ဆုဖလားကြီးကို ကမ္ဘာအနှံ့သို့ လှည့်လည်ပြသရေး အစီအစဉ်အရ မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၂၅ ရက်တွင် ရောက်ရှိလာမည် ဖြစ်ကြောင်း မြန်မာဘောလုံး အဖွဲ့ချုပ်မှ သိရသည်။

အဆိုပါ ကမ္ဘာ့ ဆုဖလားကြီးကို ရန်ကုန်မြို့ သုဝဏ္ဏရှိ မိုးလုံလေလုံ အားကစားရုံတွင်ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက်အထိ ကြည့်ရှုနိုင်ရန် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာ့ဘောလုံး အဖွဲ့ချုပ် Coca Cola အချိုရည် ကုမ္ပဏီတို့က ပထမဆုံး ပူးပေါင်း တင်ဆက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။

''ကမ္ဘာ့ ဆုဖလားကြီးကို မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၉ဝ ကျော်မှာ လှည့်လည်ပြသ သွားမှာပါ။ ဒီကမ္ဘာ့ဆုဖလားကြီးက ရွှေအစစ်နဲ့ လုပ်ထားတာဖြစ်လို့ ကမ္ဘာ့ ဘောလုံးပွဲမှာ အနိုင်ရတဲ့အသင်းကို ဆုပေးပြီး ကိုင်မြှောက်ခွင့် အထိ ပေးထားတယ်။ ပြီးတော့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်ကို ပြန်ပေး ခဲ့ရတာ''ဟု မြန်မာ့ဘောလုံးအဖွဲ့ချုပ် CocaCola ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

ယင်းကမ္ဘာ့ ဆုဖလား၏ ရွှေအလေးချိန်မှာ ၁၃ ဒသမ ၆၁ ပေါင် (၁၈ ကာရက်)ရှိကာ ဆုဖလားအမြင့်မှာ ၁၄ ဒသမ ၅ လက်မရှိပြီး ဆုဖလား အောက်ခြေတွင် အလှဆင် သတ္တုစိမ်း နှစ်လွှာပါရှိကြောင်းနှင့် ဆုဖလားအောက်ခြေ မျက်နှာပြင်တွင် ကမ္ဘာ့ဖလား ရရှိသော နိုင်ငံများ၏ အမည်များကို ၁၉၇၄ ခုနှစ်မှစ၍ ကမ္ပည်းရေးထိုး ထားကြောင်း၊ ယင်းဆုဖလားကိုဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ နာမည်ကျော် Christ the Redeemer အရုပ်ရှေ့မှ စက်တင်ဘာလမှ စတင်၍ သယ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းထူးများ စုစည်းရာ

ဒီကနေ့ ထိုင်းနဲ့ကစားရမယ့်ပွဲအတွက် အကုန်လုံးစိတ်လုပ်ရှားနေကြပါတယ်


ဒီကနေ့ ထိုင်းနဲ့ကစားရမယ့်ပွဲအတွက် အကုန်လုံးစိတ်လုပ်ရှားနေကြမယ်ထင်ပါတယ်။ အသင်းအနေနဲ့ ပြင်ဆင်လို့ရတဲ့အပိုင်း အားလုံးပြင်ဆင်ထားပြီးဖြစ်သလို ထိုင်းအသင်းကိုလည်း အကောင်းဆုံးခြေစွမ်းနဲ့ အနိုင်ယူနိုင်ဖို့မျှော်လင့်ထားပါတယ်။ ဒီနေ့မနက် အသင်းသားတွေ ရွှေတိဂုံစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်ခဲ့ကြပြီး အားလုံးအတွက် ရလဒ်ကောင်းတစ်ခု စွမ်းဆောင်ပေးနိုင်ဖို့ ဆုတောင်းခဲ့ကြပါတယ်။

Myanmar National U23 Football Team

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ဦးလေးတော်သူအာဏာသိမ်းရန် ကြိုးစားမှုနဲ့ မနေ့က ကွပ်မျက်


မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ဦးလေးတော်သူလည်းဖြစ်၊ နိုင်ငံတော် ထိပ်တန်း အာဏာရှိသူ တစ်ဦးလည်း ဖြစ်သူ ဂျန်ဆွန်ထက်ကို အာဏာသိမ်းရန် ကြိုးစားမှုနဲ့ မနေ့က ကွပ်မျက်လိုက်ပြီ ဖြစ်ပါတယ်။

အခုလို ကွပ်မျက်လိုက်အပြီးမှာ တောင်ကိုရီးယားဘက်က သူ့နိုင်ငံကို အသင့် အနေအထားမျိုး တပ်လှန့်ထားပါတယ်။

အသက်အရွယ် ငယ်သေးတဲ့ ခေါင်းဆောင် မစ္စတာကင်မ်ဟာ အာဏာကို ထိန်းချုပ်ထားနိုင်ဖို့ ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်တဲ့ပုံ ရှိတယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။ နောက်ပြီး တောင်ကိုရီးယား ဘက်ကိုလည်း ရန်စလာနိုင်တယ်လို့ ဆိုပါတယ်။

အစိုးရကို ဖြုတ်ချဖို့ ကြံစည်တဲ့အတွက် မစ္စတာ ဂျန်ကို ကွပ်မျက်လိုက်တာ ဖြစ်တယ်လို့ မြောက်ကိုရီးယားက ကြေညာသွားပါတယ်။

ပြုံယမ်းရဲ့ အိမ်နီးချင်းလည်းဖြစ် မဟာမိတ် နိုင်ငံလည်း ဖြစ်တဲ့ တရုတ်နိုင်ငံကတော့ အခု ကွပ်မျက်မှုဟာ မြောက်ကိုရီးယား ရဲ့ ပြည်တွင်းရေး ဖြစ်တယ်လို့ ပြောပေမယ့် သတင်းထောက်တွေကတော့ တရုတ်ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး အထူးစိုးရိမ်မှု ရှိနေတယ်လို့ ဆိုပါတယ်။

ပုံစာ- ဂျန်ဆွန်ထက်ကို မကွပ်မျက်မီ ရုံးထုတ်လာစဉ်။

BBC Burmese

ဒေါက်တာ စင်သီယာမောင်ကို ထိုင်းမင်းသမီး သီရိဒုံက ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မည်


