သတင်းနှင့်နည်းပညာများ

7/26/14

ဓမ္မစေတီ ခေါင်းလောင်းကြီး မကြာမီ ဆယ်ယူတော့မည်


သတင်း

ဓမ္မစေတီ ခေါင်းလောင်းကြီး မကြာမီ ဆယ်ယူတော့မည်


မွန် ဓမ္မစေတီ ခေါင်းလောင်းကြီး, ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့
ယနေ့ ကျင်းပသော ဓမ္မစေတီ ခေါင်းလောင်း တူးဖော်ရေး သတင်းစာ ရှင်းလင်းပွဲ(ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)
ရေထဲတွင် နှစ်ပေါင်း ရာချီ နစ်မြုပ်နေသည် ဆိုသော မွန် ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ခွင့်ပြုလိုက်ပြီး ယင်းခေါင်းလောင်းကြီးကို သြဂုတ်လအတွင်း ကုန်းပေါ်သို့ ဆယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။
ဓမ္မစေတီ ခေါင်းလောင်း တူးဖော်ခွင့် ရရှိထားသူ ဦးစံလင်းက ၁၉၉၇ ခုနှစ်မှ စတင်၍ ခေါင်းလောင်းကြီးကို ရှာဖွေခဲ့ပြီး ၇ ကြိမ်ခန့် အထိ ခေါင်းလောင်း ရရှိရေး ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ၁၉၉၈ ခုနှစ် သြဂုတ်လ ၁၁ ရက်တွင် ရေအောက် ၂၇ ပေ၊ မြေကြီးအောက် ၂၅ ပေ စုစုပေါင်း ပေ ၅၂ ပေတွင် ဓမ္မစေတီ ခေါင်းလောင်းကြီးကို တွေ့ရှိခဲ့ပြီး ဖြစ်သည်ဟု ယနေ့တွင် ကျင်းပ သည့် ဓမ္မစေတီ ခေါင်းလောင်းနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများသို့ ပြောသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီး တူးဖော်ရန် ၀ါခေါင်လဆန်း ၁၂ ရက်(သြဂုတ် ၇ ရက်)တွင် စတင်ရန် စီစဉ်ထားပြီး တနေ့လျှင် ကုန်ကျစရိတ် ကျပ် သိန်း ၆၀ ခန့်ဖြင့် ၄၅ ရက် အထိ လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ၊ ခေါင်းလောင်းကြီး တူးဖော်ရာတွင် ကုန်ကျစရိတ် မြန်မာ ကျပ်ငွေ သိန်း ၂၀၀၀ ခန့် အထိ ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
“ခေါင်းလောင်းကြီးကို တူးဖို့ ၇ ရက် သားသမီးတွေရဲ့ အလှူငွေနဲ့ တူးမှ အောင်မြင်မယ်လို့ ပြောတယ်။ အခု ခေါင်းလောင်းက ရေ ထဲ မှာဆိုတော့ နဂါး အကူအညီနဲ့ တူးမှာ။ နဂါး အကူအညီ မပါဘဲနဲ့ ဘာမှ လုပ်လို့မရဘူး။ နဂါးနဲ့ အပြိုင် ဆွဲရမှာ။ နဂါးကလည်း ပြန်ဆွဲမှာ။ လောကီ အသိဉာဏ်နဲ့ လုပ်လို့မရဘူး။ ကျနော်တို့ လောကီပညာနဲ့ လုပ်နေရင် ဒီခေါင်းလောင်းကြီး ပေါ်လာစရာအကြောင်း မရှိတော့ဘူး”ဟုလည်း ဦးစံလင်းက ပြောဆိုသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီးမှာ မြစ် ၃ စင်း ဆုံရာ နေရာတွင် တည်ရှိနေပြီး ခေါင်းလောင်းတော်ကြီးကွင်းမှာ အောက်သို့ ၄၅ ဒီဂရီ စောင်းပြီး အ၀မှာ အပေါ်ဘက်တွင် ရှိနေကြောင်း ၊ ခေါင်းလောင်းကြီးမှာ ရွှေ ၊ ကြေး ၊ ငွေ ၊ ဘော် စသည့် သတ္တု ၄ မျိုး ဓာတ်ပြုမှုကြောင့် ခေါင်းလောင်းကြီး တခုလုံး ဖုံးအုပ်လျက် ရှိပြီး ခေါင်းလောင်းကြီး၏ ကွင်း (ပုဇွန်တုပ်ကွေး) မရှိတော့သဖြင့် ကြိုးချည်ရန်ပင် မရှိတော့ဟု ဦးစံလင်းက ဆက်ပြောပြသည်။
“သဘောင်္ကို ရက် ၂၀ စာ ငှားထားတယ်။ ၁၀ ရက်နဲ့ ပြီးမယ်ဆိုရင် ၁၀ ရက်တည်းနဲ့ အပြီး ဖြတ်မယ်။ မြန်မြန်တွေ့ရင် ကုန်ကျစရိတ် ပိုသက်သာမှာပေါ့”ဟု ဦးစံလင်းက ဆိုသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီး သုတေသန စူးစမ်းရှာဖွေခြင်း လုပ်ငန်းကို မြန်မာ့နည်း၊ မြန်မာ့ဟန် သီလ ၊ သမာဓိ ၊ ပညာ၊ ကတိသစ္စာဖြင့် ရှာဖွေရမည် ဖြစ်ကြောင်း၊ ယင်းခေါင်းလောင်းကြီးမှာ ဂျပန်ခေတ်တွင် နစ်မြုပ်ခဲ့သည့် ပေ ၁၁၀ ခန့် အရှည်ရှိသည့် သဘောင်္တစီး အောက်တွင် ရောက်ရှိနေသောကြောင့် ယင်းသံသဘောင်္ကို ဖယ်ရှားပြီးမှသာ ခေါင်းလောင်းကြီးကို ဆယ်ယူ နိုင်လိမ့်မည်ဟု ဓမ္မစေတီ ခေါင်းလောင်းကြီး ဆယ်ယူရာတွင် ပါဝင်မည့် ပဲခူးမြို့ ရွှေအုန်းပင် ထမင်းဆိုင်ပိုင်ရှင် ဦးဝင်းမြင့်ကလည်း ပြောသည်။
