သတင်းနှင့်နည်းပညာများ

8/4/14

အချုပ်သားများကို ရိုက်နှက်ခဲ့သော အကျဉ်းထောင်ဝန်ထမ်းဟောင်းနှစ်ဦး မီဒီယာရှေ့တွင် တောင်းပန်


အချုပ်သားများကို ရိုက်နှက်ခဲ့သော အကျဉ်းထောင်ဝန်ထမ်းဟောင်းနှစ်ဦး မီဒီယာရှေ့တွင် တောင်းပန်



အင်းစိန်ထောင်တာဝန်ရှိသူများ တော်ဝင်သစ်အချောထည်စက်ရုံမှ အလုပ်သမားများအပေါ် ကြမ်းတမ်းစွာဆက်ဆံခဲ့ခြင်းကို ဝန်ချတောင်းပန်စဉ်
အင်းစိန်အကျဉ်းထောင် အတွင်း အချုပ်သားကို  ရိုက်နှိက် ခဲ့သည့် ထောင်ဝန်ထမ်းဟောင်း နှစ်ဦးက ပထမအကြိမ်အဖြစ် ကျူးလွန်ခံရသူများအား မီဒီယာများရှေ့တွင် ၀န်ချတောင်းပန်ခဲ့သည်။၂၀၁၃ ခုနှစ် ဇူလိုင်က အင်းစိန်အကျဉ်းထောင်တွင် ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီးခံထားရသော တော်ဝင်သစ်အချောထည် စက်ရုံမှ အလုပ်သမား ကိုးဦးမှာ တရားရုံးချိန်းမှ အပြန်အချုပ်ခန်းသို့ မရောက်မီ လုံခြုံရေးဂိတ်တွင် စစ်ဆေးခံနေစဉ် ၎င်းတို့ထဲမှ နှစ်ဦးကို တပ်သား အေးမင်းအောင်က လည်ပင်းညှစ်၊ ထိုးကြိတ်ခဲ့သောကြောင့် အကျဉ်းဦးစီးအရာရှိထံ တိုင်ကြားသော်လည်း မဖြေရှင်းပေးဘဲ ခြိမ်း ခြောက်ပြောဆိုခဲ့၍ အငြင်းပွားမှု ဖြစ်ပွားခဲ့သည်။

ထို့နောက် အချုပ်သားဖြစ် သူများက ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည့် အကျဉ်းဦးစီးအရာရှိအပါအ၀င် အေးမင်းအောင်တို့ ကို ပုဒ်မ သုံးခုဖြင့်  အမှုဖွင့်ပြီး အင်းစိန်တရားရုံးတွင် တရားစွဲ ဆိုခဲ့သည်။ တရားရုံးချိန်းပေါင်း ၃၀ ကျော်တွင် အမှုဖွင့်ခံခဲ့ရသည့် ဦးစီးအရာရှိမောင်မောင်ကြီးနှင့် တပ်သားအေးမင်းအောင်တို့ကအမှုရုပ်သိမ်းရန် ညှိနှိုင်းဆွေးနွေး မှုပြုလုပ်လာခဲ့သည်။ သြဂုတ် ၃ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကျူးလွန်ခဲ့သည့်အမှားအ
အတွက် ကျူးလွန်ခံရသူများအား
မီဒီယာများရှေ့တွင် ၀န်ချတောင်းပန်ခဲ့ခြင်းဖြစ်သည်။
 ထိုကဲ့သို့မီဒီယာရှေ့တွင် ၀န်ချတောင်းပန်ရန် တရားလို များဘက်က တောင်းဆိုခြင်း မဟုတ်ကြောင်း တရားလိုများ ဘက်မှပြောသည်။
‘‘ဖြစ်ခဲ့တာကို သမိုင်းတစ်ခု လို့မှတ်ယူတယ်။ ဦးမောင်မောင် ကြီးနဲ့ ကိုအေးမင်းအောင်က သူ တို့ကျူးလွန်ကြောင်းကို  ရဲရဲဝံ့ဝံ့ဝန်ချတောင်းပန်ခဲ့တဲ့အတွက် ခြွင်းချက်မရှိကျေအေးပေးဖို့ လာမယ့်၁၄ ရက်နေ့ရုံးချိန်းမှာ လက်မှတ်ရေးထိုးပေးမှာပါ’’ဟု တော်ဝင်သစ်အချောထည်စက်ရုံမှ အလုပ်သမားခေါင်းဆောင် နေလင်းဦးကပြောသည်။
 ထို့ကြောင့် သြဂုတ် ၁၄ ရက်  တရားရုံးချိန်းတွင် တရားလိုဖြစ်သော တော်ဝင်သစ်အချောထည်စက်ရုံမှ လုပ်သားများဘက်က ကျေအေးကြောင်း လက်မှတ်ရေးထိုးပေးမည်ဖြစ်ကြောင်း အမှုဖွင့်ထားသူများကပြောသည်။
  ‘‘ရှေ့ကိုလည်းမရှည်ချင်တော့ဘူး။ ကိုယ်တိုင်လည်း ကျူးလွန်ခဲ့တာတော့ မဟုတ်ဘူး။  တာဝန်ပိုင်းအရ သေချာမဖြေရှင်းပေးခဲ့ လို့ တောင်းပန်ပါတယ်။ အခုဝန် ထမ်းလည်း မဟုတ်တော့ပါဘူး။ အရပ်သားစိတ်ဓာတ်ပဲရှိပါတယ်’’ ဟု ထောင်တာဝန်ခံဟောင်းတစ် ဦးဖြစ်သူ ဦးမောင်မောင်ကြီးက သတင်းစာရှင်းလင်းပွဲတွင်ပြော ကြားခဲ့သည်။
 ထို့အပြင်တပ်သားဟောင်း အေးမင်းအောင်ကလည်း စိတ် အခန့်မသင့်၍ဖြစ်သွားခြင်းပါဟု ဆိုသည်။
  ဦးစီးအရာရှိဟောင်း ဦးမောင်မောင်ကြီးသည် ၂၀၁၄ ဇွန်လက  အငြိမ်းစားပင်စင်ယူခဲ့ပြီး တပ်သားအေးမင်းအောင်မှာ အလုပ်မှ  ထုတ်ပယ်ခံခဲ့ရသည်။ ထို့အပြင် အကျဉ်းထောင်စည်း ကမ်းအရ ၁၅ ရက်ဖမ်းဆီးထိန်း သိမ်းခံခဲ့ရပြီး ၎င်းရရှိမည့် လုပ်ခ လစာငွေတစ်လစာကိုလည်း မရရှိခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါတော်ဝင်လုပ်သား များသည် အလုပ်ရှင်နှင့် အငြင်း ပွားမှုဖြစ်ပွားပြီး ခွင့်ပြုမိန့်မရှိဘဲ ဆန္ဒပြတောင်းဆိုခဲ့၍ မြို့နယ် လေးခုတွင် ပုဒ်မ ၁၈ ဖြင့် အမှု ရင်ဆိုင်ခဲ့ရသည်။ ယခုအခါ၎င်း တို့သည် ငွေဒဏ်ပေးဆောင်ကာ ပြစ်ဒဏ်ခဲ့ပြီးဖြစ်သည်။

