သတင်းနှင့်နည်းပညာများ

11/8/13

လျှပ်စစ်ဓါတ်အားခလျှော့ချရန် ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်း၊

လျှပ်စစ်ဓါတ်အားခလျှော့ချရန် ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်း၊ လျှပ်စစ်ဓါတ်အားခများ တိုးမြှင့်မှုနှင့် ပတ်သက်၍ ၀န်ကြီးဌာနနှင့် အုပ်ချုပ်ရေးပိုင်းတွင်လည်း တာဝန်ရှိကြောင်း သူရဦးရွှေမန်းပြောကြား
Thursday, November 8, 2013

မလှိုင်မဲ ဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က လျှပ်စစ်ဓါတ်အားခ တိုးမြှင့်တောင်းခံခြင်းအပေါ် ပြည်သူ့ဆန္ဒအရ ပြန်လည် လျော့ချပေးရန် ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့သည်။

ဦးအေးမောက်က တင်သွင်းရာတွင် အများပြည်သူသို့လည်း အသိမပေး၊ ချပြရှင်းလင်းခြင်းမရှိ၊ လွှတ်တော်သို့လည်း တင်ပြခြင်းမရှိဘဲ လျှပ်စစ်ဓါတ်အားခများတိုးမြှင့်သည့်အပေါ် ပြန်လည်လျော့ချပေးရန် တင်ပြခဲ့ခြင်းဖြစ်သည်။

ဦးအေးမောက်၏ အရေးကြီးအဆိုအပေါ် ဂွမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာက ထောက်ခံဆွေးနွေးခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံး လျှပ်စစ်ဓါတ်အားခနှုန်းထားများ တစ်ပြေးညီဖြစ်ရေး၊ အရှုံးခံပေးနေသည့် အပေါ် ပွင့်လင်းမြင်သာစွာ ချပြရန်လိုအပ်ကြောင်း၊ အိန္ဒိယ နိုင်ငံ၏ လျှပ်စစ်ဓါတ်အားပေးပုံနှင့် ဓါတ်အားခများအား နှိုင်းယှဉ်တွက်ချက်ပြကာ မြန်မာနိုင်ငံအနေဖြင့်လည်း လေ့လာကာ လက်ရှိတိုးမြှင့်ထားသည့် လျှပ်စစ်ဓါတ်အားခများကို ပြန်လည် တွက်ချက်သင့်ကြောင်း ထောက်ပြကာ ဦးအေးမောက်၏ အဆိုအပေါ် ထောက်ခံဆွေးနွေးခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကလည်း လျှပ်စစ်ဓါတ်အားခများ တိုးမြှင့်မှုနှင့် ပတ်သက်၍ ၀န်ကြီးဌာနနှင့် အုပ်ချုပ်ရေးပိုင်းတွင်လည်း တာဝန်ရှိကြောင်း လွှတ်တော်အနေဖြင့်လည်း ပါဝင်လုပ်ဆောင်ရမည်ဖြစ်ကြောင်း လက်ရှိဆန္ဒပြခြင်း၊ ဆန္ဒပြသူများအပေါ် စီတန်းလှည့်လည်ခွင့် ဥပဒေဖြင့် အရေးယူမှု၊ ဆက်လက်၍လည်း ဆန္ဒပြမည်အစီအစဉ်များ ရှိနေခြင်းမှာလည်း မသင့်တော်ကြောင်း ယနေ့ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ပြီးပြတ်သည်အထိ ဆွေးနွေးသွားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

Eleven Media Group

လမ်းဖြတ်ကူးစဉ် ယာဉ်တိုက်ခံရသဖြင့် သေဆုံး


လမ်းဖြတ်ကူးစဉ် ယာဉ်တိုက်ခံရသဖြင့် သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၈

၇.၁၁.၂၀၁၃ရက်နေ့ ၂၃၅၀အချိန် တောင်ဥက္ကလာပမြို့နယ်၊ သံသုမာလမ်းအတိုင်း တောင်မှမြောက်သို့ ယာဉ်မောင်း ကျော်ထက်ဇင် (ဘ)ဦးစိန်ဝင်း၊ (၁၀)ရပ်ကွက် ၊တောင်ဥက္ကလာပမြို့နယ်နေသူ
မောင်းနှင်လာသော ၇င/--- တိုယိုတာစပရင်တာ ဘင်အဖြူရောင် (ကိုယ်ပိုင်)ယာဉ်သည် မိတ်ဆွေများဆောက်လုပ်ရေးပစ္စည်းဆိုင်ရှေ့
အရောက် လမ်းဖြတ်ကူးသူ သူရဇော်(ဈေးရောင်း)၊ (ဘ)ဦးသန့်ဇင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေသူအား တိုက်မိသဖြင့် သူရဇော်တွင် ဒဏ်ရာများရရှိကာ သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်စဉ်
သေဆုံးသွားခဲ့သဖြင့် ယာဉ်ထိန်းတပ်ဖွဲ့စု (၄၃)မှ ယာဉ်မောင်း ကျော်ထက်ဇင်အား တရားလိုပြုလုပ်တိုင်တန်းသဖြင့်
တောင်ဥက္ကလာမြို့မရဲစခန်းယာဉ်(ပ)၄၈/၂၀၁၃၊ ပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်ဖမ်းဆီးအရေးယူ ထားရှိကြောင်း သတင်းရရှိပါသည်။

Credit By - Yangon Police

ပန်းဆိုးတန်း-ဒလ ကူးတို့သင်္ဘောများကို Tourism Boat အဖြစ် ငှားရမ်း ပြေးဆွဲမည်


ပန်းဆိုးတန်း-ဒလ ကူးတို့သင်္ဘောများကို Tourism Boat အဖြစ် ငှားရမ်း ပြေးဆွဲမည်

ဂျပန်နိုင်ငံက လှူဒါန်းမည့် သင်္ဘောများ ရောက်ရှိချိန် ဖြစ်သော ၂၀၁၄ ခုနှစ်တွင် လက်ရှိ ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေသည့် ကူးတို့သင်္ဘောများကို Tourism Boat အဖြစ် ငှားရမ်း ပြေးဆွဲမည် ဖြစ်ကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး (သယ်ယူပို့ဆောင်ရေး ဌာန) မှ လက်ထောက် အထွေထွေမန်နေဂျာ ဦးမျိုးနိုင်က ပြောကြားသည်။

မြစ်အတွင်း လေ့လာ လည်ပတ်သူများ၊ တွေ့ဆုံပွဲများ၊ အခမ်းအနားများ ပြုလုပ်ရန် ငှားရမ်းနိုင်မည် ဖြစ်ပြီး ပြင်ဆင်မှုများ ပြုလုပ်ရမည် ဖြစ်သောကြောင့် ၂၀၁၄ ခုနှစ် နှစ်လယ်ပိုင်းမှ စ၍ ငှားရမ်းနိုင်မည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဆိတ်ကြီးခနောင်တို ခရီးစဉ် ပြေးဆွဲရန် စီစဉ်ထားသော်လည်း ဆိတ်ကြီးခနောင်တို ကျေးရွာသို့ ဝင်ရမည့် မြစ်မှာ ကျဉ်းမြောင်းသောကြောင့် ပြေးဆွဲပေးရန် မသေချာသေးကြောင်း၊ ယခုကဲ့သို့ Tourism Boat အဖြစ် ငှားရမ်း ပြေးဆွဲခြင်းသာ ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံ၏ ရေမြေ အနေအထား၊ ရာသီဥတုနှင့် လူနေမှု ဓလေ့၊ ခရီးသည်၏ သိပ်သည်းဆတို့ကို တွက်ချက်၍ ဂျပန်နိုင်ငံတွင် သင်္ဘော သုံးစင်းကို တည်ဆောက်လျက် ရှိရာ ၂၀၁၃ ခုနှစ်ကုန်တွင် ရောက်ရှိမည် ဖြစ်ကြောင်း ယင်းဌာနမှ စုံစမ်း သိရှိရသည်။

ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးတွင် စက်ရှိ၊ စက်မဲ့ ရေယာဉ် ၄၂၁ စင်းက ကူးတို့လမ်း ခုနစ်လမ်း၊ ခရီးလမ်း ၃၅ လမ်းကို ပြေးဆွဲလျက် ရှိကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။

Credit By - The Voice Weekly

အလှပျက် မြစ်ဆုံ


 မြစ်ဆုံ, ဧရာဝတီ, ကချင်, သဘာဝ
မေခနှင့် မလိခမြစ်နှစ်ခုပေါင်းဆုံရာ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
ဧရာဝတီမြစ်ကမ်းဘေးတွင် ထိုင်ရင်း အဖြူရောင် လက်ဝါးကပ်တိုင် သင်္ကေတတခုကို ညွှန်ပြဖို့အတွက် မဆန်းခွန်က သူ လုပ်လက်စ အလုပ်ကို ခဏ ရပ်လိုက်သည်။
“အဲဒီတောင်ကုန်းထိပ်မှာ ကျမတို့ မနက်တိုင်း ၀တ်ပြုဆုတောင်းကြပါတယ်။ ဒါက ကျမတို့အတွက် အရေးကြီးတဲ့နေရာပါ။ ကျမတို့ ဒါကိုလေးစားပါတယ်။ အဲဒီမှာ ဘုရားကျောင်းတခုဆောက်ဖို့ တောင်မှ စီစဉ်ထားခဲ့ပါတယ်” ကချင်ပြည်နယ်မှ လူ အများစုလိုပင် ခရစ်ယာန် ဘာသာဝင်ဖြစ်သော ကချင်တိုင်းရင်းသူ အမျိုးသမီးကပြောသည်။
သို့သော်လည်း တရုတ်အစိုးရပိုင် ကုမ္ပဏီတခုက မြစ်ပေါ်တွင် ရေအားလျှပ်စစ်ထုတ်လုပ်ဖို့အတွက် ဆည်ကြီးတခုဆောက်ဖို့ ရောက်လာသည့်အတွက် သူတို့ အစီအစဉ်ကို လွန်ခဲ့သော နှစ်အတော်ကြာကထဲက ရပ်နားဆိုင်းခဲ့ရသည်။ “သူတို့က မြေတွေသိမ်းလိုက်တယ်။ ကျမတို့တွေ ထွက်ခွာသွားဖို့လည်း ဖိအားပေးခဲ့ကြတယ်” ဟု မြစ်ကမ်းပါးမှာ မုန့်ပဲသရေစာနှင့် အအေး၊ ကော်ဖီ စသည့်တို့ရောင်းသည့် ယာယီဆိုင်ခန်းငယ်လေး ဖွင့်ဖို့ ပြင်ဆင်ရင်း မဆန်းခွန်က ဆိုသည်။
မေခနှင့် မလိခမြစ်နှစ်ခုပေါင်းဆုံကာ ဧရာဝတီမြစ်ဖြစ်ပေါ်လာခဲ့သည့် မြစ်ဆုံဒေသတွင် မြစ်ဆုံဆည်ကို ဆောက်ဖို့ စီစဉ် ခဲ့သည်။ ကွန်ကရစ်နံရံ အချို့ တည်ဆောက်ခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန်က ကန့်ကွက်ခဲ့ကြသည့် ဒေသခံပြည်သူတို့၏ ဆန္ဒကို လိုက်လျောသည့်အနေဖြင့် စီမံကိန်းကို ရွှေ့ဆိုင်းပေးလိုက်သည့်အတွက် အားလုံးပြီးစီးအောင် မတည်ဆောက်နိုင်ခဲ့ပါ။
မြစ်ဆုံဒေသသည် ယခင်က တောင်တန်းများ၏ သဘာဝအလှ နှင့် တောင်ကုန်းများ၊ ကျောက်တုံးများဖြင့် တန်ဆာဆင် ထားသည့် မြစ်ကမ်းပါးတို့ကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင် ထင်ရှားသည့် နေရာတခုဖြစ်ခဲ့သည်။ ယခုအချိန်တွင်တော့ လာရောက်လည်ပတ်သည့် ကမ္ဘာလှည့်ခရီးသည် သိပ်မတွေ့ရတော့ကြောင်း ဒေသခံများက ပြောကြသည်။
ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားတွင် နေထိုင်သော ဦးခင်မောင်က သူ ငယ်စဉ်တုန်းက ဧရာဝတီမြစ်ဆီသို့ သွားရောက် လည်ပတ်ရသည်ကို မှတ်မိနေသည်။
“ဧရာဝတီရဲ့ အလှက တကယ်ကို အံ့မခန်းပါပဲ။ ကျနော်တို့ ကလေးဘ၀ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်ကဆိုရင် တောင် တွေပေါ်မှာ ဒေါင်းတွေ အများကြီးရှိတယ်။ လှေတစီးလာတဲ့ အသံကြားရင် ဧရာဝတီမြစ်ထဲကို ပျံဆင်းလာကြတယ်။ ဒါပေ မယ့် အခု ဧရာဝတီမြစ်ထဲမှာ ဒေါင်းတွေ မတွေ့ရတော့ဘူး။ အရင်တုန်းက ရေလည်း အရမ်းကြည်တယ်။ အခုတော့တွေ့ တဲ့ အတိုင်းပဲ ရေက နောက်ကျိနေတာပဲ” ဟု သူကပြောပြသည်။
ဆည်စီမံကိန်းကို ရွှေ့ဆိုင်းခြင်းမပြုမီ ၂၀၁၀ နှင့် ၂၀၁၁ ကာလများတွင် မြစ်ဆုံဒေသ၌ နေထိုင်သော မိသားစုများသည် မူရင်းနေရပ်ကို စွန့်ခွာပြီး အစိုးရကတည်ထောင်ပေးသည့် ကျေးရွာများသို့ ပြောင်းရွှေ့ပေးခဲ့ရသည်။ အောင်မြင်သာ ကျေးရွာသို့ ပြောင်းရွှေ့ပေးခဲ့ရသူများက နေရာသစ်တွင် စိုက်ပျိုးရေးလုပ်ငန်းဖြင့် ရေရှည် အသက်မွေးရပ်တည်၍ မဖြစ်နိုင်ဟု ဆို ကြသည်။
“ကျမတို့ အောင်မြင်သာမှာ စိုက်ပျိုးရေးလုပ်လို့ မရဘူး။ ငှက်ပျောပင်တောင်မှ စိုက်လို့မရဘူး။ မြေက ကျောက်တုန်းတွေနဲ့ ပြည့်နေပြီးတော့ မြေကြီးထဲမှာလည်း ကျောက်တွေရှိတယ်။ ဒါကြောင့် စားဝတ်နေရေး အတွက် နေ့တိုင်းခရီးသွားပြီး အစား အသောက် ရောင်းနေရတယ်” ဟု မဆန်းခွန် က ပြောပြသည်။
မြစ်ဆုံဒေသသည် ရွှေထွက်သော နေရာလည်းဖြစ်သည်။ ဧရာဝတီ မြစ်ကမ်းပါးများတွင်  တနိုင်တပိုင် ရွှေကျင်သူများက ရိုးရာနည်းလမ်းများကို အသုံးပြု၍ အဖိုးတန်သတ္တုစ အနည်းငယ်ရဖို့ ရှာဖွေနေကြသည်။ သူတို့က မြစ်ထဲမှ သဲတွေကိုဆယ်ယူပြီး ရေနှင့်မကျင်မီ ၀ါးစင်ပေါ်တွင် လွှမ်းထားသည့် ပလပ်စတစ်လွှာတွေပေါ်သို့ လောင်းချကြသည်။
တချိန်တုန်းက ဒေသခံတွေ ဘုရားကျောင်းဆောက်ဖို့ ရည်ရွယ်ထားသည့်နေရာမှာလည်း ရွှေများများထွက်ကြောင်း သိရသည်။ “ဒါပေမယ့် အဲဒီနေရာက ဆည် စီမံကိန်းနယ်မြေဖြစ်သွားပြီလေ။ တရုတ်က ယူသွားပြီ။ မြေတွေကိုလည်း ယူသွားတယ်။ သူတို့ ရွှေတွေ အများကြီးတွေ့တယ်လို့ ကျမတို့ ကြားရတယ်” ဟု မဆန်းခွန်က ပြောသည်။
အောင်မြင်သာမှ သူ၏ အိမ်နီးချင်းတယောက်ဖြစ်သော လီဆူးတိုင်းရင်းသူ မဟွန်ရာက တနိုင်တပိုင် ရွှေကျင်သည့် အလုပ်ကို လုပ်နေသူဖြစ်သည်။ “ကျမတို့ ရွှေတွေရောင်းပြီးတဲ့ အခါ တနေ့ကို ကျပ် ၅၀၀၀ ဒါမှမဟုတ် ၆၀၀၀ လောက်ရပါတယ်။ ကျမတို့က လက်နဲ့ပဲ တူးတာဆိုတော့ အများကြီးမရဘူး။ အရင်ကတော့ တရုတ်တွေက စက်တွေသုံးပြီး လာတူးတော့ သူတို့က တနေ့ တနေ့ကို ရွှေတန်ချိန် အများကြီးရတယ်” ဟု မဟွန်ရာ ကပြောသည်။
ဆည်တည်ဆောက်ရေးလုပ်ငန်းကို ရွှေ့ဆိုင်းလိုက်သဖြင့် တရုတ်ရွှေတူးဖော်သူများနှင့် အင်ဂျင်နီယာများ ထွက်ခွာသွားခဲ့ ကြသော်လည်း လုံခြုံရေး အစောင့်အချို့ ကျန်ရှိနေဆဲဖြစ်သည်။ ဧည့်သည်များ သွားရောက်ခွင့် တားမြစ်ပိတ်ပင်ထားသည့် စီမံကိန်းနယ်မြေသို့ သွားရာလမ်းပေါ်တွင် ရဲအဖွဲ့က စစ်ဆေးရေးစခန်း တခုဖွင့်လှစ်ထားသည်။
သူတို့၏ မြေများအတွက် မျှတသော နစ်နာကြေး မရရှိခဲ့ဟုလည်း ဒေသခံတို့က ပြောကြသည်။
“ကျမတို့ကို တရုတ်ကုမ္ပဏီက ပေးမယ်လို့ ကတိပေးထားတဲ့ နစ်နာကြေး ခုထိမရသေးပါဘူး။ ဆောက်လုပ်ရေး လုပ်ငန်း တွေ ရပ်နားထားရတဲ့ အတွက် လျော်ကြေးပေးဖို့ကိုလည်း ဆိုင်းငံ့ထားတယ်လို့ သူတို့ကပြောပါတယ်” ဟု မဆန်းခွန်က ဆိုသည်။
လျှပ်စစ်ဓာတ်အား ၆၀၀၀ မဂ္ဂါဝပ်ထွက်ရှိမည့် မြစ်ဆုံဆည်သည် တရုတ်အစိုးရပိုင် Chinese Power International (CPI) ၏ စီမံကိန်းတခုဖြစ်သည်။ သို့သော်လည်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးသက်ရောက်မှုများဖြစ်လာနိုင်သည်ကို သတိ ပေးမှုများ ပြည်သူအများကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် မြန်မာ အစိုးရက စီမံကိန်းကို ရွှေ့ဆိုင်းလိုက်သည်။
ဦးသိန်းစိန်က သူ၏ သမ္မတသက်တမ်းကာလအတွင်းတွင် စီမံကိန်းကို ပြန်လည်စတင်မည်မဟုတ် ဟု ပြောခဲ့သော်လည်း တရုပ်ဖက်ကမူ နောက်ဆုံးတွင်လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် မျှော်လင့်နေကြောင်းကို ရှင်းလင်းစွာပင် ထုတ်ဖော်ပြော ခဲ့သည်။ CPI က စီမံကိန်းလုပ်ငန်းခွင်တွင် ၀န်ထမ်း အဖွဲ့ငယ်တခု ဆက်လက်ထားရှိကြောင်းလည်း သိရသည်။

