သတင်းနှင့်နည်းပညာများ

1/11/14

နယ်စပ်ကုန်သွယ်မှုမှ ရေထွက်ပစ္စည်း တင်ပို့မှု ပုံမှန်ထက် ကန်ဒေါ်လာ ၁၀ သန်းကျော် ရရှိ

နယ်စပ်ကုန်သွယ်မှုမှ ရေထွက်ပစ္စည်း တင်ပို့မှု ပုံမှန်ထက် ကန်ဒေါ်လာ ၁၀ သန်းကျော် ရရှိ
==========================================
အာကာစိုး
==========================================

ရန်ကုန် ၊ ဇန်န၀ါရီ ၁၀ ။ ။ ယခုနှစ်အ တွင်း ပြည်ပသို့ရေထွက်ပစ္စည်း တင်ပို့မှုတွင် ပုံမှန်ကုန်သွယ်မှု ထက် နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၁၀ သန်း ကျော်ပိုမိုတင်ပို့ထားကြောင်း ငါး လုပ်ငန်းဦးစီးဌာနမှ ထုတ်ပြန် ချက်များအရ သိရသည်။

ယခုဘဏ္ဍာနှစ် ဧပြီလမှ ဒီ ဇင်ဘာလအထိ ပြည်ပသို့ ရေ ထွက်ပစ္စည်းတင်ပို့မှုတွင် ပုံမှန် ကုန်သွယ်မှုမှ အမေရိကန်ဒေါ် လာ ၁၉၂ဒသမ ၆၁၁သန်းနှင့် နယ်စပ်ကုန်သွယ်ရေးမှ အမေရိ ကန်ဒေါ်လာ ၂၁၀ဒသမ ၂၁၃ သန်း တင်ပို့ထားကြောင်း သိရ သည်။

မြန်မာနိုင်ငံငါးလုပ်ငန်းအ ဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွန်း က ““ဒီနှစ်ရေထွက်ပစ္စည်းထုတ် လုပ်မှုပိုင်းမှာ ပုံမှန်ကုန်သွယ်မှု က တင်ပို့နေကျဖြစ်တဲ့ ရေထွက် ပစ္စည်းထုတ်လုပ်မှုလျော့နည်း နေတယ်။ အဓိကတော့ မွေးမြူ ရေးငါး၊ ပုစွန်ထုတ်လုပ်တဲ့အပိုင်း က ကျဆင်းနေတယ်။ နယ်စပ် ကတင်ပို့တဲ့ ငါးရှဥ့်၊ ဂဏန်းတို့က ဒီနှစ်မှာ ဈေးကောင်းရပြီး ရည် မှန်းချက်ထက်တောင် ကျော်လွန် တင်ပို့နိုင်တယ်””ဟု ပြောကြား ခဲ့သည်။

လက်ရှိပြည်တွင်းမှ ရေထွက် ပစ္စည်းတင်ပို့မှုတွင် ကဏန်းတင် ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၈ သန်းနှင့် ငါးရှဥ့်တင်ပို့မှုမှ အမေ ရိကန်ဒေါ်လာသန်း ၃၀ရရှိရန် ရည်ရွယ်ခဲ့ရာ ကဏန်းတင်ပို့မှု မှ အမေရိကန်ဒေါ်လာ ၄၁ဒသမ ၃၃၇သန်းနှင့် ငါးရှဥ့်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၉ဒသမ ၃၉၈သန်းအထိ ရည်မှန်းချက် ထက် ကျော်လွန်တင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။

Credit By - Yangon Media Group

ငါးနှစ်အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦး မဏိပူရ ပြည်နယ်တွင် မုဒိမ်းကျင့်ခံရ၍ သေဆုံး



ငါးနှစ်အရွယ် မြန်မာမိန်းကလေးငယ်တစ်ဦး မဏိပူရ ပြည်နယ်တွင် မုဒိမ်းကျင့်ခံရ၍ သေဆုံး
Saturday, January 11, 2014

အိန္ဒိယ-မြန်မာ နယ်စပ် မဏိပူရပြည်နယ် ချူရာချန်ဒရာ ပူးရ်မြို့ရှိ ငသည် ကျေးရွာတွင် နေထိုင်သော မြန်မာလူမျိုး ဇနီးမောင်နှံနှစ်ဦး၏ သမီးဖြစ်သူ ငါးနှစ်အရွယ် ကလေးငယ် ဇင်ဇင်မူးသည် ဇန်နဝါရီ လ ၈ ရက်နေ့က မုဒိမ်းကျင့်ခံရ၍ သေဆုံးသွားခဲ့ကြောင်း အိန္ဒိယနိုင်ငံ အခြေစိုက် သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

အဆိုပါ ကလေးငယ်သည် ဇန်နဝါရီ လ ၇ ရက်နေ့ နံနက်ပိုင်းက အဒေါ်ဖြစ်သူ၏ အိမ်သို့ ထွက်သွားခဲ့ရာမှ နေအိမ်သို့ ပြန်လည် ရောက်မလာ၍ မိသားစုဝင်များက ရဲစခန်းသို့ တိုင်တန်းသဖြင့် ရှာဖွေရာတွင် ငသည်ရွာနှင့် မိုင်ဝက်ကျော် ကွာဝေးသော ဝါးတောအနီးတွင် ကလေးငယ်၏ ရုပ်အလောင်းကို ရဲတပ်ဖွဲ့က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကလေးငယ်၏ ကိုယ်ပေါ်တွင် အဝတ်အစားများ ကင်းမဲ့နေကြောင်း၊ ကိုယ်ပေါ်တွင် ဒဏ်ရာတစ်စုံတစ်ရာ မရှိသော်လည်း အထိတ်တလန့် ဖြစ်ခဲ့မှုကြောင့် နှလုံးခုန်ရပ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဆေးစစ်ချက်များအရ သိရသည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

သို့သော် ကလေးငယ် အခင်းဖြစ်ပွားရာ နေရာမှာ အုတ်ဖုတ်လုပ်ငန်း လုပ်ကိုင်ရာ နေရာဖြစ်ပြီး၊ ယင်းနေရာတွင် ဒေသခံ မဟုတ်သည့် သူစိမ်းများ လာရောက် အလုပ်လုပ်လေ့ ရှိကြသည်ဟု ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်အရ သိရသည်ဟု အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အဆိုပါ ကလေးငယ် သေဆုံးမှုနှင့် ပတ်သက်၍ ချူရာချန်ဒရာပူးရ်ခရိုင် ကျောင်းသားများသမဂ္ဂက အပြင်းအထန် ကန့်ကွက်ဆန္ဒပြ ထုတ်ဖော်မှု ပြုလုပ်ခဲ့ပြီး တရားခံကို အမြန်ဆုံး ဖော်ထုတ်ကြရန် ခရိုင် ရဲတပ်ဖွဲ့ကို ဖိအားပေးခဲ့ကြကြောင်း ယင်းသတင်းများတွင် ဖော်ပြချက်အရ သိရသည်။

The Voice Weekly

သူ့အတွေး သူ့အမြင် ဘယ်လိုနည်းနဲ့မှ ပြန်စဖို့ လက်မခံသင့်တဲ့ မြစ်ဆုံစီမံကိန်း သွေး (စစ်ကိုင်း)