ဒေါက်တာ စင်သီယာမောင်ကို ထိုင်းမင်းသမီး သီရိဒုံက ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

ထိုင်း-မြန်မာနယ်စပ် တပ်ဒ်ခရိုင်အတွင်း မြန်မာ ရွှေ့ပြောင်း အလုပ်သမားများနှင့် ဒုက္ခသည် စခန်းများကို ဆေးကုသမှု ပေးနေသော မယ်တော်ဆေးခန်း ထူထောင်သူ ဒေါက်တာ စင်သီယာမောင်ကို ထိုင်းနိုင်ငံ၏ ဘုရင့်သမီးတော် မဟာချက်ကရီ သီရိဒုံက ဆေးပညာဆိုင်ရာ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ ချီးမြှင့်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ရှိ မယ်တော်ဆေးခန်းမှ ကြေညာချက် ထုတ်ပြန်သည်။

ယင်းဂုဏ်ထူးဆောင် ပါရဂူဘွဲ့ကို ဒီဇင်ဘာ ၁၈ ရက် (ဗုဒ္ဓဟူးနေ့) တွင် ဘန်ကောက်မြို့ရှိ Ubon Ratchathani တက္ကသိုလ်တွင် ချီးမြှင့်မည်ဟု မယ်တော် ဆေးခန်းက ထုတ်ပြန်သော အဆိုပါ ကြေညာ ချက်တွင် ဖော်ပြထားသည်။
“ဆုရတာနဲ့ ပတ်သက်ပြီး အထူးဂုဏ်ယူ မိပါတယ်။ နိုင်ငံခြား (ထိုင်း) မှာ ဒုက္ခရောက်သူတွေရဲ့ အားကိုးရာဖြစ်တဲ့ ဒေါက်တာ စင်သီယာမောင်ကို ထိုင်းအစိုးရက အခုလို အသိအမှတ်ပြု ဂုဏ်ပြုတဲ့ အတွက် ဝမ်းမြောက်မိပါတယ်” ဟု ဒေါက်တာ စင်သီယာမောင် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ရရှိခြင်းနှင့် ပတ်သက်၍ ကရင် အမျိုးသမီးများ ဖွံ့ဖြိုးရေးအဖွဲ့၏ ဒါရိုက်တာ ဒေါ်ဆူဆန်နာ လှလှစိုးက The Voice သို့ ပြောကြားသည်။

ဒေါက်တာ စင်သီယာမောင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအပြီး ထိုင်း-မြန်မာနယ်စပ်သို့ လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲရန် တောခိုသွားသော ကျောင်းသား များကို ဆေးကုသ ပေးရန်အတွက် တပ်ဒ်ခရိုင် မဲဆောက် မြို့နယ်တွင် မယ်တော် ဆေးခန်းကို ဖွင့်လှစ်ခဲ့သည်။

ယင်းနောက်ပိုင်းတွင် ထိုင်း-မြန်မာ နယ်စပ်ရောက် ဒုက္ခသည် များနှင့် ရွေ့ပြောင်း အလုပ်သမားများကို ဆေးကုသ ပေးလျက် ရှိသည်။

ဒေါက်တာ စင်သီယာမောင်သည် ရွေ့ပြောင်း ဒုက္ခသည်များ ကျန်းမာရေး ကိစ္စနှင့် လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှားမှုများကြောင့် ဖိလစ်ပိုင်နိုင်ငံမှ ချီးမြှင့်သော ရာမွန်မက်ဆေး ဆေးပညာဆုနှင့် သြစတြေးလျနိုင်ငံမှ ချီးမြှင့်သော ဆစ်ဒနီ ငြိမ်းချမ်းရေးဆုတို့ ရရှိထားသည်။

The Voice Weekly

စိတ်ဓါတ်တွေ မြှင့်မားကျစို့ ရွှေမြန်မာတို့ ...

ကျွန်တော်အခုတစ်လော SEA GAME နဲ့ ပတ်သက်တဲ့သတင်းတွေကို
ရရင်ရသလို အဓိကတင်ပေးထားပါတယ် .....ကိုယ့်မြေ ကိုယ့်ရေ မှာ
ကျင်းပတဲ့ အားကစားပွဲတော်ကြီးဖြစ်တဲ့အတွက် ကျွန်တော်တို့
 မြန်မာလူမျိုးတွေကလည်း အိမ်ရှင်နိုင်ငံပီသအောင် စိတ်ဓါတ်တွေကို
 မြှင့်မားပေးကျပါလို့ ကျွန်တော်တောင်းပန်ချင်ပါတယ် ..(14.12.2013)
ယနေ့မှာ ကျင်းပမဲ့ (မြန်မာနှင့်ထိုင်း) ဘောလုံးပွဲဟာ ကျွန်တော်တို့မြန်မာတွေ
 အကြည့်ချင်ဆုံးဘောလုံးပွဲဆိုရင်
မမှားပါဘူး ရာဇ၀င် စံတင်လောက်သလို
သမိုင်းကြောင်းတွေနဲ့အပြိုင် မြန်မာတွေ သမိုင်းကြောင်းလှခဲ့ကြပါတယ်
အခုအချိန်မှာလည်း ကျွန်တော်တို့မြန်မာအသင်းနိုင်ဖို့အတွက်ကို ကျွန်တော်က
အစ တစ်နိုင်ငံလုံးမှာရှိတဲ့ မြန်မာလူမျိုးတွေ အားပေးကြမှာ အမှန်ပါပဲ ကျွန်တော်တို့တွေ
နိုင်ငံသိက္ခာမကျအောင် ထိန်းထိန်းသိမ်းသိမ်းနဲရိုင်းစိုင်းတဲ့အပြုမှုလေးတွေမပြုလုပ်ကျဖို့ကို
 ကျွန်တော်မေတ္တာရပ်ခံ ချင်ပါတယ် .............( အမှားပါမိရင် တောင်းပန်ပါတယ်)

Admin - Thantsinnaing

ဆီးဂိမ်း အမျိုးသမီး နှစ်ယောက်လှေလှော်


ဆီးဂိမ်း အမျိုးသမီး နှစ်ယောက်လှေလှော်

အနောက်တိုင်း လှေလှော်အားကစားပွဲ တွင်

မြန်မာနိုင်ငံ အနိုင်ရဗိုလ်စွဲသွားသည် ဟု သိရပါသည်။

ရွှေဆု နဲ့ နေ့သစ်ကို စကြို လိုက်နိုင်တဲ့..

