သတင်းနှင့်နည်းပညာများ

7/4/14

အဓိကရုဏ်းတွင် သေဆုံးသူ အသုဘ မြို့ပတ်ချ၊ မန္တလေး ချောက်ချားနေ


NEWS UPDATES
အဓိကရုဏ်းတွင် သေဆုံးသူ အသုဘ မြို့ပတ်ချ၊ မန္တလေး ချောက်ချားနေ
ဧရာဝတီ
ဇူလိုင် ၁ ရက် ညက သေဆုံးသွားသည့် ကိုထွန်းထွန်း၏ နာရေးကို လိုက်ပါပို့ဆောင်သည့် ယာဉ်တန်းသည် မန္တလေးမြို့ကျုံးသို့ တပတ်ပတ်ပြီး မန္တလေးတောင်ခြေ၊ မြောက်ဘက် အေးရိပ်ငြိမ်သုသာန်သို့ ဦးတည်သွားနေကြသည်။ လိုက်ပါပို့ဆောင်သည့် ကားများ ရာချီရှိပြီး ဆိုင်ကယ်ထောင်ချီရှိကြောင်း သတင်းရရှိသည်။ လိုက်ပါပို့ဆောင်သူ သောင်းချီရှိပြီး အများစုက ကမ္ဘာမကြေ သီချင်းစာသားကို အော်ဟစ်သီဆိုလျက်ရှိကြသည်။ အသုဘယာဉ်တန်း ဦးတည်သွားရာ မတ္တရာလမ်းတလျှောက်တွင် တုတ်များ ကိုင်ဆောင်ထားသည့် လူ ၂၀၀ မှ ၅၀၀ အကြား လူအုပ်ကို မြင်ရကြောင်း မျက်မြင်သက်သေများက ဆိုသည်။ တချိန်တည်းတွင် လူအချို့က လမ်း ၂၀ နှင့် ၂၂ လမ်းကျား လမ်း ၈၀ ပေါ်ရှိ ဗလီတလုံး ခဲနှင့်အပစ်ခံရကြောင်း၊ ဗလီအနီးရပ်ထားသော လိုက်ထရပ်ကားတစီးကိုလည်း ဝိုင်းဖျက်ကြကြောင်း သိရသဖြင့် ရဲတပ်ဖွဲ့က လုံခြုံရေးပေးခဲ့ရသည်။ ယနေ့ နေ့လည် ၁ နာရီမှ စ၍ မန္တလေးမြို့ပေါ်ရှိ ပုဂ္ဂလိကဘဏ်များ၊ ဈေးဆိုင်ခန်းများနှင့် လမ်းဘေးအရောင်းဆိုင်များ ပိတ်သိမ်းသွားပြီး နေ့လည်ပိုင်းမှ စ၍ မြို့ပေါ်တွင် လူသွားလူလာ နည်းပါးသွားကာ ချောက်ချားလျက် ရှိသည်။ မန္တလေး၏ လူသွားလူလာများသော အဓိက လမ်းမကြီးများတွင် လုံခြုံရေးရဲအင်အား ထပ်မံတိုးချဲ့ထားကြောင်းလည်း သိရသည်။ ယနေ့ မနက် ၅ နာရီခန့်က ၂၇-၂၈ လမ်းကြား နှင့် ၈၁-၈၂ လမ်းကြားရှိ ဂျွန်းဗလီ သို့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များဝင်ရောက်ပြီး ဗလီဆရာအပါအဝင် လူငါးဦးကို စုံစမ်းမေးမြန်းရန် ခေါ်ဆောင်သွားသည်။


မန္တလေးတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်


မန္တလေးတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်
--------------------------------