“ကျနော်က ဓမ္မစေတီမင်းနဲ့ ပတ်သက်ပြီး ဒီခေါင်းလောင်းကြီးကို အရမ်း စိတ်ဝင်စားခဲ့တယ်။ ကျနော်ဘုရား ၁၄ ဆူ တည်ပြီးပြီ။ ဒီ ခေါင်းလောင်းကြီးကို ဆယ်နိုင်ရင် ဘုရားအဆူ ၁၀၀၀ တည်တာနဲ့ ညီမျှတယ်။ အဲဒါကြောင့် ခေါင်းလောင်း ဆယ်ယူဖို့ လောလော ဆယ် ၅၂ သိန်း လှူမယ်။ ပြီးရင် ကျနော့်မှာ ဓမ္မမိတ်ဆွေတွေ အများကြီး ရှိတယ်”ဟု ၎င်းက မီဒီယာများကို ပြောပြသည်။
မွန် ဓမ္မစေတီ ခေါင်းလောင်းကြီး တူးဖော်ရာတွင် လူ ၈၀ ခန့် ပါဝင်မည် ဖြစ်ပြီး အမျိုးသမီးများ လိုက်ပါ၍ မရကြောင်း ၊ လှေပေါ်တွင် ဘုရားတဆူ တင်ဆောင်ကာ ဘုရားဝေယျာဝစ္စ ပြုလုပ်ရန် လူ ၅ ဦး လိုက်ပါမည် ဖြစ်ပြီး ယင်းလူ ၅ ဦးက ခေါင်းလောင်းကြီး တူးဖော် နေစဉ် အတွင်း ၂၄ နာရီ ပတ်လုံး ဆီမီး မပြတ်စေရန် လုပ်ဆောင်သွားရမည်ဟုလည်း ၎င်းက ဆက်ပြောသည်။
ဓမ္မစေတီ ခေါင်းလောင်းကြီးကို ရက်သတ္တပတ် ၂ ပတ် အတွင်း ကုန်းပေါ်သို့ ဆယ်ယူမည် ဖြစ်ပြီး၊ ဆယ်ယူပြီးချိန်၌ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်တွင် ၃ လခန့် ထားရှိမည်ဟု ဦးစံလင်းက ဆိုသည်။
နှစ်ပေါင်း ၄၀၀ ကျော်ကြာ ရေထဲတွင် နစ်မြုပ်နေသည့် မွန် ဓမ္မစေတီ ခေါင်းလောင်းကို ရှာဖွေဆယ်ယူရန် လူပုဂ္ဂိုလ် တဦး တယောက် ၏ ဦးဆောင်မှုဖြင့် မဟုတ်ဘဲ နိုင်ငံတော် အစိုးရ၏ တိုက်ရိုက် ဦးဆောင်မှုဖြင့် ဆယ်ယူရန် မွန် အမျိုးသားများ ဦးဆောင် သည့် မွန် စာပေနှင့် ယဉ်ကျေးမှု အဖွဲ့က ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၉ ရက်က သဘောထားတရပ် ထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ပြည်ထောင်စု အစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် ကော့သောင်းမြို့မှ ဦးစံလင်းကို ဓမ္မစေတီ ခေါင်းလောင်းအား ရက်အကန့်အသတ်မရှိ တူးဖော်ရှာဖွေခွင့်ပြုချက်ကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၄ ရက်က ခွင့်ပြုပေးခဲ့ခြင်း ဖြစ် ကြောင်း သိရသည်။
ခေါင်းလောင်းကြီး၏ အမည်မှာ ၁၄၇၁ ခုနှစ်မှ ၁၄၉၂ ခုနှစ်အတွင်း ဟံသာဝတီ မွန်ဘုရင့်နိုင်ငံကို အုပ်စိုးခဲ့သည့် ဓမ္မစေတီမင်း၏ အမည်ကို အစွဲပြုထား ခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာဝင် တယောက်ဖြစ်သည့် ဓမ္မစေတီ မင်းက မြန်မာနိုင်ငံ၏ တန်ခိုးအကြီးဆုံး စေတီတော် ဖြစ်သော ရွှေတိဂုံစေတီတော်သို့ လှူဒါန်းရန် ထိုခေါင်းလောင်းကြီးကို သွန်းလုပ်ခဲ့ခြင်း ဖြစ်သည်။ ကြေး၊ ရွှေ၊ ငွေနှင့် သံဖြူ စုစုပေါင်း တန် ၂၉၀ ကျော် အသုံးပြုထားပြီး ကမ္ဘာပေါ်တွင် အလေးချိန် အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သော ၁၁၆ မက်ထရစ်တန် ရှိသည့် ၂၀၀၀ ပြည့်နှစ်က သွန်းလုပ် သော တရုတ်နိုင်ငံ မှ ကံကောင်းခြင်း ခေါင်းလောင်း (Bell of Good Luck) ၏ အလေးချိန် ၂ ဆ ရှိကြောင်း သိရသည်။
http://burma.irrawaddy.org/news/2014/07/26/62397.html