Credit By - http://burma.irrawaddy.org/article/2013/11/08/50678.html

မီတာခ လျှော့ချရေး အရေးကြီးအဆို ကန့်ကွက်သူမရှိ

သတင်း

မီတာခ လျှော့ချရေး အရေးကြီးအဆို ကန့်ကွက်သူမရှိ

ဧရာဝတီ၊ နိုဝင်ဘာ ၈၊ ၂၀၁၃

ပြည်ထောင်စုလွှတ်တော်က တိုးမြှင့်မီတာခများ လျှော့ချရေး အရေးကြီးအဆို တင်သွင်းမှုကို ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြောင်း သိရှိရသည်။

Credit By - The Irrawaddy (Burmese Version)

မန်မာနိုင်ငံသည် စိတ်ကြွဆေး တင်ပို့မှုတွင် ထိပ်ဆုံးနိုင်ငံ အဖြစ် ဦးဆောင် ဧရာဝတီ၊ နိုဝင်ဘာ ၈၊ ၂၀၁၃

မန်မာနိုင်ငံသည် စိတ်ကြွဆေး တင်ပို့မှုတွင် ထိပ်ဆုံးနိုင်ငံ အဖြစ် ဦးဆောင်
ဧရာဝတီ၊ နိုဝင်ဘာ ၈၊ ၂၀၁၃

မြန်မာနိုင်ငံသည် ၂၀၁၂ ခုနှစ် အတွင်း စိတ်ကြွဆေးပြားတင်ပို့သည့်နိုင်ငံများတွင် ထိပ်ဆုံးနိုင်ငံအဖြစ် ဦးဆောင် လျက်ရှိကြောင်း ကုသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇ၀တ်မှု ဆိုင်ရာရုံး (UNODC) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ ယင်း အစီရင်ခံစာအရ မီသာဖက်တမင်း ဆေးပြား ၂၂၇ သန်းကျော် ဖမ်းဆီးရမိခဲ့ပြီး၊ ယမန်နှစ်ကထက် ၅၉ ရာခိုင်နှုန်း ပိုတိုးလာကြောင်း၊ ၂၀၀၈ ခုနှစ်ကထက် ၇ ဆ များပြားလာကြောင်း သိရှိရသည်။

Credit By - The Irrawaddy (Burmese Version)

မြန်မာ့ငွေဈေး (8.11.2013 10:00AM)


မြန်မာ့ငွေဈေး (8.11.2013 10:00AM)

ဝယ်ဈေး ရောင်းဈေး
1 အမေရိကန် USD = Ks 967(~) Ks 975(~)
1 စင်္ကာပူ SGD = Ks 775(~) Ks 785(~)
1 ဥရောပငွေ EUR = Ks 1304(~) Ks 1321(~)