 မြစ်ဆုံ, ရေအားလျှပ်စစ်, ကချင်, တရုတ်, မြန်မာ အစိုးရ
မြစ်ဆုံ စီမံကိန်း အ၀င်ဂိတ် (ဓာတ်ပုံ – MRJ)
ဧရာဝတီမြစ်ကြီးဟာ ကျမတို့ မြန်မာနိုင်ငံရဲ့ အသက်သွေးကြော မြစ်ကြီးဖြစ်သလို၊ ဒီမြစ်ကြီးကို အမှီပြုပြီး မြို့တွေထွန်းကားခဲ့၊ ကူးသန်း ရောင်းဝယ်ရေးတွေ လုပ်ဆောင်ခဲ့ကြတာပါ။ မြစ်ကြီးအစပြု စီးဆင်းတဲ့ မြစ်ဆုံ ဒေသဟာ သာယာ လှပသလို၊ ဇီဝ မျိုးစိတ်တွေ စုံလင်တဲ့ ဒေသလည်း ဖြစ်ပါတယ်။
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းဟာ ဧရာဝတီရဲ့ အသက် ဇာတိကို ခြိမ်းခြောက်နေတာ အမှန်ပါ၊ နဂိုကမှ ရွှေကျင်တာတွေ၊ ရာသီဥတု ဖောက်ပြန်တာတွေကြောင့် ဧရာဝတီမြစ်ဟာ သဲသောင် ဖြစ်ထွန်းမှုတွေ ပိုများလာပြီး ရေကြောင်းကျပ်နေတဲ့ အခြေအနေမှာ ရှိနေပါတယ်။ ဧရာဝတီမြစ်ဟာ တနိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့ မြစ်ဖြစ်တာကြောင့် မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းတွေကို စနစ်တကျ လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ အချိန်မှာ China Power Investment Coorporation (CPI) ကနေ မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းထားရတဲ့အတွက် နစ်နာနေပါတယ်လို့ ထုတ်ဖော် ပြောကြားလာတာဟာ အလွန်စိုးရိမ်ဖို့ ကောင်းတဲ့ ပြောကြားချက်ပါ။
မြစ်ဆုံစီမံကိန်းကို အရင်စစ်အစိုးရ လက်ထက်က ချုပ်ဆိုခဲ့ပြီး လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနက အခမဲ့ ရှယ်ယာ ၁၅ ရာခိုင်နှုန်း၊ အေးရှားဝေါလ် ကုမ္ပဏီက လက်ငင်းငွေ ငါးရာခိုင်နှုန်း၊ တရုတ်နိုင်ငံက CPI က ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး စီမံကိန်းကာလက နှစ် ၅၀ အထိဖြစ်ပါတယ်။ အဲဒီတော့ မြစ်ဆုံစီမံကိန်းကို လုပ်ဆောင်ခဲ့မယ် ဆိုရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို လေ့လာကြည့်ရအောင်ပါ။
မြန်မာအစိုးရရဲ့ ခွင့်ပြုချက်နဲ့ မြန်မာ-တရုတ် သိပ္ပံပညာရှင်တွေ ပါဝင်တဲ့ အဖွဲ့ဟာ “သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ အကဲဖြတ် စိစစ်မှု (Environmental Impoct Assessment-Special Investigation) ကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီလေ့လာချက်ထဲမှာ ဖော်ပြထားတာ “မြန်မာနိုင်ငံ၏ ဇီဝစုံလင်မှု ထိန်းသိမ်း စောင့်ရှောက်ရေး အဆက်အစပ် လမ်းကြောင်းနှင့် ဇီဝမျိုး စုံလင်ရာဒေသကို ဆိုးရွားစွာ ထိခိုက်မှုရှိမည်။ ဒေသတွင်း အောက်ခြေပြည်သူများ၏ နေထိုင်မှုနှင့် စားဝတ်နေရေး ကိုများစွာထိခိုက်နိုင်သည်။ ဆောက်လုပ်ရေး လုပ်ငန်းများအတွက် တရုတ် အလုပ်သမားများ အကြီးအကျယ် ၀င်ရောက်လာလျှင် ထင်းလိုအပ်ချက်ကြောင့် ဆိုးဝါးသော သစ်တောပြုန်းတီးနိုင်ခြေ သိသာထင်ရှားစွာ ရှိနေသည်။ ကချင်ပြည်သူတို့၏ ယဉ်ကျေးမှု နှလုံးသား ထာဝရ ပျောက်ဆုံးမည်”တဲ့။
ဒါ့အပြင် “မြန်မာနိုင်ငံတွင်းက အပြည်ပြည်ဆိုင်ရာမြစ်များ” စာအုပ်မှာ ဦးဝင်းကျော် (အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်၊ ရေအား လျှပ်စစ်ဌာနက “သဘာဝအလျောက် စီးဆင်းနေတဲ့ မြစ်ချောင်းတွေကို ပိတ်ဆို့ပြီး ရေလှောင်တမံ တည်ဆောက်ခြင်းဟာ မြစ် ချောင်းတွေရဲ့ သဘာဝ ရေစီးရေလာကို ပျက်စီးစေပါတယ်။ မြစ်ဝှမ်းအတွင်းမှာ ရေစီးရဲ့ ပမာဏ၊ အရည်အသွေး၊ နုန်းပို့ချမှု ပုံသဏ္ဌာန်နဲ့ ရေအသုံးချမှု ပုံစံတွေဟာ ပြောင်းလဲကုန်ပါတယ်” လို့ ရေးသားထားပါတယ်။
မြစ်ဆုံ စီမံကိန်းနဲ့ ပတ်သက်ပြီး ကန့်ကွက်မှုတွေ များပြားနေတာကြောင့် ၂၀၁၁ ခုနှစ်မှာ သမ္မတ ဦးသိန်းစိန်ကနေ မိမိရဲ့ သမ္မတ သက်တမ်းအတွင်း ရပ်ဆိုင်း ထားမယ်လို့ ကြေညာခဲ့ပါတယ်။ သမ္မတကနေ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးနဲ့ အမျိုးသား လွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေးသို့ သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌ လိပ်မူပြီး ပေးပို့ခဲ့တဲ့ သ၀ဏ်လွှာထဲမှာ “မိမိတို့ အစိုးရသည် ပြည်သူမှ ရွေးချယ်တင်မြှောက်ထားသည့် အစိုးရဖြစ်၍ ပြည်သူများ၏ဆန္ဒကို အလေး ထား ရပါမည်။ ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို အလေးထား၍ ဖြေရှင်းဆောင်ရွက်သွားရန် တာဝန်ရှိပါသည်။ သို့ပါ၍ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည်တည်ဆောက်ခြင်းကို မပြုလုပ်စေဘဲ ရပ်ဆိုင်းထားမည်ဖြစ်ပါသည်”လို့ အတိအလင်း ပါရှိပါတယ်။
မြစ်ဆုံစီမံကိန်း ဆိုရာမှာ ဧရာဝတီမြစ် အထက်ပိုင်းရှိ မြစ်ဆုံ၊ ချီဖွေ၊ ၀ူဆောက်၊ ဖီဆော၊ ခေါင်လန်ဖူး၊ ယဲ့နန်၊ လာဆာတို့မှာ စီမံကိန်း (၇) ခုနဲ့ လုပ်ငန်းသုံး ရေအားလျှပ်စစ် စက်ရုံ တခုပါဝင်မယ့် စီမံကိန်းကြီးဖြစ်ပါတယ်။ မြစ်ဆုံဆည်သာ တည်ဆောက် ခဲ့မယ် ဆိုရင် ရာသီဥတုဖောက်ပြန်မှုကြောင့် မြောက်ဖျားရှိ ရေခဲတောင်တွေ အရည်ပျော်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ အင်အားပြင်းထန်တဲ့ ငလျင်လှုပ်ခြင်းတွေ ဖြစ်ပေါ်လာနိုင်မယ့် အန္တရာယ်ရှိပါတယ်။ ဧရာဝတီမြစ်ရဲ့ ရေစီးရေလာပြောင်းလဲမှုကြောင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသ အထိ သက်ရောက်နိုင်ခြေ ရှိသလို စိုက်ပျိုးမြေ ဧကပေါင်းများစွာ ပျက်စီးနိုင်ပါတယ်။