မိုးတစိမ့်စိမ့်ရွာ


မိုးတစိမ့်စိမ့်ရွာ
ရန်ကုန်ရာသီဥတု နဲ့ မိုးရာသီကြီးမှာ တောမီးလောင်နေတဲ့နိုင်ငံ
၂၇-၇-၂၀၁၄
နေ့(၁း၂၅)နာရီ
ရန်ကုန်မှာသာ မိုးတစိမ့်စိမ့်ရွာနေပေမယ့် အင်ဒိုနီးရှားနိုင်ငံ Sumatra နဲ့ Borneo ဖက်မှာတော့ တောမီးတောင်လောင်ပြီး မြူမီးခိုးငွေ့တွေ ထွက်နေပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းမရှိပါ။ မုတ်သုံမိုး ပါးပါးသာ ကြာကြာရွာနေတာဖြစ်ပါတယ်။
ဒီနှစ် အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ သြစတြေလျ၊၊ အိန္ဒိယ မိုးမကောင်းပါ။
ပြောရရင်တော့ မြန်မာနိုင်ငံရဲ့အနောက်ဖက် နဲ့ အရှေ့ဖက်တွေ မိုးမကောင်းပါ။.
သာဂိတို့နိုင်ငံသာ မိုးကကောင်းတယ်ပြောရမလား...မကောင်းဘူးပြောရမလား...။
ဒေါက်တာထွန်းလွင်
MCCW