ကမ္ဘာ့ငွေဈေး(8.11.2013 10:00AM)
************************
USD 1 ဒေါ်လာနှင့်ညီမျှငွေ
စင်ကာပူ SGD 1.2421(-0.0009)
ထိုင်း Baht 31.3150(+0.0600)
မလေးရှား Ringgit 3.1845(+0.0037)
တရုတ် Yuan 6.0918 (-0.0011)
အိန္ဒိယ Rupee 62.6095(+0.1295)
ဘင်္ဂလားဒေ့ရှ် Taka 77.8300 (+0.1000)
တောင်ကိုရီးယား Won 1061.4500 (+1.4299)
ထိုင်ဝမ် TWD 29.4200 (-0.0090)
ဂျပန် Yen 98.6950 (+0.0475)
ဥရောပငွေ EUR 0.7398 (-0.0002)
ၾသစေၾတးလ် AUD 1.0539 (+0.0040)
အင်္ဂလန် Pound 0.6221(+0.0003)

မြန်မာ့ရွှေဈေး(8.11.2013 10:00AM)
************************
ယမန်နေ့ပိတ်ဈေး
Ks 686,600

ရန်ကုန်စက်သုံးဆီဈေး(8.11.2013 10:00AM)
******************************
Premium Diesel (1L) Ks 960

Diesel (1L) Ks 930

Octane (95) (1L) Ks 1090

Octane (92) (1L) Ks 910

ဓာတ်ဆီ (1L) Ks 814

('ဆိုင်' ပေါ်မူတည်ပြီး ဈေးနှုန်းကွာဟမှုရှိနိုင်ပါသည်။)
Reposted by zu
credit to SkyNet TV Browser
www.facebook.com/mmcities

ဗုံးဖောက်ခွဲမှု အဓိက တရားခံ စောနေတိုးအား နယ်မြေခံရဲ နှင့် အထူးရဲတို့ ပူးပေါင်းဖမ်းရန် စီစဉ်နေ

ဗုံးဖောက်ခွဲမှု အဓိက တရားခံ စောနေတိုးအား နယ်မြေခံရဲ နှင့် အထူးရဲတို့ ပူးပေါင်းဖမ်းရန် စီစဉ်နေ
=========================================
ကျော်မြတ်ဇံ
=========================================
ရန်ကုန် ၊ နိုဝင်ဘာ ၇ ။ ။ရန်ကုန်နှင့်နယ်မြို့တချို့တွင် ဗုံးဖောက်ခွဲ၊ ဗုံး ထောင်မှု များနှင့်ပတ်သက်သည့် အဓိကတရားခံ စောနေတိုးသည် ကရင်ပြည်နယ်တွင် ရှောင်တိမ်း ထွက်ပြေးနေကြောင်း သတင်းရရှိ ထားပြီဖြစ်၍ နယ်မြေခံရဲတပ်ဖွဲ့နှင့် အထူး ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်း ဖမ်းဆီးရန် ဆောင်ရွက်နေကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးမြင့်အေးက ပြောသည်။

ဖောက်ခွဲမှုများတွင် အဓိက ပါဝင်ပတ်သက် သည့် စောနေတိုး နှင့် အပေါင်အပါများကို ဖမ်းဆီး ရန် ကရင်ပြည်နယ် နယ်မြေခံရဲ တပ်ဖွဲ့နှင့် အထူးရဲတပ်ဖွဲ့တို့ ပူး ပေါင်းကာ လူအင်အား၊ လက်နက် အင်အားများဖြင့် အလုံးအရင်း ဝင်ရောက်ပြီး တရားခံ ကို ဖမ်းဆီး သွားမည်ဖြစ်ကြောင်း၊ ၎င်းတို့အ နေဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ပြန် လည်ခုခံနိုင်သည့် အခြေအနေ ရှိ မရှိကိုလည်း စုံစမ်းထောက် လှမ်းနေပြီး သတင်းအချက်အ လက်ခိုင်လုံပါက အဆိုပါတရား ခံနှင့် ပါဝင်ပတ်သက် သူများ က အမြန်ဆုံး ဖမ်းဆီးနိုင်ရန် စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းအပြည့်အစုံသို့=>http://goo.gl/IwnyKq

11/6/13

အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု ခွဲဝေမှု

အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု ခွဲဝေမှု

အုပ်စု(က)
မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်။

အုပ်စု(ခ)
ထိုင်း၊ လာအို၊ မလေးရှား၊ တီမော။

Credit By - Soccer Myanmar

Redlink မှ Wifi တပ်ဆင်ပေးနေမှု နိုဝင်ဘာတတိယပတ်အတွင်း ပြီးစီးမည်

Redlink မှ Wifi တပ်ဆင်ပေးနေမှု နိုဝင်ဘာတတိယပတ်အတွင်း ပြီးစီးမည်

[ မင်း သန့် ၊ ရနု ကုန် ၊ နိုဝင်ဘာ ၅ ]

ဆီးဂိမ်းပြိုင် ပွဲ လက်ခံကျင်းပမည့် အားကစား ရုံများတွင် WIFI ထုတ်လွှင့်ပေး နိုင်ရန် နည်းပညာပစ္စည်းများတပ် ဆင်မှုမှာ နိုဝင်ဘာတတိယပတ် တွင် အပြီးသတ်နိုင်လိမ့်မည်ဟု သိရသည်။မြန်မာနိုင်ငံက ဒီဇင်ဘာ ၁ရက်မှစတင်ကာ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲကို နေ ပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ငွေဆောင်တို့တွင်ကျင်းပမည်ဖြစ် ပြီး ရန်ကုန်နှင့်ငွေဆောင်တို့တွင် ကျင်းပမည့် အားကစားပြိုင်ပွဲများ အတွက် WIFI ထုတ်လွှင့်ပေးရန် တာဝန်ယူထားသည့် Redlink က ယခုလ တတိယပတ်အတွင်း ပြီး စီးနိုင်လိမ့်မည်ဟု ဆိုခဲ့ခြင်းဖြစ် သည်။

Redlink ၏ Sale & Marketing လက်ထောက်အထွေ ထွေမန်နေဂျာ ဦးမျိုးမြင့်ညွန့်က ''ဆီးဂိမ်းမှာ ကျွန်တော်တို့ တာဝန် ယူပေးထားတဲ့နေရာတွေမှာ Wifi ထုတ်လွှင့်ပေးနိုင်ဖို့ နည်းပညာ ပစ္စည်းတွေတပ်ဆင်နေမှုက ဒီလ တတိယပတ်အတွင်း အပြီးသတ် နိုင်မှာဖြစ်တယ်''ဟု ပြောသည်။
ျွနိုငညုအနေဖြင့် ရန်ကုန် မြို့တွင် အဓိက Wifi ထုတ်လွှင့် ပေးရမည့်နေရာမှာ သုဝဏ္ဏအား ကစားကွင်းတွင်ပြုလုပ်မည့် ဘော လုံးပြိုင်ပွဲဖြစ်သည်။
ယင်းကွင်းတွင် Wifi ထုတ် လွှင့်ပေးနိုင်ရန် အောက်တိုဘာ လဆန်းမှစတင်ကာ တပ်ဆင်မှု ပြုလုပ်နေခြင်းဖြစ်ကြောင်း သိရ သည်။

