သတင်းနှင့်နည်းပညာများ

6/8/14

ကြယ်ငါးပွင့် ဝယ်ယူခဲ့သည့် တန်ချိန် ၁ဝဝဝဝခန့် တင်ဆောင်နိုင်သော ဟံသာ သင်္ဘော ရန်ကုန်ရောက်ရှိ


ကြယ်ငါးပွင့် ဝယ်ယူခဲ့သည့် တန်ချိန် ၁ဝဝဝဝခန့် တင်ဆောင်နိုင်သော ဟံသာ သင်္ဘော ရန်ကုန်ရောက်ရှိ
======================================================
ရန်ကုန်၊ ဇွန် ၇- မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ ဝယ်ယူခဲ့သော ကုန်တန်ချိန် ၉၉၃၄တန်တင်ဆောင် နိုင်သည့် ဟံသာသင်္ဘော ရန်ကုန် ဆိပ်ကမ်းသို့ ဇွန် ၆ရက်တွင် ရောက် ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါသင်္ဘောကို စင်ကာပူ နိုင်ငံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး သင်္ဘော သက်တမ်းမှာ ငါးနှစ်သာရှိသေးကြောင်း မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း မှ သိရသည်။
မြန်မာ့ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေ ဂျာက ''ကျွန်တော်တို့က ၁၉၅၉ ခု နှစ်ကစပြီးတော့ ကုမ္ပဏီ တည်ထောင် တဲ့အတွက် ဒီမှာရှိနေတဲ့ သင်္ဘော တွေမှာ နှစ်ပေါင်း၃၀ ကြာတဲ့သင်္ဘော တွေရှိနေပါတယ်။ ဒါကြောင့် အပြည် ပြည်ဆိုင် ရာက သင်္ဘောအစင်းတစ်ရာ လောက်ကြည့်ပြီး မြန်မာနိုင်ငံကသွား မယ့်လမ်းကြောင်းနဲ့ ချိန်ပြီးတော့ ဒီ ဟံသာသင်္ဘောကို စင်ကာပူနိုင်ငံတရား ရုံးကနေ လေလံဆွဲတာ နှစ်ကြိမ်ဆွဲ ပေမယ့် သူတို့သတ်မှတ်တဲ့နှုန်း မရ တာကြောင့် မြန်မာ့ ကြယ်ငါးပွင့် အနေ နဲ့ အမေရိကန်ဒေါ်လာ ၄ ဒသမ၂ သန်းနဲ့ ဝယ်ယူလိုက်တာဖြစ်ပါတယ်။ သင်္ဘောကို ဂျပန်နိုင်ငံမှာ တည် ဆောက်တာဖြစ်ပြီး သက်တမ်းက ငါးနှစ် ပဲရှိပါ သေးတယ်။ သင်္ဘောက အထွေ ထွေ ကုန်ပစ္စည်းတွေ တင်ဆောင် နိုင်ပါတယ်။ အာရှနိုင်ငံတွေကို ပြေး ဆွဲသွားမှာပါ''ဟု ပြောသည်။
ယင်းအပြင် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ လုပ်ငန်းခွင်တွင် အသုံးပြု လျက်ရှိသော သက်တမ်းရင့် သင်္ဘောများကို ပယ်ဖျက်၍ သက် တမ်းနု သင်္ဘောများ အစားထိုးသွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းအပြည့်အစုံသို့ =>http://www.dailydemocracytoday.com/2014-03-04-07-04-33/item/214-2014-06-08-06-50-29

ရန်ကုန်သို့ ရောက်ရှိလာသည့် ဟံသာသင်္ဘောကို တွေ့ရစဉ်။
TEEP [--Democracy today Daily Newspaper--]

"လိမ်လည်ခြင်း အနုပညာ"

"လိမ်လည်ခြင်း အနုပညာ"
==================
1.