http://www.7daydaily.com/story/17464#.U985jkRUOc8

KIA ကား ဆုချသော ခြေတစ်ပေါင်ကျိုးပြိုင်ပွဲ ကိုယ်စားဝင်ပြိုင်သူ လေးနာရီရပ်နိုင်ပြီး အနိုင်ရ


KIA ကား ဆုချသော ခြေတစ်ပေါင်ကျိုးပြိုင်ပွဲ ကိုယ်စားဝင်ပြိုင်သူ လေးနာရီရပ်နိုင်ပြီး အနိုင်ရ


မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ခြေတစ်ဖက်တည်းရပ်ပြီး ကားကိုအချိန်အကြာဆုံးထိထားနိုင်သူအား KIA ကား ဆုချီးမြှင့်သည့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသူများကို တွေ့ရစဉ်။ လေးနာရီကျော် ရပ်နိုင်ပြီး ဆုရရှိသွားသော ကိုမောင်မောင်မှာ(ဘောင်းဘီတိုအကျား−ဝဲအစွန်ဆုံး) အငှားဝင်ရောက် ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အနိုင်ရသောကြောင့် ၎င်းကို ငှားရမ်းယှဉ်ပြိုင်ခိုင်းသူက ကျပ်တစ်ဆယ့်ငါးသိန်း ပေးအပ်ခဲ့သည်။(ဓာတ်ပုံ- မောင်တာ)
 မော်တော်ကားကို အ ချိန်အကြာဆုံးလက်နှင့် ထိထားနိုင် သူကို ကားဆုချမည့် ပြိုင်ပွဲတစ်ခု ကို သြဂုတ် ၃ ရက်က မန္တလေး မြို့ Sky Walk ရှော့ပင်းစင်တာ တွင် ပြုလုပ်ခဲ့ရာ ကိုယ်စားဝင်ပြိုင်ပြီး လေးနာရီကြာအောင် လက်နှင့် ထိထားနိုင်သူက အနိုင်ရရှိသည်။
ပြိုင်ပွဲတွင် ကားကို လက် နှင့်ထိ၍ ခြေတစ်ပေါင်းကျိုးအနေ အထားဖြင့် ရပ်ကာ ယှဉ်ပြိုင်ရ ခြင်းဖြစ်ပြီး အချိန်အကြာဆုံးကားကို ထိထားနိုင်သူကို KIA ကားဆုချီးမြှင့်ရာ နံနက် ၉ နာရီခွဲမှ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ အထိ  လေးနာရီကျော်ကြာရပ်နိုင်ခဲ့သော ကိုမောင်မောင်အနိုင်ရခဲ့သည်။ သို့သော် ၎င်းကို ၀င်ရောက်ယှဉ်ပြိုင်ပေးရန် ထိုရှောလ်ပင်းစင်တာတွင် ဈေးဝယ်ပြီး မဲပေါက်သူကအငှားယှဉ်ပြိုင်စေခြင်းဖြစ်သောကြောင့် ၁၁၈ သိန်း တန်ဖိုးရှိသော KIA ကားကို ၎င်းမရရှိပေ။ သို့သော် ၎င်းကိုငှားသူက အနိုင်ရသည့်အတွက် ကျပ် ၁၅ သိန်းဆုချီးမြှင့်ကြောင်း ပြောသည်။ပြိုင်ပွဲမှာ ပင်ပန်းခက်ခဲသော်လည်း သြဂုတ် ၄ ရက်တွင် ကျရောက်မည့်ကိုးလပြည့် သမီးမွေးနေ့အတွက် ရည်ရွယ်ကာကြိုးစားယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိကာဂုဏ်ပြုငွေရရှိခဲ့၍ ယှဉ်ပြိုင်စေခဲ့သူကို ကျေးဇူးတင်ကြောင်း ကိုမောင်မောင်က 7Day Daily သို့ ပြောသည်။
ပြိုင်ပွဲစည်းမျဉ်းတွင် ကိုယ်စားယှဉ်ပြိုင်ခွင့်ပြုထားကြောင်းလည်း သတင်းရရှိသည်။
Sky Walk ရှော့ပင်းစင်တာ ပြန်လည်ဖွင့်လှစ်သည့် အထိမ်းအ မှတ် ပရိုမိုးရှင်းအစီအစဉ်အဖြစ် ပြိုင်ပွဲကို သြဂုတ် ၃ ရက် နံနက် ၉ နာရီခွဲတွင် စတင်ခဲ့ပြီး ပြိုင်ပွဲဝင်သူ ၁၁ ဦးရှိခဲ့သည်။
‘‘ဒီလိုပြိုင်ပွဲမျိုးက မြန်မာ နိုင်ငံမှာ ပထမဆုံးအကြိမ် လုပ် တာဖြစ်ပါတယ်။ ကျွန်မတို့ ပြိုင်ပွဲ အချိန်ကို ည ၇ နာရီနောက်ဆုံး သတ်မှတ်ထားပါတယ်။ ည ၇ နာရီအထိ ကားကို ထိကိုင်ထား နိုင်သူ တစ်ယောက်ထက် ပိုနေ သေးတယ်ဆိုရင်တော့ မဲစနစ်နဲ့ ရွေးချယ်ပေးမှာပါ။ နိုင်ငံတကာ မှာတော့ ညပိုင်းအထိ မရောက် ဘူး။ ညနေပိုင်းဆိုရင် ပွဲပြီးပြီ’’ ဟု ပြိုင်ပွဲကြီးကြပ်နေသည့် Sky Walk ရှော့ပင်းစင်တာမှ ဈေး ကွက်မြှင့်တင်ရေးမန်နေဂျာ မဖြိုး ဖြိုးလှိုင်က ပြောသည်။
Sky Walk ရှော့ပင်းစင်တာ ပြန်လည်ဖွင့်လှစ်သည့် မေလ ၁၀ ရက်မှ ဇွန်လ ၁၀ ရက်အတွင်း ဈေးလာဝယ်သူများ ပြိုင်ပွဲဝင် ရောက်ယှဉ်ပြိုင်ခွင့်ရရန် မဲပုံးများ ချထားပေးခဲ့ပြီး မဲထည့်သူများထဲ မှ နောက်ဆုံး ၁၁ ဦးကို ရွေးချယ် ကာ ပြိုင်ပွဲကျင်းပခြင်းဖြစ်သည် ဟု ဆိုသည်။
အဆိုပါကားထိပြိုင်ပွဲသို့မန္တလေးမြို့ခံအချို့ လာရောက် ကြည့်ရှုခဲ့ကြသည်။ စိတ်လှုပ်ရှား စရာကောင်းပြီး ယှဉ်ပြိုင်ရသည် မှာ မလွယ်ကူကြောင်း ပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့် အမျိုးသားတစ် ဦးက ပြောသည်။