သုဝဏ္ဏကွင်းရုံမှတာဝန် ရှိသူတစ်ဦးက ''အောက်တိုဘာ ၉ရက်ကတည်းက Wifi ထုတ်လွှင့် ပေးနိုင်ဖို့အတွက် တပ်ဆင်ပေး နေတာပါ။ အခုအချိန်အထိတော့ မပြီးသေးပါဘူး။ ဘောလုံးတစ် ကွင်းလုံးကို Wifi ထုတ်လွှင့်ပေး သွားမှာဖြစ်တယ်။ မီဒီယာစင်တာ အတွက် အင်တာနက်သုံးစွဲမှုမှာ လဲ အရင်ကထက် ပိုကောင်းတဲ့ Bandwidth ကိုရရှိမှာဖြစ်ပါတယ်။ အခုဆိုရင် အထူးတန်းပွဲကြည့် စင်မှာရော အရှေ့ဘက်ပွဲကြည့် စင်မှာရော Network တပ်ဆင် မှုတွေက ပြီးစီးနေပါပြီ။ နိုဝင် ဘာ ၂ဝရက်လောက်မှာတော့ ပြီးစီးနိုင်မယ်လို့ သိရတယ်''ဟု ပြောသည်။

Credit By - Yangon Media Group

ဆီးဂိမ်းမဲခွဲပွဲ အမျိုးသားဘောလုံး အုပ်စုများ ထွက်ပေါ်

ဆီးဂိမ်းမဲခွဲပွဲ အမျိုးသားဘောလုံး အုပ်စုများ ထွက်ပေါ်

ဆီးဂိမ်း ပြိုင်ပွဲ၏ မဲခွဲပွဲစဉ်များကို နေပြည်တော် ၀ဏ္ဏသိဒ္ဓိကွင်းတွင် ကျင်းပရာ အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု
မဲခွဲပွဲ အပြီးတွင် အိမ်ရှင်မြန်မာအသင်းမှာ အုပ်စု (ခ) တွင် အင်ဒို၊ တီမော၊ ထိုင်း၊ ကမ္ဘောဒီးယား တို့နှင့် အတူ ကျရောက်ခဲ့ပြီး တစ်ဘက်အုပ်စု (က)တွင် လက်ရှိချန်ပီယံ မလေးရှားမှာ ၊စင်ကာပူ၊
ဗီယက်နမ်၊လာအို၊ ဘရူနိုင်း ၊ဖိလစ်ပိုင် တို့နှင့် အုပ်စု ကျပ်အတွင်း
ကျရောက်နေကြောင်းသိရသည်။

အမျိုးသမီး ပွဲစဉ်များ မဲ ခွဲပွဲ အပြီးတွင် မြန်မာအမျိုးသမီး အသင်းမှာ အုပ်စု (က) တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့နှင့် ကျရောက်ခဲ့ပြီး အုပ်စု (ခ)တွင် ထိုင်း၊ လာအို၊ မလေးရှားနှင့် တီမောတို့ ကျရောက်နေသည်။

အမျိုးသား ဖူဆယ် ပြိုင်ပွဲ မဲခွဲပွဲအပြီးတွင် အုပ်စု(က) မြန်မာ၊ အင်းဒိုနီးရှား၊ မလေရှားပါဝင်ပြီး အုပ်စု (ခ) တွင်
ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ဘရူနိုင်း ပါဝင်သည်။

အမျိုးသမီး ဖူဆယ်ပြိုင်ပွဲကိုမူ မြန်မာ ၊ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့ ပတ်လည်စနစ်ဖြင့်
ကစားကြမည်ဖြစ်သည်။

Reposted by Junia Min
Credit By - မဇ္ဈိမသတင်းဌာန

ကျောက်တံတားမြို့နယ်၊ (၂)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား



ရန်ကုန်၊ နိုဝင်ဘာ ၆

၆.၁၁.၂၀၁၃ရက်နေ့ ၀၀၁၅အချိန်တွင် ကျောက်တံတားမြို့နယ်၊ (၂)ရပ်ကွက်၊ (၃၄)လမ်းနေ ဦးကျော်ဇေယျ (ဘ)ဦးညွန့်ဦး၏နေအိမ်တွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အဆိုပါနေရာသို့ မီးသတ်ယာဉ် (၃)စီးဖြင့် မီးငြိမ်းသတ်ခဲ့ရာ ၀၀၂၅အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။

မီးလောင်မှုနှင့်ပတ်သက်၍ စစ်ဆေးရာ နေအိမ်ထပ်ခိုးတွင် ၂ ပေမီးချောင်းအား လူမရှိဘဲထွန်းထားရာမှ ၀ါယာကြိုးများရှော့ဖြစ်ကာ အနီးရှိမွေ့ယာများ၊စောင်များနှင့် လျှပ်စစ်ပေါင်မုန့်ဖုတ်စက်တို့အား မီးလောင်ကျွမ်းခဲ့၍ တန်ဘိုးငွေကျပ် (၅၀၀၀၀)ခန့်ဆုံးရှုံးခဲ့သဖြင့် လျှပ်စစ်မီးအား ပေါ့ဆစွာသုံးစွဲသူ ဦးကျော်ဇေယျအား
ကျောက်တံတားမြို့မရဲစခန်း(ပ)၃၉၅/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit By - Yangon Police

ရထားလမ်းဖြတ်ကူးသူ အမျိုးသားတစ်ဦး ရထားတိုက်မိသေဆုံး


ရန်ကုန်၊ နိုဝင်ဘာ ၆

၅.၁၁.၂၀၁၃ရက်နေ့ ၁၈၅၅အချိန်တွင် ကမာရွတ်မြို့နယ်၊ (၇)ရပ်ကွက်၊နာနတ်တောခုံးကျော်တံတားအောက်တွင် လှည်းတန်းဘူတာဘက်မှ ဟံသာဝတီဘူတာဘက်သို့ 
စက်ခေါင်းမောင်း ဦးတင်မောင်ရွှေ မောင်းနှင်လာသည့်
စက်ခေါင်းအမှတ် DD- 9346 အထူးမြို့ပတ်ရထားသည်
မိုင်တိုင်အမှတ် ၄/၁၃ အရောက်၌ ရထားသံလမ်းအားဖြတ်ကူးသူ မျိုးအောင်(ခ)အငဲကြီး (ဘ)ဦးစိန်အောင်၊ (၇)ရပ်ကွက်၊ ကမာရွတ်မြို့နယ်နေသူအား တိုက်မိသဖြင့် ဦးခေါင်းနှင့် ၀ဲလက်ကောက်ဝတ်ပြတ်သေဆုံးသွားသဖြင့်ကမာရွတ်မြို့မရဲစခန်းသေမှုသေခင်း အမှတ်စဉ် (၁၃/၂၀၁၃)ဖြင့်
ရေးဖွင့်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit By - Yangon Police

ကိုယ့်ကိုယ်ကိုယ် လေလံတင်တဲ့ ရုရှားဆယ်ကျော်သက်

 ရုရှားက ဆယ်ကျော်သက် Shatuniha ဆိုသူက အွန်လိုင်းမှာ တစုံတရာကို လေလံတင်လိုက်ပါတယ်။

(ဂူဂဲလ်မှာ သူ့နာမည်ထည့်ရှာလိုက်ရင် သူ့ပုံတွေ တွေ့ရပါလိမ့်မယ်)

ကမ္ဘာပေါ် ထောင်သောင်းသိန်းသန်းသောသူတွေ လေလံပွဲမှာ ပါဝင်ပတ်သက်နေတဲ့ ဒါများ ဘာဆန်းသလဲဆိုတော့ .... ဆန်းပါတယ်၊ သူလေလံတင်တာက 
သူ့အပျိုစင် လို့ ဆိုတယ်။
ခေါ်ထားတဲ့ဈေးကတော့ ဒေါ်လာ သုံးသောင်း။

