သတင်းနှင့်နည်းပညာများ

2/8/14

(သတင်းတွေ လိုက်ဖတ်ရင်း သတိထားမိတဲ့ အထူးသတင်းတစ်ခုပါ..။)



(သတင်းတွေ လိုက်ဖတ်ရင်း သတိထားမိတဲ့ အထူးသတင်းတစ်ခုပါ..။)

အထူးသတင်း
========
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ နံန်က ၈ နာရီမှ ညနေ ၆ နာရီထိ

ဘင်္ဂလားဒေ့ရှ်ရေတပ်သည် စစ်တကောင်းဆိပ်ကမ်းနှင့် မြန်မာနိုင်ငံ အနီး

စိန့်မာတင်ေ ခါ် အုန်းကျွန်း တွင်ကျည်စစ်ကျည်မှန်များအသုံးပြုကာ

ရေတပ်လ့ကျင့်ခန်းအား စစ်ရေယာဉ် ၃ စီးပါဝင် ပစ်ခတ်လေ့ကျင့်သွားမည်

ဖြစ်ကြောင်းသိရှိရပါသည်။ ထို့ကြောင့် အဆိုပါ ဧရီယာအတွင်း လေယာဉ်များ

ရေယာဉ်များသွားလာခြင်းမပြုရန် သတင်းစာများမှ ထုတ်ပြန်ကြေညာထားကြောင်း

အဆိုပါစစ်ရေးလေ့ကျင့်မှုသည် ပြီးခဲ့သည့်ရက်ပိုင်း

အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် မြန်မာစစ်တပ်မှ နယ်စပ်မျဉ်းမှ

ကီလိုမီတာ ၃၀၀ အတွင်းကျရောက်နေသဖြင့် ဘင်္ဂလားဒေ့ရှ်မှ ကန့်ကွက်ထား

ပြီးနောက် ယခုလိုစစ်ရေးလေ့ကျင့် ခန်းအား မြန်မာနိုင်ငံ မောင်တောမြို့နယ်

အလယ်သံကျော် ကျေးရွာအနီး အုးန်ကျွန်းတွင် ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုအား

ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်းသုံးသပ်တွေ့ရှိရသည်။ မြန်မာတပ်မတော်ရေတပ်

အနေဖြင့် အထူးသတိပြုစောင့်ကြည့်သင့်သည်။
Myanmar Defence Weapons

သတင်းအကိုးကား- Thitsar Oo

စမတ်ဖုန်း ပေါက်ကွဲမှု တွေ မဖြစ်အောင် ရှောင်ကြဉ်သင့်တဲ့ အချက်များ


စမတ်ဖုန်း ပေါက်ကွဲမှု တွေ မဖြစ်အောင် ရှောင်ကြဉ်သင့်တဲ့ အချက်များ
...............................................................................

အင်တာနက်စာမျက်နှာတွေမှာ စမတ်ဖုန်းပေါက်ကွဲမှုကြောင့် အသုံးပြုသူတွေ ထိခိုက် ဒဏ်ရာ ရတဲ့ သတင်းတွေ မကြာခဏ တွေ့နေရပါတယ်။ ဒီလို စမတ်ဖုန်းပေါက်ကွဲမှု တွေ ဖြစ်ပေါ်နေတာ နှစ်တွေ ကြာမြင့်နေပြီဖြစ်ပါတယ်။ ပေါက်ကွဲတဲ့ စမတ်ဖုန်း တွေ ဟာ ထုတ်လုပ်သူ ရဲ့ မှားယွင်းမှု လည်း တစ်စိတ်တစ်ပိုင်းဖြစ်ပေမယ့် အသုံးပြုသူရဲ့ မပြုလုပ်သင့် တဲ့ လုပ်ဆောင်ချက်တွေကြောင့်လည်းဖြစ်ပါတယ်။ စမတ်ဖုန်း အသုံးပြုသူတွေ ရှောင်ကြဉ် သင့် တဲ့ အချက်တွေကို ဖော်ပြလိုက်ပါတယ်။အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

http://www.myanmarmobileapp.com/2014/02/07/စမတ်ဖုန်း-ပေါက်ကွဲမှု-တွေ/

Ref:Myanmar Digital Life Journal

ရေအောက် အင်တာနက် ဖိုက်ဘာကြိုး


ရေအောက် အင်တာနက် ဖိုက်ဘာကြိုး

အကြမ်းဖျဉ်း သိအောင် ရှင်းပြရုံလေးပါ။ ပုံမှာ မြင်တွေ့နေရတာ ကတော့ ရေအောက် ဖိုက်ဘာ ကေဘယ်လ် ဖြစ် ပါတယ်။ ပုံသေတော့ ပြော လို့ မရပါဘူး။ ထုတ်လုပ်တဲ့ ကုမ္မဏီအလိုက်၊ အမျိုးအစားအ လိုက်၊ မော်ဒယ် အလိုက် ဒီဇိုင်းက ကွဲပြား နိုင်ပါတယ်။

Optical Fiber လို့ခေါ်တဲ့ အင်တာနက် ဆက်ကြောင်းက အလင်းရောင်နဲ့ အလုပ်လုပ်တာပါ။ ကြိုတစ်ဖက်စွန်း ဆီမှာ အလင်းအရောင် ပေး မယ့် လေဆာ သို့မဟုတ် မီးလုံး ရှိပြီး အဖွင့်အပိတ်နဲ့ အလုပ်လုပ် ပါတယ်။ လျှပ်စစ် စီးကြောင်းတို့ မဟုတ်ပါဘူး။ အလင်းရောင်တန်း ဖြစ်ပါတယ်။ အလင်းရောင် ရဲ့  သွားနှုန်းက အီလက်ထရွန် ထက် ပိုမိုမြန်ဆန်ပြီး ပိုမိုလည်း အပြည့်အဝ ရရှိပါတယ်။ သတ္တုကြားခံ ပစ္စည်းများ အသုံးပြုမှုက Loss များပါတယ်။ ဒါကြောင့် fibre ကိုအစားထိုးတာပါ။ သူက ဖန်ပိုက်လို့ လည်းအလွယ်ခေါ်ပါ တယ်။ သေးငယ်လှတဲ့ ပိုက်ထဲမှာ အလင်းရောင် သွားတာပါ။ အလင်းရောင်ရဲ့ စက္ကန့်ပိုင်းအတွင်း ဖြစ်ပေါ်တဲ့ အဖွင့်၊အပိတ် အကြိမ်အရေ အတွက်ကို လိုက်လို့ ဘာသာပြန်ပြီး သတင်းအချက် အလက် ကို ပြန်ဖော်ပြတဲ့ စနစ် ဖြစ်ပါတယ်။

ဥပမာ ဖွင့်ရင် 1. ပိတ်ရင် 0 ဆိုရင် 101011000101 အစရှိသဖြင့် Binary Language ကို ပြန်ကူးပြောင်းပြီး အချက်အလက်ကို ပြန်ဖော်ပြ ပေးပါတယ်။ ဒီအတွက် အာရုံခံ ပစ္စည်းကိုလည်း တစ်ဖက်စွန်းဆီမှာ တပ်ဆင်ထား ပါသေးတယ်။ ဖိုက်ဘာရဲ့  အဓိက အားသာချက်က Speed မြန်တယ်။ Data Bandwidth loss နည်းတယ်။ ပင်လယရေအောက်ကနေ သွားတဲ့ fibre အတွက် ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဘေးမှာ ကာရံထားတဲ့ အထပ်တွေ မနည်းပါဘူး။ အချက်အလက်အမှန်တကယ် သွားတဲ့ ပိုက်ကို ထိခိုက်မှု မရှိ အောင် အလွှာ အထပ်ထပ်ခံထားပါတယ်။ ဒီတော့ Standby ဖြစ်အောင် လိုင်းတစ်လိုင်းထဲမဟုတ်ပဲ ကြိုး ၂ ကြိုးတွဲ၊ ၃ ကြိုးတွဲ အစရှိသဖြင့် တွဲလို့ အသုံးပြုပါတယ်။ Optical Fibre ဟာ ယနေ့ခေတ် မှာ ခရီးအကွာ အဝေးများစွာ ရှည်လျားတဲ့ နေရာတစ်ခုမှ တစ်ခုသို့ သတင်း အချက်အလက် စီးဆင်းမှုအတွက် အကောင်းဆုံး ဆက်သွယ်ရေး ကြားခံ ပစ္စည်း ဖြစ်ကြောင်း သိရပါတယ်။
.
Ref: wiki,cisco

အောင်ခမ်း (ရိုးရာလေး)

http://www.yoyarlay.com/science-tech/internet/39960-under-water-fibre-optic-cable

ဖောက်ထွင်းရိုက်ကူးနိုင်တဲ့ ဗွီဒီယို ကင်မရာ


ဖောက်ထွင်းရိုက်ကူးနိုင်တဲ့ ဗွီဒီယို ကင်မရာ



၁၉၉၈ ခုနှစ်မှာ Sony ကုမ္မဏီဟာ အင်္ကျီအ၀တ်အစားတွေကို ဖောက်ထွင်းရိုက်ကူးနိုင်တဲ့ ဗွီဒီယို ကင်မရာ ၇၀၀၀၀၀ ကျော်ကို ရောင်းချခဲ့ပါတယ်။တကယ်တော့ အဲဒီဖြစ်စဉ်ဟာ မတော်တဆဖြစ်မှုတစ်ခုဖြစ်ပြီး အထူးပြုလုပ်ထားတဲ့ Infrared Light တွေထုတ်ပေးတဲ့ မှန်ဘီလူးတွေ မှားယွင်းတပ်ဆင်မိတဲ့အတွက် ဒီလိုဖြစ်တာပါ။ဒီကင်မရာကို ဒေါ်လာ ၆၀၀ နဲ့ ရောင်းချခဲ့ပြီး ဈေးကွက်ထဲက သိမ်းနိုင်သလောက်ပြန်သိမ်းခဲ့ပေမယ့် တော်တော်များများကျန်ပါသေးတယ်တဲ့။

ဒီကင်မရာကို ဒေါ်လာ ၆၀၀ နဲ့ ရောင်းချခဲ့ပြီး ဈေးကွက်ထဲက သိမ်းနိုင်သလောက်ပြန်သိမ်းခဲ့ပေမယ့် တော်တော်များများ ကျန်ပါသေး တယ်တဲ့။



In 1998 ,Sony Accidentally Sold 700,000 Camcorders That Could See Through People's Clothes.