သီလငါးပါးမှာ စောင့်ထိန်းဖို့အခက်ဆုံးက မုသာဝါဒ ဖြစ်လိမ့်မယ်။
ကျနော်တို့ နေ့စဉ်ကျင်လည်ရာ ပတ်ဝန်းကျင်မှာ မုသားစကားတွေကို အလွယ်တကူပဲ ပြောဖြစ်နေကြတယ်။
အမှုမဲ့အမှတ်မဲ့ဖြစ်စေ၊ တမင်သက်သက်ဖြစ်စေ မုသားတွေကို သုံးနေကြတယ်။
အလုပ်အကိုင်၊ လူမှုဆက်ဆံရေး၊ စီးပွားရေး၊ အချစ်ရေး၊ နိုင်ငံရေး အစရှိသဖြင့် နယ်ပယ်မျိုးစုံလိုလိုမှာ မုသားစကားပြောဆိုခြင်းဟာ မရှိမဖြစ် ချောဆီလိုကို ဖြစ်နေတာ တွေ့ရတယ်။
2.
ကျနော်ခွင့်ရလို့ အိမ်ခဏပြန်တော့ အလိမ်အမျိုးမျိုးခံခဲ့ရတယ်။
ပုံစံ ၁၉ ထုတ်တဲ့ရုံးရှေ့မှာ ပွဲစားလုပ်တဲ့ ကလေးတွေက လိမ်တယ်။
ဗန္ဓုလပန်းခြံနား၊ ဧမာနွေလဘုရားကျောင်းဘေးက ဒေါ်လာလဲတဲ့ ပွဲစားတွေက လိမ်တယ်။
တည်းခိုခန်း ကောင်တာစာရေးမက ငွေဈေးကို လိမ်ပြီးကျနော့်ဒေါ်လာတွေကို လဲယူတယ်။
ပတ်စပို့ သက်တမ်းတိုးတော့ အစအဆုံးလိုက်လုပ်ပေးမယ်ဆိုပြီး မလုပ်ပေးဘဲ ပွဲစားကလိမ်တယ်။
တခြား အလိမ်ခံရတာတွေ အများကြီး၊ ပြောရင် ဆုံးမှာ မဟုတ်ဘူး။
မင်းအ,လို့ အလိမ်ခံရတာ ခံပေါ့လို့ ပြောရင်လည်း ရတယ်
တချို့ကိစ္စတွေမှာ လိမ်ကောင်းလိမ်မယ်မှန်းသိပေမယ့် ငွေကြေးပမာဏမများတော့ သိချင်တာနဲ့ လွှတ်ပေးလိုက်တာတွေ ရှိတယ်။
3.
နောက် ကျနော့်မွေးရပ်မြေကို ရောက်လို့ ဟိုဟိုဒီဒီသွားတဲ့အခါမှာလည်း လူတော်တော်များများဟာ၊ စားဝတ်နေရေး၊ အလုပ်အကိုင်၊ အိမ်ထောင်ရေး၊ စီးပွားရေး၊ စတဲ့ ကိစ္စတွေမှာ အဆင်ပြေအောင် လိမ်ညာနေကြတာတွေကို သတိထားမိတယ်။
ကျနော့်သူငယ်ချင်းတစ်ယောက်အိမ်သွားလည်တော့ သူတို့က ရက်တိုဘုရားဖူးထွက်ဖို့ ပြင်နေတာကို တွေ့ရတယ်။
သူတို့သား အငယ်လေးက ၅ တန်းကျောင်းသား။
ကလေးကလည်း ဘုရားဖူးလိုက်ချင်တာဆိုတော့ ကျောင်းမှာ ခွင့်တိုင်ဖို့ ပြောနေကြတာ... ...
"ခွင့်ယူရခြင်း အကြောင်းအရာ နေရာမှာ ဘာရေးရမလဲ ဖေဖေ"
"နေမကောင်းပါသဖြင့်လို့ ရေးလိုက်လေ သားသားရဲ့"
"ဟင်... သားသားက နေကောင်းနေတာကြီးကို"
"ဘုရာဖူးသွားရန်လို့ ရေးရင် ဆရာမက ခွင့်ဘယ်ပေးမလဲ သားရဲ့"
"ဒါဆို ဖေဖေက လိမ်တာပေါ့"
"ဒါကို လိမ်တယ်လို့ မခေါ်ဘူး၊ အဆင်ပြေအောင်လုပ်တယ်လို့ ခေါ်တယ်"
ဟုတ်တယ်...
ကျနော်တို့တွေ "လိမ်တယ်" ဆိုတဲ့ စကားကို နားခံသာအောင် "အဆင်ပြေအောင်လုပ်တယ်".. လို့ စကားလုံးလှလှလေးသုံးပြီး အခါးကို သကာဖုံးလိုက်ကြတယ်။
4.