ပိုက်ဆံ အသည်းအသန် လိုနေတယ်၊ ဒါကြောင့် ပိုင်ဆိုင်မှုထဲက တန်ဘိုးအကြီးဆုံးကို လေလံတင်တာပါ၊ (လေလံအောင်မယ့်သူကို?) တွေ့ဖို့ အသင့်ပဲ၊ မနက်ဖြန်တောင် တွေ့လို့ ရပါတယ်
လို့ သူက ဆိုထားကြောင်း သတင်းမှာ တွေ့ရပါတယ်။

Evgeniy Volnov ဆိုတဲ့ အမျိုးသားက လေလံအောင်သွားပါတယ် တဲ့။

သူတို့ဆီမှာ ဒီ လေလံတင်ခြင်းက ဥပဒေနဲ့ ငြိစွန်းခြင်း မရှိဘူးလို့ ဆိုတယ်။

လွန်ခဲ့တဲ့ ၂ ရက်က ထွက်ခဲ့တဲ့သတင်း ဖြစ်ပါတယ်။ နောက်ထပ် ဘာတွေ ဆက်ဖြစ်တယ်ဆိုတာတော့ မသိရပါ။

ဒီလိုမျိုး လေလံတင်ခြင်း လေလံဆွဲခြင်းခြင်းက ဒေသတချို့မှာတော့  ဥပဒေနဲ့ ငြိစွန်းဖွယ်ရှိနေပါတယ်။

11/5/13

ဆောက်လုပ်ရေးနှင့် ရေနံ တူးဖော်ရန် အမေရိကန် - မြန်မာ ဖက်စပ်ကုမ္ပဏီ ဒေါ်လာသန်း ၂၀၀ ကျော် မြှုပ်နှံ


ဆောက်လုပ်ရေးနှင့် ရေနံ တူးဖော်ရန် အမေရိကန် - မြန်မာ ဖက်စပ်ကုမ္ပဏီ ဒေါ်လာသန်း ၂၀၀ ကျော် မြှုပ်နှံ

မြန်မာနိုင်ငံတွင် ဆောက်လုပ်ရေးနှင့် ရေနံ တူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် အမေရိကန်- မြန်မာ ဖက်စပ်ကုမ္ပဏီ Young Holloman က အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း Young Investment Group မှ အထွေထွေမန်နေဂျာ ဦးအောင်ဝင်းက ပြောကြားသည်။

Young Investment ကို အမေရိကန် ပြည်ထောင်စု အခြေစိုက် Holloman Corporation နှင့် ပြည်တွင်းမှ Young Investment Group တို့ ပူးပေါင်း တည်ထောင်ထားခြင်း ဖြစ်ပြီး အဆိုပါ ကုမ္ပဏီ ရုံးခန်းကို နိုဝင်ဘာလ ၄ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

Young Holloman ကုမ္ပဏီသည် လက်ရှိတွင် ချင်းတွင်းဒေသနှင့် တောင်ငူမြို့ ဝန်းကျင်ရှိ ပဲခူးရိုးမတို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်းတွင်းပိုင်း လုပ်ကွက်နှစ်ခု လုပ်ကိုင်ရန် စွမ်းအင်ဝန်ကြီးဌာနမှ ခွင့်ပြုချက် ရရှိထားပြီး ဒေါ်လာသန်း ၁၃၀ ခန့် အသုံးပြုသွားမည် ဖြစ်ကြောင်း ဦးအောင်ဝင်းက ရှင်းပြသည်။
“ရေနံလုပ်ကွက် တစ်ခုအတွက် ဒေါ်လာ ၆၅ သန်း သုံးမယ်။ ဆောက်လုပ်ရေး လုပ်ငန်းအတွက် ဒေါ်လာ သန်း ၁၀၀ နဲ့အထက် သုံးသွားမယ်” ဟု ၎င်းကဆိုသည်။

ဆောက်လုပ်ရေး လုပ်ငန်းများကို အဓိက လုပ်ကိုင်ရန် ရည်ရွယ်၍ တည်ထောင်ခြင်း ဖြစ်ပြီး ပြည်တွင်းတွင် ဘိလပ်မြေ စက်ရုံတစ်ခု တည်ဆောက်ရန် စီစဉ်ထားကြောင်း Holloman ကုမ္ပဏီထံမှ သိရသည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေး လုပ်ငန်းနှင့် ဆောက်လုပ်ရေး လုပ်ငန်းများကို လုပ်ကိုင်သည့် Holloman Corporation ကို ၁၉၆၀ ပြည့်နှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သြစတြေးလျ၊ ပါပူဝါနယူးဂီနီနှင့် ရုရှားနိုင်ငံတို့တွင် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည်။

From - The Voice Weekly

Facebook 3.9 နောက်ဆုံး update

Facebook 3.9 နောက်ဆုံး update
Download Link - https://app.box.com/s/1gfnf8a0vlf48ybnak33

အမြန်လမ်းမကြီးပေါ် ကိုယ်ပိုင်ယာဉ်တစ်စီးတိမ်းမှောက် နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ


အမြန်လမ်းမကြီးပေါ် ကိုယ်ပိုင်ယာဉ်တစ်စီးတိမ်းမှောက် နှစ်ဦးသေ၊ သုံးဦးဒဏ်ရာရ
Tuesday, November 5, 2013

မင်္ဂလာဆောင်အပြန် လူငါးဦး ပါ ကိုယ်ပိုင်ပရာဒိုကားတစ်စီး ယာဉ်မောင်းအိပ်ငိုက်၍ တိမ်းမှောက်သဖြင့် ယာဉ်မောင်းအပါအဝင် နှစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာပြင်း ထန်စွာရရှိခဲ့ကြောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင် အုတ်တွင်း မြို့နယ်တွင် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးမြို့မှ ရန်ကုန်သို့အပြန် ယာဉ်မောင်း ခင်မောင်ကျော် (၄၄ နှစ်) ကျောင်း တော်ရာ ပွင့်ဖြူမြို့နယ် မောင်းနှင် လာသော ကိုယ်ပိုင်ပရာဒိုကား အမှတ် ၃ဃ/--- သည် နိုဝင်ဘာ ၄ ရက် နံနက် ၅ နာရီက အမြန် လမ်းမကြီး အုတ်တွင်းမြို့နယ် မိုင် တိုင်အမှတ် (၁၂၁/၂နှင့် ၁၂၁/၃) အကြားအရောက် ယာဉ်မောင်း အိပ်ငိုက်ရာမှ လမ်းလယ်ရှိကွန် ကရစ်ကျွန်းတိုင်များကို တိုက်မိပြီး ယာဉ်တိမ်းမှောက်သွားသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ် မောင်း ခင်မောင်ကျော်၊ ဦးဇော်လွင်၊ ဒေါ်ထွေးယုံ၊ ဒေါ်သိန်းသိန်းနှင့် မဖူးပွင့်သက်တို့သည် ပြင်းထန်စွာ ဒဏ်ရာများရရှိကာ ဖြူးပြည်သူ့ ဆေးရုံကြီး အရောက်တွင် ယာဉ်မောင်း ခင်မောင်ကျော်နှင့် ဦးဇော်လွင်တို့နှစ်ဦးသည် ဒဏ်ရာ များဖြင့်သေဆုံးသွားကြပြီး ကျန် လူနာများကို ရန်ကုန်မြို့သို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုသတင်းရလျှင်ရချင်း အမြန်လမ်းမကြီး ၁၁၅ မိုင်ရှိ မြန်မာနိုင်ငံကြက်ခြေနီအသင်း အရေးပေါ်ရှေးဦးပြုစုခြင်းစခန်းမှ လူနာတင်ယာဉ်တစ်စီးနှင့် တာဝန်ခံ ဒေါ်သန်းသန်းမြင့်နှင့် အဖွဲ့၊ ၁၂၂ မိုင်ရှိ အာရောဂျံခြံမှ ဦးကိုကိုကြီး နှင့် ကုသိုလ်ဖြစ် လူနာတင်ယာဉ် တစ်စီးနှင့် ဗောဓိကုန်းရဲစခန်းမှ လူနာတင်ယာဉ်တစ်စီးတို့ ရောက်ရှိ ကြပြီး လူနာများကို ဖြူးဆေးရုံကြီးသို့ တင်ပို့ခဲ့ကြသည်။ အမှုကို အမြန် လမ်းမကြီး ဗောဓိကုန်းရဲစခန်းက အရေးယူထားကြောင်း သိရ သည်။