အထူး သတိချပ်ရမှာက လူပေါင်းသောင်းချီ သေဆုံးခဲ့ရတဲ့ ၂၀၀၈ ခုနှစ်က တရုတ်နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ဟာ Three Gorges Dam ဆိုတဲ့ ဆည်ကြီး တည်ဆောက်မှုရဲ့ အကျိုးဆက်အဖြစ် ဖိအားတွေကြောင့် ငလျင်လှုပ်ခဲ့ရတယ်လို့ သုတေသန တွေ့ရှိချက်တွေက ဆိုပါတယ်။ ဒါ့အပြင် မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းတွေ မလုပ်ဆောင်လို့၊ ဆည်တွေဆောက်လို့ ပျောက်ကွယ်သွားရတဲ့ မြစ်အရေအတွက်ဟာ တရုတ်နိုင်ငံအတွင်းမှာ ထောင်ချီပြီး ရှိပါတယ်။
သူတို့နိုင်ငံမှာတောင်မှ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုကို ထည့်မတွက်တဲ့ တရုတ်နိုင်ငံက ကုမ္ပဏီတွေဟာ ကျမတို့ ဧရာဝတီမြစ်ကြီး ပျက်စီးသွားမှာ၊ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှာကို ထည့်တွက်စဉ်းစားမှာ မဟုတ်ပါဘူးဆိုတာ သေချာနေပါတယ်။ မြစ်ဆုံဆည် တည်ဆောက်လို့ ဆည်ဖိအားကြောင့် ငလျင်လှုပ်ခဲ့ရင် ပြည်သူတွေပဲ ထိခိုက်နစ်နာရမှာပါ။ အသက်သွေးကြောသဖွယ် အရေးပါတဲ့ ဧရာဝတီမြစ်ကြီး တိမ်ကော ပျောက်ဆုံးသွားမှာကို အတွေးနဲ့တင်ပဲ ဘယ်လိုမှ လက်မခံနိုင်ပါဘူး။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး နောက်တက်လာမယ့် အစိုးရဟာ ပြည်သူတွေရဲ့ ဆန္ဒကို အလေးထား၊ မထားဆိုတာ မြစ်ဆုံ စီမံကိန်းကို ဆက်အကောင်အထည်ဖော်၊ မဖော်ကိစ္စနဲ့ စောင့်ကြည့် အကဲဖြတ်ရမှာပါ။ အခုအချိန်ထိ ပြည်သူလူထုကနေ ပြတ်ပြတ်သားသား ကန့်ကွက်နေပေမယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အတိုက်အခံတွေရဲ့ သဘောထား က ပြတ်ပြတ်သားသား မရှိတာ တွေ့ရပါတယ်။ အရင်အစိုးရ အဖွဲ့ထဲမှာ ပါဝင်ခဲ့တဲ့ သမ္မတကို တာဝန်ယူဖို့ ပြောနေတဲ့ သဘော မှာ တွေ့ရတော့ ကျမတို့အနေနဲ့ မြစ်ဆုံကိစ္စနဲ့ ပတ်သက်လာရင် ပြည်သူတွေဘက်က ရပ်တည်ကာကွယ်တဲ့ စကားကို အတိုက်အခံဘက်က ကြားချင်မိတာ အမှန်ပါ။
၂၀၁၅ နောက်ပိုင်း ဦးသိန်းစိန်ပဲ ဒုတိယအကြိမ်မြောက် သမ္မတသက်တမ်းကို ဆက်ခံ ဆက်ခံ၊ ဒေါ်အောင်ဆန်းစုကြည်ပဲ သမ္မတ ဖြစ်လာဖြစ်လာ မြစ်ဆုံစီမံကိန်းကို ပြန်အသက်သွင်းမယ် ဆိုရင်တော့ တိုင်းပြည်အတွက် အလားအလာ ကောင်းမှာမဟုတ်ပါဘူး။ မြစ်ဆုံစီမံကိန်းဟာ နိုင်ငံသူ၊ နိုင်ငံသားတိုင်းအတွက် ထိခိုက်ဆုံးရှုံး နစ်နာမှုတွေ သေချာပေါက်ရှိနေတဲ့ စီမံကိန်းမှန်း သိပါလျက်နဲ့ ပြန်ခွင့်ပြုခဲ့ရင် အဲဒီအစိုးရ၊ အဲဒီ သမ္မတဟာ သမိုင်းတရားခံ ဖြစ်သွားပါလိမ့်မယ်။
တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေဟာ ကောင်းကျိုးထက် ဆိုးကျိုးများနေတယ်ဆိုတာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက သက်သေပြနေပါတယ်။ မြစ်ဆုံကိစ္စဟာ လက်ပံတောင်းကိစ္စထက် ပိုပြီး ကျယ်ပြန့်ပါတယ်။ နှစ် ၅၀ ဆိုတဲ့ သက်တမ်းအတွင်းမှာ ခဏရပ်လိုက်၊ ပြန်စလိုက် လုပ်နေရင် နောင်လာမယ့် မျိုးဆက်တွေဟာ ဧရာဝတီမြစ်ကို မြင်တွေ့ရဖို့တောင် ခဲယဉ်းသွား နိုင်ပါတယ်။
တရုတ်ဟာ မြန်မာနိုင်ငံအပေါ် မြစ်ဆုံစီမံကိန်း အကြောင်းပြုပြီး နိုင်ငံရေး ကစားကွက် ဖန်တီးနေသလားဆိုတာလည်း (အလေးအနက်) ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ အခုကိုပဲ ကချင်ပြည်နယ်အတွင်းမှာ တရုတ်ဘက်ကို တရားမ၀င် သစ်ခိုးထုတ်မှုတွေကြောင့် သစ်တောပြုန်းတီးမှုတွေ ဖြစ်ပေါ်နေပါပြီ။ တရုတ်အလုပ်သမားတွေ ၀င်ရောက်လာရင် ဖြစ်လာနိုင်မယ့် လူမှုရေး အကျိုးဆက်တွေပါ ရှိနေပါတယ်။ ဒါ့အပြင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကြား တည်ဆောက်နေတဲ့ “ယုံကြည်မှု” ပျက်ပြားသွားနိုင်တယ် ဆိုတာပါ သတိပြုသင့်ပါတယ်။
ကျမတို့ ပြည်သူတွေ လိုချင်နေတဲ့ အဖြေက ဘယ်အစိုးရပဲ တက်တက်၊ ဘယ်သူပဲ သမ္မတဖြစ်ဖြစ် မြစ်ဆုံစီမံကိန်းကို ရာသက်ပန် ရပ်ဆိုင်းပစ်ဖို့၊ တနည်းအားဖြင့် နှစ် ၅၀ သက်တမ်းအတွင်း မြစ်ဆုံစီမံကိန်း လုံးဝ မပြုလုပ်ဖို့ဆိုတဲ့ အဖြေပါ။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခဲ့လို့ CPI ကို လျော်ကြေး ပြန်ပေးရမယ်ဆိုရင်လည်း ကျမအနေနဲ့ တတ်နိုင်သလောက် ငွေကြေးထည့်ဝင်မှာပါ။ သန်း ၆၀ သော ပြည်သူတွေအနေနဲ့ တယောက်ကို တထောင်ပဲ ထည့်ဝင်၊ ထည့်ဝင်၊ စုစည်းညီညွတ်ခဲ့ရင် ကျမတို့ ပိုင်တဲ့ ဧရာဝတီမြစ်ကြီးကို ရွေးယူဖို့ အဆင်သင့် ရှိပါတယ်။
ရာဇ၀င်ထဲက သက်ရှိမြစ်ကြီး မြစ်မင်း ဧရာဝတီ စီးဆင်းမြဲ စီးဆင်းနေနိုင်ဖို့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်မယ့် အရေးကို ဘယ်လိုအခြေအနေ၊ ဘယ်လို အကြောင်းပြချက်နဲ့မှ လုံးဝ လက်ခံနိုင်မှာ မဟုတ်ကြောင်း တင်ပြလိုက်ရပါတယ်။     ။
Credit By - http://burma.irrawaddy.org/opinion/viewpoint/2014/01/11/53274.html