The cameras had special lenses that use infrared light (IR) to see through some types of clothing,such as on dark colored, thin clothing - like swimsuits. The main factor is how well the fabric absorbs IR light waves. It's not for regular digicams, but rather for camcorders with a IR night vision mode, and the resolution is low.

Sony recalled the camcorders when they found out about this, but the night vision camcorders that they subsequently released,some people figured out how to modify the camera to get the see-through-clothing functionality and hundreds of the modified cameras are for sale on the Internet.The camera with all the filters sells for about $700 brand new, and is easy to obtain.Sony said it has no responsibility for altered or modified products.A lot of people have used this technology for wrong purposes.

http://myawadynews.blogspot.com/2014/02/blog-post_6817.html

တရုတ်တန်းက စစ်ကိုင်းလမ်း


တရုတ်တန်းက စစ်ကိုင်းလမ်း
------------------
ရေးသားသူ- သီဟ

လမ်းထဲသို့ ချိုးဝင်လိုက်သည်နှင့် အကင်ညှော်နံ့များက နှာသီးဝကိုလာရောက်ကျီစယ်သည်။ ကားတစ်စီးလွတ်ရုံလမ်းလေးထဲ ခင်းကျင်းထားသည့် စားပွဲဝိုင်းများကို ရှောင်တိမ်းရင်း ထိုင်စရာစားပွဲတစ်ခုရရန် မနည်းရှာရသည်။ ကျဉ်းကျဉ်းကျပ်ကျပ် လူရှုပ်ရှုပ်နှင့် ညအလှကပင် လမ်းရဲ့ယဉ်ကျေးမှုတစ်ခု ဖြစ်သည်။ အမျိုးသား၊ အမျိုးသမီး ကြီးကြီးငယ်ငယ်များ၊ ဖြူနီပြာဝါရောင်စုံများဖြင့် တန်ဆာဆင်ထားသည့် ဒီလမ်းလေးရဲ့ညနေပိုင်းသည် အမြဲတစေ ရှုပ်ထွေးစည်ကားနေတတ်ပြီး ယခုကဲ့သို့ တရုတ်နှစ်သစ်ကူးအခါသမယတွင် ပိုလို့ပင် စည်ကားနေသေးတော့သည်။

“ထိုးထွက်မယ့် မနက်နေရောင်ဖြာထွန်းရင် စစ်ကိုင်းလမ်းက စောင့်နေမယ်သူမှာလို့ ...” အစချီတဲ့ စတီရီယိုအဆိုကျော်ခိုင်ထူး၏ တေးသွားက ဟော်လိုဂစ်တာနှင့် လိုက်ဖက်ညီစွာ ပျံ့လွင့်လာကာ လေထုထဲရှိ အကင်ညှော်နံ့များနှင့် ရောထွေးသွားခဲ့သည်။ အဖြူရောင်အင်္ကျီလက်ရှည်နှင့် ပလေကပ်ပုဆိုးအစိမ်းရောင် အဆင်ရိုးရိုးကို ၀တ်ဆင်ထားသည့် လူတစ်ယောက်။ စားဝိုင်းသောက်ဝိုင်းတွေကြား ဂစ်တာကို အားရပါးရတီးခတ်ကာ လည်ပင်းကျောများထောင်သည်အထိ ခိုင်ထူး၏သီချင်းကို မာန်ပါပါတီးခတ်နေသည်။ သူ့သီချင်းသံကြောင့် စားသောက်နေသူများ အနှောင့်အယှက်ဖြစ်ပုံမရ။

သူကတော့ ရန်ကုန်ညတွေရဲ့ အဓိပတိ တရုတ်တန်း(၁၉ လမ်း)ရှိ စားသောက်ဆိုင်တန်းတွေကြား ၁၉ လမ်း ခိုင်ထူးဟု လူသိများသည့် ကိုထွန်းရွှေပင်ဖြစ်သည်။ ဆယ်စုနှစ် နှစ်ခုကျော်ကာလအထိ ၁၉ လမ်းတွင် ညစဉ်ညတိုင်း ဂစ်တာတစ်လက်ဖြင့် စားသောက်သူများအား လာရောက်ဖျော်ဖြေသူတစ်ဦး။ အဆိုတော်ခိုင်ထူးနှင့် ရုပ်ချင်းအနည်းငယ်ဆင်တူပြီး အားနှင့်မာန်နှင့် သီချင်းဆိုလိုက်လျှင် ခိုင်ထူး၏ ဆိုဟန်ဆိုပေါက်နှင့် ခပ်ဆင်ဆင်ပင်။

ခိုင်ထူး၏ နာမည်ကြီးသီချင်းများဖြစ်သည့် ရွှေလည်တိုင်၊ စစ်ကိုင်းလမ်း၊ သိလား၊ အဉ္ဇလီ အစရှိသည့်သီချင်းများကို အဆိုများသလို ကိုယ်တိုင်ကလည်း ခိုင်ထူးကို အသည်းစွဲ ကြိုက်နှစ်သက်သူတစ်ဦးဟု ၀န်ခံသည်။ ၁၉၈၈ ခုနှစ်ပတ်ဝန်းကျင်ကာလများဆီက မိသားစုစားဝတ်နေရေးကြောင့် တတ်ထားသည့်ဂစ်တာပညာဖြင့် အသက်မွေးမည်ဟု စဉ်းစားရင်း ၁၉ လမ်းတွင် လာရောက်ဖျော်ဖြေခဲ့ရာ ယနေ့တိုင်ပင်ဖြစ်သည်။

“ကျွန်တော်စဆိုဖြစ်တော့ သူငယ်ချင်းတစ်ယောက်က အကြံပေးတာနဲ့ ဗိုလ်ချုပ်ဈေးမှာစဆိုတယ်။ ဆိုခါစကတော့ နည်းနည်းအခက်အခဲရှိတယ်။ နောက်ပိုင်းတော့ အဆင်ပြေသွားပါတယ်”ဟု ၁၉ လမ်း ခိုင်ထူးခေါ် ကိုထွန်းရွှေကပြောသည်။

ဒီအလုပ်ကြောင့် သူ့တွင် သိမ်ငယ်စိတ်လုံးဝမရှိဟုလည်း အခိုင်အမာပြောသည်။ နေ့စဉ် ညနေ ၆ နာရီစွန်းစွန်းအချိန်များတွင် ၁၉ လမ်း၏ ညများနှင့်အတူ စီးမျောရန် ရောက်ရှိလာခဲ့ကာ ည ၁၀ နာရီကျော်ကျော်ခန့်မှ ပြန်လေ့ရှိသည်။

စားသောက်ဝိုင်းများက ဖိတ်ခေါ်လျှင် လာရောက်သီဆိုတတ်သလို သူစိတ်ပါလျှင်လည်း စားသောက်ဝိုင်း တစ်ခုခုနားတွင် ဆိုနေလေ့ရှိ၏။ ဘယ်ရွေ့ဘယ်မျှရစေဟု သဘောမထားဘဲ စေတနာကြေးဖြင့် သီဆိုတတ်သည့် သူက အသံအဆင်မပြေလျှင် အဲဒီညအတွက် ဆက်မဆိုဟု ပြောသည်။

“ပရိသတ်ကို မလိမ်ချင်ဘူး။ အသံက ဆိုလို့အဆင်မပြေတော့ရင် အဲဒီညလှည့်ပြန်သွားတာပဲ”ဟု ၎င်းကပြောသည်။ နာမည်ကြီးအဆိုတော်တစ်ဦးမဟုတ်သော်လည်း အသံကိုအားပြု၍ ၀မ်းကျောင်းနေသူတစ်ဦးဖြစ်ဖြင့် အသံနှင့်ပတ်သက်၍ ဂရုတစိုက်ထားပုံကိုလည်း “အသံပျက်စေမယ့် အရက်တို့ ဘီယာတို့ လုံးဝမသောက်တော့ဘူး။ ငယ်ငယ်တုန်းကတော့ ဆိုးခဲ့၊ မိုက်ခဲ့တာတော့ ရှိတာပေါ့။ ဒါပေမဲ့ အခုတော့ ဒါတွေ ဘာမှမလုပ်တော့ဘူး။ အစားအစာကိုလည်း ဂရုစိုက်တယ်။ အသံကို ထိခိုက်စေမယ့်ဟာကိုရှောင်တယ်”ဟု သူကပြောသည်။

ညစဉ်သီချင်းဆိုနေရသူတစ်ဦးဖြစ်သဖြင့် အသံမ၀င်စေရန် သံပရာသီးကိုလည်း တစ်နေ့လျှင် နှစ်လုံး၊ သုံးလုံးခန့် စားထားရသေးသည်။ သီချင်းစဆိုစဉ်အချိန်များက ၀ိုင်းများထံမှ စေတနာကြေးအနေဖြင့် တစ်ညလျှင် လေးရာ့ငါးဆယ် ငါးရာခန့်သာ ရရှိခဲ့သော်လည်း ယခုအခါ တစ်ညလျှင် နှစ်သောင်းခွဲ သုံးသောင်းအထိရတတ်ပြီး တစ်ခါတစ်ရံ ငါးသောင်းအထိပင် ရလေ့ရှိသည်။

သူလာဆိုနေသဖြင့် စားသောက်သူများနှင့် ဆိုင်ကို အနှောင့်အယှက်မဖြစ်ကြောင်း ၁၉ လမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်မှ မန်နေဂျာကပြောသည်။ သူ့အနေဖြင့် စားသောက်သူများကို အနှောင့်အယှက် ဖြစ်စေလောက်သည့်အပြုအမူမျိုး ဘယ်သောအခါမှမလုပ်ဟုဆိုသည်။

“ကျွန်တော်ဝိုင်းတစ်ဝိုင်းနားမှာဆိုရင် နှစ်ပုဒ်အများဆုံးပဲဆိုတယ်။ နောက်ပြီး ကျွန်တော်က အော်ချင်ရာအော်တာလည်းမဟုတ်တော့ စားသောက်သူတွေ အနှောင့်အယှက်မဖြစ်ပါဘူး”ဟု သူကပြောသည်။