နောက်တခါ... ..
ရပ်ကွက်ထဲကလူကြီးတွေ သာရေးနာရေးအတွက် အလှူလာခံတယ်။
မိဘတွေက အလှူငွေမထည့်ချင်တော့ အိမ်ထဲမှာပုန်းနေပြီ ကလေးတွေကို ပြောခိုင်းတယ်... ..
"သမီးလေး သွားပြောစမ်း၊ လူကြီးတွေ မရှိဘူးလို့"
လတ်တလော အလှူငွေမထည့်ချင်တဲ့ ကိစ္စကိုဖြေရှင်းလိုက်တာက မိမိရဲ့ ရင်သွေးတွေအတွက် အရမ်းကို အန္တရာယ်များသွားတယ်ဆိုတာ မိဘတွေ သတိမထားမိလိုက်ဘူး။
ဘဝမှာ ဘာမှအရေးမကြီးတဲ့ ခွင့်တိုင့်တဲ့ကိစ္စလိုဟာမျိုးမှာကို 'အဆင်ပြေအောင်' ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မိမိရဲ့ ရင်သွေးငယ်ကို လိမ်ညာခြင်းအတတ်ပညာ သင်ပေးလိုက်တယ်။
ဘဝမှာ ဘာမှအရေးမကြီးတဲ့ အလှူငွေအနည်းငယ် မထည့်ဝင်ချင်တာနဲ့ မိမိရဲ့ ရင်သွေးငယ်ကို လိမ်လည်ခြင်းဆိုတဲ့ အတတ်ပညာကို သင်ပေးလိုက်တယ်။
5.
ကျနော်တို့ အရွယ်ရောက်ပြီးလူကြီးတွေကိုယ်တိုင် 'လိမ်လည်ခြင်း' ဆိုတာကို သိသိကြီးနဲ့ ကျူးလွန်နေကြတာ။
အနာဂတ်ရဲ့မျိုးဆက်တွေဖြစ်တဲ့ ကလေးငယ်တွေရှေ့မှာကို မဆင်မခြင်၊ လိမ်လည်နေကြတယ်။
ကျနော်တို့ဟာ မိမိကိုယ်တိုင်လိမ်လည်နေရရုံနဲ့ အားမရသေးဘူး၊ အနာဂတ်မျိုးဆက်တွေအပေါ် လိမ်လည်ခြင်းဆိုတဲ့ အတတ်ပညာကို နာရီမခြား စက္ကန့်မခြား သင်ကြားပြသပေးရင်း အမွေဆိုးတွေ ပေးနေကြတယ်။
6.
မိတ်ဆွေတစ်ယောက်နဲ့ ကျနော်တို့ စုပြီးဖဲရိုက်နေကြတယ်။ သူ့အိမ်မှာ။
အဲလို ဖဲရိုက်နေတုံး သူ့ဆီဖုန်းလာတယ်၊ သူပြန်ပြောတာ ကြားနေတာက... ...
"လာနေပြီ၊ ကျနော်လာနေပြီ၊ ခုလမ်းမှာ ကားဘီးပေါက်နေလို့နော်၊ လာပြီ"... တဲ့။
သူ အဲဒီစကားကိုပြောပြီး ဟန်မပျက်ပဲ ကျနော်တို့နဲ့ ဖဲဆက်ရိုက်နေတယ်။
သူစိတ်ထဲမှာ ထင်နေမှာပေါ့... သူ အဆင်ပြေအောင်ကြည့်ပြောလိုက်တယ်၊ ဒါ ဘာမှ ရေးကြီးခွင်ကျယ် မဟုတ်ပါဘူးလို့။
ခုနလို သူလိမ်ပြောလိုက်တာက သူ့မိတ်ဆွေတချို့ရှေ့မှာ၊ သူ့မိန်းမရှေ့မှာ၊။ ဒါကို သူသတိမထားမိဘူး။
နောင်ကို သူ့မှာ အမှန်တကယ် အရေးကြီးတဲ့ ကိစ္စရှိလို့ ချိန်းထားတာကို မလာနိုင်တဲ့အခါမျိုး ရှိခဲ့ရင် သူဘာဘဲ အကြောင်းပြပြ၊ ခု ဖဲအတူထိုင်ရိုက်နေတဲ့ မိတ်ဆွေတွေကတော့ ယုံတော့မှာ မဟုတ်ဘူး။
သူအိမ်ပြန်နောက်ကျလို့ အကြောင်းပြချက်ကောင်းကောင်းပေးရင်ရော... သူ့မိန်းမက ယုံမှာလား။
ဒီလူက ဒီလိုပဲ အဆင်ပြေအောင်ကြည့်ပြောနေကျလို့ ထင်မှာ...