ကလေးမြို့တွင် ကျပ် ၁၁၂၆ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ



ကလေးမြို့တွင် ကျပ် ၁၁၂၆ သိန်း တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ
========================================
ပန်သစ္စာ
========================================
ကလေး ၊ ဇန်န၀ါရီ ၁၀ ။ ။ စစ်ကိုင်း တိုင်းဒေသကြီး ကလေး ခရိုင် ထ/နမှ တပ်ကြပ်ထွန်းလွင်နှင့် အဖွဲ့က စမ်းမြို့ နယ်မြေမှူး၊ ချမ်းမြေ့အောင် စည် ရပ်ကွက် နယ်မြေမှူးတို့နှင့်အတူ ပျဉ်းခုံ ကြီးကျေးရွာ မလာလ်နဲတိန် ၏ နေအိမ်အတွင်း ၀င်ရောက်ရှာ ဖွေရာ မူးယစ်ဆေးဝါးများနှင့် ဆက်စပ် တရားခံများကို မူးယစ် ဆေးဝါးများနှင့်အတူ ဇန်န၀ါရီ ၈ရက် မွန်းတည့် ၁၂နာရီက ဖမ်း ဆီးရရှိခဲ့ကြောင်း သိရသည်။

သတင်းအရ ရှာဖွေခဲ့သည့် မလာလ်နဲတိန်၏ နေအိမ်တွင် ခရစ်ရိုဆန်း အား တွေ့ရှိခဲ့ရပြီး နေအိမ်အိပ်ခန်းအတွင်း၌ အ ဖြူရောင်ဆာလာ အိတ်နှင့်ထည့် ထားသော မူးယစ်ဆေးဝါးဆူဒို အက်ဖီဒရင်းဆေးပြား တစ်ပြား လျှင် သုညဒသမ တစ်ဂရမ်ရှိ ဆေးပြား ၃၂၁၄၀၀၊ ၃၂ဒသမ ၁၄ကီလိုအိတ် တစ်အိတ်၊ ဆေး ပြား ၃၂၃၄၀၀၊ ၃၂ဒသမ ၃၄ ကီလိုရှိ ဆာလာအိတ်တစ်အိတ်၊ ဆေးပြား ၃၁၇၀၀၀၊ ၃၁ဒသမ ၇ကီလိုရှိ ဆာလာအိတ် တစ် အိတ်၊ ဆေးပြား ၂၅၄၈၀၀၊ ၂၅ ဒသမ ၄၈ကီလိုရှိ အ၀ါရောင် ဆာလာအိတ်နှင့် ထည့်ထား သောအိတ် တစ်အိတ်၊ ဆေး ပြား စုစုပေါင်း ၁၁၂၆၆၀၀၊ စုစုပေါင်း ၁၁၂ဒသမ ၆၆ကီလို၊ စုစုပေါင်းကာလတန်ဖိုး ကျပ် သိန်း ၁၁၂၆၆၀၀၀၀ရှိ မူးယစ် ဆေးတို့အား ဖမ်းဆီးရမိခဲ့သည်။

ထိုဖမ်းမိသည့် မူးယစ်ဆေး နှင့်ပတ် သက်၍ စစ်ဆေးမေး မြန်းခဲ့ရာ လက်ပံချောင်း ရွာနေ ပါကျဲခေါ် ဆလိုင်းမန်းသင်ထန်း ဆိုသူမှ အနက်ရောင်ဇိမ်ခံကား ဖြင့် လာရောက်ပို့ဆောင်ခဲ့ပြီး အခကြေးငွေ ကျပ်တစ်သိန်းပေး ခဲ့ကြောင်း သိရသည်။

ထို့နောက် သက်ဆိုင်ရာ ပြည်သူ့ရဲတပ်ဖွဲ့များမှ လက်ပံ ချောင်းကျေးရွာ ဆလိုင်းမန်းသင် ထန်းနေအိမ်သို့ သက်သေများ ဖြင့် ၀င်ရောက်ရှာဖွေခဲ့ရာ ဆ လိုင်းမန်းသင်ထန်းမှာ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ဇနီးမထန်ပါး အား တွေ့ရှိကာ ဆေးပြားရောင်း ၀ယ်ရာတွင် အသုံးပြုခဲ့သောငွေ ကျပ် သိန်း ၄၀၀၊ ဆပ်ဖ်ကား တစ်စီးတို့ကို ဇနီးမထန်ပါးပြော ပြချက်အရ သိမ်းဆည်းရမိခဲ့ သည်။

ယခုအခါ ဆူဒိုအက်ဖီဒ ရင်းဆေးပြားများ သယ်ဆောင် ရောင်းချရန် လက်ဝယ်ထားရှိ သော မလာလ်နဲတိန် အသက် ၄၈နှစ် ပျဉ်းခုံကြီးရွာ၊ ခရိုဆန်း အသက် ၂၀နှစ် ပျဉ်းခုံကြီးရွာ၊ မထန်ပါး အသက် ၃၄နှစ် လက် ပံချောင်းကျေးရွာ၊ ထွက်ပြေး တိမ်းရှောင်နေသူ ဆလိုင်းမန်း သင်ထန်း အသက် ၄၄နှစ် လက် ပံချောင်းကျေးရွာတို့အား က လေး ပြည်သူ့ရဲစခန်းမှ (ပ)နံ ပါတ် မယ(ပ)၄/၂၀၁၄၊ မူးစိတ် ပုဒ်မ ၁၅/၁၆(ခ)/၂၀(က)/ ၂၁ဖြင့် ဆက်လက်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိ ရသည်။

Credit By- Yangon Media Group

အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းနှင့် အခွန်မသမာမှုများ တားဆီးအရေးယူရေး


အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းနှင့် အခွန်မသမာမှုများ တားဆီးအရေးယူရေး

(Written by: သစ်ထွဋ်)

နိုင်ငံတစ်နိုင်ငံမှာ ၀င်ငွေနဲ့သုံးငွေ မျှတဖို့နဲ့ နိုင်ငံအတွက် လိုအပ်နေတဲ့ အရာတွေကို ဖန်တီးပေးနိုင်ဖို့ တာဝန်ရှိတဲ့ အစိုးရရဲ့ အသုံးစရိတ်များ လောက်ငစေဖို့အတွက် စည်းစနစ်တကျ ကောက်ခံတဲ့ အခွန်စနစ် တစ်ရပ်ဟာ မဖြစ်မနေ လိုအပ်ပါတယ်။

တင်သွင်းရန်ရှိသည့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်း

အခွန်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီ ၇ ရက်က နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး ခန်းမမှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘဏ္ဍာရေး ကော်မရှင် (၁/၂၀၁၄) အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယခုလအတွင်း ကျင်းပမယ့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် န၀မပုံမှန် အစည်းအဝေးတွင် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းကို တင်သွင်းမယ်လို့ ပြောကြားလိုက်ပါတယ်။ သမ္မတက ယင်းဥပဒေကြမ်းမှာ အခွန်လျာထားချက်၊ အခွန်နှုန်းများ သတ်မှတ်ခြင်းနှင့် အစီရင်ခံခြင်း၊ သက်ဆိုင်ရာ ၀န်ကြီးဌာနရဲ့ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ကုန်သွယ်လုပ်ငန်းခွန် နှုန်းထားများ၊ ၀င်ငွေခွန် နှုန်းထားများ၊ အခွန်စနစ် ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နေမှုများ ပါဝင်မှာ ဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့နယ်မြေ အကျယ်အ၀န်း၊ လူဦးရေ၊ စီးပွားရေး လုပ်ငန်းများ အခြေအနေအပေါ် မူတည်ပြီး အခွန်အခြေခံကို ချဲ့ထွင်ခြင်း၊ အခွန်တိမ်းရှောင်မှုများကို ဖော်ထုတ်ခြင်း၊ အခွန်ထမ်းသူများအား မက်လုံးပေးခြင်းဖြင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများ တိုးတက်ရရှိအောင် ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း သမ္မတက ပြောကြားခဲ့ပြီး အခြားနိုင်ငံများနည်းတူ အစိုးရရဲ့ အသုံးစရိတ်များကို နိုင်ငံတော်က ကောက်ခံရရှိတဲ့ အခွန်ငွေနဲ့ ရပ်တည်ဆောင်ရွက်နိုင်တဲ့ နိုင်ငံဖြစ်အောင် ကြိုးပမ်းဆောင်ရွက် ရမယ်လို့လည်း ဆိုခဲ့ပါတယ်။

