ဗလီဆောက်ရန် ပြင်နေသည်ဟုဆိုကာ စုံစမ်းစစ်ဆေးပေးရန် သံဃာတော်များ လက်မှတ်ရေးထိုး ကန့်ကွက်
====================================
မာန်ယုကျော် (ရွှေဝမြေ)
====================================
ရန်ကုန် ၊ နိုဝင်ဘာ ၂၂ ။ ။ သင်္ဃန်း ကျွန်းမြို့နယ်ရှိ ရပ်ကွက်တစ်ခု ၌ ဗလီဆောက်လုပ်ရန် ပြင်ဆင် နေသည်ကို စုံစမ်းစစ်ဆေးပေးရန် အဆိုပါမြို့နယ် မှ သံဃာတော် ၃ဝဝခန့်က နိုဝင်ဘာ ၂၂ရက် တွင် လက်မှတ်ရေး ထိုး ကန့်ကွက် လိုက်ကြကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် င/ က ရပ်ကွက် ဇာဝေယာအရှေ့ အ မှတ်(၇၄/၇၅) တွင် အစ္စလာမ် ဘာသာဝင်များ၏ ''အစ္စလာမ့် လင်းရောင်ခြည် ဘာသာရေး အ ခြေခံစာသင်ကျောင်းနှင့် ဝတ်ပြု ဆောင်'' မှာ ဟောင်းနွမ်း ပျက်စီးယို ယွင်းလာ သည့်အတွက် ပြန်လည်ပြင်ဆင် မည်ဟုဆိုကာ ဗလီဆောက်လုပ် ရန်ကြိုးပမ်းနေခြင်း ကို ဖြေရှင်း ဆောင် ရွက်ပေးရန် သင်္ဃန်းကျွန်း မြို့နယ်မှ သံဃာတော်အပါး ၃၀၀ ကျော်ခန့်က လက်မှတ်ရေး ထိုး၍ နိုဝင်ဘာ ၂၂ရက်တွင် သင်္ဃန်းကျွန်း ခရိုင်အုပ်ချုပ်ရေး မှူးရုံးအပါအ ဝင် သက်ဆိုင် ရာအဖွဲ့အစည်းအ သီးသီးသို့ တင်ပြတောင်းဆိုခဲ့ကြ ကြောင်း သိရသည်။
''ပြုပြင်မယ်ဆိုပြီး သူတို့ တင်ပြထားတာက စာသင်ဆောင် တစ်ခုတည်း မဟုတ်ဘဲ ဝတ်ပြု ဆောင်ဆိုပြီး ပါလာတယ်။ ဝတ် ပြုဆောင်ဆိုတာ ဗလီပဲပေါ့။ ဒါကို ဦးဇင်းတို့ မလိုလားဘူး။ ဒါကြောင့် သံဃာတော်တွေ စုပေါင်းလက် မှတ်ထိုးပြီးတော့ ခုလို ဗလီဆောက် လုပ်ဖို့ ပြင်ဆင်နေမှုကို ယာယီ ရပ်ဆိုင်းပြီး ဒီအဆောက်အအုံဟာ အရင်က အိမ်လား၊ အဆောက် အအုံလား၊ စာသင်ဆောင်လား ဆိုတာ သေချာစုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး ဖြေရှင်းဆောင်ရွက် ပေးဖို့တောင်းဆိုတာ''ဟု လက် မှတ်ရေးထိုး တောင်းဆိုရာတွင် ပါဝင်ခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ် အသောကသီတဂူဆရာတော် ဦးသီရိဒတ္တာလင်္ကာရက မိန့်ကြား သည်။
သတင်းအပြည့်အစုံသို့=>http://goo.gl/KCzlVl
Credit By - Yangon Media Group
11/23/13
ကိုင်း ဒီကိစ္စဘယ်လို လုပ်ကြမတုန်း
ကိုင်း ဒီကိစ္စဘယ်လို လုပ်ကြမတုန်း
ကျောင်းနား မှာ ဆေးလိပ် ဆေးရွက်ကြီး ကင်းစင် နယ်မြေ ဆို လူကြီးပြောင်းသွားလို့ ဆောင် ပုဒ်ပါ သူ့နောက်ပါသွားလေ ရော့သလား မ ပြောတတ်ပါဘူး ဒီအထဲက တစ်ပုံကို အိတ်ပိတ်ပြီး အဲ့ဒီကျောင်းက အတန်း ခေါင်းဆောင် ဆရာလက်ထဲလဲထည့်ပြီးပါပြီ အ ထောက်အထား ယူပေးတဲ့ ကိုယ့်ကို တောင် ပြန် ရန်လုပ်ချင် တဲ့ပုံပဲ ပြောပုံက ဒီပုံ ဘယ်သူရိုက်တာလဲတဲ့ ဒါ ကျောင်း ကို သိက္ခာချတာဆိုလားဘဲ ။ တလ ကျော်သွားပါပြီ ဘာမှထူးမလာပါဘူး ။ ကျောင်းနားက ဆိုင်တွေက တော့ ဆေးလိပ်ကို ကျောင်းသား ကျောင်းသူ တွေကို ရောင်းဆဲပါဘဲ အ ကြွေအမ်း တာတောင် ငါးဆယ် မရှိလို့ ဆေးလိပ်ယူသွားတဲ့ဗျာ နားနဲ့ ဆက်ဆက် ကိုကြားတာပါ ပထမတော့ က လေးက မယူပါဘူး နှစ်ခါလောက်ပြောတော့ သူလည်း ယူသွားရှာတယ် ဒီအချိန်မှာ သွားပြောရင် ရန်ဖြစ်ဖို့ပဲရှိတာပေါ့ ဖြစ်စေချင် တာက ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရောင်းတဲ့ ဆိုင်တွေကို ကျောင်းသား သူတွေကို ဆေးလိပ် မ ရောင်းဖို့သတိပေးလို့ ကျောင်းအုပ်ကြီးကလည်း ဆေးလိပ် သောက်တဲ့ က လေးကို သိတာနဲ့ ပြင်းပြင်းထန်ထန်အ ရေးယူမယ်လို့ သတိပေးလို့ ဒီလိုလေး ဖြစ်စေချင် တာပါ တစ်လ သာကျော်သွားတယ် မထူးလာဘူး ဒါ့ကြောင့် ဖွဘုတ်မှာ တင်ပြီး ဖွတယ် လို့သာမှတ်ပေါ့ဗျာ။ ခေတ်မှီလာပြီနော် ကိုရီးယားမ တွေ လိုပဲ နောက်ဆို အရက်ဆိုင် ပါထိုင်တော့မှာ ရင်လေးပါတယ်ဗျာ အဲဒီအချိန် ရောက်မှာနဲ့ ကျုပ်သမီး အဲ့ဒီ့အရွယ် ရောက်မှာနဲ့က တော့ ကွက်တိပဲ အမြင် မ တော်သူများ များများရှဲပေးကြပါဗျာ အမြင်တော်ရင်တော့လည်းတတ်နိုင် ဘူး ကျောင်းနာမည် သိချင် သူများ ချက်ဘောက်မှတဆင့် မေးမြန်းနိုင် ကါတယ် ။ မေးမြန်းဆုံစမ်းခြင်းကို ဒလ ဟော ခွင့်ပြုပါတယ်။
ပုံ
အမြင် မ တော်သူ သုံးဦး