မြန်မာ့ လှေလှော် အားကစားသမားတွေကို..

ဝမ်းမြောက်ဝမ်းသာ ကြိုဆို ဂုဏ်ပြုလိုက်ပါတယ်...။

မြန်မာ မြန်မာ မြန်မာ...

ဆီးဂိမ်းအားကစားပွဲတော် မြန်မာ

ဂုဏ် ယူ ပါ တယ် တို့ မြန် မာ


ဂုဏ် ယူ ပါ တယ် တို့ မြန် မာ ....

ယနေ့ မလေးရှားနိုင်ငံက ထုတ်တဲ့ သတင်းစာမျက်နှာတိုင်းမှာ
မြန်မာနိုင်ငံက ပြုလုပ်တဲ့..
၂၇ ကြိမ်မြောက် ဆီးဂိမ်းစ် ပြိုင်ပွဲအကြောင်းတွေကို 
မထင်မှတ်လောက်အောင်ချီးမွမ်းရေးသားထားကြတယ်လို့ ဆိုပါတယ်။
မထင်မှတ်ထားတဲ့ အရာတစ်ခုကို မြန်မာနိုင်ငံက ဂုဏ်ယူ
ဝံ့ကြားစွာ လုပ်ပြနိုင်ခဲ့တယ်လို့ လည်း ဆိုကြပါတယ်။
ဒါကြောင့် ကမ္ဘာ့အလယ်မှာ ..
မြန်မာဆိုတာကို ပြန်လည်ကြွေးကြော်နိုင်ဖို့အတွက်
လမ်းစကောင်းလေး ရရှိနေပြီလို့ ဆိုနိုင်ပါတယ်။

ဒီလိုမျိုး အခြေအနေတွေကို လုပ်ပြနိုင်ခဲ့တဲ့..
မြန်မာပြည်သူပြည်သားတွေကိုယ်စားလည်း
ထပ်တူဂုဏ်ယူမိပါကြောင်းပြောကြားလိုပါတယ်။
မလေးရှားနိုင်ငံရဲ့ သတင်းစာတိုင်းမှာ..
ဝေေ၀ဆာဆာ ဖော်ပြချီးမွမ်းထားတာကို တွေ့ ရပြီး၊
အာဆီယံသမိုင်းမှာ အခမ်းနားဆုံး Sea Game ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတစ်ခု
ဖြစ်ကြောင်းကိုလည်း ချီးကျူးရေးသားထားတာကိုတွေ့ ရပါတယ်။

ဒါကြောင့်... ကမ္ဘာ့အလယ်မှာ မြန်မာဟေ့ လို့  ပြန်လည် ၀ံ့ကြွားနိုင်ပါပြီ။

We Myanmar
credit to IBlogger Myanmar

မိမိကိုယ်တိုင် ရှက်တက်ကြပါ(Or) 27th Sea Game Opening Ceremory


မိမိကိုယ်တိုင် ရှက်တက်ကြပါ(Or) 27th Sea Game Opening Ceremory
**********************************************

27th Sea Game Opening Ceremory မှာ တရုတ်အပါအ၀င် ပြည်ပမှ အတက်ပညာများစွာရယူခဲ.ခြင်းအပေါ် အစိုးရအား အပြစ်တင်ပြောဆိုမှုများစွာ ဖတ်ခဲ.ရပါတယ်..

လောကမှာ အလွယ်ဆုံးအလုပ်တခုက သူများလုပ်တဲ.ကိစ္စကို ဝေဖန်အပြစ်တင်ခြင်းပါဘဲ
အဲဒီအလုပ်ကိုတော.ကျွန်တော်တို.မြန်မာလူမျိုးတွေ ကောင်းစွာ
တတ်ကျွမ်းကြပါတယ်

ကျွန်တော်ကတော. ဘယ်သူကိုမှ အပြစ်မတင်နိုင်ပါဘူး..ကိုယ်ကိုကိုယ်ဘဲ အပြစ်တင်မိပါတယ်
ကျွန်တော် လွန်စွာရှက်မိပါတယ်..သူများနိုင်ငံက အတတ်ပညာရယူခဲ.တာက ကျွန်တော်တို.
မလုပ်တတ်တဲ့အတွက်ညံ့ဖျင်းမှုတွေအတွက်ကြောင်.ပါ..အဲလိုနည်းပညာတွေ ကျွန်တော်တို.ကိုယ်တိုင်သင်ယူတတ်မြောက်ခဲ့နိုင်ရင် ဘယ်နိုင်ငံ ဘယ် တရုတ်မှ အားကိုးစရာမလိုပါဘူး..ကျွန်တော် ဒီလို ပညာတွေမသိ၊ မလေ.လာ မဆည်းပူး မတတ်မြောက်
ခဲ.လို. အိမ်ရှင်နိုင်ငံအဖြစ်ကျင်းပတဲ. Sea Game ဖွင်.ပွဲမှာ 100% မြန်မာ.လုပ်အား မဖြစ်ခဲ.ရလို. စိတ်မကောင်းပါဘူး...

27th Sea Game အတွက် Volunteer တွေ အလိုရှိကြောင်း သတင်းစာတွေ Media တွေမှခေါ်နေတဲ.အချိန်မှာ ကိုယ်. ရဲ.အလုပ်အခြေအနေ စားဝတ်နေရေးကြောင်. ဘာတခုမှ ပါဝင်
မကူညီနိုင်ဘဲ လျှစ်လျူရူ.ခဲ.မိတဲ.အတွက်လည်း အလွန်ရှက်မိပါတယ်။ ဒိနိုင်ငံမြေပေါ်မှာ နေ ဒီရေသောက်နေတဲ. နိုင်ငံသားတစ်ယောက်ရဲ.တာဝန် မကျေပွန်ခဲ.မိပါဘူး...