7.
ဒါဆို သူများလိမ်တာတွေချည်း လျှောက်ပြောနေတယ် မင်းရောမလိမ်ဘူးလားလို့ မေးရင် မကင်းဘူးလို့ပဲ ဖြေရတော့မယ်...
တလောက မြန်မာပြည်က မိတ်ဆွေတစ်ဦး ဆေးလာကုတယ်။
ဘယ်လောက်ကုန်ကုန် တတ်နိုင်တယ် ကုမယ်။
ဒါပေမယ့် ဆေးစစ်ကြည့်တော့ 'ကင်ဆာ'... လွန်နေပြီ။
ဒီတော့ ဒီက ဆရာဝန်ကပြောတယ်... ... "မကုနဲ့၊ ပြန်တော့" တဲ့။
ကျနော်ရော၊ လူနာရှင်တွေရော အဲဒီလူုနာကို ဝိုင်းလိမ်လိုက်ကြတယ်... ...
"ရောဂါက ဆေးဖြန်းလိုက်ရုံနဲ့ ကောင်းသွားမှာမို့ ဆရာဝန်က ဆေးဖြန်းပေးလိုက်ပြီး ပြန်ခိုင်းလိုက်တာ"... လို့။
ကင်ဆာ လွန်နေပြီ... ဆိုတာ မပြောပဲ လိမ်လိုက်ကြတယ်။
အတတ်နိုင်ဆုံး သိသိကြီးနဲ့တော့ မလိမ်မိအောင် ကျိုးစားပါတယ်။
ဒါပေမယ့် အရိုးစွဲနေတဲ့ 'အဆင်ပြေအောင်လုပ်မယ်' ဆိုတဲ့ အကျင့်ကြီးက ဖျောက်မရတာ ခက်တယ်။
8.
တခါကတော့ ဘဝမှာ အမှတ်တရကို ကျန်နေတာလေး တစ်ခုရှိတာ ပြောပြချင်တယ်... ..
ကျနော်တို့ မိသားစု၊ အဖေအမေကစလို့ မောင်နှမတွေအဆုံး နှစ်စဉ်ကျရောက်တတ်တဲ့ မွေးနေ့ဆိုတာကြီးကို သိပ်ပြီး ရေးကြီးခွင်ကျယ်ထားပြီး လုပ်နေတာမျိုး မရှိခဲ့ဘူး။
ဒီတော့ မွေးနေ့ကျင်းပတယ်တို့၊ ဘုရားသွားကျောင်းတက် လုပ်တယ်တို့ဆိုတာ မရှိသလောက်ဘဲ။
နှစ်တိုင်း မွေးနေ့ဆိုတာကြီးကို ဘာသိဘာသာပဲ ဖြတ်ကျော်ခဲ့တာများတယ်။
ဒီလိုနဲ့...
ကျနော့်ရဲ့ တစ်ခုသောမွေးနေ့မနက်မှာ ကျနော့်ကို ခင်တဲ့ မိန်းကလေးသူငယ်ချင်းတစ်ယောက်က မျှော်လင့်မထားဘဲ ဖုန်းဆက်လာတယ်... ....
"မွေးနေ့လက်ဆောင်လည်း ပေးချင်တယ်၊ တစ်ခုခုလည်း ကျွေးချင်တယ်၊ ညနေတွေ့ရအောင်ပါ"... တဲ့။
ဒါနဲ့ ညနေအလုပ်ပြန်တော့ သူချိန်းတဲ့ နေရာကို တန်းသွားခဲ့တယ်။
သူပြောတဲ့ဆိုင်မှာပဲ စားစရာတွေကို မှာပြီး စောင့်နေတုန်း နောက်ထပ် ကလေးမတစ်ယောက်က ဖုန်းဆက်တယ် (ကြွားတယ်တော့မထင်နဲ့)။ သူကတော့ ကျနော့်မွေးနေ့မှန်း ဘာမှန်း သိတာ မဟုတ်ဘူး။ မေးစရာတစ်ခုရှိလို့ဆက်တာ။ ဆက်ရင်းနဲ့ ဘယ်မှာလဲလို့ မေးတယ်။
အမှန်အတိုင်းပဲ ရောက်နေတဲ့ အရပ်ဒေသနဲ့ ဆိုင်နာမည်ကို ပြောလိုက်တယ်။ ဆက်မေးတယ်...
