10/20/13
“သတိပေး ခေါင်းလောင်းသံ”
“သတိပေး ခေါင်းလောင်းသံ”
မနက်ဖြန်ဆို သီတင်းကျွတ်လပြည့်နေ့ကို ရောက်ပါတော့မယ်။
မနက်ဖြန်မှာ ရဟန်းတစ်ပါးအနေနဲ့ မလွဲမသွေ လုပ်ရမယ့် အလုပ်က ပ၀ါရဏာပြုခြင်း။ မြင်လို့ပဲဖြစ်ဖြစ်၊ ကြားလို့ပဲဖြစ်ဖြစ်၊ ယုံမှားသံသယရှိလို့ပဲဖြစ်ဖြစ် တပည့်တော်ကို ဒီအတိုင်း ပစ်တော့ မထားလိုက်ကြပါနဲ့။ ပြောကြ ဆိုကြပါ။ အပြစ်တွေ့ရင် ပြုပြင်သွားပါ့မယ် လို့ သံဃာအားလုံးကို ဖိတ်ကြားရတာ ဖြစ်ပါတယ်။
တစ်ပါးတည်း သုံးကြိမ် ဆိုပြီး ဖိတ်ကြားနိုင်သလို နှစ်ကြိမ်ဆိုပြီး၊ ဒါမှ မဟုတ် တစ်ကြိမ်တည်း ဆိုပြီးလည်းး ဖိတ်ကြားနိုင်ပါတယ်။ အဲလို တစ်ပါးပြီးတစ်ပါး ဆိုပြီး ဖိတ်ကြားတာဟာ သံဃာနည်းလို့ ရှိရင်တော့ အဆင်ပြေပါတယ်။ သံဃာတွေ ရာချီအောင် များနေရင်တော့ တစ်ပါး တစ်ကြိမ်တည်း ဆိုတာတောင်မှ အချိန်တွေ အများကြီး ကြန့်ကြာနိုင်ပါတယ်။ ဒီတော့ သံဃာများတဲ့ အခါမျိုးမှာ အချိန်ကုန် သက်သာအောင်လို့ ၀ါ-အရေအတွက် တူတဲ့ ရဟန်းတွေ တစ်ပြိုင်နက် ဆိုပြီး ပ၀ါရဏာပြုနိုင်အောင်လည်း မြတ်ဗုဒ္ဓက ခွင့်ပြုခဲ့ပါတယ်။ ဥပမာ ဆယ်ဝါရ ရဟန်းတွေ အကုန်လုံး တစ်ပြိုင်နက် ဆိုပြီး ပ၀ါရဏာပြု၊ ပြီးတော့ ကိုးဝါရတွေ ပ၀ါရဏာပြု။ ဒီလိုဆိုတော့ အချိန် သိပ်ပြီး မကြာတော့ဘူးပေါ့။
ပ၀ါရဏာပြုချိန် သိပ်ပြီး မကြန့်ကြာတော့တဲ့အတွက် တစ်ဘက်ကတော့ ကောင်းပါတယ်။ အခြားတစ်ဘက်က ကြည့်ရင်တော့ နှစ်စဉ် နှစ်တိုင်း ကိုယ့်အသက်တွေ ကိုယ့်ဝါတွေကို မစဉ်းစားဘဲ နေလို့ ကို မရနိုင်တော့ပါဘူး။ ဒါကိုတော့ မကောင်းဘူး လို့ပဲ ပြောမလား။ အပ္ပမာဒေန သမ္ပာဒေထ ကို နှစ်လုံးသွင်းပြီး ကောင်းတယ်လို့ပဲ ဆိုမလား။
“တစ်ဝါရ သံဃာတော်များ ပ၀ါရဏာပြုပါဘုရား” နှင့် စတင်ခဲ့တဲ့ ရဟန်းဘ၀ဟာ မနက်ဖြန်ဆိုရင်တော့ နှစ်ဆယ့်လေးဝါရ ဆိုတဲ့ စာရင်းထဲကို ၀င်ပါတော့မယ်။ ပ၀ါရဏာပြုတာဟာ မလွဲမသွေ ပြုရမယ့် ၀ိနည်းကံတစ်ခုကို ပြုနေတာ ဖြစ်သလို သတိပေး ခေါင်းလောင်းသံတစ်ခုကို တစ်နှစ်တစ်ခါ နားထောင်နေရတာပါလား လို့လည်း တွေးတော ဆင်ခြင်မိပါတယ်။
From - Maha Thumana
သူရိယ အလင်း သတင်း စာတိုက် ကို ဗိုလ်ချုပ်မှုးကြီး ဟောင်း မြေး ၀င်စီး
မယ်စကြာ ၀ဠာ ပြိုင် ပွဲ အတွက် မြန်မာ နိုင်ငံ ကိုယ်စား ပြု ရွေးချယ် ခံရ တဲ့ တရုတ် အမျိုး
သမီး မိုးစက်ဝိုင် နဲ့  ပတ်သက် ပြီး သတင်း ဖော် ပြမှု ကို မကျေမချမ်း ဖြစ် ကာ အငြိမ်းစား
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မြေး နေရွှေသွေးအောင် နှင့် စီးပွားကူးသန်း
ဝန်ကြီး ဦးဝင်းမြင့် ၏ သား အပါအ၀င် လူငယ် တစ်စု သည် အောက်တိုဘာ လ ၁၉ ရက်
သီတင်းကျွတ် လပြည့် နေ့ နံနက် အစောပိုင်း အချိန် တွင် ရန်ကုန် မြို့  ကမ္ဘာ အေး ဘုရား
လမ်း ရှိ သူရိယ အလင်း ဂျာနယ် တိုက် ကို ၀င်ရောက် စီးနင်း ပြီး ကွန်ပျုတာ ၁၂ လုံး နှင့်
အခြား အီလက် ထရောနစ် ပစ္စည်း အချို့  ကို သိမ်းဆည်း သွား သည် ဟု သတင်း ရရှိသည်။