စားသောက်ဝိုင်းများတွင် လူစုံလာရောက်လေ့ရှိသဖြင့် တစ်ခါတစ်ရံတွင် နိုင်ငံခြားသုံးငွေကြေးများလည်း ရတတ်သည်ဟု သူကဆိုသည်။ ခိုင်ထူးသီချင်းများကို အဆိုများသော်လည်း တစ်ခါတစ်ရံ ဖိုးချို၊ စိုးလွင်လွင်၊ ထူးအိမ်သင်၊ စိုင်းထီးဆိုင်တို့၏သီချင်းများလည်း ဆိုတတ်သည်ဟုဆိုသည်။

“ပရိသတ်တောင်းဆိုရင် တောင်းဆိုသလိုပေါ့။ ဆိုပေးရတာတွေလည်း ရှိတယ်။ ကိုယ်တိုင်ကတော့ ခိုင်ထူးသီချင်းပဲ အဆိုများပါတယ်”ဟု သီချင်းများကို နုတ်စ်ဖြင့်တီးခတ်ခြင်းမဟုတ်ဘဲ အကြားဖြင့် ပြန်လည်တီးခတ်တတ်သည့် သူကဆိုသည်။

ခိုင်ထူး၊ စိုးလွင်လွင်၊ ဖိုးချိုတို့၏ သီချင်းများကို အဆိုများသူ ကြိုက်နှစ်သက်သူက ယနေ့ခေတ်ပေါ်သီချင်းများ မရဟုဆိုသည်။ သို့သော် မည်မျှပင်စိမ်းသည့်သီချင်းဖြစ်ပါစေ။ ဆယ့်ငါးမိနစ်ခန့် နားထောင်လိုက်လျှင် ပြန်တီးနိုင်သည်ဟုဆိုသည်။

“နုတ်စ်သမားမဟုတ်ပေမယ့် Earining သမားလည်း သူ့အားသာချက်နဲ့ သူပေါ့ဗျာ”ဟု (၁၃)နှစ်သားအရွယ်ကပင် ဂစ်တာတီးတတ်ခဲ့သည့် ကိုထွန်းရွှေကဆိုသည်။ ညစဉ် သီချင်းတွေနှင့်ဖျော်ဖြေနေသူက သီချင်းသီဆိုဖျော်ဖြေခွင့်မရတော့လျှင် အိမ်ဆိုင်လေးဖွင့်ကာ ဘ၀ကိုဖြတ်သန်းသွားမည်ဟု ရှေ့ရေးအတွက် သူ့အတွေးကိုပြောပြသည်။

သို့သော် ၁၉ လမ်းသည် သူ၏အသွေးအသားထဲတွင် ခိုင်မြဲစွာတွယ်ကပ်ဝင်ရောက်နေခဲ့ပြီ ဖြစ်သည်။ လက်ရှိအလုပ်ကို သူတန်ဖိုးအလွန်ထားပြီး သေလျှင်ပင်လျှင် ၁၉ လမ်းတွင် သေချင်သည်ဟု သူကဆိုသည်။

“ကျွန်တော် ဒီ ၁၉ လမ်းမှာ သီချင်းဆိုရင်းနဲ့ပဲ သေသွားချင်ပါတယ်။ ရွှေမန်းတင်မောင်လိုပေါ့။ ဖျော်ဖြေနေရင်း သေသွားတာမျိုး”ဟု သူကပြောသည်။

“အသည်းရင်လှိုင်းခတ်သံ အတူဆုံချိန်အပြုံးတွေ နှုတ်ဆက်မယ်လေ တို့ဘ၀အတွက် ခဏတာ ဒီအချိန်လေးအတွင်းမှာ အချစ်ခွန်အား ရင်ဆိုင်ထား ....”

ညဥ့်က တဖြည်းဖြည်းရင့်လာခဲ့လေပြီ။ စားသောက်ဝိုင်းများလည်း ကျဲပါးလာခဲ့လေပြီ။ သီချင်းကိုချစ်တဲ့ ခွန်အားတွေနဲ့ ၁၉ လမ်း ခိုင်ထူးရဲ့ တေးသံသည်လည်း မကြာမီ တစ်ညတာအတွက် နှုတ်ဆက်တော့မည်ဖြစ်သည်။

“ကျွန်တော်သေရင်လည်း ၁၉ လမ်းမှာပဲ သေချင်ပါတယ်”ဆိုတဲ့ သူ့ရဲ့စကားသံကတော့ ၁၉ လမ်းကို မည်သည့်အခါမှ နှုတ်ဆက်သွားမည်မဟုတ်ဟု အသေအချာပြောဆိုနေသလိုပင်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
Credit By -7Day News Journal

မြန်မာ အင်္ဂလိပ် ၊ ထိုင်း ၊ ဂျပန် ၊ ကိုးရီးယား ၊ရုရှား ဘာသာငါးမျိုးရတဲ့ အဘိဓာန်


မြန်မာ အင်္ဂလိပ် ၊ ထိုင်း ၊ ဂျပန် ၊ ကိုးရီးယား ၊ရုရှား ဘာသာငါးမျိုးရတဲ့ အဘိဓာန်



ဒီဆော့ဝဲလေးကတော့  ဘာသာစကား ငါးမျိုးကို အလွယ်တကူ  ရှာလို့ လွယ်တာမို့ 

ပြည်တွင်းပြည်ပ အလုပ်သမားများ ကျောင်းသားများ သက်ဆိုင်ရာ ဘာသာစကား

အလွယ်လေ့လာနိုင်ဖို့  အထောက်ကူ ပြုပါလိမ့်မယ် ။ ကွန်ပျုတာမှာ ထည့်ထားရုံနဲ့ 

ဘာသာစကား ငါမျိုးကို အလွယ်တကူ ရှာဖွေ ဖတ်ရှုနိုင်ပါပြီ အသုံးပြုပုံ စာအုပ်ရော

ထည့်ပေးထားပါတယ်။ ဆော့ဝဲမှာ မပါသေးတဲ့ စာလုံးများကိုလည်း ဖြည့်စွက်နိုင်ဖို့ 

နည်းစနစ်ပါလာသေးတာမို့   လေ့လာသင့် ရှိသင့်တဲ့ ဆော့ဝဲကောင်းလေးဖြစ်ပါ၏

ကောင်းမကောင်း သေချာအောင် အောက်ကလင့်မှာ ယူပြီး စမ်းသပ်ကြည့်ပါ......။

ထိုင်း  ဂျပန် ကိုရီးယား ရုရှား မှ ချစ်သူငယ်ချင်းအပေါင်းတို့ လေ့လာကြည့်..........။


 ဒီလင့်မှာ Download ယူပါ - မြန်မာ - ငါးဘာသာ အဘိဓာန် ( Mediafire )

 ဒီလင့်မှာ Download ယူပါ - မြန်မာ - ငါးဘာသာ အဘိဓာန် ( Zippyshare )



မူရင်းလင့် = http://tarateam.com/category/dictionary/

ကုသိုလ်ပြုလိုက ပြုလုပ်လိုရာ လမ်းညွှန်စေသား ...


ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၊ (၅၆)ရပ်ကွက်၊ မင်္ဂလာစိန်ပန်းကျောင်းတိုက် အမှတ်(၅) ဘုန်းတော်ကြီးသင်ပညာရေးကြောင်း မှ ကျောင်းထိုင်းဆရာတော် မှ ဦးသန်းလှမိသားစုလှူဒန်းလိုက်သော ထန်းမနှဲများကို ကျောင်းသား ကလေးများအား ဝေငှပေးနေစဉ်--

Photo - Ashin Kumuda Bawdhitahtaung

2/6/14

ပုဇွန်တောင်မြို့နယ် လူသတ်မှုမှတရားခံအား စစ်ဆေးဖော်ထုတ်အရေးယူ

ပုဇွန်တောင်မြို့နယ် လူသတ်မှုမှတရားခံအား စစ်ဆေးဖော်ထုတ်အရေးယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

၃၁.၁.၂၀၁၄ရက်နေ့ ၁၁၀၀အချိန် ပုဇွန်တောင်မြို့နယ်၊ (၂)ရပ်ကွက်နေ ကိုဇေယျာလင်းသည်နေအိမ်တွင်၎င်း၏ဇနီးဖြစ်သူမမေသီရိဖြူ၊သမီးဖြစ်သူ မပိုးအိန္ဒြာဖြူနှင့် ညီဖြစ်သူ ကိုစိုးသူရလင်း တို့အားထားခဲ့ပြီး အလုပ်သွား
နေခဲ့ရာ ၁၂၀၀အချိန်ခန့်တွင် ဈေးမှနေအိမ်သို့ ပြန်လည်ရောက်ရှိလာ
သောမိခင်ဖြစ်သူမှ ၎င်းထံသို့ဖုန်းဆက်သွယ်လာကာ နေအိမ်တံခါးအား အထဲမှ ဖွင့်မပေးကြောင်း၊

ကလေးငိုသံလည်းကြားရကြောင်းပြောပြသိရ သဖြင့်နေအိမ်သို့ ပြန်လာခဲ့ပြီး သော့အပိုဖြင့်ဖွင့်ကာ ၀င်ရောက်ကြည့်ရှုရာ
နေအိမ်အတွင်းတွင် ဇနီးဖြစ်သူမှာ ဦးခေါင်း၌ထုရိုက်ခံထားရသည့် ဒဏ်ရာ
များဖြင့် သေဆုံးနေသည်ကိုတွေ့ရသဖြင့် အရေးယူပေးပါရန်တိုင်တန်းခဲ့၍ ပုဇွန်တောင်မြို့မရဲစခန်း(ပ) ၂၃/၂၀၁၄၊ ပုဒ်မ၃၀၂ ဖြင့်အမှုဖွင့် စုံစမ်း
စစ်ဆေးခဲ့ပါသည်။