အခွန်တိမ်းရှောင်မှုများ ရှိနေသလား

ဒီလိုပြောကြား ချက်တွေအရ လာမယ့် လွှတ်တော်မှာ တင်သွင်းမယ့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းနဲ့ကို အတည်ပြုခဲ့ပါက အခွန်အကောက် ဆိုင်ရာတွေမှာ အပြောင်းအလဲတွေ ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိအခြေအနေမှာတော့ အခွန်အကောက်ဆိုင်ရာနဲ့ ပတ်သက်ပြီး အခွန်တိမ်းရှောင်မှုတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတယ်လို့ ဝေဖန်တဲ့သတင်းနဲ့ သတင်းဆောင်းပါးတွေကို ပုဂ္ဂလိက သတင်းမီဒီယာတွေမှာ မကြာခဏ ဆိုသလို ဖတ်ရှုနေရပါတယ်။ ထင်ရှားတဲ့ ဥပမာအနေနဲ့ စီးပွားရေး နယ်ပယ်မှာ အရင်းအနှီး များစွာဖြင့် လုပ်ငန်းများစွာ စီမံခန့်ခွဲ လုပ်ကိုင်နေသော်လည်း သက်ဆိုင်ရာက နှစ်စဉ်ထုတ်ပြန်ပေးတဲ့ အများဆုံး အခွန်ပေးဆောင်မှု စာရင်းမှာ ပါဝင်လာခြင်း မရှိသော လုပ်ငန်းကုမ္ပဏီတွေ ရှိနေတာဟာ အခွန်တိမ်းရှောင်မှုတွေနဲ့ ဆက်စပ်မှု ရှိနေသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ရပါတယ်။ နိုင်ငံတကာမှာတော့ အခွန်တိမ်းရှောင်မှုတွေနဲ့ ပတ်သက်ပြီး ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတွေ အပါအ၀င် နိုင်ငံအများစုက သည်းခံလေ့ မရှိပါဘူး။ အခွန်တိမ်းရှောင် သူတွေကို အမြဲတမ်း စောင့်ကြည့်ဖော်ထုတ်ပြီး ကျူးလွန်တဲ့ အနေအထားအပေါ် မူတည်ကာ ထိရောက်တဲ့ နှစ်ရှည်ထောင်ဒဏ် များပြားတဲ့ငွေဒဏ် အစရှိတဲ့ ပြစ်ဒဏ်တွေကို ချမှတ်လေ့ ရှိပါတယ်။ အခွန်ကောက်ခံ ရရှိမှုဟာ အစိုးရ အသုံးစရိတ်အတွက် အဓိက၀င်ငွေ ဖြစ်တာကြောင့် အခွန်တိမ်းရှောင် မှုတွေဟာ နိုင်ငံတော်ရဲ့ ၀င်ငွေကို တိုက်ရိုက် ထိခိုက်သလို နိုင်ငံသားတွေ အတွက် လိုအပ်နေတဲ့ ကဏ္ဍတွေရဲ့ အသုံးစရိတ်ကိုပါ အကျိုးသက်ရောက်မှု ရှိတာကြောင့် နိုင်ငံတိုင်းဟာ အခွန်တိမ်းရှောင်မှုတွေ မဖြစ်ပေါ်လာစေဖို့ လိုအပ်တဲ့ ဥပဒေတွေကို ကိုယ့်နိုင်ငံရဲ့အခြေအနေ အရပ်ရပ်ကို မူတည်ကာ ကာကွယ်ရေးဆွဲလေ့ရှိတာ ဖြစ်ပါတယ်။

တားဆီးအရေးယူနိုင်မည့် အချက်များပါရန်လို

မြန်မာနိုင်ငံမှာတော့ အခွန်တိမ်းရှောင်မှုတွေ ရှိနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပေမယ့် ယခင်အာဏာရှင် အစိုးရလက်ထက် အပါအ၀င် အရပ်ဘက် အစိုးရဖြစ်လာတဲ့ လက်ရှိအစိုးရ လက်ထက်မှာလည်း အခွန်တိမ်းရှောင်မှုနဲ့ ဆက်စပ်ပြီး အရေးယူမှု ဖြစ်စဉ်တွေကို တွေ့မြင်ကြားသိရတာ မရှိသလောက် နည်းပါးခဲ့သလို အများပြည်သူတွေ အနေနဲ့လည်း အခွန်တိမ်းရှောင်မှုတွေ ရှိနေသလားဆိုတာ သိခွင့်မရရှိ ခဲ့ပါဘူး။ တရားဝင် ထုတ်ပြန်ချက်တွေအရ လက်ရှိအစိုးရ လက်ထက်မှာ အခွန်ပေးဆောင်မှုတွေ ယခင်ကထက် မြင့်တက်လာတယ် ဆိုသော်လည်း ကုမ္ပဏီကြီးတွေ အနေနဲ့ အခွန်တိမ်းရှောင်မှုတွေ ရှိနေတယ်ဆိုတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီးတော့ ထိရောက်တဲ့ ထုတ်ပြန်ဆောင်ရွက် ချက်တွေကို တွေ့မြင်ရခြင်း မရှိသေးပေ။ အခွန်တိမ်းရှောင်မှုတွေ ရှိနေတယ် ဆိုပါကလည်း ကုမ္ပဏီတွေ ကိုယ်တိုင်က တိမ်းရှောင်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်နေတဲ့ အခြေအနေတွေကြောင့်လား။ သို့တည်းမဟုတ် ချမှတ်ထားတဲ့ လက်ရှိအခွန် အကောက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေက အားနည်းနေမှု ကြောင့်လားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ရသလို လာဘ်ပေးလာဘ်ယူ မှုတွေနဲ့ သက်ဆိုင်နေသလား ဆိုတာကို အစိုးရ တာဝန်ရှိသူတွေ ရှာဖွေဖော်ထုတ်ပြီး အရေးယူရမယ့် အကြောင်းအရာတွေ ဖြစ်တယ်လို့ ယူဆမိပါတယ်။ ဒါကြောင့် အသစ်တင်သွင်းမယ့် အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းမှာ ယခင်က အားနည်းချက်တွေကို ပြုပြင်ပြီး အခွန်တိမ်းရှောင်မှုတွေကို ကာကွယ်တားဆီး အရေးယူနိုင်မယ့် အချက်အလက်တွေ ဘယ်လောက် ပါဝင်လာမလဲဆိုတဲ့ အချက်ကလည်း အနာဂတ်မှာ အခွန်ရရှိမှုပမာဏ တစ်နည်းအားဖြင့် နိုင်ငံရဲ့ အဓိက၀င်ငွေအပေါ် သက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။

မှန်ကန်သည့် အခွန်လျှော့ပေါ့ပေးမှု

အခွန်အကောက် ဆိုင်ရာတွေမှာ အခွန်တိမ်းရှောင်မှုတွေ ကာကွယ်တားဆီးဖို့ လိုသလို အရေးကြီးတဲ့ အခြားအချက်တွေလည်း ရှိနေပါသေးတယ်။ အဲဒါက အခွန်လျှော့ပေါ့ပေး မှုတွေပါ။ အခွန်အကောက်တွေ မှန်ကန်စွာ ကောက်ခံနိုင်ဖို့ဆိုရင် အခွန်တိမ်းရှောင်မှုကို တားဆီးဖို့လိုသလို အခွန်လျှော့ပေါ့ မှုတွေကိုလည်း ပေးသင့်ပေးထိုက် ရသင့်ရထိုက်တဲ့ သူတွေကိုသာ လျှော့ပေါ့ခွင့်ပြု နိုင်ဖို့အတွက် ဥပဒေမှာ တိကျတဲ့ အချက်အလက်တွေ ထည့်သွင်းထားဖို့ လိုအပ်ပါတယ်။ ယခင်အစိုးရ လက်ထက်ကနေ ယခုအစိုးရ လက်ထက်အထိ အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ ကျပ်သိန်းပေါင်းများစွာ အခွန်သက်သာခွင့် ရရှိထားကြတဲ့ ကုမ္ပဏီ လုပ်ငန်းရှင်တွေရဲ့ အခွန်သက်သာ ခွင့်တွေဟာ စံနှုန်းမီတဲ့ နိုင်ငံတကာ အခွန်အကောက် စံတွေနဲ့ ဘယ်လောက်ကိုက်ညီမှု ရှိသလဲဆိုတာ ဆန်းစစ်ဖို့ လိုသလို ယခင်ချမှတ်ထားတဲ့ စည်းမျဉ်းတွေရဲ့ အားနည်းချက်ကြောင့် အခွန်ကင်းလွတ်ခွင့် ရသူတွေ ရှိနေပါကလည်း ပြဋ္ဌာန်းလာမယ့် အခွန်အကောက်ဆိုင်ရာ ဥပဒေတွေမှာ ယခင်ရှိခဲ့တဲ့ အားနည်းချက်တွေကို ပြုပြင်နိုင်မယ့် အချက်တွေ ပါရှိလာနိုင်မှာလား ဆိုတာလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ အထူးသဖြင့် အခွန်လျှော့ပေါ့မှုကို ရသင့်ရထိုက်သူတွေက မရရှိဘဲ မရသင့် မရထိုက်သူတွေက ရရှိမယ်ဆိုရင် နိုင်ငံတော်အတွက် နစ်နာသလို လျှော့ပေါ့ပေးမှု ရသင့်တဲ့ နိုင်ငံသားတွေ အတွက်လည်း နစ်နာသွားနိုင်တာကြောင့် အခွန်လျှော့ပေါ့ပေးမှု တွေမှာ ပွင့်လင်းမြင်သာမှု ရှိစွာနဲ့ လုပ်ကိုင်ဆောင်ရွက် ပေးနိုင်မယ့် အစီအမံတွေ အခွန်အကောက်ဆိုင်ရာ ဥပဒေတွေမှာ ပါရှိဖို့ မျှော်လင့်မိပါတယ်။ အခွန်လျှော့ပေါ့ ပေးတာတွေကို တိကျသေချာတဲ့ စံနှုန်းတွေနဲ့ ထိန်းကျောင်းဖို့ လိုအပ်ပြီး အခွန်လျှော့ပေးမှုတွေမှာ အဂတိ လိုက်စားမှုတွေ ရှိမယ်ဆိုပါက ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်နိုင်မယ့် အချက်တွေကိုလည်း လာမယ့် အခွန်အကောက် ဥပဒေတွေမှာ ထည့်သွင်းထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ရှေ့မှာဆိုခဲ့ပြီးသလို အခွန်အကောက်မှ ရရှိမှုဝင်ငွေဟာ နိုင်ငံတိုင်းအတွက် အဓိက ၀င်ငွေရတဲ့လမ်းကြောင်း ဖြစ်တာကြောင့် အခွန်အကောက် ဆိုင်ရာတွေမှာ မသမာမှု ပြုလုပ်သူတွေကို ထိထိရောက်ရောက် အရေးယူဖို့ လိုပါတယ်။ နိုင်ငံသားတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အပါအ၀င် လူမှုဘ၀ အခြေအနေတွေကို ထောက်ပံ့ပေးဖို့ အသုံးစရိတ် ၀င်ငွေဖြစ်တဲ့ အခွန်ငွေကို တိမ်းရှောင်ခြင်း၊ ရပိုင်ခွင့်မရှိဘဲ အခွန်လျှော့ပေါ့ခွင့် ရရှိစေရန် ဆောင်ရွက်ခြင်းကဲ့သို့ ဖြစ်ရပ်တွေကို တားဆီးနိုင်ဖို့ တိကျခိုင်မာတဲ့ အခွန်အကောက် ဥပဒေတွေ ပေါ်ထွက်လာဖို့ မျှော်လင့်မိကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။