ဒီဂုဏ်ယူစရာကောင်းတဲ.ဖွင်.ပွဲမှာ ငွေကုန်ကြေးကျများတာ မှန်ပေမယ်. ဒီလိုမှ မလုပ်ရင်
ဘယ်နိုင်ငံကို သွားသွား ကမ္ဘာအလယ်မှ မျက်နှာငယ်ရအုံးမှာပါဘဲ..ပြည်.သူငွေကို ပြည်သူအတွက်
ဒီလို အကျိုးရှိရှိ သုံးစွဲရင် ဘယ်လောက်ကုန်ကုန် သုံးရကျိုးနပ်ပါတယ်..ဖြုန်းတီးတာမဟုတ်ဘူး
ငွေကို အကျိုးရှိစွာ သုံးခဲ.တာပါ..

ဒီလိုပွဲမျိုးကျင်းပရင် ပိုက်ဆံ ဘီလီယံများစွာကုန်မယ်ဆိုတာ အစိုးရမပြောနဲ့ ခလေးသွားမေးတောင် သိတယ်ဗျ..အဲဒီလို မြန်မာကို ကမ္ဘာသိအောင် ချပြခြင်းရဲ့ အကျိုးရလာဒ်ကိုတော့ ခလေးဥာဏ်နဲ့တော့ မတွေးနိင်ကြတော့ပါဘူးဗျာ . ဥာဏ်ပညာကြီးမားတဲ့ လူတွေဆိုရင် သိနေကြပြီလို့ ယုံကြည်ပါတယ်ဗျု

နည်းပညာ ဆိုတာတော. လိုအပ်ရင် ပြည်ပမှ ယူသင်. ယူရမှာပါဘဲ..မီးရူးမီးပန်းဗျောက်အိုးပြုလုပ်တဲ.အတက်ပညာကို တရုတ်လူမျိုးတွေက အတော်ဆုံးလို. ကမ္ဘာကတောင် အသိအမှတ်ပြုထားလို. သူတို.ဆီက ယူသုံးခဲ.တာ အပြစ်မဟုတ်ပါဘူး ..နောက်ပြီး အခုကျွန်တော်တို.သုံးနေတဲ့
ဇိမ်ခံပစ္စည်းမှန်သမျှ Electronic မှန်သမျှ ယခု သုံးနေတဲ. Facebook ကအစ Computerအဆုံး
မီဒီယာသမားတွေသုံးနေတဲ. Camera Recorder အပါအ၀င် အားလုံးက ပြည်ပနိုင်ငံမှ နည်းပညာ
ကို ငွေနဲ.၀ယ်ယူခဲ.ရတာချည်.ပါဘဲ..ဒါကို သတိပြုစေချင်တယ်..

ကိုယ်.မြန်မာ မလုပ်တက်လို.လေ..မြန်မာက ဘယ်သူလည်းလို.မေးရင် ကျွန်တော်တို.ကိုယ်တိုင်
အသုံးမကျလို.ပါဘဲ..ဒါကြောင်. ကိုယ်.ကိုကိုယ်သာ ရှက်ကြပါဗျာ...

နောက် ဒီStatus နဲ.တွဲ၇ပ်ပုံက ကျွန်တော်ကိုယ်တိုင် သံဇကာကြားက ရအောင်ရိုက်ခဲ.တဲ.ပုံပါ
အဲဒီ Sea Game ဖွင်.ပွဲ Control ခန်းမှာ တရုတ်တွေသာမက မြန်မာ.အတက်ပညာရှင် အမျိုးသမီး
တွေပါ ပါဝင် ဆောင်ရွက်ခဲ.ကြတာပါ.. လူဆိုတာ ချီးကျူးစရာရှိရင် ချီးကျုးတက်ရတယ်ဗျ..

2012က Londonလိုနိုင်ငံကြီး မှာကျင်းပတဲ. the opening ceremony of the London 2012 Olympic Games မှာတောင် တရုတ်အကူအညီ ယူသုံးခဲ.ကြတာ ဘယ်သူမှ ဘာမှမပြောကြပါဘူးဗျာ..ကျွန်တော်တို.နိုင်ငံက မြန်မာလူမျိုးတွေဘဲ အချင်းချင်း အသားထဲက လောက်ထွက်ပြီး ကဲ.ရဲ.အပြစ်တင်နေကြတယ်..ပြည်သူ.စိတ်ဓါတ်မမြင်.မားရင် ဘယ်အစိုးရတက်တက် ဒီလိုဘဲဖြစ်နေကြအုံးမှာပါဘဲ..

နောက်ပြီး ဒီလို မြန်မာဟေ့လို. ကြက်သီးဖြန်းဖြန်းထအောင် ပြည်တွင်းမှာသာမက ပြည်ပကပါ Live ထုတ်လွှင်.အားပေးနေရတဲ.ပွဲကို လုံခြုံရေး တာဝန်အရ နေပြည်တော်မှာ ဆင်းရဲပင်ပန်းကြီးစွာ လာရောက်တာဝန်ထမ်းဆောင်နေကြတဲ. ရဲဝန်ထမ်း မော်တော်ပီကယ်အစ မီးသတ် လုံခြုံရေးအဆုံး ကပြနေတဲ.ခလေးတွေအပါအ၀င် တိုက်ရိုက်ကြည်.ခွင်.မရဘဲ ဗောက်အိုးဖောက်သံနှင်. လက်ခုတ်သံလေးတွေသာ သဲ့သဲ့လေး နားထောင်ရပြီး ကျရာတာဝန်မှာ လစ်ဟင်းမှုမရှိအောင် တာဝန်ထမ်းဆောင်နေတဲ.လူတွေကလည်း ဒု နဲ.ဒေး ပါ..ကျွန်တော်နေပြည်တော်မှာ ရောက်နေလို. မြင်တွေနေရပါတယ်..