(5 photos)ကျောင်းနား မှာ ဆေးလိပ် ဆေးရွက်ကြီး ကင်းစင် နယ်မြေ ဆို လူကြီးပြောင်းသွားလို့ ဆောင် ပုဒ်ပါ သူ့နောက်ပါသွားလေ ရော့သလား မ ပြောတတ်ပါဘူး ဒီအထဲက တစ်ပုံကို အိတ်ပိတ်ပြီး အဲ့ဒီကျောင်းက အတန်း ခေါင်းဆောင် ဆရာလက်ထဲလဲထည့်ပြီးပါပြီ အ ထောက်အထား ယူပေးတဲ့ ကိုယ့်ကို တောင် ပြန် ရန်လုပ်ချင် တဲ့ပုံပဲ ပြောပုံက ဒီပုံ ဘယ်သူရိုက်တာလဲတဲ့ ဒါ ကျောင်း ကို သိက္ခာချတာဆိုလားဘဲ ။ တလ ကျော်သွားပါပြီ ဘာမှထူးမလာပါဘူး ။ ကျောင်းနားက ဆိုင်တွေက တော့ ဆေးလိပ်ကို ကျောင်းသား ကျောင်းသူ တွေကို ရောင်းဆဲပါဘဲ အ ကြွေအမ်း တာတောင် ငါးဆယ် မရှိလို့ ဆေးလိပ်ယူသွားတဲ့ဗျာ နားနဲ့ ဆက်ဆက် ကိုကြားတာပါ ပထမတော့ က လေးက မယူပါဘူး နှစ်ခါလောက်ပြောတော့ သူလည်း ယူသွားရှာတယ် ဒီအချိန်မှာ သွားပြောရင် ရန်ဖြစ်ဖို့ပဲရှိတာပေါ့ ဖြစ်စေချင် တာက ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရောင်းတဲ့ ဆိုင်တွေကို ကျောင်းသား သူတွေကို ဆေးလိပ် မ ရောင်းဖို့သတိပေးလို့ ကျောင်းအုပ်ကြီးကလည်း ဆေးလိပ် သောက်တဲ့ က လေးကို သိတာနဲ့ ပြင်းပြင်းထန်ထန်အ ရေးယူမယ်လို့ သတိပေးလို့ ဒီလိုလေး ဖြစ်စေချင် တာပါ တစ်လ သာကျော်သွားတယ် မထူးလာဘူး ဒါ့ကြောင့် ဖွဘုတ်မှာ တင်ပြီး ဖွတယ် လို့သာမှတ်ပေါ့ဗျာ။ ခေတ်မှီလာပြီနော် ကိုရီးယားမ တွေ လိုပဲ နောက်ဆို အရက်ဆိုင် ပါထိုင်တော့မှာ ရင်လေးပါတယ်ဗျာ အဲဒီအချိန် ရောက်မှာနဲ့ ကျုပ်သမီး အဲ့ဒီ့အရွယ် ရောက်မှာနဲ့က တော့ ကွက်တိပဲ အမြင် မ တော်သူများ များများရှဲပေးကြပါဗျာ အမြင်တော်ရင်တော့လည်းတတ်နိုင် ဘူး ကျောင်းနာမည် သိချင် သူများ ချက်ဘောက်မှတဆင့် မေးမြန်းနိုင် ကါတယ် ။ မေးမြန်းဆုံစမ်းခြင်းကို ဒလ ဟော ခွင့်ပြုပါတယ်။
ပုံ
အမြင် မ တော်သူ သုံးဦး
Crdit By - https://www.facebook.com/zay.min.142
အစိုးရတပ်ထိုးစစ်ဆင်နေကြောင်း ပလောင်အဖွဲ့ သတင်းထုတ်ပြန်
အစိုးရတပ်က ပလောင် လက်နက်ကိုင် တပ်ဖွဲ့ကို အပြင်းအထန် တိုက်ခိုက်နေတယ် ဆိုတာနဲ့ပတ်သက်ပြီး ပလောင်ပြန်ကြားရေးဌာနက "တအန်းတပ် ၁၁၂ တပ်စခန်းသို့ မြန်မာတပ်ပေါင်းစု အပြင်းထန် ထိုးစစ်ဆင်" ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းထုတ်ပြန်ချက်မှာ အခုလို ဖော်ပြထားပါတယ်။
၂၂ ရက် နိုဝင်ဘာလ ၂၀၁၃ ခုနှစ် မြန်မာတပ်မတော် ခလရ ၄၅၊ ၁၄၃ နှင့် ၂၉၀ ပူးပေါင်းစစ်ကြောင်းတို့သည် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာအုပ်စု ဂျရမ်းရွာအထက်တောတန်းတွင် ပျောက်ကျား အခြေစိုက် နေသော တအန်း တပ်မတော် တပ်ရင်း ၁၁၂ အား အပြင်းအထန် ထိုးစစ်ဆင်သဖြင့် ညနေ ၁၆း၃၀ နာရီ ခန့်မှ ၁၈း၃၀ နာရီ မိုးချုပ်သည်အထိ အပြင်းအထန်တိုက်ပွဲဖြစ်ပွား ခဲ့သည်။
ညနေ ၁၅း၀၀ နာရီခန့်မှစတင်၍ လက်နက်ကြီးများဆက်တိုက်ပစ်ခတ်ပြီး တအန်းတပ်ရှိရာတောင်ကုန်းသို့ အပြင်းအထန်ထိုးစစ်ဆင်လာရာ ၁၆း၃၀ နာရီခန့်တွင် တအန်းတပ်ထောင်ထားသည့် ရှေ့ထွက်မိုင်း ၁၀ လုံးကျော် ပေါက်ကွဲကာ မြန်မာတပ်ဖွဲ့မှ အနဲဆုံး ၁၀ ဦးကျော်ကျဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒါဏ်ရာ ရရှိခဲ့ကြသည်။
ထိုနောက် ရှေ့ဘက်သို့ကျွံပြီးရောက်လာသော မြန်မာတပ်ဖွဲ့ ခလရ ၄၅ ၏ ရှေ့ထွက်ပွိုင့်တပ်ဖွဲ့နှင့် တအန်းတပ်ဖွဲ့တို့ စတင်ပစ်ခတ်ကြပြီး၊ မိုင်းထိပြီး ထိခိုက်ကျဆုံးသောတပ်ဖွဲ့ဝင်များအား ကူညီရှင်းလင်းရန် မြန်မာ ပူးပေါင်းတပ်တို့ ဆက်တိုက် ထိုးစစ်ဆင်လာခဲ့သည်။
ထို မြန်မာပူးပေါင်းတပ်တို့သည် တအန်းတပ်ဖွဲ့၏ ပြောက်ကျားစခန်းကို သိမ်းပိုက်ရန် လက်နက်ကြီးများ ဆက်တိုက်ပစ်ပြီး အတင်းထိုးတက်ခဲ့သော်လည်း မိုးချုပ်သည်အထိ ကျဆုံးဒါဏ်ရာရသူများ များပြားလာသဖြင့် နောက်ပြန်ဆုတ်ကာ ညနေ ၁၈း၃၀ နာရီခန့်တွင် တိုက်ပွဲအဆုံးသတ်ခဲ့သည်။
ခလရ ၁၄၅ နှင့် ၁၄၃ မှ တပ်ဖွဲ့တချို့တို့သည် ထိုဂျရမ်းရွာ မြောက်ဘက်ရှိ ဂျုံနောရွာတွင် ဝင်ရောက် နားခိုလျှက်ရှိပြီး တိုက်ပွဲဖြစ်ပွားရာတောင်ပေါ်သို့ အချိန်မီ စစ်ကူမရောက်နိုင်ခဲ့ပေ။
ပြည်သူ့စစ်အပါအဝင် အင်အား ၃၀၀ ခန့်ရှိသော ထိုမြန်မာစစ်ကြောင်းသည် ထိုတိုက်ပွဲဖြစ်ပွားရာနေရာမှ ဆုတ်ခွာကာ သာပန်းကုန်းတောင်ပေါ်အနီး ဝါရော့ရွာသို့ ပြန်လည်တပ်ဆုတ်ခဲ့ကြသည်။
ထိခိုက်ဒါဏ်ရာရရှိသူ ၂၀ ကျော်မှ ဒါဏ်ရာပြင်းထန်သူ ၁၀ ဦးကျော်ကို ငေါ့ငှားရွာဘက်မှတဆင့် နမ့်ဖက်ကာ ဖက်သို့ သယ်ဆောင်ဆေးကုသမည် ဖြစ်သည်။
တအန်းတပ်မတော် တပ်ရင်း ၁၁၂ သည် ထိုပြောက်ကျားစခန်းတွင် ဆက်လက်တပ်စွဲလျှက်ရှိပြီး မြန်မာပူးပေါင်းတပ် ထပ်မံတက်အလာကို စောင့်ဆိုင်းနေလျှက်ရှိသည်။
သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F/T.N.L.A
Credit By -http://blog.irrawaddy.org/2013/11/tnla.html
ရှေ့တန်းစခန်းတခုမှာ တွေ့ရတဲ့ TNLA တပ်ဖွဲ့ဝင် တဦး (ဓာတ်ပုံများ – ကျော်ခ / ဧရာဝတီ)

ပြည်တွင်း စုဆောင်းမှုနှင့် မြန်မာ့ စီးပွားရေး (Domestic Savings and Economy)
ပြည်တွင်း စုဆောင်းမှုနှင့် မြန်မာ့ စီးပွားရေး (Domestic Savings and Economy)
(ဆောင်းပါးရှင် - ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေး ပေါ်လစီ)
မြန်မာနိုင်ငံ၏ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်အထိ အရန်နိုင်ငံခြားငွေ ပမာဏ အမေရိကန်ဒေါ်လာ ၈ ဒသမ ၁၃ ဘီလျံခန့်နှင့် ရွှေတန်ချိန် ၇ ဒသမ ၁၅၃၃ တန်ခန့် ပိုင်ဆိုင်ထားရှိကြောင်း သိရသည်။
ရွှေတစ်တန်လျှင် ပိဿာ ၆၀၀ ကျော်ခန့်ရှိပြီး လက်ရှိကာလ ပေါက်ဈေးမှာ တစ်ပိဿာလျှင် ကျပ်သိန်း ၆၈၀ ရှိသည်ဟု (ရွှေဆိုင်ပိုင်ရှင် အချို့၏ စကားအရ) သိရပြီး ယင်းသို့ဆိုလျှင် ရွှေ ၇ ဒသမ ၁၅၃၃ တန်၏ ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း ၂၉၁၈၇၉၁ ဒသမ ၂ သိန်းခန့် ဖြစ်သည်။ ယင်းကို လက်ရှိငွေလဲနှုန်း အမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ၉၇၃ ကျပ် ဖြစ်နေရာ (ဖြင့်လဲလျှင်) အမေရိကန်ဒေါ်လာ ၂၉၉၉၇၈၅၄၀ ဒသမ ၅၉၆ ဒေါ်လာ (အမေရိကန်ဒေါ်လာ ၂၉၉ ဒသမ၉၇၈၅၄၁ သန်း ) ခန့်ဖြစ်သည်။
ထို့ကြောင့် လက်ရှိ နိုင်ငံခြား အရန်ငွေ ပမာဏ ၈ ဒသမ ၁၃ ဘီလျံ အမေရိကန်ဒေါ်လာ (Billion USD) နှင့် ရွှေတန်ချိန် ၇ ဒသမ ၁၅၃၃ တန်၏ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၉ ဒသမ ၉၇၈၅၄၁ မီလျံ (Million USD) နှစ်ရပ်ပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၂၉၉၇၈၅၄၁ ဘီလျံ (Billion USD) ခန့် ရှိပေလိမ့်မည်။
ထို့ကြောင့် ထိုငွေပမာဏသည် လက်ရှိနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ (FDI) အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၉ ဘီလျံကျော်ခန့်နှင့် နှိုင်းယှဉ်လျှင် ၁၉ ရာခိုင်နှုန်းကျော်ခန့်သာ ရှိနေသေးသည်ကို တွေ့ရသည်။
တစ်ချိန်တည်းတွင် ၂၀၁၃ ခုနှစ် ဇွန်လအထိ ပြည်တွင်းစုဆောင်းငွေ ပမာဏမှာ ကျပ် ၈၆၉၁ ဒသမ ၁၅၈၁ ဘီလျံခန့် (လက်ရှိငွေလဲနှုန်း အမေရိကန် တစ်ဒေါ်လာလျှင် ၉၇၃ ကျပ်ဖြင့် တွက်လျှင် ၈ ဒသမ ၉၃၂၃၃၁ ဘီလျံ အမေရိကန်ဒေါ်လာ (Billion USD) ခန့်ဖြစ်ရာ ယင်းငွေပမာဏသည် FDI ၏ ရာခိုင်နှုန်း ၂၀ ကျော်ခန့်သာ ရှိနေသေးကြောင်း တွေ့ရသည်။ အရန်နိုင်ငံခြားငွေ ပမာဏ ၈ ဒသမ ၁၃ ဘီလျံ (Billion USD) ၊ရွှေတန်ချိန် ၇ ဒသမ ၁၅၃၃ တန်၏ ကာလတန်ဖိုး ၂၉၉ဒသမ ၉၇၈၅၄၁ မီလျံ (Million USD) နှင့် ပြည်တွင်းစုဆောင်းငွေ ပမာဏ (ကာလတန်ဖိုး အမေရိကန်ဒေါ်လာဖြင့်) ၈ ဒသမ ၉၃၂၃၃၁ ဘီလျံ (Billion USD) ထိုသုံးခုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၃၆၂၃၀၉ ဘီလျံ (Billion USD) ခန့်ဖြစ်ပြီး ယင်းမှာ FDI ၏တန်ဖိုး (အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၉ ဘီလျံ) ၏ ၃၉ ဒသမ ၅၄၉၆၇ ရာခိုင်နှုန်းခန့်သာရှိကြောင်း တွေ့ရသည်။ (တစ်နည်းအားဖြင့် FDI ပမာဏ၏ ထက်ဝက်မျှပင် မရှိသေးဟူသော အဓိပ္ပာယ် ဖြစ်သည်။) ဆိုလိုသည်မှာ ယနေ့မြန်မာနိုင်ငံ၏ Gross Domestic Capital Formation သည် အားနည်းနေဆဲဖြစ်ပြီး ပြည်ပတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (FDI) ပမာဏနှင့် နှိုင်းယှဉ်ကြည့်လျှင် သိနိုင်ပါသည်။
တစ်ချိန်တည်းတွင် ယနေ့လက်ရှိ ငွေဖောင်းပွမှုနှုန်း (Inflation Rate) မှာ ၇ ဒသမ ၃ ရာခိုင်နှုန်းခန့် ရှိလာသည်ဟု သိရပြီး Money Supply ပမာဏမှာ ၂၀၁၀-၂၀၁၁ ခုနှစ်တွင် ကျပ် ၆၃၃၁ ဒသမ ၈၀ ဘီလျံ၊ ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ကျပ် ၆၇၂၂ ဒသမ ၆၂ ဘီလျံ၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ကျပ် ၉၀၄၆ ဒသမ ၁၉ ဘီလျံရှိသည် ဆိုသည်ကို တွေ့ရသည်။ ထို့ကြောင့် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ၂၀၁၀-၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ကျပ် ၃၉၀ ဒသမ ၈၂ ဘီလျံခန့် တိုးမြင့်လာသော်လည်း ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၂၀၁၁ - ၂၀၁၂ ခုနှစ်ထက် ကျပ် ၂၃၂၃ ဒသမ ၅၇ ဘီလျံအထိ ရုတ်ခြည်းတိုးမြင့် လာရခြင်း၏ အကြောင်းရင်းကို သိရှိရန် လိုအပ်ပေလိမ့်မည်။