သတင်းစာ တိုက် ရှိ လှို့ ဝှက် ရုပ်သံ ဖမ်း ကိရိယာ CCTV ကို လည်း စောင် ၊ စက္ကူ တို ဖြင့် အုပ်
ပြီး စနစ် တကျ လုပ် သွား သည် ဟု ဂျာ နယ် တိုက် နှင့် နီးစပ် သူ တစ်ဦး မှ FNG ကို အတည် ပြု
ပြောသည်။
ပြီး စနစ် တကျ လုပ် သွား သည် ဟု ဂျာ နယ် တိုက် နှင့် နီးစပ် သူ တစ်ဦး မှ FNG ကို အတည် ပြု
ပြောသည်။
ဝင်ရောက် စီနင်းခံ ရသည့် သူရိယ အလင်း သတင်းစာ တိုက်သည် မယ်စကြာ ၀ဠာ ပြိုင် ပွဲ
တွင် မြန်မာ နိုင်ငံ ကိုယ်စား ပြု ၀င်ရောက် ယှဉ်ပြိုင် ခွင့် ရခဲ့သည့် မိုးစက်ဝိုင် နှင့် ပတ်သက် ပြီး
စုံစမ်း ရေးသား မှု များ ကြောင့် နေရွှေသွေးအောင် ၏ အညှိုးထား ခြင်း ကို ခံရသည် ဟု FNG
မှ သိရသည်။
တွင် မြန်မာ နိုင်ငံ ကိုယ်စား ပြု ၀င်ရောက် ယှဉ်ပြိုင် ခွင့် ရခဲ့သည့် မိုးစက်ဝိုင် နှင့် ပတ်သက် ပြီး
စုံစမ်း ရေးသား မှု များ ကြောင့် နေရွှေသွေးအောင် ၏ အညှိုးထား ခြင်း ကို ခံရသည် ဟု FNG
မှ သိရသည်။
မယ်စကြာ ၀ဠာ ပြိုင်ပွဲ ၀င် မိုးစက်ဝိုင် နှင့် နေရွှေသွေးအောင် တို့  မှာ ရင်းနှီးမှု ထက် ပို သည့်
ဆက်ဆံ ရေး ကြောင့် သတင်းစာ တိုက် မှာ ၀င်ရောက် စီးနင်း လုယက် ခံရခြင်း ဟု ရန်ကုန်
သတင်း မီဒီယာ အသိုင်း အ၀ိုင်း က သုံးသပ် ကြသည်။
ဆက်ဆံ ရေး ကြောင့် သတင်းစာ တိုက် မှာ ၀င်ရောက် စီးနင်း လုယက် ခံရခြင်း ဟု ရန်ကုန်
သတင်း မီဒီယာ အသိုင်း အ၀ိုင်း က သုံးသပ် ကြသည်။
နေရွှေသွေးအောင် သည် တက္ကသိုလ်များ ဘောလုံး အဖွဲ့ ချုပ် ချံပီယံ လိဂ် ဖလား အတွက် ဦး
ဆောင် ဦးရွက် မှု ပြုသည် ဟု ဆို ကာ သတင်း မီဒီယာများ တွင် အောက်တိုဘာလဆန်းမှ
စ၍ တ ကျော့ ပြန် ပေါ် လာခဲ့သည်။
ဆောင် ဦးရွက် မှု ပြုသည် ဟု ဆို ကာ သတင်း မီဒီယာများ တွင် အောက်တိုဘာလဆန်းမှ
စ၍ တ ကျော့ ပြန် ပေါ် လာခဲ့သည်။
တိုက်တိုက် ဆိုင်ဆိုင် ပင် နေရွှေသွေးအောင် ၏ အဖိုး ဖြစ်သူ စစ်ခေါင်းဆောင် ဟောင်း
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် ယနေ့  ည တွင် နေ ပြည်တော် ရှိ ၎င်း ၏ နေ အိမ် ဉ် ပြည်ထောင်စု
ကြံ့ခိုင်ရေး နှင့် ဖွံ့  ဖြိုးရေး ပါတီဝင် များ ၏ ကန် တော့ မှု ကို ခံ ယူမည် ဖြစ်သည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် ယနေ့  ည တွင် နေ ပြည်တော် ရှိ ၎င်း ၏ နေ အိမ် ဉ် ပြည်ထောင်စု
ကြံ့ခိုင်ရေး နှင့် ဖွံ့  ဖြိုးရေး ပါတီဝင် များ ၏ ကန် တော့ မှု ကို ခံ ယူမည် ဖြစ်သည်။

မယ်စကြာ ၀ဠာ မိုးစက်ဝိုင် နှင့် ပတ်သက် ပြီး ဂျာနယ် တစ်ခု မှ ဖော်ပြချက်
From - Freedom New Group
From - Freedom New Group
သီတင်းကျွတ်လပြည့်နေ့
သီတင်းကျွတ်လပြည့်နေ့အခါသမယမှာဖြင့် ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့မင်္ဂလာရက်မြတ်နေ့ဖြစ်ပါသည်
လပြည့်နေ့မှာ ကုသိုလ်ကောင်းမှုလေးတွေကို ပြုလုပ်ကျပါတယ်
ကုသိုလ်ကောင်းမှုတွေထဲမှ မေတ္တာကမ္ဘာပရဟိတအဖွဲ့လေးရဲ့
ကုသိုလ်ကောင်းမှု့အမှတ်တရပုံလေးကိုစုစည်းတင်ပြလိုက်ပါတယ် .....
Subscribe to:
Posts (Atom)