8/3/14

29.7.2014 နေ့က မောင်တောမြို့နယ်တောင် ပိုင်းဝါးချကျေးရွာနှင့်သံဒါ ကုလားရွာသို့


29.7.2014 နေ့က မောင်တောမြို့နယ်တောင်
ပိုင်းဝါးချကျေးရွာနှင့်သံဒါ ကုလားရွာသို့
RSO အကြမ်းဖက်သမားများဝင်ရောက်သည်
ကိုသတင်းရ ရှီ၍ ဘူးသီးတောင်မြို့တပ်ရင်း
များစုပေါင်း၍ ဝင်ရောက် စီးနင်းရာ တိုက်ပွဲ
အသွင်ဆောင်ခဲ့သော်လည်း ဘင်္ဂလာသို့
RSOများပြန်လည်ဆုတ်ခွါသွားကြောင်းနှင့်
အရေအတွက်အားဖြင့် တပ်ရင်းတစ်ရင်း
လောက်ရှီနိုင်ကြောင်း မောင်တောမှ
သတင်းပေးပို့သည်။
3.8.2014
ယ္ခုရက်ပိုင်းတစ်ပြည်နယ်လုးံဘင်္ဂလီရွာများ
မှာထူးခြားမှုရှီနေပြီး စစ်တွေအနောက်ဘက်
ဘင်္ဂလီကျေးရွာများသို့ လက်နက်ငယ်များ
ရောင်းချမှုရှီနေကြောင်း ငါးပွဲစားတစ်ဦးထံမှ
သတင်းတစ်ချို့သိရကြောင်း။
အစိုးရမှဤကိစ္စအားပေါ့ဆစွာကိုင်တွယ်နေ
သော်လည်း ဒေသခံများသတိထားစရာဖြစ်
လာသည်။
၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေ အကောင်အထည်
မဖေါ်နိုင်အောင်ဘင်္ဂလီများ လူအားလက်နက်
အားဖြင့်တားဆီကြမည်မှာမြင်ယောင်ကြောင်း
စစ်တွေသတင်းထောက်မှသတင်းပေးပို့။


စစ်တွေ သတင်းဌာန

အီဘိုလာ ဝေဒနာရှင် ကန်နိုင်ငံသား အမေရိကန် ပြန်ရောက်


အီဘိုလာ ဝေဒနာရှင် ကန်နိုင်ငံသား အမေရိကန် ပြန်ရောက်

အီဘိုလာကူးစက် ဝေဒနာရှင်တွေကို ကုသစောင့်ရှောက်ပေးနေတဲ့ အမေရိကန်နိုင်ငံသား ဒေါက်တာ Kent Brantly (ဝဲ)အီဘိုလာကူးစက် ဝေဒနာရှင်တွေကို ကုသစောင့်ရှောက်ပေးနေတဲ့ အမေရိကန်နိုင်ငံသား ဒေါက်တာ Kent Brantly (ဝဲ)
    ဗွီအိုအေ (မြန်မာဌာန)
    လိုင်ဘေးရီးယားနိုင်ငံက အီဘိုလား ဝေဒနာရှင်တွေကို ကုသနေရင်းက အဲဒီ ရောဂါပိုး ကူးစက်သွားခဲ့တဲ့ အမေရိကန် ဆရာဝန်ကို အမေရိကန်နိုင်ငံကို ပြန်လည် ခေါ်ဆောင်လာပြီ ဖြစ်ပါတယ်။
    ဒေါက်တာ Kent Brantly ကို လိုင်ဘေးရီးယားနိုင်ငံကနေ အမေရိကန်နိုင်ငံတောင်ပိုင်း Georgia ပြည်နယ်ကို လူမမာသည်ဖို့ အထူး ပြင်ဆင်ထားတဲ့ လေယာဉ်နဲ့ စနေနေ့က ခေါ်ဆောင်လာတာ ဖြစ်ပါတယ်။
    Georgia ပြည်နယ်အတွင်း လေတပ် အခြေစိုက်စခန်းမှာ ဒေါက်တာ Kent Brantly ကို တင်ဆောင်လာတဲ့ လေယာဉ် ဆိုက်ရောက်ပြီးတဲ့နောက် သူ့ကို Atlanta  မြို့မှာရှိတဲ့ Emory တက္ကသိုလ် ဆေးရုံကို အရေးပေါ် လူနာတင်ယာဉ်နဲ့ ချက်ခြင်း သယ်ဆောင်သွားခဲ့ပါတယ်။
    အဲဒီ ဆေးရုံက ထုတ်ပြန်တဲ့ ဗွီဒီယို မှတ်တမ်းတွေအရ ရောဂါ ကူးစက်ခြင်းမရှိအောင် ၀တ်ထားပေးတဲ့ အဖြူရောင် ၀တ်စုံ ၀တ်ထားတဲ့သူ ၂ ဦး အဲဒီ အရေးပေါ် လူနာတင်ကားပေါ်ကဆင်းပြီး ဆေးရုံထဲ ၀င်သွားတဲ့ပုံတွေကို ပြသထားပါတယ်။
    ဒေါက်တာ Kent Brantly နဲ့ တခြား အီဘိုးလား ရောဂါ ကူးစက်နေသူ အမေရိကန်နိုင်ငံသူ Nancy Writebol တို့ ၂ ဦးဟာ လိုင်ဘေးရီးယားနိုင်ငံမှာ ကယ်ဆယ်ရေးဝန်ထမ်းတွေအဖြစ် တာဝန်ထမ်းဆောင်နေရာက အီဘိုးလားရောဂါ ကူးစက်ခြင်း ခံလိုက်ရတာ ဖြစ်ပါတယ်။ အနောက်အာဖရိကနိုင်ငံတွေမှာ မတ်လမှာ စတင် ဖြစ်ပွားခဲ့တဲ့ အီဘိုးလား ကပ်ရောဂါကြီးကြောင့် အနည်းဆုံး လူ ၇၀၀ ကျော် သေဆုံးပြီး ဖြစ်ပါတယ်။