မြန်မာနိုင်ငံ၏ ခန့်မှန်းဘတ်ဂျက်လို ငွေပြမှု (Budget Deficit) ပမာဏမှာ ကျပ် ၂၈၈၇ ဒသမ ၄၇၉ ဘီလျံ (အမေရိကန်ဒေါ်လာ တန်ဖိုး ၂ ဒသမ ၉၆၇၆ ဘီလျံ Billion USD) ခန့်ရှိနေပြီး ယင်းဘတ်ဂျက် လိုငွေပြမှုကို လျှော့ချရန်နှင့် တတ်နိုင်သရွေ့ ဘတ်ဂျက်လိုငွေပြမှု ကြီးမားလာခြင်းနှင့်အတူ ဖြစ်ပေါ်လာနိုင်သော ငွေဖောင်းပွမှုနှုန်း မြင့်မားခြင်းကို အမြဲမပြတ် ဂရုစိုက်ရန် လိုအပ်ပေမည်။ အကြောင်းမှာ ဘက်ဂျတ်လိုငွေပြမှု ပမာဏ ကြီးမားလာခြင်း (Increased Budget Deficit) နှင့် ယင်းကို ငွေစက္ကူထုတ်ပြီး ဖြေရှင်းခြင်း (သို့မဟုတ်) Financing လုပ်ခြင်းမှတစ်ဆင့် စီးပွားရေး အကျပ်အတည်းများ (Economic Crisis) ဖြစ်ပေါ်လာလေ့ ရှိတတ်သောကြောင့် ဖြစ်သည်။ တစ်နည်းအားဖြင့် Money Supply မြင့်မားလာလျှင် ကုန်ဈေးနှုန်းများလည်း မြင့်တက်လာပြီး နိုင်ငံတကာဈေးကွက် ဈေးနှုန်းများနှင့် ပြိုင်ဆိုင်မှုစွမ်းရည် နိမ့်ကျလာပြီး အပြည်ပြည်ဆိုင်ရာ ငွေစာရင်းရှင်းတမ်း (Balance of Payments) မှာ ဆိုးရွားလာနိုင်ပါသည်။
အခြားတစ်ဖက်တွင် ကုန်သွယ်ရေး လိုငွေပြမှု (Trade Deficit) နှင့် ဘဏ္ဍာရေး လိုငွေပြမှု (Budget Deficit) တို့သည် နိုင်ငံခြားငွေကြေး လဲလှယ်နှုန်းကို တန်ဖိုးလျော့ကျ စေနိုင်သကဲ့သို့ ပြည်တွင်းစုဆောင်းမှု နှုန်းကိုလည်း နိမ့်ကျစေနိုင် ပါသည်။
ဤအထက်ပါ လက်ရှိ မြန်မာ့စီးပွားရေး အနေအထားကို အိမ်နီးချင်း ထိုင်းနိုင်ငံ၏ စီးပွားရေး အခြေအနေနှင့် နှိုင်းယှဉ်သိရှိနိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ ၁၉၈၉ ခုနှစ် အခြေအနေနှင့် နှိုင်းယှဉ်ကြည့်မိပါသည်။ ထိုင်းနိုင်ငံ၏ ၁၉၈၉ ခုနှစ်၏ GDP သည် အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၄ ဘီလျံဖြစ်ပြီး လူတစ်ဦးချင်း GDP သည် အမေရိကန်ဒေါ်လာ ၁၇၇၀၊ နိုင်ငံခြား အရန်ငွေကြေး ပမာဏ (ရွှေမပါ ၁၉၉၂ မတ်လ) တွင် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၉ ဘီလျံနှင့် ရွှေအောင်စ ၂ ဒသမ ၄၇ သန်းခန့် ရှိနေခဲ့သည်။
ဆိုလိုသည်မှာ ယနေ့ ၂၀၁၃-၂၀၁၄ ခုနှစ် မြန်မာနိုင်ငံ၏ GDP သည် ၅၉ ဒသမ ၄ ဘီလျံ အမေရိကန်ဒေါ်လာ (IMF အရ) ခန့်မှန်းထားရှိရာ ယင်းပမာဏသည် ထိုင်းနိုင်ငံ၏ ၁၉၈၉ ခုနှစ် GDP ၏ ၆၄ ဒသမ ၄ ဘီလျံထက် အမေရိကန်ဒေါ်လာ ငါးဘီလျံ နည်းနေသေးပြီး ကာလအားဖြင့် လွန်ခဲ့သော ၂၅ နှစ်ခန့်က ထိုင်းနိုင်ငံ၏ GDP ထက်ပင် ယနေ့မြန်မာနိုင်ငံ၏ GDP က နိမ့်ကျနေသေးခြင်း ဖြစ်သည်။ ၎င်းအပြင် ထိုင်းနိုင်ငံ၏ အရန်နိုင်ငံခြားငွေ ပမာဏမှာ (၁၉၉၂ မတ်လ) တွင် အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၉ ဘီလျံနှင့် ရွှေအောင်စ ၂ ဒသမ ၄၇ သန်း ပိုင်ဆိုင်နေခြင်းကိုလည်း တွေ့ရှိရသည်။
ယနေ့ မြန်မာနိုင်ငံ၏ ၂၀၁၃-၂၀၁၄ ခုနှစ်တွင် GDP မှာ အမေရိကန်ဒေါ်လာ ၅၉ ဒသမ ၄ ဘီလျံခန့်ဖြစ်ရာ ယင်းပမာဏနှင့် ယနေ့လက်ရှိ FDI ပမာဏ အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၉ ဘီလျံနှင့် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံခန့်သာ ကွာဟ (ခြားနား) နေကြောင်း တွေ့ရသလို ပြည်တွင်းစုဆောင်းမှု ပမာဏနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ပမာဏတို့ မြင့်မားလာရန်မှာလည်း မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် အရေးပါကြောင်း လေ့လာတွေ့ရှိရသည်။
ပြည်ပနိုင်ငံများ အပေါ်တွင် အလွန်အမင်း မှီခိုမှု အပေါ်တွင် အားပြုသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် ရံဖန်ရံခါ တည်ငြိမ်မှု အားနည်းစေနိုင် ပါသလို မက်ခရို စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပုံသဏ္ဌာန်ကိုလည်း ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါသည်။
(ချင်းတွင်းမြစ်ကြောင်းဘေးရှိ ရွှေလုပ်ကွက်တစ်ခုကို ယခုနှစ်ဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-အောင်သူထွန်း))
Credit By - Eleven Media Group
စက်မှုဝန်ကြီးဌာနမှ လုပ်ငန်း၊ မြေကွက်များ ငှားရမ်းရာတွင် ၀န်ကြီးတစ်ဦးနှင့် တစ်ဦးကြား ငှားရမ်းခ သတ်မှတ်မှု ငါးဆနီးပါးအထိ ကွာဟပြီး ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးနစ်နာ