(Mobile Team အဖွဲ့မှ အကောက်ခွန်မဲ့ ပစ္စည်းများအား စစ်ဆေးနေသည်ကို ၂၀၁၃ ခုနှစ်က တွေ့ရစဉ်)

Credit By - Eleven Group
Like ·  · 

မော်လမြိုင်မြို့တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲဖွင့်လှစ်ပြီ



မော်လမြိုင်မြို့တွင် နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲဖွင့်လှစ်ပြီ
----------------------------------------------------------------------

မွန်ပြည်နယ်သားများ နိုင်ငံကူးလက်မှတ်လွယ်ကူလျင်မြန်စွာရရှိစေရေးအတွက် မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်၊ အရာတော်လမ်းရှိ ပြည်နယ်သတင်းတပ်ဖွဲ့၊ ဒုတပ်ဖွဲ့ခွဲရုံးတွင် ဇန်နဝါရီ ၂ ရက်နေ့က မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ စတင်ဖွင့်လှစ်ကြောင်း သိရသည်။

သို့ရာတွင် ရုံးစတင်ဖွင့်လှစ်သည့်ကာလဖြစ်သည့်အတွက် လက်ရှိတွင်နိုင်ငံကူးလက်မှတ် ထုတ်ပေးနိုင်ခြင်းမရှိသေးဟု သွားရောက်သတင်းမေးမြန်းသူ ကိုမင်းမင်းက ပြောသည်။

ကိုမင်းမင်းက “ပတ်စပို့ဘယ်နေ့လုပ်ပေးနိုင်မယ်လို့တော့အတိအကျမပြောသေး၊ လွတ်လပ်ရေးနေ့ပြီးတော့မှ ထုတ်ပေးနိုင်မယ်လို့ဆိုတယ်၊ ဘာပဲဖြစ်ဖြစ် ကိုယ့်ပြည်နယ်မှာ ပတ်စပို့လုပ်ရတာက ပိုပြီးအဆင်ပြေမှာပါ၊ အရင်တုန်းကဆို ရန်ကုန်အထိသွားလုပ်ရတာ ငွေလည်းကုန်၊ အချိန်တော်တော်ကုန်တယ်” ဟု ပြောသည်။

ယခုအခါ မြန်မာနိုင်ငံကူးလက်မှတ်အတွက်ကုန်ကျစရိတ်စုစုပေါင်း ငွေကျပ်၂ သောင်းခွဲတိတိဖြစ်ပြီး သာမန်အားဖြင့် ၁၀ ရက်အတွင်း၊ ဆေးကုသသူများအတွက် ၃ ရက်မှ ၅ ရက်အတွင်း လျောက်ထားသည့်နေ့မှ နိုင်ငံကူးလက်မှတ်ရရှိနိုင်မည်ဟု အစိုးရသတင်းများတွင် ရေးသားဖော်ပြသည်။

ထိုသို့ နိုင်ငံကူးလက်မှတ်လျောက်ထားရာတွင် မိမိမှတ်ပုံတင်မူရင်းနှင့် အိမ်ထောင်စုစာရင်းများသာ လိုအပ်မည်ဟု သိရသည်။

“အခုလိုမော်လမြိုင်မှာ ပတ်စပို့လုပ်ရပြီဆိုရင် ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ကျနော်တို့ မွန်ပြည်နယ်သားတွေအတွက် အနာဂတ်မှာပိုပြီးအဆင်ပြေတယ်၊ ကိုယ့်မှာပတ်စပို့ရှိပြီးသားဆိုရင် ကိုယ့်အလုပ်ရှင်ဘက်က တရားဝင်ခေါ်စာရတာနဲ့ ထိုင်းမှာအလုပ်လုပ်ကိုင်ခွင့်ရရှိလာမှာပါ၊ ဒါပေမယ့် ခုချက်ချင်း လောလောဆယ်မှာတော့ မဖြစ်နိုင်သေးပါဘူး” ဟု ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးဆောင်ရွက်ပေးနေသူ ကိုသီဟက ပြောသည်။

ယခုအခါ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအတွက် ထိုင်းနိုင်ငံတွင် ယခင်ထုတ်ပေးခဲ့သော ယာယီမြန်မာနိုင်ငံကူးလက်မှတ်အစား လက်ရှိတွင် မြန်မာနိုင်ငံကူးလက်မှတ်သို့ ပြောင်းလဲပြုလုပ်ပေးနေပြီ ဖြစ်သည်။

ယင်းမြန်မာနိုင်ငံနိုင်ငံကူးလက်မှတ် အမျိုး အစားများမှအလည်အပတ်သွားရောက်သူများ၊ အလုပ်အကိုင် ဖြင့် သွားရောက် မည့်သူများ၊ ပညာသင်များ၊ စီးပွားရေးဖြင့် သွားရောက်မည့်သူများ၊ ဘာသာရေးကိစ္စဖြင့် သွားရောက် မည့်သူများ၊ မှီခိုဖြင့် သွားရောက်သူများ၊ သင်္ဘောသားများအတွက် ထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

အလားတူ နေပြည် တော်အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၃ ခုရှိမြို့ကြီးများတွင် မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ ရုံးခွဲများကို ၂၀၁၄ ခုနှစ်ဇန်န၀ါရီ ၂ ရက်တွင် ထပ်မံဖွင့်လှစ်ခဲ့သဖြင့် ရန်ကုန်၊ မန္တလေးရုံးများအပါအဝင် မြန်မာပြည်တဝန်း၌ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး ၁၅ ရုံး တည်ရှိနေပြီ ဖြစ်သည်။

post;credit to>>IMNA<<Thanks

“မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း”