    http://burmese.voanews.com/content/american-ebola-victim-returns-to-us-/1970493.html

    ညာဘက်ခြေသလုံးတွင် ဘုရားပုံTatto ထိုးထားသော Canada နိုင်ငံသား


    ညာဘက်ခြေသလုံးတွင် ဘုရားပုံTatto ထိုးထားသော Canada နိုင်ငံသား Polley Jason Scott အား ညောင်ရွှေရောက်နေစဉ် Tourist Police ရဲမှူး မြင့်ဆွေဦး၊ နယ်မြေရဲများ၊ လဝက အရာရှိများ၊ MTGA တွဲဘက်အတွင်းရေမှူး (၁) ကိုနိုင်ကျော်ဇေယျ၊ MTGA (ရှမ်းတောင်ဇုံ)ံဒုဥက်ကဌ ကိုစိုင်းဝင်း၊ English Guide ကိုစိုးမိုးသူ တို့ က ၂.၈.၁၄ ညဦးပိုင်းတွင် တွေ့ဆုံကာ မေးမြန်းဆွေးနွေးပညာပေးပြီး လဝက အကူအညီဖြင့် ညတွင်းချင်း ရန်ကုန်သို့ ကားဖြင့်ပြန်ပို့ကာ အနီးကပ်ဆုံးလေယာဉ်ဖြင့် ပြည်ပသို့ ပြန်လည်ထွက်ခွာအောင် သက်ဆိုင်ရာမှဆောင်ရွက်နေပြီဖြစ်ပါသည်။ Canada သံရုံးသို့လည်း ကန့်ကွက်ကြောင်း အကြောင်းကြားစာ ပေးပို့ရန် စီစဉ်မည်ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။ ဤ ကဲ့သို့ အရေးယူမှု အား Tourist Police နှင့် Tourist Guide များပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည့် အတွက် နောင်အခါတွင် မြန်မာနိုင်ငံသို့ ဝင်လာမည့် မည်သည့်နိုင်ငံသားမဆို မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် ဘာသာတရားကို မထေမဲ့မြင် မလေးမစားလုပ်ရဲတော့မည်မဟုတ်ဟု ယူဆမိပါသည်။ MTGA နှင့် Tour Guide များက Tourist Police Force ကို လေးစား ဂုဏ်ပြု လိုက်ပါသည်။ By MTGA