စက်မှုဝန်ကြီးဌာနမှ လုပ်ငန်း၊ မြေကွက်များ ငှားရမ်းရာတွင် ၀န်ကြီးတစ်ဦးနှင့် တစ်ဦးကြား ငှားရမ်းခ သတ်မှတ်မှု ငါးဆနီးပါးအထိ ကွာဟပြီး ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးနစ်နာ
ယခုအစိုးရ လက်ထက်၌ပင် စက်မှုဝန်ကြီးဌာန စီမံခန့်ခွဲပိုင်ခွင့် အောက်ရှိ အများပြည်သူပိုင် မြေကွက်၊ လုပ်ငန်း၊ စက်ရုံများအား ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ ငှားရမ်းရာတွင် ယခင် ပြည်ထောင်စု ၀န်ကြီးနှင့် ယခု ပြည်ထောင်စု ၀န်ကြီးလက်ထက် ငှားရမ်းခ သတ်မှတ်ရာ၌ ယခင်ပြည်ထောင်စုဝန်ကြီး လက်ထက်က စံနှုန်းသတ်မှတ်ချက် မရှိဘဲ ငှားရမ်းခဲ့၍ ငှားခ အချို့မှာ ရသင့်သည်ထက် ငါးဆနီးပါး လျှော့နည်း ရရှိသည့်အတွက် ပြည်သူ့ဘဏ္ဍာငွေ များစွာနစ်နာ ဆုံးရှုံးခဲ့ရသည်ဟု သိရသည်။
စက်မှု ၀န်ကြီးဌာန၏ ယခင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လက်ထက်က ပြည်သူပိုင် စက်ရုံ၊ မြေကွက်အချို့ကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ တင်ဒါမခေါ်ဘဲ ငှားရမ်းခဲ့သည့် ငှားရမ်းခများနှင့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနောက်ပိုင်း ၀န်ကြီးများ လက်ထက်တွင် တင်ဒါခေါ်ယူပြီးမှ ငှားရမ်းခဲ့သည့် ငှားရမ်းခများ ကွာဟကာ နစ်နာခဲ့ရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိ ရသည်။
ဥပမာအားဖြင့် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လက်ထက်က စစ်တောင်းစက္ကူ စက်ရုံအား ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီသို့ နှစ်ရှည်ငှားရမ်းရာတွင် ငှားရမ်းခအဖြစ် တစ်နှစ်ကျပ် ၂၁၆ သန်းသာ ရရှိခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနောက်ပိုင်း တာဝန်ယူသည့် ပြည်ထောင်စု ၀န်ကြီးများ လက်ထက်တွင် ရေနီစက္ကူစက်ရုံအား တင်ဒါခေါ်ယူပြီး ငှားရမ်းရာတွင် တစ်နှစ်ကျပ်သန်း ၉၅၀ အထိ ရရှိခဲ့ကြောင်း၊ အဆိုပါ ငှားရမ်းခ နှစ်ခုကို နှိုင်းယှဉ်ကြည့်ပါက ယခင်ဝန်ကြီးနှင့် ယခုဝန်ကြီးများ လက်ထက် ငှားရမ်းခနှုန်းထား များစွာကွာဟ၍ ပြည်သူ့ဘဏ္ဍာငွေ များစွာနစ်နာခဲ့ကြောင်း သိရသည်။
စစ်တောင်းနှင့် ရေနီစက္ကူစက်ရုံ နှစ်ရုံ မတူညီသော်လည်း စစ်တောင်းစက္ကူ စက်ရုံနှင့် စက်ရုံပိုင် မြေများကို ရေနီစက္ကူ စက်ရုံကဲ့သို့ တင်ဒါခေါ်ယူကာ ငှားရမ်းခဲ့ပါက ၂၁၆ သန်းထက် များစွာပိုရမည်မှာ မလွဲမသွေ ဖြစ်သည်ဟုလည်း လုပ်ငန်းရှင်များက ဆိုသည်။
၎င်းအပြင် ရွှေသံလွင်မှ တစ်နှစ် ကျပ် ၂၁၆ သန်းဖြင့် ငှားရမ်းစဉ်က ခုနစ်လစာ ငှားရမ်းခကို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လက်ထက်က ကင်းလွတ်ခွင့် ပေးခဲ့သည့်အတွက် နစ်နာခဲ့ရသော်လည်း နောက်ပိုင်းပြည်ထောင်စု ၀န်ကြီးများ လက်ထက်တွင် အလုံးစုံ ကင်းလွတ်ခွင့် မပြုခဲ့ကြောင်း (စုံစမ်းသိရသည့် အချက်အရသာ)၊ ထို့အတွက် ပြည်သူ့ဘဏ္ဍာငွေ နစ်နာစေမည့် ကင်းလွတ်ခွင့်ပေးသည့် အပိုင်းတွင်လည်း ၀န်ကြီးတစ်ဦးနှင့် တစ်ဦးကြား ကွာခြားကြောင်း သိရသည်။
၂၃၇ ဧကကျော် ကျယ်ဝန်းသည့် တညင်းကုန်း အုတ်စက်ရုံကိုလည်း Mother Industrial (Mother Trading နှင့် ကုမ္ပဏီ တူညီသည်ဟု သိရ) ကုမ္ပဏီသို့ တစ်နှစ်လျှင် ကျပ်သန်း ၂၂၀ ၀န်းကျင်တည်းဖြင့် စာချုပ်ငှားရမ်းခဲ့ကြောင်း၊ တစ်ဧကလျှင် တစ်လငှားရမ်းခနှုန်းမှာ ကျပ် ၇၄၀၀၀ သာ ရခဲ့ကြောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနောက်ပိုင်း တာဝန်ယူခဲ့သော ပြည်ထောင်စု ၀န်ကြီးများ လက်ထက်၌ Mother Industrial ကုမ္ပဏီနှင့် ပြန်လည်ပြင်ဆင် စာချုပ်ရန် စီစဉ်ရာတွင် ၂၃၇ ဧကထဲမှ ဧက ၉၀ ကျော်တည်းကိုပင် တစ်နှစ်လျှင် ကျပ် သန်း ၃၂၀ ၀န်းကျင်အထိ ဈေးသတ်မှတ် ချုပ်ဆိုရန် စီစဉ်ခဲ့ကြကြောင်း (ပြန်ပြင်ချုပ်ဆိုမှုကို ထုတ်ပြန်ခြင်းမပြု)၊ ထို့အတွက် စာချုပ်ပြင်ချုပ်ရန် စီစဉ်ခဲ့သည့် ဈေးအရ ယခင်ဝန်ကြီး လက်ထက်ကထက် လေးဆကျော်အထိ ပိုမိုမြင့်တက် ခဲ့သည်ဟု သိရသည်။