"ဘယ်သူနဲ့လဲ"... တဲ့။
ဒါလည်း အမှန်အတိုင်းပဲပြောလိုက်တယ်။ "မXXXXX နဲ့ပါ" လို့။
အဲဒီမှာ အဲဒီအကျင့်ပုပ်လေးက တစခန်းထပြီး သူလည်းလာခဲ့မယ်တဲ့၊ မပြန်နဲ့အုံးတဲ့။
ပြောတဲ့အတိုင်း ခဏနေတော့ ပေါက်ချလာပြီး ကျနော်တို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အဖုအထစ်ဖြစ်နိုင်တဲ့ စကားလုံးမှန်သမျှကို ရွေးသုံးပြီး၊ တိုက်စစ်လှလှ ဆင်သွားတယ်။
အကျိုးဆက်ကတော့ မွေးနေ့ကို အမှတ်တရရှိနေပေးတဲ့ တစ်ယောက်က ကျနော်ကို မခေါ်မပြောပဲနေလိုက်တာ ၂ နှစ်လောက်ကြာတယ်။
ကျနော်ကလည်း နောက်မှရောက်လာတဲ့ ဂုစ္ဆာမလေးကို မခေါ်မပြောပဲထားတာ ၄ နှစ်လောက်ကြာတယ်။
9.
မင်း ဒါတွေကို ဘာလို့ ကြွားနေ အဲလေ ပြောနေရတာတုန်း ဆိုရင်... ...
ကျနော် မလိမ်ရဲလို့ စိတ်ဆင်းရဲခဲ့ရတယ်ဆိုတာ ပြောချင်တာပါ။
မိန်းကလေးတစ်ယောက်ရှေ့မှာ ကျနော် မညာဝံ့ခဲ့ဘူး (ကွယ်ရာတော့ မသိ)။
သူ့ရှေ့မှာ တစ်ယောက်က ဖုန်းဆက်တယ်။
-ကန်တော်ကြီးစောင်းမှာ ရောက်နေတာကို အင်လျားမှာပါ လို့ မပြောရဲ၊ ရွှေတိဂုံမှာပါလို့ မညာဝံ့ခဲ့ဘူး။ ကျနော့်ကို လိမ်တတ်တဲ့လူလို့ ထင်မှာ စိုးခဲ့လို့။
-ထိုင်နေတဲ့ဆိုင်က လွယ်ဆမ်ဆစ် ဆိုတာကို ရှမ်းယဉ်ယဉ်မှာလို့ မပြောရဲ ခိုင်ရွှေဝါမှာပါလို့ မဖြီးဖြန်းခဲ့ဘူး၊။ ကျနော့်ကို လိမ်တတ်တဲ့လူလို့ ထင်မှာ စိုးခဲ့လို့။
လူတစ်ယောက်ရှေ့မှာ မလိမ်ဝံ့ခဲ့လို့ အဲဒီလူရဲ့ လမ်းခွဲခြင်းကို ခံခဲ့ရဘူးတယ်။
တခါတခါ နောင်တရတောင် ရမိသေး... ငါ ဘာလို့ အဆင်ပြေအောင် မပြောခဲ့မိတာလဲ... လို့။
10.
ဒီတော့ဗျာ...
ယနေ့ ကျနော်တို့ ကျင်လည်နေရာ အသိုင်းအဝန်း၊ ပတ်ဝန်းကျင်မှာ အရိုးစွဲနေတဲ့ လိမ်လည်ခြင်းဆိုတဲ့ အမှုကို ကျနော်ကတော့ ကျနော်တို့ရဲ့ နောင်မျိုးဆက်တွေဆီမှာ ကျန်မနေခဲ့စေချင်ဘူး။
မိတ်ဆွေကိုလည်း မေတ္တာရပ်ခံချင်တာက... ...