“မျက်နှာသစ်တဲ့အခါ ကုသိုလ်(၅)မျိုးကို ရအောင်ယူနည်း” ============================= (၁) “ဒါနကုသိုလ်” မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ '' မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား" လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။ (၂) “ဗုဒ္ဓနုသာတိကုသိုလ်” မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။ အရဟံ - ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊ အရဟံ - ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊ အရဟံ - ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။ ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။ (၃) “မေတ္တာကုသိုလ်” ကြည်လင်နေတဲ့ရေကိုကြည့်ပြီး... ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။ ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။ ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။ ဤရေအေးမြသလို သတ္တ၀ါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။ ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။ ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။ (၄) “မရဏာနုဿတိကုသိုလ်” ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။ (၅) “အသုဘဘာဝနာကုသိုလ်” မျက်စိအတွင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ နှာခေါင်းမှာရှိနေတဲ့ အညစ်အကြေးတွေ၊ ပါးစပ်မှာရှိနေတဲ့အညစ်အကြေးတွေကို အာရုံပြုပြီး ငါ့ရဲ့ မျက်နှာဟာ စက်ဆုပ်ရွံရှာဖွယ် ပါတကား….လို့ အသုဘ ဘာဝနာပွါးလိုက်ပါ။ ဒါဆို အသုဘဘာဝနာ ကုသိုလ်ဖြစ်သွားပါပြီး။ အသုဘဘာဝနာပွါးရတာ အိပ်ယာထဆိုတော့ အသုဘရဲ့လက္ခဏာတွေ ထင်ထင်ရှားရှားရှိနေတဲ့အတွက် ပွါးရတာပိုတောင် ထင်သာမြင်သာ ရှိပါသေးတယ်။ အပြင်သွားခါနီး ဖီးလိမ်းပြင်ဆင်ပြီးတဲ့အခါ လှလှပပ၀တ်ဆင်ထားတဲ့အခါ အသုဘပွါးရတာ အဆင်မပြေလှပါဘူး။ မိတ်ကပ်တွေ အ၀တ်တွေနဲ့ဖုံးထားတဲ့အတွက် အသုဘလက္ခဏာတွေက မပေါ်ပါဘူး။ အသုဘပွါးတာ မနက်စောစောက အဆင်ပြေဆုံးပါပဲ။ အားလုံးပြီးမှ မြတ်စွာဘုရား မျက်နှာတော်သစ်ပြီးပြီ ဖြစ်တဲ့အတွက်ဆေးအဖြစ် ပြန်စွန့်တော်မူပါဘုရား…လို့စွန့်ပြီး မျက်နှာသစ်လိုက်ပါ။ ဒါဆို မျက်နှာသစ်ရင် ကုသိုလ်(၅)မျိုး ရသွားပါပြီ။ ကဲ.... စာဖတ်သူအပေါင်းတို့ရေ... မျက်နှာသစ်ရင်း ကုသိုလ်ငါးမျိုးပွားပြီး ကုသိုလ်တွေစုဆောင်းထားလိုက်ပါနော်..။ (ဆရာတော်ရဝေနွယ်-အင်းမ၏ ရင်ထဲကအရဟံ စာအုပ်မှပြန်လည်မျှဝေခြင်းဖြင့် ဒါနကုသိုလ်ပြုပါသည်။) Credit : မြတ်ဗုဒ္ဓအလင်း --- (မဖတ်ရသေးတဲ့မိဘပြည်သူများအတွက် ၀င့်ဝါ-ပိုးထည်ချည်ထည် မှ မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်)

မြေတူးဖော်ရေးလုပ်ငန်းခွင်အတွင်း မြေပြိုကျပိမိ၍ ၃ ဦးသေ၊ ၇ ဦး ဒဏ်ရာရ

မြေတူးဖော်ရေးလုပ်ငန်းခွင်အတွင်း မြေပြိုကျပိမိ၍ ၃ ဦးသေ၊ ၇ ဦး ဒဏ်ရာရ
နေပြည်တော်၊ ဇန်န၀ါရီလ ၈
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၇ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျောက်ကုန်းရွာအနီးရှိ “မင်းဒင်” မြေတူးဖော်ရေးလုပ်ငန်းခွင်တွင် ထန်းတပင်မြို့နယ်၊ ကျောက်ကုန်းရွာနေ ဇော်မင်းနိုင်(၄၁)နှစ်ပါ ၂ ဦးမှ အနက် ၁၂ ပေ၊ အကျယ် ၅၀ ပေခန့်ရှိ ကျင်းများ အတွင်း မြေတူးနေစဉ် မြေပြိုကျခဲ့သဖြင့် ရေကျော်ရွာနေ မင်းနိုင်(၃၀)နှစ်ပါ ၈ ဦးတို့မှ ကူညီတူးဖော်စဉ် ထပ်မံ၍မြေပြိုကျခဲ့သည်။ မြေပြိုကျမှုကြောင့် ဇော်မင်းနိုင်၊ မင်းနိုင်နှင့် တစ်ရွာတည်းနေ ဇော်ဦး(၄၀)နှစ်တို့ ၃ ဦး မြေပိသေဆုံးခဲ့ပြီး ကျောက်ကုန်းရွာနေ ဝေယံစိုး(၂၀)နှစ်ပါ ကျား ၃ ဦး၊ မ ၄ ဦး၊ စုစုပေါင်း (၇)ဦးတို့တွင် ပွန်းပဲ့ဒဏ်ရာများအသီးသီးရရှိခဲ့သဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ကြောင်းနှင့် သေဆုံးသူများ၏အလောင်းအား ကျောက်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစီးသည့်အဖွဲ့မှ ဆက်လက် တူးဖော်ရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။
Credit By - ရဲဇာနည်

ဟောပြောပွဲမလာရန် အစိုးရဝန်ထမ်းများကို အမှန်တစ်ကယ်ပိတ်ပင်ပါက ချင်းပြည်နယ်အစိုးရကို ကန့်ကွက်မည်ဟု ဒေါ်စုပြော

ဟောပြောပွဲမလာရန် အစိုးရဝန်ထမ်းများကို အမှန်တစ်ကယ်ပိတ်ပင်ပါက ချင်းပြည်နယ်အစိုးရကို ကန့်ကွက်မည်ဟု ဒေါ်စုပြော
===========================================
မဇ္ဈိမသတင်းဌာန

သူမ၏ ဟောပြောပွဲသို့မလာရန် အစိုးရဝန်ထမ်းများအား အမှန်တစ်ကယ်ပိတ်ပင်ထားပါက ချင်းပြည်နယ်အစိုးရကို တရားဝင်ကန့်ကွက်သွားမည်ဟု အတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ်၊ ဖလမ်းမြို့ဘောလုံးကွင်းတွင် ဒေသခံများနှင့်တွေ့ဆုံစဉ် ဇန်နဝါရီလ ၈ ရက်က ပြောဆိုလိုက်သည်။

ချင်းပြည်နယ်ရှိ အစိုးရဌာနဆိုင်ရာများက ဟောပြောပွဲသို့မသွားရန် နှုတ်ဖြင့် သတိပေးထားပြီး ပညာရေးဌာနကလည်း ကျောင်းသားများကို တားမြစ်ထားသည်ဟု ဒေသခံတစ်ဦး၏ တင်ပြမှုကို
ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ဘယ်ဌာနကပြောတာလဲ။ ဘယ်ကျောင်းကပြောတာလဲဆိုတာ တင်ပြပါ။ ဝန်ထမ်းတွေက လည်းမကြာက်ပါနဲ့။ ဒါက ဒီမိုကရေစီကို ချိုးဖောက်တာ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ တီးတိန်မြို့တွင် ဇန်နဝါရီ ၇ ရက်က ပြောဆိုထားသည်။

Mizzima - News in Burmese

ပြင်ဦးလွင်နန္ဒာဝန်ကွက်သစ်တွင် ကျူးကျော်သူများကို အရေးယူပေးရန် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံတင်ပြမည်

ပြင်ဦးလွင်နန္ဒာဝန်ကွက်သစ်တွင် ကျူးကျော်သူများကို အရေးယူပေးရန် တိုင်းဒေသကြီးဝန်ကြီးချုပ်ထံတင်ပြမည်