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ(၂)မှတပ်ဖွဲ့ဝင်များ၊ မှုခင်းအကူဌာနစုမှတပ်ဖွဲ့ဝင်များ၊ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး၊အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ၊ ပုဇွန်တောင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်းကာ အခင်းဖြစ်ချိန်
ကတည်းက ပျောက်ဆုံးနေသည့် ကိုဇေယျာလင်း၏ညီဖြစ်သူ စိုးသူရလင်းအား စုံစမ်းရှာဖွေလျက်ရှိစဉ် ၎င်းတို့နှင့်ဆွေမျိုးတော်စပ်သူ
တစ်ဦးမှ ယင်းနေ့ ၁၉၀၀အချိန်တွင် ရဲစခန်းသို့လာရောက်ပို့အပ်ပေး ခဲ့ပါသည်။

စိုးသူရလင်းအား အမှုနှင့်ပတ်သက်၍ စစ်ဆေးဆောင်ရွက်ခဲ့ရာ သေဆုံးသူ မမေသီရိဖြူသည် အစ်ကိုဖြစ်သူနှင့်အိမ်ထောင်ကျကာ နေအိမ်သို့ရောက်ရှိ
လာသည့်နောက်ပိုင်း မိသားစုများအကြားတွင် မကြာခဏစကားများလေ့
ရှိပြီး ၎င်းအပေါ်လည်းမကောင်းသောအတတ်ပညာများနှင့် လုပ်ကိုင်သည် ဟုထင်ကာ ဒေါသမထိန်းဘဲ သံတုတ်ဖြင့်ရိုက်နှက်ခဲ့၍ သေဆုံးခဲ့ခြင်း
ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် အမှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်
လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

လက်နက်စနစ်များစွာပါဝင်သည့်တိုက်လေယာဉ် Rafale အားအောင်မြင်စွာစမ်းသပ်မောင်းနှင်ခဲ့


လက်နက်စနစ်များစွာပါဝင်သည့်တိုက်လေယာဉ် Rafale အားအောင်မြင်စွာစမ်းသပ်မောင်းနှင်ခဲ့
===============================
ပြန်ဆိုသူ- World Wide

Dassault Aviation မှ ဝေဟင်မှမြေပြင်ပစ်ခြင်းဆိုင်ရာ ဒုံးပျံစနစ်များစွာပါဝင်သော တိုက်လေယာဉ် Rafale စမ်းသပ်မောင်းနှင်ခြင်းအား အောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ ယခုတီထွင်လိုက်သည့် တိုက်လေယာဉ်သည် ကမ္ဘာပေါ်တွင် လက်နက်စနစ်အများဆုံး သယ်ဆောင်ပစ်ခတ်နိုင်သော တိုက်လေယာဉ်ဖြစ်ပါသည်။

AASM Hammer ဒုံးပျံများ၊ ဝေဟင်မှဝေဟင်သို့ တာလတ်ပစ် ဒုံးပျံလေးစင်းနှင့် အကွာအဝေးအတော်အများ ပစ်ခတ်နိုင်သော METEOR တာဝေးပစ်ဒုံးပျံများနှင့် ၂၀၀၀ လီတာဆန့် ဆီပေပါ ၃ ခုတင်ဆောင်မောင်းနှင် နိုင်သောကြောင့် Rafale သည်လေတပ်များအတွက် အဓိကကျသော တိုက်လေယာဉ် တစ်စီးဖြစ်လာပါသည်။

ယခုတိုက်လေယာဉ်အနေဖြင့် မြေပြင်လေတပ်အခြေစိုက် စခန်းများတွင်သာမက လေယာဉ်တင် သင်္ဘောပေါ်တွင်လည်း တာဝန်ထမ်းဆောင်နိုင်သောကြောင့် လေကြောင်းဆိုင်ရာ စစ်ဆင်ရေးမျိုးစုံအတွက် ကောင်းစွာတာဝန်ထမ်းဆောင်နိုင်သော တိုက်လေယာဉ်ဖြစ်လာပါသည်။ Rafale တွင်တပ်ဆင်ထားသည့် လက်နက်စနစ်များမှာ ဝေဟင်မှဝေဟင်ကြားဖြက်တိုက်ခိုက်ရန်အတွက် ၃၀ မမ စက်သေနတ်၊ Mica IR/EM ဒုံးပျံများ၊ Meteor ဒုံးပျံများ၊ အနီးကပ်လေကြောင်းပစ်ကူပေးနိုင်မည့်စက်သေနတ်၊ GBU-12/24 လေဆာလမ်းညွှန်ဗုံးများ၊ AASM နှင့် GBU-49 GPS လမ်းညွှန်ဗုံးများ (အာဖဂန်နစ္စတန်၊လစ်ဗျားနှင့်မာလီ တို့တွင် အသုံးပြုခဲ့)၊ နက်ရှိုင်းစွာထိုးဖောက်ဝင်ရောက် တိုက်ခိုက်နိုင်မည့် Scalp-Storm Shadow ခရုစ်ဒုံးပျံ၊ ရေကြောင်းဆိုင်ရာတိုက်ခိုက်ရန် Exocet AM39 Block 2 ဒုံးပျံ၊ အခြားသောဝေဟင်ပစ်ဆိုင်ရာ လက်နက်များ၊ အချိန်နှင့်တစ်ပြေးညီထောက်လှမ်းသိရှိနိုင်သောမဟာဗျူဟာမြောက် Areos Pod၊ မိမိလေယာဉ်ခြင်း ဆီဖြည့်တင်းနိုင်သည့်စနစ်၊ နျူကလီးယားတိုက်ခိုက်မှုကို ဟန့်တားနိုင်သော ASMP-A ဒုံးပျံ အစရှိသည့်လက်နက် စနစ်များအား တပ်ဆင်ထားပါသည်။

Rafale အနေဖြင့် 2004 ခုနှစ်တွင် ပြင်သစ်ရေတပ်၊ ၂၀၀၆ ခုနှစ်တွင် ပြင်သစ်လေတပ်တို့တွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၄င်းအား တဖြည်းဖြည်းဖြင့် အဆင့်မြင့်တင်လာခဲ့ခြင်းဖြစ်ပါသည်။ တိုက်လေယာဉ် အစီး ၁၈၀ အား ပြင်သစ်မှ ၀ယ်ယူရန်အော်ဒါမှာခဲ့ပြီး ယခုအခါ ၁၂၆ စီးပေးပို့ခဲ့ပြီးဖြစ်ပါသည်။

Rafale အနေဖြင့် လက်ရှိတွင် ပျံသန်းချိန်ပေါင်း ၁၂၀၀၀၀ နာရီ (စစ်ဆင်ရေးအတွက် ပျံသန်းချိန် ၁၆၀၀၀ နာရီအပါအ၀င်) ပျံသန်းနိုင်ပါသည်။ ထို့အပြင် ၄င်းလေယာဉ်၌ Active Array RBE2 AESA ရေဒါစနစ်လည်း ထပ်မံတပ်ဆင်ထားသည်ဟု သိရပါသည်။

Ref: http://www.defencetalk.com/dassault-aviation-rafale-further-improves-its-versatility-50168/

ဖုန်းကတ်များလာပြီ မကြာမီမျှော်


ဖုန်းကတ်များလာပြီ မကြာမီမျှော်
----------------
ရေးသားသူ- ဆွေမွန်၊ နိုင်လင်းအောင်

မိုဘိုင်းဖုန်းဆင်းမ်ကတ်တစ်ကတ် ပိုင်ဆိုင်နိုင်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နံရံကပ်ကြော်ငြာသင်ပုန်းတွင် ထီပေါက်စဉ်တိုက်သလို ရင်ခုန်စွာဖြင့် မျှော်လင့်စောင့်စားနေရဆဲဖြစ်သည်။

ထို့အတူ မိုဘိုင်းအင်တာနက်လိုင်းသုံးစွဲသူများမှာလည်း အ၀ိုင်းလေးလည်နေသည်ကို တစ်မိနစ်လျှင်နှစ်ကျပ် (သို့မဟုတ်) တစ်မိနစ်လျှင်လေးကျပ်ပေး၍ ထိုင်ကြည့်နေရဆဲဖြစ်သည်။

ညံ့ဖျင်းလှသည့် ဆက်သွယ်ရေးစနစ်နှင့် မိုဘိုင်းဆင်းမ်ကတ် အခက်အခဲပြဿနာကို ဇန်န၀ါရီ ၃၀ ရက်က အော်ပရေတာလုပ်ငန်းများအတွက် တရားဝင်လုပ်ကိုင်ခွင့် ဆက်သွယ်ရေးလိုင်စင်ရရှိခဲ့သည့် ပြည်ပကုမ္ပဏီနှစ်ခုက ဖြေရှင်းပေးနိုင်လိမ့်မည်ဟုလည်း ယုံကြည်မျှော်လင့်နေကြသည်။

“အားကိုးပါတယ် တယ်လီနောရယ်။ ကျွန်တော်တို့ဒေသ စစ်ကိုင်းတိုင်း ကလေးမြို့နယ် တင်းသားရွာမှာ အခုချိန်ထိ ဖုန်းပြောလို့မရသေးပါ။ အဓိကလိုအပ်နေတာကတော့ တာဝါတိုင်ပေါ့။ အမြန်လေးလုပ်ပေးပါ”ဟု ရွာခံတစ်ဦးက တယ်လီနော၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ဆက်သွယ်ရေးလိုင်စင် တရားဝင်ရရှိပြီးဖြစ်သည့် တယ်လီနောမြန်မာနှင့် အော်ရီဒူးမြန်မာကုမ္ပဏီများက ဆက်သွယ်ရေးဝန်ဆောင်မှုများကို ခြောက်လမှ ရှစ်လအတွင်း လုပ်ကိုင်ပေးသွားမည်ဟု ကတိပြုပြောဆိုထားကြသည်။

ထို့အပြင် ဆင်းမ်ကတ်ဝယ်ယူသည်နှင့် အင်တာနက်စနစ်ပါ တစ်ပါတည်းပါနိုင်ဖွယ်ရှိပြီး ကျပ် ၁၅၀၀ ၀န်းကျင်ရှိသည့် ဆင်းမ်ကတ်များကို နေရာတိုင်း၊ ဒေသတိုင်းလိုလိုတွင် လိုသလောက် အလွယ်တကူဝယ်ယူရရှိနိုင်ရန်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လိုင်စင်ရရှိပြီးဖြစ်သည့် ပြည်ပကုမ္ပဏီနှစ်ခုဖြစ်သည့် တယ်လီနောနှင့် အော်ရီဒူးကုမ္ပဏီများကပြောသည်။