လူပေါင်း ၁၁၀ ကျော်လိုက်ပါလာသည့် အယ်ဂျီးရီးယားလေယာဉ် မာလီနိုင်ငံပေါ်၌ ပျောက်ဆုံး


လူပေါင်း ၁၁၀ ကျော်လိုက်ပါလာသည့် အယ်ဂျီးရီးယားလေယာဉ် မာလီနိုင်ငံပေါ်၌ ပျောက်ဆုံး
စပိန်နှင့် ပြင်သစ်နိုင်ငံသားများအပါအဝင် လူပေါင်း ၁၁ဝ ကျော်လိုက်ပါလာသည့် အယ်ဂျီးရီးယားလေကြောင်းလိုင်းလေယာဉ်သည် ဘာကီနာဖာဆိုမှ အယ်ဂျီးရီးယားသို့ ပျံသန်းလာစဉ် ဇူလိုင် ၂၄ တွင်ပျောက်ဆုံးသွားခဲ့ကြောင်း သက်ဆိုင်ရာအာဏာပိုင်များ ကပြောကြားခဲ့သည်။
အဆိုပါလေယာဉ်သည် မာလီနိုင်ငံ မြောက်ပိုင်း ဝေဟင်တွင် ပျံသန်းနေစဉ် ရေဒါမှပျောက်ကွယ်သွားကြောင်းနှင့် လေယာဉ်ပေါ်တွင် လိုက်ပါသွားသော ခရီးသည် ၁၁၆ဦးထဲ၌ ပြင်သစ်နိုင်ငံသား ၅၁ ဦးနှင့် ဘာကီနာဖာဆိုနိုင်ငံသား ၂၆ ဦး ပါဝင်ကြောင်း အယ်ဂျီးရီးယားရေဒီယိုက ကြေညာခဲ့သည်။ အယ်ဂျီးရီးယားနိုင်ငံသား ခုနစ်ဦးအပြင် ကနေဒါ၊ ယူကရိန်း နှင့် လူဇင်ဘတ်နိုင်ငံသားများလည်း ပါဝင်သည်ဟုဆိုသည်။ လက်ဘနွန်ရေဒီယိုကလည်း လေယာဉ်ပေါ်တွင် ၎င်းတို့၏နိုင်ငံသား ၂ဝ ဦးထက်မနည်း ပါသွားပြီး ယင်းတို့ထဲ၌ ဇနီးမောင်နှံ သုံးတွဲနှင့် ကလေး ၁ဝဦး ပါဝင်သည်ဟု ဆိုသည်။
လေကြောင်းကြီးကြပ်ရေးအဖွဲ့က ပျောက်ဆုံးသွားသောလေယာဉ်သည် စပိန်ကုမ္ပဏီ Swiftair က အငှါးချထားသည့် McDonnell Douglas MD-83 အမျိုးအစားဖြစ်ကြောင်း ပြောကြားခဲ့သည်။ လေယာဉ်ပေါ်တွင်ပါရှိသည့် လေယာဉ်ဝန်ထမ်း ခြောက်ဦးစလုံးသည် စပိန်နိုင်ငံသားများဖြစ်ကြောင်း စပိန်လေကြောင်းလိုင်း လေယာဉ်မှူးများသမဂ္ဂက ပြောကြားခဲ့သည်။
Swiftair ကုမ္ပဏီက လေယာဉ်သည် အွာဂါဒူဂူးမှ ပျံတက်ပြီး တစ်နာရီမကြာမီ၌ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။ ပြင်သစ်သယ်ယူပို့ဆောင်ရေးဝန်ကြီး ဖရက်ဒရစ်ကူဗယ်လာက ထိပ်တန်းအရပ်ဘက် လေကြောင်းအာဏာပိုင်များသည် အရေးပေါ်အစည်းအဝေးတစ်ရပ် ကျင်းပပြီး အကျပ်အတည်းဖြေရှင်းရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ပြောကြားခဲ့သည်။
လေယာဉ်သည် အယ်ဂျီးရီးယားနယ်စပ်မှ မိုင် ၃ဝဝ အကွာ မာလီနိုင်ငံရှိ ဂေါင်မြို့အထက်ကောင်းကင်တွင် ပျောက်ကွယ်သွားခြင်းဖြစ်ကြောင်းနှင့် လေယာဉ်ပေါ်၌ နိုင်ငံပေါင်းများစွာမှလူများ လိုက်ပါသွားကြောင်း အယ်ဂျီးရီးယားဝန်ကြီးချုပ် အဗ္ဗဒယ်မာလက်စီလောက ပြောကြားခဲ့သည်။ လေယာဉ်သည် မာလီနိုင်ငံမြောက်ပိုင်းရှိ ဂေါင်မြို့အထက်၌ ပျောက်ကွယ်သွားခြင်းဖြစ်ကြောင်းနှင့် ယင်းဒေသတွင် မုန်တိုင်းများပြင်းထန်စွာ ကျရောက်နေကြောင်းလည်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။
မာလီနိုင်ငံမြောက်ပိုင်းကို ၂ဝ၁၂ခုနှစ်အတွင်းက လပေါင်းများစွာကြာအောင် ဂျီဟတ်ဝါဒီ စစ်သွေးကြွများ သိမ်းပိုက်ထားခဲ့ပြီး ပြင်သစ်တပ်များဦးဆောင်လျက် ပြန်လည်တိုက်ထုတ်နိုင်ခဲ့သော်လည်း ယခုတိုင် တည်ငြိမ်အေးချမ်းမှု မရှိသေးကြောင်းသိရသည်။
(Ref:AFP , Photo: AFP)

Eleven Media Group

ကြက်ငှက်တုပ်ကွေး ကူးစက်မည်ဆိုး၍ တရုတ်မှ မှောင်ခိုတင်သွင်းလာသော ကြက်နှင့်ကြက်သားများ ဖမ်းဆီး ဖျက်ဆီး


ကြက်ငှက်တုပ်ကွေး ကူးစက်မည်ဆိုး၍ တရုတ်မှ မှောင်ခိုတင်သွင်းလာသော ကြက်နှင့်ကြက်သားများ ဖမ်းဆီး ဖျက်ဆီး



တရားမ၀င်တင်သွင်းလာသော ကုန်စည်ပါ၊ မပါ ကွန်တိန်နာများကို စစ်ဆေးရန် ပြင်ဆင်နေစဉ် (ဓာတ်ပုံ - DCCA)
တရုတ်နိုင်ငံတွင် ကြက် ငှက်တုပ်ကွေးရောဂါဖြစ်ပွားနေ သောကြောင့် ဇူလိုင် ၁၄ ရက်မှ ၁၈ ရက်အထိ တရုတ်နိုင်ငံမှ တ ရားမ၀င်တင်သွင်းလာသော ခန့် မှန်းငွေကျပ်သိန်း ၁၂၀ ကျော် တန်ဖိုးရှိ ကြက်အရှင်များနှင့် အေးခဲကြက်သားများကို ဖမ်းဆီးရမိခဲ့ကြောင်း  ရွေ့လျားစစ်ဆေးရေးအဖွဲ့ (Mobile Team) မှ သတင်းရရှိသည်။