ကျော်လှ(တောင်ငူ)
Myanmaalinn

Credit - Myanmar Online News

iOS 7 တွင် Jailbreak မလိုဘဲ Zawgyi Font သွင်းနိုင်ပြီ



iOS 7 တွင် Jailbreak မလိုဘဲ Zawgyi Font သွင်းနိုင်ပြီ





iOS 7 တွင် jailbreak မလုပ်ပဲ မြန်မာဖောင့်သွင်းနိုင်ပါပြီ 
ဒါပေမယ့် Safari browser တစ်ခုတော့ အဆင်မပြေသေးပါဘူး ။
ကျန်တဲ့ Music , Video , Facebook , Viber , Contact စတဲ့ 
app တွေကိုတော့ လုံးဝ မြန်မာဇော်ဂျီလေး မြန်ရပါပြီ

မိမိရဲ့ iOS 7 Device လေးနဲ့

Safari browser ကိုဖွင့်လိုက်ပြီးတော့ အခု အောက်က လင့်လေးကို 
နှိပ်လိုက်ရင် Auto ဒေါင်းပါလိမ့်မယ် ပြီးရင်တော့
 Zawgyi-One Font ဆိုတာလေးတက်လာရင်
install လုပ်ပေးလိုက်ပါ ဒါဆိုရင်တော့
မြန်မာလိုတွေ အဆင်ပြေသွားပါပြီ 

11/4/13

ဖုန်းထဲကဘဲRootချင်သူများအတွက်Framaroot-1.4.1


ဖုန်းထဲကဘဲRootချင်သူများအတွက်Framaroot-1.4.1

ဒီApkလေးကတော့ ဖုန်းထဲမှာပဲ အလွယ်တကူRootလို့ ရမှာပါ
Rootနိင်တဲ့ အမျိုးအစားတွေကို ကန့် သက်ပေးထားပါတယ်
အောက်မှာကြည့်လိုက်ပါ
Download Link - http://www.solidfiles.com/d/81a4cf9ed3/


Compatibility for Qualcomm devices :
Asus Padfone 1/2
Asus Padfone Infinity
BW T18+ (Fortis Evo)
Cloudfone Thrill 430x
DNS S4504/S4503/S4502
Gigabyte GSmart G1315 Skate
Gigabyte GSmart Rio R1
Google Nexus 4
Highscreen Spark/Blast/Strike/Boost
Huawei Honor Pro (U8950-1)
Huawei U8815/U8816 Ascend G300/G301
Huawei U8825D Ascend G330D
Karbonn Titanium S5
LG L7 II P710/P714/P715
LG Optimus G E970
LG Optimus L3 II E425
LG Optimus L5 E610/612/615
LG Optimus L7 P700/Р705
MEDION LIFE P4013
Micromax A111 Canvas Doodle
Orange Nivo
Samsung Galaxy Win I8552
Sharp Aquos Phone SH930W
Sony Xperia E C1505/Dual C1605
Sony Xperia L C210X
teXet TM-3204R
teXet TM-4677
ZTE V880G/ZTE V955
Waiting feedbacks ...

Compatibility for Samsung devices :
Samsung Galaxy Core GT-I8262
Samsung Galaxy Proclaim S720C
Samsung Galaxy Young GT-S6312/GT-S6310
Samsung Lightray SCH-R940
Waiting feedbacks ...

Compatibility for Exynos devices :
AT&T Galaxy Note 2 SGH-I317
Highscreen Explosion
Impression 9702 (Exynos 4412)
Lenovo K860
Newman N2
Samsung Galaxy Camera EK-GC100
Samsung Galaxy Note 10.1 GT-N8000, GT-N8010, GT-N8013, GT-N8020
Samsung Galaxy Note 2 GT-N7100
Samsung Galaxy Note 2 LTE GT-N7105
Samsung Galaxy Note 8.0
Samsung Galaxy Note GT-N7000
Samsung Galaxy S GT-i9000
Samsung Galaxy S2 AT&T SGH-I777
Samsung Galaxy S2 Epic 4G Touch - SPH-D710
Samsung Galaxy S2 GT-I9100
Samsung Galaxy S3 GT-I9300
Samsung Galaxy S3 LTE GT-I9305
Samsung Galaxy Tab Plus GT-P6200/GT-P6210
Samsung Galaxy Tab 7.7 GT-P6800/GT-P6810
Samsung SGH-i997 Infuse 4G
T-Mobile Galaxy Note 2 T-889
Verizon Galaxy Note 2 SCH-I605
iBerry Auxus CoreX2 3G and CoreX4 3G

Compatibility for Omap36XX devices :
Archos Gen8
Cliq 2 MB611
Coolpad Quattro 4G
Droid 2 (a955)
Droid 2 Global (a956)
Droid X (MB810)
LG Marquee LS855
LG P970 Optimus Black
Motorola DEFY+ (MB525 / MB526)
Motorola Droid PRO
Motorola Droid X
Parrot ASTEROID Smart
R2D2 (a957)



Android ဖုန်းအားလုံးကို အမြန်ဆုံး Root နိုင်တဲ့ VRoot v1.7.2


Android ဖုန်းအားလုံးကို အမြန်ဆုံး Root နိုင်တဲ့ VRoot v1.7.2

Android ဖုန်းတွေမှာ မြန်မာစာ ထည့်ဖို့သော်လည်းကောင်း၊ Firmwares, ROM ပြောင်းဖို့ရန် သော် လည်းကောင်း Root လုပ်ဖို့ လိုအပ်လာကြပါတယ်။ Root Tool တွေ အများကြီးရှိတဲ့အထဲကမှ အင်မတန် မြန်ဆန်တဲ့ ၅ စက္ကန့်အတွင်း root လုပ်နိုင်ပါတယ်ဆိုတဲ့ VRoot ရဲ့ နောက်ဆုံး ထွက် version 1.7.2 လေးပါ။ .exe ဖိုင်လေးကို ကွန်ပျူတာတွင် install လုပ်ပါ။ ဖုန်းကို ကွန်ပျူတာနဲ့ ချိပ်ဆက်ပြီးတာနဲ့ click နှိပ်လိုက်တာနဲ့ အမြန်ဆုံး Root Access ရသွားတာကို တွေ့ရမှာပါ။ ကဲ ပြောနေတာ ကြာပါတယ်ဗျာ။ Android ဖုန်းပိုင်ရှင်များ Root မလုပ်ရသေးရင် Root Access ရအောင် အမြန်ဆုံး ဒေါင်းလိုက်ကြစို့ဗျာ။

VRoot v1.7.2 ဒေါင်းယူရန်

ကျေးဇူးတင်စွာဖြင့်
မောင်မင်းသိန်း(ရန်ကုန်)
iTFree4U
From - http://www.itfree4u.net/2013/11/android-root-vroot-v172.html

လောကနန္ဒာ ဘေးမဲ့ဥယျာဉ်အတွင်း WCS မှ ပညာရှင်များက ကြယ်လိပ်များအား သုတေသန ပုလုပ်နေစဉ် (ဓာတ်ပုံ-ကိုဉာဏ်(တောင်သာ))