မန္တလေး၊ မဇ္ဈိမ။ ။ ပြင်ဦးလွင်မြို့အ၀င် နန္ဒာဝန်ကွက်သစ်၌ ကျုးကျော်နေထိုင်သူများကို စစ်ဆေးအရေးယူပေးရန်အတွက် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံတင်ပြရန် စီစဉ်ထားကြောင်း ပြင်ဦးလွင်မြို့ရှိ ရွှေညီကို အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းမှ ဦးဒိုပုန်းက မဇ္ဈိမကိုပြောသည်။

“နန္ဒာဝန် ကွက်သစ်ကိစ္စကို ပြင်ဦလွင်မြို့နယ် မြေစာရင်း၊ မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှုးတို့ဆီမှာ တင်ပြပါတယ်။ ဘာမှဆောင်ရွက်ပေးခြင်းမရှိလို့ ခုလိုတိုင်းဒေသကြီး ၀န်ကြီးချုပ်ကို တင်ပြရမှာပါ။ ဘယ်တော့တင်မလဲဆိုတာတော့ အခုအချက်အလက်တွေ စုဆောင်းနေပါတယ်။ ပြည့်စုံပြီဆိုတာနဲ့ အဲဒီအကွက်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာဖြေရှင်းမှုတွေ လုပ်ပေးဖို့တင်ပြတောင်းဆိုမှာပါ”ဟု၎င်းကပြောသည်။

အဆိုပါကွက်သစ်တွင် ဖြစ်ပွားလျက်ရှိသော နန္ဒာဝန်ကွက်သစ်၌ မြေပေးမိန့်နှင့် ဂရန် အတု၊အစစ် ခွဲခြားပေးရေး၊ မြေနေရာပြသပေးနိုင်ရေး၊ ကျုးကျော်နေထိုင်သူများကို ဖယ်ရှားပေးနိုင်ရေးတို့အတွက် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ထံ တင်ပြရန် စီစဉ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

“မြေစာရင်းကလည်း မြေလိုက်မတိုင်းပေးဘူး၊ မြေပုံလည်း ဆွဲမပေးထားတော့ ကိုယ့်မြေကွက်ချထားပေးတဲ့ နေရာကို မသိရတော့ ကျုးကျော်ပြီး နေတဲ့သူတွေကိုလည်း တရားစွဲဖို့ခက်နေတယ်” ဟု နန္ဒာဝန်ကွက်သစ်တွင် မြေကွက်ရရှိထားသည့် အငြိမ်းစားဝန်ထမ်း ဦးဇော်လင်းက ပြောသည်။

နန္ဒာဝန်ကွက်သစ်ရှိ မြေကွက်များကို ဒေသခံအချို့ကလည်း မြေကွက်၏ စာရွက်စာတမ်း အထောက်အထား ခိုင်လုံမှုမရှိဘဲ ဈေးသက်သက်သာသာဖြင့် လက်ဆင့်ကမ်း၊ လက်လွှဲရောင်းချမှုများရှိနေပြီး စာရွက်စာတမ်း လိမ်လည်ကာ ဂရန်အတုများဖြင့် ရောင်းချနေသော အကွက်ပေါင်း ငါးရာခန့် ရှိသည်ဟု ကြားသိရကြောင်း ပြင်ဦးလွင်မြို့ရှိ ကောင်းဟိန်းဆက် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဒေါ်ခင်သန်းက ပြောသည်။

“ကိုယ့်မြေကွက်ဘယ်နေရာလဲလို့ သွားကြည့်တာတောင် ကျုးတွေက ရိုက်မယ့်သဘောရှိတယ်၊ ရပ်ကွက်က တာဝန် ရှိတဲ့သူကလည်း သိတယ်၊ ဒါပေမဲ့ ဘာမှမပြောဘူး၊ မြေကွက်ချပေးထားကလဲ စလစ်လေးပဲ ချပေးတာ၊ အခုခေတ်လို GP(General Power)တွေ၊ SP(Special Power)တွေလည်း မရှိတော့ ရှင်းရခက်တယ်။ ဂရန်လည်းလုပ်မပေးဘူး၊ သက်တမ်းလည်းတိုးမပေးဘူး၊ ကိုယ်ပိုင်ရှိတဲ့သူလည်း သွားနေလို့မရဘူး၊ အဲတော့
တာဝန်ရှိတဲ့သူတွေက အမြန်ဆုံးလာရှင်းပေးရင်တော့ ကောင်းတာပေါ့” ဟုပြင်ဦးလွင်မြို့ရှိ အိမ်ခြံမြေ၀ယ်ရောင်း ကိုစိုးသန့်က ပြောသည်။

အဆိုပါကွက်သစ်များသည် ၁၉၉၀ - ၉၁ ခုနှစ်က ပြင်ဦးလွင်မြို့အ၀င်ရှိ မြေဧက ၉၀၀ ကျော်တွင် နန္ဒာဝန်ကွက်သစ် ဖော်ကာ စစ်ဘက်၊ နယ်ဘက်မှ အမှုထမ်းများအတွက် အကွက်ပေါင်း ၃၅၀၀ကျော်ကို ချထားပေးခဲ့ခြင်းဖြစ်သည်။ ချထား ပေးစဉ်က ကြေးတိုင်နှင့် မြေစာရင်းဌာနမှ မြေလိုက်လံတိုင်းပေးခြင်း၊ မြေပုံဆွဲပေးခြင်းများ မပြုလုပ်ခဲ့ခြင်းနှင့် နန္ဒာဝန်ကွက်သစ်၌ မြေကွက်ရရှိသူအများစုမှာ ၀န်ထမ်းများဖြစ်သောကြောင့် မိမိတို့ရရှိသောမြေနေရာတွင် ခြံဝန်းခတ်ခြင်း၊ အဆောက်အဦး ဆောက်လုပ်ခြင်း၊ လူနေထိုင်ခြင်းများ မရှိခဲ့ပေ။

၂၀၁၁ခုနှစ်မှအစပြု၍ နန္ဒာဝန်ကွက်သစ်၌ အခြားနယ်မြို့များမှ ပြင်ဦးလွင်သို့ အလုပ်လုပ်ကိုင်ရန် ရွှေ့ပြောင်းရောက်ရှိလာသူ အများစုက ပိုင်ရှင်မဲ့ မြေကွက်များဟု ယူဆပြီး ထိုကွက်သစ်တွင် ၀င်ရောက် အခြေချ နေထိုင်နေကြသည်မှာ လက်ရှိအချိန်တွင် လူဦးရေသုံးထောင်နီးပါး ရှိသည်ဟု အဆိုပါကွက်သစ်တွင် မြေနေရာချထားပေးခြင်းခံရသော အငြိမ်းစား ၀န်ထမ်းတစ်ဦးဖြစ်သူ ပြင်ဦးလွင်မြို့ရှိ အိမ်ခြံမြေအကျိုးဆောင် ဦးဒိုပုန်းက ပြောသည်။

Mizzima - News in Burmese

ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ တရုတ်၊ မွတ်ဆလင်များနှင့် အိမ်ထောင်မပြုနိုင် ရန် တားဆီးမည့် ဥပဒေကြမ်းကို လွှတ်တော်အမတ် ဦးသိန်းညွန့်တင်မည်

ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ တရုတ်၊ မွတ်ဆလင်များနှင့် အိမ်ထောင်မပြုနိုင် ရန် တားဆီးမည့် ဥပဒေကြမ်းကို လွှတ်တော်အမတ် ဦးသိန်းညွန့်တင်မည်

မြန်မာနိုင်ငံက ပေးရန်ရှိသော အကြွေး ခရိုနာ ၂၉၅ သန်းကို ဒိန်းမတ်အစိုးရ က လျှော်ပစ်၊ ထိုငွေများဖြင့် ပညာရေး ကျန်းမာရေးလုပ်နိုင်ဟုဆို

ရှမ်းနှစ်ပါတီပူးပေါင်းရေး၌ ကျားဖြူက ပါတီမဖျက်နိုင်ဟု ဆုံးဖြတ်၊ ကျားခေါင်း SNLD က တိုင်းပြည်ရေးအတွက် လိုအပ်လျင် ပါတီဖျက်ပေးနိုင်ဟုဆို

ပညာရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲနေသော ပညာရေးပြုပြင်ပြောင်း လဲမှု အစိုးရကတင်းမာနေသရွေ့ NNER တင်းမာစွာ တုံ့ပြန်မည်

BREAKING NEWS: (1/11/2014 - 1:08 PM)