ကပြပါဝင်တဲ.ခလေးတွေဆို မီးပန်းဖောက်တာတောင် လုံးဝ လှည်.မကြည်.ကြပါဘူး..သူတို.ငေးနေတဲ.အချိန် Camera က ရိုက်တဲ.အချိန်နဲ.ကြုံရင် နိုင်ငံသိက္ခာကျမှာစိုးလို.ထင်ပါတယ်..
ဆလိုက်မီးအမှောင်ချလိုက်တဲ.အချိန်မှာ ဘောလုံးကွင်းထဲမှာ အချိန်Delayမဖြစ်အောင်အသည်းအသန် ပြေးလွှာနေတဲ.
ခလေးတွေရဲ.ကြိုးစားမှုကို ကွင်းထဲမှာ သွားကြည်.တဲ.
လူတွေ ကပိုသိကြမယ်လို.ထင်ပါတယ်ဗျာ.

နာရီပိုင်းအတွင်းမှာ သမိုင်းအစဉ်အလာကြီးမားခဲ့တဲ့ ယဉ်ကျေးမှုအမွေအနှစ်ထွန်းကားတဲ့မြန်မာဆိုတာ ကမ္ဘာသိ ခဲ့ပါပြီ
လူမျိုးဂုဏ်နိုင်ငံဂုဏ်အတွက် နိုင်ငံချစ်စိတ်နဲ.အဘက်ဘက်မှ ဆောင်ရွက်ခဲ.တဲ.လူတွေအပေါ် ကျေးဇူးမတင်ချင်နေကြပါ ကျေးဇူးမကန်းကြပါနဲ.ဗျာ..ရှက်တက်ရင် ရှက်ကြစမ်းပါဗျာ...


ပိုက်ဆံတွေကုန်လို.ပြောနေတဲ. ဖြုတ်ဦးနှောက်နဲ. အဆိုးမြင်ဝါဒီတွေကိုတော. သူတို.သမ္မတ
ဖြစ်မှဘဲ Sea Game ဖွင်.ပွဲကို အကုန်အကျ သက်သာအောင် ရွာက လယ်ကွင်းထဲမှာအုန်းလက်နဲ.တဲထိုးပြီး အရူးကို အရက်မူးအောင် တိုက်ပြီး ကွေးအောင် က ခိုင်းပြီးသာ
နိုင်ငံတကာကို ချပြကျပါလို.။

Paing Phyo Thu
13.12.2013

12/13/13

လူပျောက်ကြော်ငြာ


လူပျောက်ကြော်ငြာ

ကျေးဇူးပြု၍ကူညီပေးကြပါဓာတ်ပုံပါအဖိုး
ဦးအောင် သန်း ၉၇နှစ်သည်
လမ်းလျှောက်ထွက်သွားပြီး
အိမ်ပြန်မ ရောက်လာ ၍
တွေ့မြင်ကြလျှင် ဆက်သွယ်ပေးကြပါရန်...

Ph..01 557412
09 51 11900
09 51 11910
09 51 11911

City Mark သွင်းကုန်များ တရားဝင် တင်သွင်းကြောင်း အထောက်အထားပြရန် အချိန်တစ်ရက် နောက်ဆုတ်


City Mark သွင်းကုန်များ တရားဝင် တင်သွင်းကြောင်း အထောက်အထားပြရန် အချိန်တစ်ရက် နောက်ဆုတ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၂

City Mart Holdings ကုမ္ပဏီနှင့် ဆက်နွှယ်နေသော Premium Food Services Products ကုမ္ပဏီ၏ နိုင်ငံခြားဖြစ် အရက်၊ ဝိုင်နှင့် အေးခဲအသားများ တင်သွင်းရာတွင် တရားဝင် တင်သွင်းကြောင်း အထောက်အထားများ တင်ပြချိန်ကို ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ နေ့လယ် ၁ နာရီအထိ နောက်ဆုတ်လိုက်ပြီး ယင်းအချိန်အထိ အထောက်အထား မပြနိုင်ပါက တရားဥပဒေအတိုင်း အရေးယူသွားမည် ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းအဖွဲ့ တာဝန်ခံ ဦးဝင်းလွင်က The Voice သို့ ပြောကြားသည်။

အဆိုပါ ကုမ္ပဏီ၏ တောင်းဆိုချက်အရ စတင်စစ်ဆေးသည့်နေ့မှ ရှစ်ရက်ကြာအထိ အချိန်ပေးထားပြီး ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီတွင် သက်သေ အထောက်အထား ခိုင်လုံစွာ တင်ပြရန် ပြောကြား ထားသော်လည်း စာရွက်စာတမ်း မိတ္တူများကိုသာ ပြသနိုင်ပြီး ယနေ့ နေ့လယ် ၁ နာရီအထိ အချိန်ပေး တင်ပြနိုင်ရန် ခွင့်ပြုထားကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဒါသူတို့အတွက် နောက်ဆုံး အခွင့်အရေးပဲ။ သူတို့ Extension တောင်းတာက ညနေအထိ တောင်းပေမယ့် ကြားချပြီး နေ့လယ် ၁ နာရီလို့ သတ်မှတ်လိုက်တာ။ သူတို့ကို အခွင့်အရေး သုံးကြိမ် ပေးပြီးသား။ ဒါမှ အထောက်အထား မပြနိုင်ရင် တရားဥပဒေအတိုင်း ဆက်ပြီး လုပ်သွားမယ်” ဟု ၎င်းကဆိုသည်။

သာကေတမြို့နယ်ရှိ ပေ ၁၁၀x ပေ ၇၀ ကျယ်ဝန်းသည့် တစ်ထပ်ခွဲ သိုလှောင်ရုံအတွင်း တရားမဝင် ကုန်စည်များ သိုလှောင် ထားရှိကြောင်း တိုင်တန်းချက်အရ ဒီဇင်ဘာလ ၄ ရက်နေ့တွင် လှုပ်ရှား အဖွဲ့ (Mobile Team) က ဝင်ရောက် စစ်ဆေးရာ နိုင်ငံခြားဖြစ် ဝိုင်ပုလင်းမျိုးစုံ ၈၇၆၇၅ လုံး၊ အရက်ပုလင်းမျိုးစုံ ၁၂၉၇ လုံးနှင့် အေးခဲအသား (Food Stuff) တန်ချိန် ၃၇ ဒသမ ၂ နီးပါးကို စစ်ဆေး တွေ့ရှိထားကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးတင်ရဲဝင်းက The Voice သို့ ပြောကြားသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ City Mart Holdings ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးကို ဖုန်းနှင့် ဆက်သွယ်မေးမြန်းရာ Premium Food Services Products ကုမ္ပဏီမှ တာဝန်ရှိသူကသာ ဖြေကြားနိုင်မည် ဖြစ်ကြောင်း ၎င်းက ပြန်လည် ဖြေကြားသည်။