“ဖုန်းတွေစချပေးကတည်းက လတိုင်းလျှောက်လည်း မပေါက်ဘူး။ ထပ်ပြီးမလျှောက်ချင်တော့ဘူး။ ကုမ္ပဏီတွေရောင်းမယ့် ဖုန်းစောင့်တာမှ ဟုတ်ဦးမယ်။ မဲနှိုက်စရာလည်း မလိုဘူးဆိုတော့ ပိုတောင်ကောင်းသေးတယ်”ဟု အသက်(၄၀)အရွယ် အိမ်ရှင်မတစ်ဦးကပြောသည်။

အသက်အရွယ်အလိုက်၊ နေရာဒေသအလိုက် လူတိုင်းလိုအပ်နေသည့် ဆက်သွယ်ရေးဝန်ဆောင်မှုများမှာ ကွဲပြားမှုများရှိသော်လည်း ၀န်ဆောင်မှုကောင်းကောင်းလိုချင်သည့် ဆန္ဒကတော့ တစ်ထပ်တည်းကျသည်။ မိုဘိုင်းဖုန်းမရရှိသည့် မြို့နှင့်အလှမ်းဝေးသော ကျေးရွာများရှိ ပြည်သူများက မိုဘိုင်းဖုန်းအသုံးပြုလိုကြသည်။ မိုဘိုင်းဖုန်းရရှိသော်လည်း ဆက်သွယ်ရေးတာဝါတိုင် အလုံအလောက်မရှိသည့် နေရာများရှိ ပြည်သူများက ကြည်လင်ပြတ်သားစွာပြောဆိုနိုင်မည့် မိုဘိုင်းကွန်ရက်ကို မျှော်ကြသည်။ မိုဘိုင်းဖုန်းလိုင်း အနည်းငယ်အဆင်ပြေသည့် မြို့နေလူထုမှာလျင်မြန်ပြီး နိုင်ငံတကာအဆင့်မီသုံးနိုင်မည့် အင်တာနက်လိုင်းကို တောင့်တကြသည်။

“နောက်ပိုင်းကုမ္ပဏီတွေ ၀င်လာလို့ လိုင်းမြန်မြန်လေးသုံးလို့ရပါစေလို့ပဲ ဆုတောင်းရမယ်”ဟု အသက်(၂၃)နှစ်အရွယ် ကိုဝေလင်းကပြောသည်။

ဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီနှစ်ခုမှာ မြို့ကြီးများတွင် လက်ရှိအသုံးပြုနေသည့် 2G စနစ်အစား 3G စနစ်ကို အကောင်အထည်ဖော်မည်ဖြစ်ပြီး အချို့သော မိုဘိုင်းဖုန်းလိုင်းပင် အဆင်မပြေနိုင်သေးသည့် ရပ်ကွက်/ကျေးရွာများတွင် 2G စနစ်ကိုသာ စတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ အမှုဆောင်အရာရှိချုပ် မစ္စတာ Petter Furberg က ပြောကြားသည်။

“3G ကို နေရာတိုင်းမှာ ကာဗာဖြစ်အောင် လုပ်ပေးထားမှာပါ။ Social မီဒီယာ အသုံးပြုလို့ရမယ်။ အကုန်လုံး သေသေချာချာ တစ်ယောက်နဲ့တစ်ယောက် ကောင်းကောင်းဆက်သွယ်နိုင်အောင် ၀န်ဆောင်မှုလုပ်ပေးသွားမှာ ဖြစ်ပါတယ်”ဟု အော်ရီဒူးမြန်မာကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် မစ္စတာ Rock Cormack က ပြောသည်။

ဆက်သွယ်ရေးဆင်းမ်ကတ်များ အလွယ်တကူဝယ်ယူရရှိနိုင်ရန်သာမက အခြားသော မိုဘိုင်းဝန်ဆောင်မှုများပါ ပေးသွားမည်ဖြစ်ပြီး အင်တာနက်ဝန်ဆောင်မှုစနစ်များ၊ Value Added ၀န်ဆောင်မှုများကိုပါ တစ်ပါတည်းသုံးစွဲနိုင်ရန် အဆိုပါကုမ္ပဏီနှစ်ခုက လုပ်ဆောင်သွားမည်ဟုဆိုသည်။

“ဆင်းမ်ကတ်တွေမှာ အင်တာနက်ထည့်သွင်းပေးသွားမှာဖြစ်ပြီး အင်တာနက်အတွက် သတ်သတ်လျှောက်ထားစရာမလိုအပ်ပါဘူး။ တကယ်တမ်း အင်တာနက်သုံးတဲ့အခါမှာသာ သုံးစွဲတဲ့ကျသင့်နှုန်းထားပေးရမှာပါ။ နှုန်းထားကိုလည်း အတတ်နိုင်ဆုံးသက်သာအောင် ဆောင်ရွက်သွားမယ်”ဟု မစ္စတာ Petter Furberg က ပြောကြားသည်။

နိုင်ငံတကာကုမ္ပဏီနှစ်ခုအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များကိုလည်း ကျပ် ၁၅၀၀ ၀န်းကျင်ဖြင့် ရောင်းချပေးမည်ဖြစ်ရာ ခေါ်ဆိုခနှုန်းထားများကို တစ်မိနစ်လျှင် အများဆုံး ၂၅ ကျပ်ဖြင့် ၀န်ဆောင်မှုပေးသွားရန် အော်ပရေတာလုပ်ငန်းလုပ်ကိုင်ခွင့် ရရှိစဉ်ကတည်းက ထုတ်ပြန်ထားသည်။ သို့သော်လည်း ၎င်းတို့သတ်မှတ်သည့် နှုန်းထားများကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနသို့ တင်ပြပြီးမှသာ ယှဉ်ပြိုင်လုပ်ဆောင်ရမည့် အော်ပရေတာများအားလုံး လက်ခံနိုင်မည့်နှုန်းထားတစ်ခုကို လုပ်ကိုင်စေမည်ဖြစ်ကြောင်း လွတ်လပ်စွာတရားဝင်ထိန်းသိမ်းမည့်အဖွဲ့အစည်း (Independent Regulator)အဖြစ် ပြောင်းလဲလုပ်ကိုင်မည့် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်သက်ကပြောသည်။

ထို့အပြင် ဆက်သွယ်ရေးဝန်ဆောင်မှုများဖြစ်သည့် အင်တာနက်စနစ်အတွက် 3G ၀န်ဆောင်မှုပေးနိုင်ရန် စီစဉ်ထားသော်လည်း ပြည်တွင်းအနေအထားအရ သုံးစွဲသူများအနေဖြင့်လည်း 4G စနစ် ဆောင်ရွက်ရန်မှာ မလွယ်ကူသေးကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ် အတွင်းရေးမှူးဦးဇော်မင်းဦးကပြောသည်။

“3G ကတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကတော့ ချက်ချင်းဖြစ်လာမှာပါ။ သုံးမယ်၊ မသုံးဘူးဆိုတာ အဆင်ပြေ၊ မပြေဘဲ ကြည့်ရမယ်။ ကျွန်တော်တို့ တိုင်းပြည်အနေနဲ့ကတော့ တစ်ခါတည်း 4G ပေးလိုက်တော့လည်း ဟန်းဆက်ကလည်း ဈေးကြီးသွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်က လိုက်နိုင်ပါ့မလားဆိုတာ ကြည့်ရဦးမယ်”ဟု ဦးဇော်မင်းဦးကပြောသည်။

လက်ရှိတွင် အစိုးရအော်ပရေတာတစ်ခုအဖြစ် လုပ်ကိုင်ခွင့်ရရှိထားပြီး ပြည်တွင်းမိုဘိုင်းဝန်ဆောင်မှုများကို ပေးနေသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကလည်း မြို့ကြီးများတွင် 3G စနစ် ဆောင်ရွက်ပေးနေသော်လည်း သုံးစွဲရခက်ခဲမှုရှိနေဆဲဖြစ်သည်။

လက်ရှိတွင် နိုင်ငံပေါင်း ၃၃ နိုင်ငံမှ ပြည်တွင်းသို့ မိုဘိုင်းဖုန်းယူဆောင်အသုံးပြုနိုင်ပြီဖြစ်သော်လည်း ပြည်တွင်းမှ မိုဘိုင်းဖုန်းများကို ပြည်ပသို့ သယ်ယူအသုံးပြုနိုင်ရန် စမ်းသပ်နေဆဲသာဖြစ်သည်။ သို့သော် ပြည်ပဆက်သွယ်ရေးအော်ပရေတာနှစ်ခုတွင် အဆိုပါစနစ်ကို မိုဘိုင်းဖုန်းရောင်းချသည်နှင့် တစ်ပြိုင်တည်း အသုံးပြုနိုင်မည်ဖြစ်သည်။

“International Call လည်း ခေါ်လို့ရပါတယ်။ အခြားနိုင်ငံကယူလာရင်လည်း အော်ရီဒူးနက်ဝါ့ခ်ကို သုံးပြီးတော့ Roming အနေနဲ့ သုံးလို့ရမယ့်အပြင် အော်ရီဒူးမြန်မာပြည်ဆင်းမ်ကတ်ကို နိုင်ငံတကာမှာသုံးလို့ရမယ့် Roming Service ကို ကြိုးစားနေပါတယ်။ ထည့်ပေးမှာပါ”ဟု အော်ရီဒူးမြန်မာကုမ္ပဏီ အမှုဆောင်အရာရှိချုပ် မစ္စတာ Rock Cormack က ပြောသည်။

ဆက်သွယ်ရေးလိုင်စင်ရရှိပြီးဖြစ်သည့် ပြည်ပကုမ္ပဏီနှစ်ခုနှင့် မြန်မာ့ဆက်သွယ်ရေး၊ ရတနာပုံတယ်လီပို့ကုမ္ပဏီတို့အနေဖြင့်
ဝန်ဆောင်မှုယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ပြည်သူများအနေဖြင့်လည်း အရည်အသွေးကောင်းမွန်သော ၀န်ဆောင်မှုပေးနိုင်မည့် ကုမ္ပဏီကိုသာ ရွေးချယ်မှုလုပ်လာနိုင်မည်ဖြစ်ကြောင်း ဦးဇော်မင်းဦးကပြောသည်။