7/2/14

အမျိုးသားပေါင်း ၁သောင်းကျော်နဲ့ အိပ်ခဲ့ပြီး စာအုပ်ပြန်ရေးသူ


အမျိုးသားပေါင်း ၁သောင်းကျော်နဲ့ အိပ်ခဲ့ပြီး စာအုပ်ပြန်ရေးသူ
Montenegro လို့ အမည်ရတဲ့ သြစတေးလျ နိုင်ငံက အမျိုးသမီးဟာ အသက် ၂၁ နှစ်မှာ Escort လို့ခေါ်တဲ့ ကာကွယ်စောင့်ရှောင့်ရေး လုံခြုံရေး လုပ်ငန်း တစ်ခုမှာ အမျိုးသား တွေနဲ့ တန်းတူ လုပ်ကိုင် ပါတယ်။ အဲ့ဒီ အချိန်ကနေ စလို့ Prostitution ကိုပါ လုပ်လို့လုပ်မှန်း မသိ လုပ်မိလာခဲ့ ပါတယ်။
၁၀ နှစ်ကျော် ကြာသွားတဲ့ အချိန် လေယာဉ်မောင်း လိုင်စင် ရလို့ ပိုင်းလော့ စလုပ်ပေမယ့် တစ်နှစ် အတွင်းမှာပဲ ကျောက်ကပ် ရောဂါ ကြောင့် အနားယူရ ပြန် ပါတယ်။ ဒီတော့ Prostitution ဘက် ကိုပဲ ပြန်ရောက် ပါတယ်။ ၁၅ နှစ် ကျော် ကြာ လုပ်ကိုင်ခဲ့တဲ့ အဲ့ဒီ နယ်ပယ်မှာတော့ သူဟာ အင်မတန် ထူးချွန် ပါတယ်။ အမျိုးသားပေါင်း ၁၀၀၉၁ (တစ်သောင်းကျော်) နဲ့ တစ်သက် တစ်လျှောက် အိပ်ခဲ့ ဖူးပြီး တစ်ရက်ကို ၁.၈ ယောက် နဲ့ အိပ်ကြောင်း သင်္ချာနည်းကျကျ တွက်ချက်လို့ ရ ပါတယ်။ တစ်လကို ၅၆ ဦးနဲ့ အိပ်စက်ခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ Ms Montenegro ဟာ ယောင်္ကျား အကြောင်း နောကြေ သွားသူ ဖြစ်ပါတယ်။ ဒီတော့ 10,000 Men And Counting လို့ အမည်ရတဲ့ စာအုပ်ကို သူမ ကိုယ်တိုင် ရေးသား ထုတ်ဝေ လိုက်ပါတယ်။
သက်တမ်း တစ်လျှောက် သူမ နဲ့ အိပ်စက် ခဲ့တဲ့ အမျိုးသား အရေ အတွက် ကိုလည်း တိတိကျကျ မှတ်တမ်း တင်ခဲ့သူ ဖြစ်ပါတယ်။ သူမဟာ ရုပ်ရည် နဲ့ ပညာ အရည်အချင်း အရလည်း ခေ သူ မဟုတ်ပေမယ့် အဲ့ဒီ အလုပ်မှာ ပရော်ဖက်ရှင်နယ် ဖြစ်ခဲ့သူသာ ဖြစ်ပါတယ်။ 10,000 Men And Counting လို့ အမည်ရတဲ့ စာအုပ်ကို အွန်လိုင်းကနေရော၊ စာအုပ်ဆိုင်တွေမှာကော ဥရောပ နဲ့ အမေရိက တို့မှာ စတင် ရောင်းချ နေပြီ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
.