လှုပ်ရှားအဖွဲ့ (Mobile Team) ၏ စစ်ဆေးမှု စတင်ပြီး နှစ်ရက်အကြာ ဒီဇင်ဘာလ ၆ ရက်နေ့မှ စတင်ကာ City Mart၊ Ocean နှင့် City Express ဆိုင်များတွင် နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက် ရောင်းချမှုကို ရပ်ဆိုင်း လိုက်ကြောင်း City Mart Holdings ကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ဝင်းဝင်းတင့်က ပြောကြားသည်။

တိကျခိုင်မာသည့် ကုန်သွယ်မှု မူဝါဒတစ်ခု မချမှတ်မီ ဈေးကွက်အတွင်း စစ်ဆေးအရေးယူမှုများ မပြုလုပ် သင့်ကြောင်းနှင့် ယင်းသို့ ပြုလုပ်ပါက ကုန်သည် လုပ်ငန်းရှင်များသာ အရှုံးနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လက်လီရောင်းချသူများ အသင်းဥက္ကဋ္ဌလည်း ဖြစ်သူ ဒေါ်ဝင်းဝင်းတင့်က ပြောကြားသည်။

နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ ဝိုင်နှင့် စီးကရက်များ တင်သွင်း ရောင်းချခွင့်ကို တားမြစ် ကန့်သတ်ထားခြင်းသည် လက်ရှိ တည်ဆဲဥပဒေ၊ ကုန်သွယ်မှု မူဝါဒပင် ဖြစ်ကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားသည်။

အစိုးရနှင့် နီးစပ်သူများ အဓိက လုပ်ကိုင်ခွင့် ရထားသော ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် တရားမဝင် ကုန်စည်များကို ယခုလကုန်တွင် စတင်စစ်ဆေးမည် ဖြစ်ကြောင်း လှုပ်ရှားအဖွဲ့က ပြောဆိုထားပြီး ဖြစ်သည်။

The Voice Weekly

*မြန်မာ့ဘောလုံး ပရိသတ်ကြီးအား အထူး မေတ္တာရပ်ခံချက် *

*မြန်မာ့ဘောလုံး ပရိသတ်ကြီးအား အထူး မေတ္တာရပ်ခံချက် *
===================================
လေးစားရပါသော မြန်မာ့ ဘောလုံး ပရိသတ်ကြီးခင်ဗျား

၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစားပွဲတော် (ဆီးဂိမ်းစ်) ဘောလုံးပြိုင်ပွဲဝင် မြန်မာ့ လက်ရွေးစင် ယူ ၂၃ အသင်း၏ ပွဲစဉ် များအား ရုပ်သံများမှသာမက ကိုယ်တိုင်ကိုယ်ကျ ကွင်းလုံးပြည့် လာရောက် အားပေးကြည့်ရှုခဲ့ကြသည့်အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ပရိသတ်ကြီးအား အထူးပင် ကျေးဇူးတင်ရှိပါသည်။ မြန်မာအသင်း ယှဉ်ပြိုင် ကစားခဲ့သည့် ကမ္ဘောဒီးယား၊ အရှေ့ တီမော တို့နှင့် ပွဲစဉ်များတွင် မြန်မာအသင်း အနိုင်ရခဲ့ခြင်းမှာ ပရိသတ်ကြီး၏ အားပေးမှုကလည်း အရေးပါသည့် ကဏ္ဍမှ ပါဝင်ပါသည်။ ကွင်းလုံးပြည့် ပရိသတ်ကြီး၏ မြန်မာဟု သံပြိုင်ကြွေးကြော်သံများနှင့် ဇာတိမာန် တက်ကြွဖွယ်ရာ ကောင်းသော အားပေးမှုများကြောင့် လှပသော ပွဲစဉ်များ ဖြစ်ခဲ့ရပြီး နိုင်ငံတကာမှ တိုက်ရိုက်ကြည့်ရှုနေကြသူများ အနေဖြင့်လည်း ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့ ဆီးဂိမ်းစ် ဘောလုံး ပွဲစဉ်များကို လေးစား တန်ဖိုးထား အသိအမှတ်ပြု ကြမည်မှာ အမှန်ပင် ဖြစ်ပါသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့်လည်း ပရိသတ်များ အဆင်ပြေ ချောမွေ့စွာဖြင့် ကြည့်ရှုအားပေး နိုင်ရေးကို အဓိက ဦးတည်၍ ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ လာမည့် ပွဲစဉ်များသည် မြန်မာ ယူ၂၃ အသင်းအတွက် အရေးကြီးသည့် ပွဲစဉ်များ ဖြစ်သလို ပြိုင်ပွဲအရှိန်လည်း ပိုမြင့်လာမည် ဖြစ်သည့်အတွက် ဘောလုံးပရိသတ်များ ပိုမို စိတ်ဝင်တစား အားပေးကြမည်ဟုလည်း မျှော်လင့်ထား ပါသည်။ ထိုသို့ မျှော်လင့်ထားသည့် အတိုင်းပင် မြန်မာနှင့်ထိုင်း အသင်းယှဉ်ပြိုင် ကစားမည့်ပွဲစဉ်အတွက် လက်မှတ်ရောင်းချရာ နေရာ များသို့ လာရောက် လက်မှတ်ဝယ်ယူသူ ပရိသတ် အရေအတွက်ကို မြင်တွေ့ရသည်မှာ အားရစရာ ကောင်းလွန်းလှပါသည်။ ပရိသတ် များ၏ မြန်မာအသင်းကို ကွင်းအတွင်း ၀င်ရောက်၍ အားပေးရန် ပင်ပင်ပန်းပန်း လက်မှတ်ဝယ်ယူနေကြခြင်းကိုလည်း အထူးပင် အသိအမှတ်ပြု ကျေးဇူးတင်ရှိပါသည်။ သို့သော် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် သုဝဏ္ဏအားကစားကွင်း၏ ပရိသတ်ဝင်ဆံ့မှု နှုန်းဖြစ်သည့် ပရိသတ် ဦးရေ(၃၀၀၀၀)အတွက်သာ လက်မှတ်များကို ရောင်းချနိုင်မည် ဖြစ်ပြီး ထိုအရေအတွက် ၃၀၀၀၀ ထက်ကျော်လွန်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ လက်မှတ်ရောင်းချနိုင်ခြင်း မရှိသည်ကိုလည်း ပရိသတ်များမှ နားလည်ပေးစေလိုပါသည်။