“သေချာတာကတော့ အော်ပရေတာက လေးဦးဖြစ်သွားမယ်။ အသုံးပြုသူတွေအနေနဲ့ ရွေးချယ်ခွင့်ရှိလာမယ်။ အရင်တုန်းက တစ်ယောက်ကိုတစ်ခုပေးနိုင်တယ်ဆိုရင် အခုဆိုရင် လေးဦးဆိုတော့ လေးခုပေးလာနိုင်မှာဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ပစ္စည်းလည်းပေါလာမယ်။ ဈေးကျလာနိုင်တယ်။ ၀န်ဆောင်မှုပိုကောင်းလာမယ်။ တစ်ဦးတည်းမဟုတ်တော့ဘဲ အပြိုင်အဆိုင်ဖြစ်လာမယ်”ဟု ဦးဇော်မင်းဦးကပြောသည်။

မိုဘိုင်းအတွက် အဓိကလိုအပ်သည့်အသံစနစ်၊ အချက်အလက်ဝန်ဆောင်မှုစနစ်များအပြင် 3G စနစ်မှ 4G စနစ်အထိ ဆောင်ရွက်ပါက ရေဒီယိုစနစ်များပါ ပါဝင်လာမည်ဖြစ်ပြီး ပြည်တွင်းတွင် မသိရှိခဲ့သည့် ဆက်သွယ်ရေးဝန်ဆောင်မှုစနစ်အသစ်များ၊ တီထွင်ဆန်းသစ်မှုများပါ ထွက်ရှိလာနိုင်ကြောင်း ဦးဇော်မင်းဦးက သုံးသပ်ပြောကြားသည်။

အဆိုပါကုမ္ပဏီနှစ်ခုက လိုအပ်နေသည့် ဆက်သွယ်ရေးတာဝါတိုင်များအတွက် ကနဦးအနေဖြင့် ကုန်ကျစရိတ်သက်သာမှုရှိစေရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ပူးပေါင်းလုပ်ကိုင်နိုင်ဖွယ်ရှိရာ အဆိုပါကုမ္ပဏီများ၏ မိုဘိုင်းကွန်ရက် ခက်ခဲလာမည်ကို စိုးရိမ်စရာရှိသည်။

“ပြည်ပအော်ပရေတာတွေအနေနဲ့ ဖုန်းတွေကို မြန်မြန်ချမယ်ဆိုရင် မြန်မာ့ဆက်သွယ်ရေးမှာ တာဝါတိုင်တွေဆောက်ပြီးသားရှိတဲ့အတွက် ကနဦးအနေနဲ့ အဲဒီတာဝါတိုင်တွေမှာ အငှားအနေနဲ့ တွဲပြီးတော့ လုပ်သွားမှာဖြစ်ပေမယ့် သီးခြားအနေနဲ့လည်း အပြိုင်အဆိုင်လုပ်သွားမှာဖြစ်တဲ့အတွက် နောက်ပိုင်းမှာ ဖုန်းလိုင်းတွေ ကောင်းလာမှာဖြစ်သလို အင်တာနက်မြန်နှုန်းတွေလည်း ကောင်းလာမယ်။ ၀န်ဆောင်မှုတွေကိုလည်း အပြိုင်လုပ်ဆောင်ပေးသွားပါမယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းအင်ဂျင်နီယာမှူး ဦးငွေသောင်းကပြောသည်။

လူဦးရေ သန်း ၆၀ ကျော်ရှိသည့် မြန်မာနိုင်ငံတွင် လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းဖုန်းလိုင်းခုနစ်သန်းကျော်သာ ရောင်းချပေးပြီး မိုဘိုင်းဈေးကွက်
နေရာတစ်ခုကို ရယူထားသော်လည်း လာမည့်ရှစ်လအတွင်းတွင် ပြည်ပကုမ္ပဏီနှစ်ခုက အပြိုင်အဆိုင်ဈေးကွက်ရယူတော့မည်ဖြစ်ရာ အရည်အသွေးကောင်းမွန်သည့် ၀န်ဆောင်မှုများကိုသာ ရွေးချယ်အသုံးပြုနိုင်တော့မည်ဟု မျှော်လင့်ရသည်။

လုပ်ငန်းစတင်ချိန်မှစ၍ ၂ နှစ်အတွင်း ပြည်သူများ နိုင်ငံတကာအဆင့်မီ ဆက်သွယ်ရေးဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်ဟုယုံကြည်ကြောင်း လူကြီးမင်းဖုန်းဆိုင် မန်နေးဂျင်းဒါရိုက်တာ ဦးပြည်စိုးထွန်းကပြောသည်။

“လောလောဆယ် မြန်မာပြည်အတွက် လိုအပ်တာတော့ ခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့ ဖုန်းခေါ်လို့ရဖို့ အလိုအပ်ဆုံးပါပဲ”ဟု အော်ရီဒူးမြန်မာ၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြည်သူတစ်ဦးက ပြောကြားထားသည်။ ။

ဓာတ်ပုံ- လင်းဘိုဘို/အီးပီအေ

Samsung ၏ Windows Phone 8.1 ဟန်းဆက် ဓာတ်ပုံများ ပေါ်ထွက်လာ


Samsung ၏ Windows Phone 8.1 ဟန်းဆက် ဓာတ်ပုံများ ပေါ်ထွက်လာ
=======

Samsung က မိတ်ဆက် ကြေညာထားခြင်း မရှိသည့် “Huron” Windows ဖုန်း၏ ဓာတ်ပုံများကို Evleaks က ဖော်ထုတ်ပြသခဲ့သည်။

အဆိုပါ ဓာတ်ပုံများအရ ဟန်းဆက်တွင် Verizon တံဆိပ်ပါရှိပြီး Samsung၏ အခြားထုတ်ကုန်များ ဖြစ်သော Ativ S, Galaxy S3/S4 များနှင့် ဆင်တူမှုရှိကြောင်း တွေ့ရသည်။ ၎င်း Samsung “Huron” ဟန်းဆက်တွင် home ခလုတ်တစ်ခုသာ ပါဝင်ပြီး Microsoft အနေဖြင့်လည်း Windows Phone 8.1 ဟန်းဆက်များတွင် virtual ခလုတ်အသုံးပြုသွားရန် စီစဉ်နေကြောင်း ပြောကြားထားသည်။

Samsung အနေဖြင့် ၎င်းဟန်းဆက်သစ်တွင် hardware နှင့် virtual ခလုတ်တို့ကို ပေါင်းစပ် အသုံးပြု ဖွယ်ရှိသော်လည်း ၎င်း၏ ထွက်ရှိပြီးသား Windows ဖုန်းများတွင် hardware ခလုတ်ကိုသာ အသုံးပြုခဲ့သည်။

Samsung ၏ Huron ဟန်းဆက်တွင် ၅ လက်မ (သို့မဟုတ်) ၄.၃ လက်မ အရွယ်ရှိ 1080p display ပါဝင်လာဖွယ်ရှိနေသည်။ ထို့အပြင် Bluetooth 3.0 ကို စမ်းသပ်ထားပြီး Windows ဖုန်းကို ခြေရာခံသည့် Ad Duplex ကိုလည်း Verizon က စမ်းသပ်နေကြောင်း သိရသည်။

Ref: TheVerge
Internet Journal

1982 နှစ် နိုင်ငံသားဥပဒေကို လက်တွေ့ကျကျ ဘာကြောင့်အကောင်အထည်မဖေါ်နိုင်ရသလဲဆိုတာ စဉ်းစားလိုက်ရင် တော်တော်ရင်လေးဖို့ကောင်းတယ်၊


1982 နှစ် နိုင်ငံသားဥပဒေကို လက်တွေ့ကျကျ ဘာကြောင့်အကောင်အထည်မဖေါ်နိုင်ရသလဲဆိုတာ စဉ်းစားလိုက်ရင် တော်တော်ရင်လေးဖို့ကောင်းတယ်၊ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်နယ် မောင်တော ဘူးသီးတောင် မြို့ နယ်တွေမှာ ကုလားတွေ 98% - 87 % တွေ ရှိနေပေမယ် ကုလား ရခိုင်ခွဲခြားမယ်ဆိုရင် ဘယ်သူမျက်နှာကိုမှ ထောက်စရာမလိုဘဲ ကုလားက ကုလားသီးသန့် ၊ ရခိုင်က ရခိုင်သီးသန့်နေကြတယ်၊ ရခိုင်နဲ့ ကုလားက မျိုးလည်းမရော သွေးလည်းမနှော ၊ရွာလည်းတစ်ခြား သီးခြားစီ ဖြစ်နေကြတယ်၊ လ၀က လူဦးရေစာရင်းသွင်းရင်လည်း ကုလားက ဘဂ်လီ၊ ရခိုင်က ရခိုင်လူမျိုးဆိုပြီးသွင်းကြတယ်၊ ရခိုင်ကုလား၊ ကုလားရခိုင်ဆိုတာမရျိဘူး ၊ အဲဒါဘာကြောင့်လဲဆိုတာ့ ကုလားနဲ့ ရခိုင်က ဆီနဲ့ရေလို ရောလို့မှ မရတာသူ့ဟာနဲ့သူ မျိုးစောင့်ဥပဒေရှိပြီးသားဖြစ်နေတယ်။

ပြည်မဖက်မှာ ကြည့်လိုက်ရင် ဗမာတွေကို ချိုးနှိမ်လိုတဲ့ ဆန္ဒကြောင့်ပြောခြင်းမဟုတ်ပါ၊ ကုလားတွေနဲ့ မျိုးရော သွေးနှောနေသူတွေကိုကြည့်လိုက်ရင် ဗမာမိန်းကလေးတွေ အများဆုံးဖြစ်နေတာတွေ့နေရ မြင်နေရ ကြားနေရတယ်၊အနာဂတ် ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်အတွက် တော်တော်စိတ်မကောင်စရာ ရင်လေးစရာပါ၊