7/1/14

အမျိုးသမီးတစ်ဦးကို အိမ်ပြန်လိုက်ပို့ပေးမည်ဟုဆိုကာ အဓမ္မပြုကျင့်


အမျိုးသမီးတစ်ဦးကို အိမ်ပြန်လိုက်ပို့ပေးမည်ဟုဆိုကာ အဓမ္မပြုကျင့်
=============================================
သီဟလွင်-ပြည်(မြစ်မခ) - ဖလားဝါးနယူးစ်ဂျာနယ် အတွဲ(၁၀)၊ အမှတ် (၂၅)။
ပြည်၊ ဇွန် ၂၇- ပဲခူးတိုင်းဒေသကြီး အ နောက်ပိုင်း ပြည်မြို့တွင် မန္တလေးမှ ပြည်မြို့ နယ်သို့ပြန်လာသော မိန်းကလေးအား ပြည် မြို့သို့အရောက်တွင် ထွန်းမြင့်နိုင်ဆိုသူက မိန်းကလေးနေထိုင်သောကျေးရွာသို့ လိုက် ပို့ပေးမည်ဆိုကာ တစ်ညတာ ခေါ်ဆောင် သွားပြီးနောက် ဇွန် ၂၆ရက်တွင် ပြည်မြို့ ဘူတာကြီးသို့ ပြန်လည်လိုက်ပို့ရာမှ ဒေသခံများမှ ဝိုင်းဝန်းဖမ်းဆီး၍ ရဲစခန်းသို့ ပို့ ဆောင်ခဲ့ကြောင်းသိရသည်။
အဆိုပါမိန်းကလေးက မန္တလေး မှ ပြည်မြို့သို့ ဇွန်၂၅ရက် နံနက်ပိုင်းတွင် ရောက်ရှိခဲ့ပြီးနောက် ရွှေဆံတော်ဘုရား ပေါ်တွင် ထွန်းမြင့်နိုင်ဆိုသူနှင့် တွေ့ဆုံခဲ့ ပြီး မိန်းကလေးပြန်မည့်ရွာကို သိကြောင်း၊ ထို့ကြောင့် သူကိုယ်တိုင် လိုက်ပို့ပေးမည် ဟုပြောဆိုကာ နဝဒေးတံတားအနီးရှိလူသူ ပြတ်လတ်သော အလောင်းတော်ကဿပတောင်ပေါ်သို့ခေါ်သွားပြီးနောက် လက်သီးဖြင့်ထိုးကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ် ကြောင်း မိန်းကလေး၏ ပြောပြချက်အရဖခင်ကထွက်ဆိုခဲ့သည်ဟု ပြည်မြို့မရဲစ ခန်းမှ တာဝန်ကျရဲအရာရှိကပြောသည်။
ဇွန်၂၅ ရက်ညနေပိုင်းတွင် စွပ်စွဲ ခံရသူကမိန်းကလေးအား ပြည်မြို့တစ်ဖက် ကမ်း ကံမမြို့နယ် ဝဲကြီးရွာသို့ ခေါ်ဆောင် သွားပြီး အုပ်ချုပ်ရေးမှူးအား မိန်းမခိုးလာ သည်ဟုပြောဆိုကာ လက်မှတ်ထိုးခိုင်းခဲ့ သော်လည်း မှတ်ပုံတင်မပါရှိ၍ လက်မှတ် မထိုးပေးခဲ့ကြောင်း၊ ဇွန်၂၆ရက်တွင် အဆိုပါ မိန်းကလေးအား ပြည်မြို့ ဘူတာကြီးသို့ ပြန်လည်ပို့ဆောင်ရာတွင် ဖမ်းဆီးရမိခဲ့ ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများတွင် ဖော် ပြထားသည်။
''အဲဒီကောင်က ကျွန်တော်တို့ ဘူတာကို ကောင်မလေးကို ဆိုင်ကယ်နဲ့ လာပို့ပြီး ပြန်မယ်လုပ်တော့ ကျွန်တော်တို့ ကတားတာ ဒီကောင်ကထွက်ပြေးတယ်။ အဲဒါအနီးအနားက လူတွေက ဝိုင်းဖမ်းပြီး ရဲစခန်းပို့လိုက်တယ်။ ကောင်မလေးရဲ့အမေ ဆို မျက်ရည်နဲ့မျက်ခွက်ပဲ။ စိတ်မကောင်း ဖြစ်မိတယ်''ဟု ပြည်မြို့ ဘူတာကြီးအနီးမှ လိုက်လံဖမ်းဆီးပေးခဲ့သော ဒေသခံတစ်ဦး က ပြောသည်။
အဆိုပါမိန်းကလေးသည် မန္တ လေးမြို့ရှိ အဒေါ်ဖြစ်သူထံသို့ သွားရောက် နေထိုင်စဉ် မိခင်နေမကောင်း၍ ပြန်လာ ရန်မှာကြားခဲ့သောကြာင့် အဒေါ်ဖြစ်သူက မန္တလေး-ပြည်ကားဂိတ်သို့ ပို့ဆောင်ပေးခဲ့ ပြီး ဇွန် ၂၅ရက် နံနက်ပိုင်းတွင် ပြန်ရောက် နိုင်ကြောင်း ဖုန်းဆက်ပြောဆိုခဲ့သော်လည်း ပြန်လည်ရောက်ရှိလာခြင်းမရှိ၍ ပြည်မြို့ပေါ် ထိ လိုက်လံရှာဖွေရာမှ ၂၆ရက်တွင် ပြည် မြို့ဘူတာကြီးတွင် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း မိန်းကလေး၏ ဖခင်ဖြစ်သူက ရဲ စခန်းတွင်ထွက်ဆိုသည်။
အဆိုပါအမှုအား ပြည်မြို့မရဲစ ခန်းတွင် မိန်းကလေး၏ဖခင်က တရားလို ပြုလုပ်တိုင်တန်းခဲ့ပြီး (ပ) ၄၈ဝ/၂ဝ၁၄ ပြစ် မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၆/၃၂၃ ဖြင့်စစ် ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။


Yangon Media Group

6/30/14

မန္တလေးမြို့တွင် ချို့တဲ့ကလေးများအတွက် ရည်ရွယ်သော ပလက်ဖောင်း စာသင်ဝိုင်းအပေါ် စိတ်ဝင်စား၍ လှူဒါန်းမှုများ ရှိလာ