လောကနန္ဒာ ဘေးမဲ့ဥယျာဉ်အတွင်း WCS မှ ပညာရှင်များက ကြယ်လိပ်များအား သုတေသန ပုလုပ်နေစဉ် (ဓာတ်ပုံ-ကိုဉာဏ်(တောင်သာ))

အမေရိကန်နိုင်ငံ၊ နယူးယောက် အခြေစိုက် သားငှက် ထိန်းသိမ်းရေးအဖွဲ့ WCS မှ တိရစ္ဆာန် ဆေးကုသရေး ကျွမ်းကျင်သူများ၊ အဏုဇီဝ ရောဂါရှာဖွေရေး ကျွမ်းကျင်သူများ၊ ကွင်းဆင်း သုတေသီများနှင့် မြန်မာနိုင်ငံ အခြေစိုက် သားငှက်ထိန်းသိမ်းရေးအဖွဲ့ WCS မှ လိပ်ထိန်းသိမ်းရေး သုတေသီများ လိုက်ပါလျက် ပုဂံလောကနန္ဒာ ဘေးမဲ့ဥယျာဉ်နှင့် နွားထိုးကြီး၊ နောင်ချိုမြို့များရှိ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် ကယ်တင်ရေး စခန်းများမှ လိပ်များအား အောက်တိုဘာ တတိယပတ်အတွင်း သုတေသနပြု လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

လိပ်ကျွမ်းကျင် ပညာရှင် ၁၅ ဦး ပါဝင်သော အဖွဲ့သည် နွားထိုးကြီး မင်းစုံတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောမှ ပုဂံလောကနန္ဒာ ဘေးမဲ့ဥယျာဉ်သို့ အောက်တိုဘာ ၁၆ ရက်တွင် ရောက်ရှိလာပြီး မြန်မာကြယ်လိပ်များ၏ ကျန်းမာရေး အခြေအနေကို သိရှိနိုင်ရန် သွေး၊ မစင်၊ တံတွေး နမူနာများ ကောက်ယူဓာတ်ခွဲ စမ်းသပ်လေ့လာမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အဖွဲ့သည် ရှမ်းပြည်နယ် နောင်ချိုမြို့နယ် သစ်တောဦးစီးဌာန ဘန့်ဘွေးပျိုးဥယျာဉ်ရှိ လိပ်များကယ်တင် စောင့်ရှောက်ရေး စခန်းမှ လိပ်ဝါများနှင့် နွားထိုးကြီး မင်းစုံတောင်မှ မြန်မာ့ကြယ်လိပ်များ၏ သွေး၊ မစင်နှင့် တံတွေးနမူနာများ ကောက်ယူစုဆောင်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကြယ်လိပ် Burmese Star Tortoise ; Geochelone platynota သည် မြန်မာ့ဌာနေရင်းဖွား မျိုးစိတ်ဖြစ်ပြီး သဘာဝတောများတွင် အရေအတွက် ကျဆင်းလျက်ရှိကာ ယခင်က မျိုးသုဉ်းရန် အခြေအနေအထိ ဖြစ်ခဲ့ရာမှ သဘာဝပတ်ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာနခွဲ လက်အောက်ရှိ ဘေးမဲ့တောများ၊ တိရစ္ဆာန်များ ဥယျာဉ်ဌာန လက်အောက်ရှိ တိရစ္ဆာန် ဥယျာဉ်ခြံများတွင် အနီးကပ် စောင့်ရှောက်မွေးမြူခဲ့ရာ နှစ်စဉ် အကောင်ရေ တိုးတက်ပေါက်ပွား လျက်ရှိပြီး သဘာဝ တောတောင်ရေမြေများ အတွင်းသို့ မကြာမီ ပြန်လည်လွှတ်ပေး နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သုတေသန အဖွဲ့သည် ပုဂံလောကနန္ဒာ ဘေးမဲ့ဥယျာဉ်တွင် အောက်တိုဘာ ၂၂ ရက်အထိ လေ့လာစမ်းသပ်မှုများ ပြုလုပ်မည်ဟု သိရသည်။

လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများကို ဒေသခံများက ကြိုဆိုနေကြစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)


လိုင်ဇာထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူများကို ဒေသခံများက ကြိုဆိုနေကြစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်အပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောတူညီချက်တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်နိုင်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခြင်း၊ ဖက်ဒရယ် တပ်မတော် တည်ဆောက်ရေးနှင့် စာချုပ်တွင် သမ္မတအပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပါဝင်လက်မှတ် ရေးထိုးရန် အချက်များ ပါဝင်ကြောင်း သိရသည်။

''ဖက်ဒရယ် တပ်မတော်နဲ့ ပတ်သက်ပြီး ခြုံပြောရရင် တပ်မတော်က အရပ်ဘက်အုပ်ချုပ်မှု အောက်မှာ ရှိရမယ်ဆိုတဲ့ အချက်လေးတွေ ပါလာမယ်။ နောက်ပြီးတော့ ချင်းမိုင်ညီလာခံမှာတုန်းက တင်ထားတာရှိတယ်။ ဥပမာပြည်ထောင်စုကို ကာကွယ်ရမယ့် တာဝန်ပဲယူရမယ်။ ကျန်တာမယူရဘူး။ နောက်ပြီးတော့ ဥပဒေ ထိန်းသိမ်းရေး၊ တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်ရှိတဲ့ ရဲတပ်ဖွဲ့နဲ့ တာဝန်ချင်း မတူတဲ့အတွက်၊ အလုပ်မတူတဲ့ အတွက် ရဲတပ်ဖွဲ့နဲ့ ခွဲခြားထားရမယ်'' ဟု (UNFC) ၏ တွဲဖက် အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက နိုဝင်ဘာ ၁ ရက် ညဦးပိုင်းက ပြောကြားသည်။

ထို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးရာ၌ အစိုးရဘက်မှ သမ္မတ၊ ဒုတိယသမ္မတ နှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ရှေ့နေချုပ်၊ တရားသူကြီးချုပ်တို့ ပါဝင်ရမည်ဟု ဖော်ပြထားကြောင်း သိရသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ဘက်ကမူ ဥက္ကဋ္ဌ(သို့မဟုတ်) ဒုတိယဥက္ကဋ္ဌ (သို့မဟုတ်) အတွင်းရေးမှူးများ၊ စစ်ဦးစီးချုပ် (သို့မဟုတ်) ဒုတိယ စစ်ဦးစီးချုပ်များ ပါဝင်မည်ဟု သိရသည်။ အခြားပါဝင် လက်မှတ်ရေးထိုး သင့်သည်များ စာရင်းတွင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၊ နိုင်ငံတကာ ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီမှ ခေါင်းဆောင်များ ပါဝင်သင့်ကြောင်း ရေးသားထားသည်ဟု ဆိုသည်။

''နိုင်ငံရေးပါတီ ခေါင်းဆောင်တွေလည်း သက်သေအဖြစ် ပါဝင်လက်မှတ် ထိုးသင့်တယ်လို့ အဆိုပြု ထားတာလည်း ရှိပါတယ်'' ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးရမည့်သူများ လျာထားသတ်မှတ်ချက်မှာ UNFC က အောက်တိုဘာလအတွင်း သဘောတူ ဆုံးဖြတ်ထားသော အပစ်ရပ်ရေးအပေါ် တိုင်းရင်းသား လက်နက်ကိုင်များ၏ ဘုံသဘောထားနှင့် များစွာကွဲလွဲမှု မရှိဘဲ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ တိုင်းရင်းသားများ၏ ဘုံသဘော တူညီချက်တွင် ထိုအချက်ကို ဆက်လက် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။