    မျက်ကွင်းညို ခြင်း


    မျက်ကွင်းညို ခြင်း
    ===========
    မျက်ကွင်းညို ခြင်းဟာ တကယ်တော့ ရောဂါတစ်ခုမဟုတ်ပါဘူး။ မျက်လုံးနားက အသားအရေဟာ မျက်နှာပြင်ရှိ တခြား အသားအရေများထက် ပိုပြီးတော့ ပါးလွှာပါတယ်။ မျက်လုံးပတ်ပတ်လည်မှာ အာဟာရပြု ထောက်ပံ့ နေတဲ့ သွေးကြောလေးတွေက အင်မတန်သေးငယ်ပြီး အဲဒီဆံချည်မျှင် သွေးကြောလေးတွေထဲမှာရှိတဲ့  ဟေမိုဂလိုဘင် (Hemoglobin) များပျက်စီးဆုံးရှုံးခြင်းမှ ထွက်ပေါ်လာတဲ့ ရလာဒ်တစ်ခုသာဖြစ်ပါတယ်။
    ဒါကြောင့်မို့ မျက်လုံးပတ်လည်ကိုထိခိုက်မိခြင်း ( ဥပမာ - လက်သီးဖြင့်အထိုးခံရခြင်း) တို့ တွင် သွေးကြောများပျက်စီးခြင်းကြောင့် မျက်လုံး ပတ်ပတ်လည်မှာ အညိုအမဲစွဲနေခြင်းဖြစ်ပါတယ်။ မျက်လုံးပတ်ပတ်လည်ရှိ အရေပြားများမှာ အင်မတန် နူးညံ့ပြီး ပါးလွှာလွန်းတဲ့အတွက် အနည်းငယ်ထိခိုက်မိရုံနဲ့ အညိုအမဲစွဲနေနိုင်ပါတယ်။ မျက်လုံးတ၀ိုက်တွင် ထိခိုက်မခံရပေမယ့်လည်း မျက်ကွင်းညိုခြင်းဟာ အောက်ပါ အကြောင်းအရာများကြောင့် ဖြစ်စေနိုင်ပါတယ်။
    ၁။ မျိုးရိုးလိုက်ခြင်း
    ၂။ အိုမင်းရင့်ရော်လာခြင်း
    ၃။ နေရောင်ခြည်နှင့် မကြာခဏထိတွေ့ခြင်း
    ၄။ နေ့စဉ်ရက်ဆက် ပင်ပန်းနွမ်းနယ်ခြင်း
    ၅။ စိတ်ဖိစီးမှုများခြင်း
    ၆။ နှင်းခူ ကဲ့သို့သောဓါတ်မတည့်သည့်ရောဂါများရှိနေခြင်း
    ၇။ ထိပ်ကပ်နာကဲ့သို့သော နှာခေါင်းနှင့်ပတ်သတ်သော ရောဂါများရှိခြင်း
    ၈။ ရေဓါတ်ခန်းခြောက်ခြင်း
    ၉။ ကွန်ပျူတာ ၊တီဗွီမှန်သားပြင်ရှေ့တွင် အချိန်အတော်ကြာ အာရုံစိုက်၍အလုပ်လုပ်ခြင်း
    စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။
    အထက်တွင် ပြောခဲ့သလိုပဲ မျက်ကွင်းညို ခြင်းဟာ စိုးရိမ်စရာ ရောဂါတစ်ခုမဟုတ်ပါ။ မျက်နှာတွင်ဖြစ်ပေါ်နေခြင်းကြောင့်သာ အလှအပအတွက် အနည်းငယ် စိတ်ရှုပ်စရာဖြစ်ပေမယ့် မျက်ကွင်းညို ခြင်းဟာ လူကို ဒုက္ခပေးတဲ့ ရောဂါတစ်ခုတော့ မဟုတ်ပါဘူး။ မျက်ကွင်းညို ခြင်းကို သက်သာစေဖို့အတွက် နည်းလမ်းလေးတွေလည်းရှိပါတယ်။
    ရေများများသောက်ပေးပါ။ တနေ့လျှင် အနည်းဆုံး ဖန်ခွက်ကြီး ၈ ဖန်ခွက်မှ ၁၀ ဖန်ခွက်အထိသောက်ပါ။ ရေများများ သောက်ခြင်းဖြင့် အသားအရေကို စိုပြေစေပါတယ်။ မျက်စိကို လက်နဲ့ ကြမ်းကြမ်းတမ်းတမ်းမပွတ်မိပါစေနဲ့။
    ရေခဲသေတ္တာထဲတွင် အအေးခံထားသော သခွါးသီး၊ ဒါမှမဟုတ် အာလူးကို အခွံနွှါ၍ အကွင်းလိုက်ပါးပါးလေးလှီးပြီး မျက်စိပေါ်တွင်တစ်နေ့လျှင်၁၅ မိနစ်ခန့်  တင်ထားပေးပါ။
    တခါသောက် (Ready made)လက်ဖက်ခြောက်ထုတ်လေးများကိုလည်း လွှင့်မပစ်ဘဲ ရေခဲသေတ္တာတွင် အအေးခံပြီး မျက်စိပေါ်တွင် တင်ထားပေးနိုင်ပါတယ်။ ထောပတ်ဆီ သို့ မဟုတ် သံလွင်ဆီကို မျက်စိဘေးပတ်လည်တွင် ညင်သာစွာ ပွတ်လိမ်းပေးပါ။ vitamin E ကဲ့သို့သော ကရင်မ် များကိုလည်း မျက်လုံးပတ်လည်တွင် လိမ်းပေးနိုင်ပါတယ်။ အိပ်ရေး၀၀အိပ်ပါ။ နေ့စဉ်ရက်ဆက် အိပ်ရေး ပျက်ခြင်းကြောင့်လည်း မျက်တွင်းချိုင့်ပြီး မျက်ကွင်းညိုသကဲ့သို့ ဖြစ်ပေါ်စေ တတ်ပါတယ်။ ဒါကြောင့် ပုံမှန် အိပ်ရေး၀၀ အိပ်ဖို့ လည်း လိုအပ်လှပါတယ်။
    စိတ်ဖိစီးမှုကင်းဝေးပါစေ။ ကွန်ပျူတာရှေ့၊ တီဗွီရှေ့တွင် တထိုင်တည်း အချိန်အတော်ကြာ မထိုင်မိပါစေနဲ့။ မျက်လုံးကို မကြာဏ အနားပေးပါ။ မျက်စိကို နောင်ရောင်နှင့် တိုက်ရိုက်မထိတွေ့ပါစေနှင့်။ နေရောင်နှင့် ထိတွေ့ခြင်းကြောင့် အရေပြားတွင် မယ်လနင် (melanin)များပိုမိုထွက်ရှိနိုင်ပြီး မျက်ကွင်းညိုခြင်းကို ပိုမိုဆိုးစေနိုင်ပါတယ်။ အရည်ရွှမ်းသော အသီးအနှံများနှင့် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို များများစားပေးပါ။
    အထက်ပါအတိုင်း လိုက်နာလုပ်ဆောင်ပေးမယ်ဆိုပါက မျက်ကွင်းညို ခြင်းကို လျော့ကျ ပျောက်ကင်းစေနိုင်ပါသည်။
    Credit :Good Health
    K.K(ကနောင်)

    မင်္ဂလာဒုံတွင် လေဆင်နှာမောင်းတိုက်ခတ်သောကြောင့် အမျိုးသားနှစ်ဦး သေဆုံး၍ ကလေးငယ်တစ်ဦးပျောက်ဆုံးနေသည်ဆိုသည်မှာ မဟုတ်မမှန်ဟုဆို