သို့သော် လက်မှတ်မရရှိသူ ပရိသတ်များအတွက် ကွင်းပြင်ပတွင် LED Board ဖြင့် အတူတကွ ကြည့်ရှုအားပေး နိုင်ရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ စီစဉ်ပေးထားပါသည်။ ကွင်းအတွင်း ၀င်ရောက်အားပေး နိုင်ခြင်းမရှိသည့် ပရိသတ်များအနေဖြင့် LED Board တွင် ပျော်ရွှင်စွာ အားပေးကြည့်ရှုရင်း ဆီးဂိမ်းစ် အောင်မြင်မှုအတွက် ပရိသတ်များဘက်မှလည်း တစ်ဖက်တစ်လမ်း မှ ကူညီပါဝင် ပေးကြပါရန် အထူးပင် မေတ္တာရပ်ခံပါသည်။ ပရိသတ်များ၏ မြန်မာအသင်းကို အားပေးလိုစိတ်ဖြင့် လက်မှတ်ရရှိရန် ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရမှု များအပေါ် လေးစားစွာ အသိအမှတ်ပြုပါကြောင်းနှင့် လက်မှတ်မရရှိသော ပရိသတ်များအားလုံးကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အနူးညွတ် တောင်းပန်ပါကြောင်း အထူးမေတ္တာရပ်ခံအပ်ပါသည်။

Ref : Myanmar Football Federation

ဆီးဂိမ်း ပိုက်ကျော်ခြင်း အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲတွင်


ဆီးဂိမ်း ပိုက်ကျော်ခြင်း အမျိုးသမီး အသင်းလိုက်ပြိုင်ပွဲတွင်

မြန်မာအသင်းက ငွေတံဆိပ် ဆု ရရှိလိုက်ပါတယ်။

ထိုင်းအမျိုးသမီး အသင်းက ပထမ ၊
မလေးရှား နဲ့ အင်ဒို အသင်းက ပူးတွဲ တတိယဆု ရရှိကြောင်းသိရပါတယ်။

ငွေတံဆိပ်ဆုရှင် ပိုက်ကျော်ခြင်း အမျိုးသမီးအသင်းကို ဂုဏ်ပြုအပ်ပါသည်။

`ငါတို့ရိုးရာဝတ်စုံ ကီမိုနိုလို .. မင်းတို့ ရိုးရာဝတ်စုံက ဘယ်လိုမျိုးလဲ``

ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင်..
အလုပ်နားချိန်မှာ ... စပ်စုစိန် ကိုရွှေဖိုခေါင်းက မဆီမဆိုင် လာမေးတယ်

``ငါတို့ရိုးရာဝတ်စုံ ကီမိုနိုလို .. မင်းတို့ ရိုးရာဝတ်စုံက ဘယ်လိုမျိုးလဲ`` တဲ့

ကျွန်တော်တစ်ချက်ကြောင်သွားတယ်... ပြီးတော့ ပျော်သွားတယ်
ရိုးရာဝတ်စုံတင်မကဘူး ..မြန်မာ့ရိုးရာ ယဉ်ကျေးမှုကိုပါ ပြဖို့
မနေ့တနေ့ကမှ ကြီးကြီးကျယ်ကျယ်ဖွင့်လှစ်ထားတဲ့ ဆီးဂိမ်းပွဲကြီး ရှိနေတာပဲ

ဒါနဲ့ youtube ကဒေါင်းထားတဲ့ ... SEAGAME ဖွင့်ပွဲ အခမ်းအနားကို ဖွင့်ပြလိုက်တယ်

ဆီးဂိမ်းဖွင့်ပွဲလုပ်တဲ့ ကွင်းကြီးရယ်..
လှပဆန်းပြားတဲ့ မီးရှူးမီးပန်းတွေရယ်..
နောက် မြန်မာ့ဆိုင်း မြန်မာ့ဂီတ..မြန်မာ့စောင်း..အဲဒီ စောင်းကြိုးတွေကို ညင်သာစွာတီးခတ်နေတဲ့
မြန်မာမိန်းမပျိုလေးများရဲ့ ကျက်သရေရှိတဲ့ အသွင်ဟန်ပန်တွေ..

အနော်ရထားမင်းကြီးရဲ့ ကြီးကျယ်ခမ်းနားတဲ့ နန်းသဘင် သရုပ်ဖော်ပြကွက်တွေ ..
ပုဂံရဲ့ မှော်ဆန်တဲ့ အလှတရားတွေနဲ့.. မြန်မာ့ရေမြေ မြန်မာ့ရှုခင်း အလှတွေ.

အားလုံး ပါးစပ်လေးအဟောင်းသားနဲ့ ..အံ့သြတကြီး ကြည့်နေကြတယ်

ပြီးတော့ ... ငြိမ်ငြိမ်သက်သက်နဲ့ တောက်လျှောက်ထိုင်ကြည့်နေတဲ့ ဆိုင်ခေါင်းက
ကျွန်တော့်ကို စကားတစ်ခွန်း လှမ်းမေးတယ်

``အဲဒါ မင်းတို့ မြန်မာနိုင်ငံမှာ လုပ်တာလား``

.....