1982 ခုနှ စ် နိုင်ငံသားဥပဒေကို အစိုးရ ကြပ်ြ့ကပ်မတ်မတ် မလုပ်ရဲတာဟာ ဗမာမတွေ ကုလားတွေနဲ့ မျိုးရော သွေးနှောတာများနေလို့ မစစ်ရဲတာလား စဉ်းစားစရာဖြစ်နေတယ်။ ဗမာလူမျိုးတွေအတွက် ဒီမျိုးဆက်မှာ မျိုးစောင့်ဥပဒေနဲ့ သေသေချာချာ မတားဆီး လိုက်ရင်၊ မစစ်ဆေး မခွဲခြားလိုက်ရင် နောက်ဆို ပိုဆိုးသွားလိမ့်မယ် ၊ သမိုင်းမှာ ပျူလူမျိုးတွေ ပျောက်သွားသလို ဗမာလူမျိုးတွေ ပျောက်သွားလိမ့်မယ်၊ ဗမာမိန်းကလေးတွေ မျိုးစောင့်ကြပါ။ ဘာသာကိုချစ်ကြပါ၊

ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးတစ်ဘ၀ ဖြစ်ရတာ ကုလားဘ၀ပေါင်း တစ်ကမ္ဘာဖြစ်ရတာထက်မြတ်ပါတယ်။ ကမ္ဘာတစ်ခုပျက်ဖို့ ကိန်းဂဏန်းကို ခန်းမှန်းကြည့်ပါလေ မြန်မာ မိန်းကလေးတို့

Mg Phru

အားကစား မလုပ်မှီ အကြောလျော့ လေ့ကျင့်ခန်း ပြုလုပ်သင့်မသင့်


အားကစား မလုပ်မှီ အကြောလျော့ လေ့ကျင့်ခန်း ပြုလုပ်သင့်မသင့်

များသောအားဖြင့် သိထားတာက အားကစား မပြုလုပ်မှီ အကြောလျော့ ခြင်းဟာ ပြုလုပ်သင့်တယ်ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ အမှန်တော့ အဲ့ဒီလို မဟုတ်တော့ပြန်ပါဘူး။

အကြောလျော့တဲ့ လေ့ကျင့်ခန်းဟာ ကြွက်သားများကို ပျော့ပြောင်းစေတာ မှန်ပေမယ့် အနားယူစေတဲ့ သဘောသက်ရောက်ပြီး ကြွက်သား လုပ်ဆောင် ချက်များကို နှေးကွေး သွားစေပါတယ်။ ဒါကြောင့် အကြောလျော့ပြီး အား ကစားပြလုပ်သူဟာ ကြွက်သားကို ပိုမိုဒဏ်ဖြစ်စေတယ် ဆိုတဲ့ အချက်ကို သိမြင်လာစေပါတယ်။ ပုံသေတော့ မဟုတ်ပါဘူး။ ကြွက်တတ်တတ်သူများ အနေနဲ့ အကြော မညှပ် စေရန် အလို့ငှာ အကြောအရင်ပျော့ပြောင်းအောင် လုပ်တာ မှန်ပါ တယ်။ အခြား အားကစားမှာလည်း ဒီလိုပါပဲ။ သို့ပေမယ့် အချိန် အကြာကြီး ပြုလုပ်တာမျိုး၊ အကြောလျော့ခြင်းကို အားစိုက်ပြုလုပ်တာမျိုး ကို Recommend မပေးတာ ဖြစ်ပါတယ်။

သို့ပေမယ့် အရမ်း ညောင်းညာ ကိုက်ခဲနေချိန်ဆိုရင်တော့ချက်ချင်း အားကစား မပြုလုပ်သေးပဲ အရင်ဆုံး ပျော့ပြောင်းအောင် အကြောလျော့ရ ပါ သေးတယ်။ အကယ်၍ မကိုက်ခဲရင်တော့ အကြောလျော့ လေ့ကျင့်ခန်း ကို ရှောင်ကြဉ်သင့်ပါတယ်။

ဒါကြောင့် အားကစား မပြုလုပ်မှီအကြောလျော့တာ ပြုလုပ်ပေမယ့် အားဖြင့် အချိန်ယူ ပြုလုပ်တဲ့ အလေ့အထကို ရှောင်ကြဉ်ရန်လိုအပ်တယ်လို့ တိုက်တွန်း ထားကြောင်း သိရ ပါတယ်။
--
Ref: medic-facts

အောင်ခမ်း ( ရိုးရာလေး )

www.yoyarlay.com/health/beauty/39934-shout-take-exercise-or-not-before-sport-time

.

မိုဘိုင်းဖုန်းဆင်းမ်ကတ်များ Ooredoo က လာမည့် ခြောက်လအတွင်း စရောင်းမည်



မိုဘိုင်းဖုန်းဆင်းမ်ကတ်များ Ooredoo က လာမည့် ခြောက်လအတွင်း စရောင်းမည်

[သော်ဇင်ထက် ၊ ရန်ကုန် ]

Ooredoo မှ ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရရှိ ပြီး နောက်ခြောက်လအတွင်း ဆင်းမ်ကတ် များကို ကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်အ တွက် ရွေးချယ်ထားသော အော်ပရေတာ နှစ်ခုဖြစ်သော အော်ရီဒူးနှင့်တယ်လီနော ကုမ္ပဏီနှစ်ခုကို ဇန်နဝါရီ၂၉ရက်မှစ၍ လုပ် ငန်းလိုင်စင်ချပေးလိုက်သဖြင့်Ooredoo မှကတိပေးထားသည့်အတိုင်း ဆက်သွယ် ရေးဝန်ဆောင်မှုများအတွက် ဆင်းမ်ကတ် များကို ခြောက်လအတွင်း ရောင်းချပေးသွား မည်ဖြစ်ကြောင်း အော်ရီဒူး၏ ပြန်ကြားရေး တာဝန်ခံ ဒေါ်သီရိကြာညိုကပြောသည်။

ယင်းက ““အော်ရီဒူးက ကတိ ပေးထားတဲ့အတိုင်း လိုင်စင်ရပြီး ခြောက် လအတွင်းဆင်းမ်ကတ်တွေကို ရောင်းချပေး သွားမှာပါ။ ဆင်းမ်ကတ်အပြင် အခြား Device တွေ Tablet တွေကိုလဲ ဈေးကွက် အတွင်းဖြန့်ချိသွားမယ်။ ဆိုင်တွေကိုလဲ ကိုယ် ပိုင် အရောင်းစင်တာအကြီးကြီးတွေရော တခြား Brand Shop တွေမှာပါ ရောင်းချနိုင် အောင်စီစဉ်သွားမှာပါ။ နောက်ထပ် မိုဘိုင်း ဖုန်းနဲ့ငွေလွှဲပို့နိုင်တဲ့ မိုဘိုင်း Banking စနစ် ပါ အသုံးပြုနိုင်မှာပါ””ဟု ပြောသည်။

ဆက်သွယ်ရေးအော်ပရေတာ လိုင်စင်ရရှိသည့်အတွက် Ooredoo နှင့် မြန်မာ့ဆက်သွယ်လုပ်ငန်းတို့ ဇန်နဝါရီ ၃၀ ရက်တွင် သဘောတူညီလက်မှတ်ရေးထိုးခဲ့ ပြီး ရန်ကုန်၊ နေပြည်တော်နှင့်မန­္တလေးမြို့များ တွင် စတင်၍ ဆက်သွယ်ရေးဝန်ဆောင်မှုများ စတင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းကဆက်လက်ပြီး ““ဆက် သွယ်ရေးတာဝါတိုင်တွေကတော့ တစ်နိုင်ငံ လုံးအတိုင်းအတာနဲ့စိုက်ထူသွားမှာပါ။ နေ ပြည်တော်၊ ရန်ကုန်နှင့် မန္တလေးဒီမြို့ကြီး သုံးမြို့ကနေပဲ ဆင်းမ်ကတ်တွေကို ဖြန့်ဝေ သွားမယ်””ဟုပြောသည်။

Ooredoo အနေဖြင့် 3G ကွန် ရက်စနစ်ကို အသုံးပြုသွားမည်ဖြစ်ပြီး တယ် လီဖုန်းခေါ်ဆိုခနှုန်းထားများကို ၃၅ ကျပ်မှ ကျပ် ၄၀ အထိ ယာယီသတ်မှတ်ထား ကြောင်း၊ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အထိဆက် သွယ်အသုံးပြုနိုင်မည်ဖြစ်ပြီးလာမည့် ငါး နှစ်တာကာလအတွင်း တိုင်းပြည်လူဦးရေ ၏ ၉၄ ရာခိုင်နှုန်းအထိ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးနိုင်အောင် ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရသည်။

Yangon Media Group

မန်မာအစိုးရနှင့် ဆက်သွယ်ရေးအော်ပရေတာများအကြား


မြန်မာအစိုးရနှင့် ဆက်သွယ်ရေးအော်ပရေတာများအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီမှုအရ ဆက်သွယ်ရေးအော်ပရေတာသည် Internet Gateway တည်ဆောက်ခွင့် ၊ ငှားရမ်းအသုံးပြုခွင့်များ ပါရှိသည်ဟု သိရသည်။ ထို့ကြောင့် Telenor Myanmar သည် Internet Gateway ကို ငှားရမ်းခြင်း ၊ တည်ဆောက်ခြင်းများကို လုပ်ကိုင်သွားမည်ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။ အသုံးပြုအရေအတွက်ပေါ် မှုတည်၍ Telenor Myanmar သည် မိုင်ဘိုင်းအင်တာနက် Bandwidth ကို ချဲ့ထွင်ပေးမည်ဖြစ်ပြီး မိုဘိုင်းအင်တာနက် အမြန်နှုန်းကိုလည်း အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးမည်ဟု ယနေ့၌ ဂတိပေးပြောဆိုခဲ့သည်။

Credit By-Internet Journal

ပုရွက်ဆိတ် သွေးစုပ် ဖုတ်ကောင် Zombie Fungi


ပုရွက်ဆိတ် သွေးစုပ် ဖုတ်ကောင် Zombie Fungi
==========================

Wednesday, February 05, 2014

တကယ်ရှိပါတယ်။ BBC WorldWide မှာ မှတ်တမ်းတင်ပြီး ရရှိထားတဲ့ ဗီဒီယိုမှ သက်သေပြထားပါတယ်။