    မင်္ဂလာဒုံတွင် လေဆင်နှာမောင်းတိုက်ခတ်သောကြောင့် အမျိုးသားနှစ်ဦး
    သေဆုံး၍ ကလေးငယ်တစ်ဦးပျောက်ဆုံးနေသည်ဆိုသည်မှာ မဟုတ်မမှန်ဟုဆို
    =====================================================
    ရန်ကုန်၊ သြဂုတ် ၁
    - မင်္ဂလာဒုံမြို့ နယ်၊ ပလရပိုင်ဘောဂရပ်ကွက်တွင် အင်အားပြင်း လေဆင်နှာမောင်း ကြောင့် အမျိုးသား တစ်ဦးသေဆုံး ၍ ကလေးငယ်တစ်ဦး ပျောက်ဆုံး နေသည် ဟူသောသတင်းမှာအဟုတ် မမှန်ကြောင်း ပလရပိုင်ဘောဂရပ် ကွက် ဒုအုပ်ချုပ်ရေးမှူးကဒီမိုကရေစီ တူဒေး သတင်းစာသို့ပြောသည်။
    ''အဲ့ဒီသတင်းက မဟုတ်ပါဘူး တခြားရပ်ကွက်က လူတွေကမသိဘဲ နဲ့ ကောလာဟလတွေလျှောက်ပြော နေတာပါ အမျိုးသားတစ်ဦးပဲဒဏ်ရာ ရတာပါ''ဟု၎င်းကပြောသည်။
    ယခုလက်ရှိသြဂုတ် ၁ရက် အချိန်အထိ လေဆင်နှာမောင်းကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့သည့် ရပ်ကွက် နေ ပြည်သူများအား သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ရပ် ကွက်နေပြည်သူများ၏အလှူငွေဖြင့် နေအိမ် လေးလုံးအထိဆောက်လုပ်ပြီး စီးခဲ့ပြီး၊ ကျောင်းသား ၂၈ယောက် မှာလည်း မိမိတို့၏စာသင်ကျောင်း သို့ ပြန်လည်တက်ရောက်နေပြီဖြစ် ကြောင်းသိရသည်။
    မင်္ဂလာဒုံမြို့နယ်၊ ပလရပိုင်ဘော ဂရပ်ကွက်တွင် ဇူလိုင် ၂၉ရက် နံနက် ၆နာရီ ၄၅ မိနစ်အချိန်တွင် အင်းအားပြင်းလေဆင်နှာမောင်းတစ်ခု အချိန် ကိုးမိနစ်ကြာဝင်ရောက်တိုက် ခတ်ခဲ့သောကြောင့် ပျဉ်ထောင်အိမ် ၁၃ လုံး၊ တိုက်အိမ် ၃ လုံးအမိုးလှန် တဲအိမ် ၁၇လုံးပျက်စီးဆုံးရှုံးခဲ့ပြီး၊ စု စုပေါင်းနေအိမ် ၃၃လုံးပျက်စီးဆုံးရှုံးခဲ့ ကာ လူဦးရေ ၁၅ဝကျော်အိုးမဲ့အိမ် မဲ့ဖြစ်ပွားခဲ့ကြောင်းနှင့်သေဆုံးမှု တစ်စုံတစ်ရာမရှိဘဲ မြို့တော်စည်ပင် အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်း မှုဌာန)မှ ဝန်ထမ်းတစ်ဦးသာဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်းပလရပိုင်ဘော ဂရပ်ကွက်အုပ်ချုပ်ရေးမှူးကဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။
    အဆိုပါလေဆင်နှာမောင်း ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့်အိမ် ထောင်စု၎ဝတွင် ကျောင်းသူ၊ကျောင်း သား ၂၈ယောက်ခန့် ပါဝင်ကြောင်း သိရသည်။ အဆိုပါကျောင်းသူ၊ ကျောင်းသားများ မှာယခုလက်ရှိအ ချိန်တွင် မိမိတို့၏ဆွေမျိုးများထံ၌ နေထိုင်ကာကျောင်း တက်ရောက်နေ ကြောင်းသိရသည်။
    အဆိုပါ လေဆင်နှာမောင်းသည် လှိုင်သာယာမြို့နယ်ဘက်မှ စတင်တိုက် ခတ်လာခဲ့ကာ မင်္ဂလာဒုံမြို့နယ်၊ ရွှေ ပြည်သာမြို့နယ်၊ ပုလဲမြို့သစ်မြို့နယ် စသည့်မြို့နယ်များသို့ဝင်ရောက် တိုက်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
    လေဆင်နှာမောင်းကြောင့် အိုးမဲ့ အိမ်မဲ့ဖြစ်ပွားခဲ့သည့် ရပ်ကွက်နေပြည် သူများအား စားဝတ်နေရေးအတွက် ပါတီအဖွဲ့အစည်းများနှင့်ရပ်ကွက်နေပြည်သူများမှ မနက် ၁၁နာရီတစ် ကြိမ် မနက်စာနှင့် ညနေစာအား ညနေ ၄ နာရီတွင်တစ်ကြိမ်လှူဒါန်း ကျွေးမွေးထားလျက်ရှိကြောင်း ဒုအုပ် ချုပ်ရေးမှူးကဒီမိုကရေစီတူဒေး သ တင်းစာသို့ ပြောသည်။
    NMK


    Yangon Media Group

    ဂျာမနီတွင် ရထားနှစ်စီး တိုက်မိပြီး ခရီးသည် (၄၀)ကျော် ဒဏ်ရာရ


    ဂျာမနီတွင် ရထားနှစ်စီး တိုက်မိပြီး ခရီးသည် (၄၀)ကျော် ဒဏ်ရာရ



    ဂျာမနီ နိုင်ငံတွင် ရထားနှစ်စီး တိုက်မိရာ ခရီးသည် (၄၀)ကျော် ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
    ဩဂုတ်(၁)ရက် ညနေပိုင်းက ဂျာမနီ အနောက်တောင်ပိုင်းရှိ ဘူတာတစ်ခုတွင် ကုန်တင်ရထား တစ်စီးနှင့် လူစီးရထားတစ်စီး တိုက်မိခြင်း ဖြစ်သည်။ မန်းဟိမ်းမြို့၏ အဓိက ဘူတာတွင် ဖြစ်ပွားခဲ့သော ရထားတိုက်မှုတွင် ရထားတွဲ နှစ်တွဲသည် သံလမ်းပေါ်မှ ချော်ထွက် တိမ်းမှောက်သွားကြောင်း သိရသည်။
    DPA သတင်းဌာနက အဆိုပါ ရထားတွဲ နှစ်တွဲအတွင်းတွင် စုစုပေါင်း လူ(၁၁၀)ကျော် လိုက်ပါလာကြောင်း ဖော်ပြခဲ့သည်။ ရထားတိုက်မှုကြောင့် (၅)ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့ပြီး ဆေးရုံသို့ အရေးပေါ် တင်ပို့ပေးခဲ့ရသည်။ နောက်ထပ် (၄၀)ခန့်မှာမူ ပွန်းပဲ့ဒဏ်ရာများသာ ရရှိခဲ့သည်။
    ရထားနှစ်စီးလုံး အရှိန်လျှော့ မောင်းနှင်နေချိန်တွင် တိုက်မိခဲ့ခြင်းဖြစ်၍ အထိအခိုက် နည်းခဲ့ခြင်းဟု ဆိုသည်။ ရထားချင်း တိုက်မိရသည့် အကြောင်းရင်းကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ရထားချင်း တိုက်မိပြီးနောက် ရထားတွဲများပေါ်ရှိ ခရီးသည် (၂၅၀)ကျော်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရကြောင်းလည်း သတင်းရရှိသည်။