‘‘တရုတ်ကနေ မူဆယ်လမ်း ကြောင်းကတစ်ဆင့် ဒေသတွင်း စားဖို့ သယ်ဆောင်လာတာဖြစ် ပေမယ့် ကြက်ငှက်တုပ်ကွေးရော ဂါပိုးတွေ စစ်ဆေးထားမှုမရှိတာ ကြောင့် စားသုံးသူ အကာအကွယ် ပေးရေးအတွက် ဖျက်ဆီးရေး ကွင်းမှာ မီးရှို့သွားမှာပါ’’ ဟု တရားမ၀င်ကုန်ပစ္စည်းများ စစ်ဆေးရေးအဖွဲ့မှ အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။
 ဖမ်းဆီးရရှိမိခဲ့သော ကြက် များတွင် မွေးမြူရေးကြက်အရှင် အကောင် ၅၀၀ ၀န်းကျင် ခန့်မှန်း တန်ဖိုး  ကျပ်နှစ်ဆယ့်ငါးသိန်း ကျော်ပါဝင်ပြီး  အေးခဲကြက်သား ကိုးထုပ် တန်ဖိုးငွေ နှစ်ဆယ့်ရှစ် သိန်းကျော်နှင့် အေးခဲကြက်အဆီ ဘူး ၁၆ ထုပ် ကျပ် ခုနစ်ဆယ့် ခြောက်သိန်းကျော်ဖိုးတို့ ပါရှိသည်။
တရုတ်နိုင်ငံတွင် ကြက်ငှက် တုပ်ကွေးအဖြစ်များသော ၂၀၁၃ ခုနှစ်နောက်ပိုင်းကာလများမှစ၍ မြန်မာနိုင်ငံတွင်းသို့ တရုတ်နိုင်ငံ မှ ကြက်များ အများဆုံး ၀င်ရောက်လာခဲ့ကြောင်း  ရွေ့လျားစစ်ဆေးရေးအဖွဲ့မှ  တာဝန်ရှိသူတစ်ဦးက ပြောသည်။
  ‘‘ဟိုဘက်မှာ ရောဂါဖြစ် တော့ ဈေးပေါပေါရတဲ့ ကြက်တွေ ကို ဒီမှာပြန်ရောင်းဖို့သယ်လာကြ တာပဲ။ ကြက်အရှင်တွေတောင် မဟုတ်ဘူး။ တစ်ခါတလေကြက်ဥ တွေပါ သယ်လာတာရှိတယ်’’ ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံ ကွမ်တုံပြည် နယ်တွင် ကြက်ငှက်တုပ်ကွေးမှလူ ကိုကူးစက်မှုသည် ဇန်န၀ါရီလမှ စ၍ ယခုအထိ ၂၁ ဦးရှိပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း  ပြည်နယ်ကျန်းမာရေး အာဏာပိုင်များက ထုတ်ပြန်ထားသည်။
  ပြီးခဲ့သည့် မေလကုန်တွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က တရုတ် နိုင်ငံတွင် ဖြစ်ပွားနေသည့် ကြက် ငှက်တုပ်ကွေးရောဂါသည် မြန်မာ နိုင်ငံသို့ ကူးစက်လာနိုင်ကြောင်း သတိပေးကြေညာချက် ထုတ်ပြန် ခဲ့သည်။