"အဆင်ပြေအောင် ပြောတာလည်းပြော၊ လုပ်တာလည်းလုပ်ပေါ့၊ ကလေးတွေရှေ့တော့ ရှောင်ပါ"... လို့။
မလိမ်မိအောင် ကြိုးစားနေတဲ့-သန်၎ကို။
https://www.facebook.com/thanlayko

အွန်လိုင်းရည်းစားကို အပြင်မှာတွေ့လိုက်ရသောကြောင့် လေးထပ်မှ ခုန်ချသတ်သေသွား

အွန်လိုင်းရည်းစားကို အပြင်မှာတွေ့လိုက်ရသောကြောင့် လေးထပ်မှ ခုန်ချသတ်သေသွား



(ယခုတင်ထားသည့် သတင်းသည် မူရင်းအရင်းအမြစ်ဖြစ်သော The Real Singapore မှ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ သို့သော် The Real Singapore ဝက်ဘ်ဆိုက်သည် သုံးစွဲသူများကို စီမံခွင့်ပေးထားသည့် ဝက်ဘ်ဆိုက်ဖြစ်သည်။)
“ငါကတော့ နင့်ကို အရမ်းလှတယ်ထင်ထားတာ ငါအတော်အသုံးမကျတဲ့ကောင်ပဲ။ ဘာလို့ လဲဆိုတော့ ပြင်ထားတဲ့ ဓာတ်ပုံထဲမှာတွေ့ ရတဲ့  နင့်ကို သိပ်ချောတယ်လို့  ထင်ထားခဲ့တာကိုး ’’
အထက်ပါစကားများကို ပြောကြားခဲ့သူကတော့ စင်ကာပူက မက်အန်ထော်နီဆိုသူဖြစ်ပါသည်။ သူနှင့်အချိန်ကြာစွာ ဖေ့စ်ဘွတ်မှာ အွန်လိုင်းရည်စားဖြစ်နေသော မိန်းကလေးကို ဈေးဝယ်စင်တာတစ်ခုမှာ လွန်ခဲ့သောနှစ်ရက်ခန့်က သူကဆုံခဲ့ပါသည်။
အန်ထော်နီ၏ ရည်းစားက ဖေ့စ်ဘွတ်နှင့် တွစ်တာအွန်လိုင်းစာမျက်နှာမှာ နာမည်ကြီးတစ်ယောက်ဖြစ်သည်။ ထိုမိန်းကလေး၏ လှပသောဓာတ်ပုံများကြောင့် ကျော်ကြားပြီး အန်ထော်နီနှင့် အွန်လိုင်းမှတစ်ဆင့် ရည်းစားဖြစ်ခဲ့ကြသည်။ သူတို့နှစ်ယောက်က နေရာအလှမ်းဝေးသဖြင့် တရားဝင်ချစ်သူများဖြစ်သည့်တိုင်အောင် တစ်ယောက်နှင့်တစ်ယောက် အပြင်မှာ တော်တော်နှင့် မဆုံဖြစ်ကြ။ ထိုမိန်းကလေးက ၃၆၀ ကင်မရာကို အမြဲသုံးပြီး သူ့ဓာတ်ပုံများကိုလှပနေအောင် ဆွဲဆောင်မှုရှိအောင်လုပ်ထားကာ အွန်လိုင်းပေါ်က လူအတော်များများကို လှည့်စားထားသူဖြစ်သည်။  ထိုနည်းက လူတွေကို စိတ်ဝင်စား ဆွဲဆောင်သည့်နည်းဟု မိန်းကလေးကထင်သည်။ ထိုအထဲမှာမှ ကံဆိုးသူမောင်ရှင်က မက်အန်ထော်နီဖြစ်ပါသည်။