    နိုင်ငံတကာ၌ စိုးရိမ်မှုကြီးထွားနေသည့် အီဘိုလာ (EBOLA) ဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ ကူးစက်လာခြင်းမရှိစေရန် နိုင်ငံတကာ ၀င်/ထွက်ပေါက်နေရာများတွင် ရောဂါစောင့်ကြပ်ကြည့်ရှု


    နိုင်ငံတကာ၌ စိုးရိမ်မှုကြီးထွားနေသည့် အီဘိုလာ (EBOLA) ဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ ကူးစက်လာခြင်းမရှိစေရန် နိုင်ငံတကာ ၀င်/ထွက်ပေါက်နေရာများတွင် ရောဂါစောင့်ကြပ်ကြည့်ရှု
    နိုင်ငံတကာ၌ စိုးရိမ်မှုကြီးထွားနေသည့် အီဘိုလာဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ ကူးစက်လာခြင်းမရှိစေရန် နိုင်ငံတကာ ဝင်/ထွက်ပေါက်နေရာများတွင် ရောဂါစောင့်ကြပ်ကြည့်ရှုနေကြောင်း ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်း၏ ပြောကြားချက်အရ သိရသည်။
    “ပြည်တွင်းမှာ ကူးစက်ရောဂါတွေကို ၂ဝဝ၃ ခုနှစ်ကစပြီး ကြက်ငှက်တုပ်ကွေးH5N1၊ ၂ဝဝ၉ မှာ လူတုပ်ကွေးကပ်ရောဂါ။ အဲဒီနောက်ပိုင်းH7N9 ကြက်ငှက်တုပ်ကွေးရောဂါ။ နောက်မားစ်ကူးစက်မြန်ပြင်းထန် အဆုတ်ရောင်ရောဂါစတဲ့ ရောဂါကာကွယ်ရေး လုပ်ငန်းတွေကို ဆက်တိုက်လုပ်လာတယ်။ အခု အီဘိုလာဗိုင်းရပ်စ်က ၂ဝ၁၄ မတ်လမှ စဖြစ်ခဲ့တာဆိုတော့ ဒီမှာမေလလောက်ကတည်းက ရောဂါစောင့်ကြပ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ WHO အနေနဲ့ ဆားရ်စ်ရောဂါဖြစ်တုန်းကဆိုရင် ခရီးသွားတွေနဲ့ပတ်သက်ပြီး လုပ်ဆောင်ရမည့်လုပ်ငန်းတွေကို အသေးစိတ် ညွှန်ကြားခဲ့တယ်။ အခု အီဘိုလာကျတော့ ခရီးသွားလာမှုနဲ့ပတ်သက်ပြီး အဲလိုညွှန်ကြားချက် မထုတ်ထားဘဲ ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းတွေကို အရှိန်မြှင့်ဖို့ပဲ ပြောထားတယ်။ ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတကာ ဝင်ပေါက်ထွက်ပေါက်အားလုံးကို စောင့်ကြပ်နေပါတယ်။ လောလောဆယ် မြန်မာနိုင်ငံမှာ ရောဂါဖြစ်ပွားမှု မရှိသေးပါဘူး” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ဆိုသည်။
    ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် လက်ရှိရောဂါဖြစ်ပွားနေသည့် နိုင်ငံများမှ ပြန်လာသူများ၊ ရောဂါခံစားနေရသူများကို ပြုစုစောင့်ရှောက်ပေးသူများနှင့် မိသားစုဝင်များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသူများကို လေဆိပ်၊ သင်္ဘောဆိပ်များရှိ ကျန်းမာရေးဌာနများတွင် စစ်ဆေးမှုများပြုလုပ်နေပြီး ယင်းလူများကို ရောဂါသံသယလက္ခဏာများ ဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေး ဌာနများတွင် ဆေးကုသမှုခံယူရန် ထုတ်ပြန်ထားကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများတွင် ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်ရန် ထုတ်ပြန်ထားကြောင်းလည်း သိရသည်။
    လက်ရှိတွင် နိုင်ငံတကာ ဝင်ပေါက်/ထွက် ပေါက်များဖြစ်သည့် လေဆိပ်၊ သင်္ဘော ဆိပ်များရှိ ကျန်းမာရေးဌာနများတွင် ကူးစက်မြန် ဗိုင်းရပ်စ်ရောဂါများအတွက် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာနှီးနွှယ် အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာန ရောဂါနှိမ်နင်းရေးဌာနမှ သိရသည်။
    အီဘိုလာဗိုင်းရပ်စ်နှင့်ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေးဌာနစိတ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်နိုင်ဦးက “အခုဒီဗိုင်းရပ်စ်ပိုးက လက်ရှိ မြန်မာနိုင်ငံမှာလည်း မတွေ့ရသေးဘူး။ ပြီးတော့ ဒီဗိုင်းရပ်စ်ပိုးက သဘာဝတိရစ္ဆာန်တွေက ကူးစက်တာဖြစ်တဲ့အတွက် ဒီလိုတိရစ္ဆာန်တွေကို မြန်မာတွေက စားသုံးလေ့မရှိဘူး။ ဒါကြောင့် ကူးစက်နိုင်ခြေရာနှုန်း နည်းတယ်လို့ဆိုရမှာပါ။ တကယ်လို့ဖြစ်လာခဲ့မယ် ဆိုရင်လည်း အရင်တိရ စ္ဆာန်ကတစ်ဆင့် ကူးစက်မြန်ရောဂါတွေတုန်းကလို အရေးပေါ်စီမံချက်တွေရေးဆွဲပြီး ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်” ဟု ပြောကြားသည်။
    အီဘိုလာဗိုင်းရပ်စ်ဆိုသည်မှာ သဘာဝတိရစ္ဆာန်များမှတစ်ဆင့် လူသို့ကူးစက်တတ်သော ဗိုင်းရပ်စ်ပိုးဖြစ်ပြီး ကူးစက်ခံရပါက အသက်ဆုံးရှုံးနိုင်ခြေမှာ ရာနှုန်းပြည့်ရှိနေပြီး ကူးစက်ခံရပြီး ရက်ပိုင်းအတွင်း သေဆုံးစေနိုင်သည့် ဗိုင်းရပ်စ်ပိုးဖြစ်သည်။