တညင်းကုန်း အုတ်စက်ရုံနှင့် ဆက်စပ်မြေပေါ်တွင် တည်ဆောက်ထားပြီး လမ်းမကြီးပေါ်တွင် ရှိသော တစ်ခန်းလျှင် ၃၆ x ၁၂ ပေ ကျယ်ဝန်းသည့် ဆိုင်ခန်းအခန်း ၂၀ ကိုလည်း တစ်ခန်းလျှင် ကျပ် ၃၃၀၀၀၀ ကျော်တည်းဖြင့် စာချုပ်ကာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လက်ထက်က Mother Industrial သို့ပင် လွှဲပြောင်းရောင်းချခဲ့ရာ ကာလပေါက်ဈေးထက် များစွာနည်းပါး၍ ပြည်သူ့ဘဏ္ဍာငွေ ကျပ်သိန်းပေါင်းများစွာ နစ်နာခဲ့သည်။ (စာချုပ်ပြန်ပြင်ချုပ် မချုပ် မထုတ်ပြန်)။
၎င်းအပြင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း လက်ထက်က ၂၄ ဧကကျော် ကျယ်ဝန်းသည့် သစ်ဆိမ့်ဆီ အလုပ်ရုံကို စိန်ရွှေထိပ်တန်း ကုမ္ပဏီသို့ တစ်နှစ်ကျပ် ၂၁ သန်းကျော်တည်းဖြင့် လည်းကောင်း၊ ရန်ကုန် ကျိုက်ဝိုင်းရှိ ၂ ဒသမ ၄ ဧကကျော် ကျယ်ဝန်းသည့် သံထည်သစ်သားထည် အလုပ်ရုံကိုလည်း Mother Trading ကုမ္ပဏီသို့ တစ်နှစ်ကျပ် ၁၈ သန်းဖြင့် လည်းကောင်း၊ ပလတ်စတစ် စက်ရုံအမှတ် (၁) (မရမ်းကုန်း၊ မှော်ဘီတို့တွင်ရှိသော စက်ရုံခွဲများပါ အပါအ၀င်) ကို Mother Trading ကုမ္ပဏီသို့ တစ်နှစ်လျှင် ကျပ်သန်း ၂၉၀ တည်းဖြင့်လည်းကောင်း ငှားရမ်းခွင့် ပေးခဲ့ခြင်းများကို ကာလပေါက်ဈေးဖြင့် ဖြစ်စေ၊ ယခုနောက်ပိုင်း ပြည်ထောင်စု ၀န်ကြီးများ တင်ဒါခေါ် ငှားရမ်းသည့် စက်ရုံငှားခ ဈေးများဖြင့်ဖြစ်စေ နှိုင်းယှဉ်လျှင်လည်း ယခင်လက်ထက်က ရရှိသည့် ငှားရမ်းခမှာ များစွာနည်းပါးနေကြောင်း သိရသည်။
ယခုနောက်ပိုင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ လက်ထက်တွင်မူ ၁ ဧက ၀န်းကျင်သာ ကျယ်ဝန်းသည့် လှိုင်မြို့နယ်ရှိ LED မီးသီးစက်ရုံ တစ်ရုံတည်း ငှားရမ်းခသည်ပင် တစ်နှစ် ကျပ် ၄၃၂ သန်း၊ မြစ်သားနှင့် ပျော်ဘွယ်အထည်စက်ရုံ နှစ်ရုံငှားရမ်းခမှာလည်း တစ်နှစ် ကျပ် ၉၁၄ သန်းကျော်အထိ ရရှိခဲ့ကြရာ ယခင်ဝန်ကြီး လက်ထက်က ငှားရမ်းခထက် များစွာပိုမို ရရှိလာသည်မှာ ထင်ရှားသည်။
စက်မှုဝန်ကြီးဌာန တစ်ခုတည်း၌ပင် ၀န်ကြီးတစ်ဦးနှင့် တစ်ဦးကြား ငှားရမ်းရောင်းချသည့် ဈေးများမတူညီခဲ့၍ ပြည်သူပိုင်မြေကွက်၊ လုပ်ငန်း၊ စက်ရုံများမှ ပြည်သူများအတွက် ပြန်ရမည့် ဘဏ္ဍာငွေ များစွာဆုံးရှုံး နစ်နာခဲ့မှု ရှိရာ ၀န်ကြီးဌာနများ အားလုံးဆိုလျှင် ပြည်သူ့ဘဏ္ဍာ မည်မျှနစ်နာမည်ကို တွက်ဆနိုင်ကြောင်း၊ နစ်နာမှု ရှိနေသည့် စာချုပ်များကိုလည်း ပြန်လည်ပြင်ဆင် ချုပ်ဆိုသင့်ကြောင်း၊ သို့မှသာ အများပြည်သူအတွက် ပြန်လည်အသုံးချမည့် ဘဏ္ဍာငွေ ပိုမိုရရှိမည် ဖြစ်ကြောင်းလည်း သုံးသပ်မှုများ ရှိသည်။
Credit By - http://news-eleven.com/business/25523

အတုံ့ အလှည့်(သို့ ) ဘဲစားဘဲခြေ (သို့ ) ရေအဆုံးကုန်းတ၀က်
အတုံ့ အလှည့်(သို့ ) ဘဲစားဘဲခြေ (သို့ ) ရေအဆုံးကုန်းတ၀က်
ဗြိတိသျှတို့က မြန်မာနိုင်ငံတွင်းမှာ အကောင်းတိုင်း အစိတ်အပိုင်းလိုက်မြှုပ်နှံထားခဲ့တဲ့ စပစ်ဖိုင်းယားတွေကို ပြန်လိုချင်ပါသတဲ့ ။ အခုမှသတင်းထုတ်ပြန်လိုက်တော့ အံများတောင်သြပါရဲ့ ။ လွန်ခဲ့တဲ့ ၁၂ နှစ်ကျော်ကတည်းက ရှာဖွေနေခဲ့ပါသတဲ့ ။အခု မြှုပ်နှံခဲ့တဲ့ စစ်သားဟောင်းတွေရဲ့ မှတ်တမ်း မှတ်ရာတွေနဲ့ apple ရဲ့ နည်းပညာတွေပေါင်းစပ်ရှာဖွေမှုနဲ့  လေယာဉ်အစင်း ၂၀ ကျော်ကို ပြန်တူးပြီး အကောင်းတိုင်းပြန်ယူတော့မယ်တဲ့ ။
ကျွန်တော်တို့သဘောကတော့ မပေးရဘူး ။ဘာကြောင့်လဲ ။ဒီလေယာဉ်တွေဟာ ဗြိတိသျှ သမိုင်းတင် မဟုတ်ပါဘူး ။ကျွန်တော်တို့နိုင်ငံသမိုင်းလည်းဖြစ်ပါတယ် ။ကျွန်တော်တို့ နိုင်ငံမြေအောက်မှာ နှစ်ပေါင်း ၇၀ ကျော် အိပ်စက်နေခဲ့တာပါ ။ကျွန်တော်တို့လည်း ပိုင်တယ် ။ဒီလေယာဉ်တွေကို တူးဖော်ခွင့်ပေးခဲ့ မယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးကောင်းမွန်ခိုင်မာစေမှာလို့ ဒေးဗစ်ကင်မရွှန်းကပြောတယ် ။ဟုတ်ပြီ ။ဒီလေ ယာဉ်အစင်း၂၀ ပြန်ပေးမှ ဆက်ဆံရေးကောင်းမွန်မှာလား ။ဒါဆိုရင် ဘဲစားဘဲခြေလေး ကစားကြည့် ရအောင် ။ကျွန်တော်တို့ဆီက သမ သွားတဲ့ ပတ္တမြား ငမောက်ကြီး ဘယ်ရောက်နေတုန်း ။
ကိုင်း ... ဒီစာရင်းထဲက နန်းစဉ်ရတနာတွေ ပြန်ပေးမလား ။
၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်
၂။ဗဒုံမင်းလက်ထက်ကတည်းကရှိခဲ့တဲ့ ရတီချိန် နှစ်ဆယ်ခန့်ရှိတဲ့ လှော်ကားတင် ကလေး ဟုခေါ်သော ပတ္တမြား
၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား
၎။အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား
၅။အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား
၆။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား
ပြီးတော့ သူတို့ပြတိုက်ထဲက စစ်သူကြီး မဟာ ဗန္ဓုလ ရဲ့ သံချပ်ကာ ဝတ်စုံ ကြီးကို ရောပြန်ပေးနိုင်မလား ။
ဧကရီဘုရင်မကြီးကို ပေးပို့သည့်ပစ္စည်းတွေထဲက သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူ မှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ် တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း
ဒါတွေဟာ နှစ်ဦးနှစ်ဘက်လုံးမနစ်နာတဲ့ တောင်းဆိုမှူပဲဖြစ်ပါတယ် ။ဒီသရဖူဟာ သီပေါမင်းဆီက သရဖူ ဖြစ်နိုင်ပါတယ်ပီးတော့ ဗြိတိသျှ ပြတိုက်တွေထဲက မြန်မာ့ယဉ်ကျေးမှူ အနုပညာ ပစ္စည်းတွေ ပြန်ပေး မလား ။ကျွန်တော်တို့ အစိုးရကရော ပြန်တောင်းပေးမလား ။အခုဗြိတိသျှ ဘုရင်မကြီးခေါင်းက သရဖူက ဘာနဲ့လုပ်ထားတယ် ထင်လဲ ။ကျွန်တော်တို့နိုင်ငံကနန်းစဉ်ေ ကျာက်တွေနဲ့လုပ်ထားတာပါ ။တန်ဖိုးလား ။ဟုတ်ကဲ့ဗြိတိသျှနဲ့ပြင်သစ်နှစ်နိုင်ငံကမြေတွေကိုအကုန်ဝယ်လို့ ရနိုင်ပါတဲ့တန်ဖိုးတွေပါ။
ဒါတွေပြန်ပေးမလား။စပစ်ဖိုင်းယား တွေဟာ ဗြိတိသျှရဲ့အမျိုးသားရေးဂုဏ်တစ်ခုပါ။တကယ်လေးစားဖွယ်ကောင်းပါတယ်။ဒီတော့ကာ ဗြိတိသျှတွေဆီရောက်နေတဲ့ကျွန်တော်တို့နန်းစဉ်ပတ္တမြားတွေကရောတန် ဖိုးမဲ့ခဲ့ပြီလား။ဓါးပြတိုက်ယူသွားတဲ့ ကျောက်တွေမို့ အောက်ဈေးနဲ့ပဲရနိုင်တာပေါ့လို့ ဖြေသိမ့်တော့မှာလား။အဲဒီကျောက်ေ တွကရောကျွန်တော်တို့နိုင်ငံရဲ့ဂုဏ်တစ်ခုမဟုတ်တော့ဘူးလား။ကမ္ဘာ့ေ ကျာက်မျက်ရတနာလောကမှာပတ္တမြားငမောက်ဆိုတာဒဏ္ဍာရီအဆန်ဆုံးနာမည်အကြီးဆုံးပါ။BurmeseRoyalRubyလို့တသွယ်SuFaYarLatt'sRubyလို့တနည်းနဲ့ခုချိန်ထိနာမည်ကြီးဆဲပါ။တသသြေ ပာလို့မဆုံးတဲ့ကမ္ဘာ့ကျောက်မျက်ေ လာကရဲ့စနိုးဝှိုက်ပုံပြင်တစ်ခုပါ။ကိုင်း....အဲဒါနဲ့တည့်-တည့် ပြန်ချိန်းလိုက်ရအောင်လား။နိုင် ငံရေးစကားနဲ့ဆိုရရင်WinWinအခြေအ နေပါပဲဗျာ။
အခု ကမ္ဘာမှာ ဝေဟင်မှာ မောင်းနှင်နိုင်တဲ့ စပစ်ဖိုင်းယားဟာဆိုရင် ၃၆ စီးလို့ဆိုပေမယ့် လက်တွေ့မှာ အစီး ၃၀ သာ တကယ်မောင်းနှင်နိုင်ပါတော့တယ် ။အဲဒီ အစင်း ၃၀ ဟာလည်း တစ်စုတစ်စည်းတည်း မရှိပဲ နေရာ အနှံပြန့်ကျဲနေပါတယ် ။ဒီတော့ကာ ကျွန်တော်တို့နိုင်ငံမှာ အစင်း ၂၀ လုံလုံး တစုတစည်း တည်း အကောင်းပတိ ရှိနေပါတယ် ။ ဒီအစီး ၂၀ ကိုပြတိုက်ထဲထည့် လိုက်ရင် ကျွန်တော်တို့ နိုင်ငံခြားငွေ ဘယ်လောက်စီးဝင်လာမလဲ ။ ဒါမှမဟုတ် ၁၀ စီးကို ပြတိုက်ထဲထည့် ၁၀ စီးကို အကောင်းအ တိုင်းပြန်ဆင်ပြီးအပျော်တမ်းကလပ်ပုံစံသို့မဟုတ်ကမ္ဘာလှည့်ခရီးသွားတွေ လေ့လာသူတွေအတွက် မောင်းနှင်စီးနင်းနိုင်အောင်လုပ်ထားခဲ့မယ်ဆိုရင်???? ။
သူတို့ဒီလေယာဉ်တွေကို စရှာဖွေကတည်းက အခုချိန်ထိ ဒေါ်လာ နှစ်သိန်းတစ်သောင်းကျော် ကုန်ကျပါတယ်လို့ ပြောခဲ့တယ် ။ဟုတ်ပြီ ကျွန်တော်တို့သာဆိုလျှင် ရှာဖွေပေးခဲ့တဲ့ ဒေးဗစ်ဂျေကန်ဒယ်လ် ကို ဒေါ်လာ သိန်းနှစ်ဆယ် ဆုချလိုက်ပါ့မယ် ။ဘာကြောင့်လဲ ။
ဗြိတိသျှ သားတွေဟာ ကျွန်တော်တို့လိုမျိုး ဇာတိဂုဏ်ကို သိပ်တန်ဖိုးထားသူတွေပါ ။ သူတို့နိုင်ငံရဲ့ ဂုဏ်ကျက်သရေကို ကျွန်တော်တို့ဆီလာကြည့်လာလေ့လာရ မှာပါ ။အဲဒီတစ်ခုတည်းနဲ့တင် ကျွန်တော်တို့ မီးခိုးမထွက်တဲ့ စက်ရုံတစ်ခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေဆီကနေ နိုင်ငံခြားငွေ ထိုင်ယူနေရုံပါပဲ ။ဘယ်လောက်ကြာအောင် ထိုင်ယူနေမှာလဲ ။ဒီလေယာဉ်တွေ မြန်မာနိုင်ငံမှာရှိနေသမျှ နဲ့ နောင် သားစဉ်မြေးဆက်အထိ နှစ်ထောင်ပေါင်းများစွာ နိုင်ငံခြားငွေသဲ့ယူလို့ရမဲ့ အရာတွေပါ ။
သူတို့ကလည်း သူတို့နိုင်ငံရဲ့ ဂုဏ်ယူစရာ အမွေအနှစ်ကြီးတွေကို ပြန်တောင်းတယ် ။ကျွန်တော်တို့ကလည်း ကျွန်တော်တို့နိုင်ငံရဲ့အဖိုးမြ ဖတ်နိုင်တဲ့ ရတနာတွေ ယဉ်ကျေးမှူအမွေအနှစ်တွေ ပြန်တောင်းတယ် ။ကဲ.ဒါ ရာဇဝတ်မှူလည်းမဟုတ်ဘူး ။ မလုပ်ရတဲ့ စည်းမျဉ်းလည်း မဟုတ်ဘူး ။သူတို့လူမျိုးဟာကျတော့ သိတတ်ပြီး ကျွန်တော်တို့ ဟာတွေကျတော့ ခပ်တည်တည်နဲ့ ပြတိုက်ထဲထည့်ပြီး သူတို့နိုင်ငံက လုပ်စားပြစား ဂုဏ်ယူနေတာတော့ မဟုတ်သေးဘူးခင်ဗျ ။
ကျွန်တော်ကတော့ ဘာမှပြောစရာ မရှိပါဘူး ....... အဲ တစ်ခုတော့ရှိတယ် ရေအဆုံး ကုန်းတစ်ဝက်တဲ့ ဒါပဲ !!