အဲဒီအချိန်မှာ..ကျွန်တော် မညာပါဘူး ... အလိုလို ကော့လိုက်မိတဲ့ ရင်ဘတ်တစ်စုံနဲ့
နှုတ်ဖျားက အသံတစ်စုံက ၀ံ့ကြွားစွာ ထွက်သွားတယ်

``ဟုတ်တယ်... အဲဒါ ငါတို့နိုင်ငံ မြန်မာနိုင်ငံမှာ လုပ်တာ ``

ကျွန်တော့် စကားသံ အဆုံးမှာ ... အားလုံးရဲ့ အကြည့်တွေက ကျွန်တော့်ဆီ ရောက်လာတယ်လို့
ကျွန်တော် သိလိုက်တယ်... ပြီးတော့

သူတို့ အကြည့်တွေမှာ ... အံ့သြခြင်းနဲ့အတူ ... ဒီလို ပွဲကြီးကို အံမခန်းဖျော်ဖြေတင်ဆက်မှုတွေနဲ့
ကျင်းပနိုင်တဲ့ မြန်မာနိုင်ငံကို အထင်ကြီးမှုတွေ ရောယှက်ပါဝင်နေတယ်လို့ ကျွန်တော် ခံစားရတယ်

ုသူတို့ သေချာ ရေရာ မသိခဲ့တဲ့ မြန်မာဆိုတဲ့ နိုင်ငံတစ်ခုက
ခုချိန်မှာ ..ကြီးကျယ်ခမ်းနားတဲ့ ပုံရိပ်တွေ အပြည့်နဲ့ နိုင်ငံတစ်ခုဖြစ်သွားခဲ့ပြီ

နိုင်ငံရဲ့ image မြင့်တက်သွားတဲ့အခါ...
အဲဒီနိုင်ငံကနေ ပေါက်ဖွားလာတဲ့ .. နိုင်ငံသားတွေရဲ့ image ကပါ မြင့်တက်သွားတယ်

တစ်ချိန်က စားသောက်ဆိုင်တစ်ခုအ၀င်...ဆိုင်ဝရပ်လိုက်တာနဲ့ အော်တိုမစ်တစ်ပွင့်တဲ့
မှန်တံခါးချပ်အနား .. ဆိုင်ခေါင်းဖြစ်သူက ကျွန်တော့်ကို နောင်ပြောင်ဖူးတယ်

မင်းတို့ နိုင်ငံမှာ ဒါမျိုး ရှိသလားတဲ့ ..

အဲဒီ အကြည့်နဲ့ အဲဒီအပြောကို ကျွန်တော် လုံးဝ မမေ့ခဲ့ဘူး

ခု .. သူ ကျွန်တော့်ကို ကြည့်နေတဲ့ အကြည့်တွေမှာ ...
သူပြောခဲ့တဲ့ စကားအတွက် .. တောင်းပန်တဲ့ အကြည့်တွေပါ ရောယှက်နေတယ်

ဒါက .. ခုန သူတို့ကြည့်ခဲ့တဲ့ ဆီးဂိမ်းဖွင့်ပွဲကြီးရဲ့ ကြီးကျယ်ခမ်းနားမှုတွေက
မြန်မာဆိုတာ ဘာလဲ .. သူတို့ ခေါင်းထဲ ရိုက်သွင်းသွားခဲ့လို့ပေါ့

ကျေးဇူးတင်ပါတယ် ..

တစ်ကယ်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်

မြန်မာနိုင်ငံရဲ့ image တင်မက .. မြန်မာနိုင်ငံသားတွေရဲ့ image ကိုပါ မြှင့်တင်ပေးနိုင်ခဲ့တဲ့
ဒီလို ပွဲကြီးကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား လုပ်ဆောင်ပေးခဲ့တဲ့
အစိုးရ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်

ဒီပွဲကြောင့် .. တိုင်းတစ်ပါးမှာ ရောက်နေကြတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ
မျက်နှာပွင့်တယ်ဗျာ ... မြန်မာဆိုပြီး လက်မထောင်ခွင့်ရတယ်

မြန်မာနိုင်ငံမှာ ကျင်းပတဲ့ 27 ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲကြီးက ကျွန်တော်တို့နိုင်ငံသားတွေအတွက်
အမြဲတမ်းဂုဏ်ယူနေရမယ့် တန်းဖိုးဖြတ်လို့မရတဲ့ ကြီးမားတဲ့ လက်ဆောင်မွန်တစ်ခုပါ

လေးစားစွာဖြင့်

(ဆရာကြယ်)

ဆီးဂိမ်း အလေးမ ပြိုင်ပွဲ




ဆီးဂိမ်း အလေးမ ပြိုင်ပွဲ ကို

သိမ်ဖြူကွင်းမှာ နေ့လည် ၁၂ နာရီ စတင်ကျင်းပမှာမို့ ...

ကျားကျားလျားလျား မြန်မာ့သားကောင်းတွေကို အားပေးကြရင်း....

မြန်မာ မြန်မာ လို့ အားမာန်အပြည့်နဲ့ ဟစ်ကြွေးနိုင်ကြပါစေ..

ရွှေဆုတွေ ယူပေးမယ့် အလေးမ အားကစားမောင်မယ်တွေဆီ

လာရောက် အားပေးကြရင်း ရင်ခုန်နိုင်ကြပါစေ...။

တစ်ခါတည်းပြိုင်ပြီး တစ်ခါတည်းဆုပေးမှာမို့ ပရိတ်သတ်အားလိုတယ်နော...

ပရိတ်သတ်တွေလည်း ကျေနပ်ကြမယ့် ပြိုင်ပွဲ ဖြစ်ပါတယ်။

ဆီးဂိမ်းအားကစားပွဲတော် မြန်မာ

ဆီးဂိမ်း ပန်ကြပ်ဆီလပ် ပြိုင်


ဆီးဂိမ်း ပန်ကြပ်ဆီလပ် ပြိုင်ပွဲ မှာ

မြန်မာ အားကစားသမား ၈ ဦး ဗိုလ်လုပွဲတက်သွားပါပြီ။

ဗိုလ်လုပွဲကို ၁၅.၁၂.၂၁၁၃ နေ့တွင် ယှဉ်ပြိုင်ကြမည် ဟု သိရပါသည်။

မြန်မာအားကစား ကမ္ဘာကို လွှမ်းစေရမည်********************