မန္တလေးမြို့တွင် ချို့တဲ့ကလေးများအတွက် ရည်ရွယ်သော ပလက်ဖောင်း စာသင်ဝိုင်းအပေါ် စိတ်ဝင်စား၍ လှူဒါန်းမှုများ ရှိလာ
မန္တလေးမြို့တွင် ချို့တဲ့သူ ကလေးများအတွက် ရည်ရွယ်သော ပလက်ဖောင်း စာသင်ဝိုင်းအပေါ် စိတ်ဝင်စား လှူဒါန်းမှုများ ရှိလာကြောင်း သိရသည်။
၇၇ လမ်း၊ လမ်း ၃၀ နှင့် ၃၁ လမ်းကြား မီးရထား တိုက်ခန်းဆိုင်များရှေ့တွင် ညစဉ် ၇ နာရီမှ ၉ နာရီအထိ စေတနာ့ ၀န်ထမ်းများက ချို့တဲ့ကလေးများကို ပညာသင်ကြား ပေးလျက်ရှိကြောင်း သိရသည်။ "ပလက်ဖောင်းပျိုးခင်း" ဟု အမည်ပေးထားသည့် အဆိုပါ အခမဲ့ ပညာဒါနတွင် သူငယ်တန်းမှ ဒသမတန်းအထိ ပညာသင်ကြား ပေးနေခြင်းဖြစ်ကာ ကလေးများ၏ ကျောင်းစရိတ်၊ စာရေးကိရိယာ၊ အ၀တ်အစားများ အတွက်ပါ အကုန်ကျခံ တာဝန်ယူပေး နေသော်လည်း အလှူခံခြင်း မရှိကြောင်းနှင့် လာရောက်လှူဒါန်း မှုများကိုသာ လက်ခံကြောင်း ကလေးများကို ယဉ်ကျေးလိမ်မာ၊ နေထိုင်နည်း၊ အကျင့်စာရိတ္တဆိုင်ရာ လိမ်မာရေးခြား ရှိစေရန် သင်ကြားပေးသည့် ဆရာတော် အရှင်ကုမုဒမှ မိန့်ကြားသည်။
"သက်တမ်းက ငါးနှစ်လောက် ရှိပြီ။ မီးရထား ရဲဝန်ထမ်းတစ်ဦးက အရင်ဦးဆောင်ပြီး ဘူတာကြီး တစ်ဝိုက်က လေလွင့်ကလေးတွေ၊ ကျောင်းမနေနိုင်တဲ့ ကလေးတွေကို ခေါ်ယူသင်ကြားပေး၊ ကျောင်းထားပေးရင်းနဲ့ အခု ကလေး ၃၃ ယောက်မှာ ဆယ်တန်းတစ်ယောက်၊ ကိုးတန်းနှစ်ယောက်တောင် ရှိပြီ။ ဆယ်တန်းရောက်နေတဲ့ ကလေးဆိုရင် ဒီပလက်ဖောင်းပျိုးခင်း စထောင်ကတည်းက သင်ကြားပေးခဲ့တဲ့ သူပါ။ ဒကာကြီးက မီးရထား ရဲဝန်ထမ်းစောင့်ရင်း နိုင်သလောက်လုပ်တဲ့ သဘောဖြစ်လို့ ဘူတာကြီး ပလက်ဖောင်းဘေးမှာပဲ သင်ကြားပါတယ်။ တစ်ဆင့်စကားနဲ့ ကလေးတွေအတွက် လာရောက်လှူဒါန်းမှုတွေ များလာတယ်" ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။
မိဘမှ ကျောင်းထားရန် အခက်အခဲ ဖြစ်နေသည့် ကလေးများ၊ လေလွင့်ကလေးများ၊ ဘူတာကြီး တစ်ဝိုက်တွင် လုပ်ကိုင်စားသောက်နေသည့် ဆင်းရဲချို့တဲ့သည့် ကလေးများကို ပညာသင်ကြားပေးရင်း စာရိတ္တပိုင်းဆိုင်ရာ တိုးတက်လာစေရန် အတွက်လည်း ရည်ရွယ်၍ သင်ကြားခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ ၇၇ လမ်း၊ လမ်း ၃၀ နှင့် ၃၁ လမ်းကြား ချို့တဲ့ကလေးများအား သင်ကြားပေးနေသော ပလက်ဖောင်း စာသင်ဝိုင်းအား တွေ့ရစဉ်