http://www.7daydaily.com/story/16737#.U9OaI0Tkt5E

ဓမ္မစေတီခေါင်းလောင်း သြဂုတ် ၉ တွင် စဆယ်မည်


ဓမ္မစေတီခေါင်းလောင်း သြဂုတ် ၉ တွင် စဆယ်မည်


ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြု လိုက်သောကြောင့် ဆယ်ယူမှု လုပ်ငန်းကို သြဂုတ် ၉ ရက်တွင် စတင်မည်ဖြစ်ကြောင်း ဆယ်ယူ ရေးအဖွဲ့က ဇူလိုင် ၂၅ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲ၌ ပြောကြားလိုက်သည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့ကခွင့်ပြုလိုက်ပါပြီ။ ပို့ဆောင်ရေးဝန်ကြီးဌာနကိုတော့ တင်ထားဆဲပါ။ခွင့်ပြုမိန့်က ရက်အကန့်အသတ်မရှိပါဘူး’’ ဟု သုဓမ္မမဏိဇောတဓရ ဦးစံလင်းက ပြောသည်။
ဆယ်ယူရေး လုပ်ငန်းကို ကော့သောင်းမှ ရေငုပ်သမား ၁၄ ဦး၊ သင်္ဘောနှစ်စီးတို့ဖြင့် ဆောင်ရွက်မည်ဖြစ်ပြီး တစ်ရက်ဆယ်ယူစရိတ် ကျပ်သိန်း ၂၀၀ နီးပါး ရှိကြောင်း ဆယ်ယူရေးတွင် ကိုယ်တိုင်ပါဝင်ပြီး ငွေကျပ်သိန်း ၅၀ လှူဒါန်းမည့် ရွှေအုန်းပင် စား သောက်ဆိုင်မှ ဦးဝင်းမြင့်က ပြော သည်။
‘‘နောက်လဆိုရင် ရေငုပ်သ မား ၁၀ ယောက် ပထမဆုံးလာမယ်။ ကျွန်တော်တို့ကတော့ လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် လုပ်မှာပါ။ ခေါင်းလောင်းတွေ့နိုင်မလား၊ မတွေ့နိုင်ဘူးလားတော့ ပြောလို့ မရပါဘူး။ တွေ့မယ်လို့ ထင်ပါတယ်။ အခု ဆရာ ဦးစံလင်းကလည်း သူကိုယ်တိုင်တွေ့ထားတာ ဆိုတော့ တွေ့ဖို့သေချာပါတယ်’’ ဟု ဦးဝင်းမြင့်က ပြောသည်။
ဓမ္မစေတီ ခေါင်းလောင်း အ မှန်တကယ် သွန်းလုပ်ခဲ့ခြင်းဟုတ်၊ မဟုတ်နှင့် ပေါ်တူဂီလူမျိုး ငဇင် ကာဖြတ်ယူသွားခြင်း ရှိ၊ မရှိစ သည်တို့မှာ အငြင်းပွားလျက်ရှိ သည်။ အချို့သော သမိုင်းပညာ ရှင်များက အဆိုပါ မြစ်အောက် ခြေတွင် မရှိကြောင်း ပြောဆိုကြ သော်လည်း ၁၉၉၇ ခုနှစ်က ရှာ ဖွေခဲ့သူ ဦးစံလင်းက ရှိသည်ဟု အခိုင်အမာပြောဆိုသည်။
‘‘ခေါင်းလောင်းရဲ့အပေါ်မှာ ဂျပန်ခေတ်တုန်းက နှစ်မြှုပ်ထားတဲ့ သံနဲ့လုပ်ထားတဲ့ သင်္ဘော တစ်စီးရှိတယ်။ အဲဒီအောက်မှာ မှ ခေါင်းလောင်းရှိတယ်။ အဲဒီ သင်္ဘောကို ဖယ်နိုင်မှသာ ခေါင်း လောင်းကို ဆယ်လို့ရမယ်။ ခေါင်း လောင်းကြီးရဲ့ အပေါ်မှာ ပုစွန် တုပ်ကွေးအကွင်း မရှိတော့ဘူး။ ခေါင်းလောင်းက အောက်ကို ၄၅ ဒီဂရီစောင်းပြီး အ၀က အပေါ်မှာ ရှိနေတယ်။ ရေစီးကြမ်းတဲ့အချိန် က ဆယ်လို့အကောင်းဆုံးအချိန် ဖြစ်လို့ အဲဒီအချိန် ရွေးလိုက်တာ ပါ’’ ဟု ဦးစံလင်းက ဆိုသည်။
ဓမ္မစေတီခေါင်းလောင်း ရှာ ဖွေရေးနှင့် ဆယ်ယူရေးလုပ်ငန်း ကို အထက်ပါ ပုဂ္ဂိုလ်က ၁၉၉၇ ခုနှစ်ကတည်းက ပြုလုပ်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ခေါင်းလောင်း တည်ရှိရာကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။ ရေအောက်ထဲတွင် မည်သည့် ပုံသဏ္ဌာန်ရှိသည်ကို အသေးစိတ် ပြောကြားခဲ့သော် လည်း ခေါင်းလောင်းတည်ရှိရာ နေရာကို ရန်ကုန်မြစ်၊ ပဲခူးမြစ်၊ ပုစွန်တောင်ချောင်းဆုံမှတ်ဟုသာ ပြောကြားပြီး အသေးစိတ် နေရာကို ပြောကြားခြင်း မရှိခဲ့ ချေ။
ဓမ္မစေတီခေါင်းလောင်းနှင့် ပတ်သက်ပြီး ၁၉၈၉ ခုနှစ်ခန့်ကစာနယ်ဇင်းမီဒီယာများတွင် စတင် ဖော်ပြခဲ့ပြီးနောက် နိုင်ငံတော် သို့လည်း ဆယ်ယူရန် တင်ပြခဲ့ သည်။ ခွင့်ပြုချက်ဖြင့် အကြိမ် ကြိမ်ဆယ်ယူရန် ကြိုးပမ်းခဲ့ပြီး ယ ခုသမ္မတ ဦးသိန်းစိန်လက်ထက်တွင်လည်း ဆယ်ယူရန် ခွင့်ပြုချက်ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပ စိတ်ဝင်စားသူများက ထပ်မံကြိုးပမ်းခဲ့ကြသည်။
ပင်လယ်အောက်တွင် နစ် မြုပ်နေသော ရှေးဟောင်းသင်္ဘော များနှင့် ရှေးဟောင်းပစ္စည်းများကို ရှာဖွေသည့် စင်ကာပူအခြေစိုက် အဖွဲ့အစည်းတစ်ခုက ၂၀၁၂ ခုနှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် ဆက်သွယ်ခဲ့ပြီး ဆယ်ယူရာတွင်သိပ္ပံနည်းကျသည့် ရေအောက်ပိုင်း ဂျီပီအက်စ်စနစ်ဖြင့် နည်းပညာကူညီမည်ဟု ဆိုခဲ့သော်လည်း ယင်းအစီအစဉ်မှာ မစတင်ဖြစ်ခဲ့ချေ။
မြန်မာ့သမိုင်းတွင် ဓမ္မစေတီ မင်းကြီးက ရွှေတိဂုံစေတီတော် သို့ ကြေးပိဿာချိန် တစ်သိန်းရှစ် သောင်း အလေးချိန်ရှိသည့် ခေါင်း လောင်းကို လွန်ခဲ့သည့်နှစ်ပေါင်း ၄၀၀ ကျော်က လှူဒါန်းခဲ့သည်။
ယဉ်ကျေးမှုဝန်ကြီးဌာန သ မိုင်းသုတေသနဦးစီးဌာနနှင့် စင် ကာပူ ကုမ္ပဏီတို့ ပူးပေါင်းပြီး ၂၀၁၂ ခုနှစ် ချက်ထရီယမ်ဟိုတယ် တွင် ဓမ္မစေတီခေါင်းလောင်း ဆယ်ယူမှုဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲ ပြုလုပ်ပေးခဲ့သော်လည်း အခြားဦးစားပေး ဆောင်ရွက်ရ မည့် နိုင်ငံတော်အဆင့်ကိစ္စများ ကို ဆောင်ရွက်ရမည်ဖြစ်သော ကြောင့် ယဉ်ကျေးမှု ၀န်ကြီးဌာန က ပြင်ဆင်ထားခြင်း မရှိဟု ပြော ခဲ့သည်။
ယဉ်ကျေးမှုဝန်ကြီးဌာနက အဆိုပါ ခေါင်းလောင်းသည် ဒေါ ပုံမြစ်ဝရေအောက်တွင် နစ်မြုပ် နေသည်ဟု ပြောဆိုခဲ့သည်။
ယဉ်ကျေးမှုဝန်ကြီးဌာနက ခေါင်းလောင်းနှင့်ပတ်သက်ပြီး ၁၉၈၇ ခုနှစ်တွင် စတင်လေ့လာ သုတေသနပြုခဲ့ပြီးနောက် ၁၉၈၇၊ ၁၉၈၉၊ ၁၉၉၇-၁၉၉၈ ခုနှစ်များတွင် ရှာဖွေခဲ့ကြောင်း ယခင်က သတင်းထုတ်ပြန်ထားသည်။