လေးလကြာအောင် အဝေးကနေ ချစ်သူတွေဖြစ်ကြပြီးနောက် နောက်ဆုံးမှာ လူချင်းတွေ့ခဲ့ကြ၏။ တွေ့ တွေ့ ချင်းသူ၏ အွန်လိုင်းရည်းစား၏ ပကတိမျက်နှာကို တွေ့ လိုက်ရသောအခါ  အန်ထော်နီမှာ အလွန်စိတ်ပျက်ကာကြောက်ရွံ့ အံ့သြသွားရပါသည်။ မိတ်ကပ်တွေ မျက်နှာအပြည့်လိမ်းထားသည့်တိုင် သူ့ရည်းစားမှာ ရုပ်ဆိုးလှပါချေတကား။
ထိုကဲ့သို့တွေ့ ပြီးသည့်အခါ အန်ထော်နီမှာအော်ဟစ်ငိုယိုပေါက်ကွဲကာ မိန်းကလေးနှင့် လမ်းခွဲပြီးသည်နှင့် ဈေးဝယ်စင်တာ၏ လေးထပ်မှ နေပြီးခုန်ချအဆုံးစီရင်သွားပါတော့သည်။
အရေးပေါ်ကားများ ရောက်လာသည့်အခါတွင် အန်ထော်နီ၏ အသက်မမှီတော့။ ပွဲချင်းပြီး ကွယ်လွန်ခဲ့ပါသည်။ သူကျသည့်အရှိန်မှာပြင်းသဖြင့် အသက်ရှင်ဖို့ မလွယ်ဟု ဆရာဝန်များက ကောက်ချက်ချပါသည်။
သနားစရာကောင်းသည့် အန်ထော်နီအဖြစ်ကို လူအတော်များများက တွေ့ ခဲ့ပါသည်။ ရဲများက ဖြစ်ရပ်ကို စုံစမ်းကြည့်သည့်အခါ ရာနှုန်းပြည့် ကိုယ့်ကိုယ်ကိုယ်သေကြောင်းကြံခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါ၏။
(the real Singpore မှ သတင်းကို ဘာသာပြန်ဆိုထားပါသည်)

7Day News Journal

ကလေးကလေးဆိုပီး လျှော့မတွက်ကြနဲ့ 

ကလေးကလေးဆိုပီး လျှော့မတွက်ကြနဲ့ 
-----------------------------------------
ကလေးကောင်းမှ လူကြီးကောင်းမယ်-
-------------------------------------
အခုခေတ်လူကြီးတွေက မကောင်းဘူးဘုရား
ဆိုပီး ငြီးငြူနေတဲ့  ဒကာတစ်ယောက်နှင့် မနေ့ က စာသင်နားချိန်မှာ စကားလက်စုံ ကျဖြစ်ပါတယ်--
အဲဒါနဲ့ . ကျုပ်တို့  မြန်မာတွေက ကလေးကောင်းမမွေးကြဘူးလေ အဲဒါကြောင့်ပါဆိုတော့.
အရှင်ဘုရားကလဲ ကလေးမွေးတာပဲ ကိုယ်မွေးချင်တာ ရွေးမွေးလို့ ရတာမှ မဟုတ်တာ. ကံစီမံတဲ့ အတိုင်းပေါ့တဲ့ --
အဲဒါနဲ့  ဒီဒကာတော့ ငါပြောတဲ့  ကလေးမွေးအဓိပ္ပါယ်ကို တလွဲကောက်နေတယ်ဆိုပီး စကားကျောရှည်ရှည်လေး ရှင်းပြလိုက်ပါတယ်--
ဟုတ်တယ်ဗျ သူ့ ကံနဲ့ သူလာတဲ့  အတွက် ကလေးကိုရွေးမွေးလို့ မရဘူး.