    အဆိုပါ ဗိုင်းရပ်စ်သည် အာဖရိကတိုက် အနောက်အလယ်ပိုင်းနိုင်ငံများရှိ လင်းနို့၊ မျောက်၊ ဒရယ်၊ မျောက်ဝံစသည့် တိရစ္ဆာန်များတွင် တွေ့ရှိရပြီး ယင်းရောဂါပိုးရှိသည့် တိရစ္ဆာန်အသားများကို စားသုံးမိရာမှ လူသို့ကူးစက်နိုင်ပြီး လက်ရှိအချိန်ထိ ကူးစက်ခံရ သူ ၁၃၂ဝ ကျော်၊ သေဆုံးသူ ၇ဝဝ ကျော်ရှိပြီဟု နိုင်ငံတကာသတင်းမီဒီယာများက ဖော်ပြထားသည်။
    ယင်းဗိုင်းရပ်စ်ကို ၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းက အာဖရိက အနောက်ခြမ်းနိုင်ငံဖြစ်သည့်Guinea တွင် စတင်ဖြစ်ပွားခဲ့ပြီး ယင်းနိုင်ငံမှတစ်ဆင့် ရောဂါဝေဒနာ ခံစားနေရသူများသည် ခရီးသွားလာမှုကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့်Liberia၊ Sierra Leone နိုင်ငံများသို့ ကူးစက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိအဆိုပါ သုံးနိုင်ငံအား ကန့်သတ်နယ်မြေများအဖြစ် သတ်မှတ်ကာ ထိုရောဂါကို စတင်ပိတ်ဆို့နေပြီ ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ ဖြစ်ပွားမှုသည် နှစ်ပေါင်း ၄ဝ အတွင်း အဆိုးရွားဆုံးသော ဗိုင်းရပ်စ်ကူးစက်သေဆုံးမှုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
    ကမ္ဘာ့ကျန်းမာရေး အဖွဲ့အနေဖြင့်လည်း အနောက်အာဖရိကတွင် ဖြစ်ပွားနေသည့် အဆိုပါ ရောဂါကိုတိုက်ဖျက်ရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၁ဝဝ တန်စီမံကိန်းတစ်ခု စတင်အကောင်အထည် ဖော်နေပြီဖြစ်ကြောင်းနှင့် ဗိုင်းရပ်စ်ပိုး စတင်တွေ့ရှိခဲ့သည့် နိုင်ငံသုံးနိုင်ငံမှ အကြီးအကဲများနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့ တွေ့ဆုံကာ ရောဂါပြန့်ပွားမှုနှုန်း၊ ထိန်းချုပ်ကာကွယ်နိုင်မှု အခြေအနေများကို ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
    ရောဂါစတင်ဖြစ်ပွားခဲ့သည့် နိုင်ငံများသို့ ဆေးကုသရန်ရောက်ရှိနေသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ လုပ်အားပေးဆရာဝန်နှင့် လုပ်အားပေးများ ကူးစက်ခံရခြင်းကြောင့် ယင်းနိုင်ငံသုံးနိုင်ငံသို့ အမေရိကန်မှ လုပ်အားပေးရောက်ရှိနေသော အမေရိကန်နိုင်ငံသား ၃ဝဝ ခန့်ကို အမေရိကန်က ပြန်လည်ခေါ်ယူနေပြီ ဖြစ်ကြောင်းနှင့် လက်ရှိတွင် အမေရိကန်၊ လန်ဒန်၊ ဥရောပနိုင်ငံများ အပါအဝင် အာရှနိုင်ငံများဖြစ်သည့် တရုတ်နှင့်ဖိလစ်ပိုင် နိုင်ငံများတွင် ရောဂါလက္ခဏာများ စတင်တွေ့ရှိ နေရပြီဖြစ်ကြောင်း နိုင်ငံတကာမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
    အီဘိုလာဗိုင်းရပ်စ်သည် ရောဂါရှိသော တိရစ္ဆာန်များ၏ အရည်၊ သွေး၊ သလိပ် စသည်တို့အား ထိတွေ့ကိုင်တွယ်မိခြင်း၊ အသားများကို စားသုံးမိခြင်း၊ ရောဂါခံစားနေရသောသူနှင့် ထိတွေ့မိခြင်း၊ အရေပြားပေါက်ပြဲသောနေရာအား ထိတွေ့ခြင်း၊ သွေးသားခြင်းထိတွေ့ခြင်း၊ ရောဂါရှိသူ၏ အသွေးသား၊ သွေး၊ အချွဲ၊ ခန္ဓာကိုယ်မှထွက်သော အရည်တို့ကို လက်ဖြင့်ထိတွေ့ရုံဖြင့် ရောဂါကူးစက်နိုင်ကြောင်း သိရသည်။
    ရောဂါကူးစက်ခံရပါက ကူးစက်ပြီးရက်ပေါင်း ၂၁ ရက်အတွင်း ဝေဒနာစတင်ခံစားရပြီး ထိုမှတစ်ဆင့် လူအများသို့ ဆက်လက်ကူးစက်နိုင်ကာ ရောဂါခံစားရပြီး ရက်ပိုင်းအတွင်း သေဆုံးတတ်ကြောင်းနှင့် ရောဂါလက္ခဏာများမှာ အပြင်းဖျားခြင်း၊ မလှုပ်ရှားနိုင်အောင် အားအင်ကုန်ဆုံးခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ မကြာခဏအော့အန်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါများ စသည်တို့ ဖြစ်တတ်ရာ ထိုမှတစ်ဆင့် ရောဂါပြင်းထန်လာကာ ကျောက်ကပ်၊ အသည်းများကို ပျက်စီးစေကာ မျက်လုံး၊ ပါးစပ်၊ နှာခေါင်းစသည့် ဒွာရပေါက်များမှ သွေးထွက်ခြင်း၊ အရေပြားပေါက်ပြဲကာ သွေးထွက်ခြင်း၊ ခန္ဓာကိုယ်အတွင်းအပြင်တို့မှ သွေးထွက်ကာ အသက်ဆုံးရှုံး စေနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။
    ဇူလိုင် ၂၃ ရက်တွင် လိုက်ဘေးရီးယားမြို့တော် ကိုနာကရီရှိဒွန်ကာဆေးရုံ၌ အီဘိုလာဗိုင်းရပ်စ် ကာကွယ်ရေးဝတ်စုံ ၀တ်ဆင်နေသော နယ်စည်းမထား ဆရာဝန်များအဖွဲ့မှ အဖွဲ့ဝင်များ (Photo-AFP)