ပဲခူး၌ ဧက ၁ဝဝကျယ်သောမြေ၌ Nissan မော်တော်ကား စက်ရုံဆောက်ရန် ဒေါ်လာ သန်း ၂ဝဝ မလေးရှား Tan Chong Group မြှုပ်နှံမည်


ပဲခူး၌ ဧက ၁ဝဝကျယ်သောမြေ၌ Nissan မော်တော်ကား စက်ရုံဆောက်ရန် ဒေါ်လာ သန်း ၂ဝဝ မလေးရှား Tan Chong Group မြှုပ်နှံမည်

မင်္ဂလာဒုံလေဆိပ်၌ မြှုပ်နှံထားသော Spitfire လေယာဉ်များ တူးဖော်ခွင့် ဒေးဗစ်ကန်ဒဲလ် စောင့်ဆိုင်းနေဆဲ၊ ပြိုင်ဘက်များရှိလာ၍ စိုးရိမ်ဟုဆို

မကွေး၌ ဝန်ကြီးဦးအုန်းမြင့် တရားဝင်တောင်းပန်မှု မပြုလုပ်၊ ဦးအောင်ကြည် တင်ပြချက် လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်သွားမည်ဟု ဆုံးဖြတ်

မိုးလေဝသ ရေဒါ၃ခုနှင့် ကြိုတင်သတိပေး ဇလဗေဒ လေ့လာရေး စခန်း ၃ဝ တည်ဆောက်ဖို့ မြန်မာကို ဂျပန်က ဒေါ်လာ သန်း ၄ဝပေး

Credit By-Kamayut Media

Telenor Myanmar သည် ယနေ့မှစ၍ အချိန် ၈ လ ကြာမြင့်သည့်အခါ



Telenor Myanmar သည် ယနေ့မှစ၍ အချိန် ၈ လ ကြာမြင့်သည့်အခါ မိုဘိုင်းဖုန်းလိုင်း သန်း ၃၀ (ပထမအဆင့်) ကို မြန်မာနိုင်ငံ၌ စတင်ရောင်းချပေးမည်ဖြစ်သည်။ မိုဘိုင်း SIM ကတ်များကို နေရာအနှံ့အပြား၌ အကန့််အသက်မရှိ ရောင်းချမည်ဖြစ်ပြီး (လူတိုင်း SIM ကတ် အရေအတွက် အကန့်အသက်မရှိ) ဈေးနှုန်းမှာ ငွေကျပ် ၁၅၀၀ အောက်ဖြစ်သည်။ မိုဘိုင်းဖုန်းပြောဆိုခမှာ ငွေကျပ် ၂၅ အောက်ဖြစ်ပြီး အင်တာနက်အသုံးပြုခကို Data နှင့်သော်လည်းကောင်း မိနစ်နှင့်သော်လည်းကောင်း လူတိုင်းအဆင်ပြေစေမည့် နည်းလမ်းနှင့် ကောက်ခံသွားမည်ဖြစ်သည်။

Credit By-Internet Journal

ယိုးဒယားကို ယူကရိန်းထုတ် တီ-၈၄ ပင်မတိုက်ပွဲဝင်တင့်ကား ပထမအသုတ်ရောက်သွားပါပြီ...။


ယိုးဒယားကို ယူကရိန်းထုတ် တီ-၈၄ ပင်မတိုက်ပွဲဝင်တင့်ကား ပထမအသုတ်ရောက်သွားပါပြီ...။

အရင်က စစ်လက်နက်ဆို အမေရိကန်လုပ်တွေသာ အဓိကအားကိုးနေတဲ့ ယလိုနိုင်ငံက ဆိုဗီယက်နိုင်ငံဟောင်း ယူကရိန်းကနေ တီ-၇၂ မျိုးဆက်နှင့် မကင်းနိုင်တဲ့ တီ-၈၄ တင့်တွေ ဝယ်ယူလိုက်တဲ့သတင်းဟာ သတိထားရမယ့် အချက်တစ်ခုဖြစ်ပါတယ်...။

မကြာသေးခင်ကမှ ဝယ်ယူဖြည့်တင်းကြတဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ ပင်မတိုက်ပွဲဝင်တင့်တွေကတော့-

အင်ဒိုနီးရှား......... Leopard MBT
မလေးရှား.......... PT-91M MBT (မလေးရှားတွင် တပ်ဆင်ထုတ်လုပ်သည်)
ဘင်္ဂလားဒေ့်....... MBT-2000 MBT
ယိုးဒယား.......... T-84 Optol MBT
ကမ်ဘောဒီးယား... T-55AM2 MBT

ကျန်တဲ့စင်ကာပူလိုနိုင်ငံကတော့ Leopard တင့်တွေကိုဘဲ ပြန်လှည်အဆင့်မြှင့်တင့်ခြင်း စသည်ဖြင့် ပြုလုပ်နေကြပါတယ်..။

မြန်မာ့တပ်မတော် တင့်ကားတပ်ရင်းများမှာတော့ MBT-2000 ကဲ့သို့သော ပင်မတိုက်ပွဲဝင်တင့်ကားများကို အစီးရေ လုံလုံလောက်လောက်ပိုင်ဆိုင်ထားပြီး ဘင်္ဂလားဝယ်ယူတဲ့ အစီးရေထက် (၅)ဆမျှ များပြားနိုင်မယ်လို့ ခန့်မှန်းနေကြကြောင်းပါခင်ဗျာ....။

ပုရွက်ဆိတ် သွေးစုပ် ဖုတ်ကောင် Zombie Fungi



ပုရွက်ဆိတ် သွေးစုပ် ဖုတ်ကောင် Zombie Fungi

တကယ်ရှိပါတယ်။ BBC WorldWide မှာ မှတ်တမ်းတင်ပြီး ရရှိထားတဲ့ ဗီဒီယိုမှ သက်သေပြထားပါတယ်။

သူ့ကို Zombie Fungi လို့ အမည်ပေး ထားပါတယ်။ လူကိုတော့ effect မဖြစ်ပါဘူး။ ပုရွတ်ဆိတ်တွေကိုတော့ Zombie ဖြစ်အာင် ပြောင်းလဲ ပစ်နိုင် ပါတယ်။ ပုရွတ်ဆိတ်တစ်ကောင်ကို ကိုက်ပြီးရင် သူ့ရဲ့ စိတ်ကိုပါ ထိန်းချုပ် နိုင်သွားပါတယ်။ သို့ပေမယ့်လည်း အချိန်အတိုင်းတာ တစ်ခုအထိပါ။ ယင်းသို့ ပြောင်းလဲသွားတဲ ပုရွတ်ဆိတ်ဟာ အင်မတန် သန်မာ သွားပြီး အခြား ကြီးကြီးမားမားအကောင်တွေကိုပါ တိုက်ခိုက် နိုင် သွားပါတယ်။

ဒါကြောင့် သူတို့ ကိုက်သတ်လိုက်တဲ့ ဓားခုတ်ကောင်၊ လိပ်ပြာ တို့လို အကောင် ငယ်တွေဟာ သေတဲ့အခါ ပုံမှန်အတိုင်းမဟုတ်ပဲ ကိုယ်ကနေ အမြစ်ထွက် သလိုမျိုး ထူးဆန်းတဲ့ ပုံပန်းသဏ္ဍာန်ကို ပေါ်ထွက် စေပါတယ်။ ဒါကြောင့် Zombie Fungi ကို သက်ရှိ သွေးစုပ်ဖုတ်ကောင် သက်ရှိ တစ်မျိုး အဖြစ် အသိအမှတ်ပြုလိုက်ကြောင်း သိရပါတယ်။

http://youtu.be/XuKjBIBBAL8

အောင်ခမ်း ( ရိုးရာေးလ )

http://www.yoyarlay.com/book/151-environment/39936-zombie-fungi

.

အမျိုးသမီးတို့အတွက် ထိတ်လန့်ဖွယ် ကြက်တောင်ပံ


အမျိုးသမီးတို့အတွက် ထိတ်လန့်ဖွယ် ကြက်တောင်ပံ

ဖတ်ပြီးရင်လည်း ကျန်တဲ့သူငယ်ချင်းတွေ သိအောင် ပြန် Share ပေးလိုက်ပါဦးနော်။

ကြက်ခြံမွေးမြူရေးတစ်ချို့တွေ မှာ ကြက် အသားတိုးစေဖို့အတွက် အသားတိုးဆေး ၊ ဘာဆေးညာဆေး ထိုးကြပါတယ်။
တော်တော်များများက ဒီဆေးထိုးဖို့ကို လည်း ကြက်တွေရဲ့တောင်ပံကနေ တဆင့် ထိုးကြပါတယ်။
ဒီလို ဆေးထိုးထားတဲ့ ကြက်တောင်ပံကိုတွေကို စားသုံးတာ များလာတာနဲ့အမျှ သားအိမ်မှာ အသားလုံး ၊ သွေးလုံးတို့ တည်လာပါတယ်။
နောက်ဆုံးအဆင့် သားအိမ်ကင်ဆာထိတောင် ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အကောင်းဆုံးကတော့ ဖြစ်နိုင်ရင် မနုဿ ရဲ့ ပရိတ်သတ်တွေအားလုံးလည်း မွေးမြူရေးကြက်ကို တတ်နိုင်သလောက် ရှောင်စေချင်ပါတယ်။

ဒီလိုပြောတော့ မနုဿကို ကြက်သားရောင်းတဲ့သူတွေ လာဝိုင်းရိုက်ကြတော့မယ်နဲ့တူတယ်နော်။ ဖြစ်မှကုတာထက် မဖြစ်ခင် ကြိုတားနိုင်ဖို့က မနုဿ တာဝန်ဖြစ်တဲ့အတွက် ရရှိလာတဲ့ သတင်းလေးကို ချက်ချင်းရေးသား ဝေမျှ လိုက်ပါတယ်။

ချစ်တဲ့ .... မနုဿ

Credit By -မနုဿ ရဲ့ စာမျက်နှာလေးများ