http://www.7daydaily.com/story/16787#.U9OZvUTkt5E

ခရီးသည်တစ်ဦး သောင်းကျန်းမှုကြောင့် ကနေဒါ လေယာဉ်ကို တိုက်လေယာဉ်များ စောင့်ရှောက်ပျံသန်းခဲ့ရ


ခရီးသည်တစ်ဦး သောင်းကျန်းမှုကြောင့် ကနေဒါ လေယာဉ်ကို တိုက်လေယာဉ်များ စောင့်ရှောက်ပျံသန်းခဲ့ရ



လေယာဉ်ပေါ် လိုက်ပါလာသည့် ခရီးသည် တစ်ဦး၏ ခြိမ်းခြောက် ရန်လိုမှုကြောင့် ကနေဒါ ခရီးသည်တင် လေယာဉ်တစ်စီးကို လေတပ် တိုက်လေယာဉ်များက ခြံရံစောင့်ရှောက်ခဲ့ရကြောင်း သိရှိရသည်။
Sunwing လေကြောင်းလိုင်း၏ လေကြောင်းခရီးစဉ် အမှတ်(၇၇၂)သည် တိုရန်တိုမြို့မှ ပနားမားနိုင်ငံသို့ ဇူလိုင်(၂၅)ရက်နေ့က ဦးတည်ပျံသန်းခဲ့သော်လည်း ထိန်းမနိုင်သိမ်းမရ သောင်းကျန်းနေသည့် ခရီးသည် တစ်ဦးကြောင့် တိုရန်တိုသို့ ပြန်လှည့်လာကာ ဆင်းသက်ခဲ့ရသည်။ လေယာဉ်ပျံတက်သွားပြီး (၄၅)မိနစ်မျှ အကြာတွင် လေယာဉ်မှူးက ထိန်းသိမ်းရေး မျှော်စင်သို့ အခြေအနေကို အကြောင်းကြားခဲ့သည့်နောက် F16 ဂျက်တိုက်လေယာဉ် နှစ်စီးက ခရီးသည် (၁၈၁)ဦးနှင့် အမှုထမ်း(၆)ဦး ပါရှိသည့် လေယာဉ်ကို ဘေးတစ်ဖက်တစ်ချက်မှ ခြံရံပြီး လေဆိပ်သို့ ဆင်းသက်ချိန်အထိ လိုက်ပါ စောင့်ရှောက်ခဲ့ရသည်။
လေယာဉ်ပေါ် ပါရှိသူ အများစုသည် ပနားမားသို့ အပန်းဖြေ ခရီးထွက်ကြမည့် ကနေဒါ နိုင်ငံသားများ ဖြစ်ကြသည်။ လေဆိပ်သို့ လေယာဉ်ပြန်လည် ဆိုက်ကပ်လာသည်နှင့် ရဲများက လေယာဉ်ပေါ် တက်လာကာ သောင်းကျန်းနေသည့် ခရီးသည်ကို ဖမ်းဆီးခဲ့ကြသည်။ လေယာဉ်ပေါ် လိုက်ပါလာသူများက လက်နက်ကိရိယာ အပြည့်အစုံနှင့် လုံခြုံရေး အရာရှိများက လေယာဉ်ပေါ် တက်လာပြီး ထိုသူကို ဖမ်းဆီးခဲ့ပုံကို မိုဘိုင်းဖုန်းများဖြင့် မှတ်တမ်းတင် ဗီဒီယိုရိုက်ပြီး Social Media များပေါ် လွှင့်တင်ခဲ့ကြသည်။
အသက်(၂၅)နှစ်ရှိ အလီရှာဟီသည် အနှောင့်အယှက်ပေးမှု၊ ခြိမ်းခြောက်မှု၊ လေယာဉ်လုံခြုံရေးကို ထိပါးမှုတို့ဖြင့် စွဲချက်တင်ခံထားရသည်။ Sunwing လေကြောင်းလိုင်းက ယခုဖြစ်ရပ်ကြောင့် အခြားခရီးသည်များ စိတ်အနှောင့်အယှက် ဖြစ်ရခြင်းမှလွဲ၍ တစ်စုံတစ်ရာ ထိခိုက်မှု မရှိကြောင်းနှင့် ညနေပိုင်းတွင် အဆိုပါလေယာဉ်သည် ပနားမားသို့ မူလအစီအစဉ်အတိုင်း ပြန်လည် ထွက်ခွာခဲ့ကြောင်း ကြေညာခဲ့သည်။