ဒါပေမဲ့  မွေးလာတဲ့  ကလေးတွေကို ကလေးကောင်းလေးတွေဖြစ်အောင်တော့ လုပ်ပေးလို့  ရပါတယ် -
ကလေးကောင်းမှ လူကြီးကောင်းမယ်ဗျ-
လူကြီးကောင်းလိုချင်ရင် ကလေးကောင်းလေးဖြစ်လာအောင်
မွေးမြူပေးရမယ်-
ကျုပ်တို့ က အသီးစားချင်ပီး အပင်မစိုက်ချင်ကြဘူးဖြစ်နေတယ်-
လူကြီးကောင်း လိုချင်တယ်ဆိုပြီး ဖြတ်လမ်းလိုက်လို့  မရဘူး--
လူကြီးဆိုတာ လောကအတွေ့ အကြုံ တွေနဲ့  အရေထူနေပြီ - မှားတာရော မှန်တာရော အမြင်အကြားတွေများနေပြီးဖြစ်တဲ့ အတွက် တော်ရုံလမ်းညွန်ပေးယုံနဲ့  လက်မခံဘူး. ထုသားပေသားကျနေတဲ့ သံမဏိလိုပေါ့. ခေတ်စကားနဲ့ ပြောရရင် အကျောမာတယ်ပေါ့ဗျာ--
ရာထူး အာဏာ စည်းစိမ်ဂုဏ်သိမ်တွေနဲ့  ဆက်စပ်ရင် ပိုတောင်ဆိုးသေးတယ်-- အမှားမှန်းသိရက်နဲ့  ဆက်မိုက်တတ်သလို အမှန်မှန်းသိရက်နဲ့ လည်း မျက်စိမှိတ်ငြင်းတတ်ကြတယ်--
အမြင်အကြားကို ဘောင်ခတ်ထားတယ်လို့  ဆိုတာပေါ့--
ကလေးကအဲသလို မဟုတ်ဘူး အမှားအမှန် မသိသေးရင်သာနေမယ် သိသွားတာနဲ့  အမှားကိုတွန်းလှန်ပီး အမှန်ကိုလက်ခံတာဗျ-
အဲဒါကြောင့် လူကြီးကောင်း လိုချင်ရင် ကလေးကောင်းလေးတွေ ပေါ်လာအောင် မွေးထုတ်ပေးရမယ်ဆိုပီး ကိုယ့်အမြင်လေးတွေ ပြောပြလိုက်ပါတယ်--
အရှင်ဘုရားကလဲ တပည့်တော်က ကလေးမိဘပါ-
ကလေးမရှိတဲ့ ဘုန်းကြီးက ကလေးဒဿနတွေလာပြောနေတော့ လူပျိုကြီးက ရည်စားရှာနည်းသင်ပေးသလိုဖြစ်မနေဘူးလား.
အဲဒါကြောင့် အရှင်ဘုရားတို့  ဖလော်မေဂျာနဲ့  ကျောင်းပီးတဲ့ လူတွေ ဂေါက်ကြောင်တယ် အပြောခံရတာတဲ့ --
အင်း ဦးဇင်းပြောတဲ့  ဒဿနက လက်တွေ့ ပဲလေ ဒကာတော်လည်း လူကြီးဖြစ်နေတော့ ကိုယ့်အတွ့ ကြုံ အသိလေးကို ဟုတ်လှပီထင်ပြီး ပီတိခွေ့ နေတာမို့ လား--
မျက်စိနဲ့  နားကို အကျဉ်းချထားရတဲ့  လူကြီးအမျိုးစားထဲမှာ ဒကာတော်ပါနေပီ-
တကယ်တော့ ဒကာတော်ရဲ့ အိမ်မှာ ကလေးအလွန်ဆုံးရှိ တစ်ကျိပ်ပေါ့-
ဦးဇင်းကျောင်းမှာက အခု မြင်တဲ့ အတိုင်းပဲ - နှစ်တိုင်းလည်း အသစ်အသစ်အသစ်ရောက်ရောက်လာတဲ့ အတွက် ဒကာတော်ထက်ပိုပြီး ကလေးနဲ့ ထိတွေ့ ဆက်ဆံခင့်
အကဲခတ်ခွင့် လေ့လာခွင့်
ရတယ်- နှစ်ပေါင်း ၁၄ နှစ်အတွင်းမှာ ကလေးပေါင်းစုံရဲ့  စရိုက်မျိုးစုံကို ကြုံခဲ့ ရလို့  ပြောပြတာပါဗျာဆိုတော့မှ--
တင့်ပါး ဒါတော့ဒါပေါ့ဘုရား တပည့်တော်က ကိုယ်တိုင်မွေးတဲ့  သားသမီးတွေနဲ့ ထိတွေ့ ခွင့်ရတာဆိုပီး မနိုင် နိုင်အောင်ပြောသွားပါတယ်--
အင်း သူပြောမှပဲ ကိုယ်တိုင် မိန်းမယူ ကလေးမွေးရမလို ဖြစ်နေတယ်--လူကြီးလက်ခံအောင် ပြောရတာ တယ်မောကို ငါ့ကလေးတွေငါ ပြောဆို ဆုံးမပီး
လူကြီးကောင်းရအောင် ကလေးကောင်းမွေးတော့မယ်လို့  တွေးကာ စာသင်ခန်းထဲ ပြန်ဝင်ခဲ့ တော့တယ်--

Ashin Kumuda Bawdhitahtaung