Credit -
ဗြိတိသျှတို့က မြန်မာနိုင်ငံတွင်းမှာ အကောင်းတိုင်း အစိတ်အပိုင်းလိုက်မြှုပ်နှံထားခ
ကျွန်တော်တို့သဘောကတော့ မပေးရဘူး ။ဘာကြောင့်လဲ ။ဒီလေယာဉ်တွေဟာ ဗြိတိသျှ သမိုင်းတင် မဟုတ်ပါဘူး ။ကျွန်တော်တို့နိုင်ငံသမိုင်းလည
ကိုင်း ... ဒီစာရင်းထဲက နန်းစဉ်ရတနာတွေ ပြန်ပေးမလား ။
၁။သက္ကရာဇ် ၁၀၃၂ (အေဒီ ၁၆၆၁) လောက်ကတည်းက ရှိခဲ့တဲ့ အလေးချိန် ရတီကိုးဆယ်ကျော်ရှိသော ပတ္တမြား ငမောက်
၂။ဗဒုံမင်းလက်ထက်ကတည်းကရှိခဲ့တဲ
၃။သက္ကရာဇ် ၁၁၉၉ (အေဒီ၁၈၃၇) ခုနှစ် ရွှေဘိုမင်းလက်ထက်ကတည်းက ရှိခဲ့တဲ့ ရတီချိန်လေးဆယ်ကျော် လှော်ကားတင်ကြီး ဟုခေါ်သော ပတ္တမြား
၎။အလေးချိန် လေးဆယ်ရတီရှိ ဆင်ဖြူတော် ဟုခေါ်သော ပတ္တမြား
၅။အလေးချိန် ဆယ်ရတီရှိ ဆင်မတော် ဟုခေါ်သော ပတ္တမြား
၆။စံထားအသုံးပြုရတဲ့ အချိန်ခြောက်ရတီရှိတဲ့ စံကျောက်တော် ဟုခေါ်သော ပတ္တမြား
ပြီးတော့ သူတို့ပြတိုက်ထဲက စစ်သူကြီး မဟာ ဗန္ဓုလ ရဲ့ သံချပ်ကာ ဝတ်စုံ ကြီးကို ရောပြန်ပေးနိုင်မလား ။
ဧကရီဘုရင်မကြီးကို ပေးပို့သည့်ပစ္စည်းတွေထဲက သီပေါ၏ အကောင်းဆုံး သရဖူတစ်ခု၊ ဒုတိယ သရဖူ မှ မြကျောက်ကြီးသုံးလုံး၊ သရဖူထဲမှ ကျွတ်ကျသည့် ကျောက်အလွတ် ၈ လုံးထည့်ထားသည့် စက္ကအိတ် တစ်လုံး၊ စိန်ဒေါင်းရုပ်ပါသည့် ဘယက်တစ်ကုံး နှင့် ရွှေဘီး တစ်ချောင်း
ဒါတွေဟာ နှစ်ဦးနှစ်ဘက်လုံးမနစ်နာတဲ့ တောင်းဆိုမှူပဲဖြစ်ပါတယ် ။ဒီသရဖူဟာ သီပေါမင်းဆီက သရဖူ ဖြစ်နိုင်ပါတယ်ပီးတော့ ဗြိတိသျှ ပြတိုက်တွေထဲက မြန်မာ့ယဉ်ကျေးမှူ အနုပညာ ပစ္စည်းတွေ ပြန်ပေး မလား ။ကျွန်တော်တို့ အစိုးရကရော ပြန်တောင်းပေးမလား ။အခုဗြိတိသျှ ဘုရင်မကြီးခေါင်းက သရဖူက ဘာနဲ့လုပ်ထားတယ် ထင်လဲ ။ကျွန်တော်တို့နိုင်ငံကနန်းစဉ်ေ
ဒါတွေပြန်ပေးမလား။စပစ်ဖိုင်းယား
အခု ကမ္ဘာမှာ ဝေဟင်မှာ မောင်းနှင်နိုင်တဲ့ စပစ်ဖိုင်းယားဟာဆိုရင် ၃၆ စီးလို့ဆိုပေမယ့် လက်တွေ့မှာ အစီး ၃၀ သာ တကယ်မောင်းနှင်နိုင်ပါတော့တယ် ။အဲဒီ အစင်း ၃၀ ဟာလည်း တစ်စုတစ်စည်းတည်း မရှိပဲ နေရာ အနှံပြန့်ကျဲနေပါတယ် ။ဒီတော့ကာ ကျွန်တော်တို့နိုင်ငံမှာ အစင်း ၂၀ လုံလုံး တစုတစည်း တည်း အကောင်းပတိ ရှိနေပါတယ် ။ ဒီအစီး ၂၀ ကိုပြတိုက်ထဲထည့် လိုက်ရင် ကျွန်တော်တို့ နိုင်ငံခြားငွေ ဘယ်လောက်စီးဝင်လာမလဲ ။ ဒါမှမဟုတ် ၁၀ စီးကို ပြတိုက်ထဲထည့် ၁၀ စီးကို အကောင်းအ တိုင်းပြန်ဆင်ပြီးအပျော်တမ်းကလပ
သူတို့ဒီလေယာဉ်တွေကို စရှာဖွေကတည်းက အခုချိန်ထိ ဒေါ်လာ နှစ်သိန်းတစ်သောင်းကျော် ကုန်ကျပါတယ်လို့ ပြောခဲ့တယ် ။ဟုတ်ပြီ ကျွန်တော်တို့သာဆိုလျှင် ရှာဖွေပေးခဲ့တဲ့ ဒေးဗစ်ဂျေကန်ဒယ်လ် ကို ဒေါ်လာ သိန်းနှစ်ဆယ် ဆုချလိုက်ပါ့မယ် ။ဘာကြောင့်လဲ ။
ဗြိတိသျှ သားတွေဟာ ကျွန်တော်တို့လိုမျိုး ဇာတိဂုဏ်ကို သိပ်တန်ဖိုးထားသူတွေပါ ။ သူတို့နိုင်ငံရဲ့ ဂုဏ်ကျက်သရေကို ကျွန်တော်တို့ဆီလာကြည့်လာလေ့လာရ
သူတို့ကလည်း သူတို့နိုင်ငံရဲ့ ဂုဏ်ယူစရာ အမွေအနှစ်ကြီးတွေကို ပြန်တောင်းတယ် ။ကျွန်တော်တို့ကလည်း ကျွန်တော်တို့နိုင်ငံရဲ့အဖိုးမြ
ကျွန်တော်ကတော့ ဘာမှပြောစရာ မရှိပါဘူး ....... အဲ တစ်ခုတော့ရှိတယ် ရေအဆုံး ကုန်းတစ်ဝက်တဲ့ ဒါပဲ !!
Credit -
သတင်းထူးများ စုစည်းရာ'
11/19/13
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် လူသေအလောင်းတွေ့ရှိ
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် လူသေအလောင်းတွေ့ရှိ
ရန်ကုန် နိုဝင်ဘာ ၁၈
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ် (၁၇)ရပ်ကွက် မောင်းမကန် ကန်သာယာလမ်းခြံအမှတ် (၁၀၆၈)တွင် ၁၇.၁၁.၁၃ ရက်နေ့ညနေ(၅း၃၀)တွင် အဆိုပါခြံဝင်းအတွင်းရှိ ရေအိုင်ငယ်အတွင်းတွင် လူတစ်ဦးမှောက်လျှက်သေဆုံးနေကြောင်းသိရသည်။
အဆိုပါသေဆုံးသူမှာ (ဘ)ဦးသက်နိုင်၏သားမောင်နေထက်လင်းအသက်
(၁၈)နှစ် အမှတ်(၁၈)ရပ်ကွက် ကျွန်းရွှေမြိုင်လမ်း ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်နေသူဖြစ်ကြောင်းသိရသည်။၎င်းသေဆုံးသူအား မြောက်ဥက္ကလာပ
ဆေးရုံသို့ပို့ဆောင်စစ်ဆေးလျှက်ရှိကြောင်းနှင့်သေဆုံးသူမှာ နှစ်ရက်ခန့်ရှိနေပြီး ပုပ်ပွလျှက်ရှိနေကြောင်းသိရသည်။
ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်၅၂/၂၀၁၃ အရဆက်လက်စုံစမ်းစစ်ဆေး လျှက်ရှိကြောင်းသိရသည်။
MOI
11/18/13
ဖုန်းတွေကို ဖုန်းနဲ့ပဲ Root လုပ် ကြမယ်
ဖုန်းတွေကို Root တဲ့နေရာမှာ ကွန်ပျူတာကနေ Root လုပ်နေရတာ အားလုံးအသိပါ။ ကွန်ပျူတာကို လူတိုင်းမသုံးဖြစ်ကျပါဘူး၊ မသုံးတတ်တဲ့လူတွေလည်းရှိပါတယ်။ Root Tool တွေရှိပေမယ့်ကွန်ပျူတာမရှိလို့၊မသုံးတတ်လို့ ကိုယ့်ဟာကို Root မလုပ်ရတဲ့သူတွေ အများကြီးပါ။ယခုတင်ပေးမယ့် application လေးက ဖုန်းထဲကနေ Root လုပ်လို့ရတဲ့ application လေးပါ ...
root လုပ်တာအောင်မြင်သွားရင်တော့ Super User လေးက အစိမ်းရောင်အရိုးခေါင်းလေးနှင့်ပါ။အရင်ဆုံးဖုန်းထဲမှာ ဆော့ဝဲလ်ကို install လုပ်ပြီး ဆော့ဝဲကိုဖွင့်ပြီး Start Root ဆိုတာကိုနှိပ်လိုက်ပါကိုနှိပ်လိုက်တာ
စတင်အလုပ်လုပ်ပါတော့မယ်...ကျွန်တော် C8813 ကို error ကင်းစွာနဲ့ root လုပ်ပြီးပါပြီ ...ဆော်ဝဲလ်နာမည်ကတော့ Pro Myanmar Root ပါ ...
Developer ကတော့ KoKyawKoKo ပဲဖြစ်ပါတယ် ....
အားလုံးပဲ ကံကောင်းစွာနဲ့ အဆင်ပြေပါစေဗျာ ....
Download Link - http://www.solidfiles.com/d/c67a1cb8ab/
Subscribe to:
Posts (Atom)