http://www.7daydaily.com/story/16841#.U9OX7ETkt5E

MECTel 800 MHz ဖုန်းများ ထပ်တိုးဝန်ဆောင်မှုနှစ်ခုလျှောက်နိုင်


MECTel 800 MHz ဖုန်းများ ထပ်တိုးဝန်ဆောင်မှုနှစ်ခုလျှောက်နိုင်


MECTel 800 MHz မိုဘိုင်းဖုန်းများအတွက် ထပ်တိုးဝန်ဆောင်မှုနှစ်ခုကို စတင်လျှောက်ထားအသုံးပြုနိုင်ပြီဖြစ်ရာ ဇူလိုင် ၂၅ ရက်မှ ၃၁ ရက် အထိ အခမဲ့သုံးစွဲနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယခင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှရောင်းချပေးနေသည့် GSM နှင့် WCDMA မိုဘိုင်းဖုန်းများတွင်သာ လျှောက်ထားအသုံး ပြုနိုင်သည့် VMS (Voice Mail Service)နှင့် MCA (Missed Call Alert)ဝန်ဆောင်မှုများကို မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းမှ ရောင်းချပေးနေသည့် MECTel မိုဘိုင်းဖုန်းများတွင် စတင်ဝန် ဆောင်မှုရပြီဖြစ်သည်။
‘‘၂၅ ရက်ကနေ ၃၁ ရက်အတွင်း အသုံးပြုမယ်ဆိုရင် Free အသုံးပြုလို့ရမှာပါ။ ဩဂုတ် ၃၁ ရက်ကစပြီးတော့ လစဉ်ကြေး ဖြတ်မှာပါ’’ဟု 1876 Call Center မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
VMS(Voice Mail Service)ဝန်ဆောင်မှုအသုံးပြုလိုသူများ အနေဖြင့် နံပါတ် ၂၃၃ သို့ Open VMS ဟု ရိုက်နှိပ်ပြီး မက်ဆေ့ခ်ျ ပေးပို့လျှောက်ထားနိုင်ပြီး MCA (Missed Call Alert)ဝန်ဆောင်မှု အတွက် နံပါတ် ၂၃၃ သို့ Open MCA ဟု မက်ဆေ့ခ်ျပို့လျှောက် ထားနိုင်ရာ ထိုဝန်ဆောင်မှုနှစ်ခုအတွက် လစဉ်ကြေးအဖြစ် ၁,၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်သည်။
ဖုန်းပိတ်ထားချိန်၊ ဆက်သွယ်မှုဧရိယာပြင်ပသို့ရောက် ချိန်နှင့် ဖုန်းပြောဆိုနေချိန်များတွင် ဝန်ဆောင်ပေးသည့် Voice Mail Service မှာ မိမိဖုန်းတွင် ဖုန်းခေါ်ဆိုသူထံမှ စကားသံချန် ထားခဲ့နိုင်သည့် ဝန်ဆောင်မှုဖြစ်ပြီး Missed Call Alert ဝန်ဆောင် မှုမှာ မိမိဖုန်းသို့ ခေါ်ဆိုထားသော နံပါတ်များကို ဆက်သွယ်မှုပြန် လည်ရရှိချိန်တွင် အသိပေးအကြောင်းကြားသည့် ဝန်ဆောင်မှုများဖြစ်ပြီး ပြန်ဖျက်လိုပါက နံပါတ် 233 သို့ပင် Cancel VMSနှင့် Cancel MCA ဟု မက်ဆေ့ခ်ျ ပေးပို့၍ ပြန်လည်ဖျက်သိမ်းနိုင်သည်။
MECTel CDMA 800MHz မိုဘိုင်းဖုန်းများတွင် အဆိုပါဝန် ဆောင်မှုနှစ်ခုကိုသာ စတင်အသုံး ပြုနိုင်ခြင်းဖြစ်ပြီး မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ GSM နှင့် WCDMA မိုဘိုင်းဖုန်းများတွင် အဆိုပါဝန်ဆောင်မှုနှစ်ခုအပါ  ထပ်တိုးဝန်ဆောင်မှုလေးခုကို ၂၀၁၃ ခုနှစ် အောက်တိုဘာက စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးပြီးဖြစ်သည်။

http://www.7daydaily.com/story/16739#.U9ONbETkt5E