သတင်းနှင့်နည်းပညာများ

12/21/13

Gresso ထုတ် ကမ္ဘာ့ ဈေးကြီး Android ဇိမ်ခံစမတ်ဖုန်း Gresso


Gresso ထုတ် ကမ္ဘာ့ ဈေးကြီး Android ဇိမ်ခံစမတ်ဖုန်း Gresso ဆိုတာ ဆွစ်ဇာလန်နိုင်ငံ အခြေဆိုက် ဇိမ်ခံစမတ်ဖုန်း သီးသန့် ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခု ဖြစ်ပါတယ်။ ယခု အသစ် ထုတ်လိုက်တဲ့ စမတ်ဖုန်း ကတော့ Android အမျိုးအစား ဖြစ်ပြီး Gresso Radical Luxury Smartphone လို့ အမည်ပေး ထားပါတယ်။ Android OS 4.1.2 ဗားရှင်းကို ထည့်သွင်းထားပြီး အပြင် Hardware ကြောင့် မို့ အဓိက ဈေးကြီးရတာ ဖြစ်ပါတယ်။ တိုက်တေနီယမ် ကိုယ်ထည်နဲ့ တည်ဆောက်ပြီး တိုက်တေနီယမ် လိုဂို တပ်ဆင်ထားတဲ့ Gresso ကို အမေရိကန်ဒေါ်လာ ၁၈၀၀ နဲ့ ရောင်းပြီး သူ့ကို R1 လို့အမည်ပေး ပါတယ်။ 18K အရည်အသွေး ရွှေပြားနဲ့ ဖန်တီးထားတဲ့ ကိုယ်ထည်သုံး စမတ်ဖုန်းကိုတော့ အမေရိကန်ဒေါ်လာ ၂၃၀၀ သတ်မှတ်ပြီး Radical R2 လို့အမည်ပေး ထားပါတယ်။ 18K အရည်အသွေး ရွှေဖြူ (ပလက်တီနမ်) သုံး Gresso ကိုတော့ R3 လို့အမည်ပေးပြီး အမေရိကန်ဒေါ်လာ ၂၃၀၀ ပါပဲ။ ကင်မရာ 8 Megapixel ရှိပြီး၊ Internal Storage က 36 GB ရှိပါတယ်။ Dual SIM ဖြစ်တာမို့ ကဒ် ၂ ကဒ် support လုပ်မှာ ဖြစ်ပါတယ်။ Hardware ကော၊ အတွင်း Software အပိုင်းကော အခြား Feature များစွာ ပါဝင် နေပါသေး တယ်။ သူ့ကို အော်ဒါမှာယူသူများအတွက် အခမဲ့ အိမ်အရောက်ပို့ပေး တယ်လို့ ဆိုပါတယ်။ ဒါကလည်း ဥရောပနဲ့ အမေရိကန်နိုင်ငံ များအတွက် ပဲ ဖြစ်မှာပါ။ Gresso ဖုန်းရဲ့  အသေးစိတ် အချက်အလက်ကို သူ့ရဲ့  Official Wesite -http://www.gresso.com/catalog/smartphones/မှာဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

အောင်ခမ်း ( ရိုးရာလေး ) .

Ref:YoYarLay

မြန်မာ့ ဂုဏ်ဆောင် မွေလက်ဝှေ့သမားတွေကို ဂုဏ်ပြုလိုက်ပါတယ်။


မြန်မာ့ ဂုဏ်ဆောင် မွေလက်ဝှေ့သမားတွေကို ဂုဏ်ပြုလိုက်ပါတယ်။

ရွှေဆုရှင် စော့ဒါးပို့
( ဆော်တုန်းက ဆော်ပြီး အခုမှ သူဂျီး မဟုတ်သလိုလိုနဲ့)

ရွှေဆုရှင် လှယဉ်မေ
( နံမယ်ကြည့်ပြီး ရမ်းယုံလို့ မရဘူးဆိုတာ အခုတော့ သိပြီ)

ငွေဆုရှင် ဂရေ့ နဲ့ ကြေးဆုရှင် တစ်ဥိးတို့ ဖြစ်ကြပါတယ်။

ဆုပေးပွဲက အောင်ပွဲခံနေကြပုံတွေကို လည်း တင်ပေးလိုက်ပါတယ်။

၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွေကို မတ်လ (၁၂) ရက်မှာ စတင် ဖြေဆို


၂၀၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွေကို မတ်လ (၁၂) ရက်မှာ စတင် ဖြေဆိုရတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဘာသာရပ်များအလိုက် စာမေးပွဲကို မတ်လ (၁၂) ရက်ကနေ (၂၂) ရက်ထိ ဖြေဆိုသွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဖြေဆိုချိန်ကို နံနက် (၉) နာရီကနေ မွန်းတည့် (၁၂) နာရီထိ သတ်မှတ်ထားပြီး ဘာသာရပ်များအလိုက် ဖြေဆိုရမဲ့ နေ့ရက်များမှာ မတ်လ (၁၂) ရက်မှာ မြန်မာစာ၊ (၁၃) ရက်မှာ အင်္ဂလိပ်စာ၊ (၁၄) ရက်မှာ သင်္ချာ၊ (၁၇) ရက်မှာ ဓာတုဗေဒ၊ (၁၈) ရက်မှာ ရူပဗေဒ၊ (၁၉) ရက်မှာ (ဇီဝဗေဒ) နဲ့ ဘောဂဗေဒ၊ (၂၀) ရက်မှာ ပထ၀ီဝင်၊ (၂၁) ရက်မှာ သမိုင်းနဲ့ (၂၂) ရက်မှာ စိတ်ကြိုက် မြန်မာစာတို့ ဖြစ်တယ်လို့ ပညာရေး ၀န်ကြီးဌာနမှ သိရှိရကြောင်း သတင်းရရှိပါသည်။

SKY Net - dth/mps

" Set Top Box များ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုံးခွဲများတွင် အခမဲ့ထုတ်ယူနိုင် "



" Set Top Box များ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရုံးခွဲများတွင် အခမဲ့ထုတ်ယူနိုင် "

MRTV, MITV, လွှတ်တော်ရုပ်သံလိုင်း၊ တိုင်းရင်းသားလူမျိုးများ ရုပ်သံ လိုင်း၊ တောင်သူလယ်သမား ရုပ်သံလိုင်းများကို အခမဲ့ ကြည့်ရှုနိုင်သော Set Top Box များအားလာမည့်နှစ် ဇန်နဝါရီလ ပထမပတ်အတွင်း အခမဲ့ ထုတ် ယူနိုင်ကြောင်း မန္တလေးတိုင်း ဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ညွှန်ကြားမှု ဦးစီးဌာန မှ သတင်းရရှိသည်။

Set Top Box များအား စီးပွား ဖြစ် မဟုတ်သော ဆေးရုံ/ဆေးခန်း များ၊ စီးပွားဖြစ် မဟုတ်သော စာသင်ကျောင်း များ၊ မိဘမဲ့၊ လူအိုရုံ၊ မသန်စွမ်းကျောင်းများ၊ ပြည်သူ့ စာကြည့်တိုက်များ၊ သိပံ္ပ၊ ကောလိပ် တက္ကသိုလ်များ၊ စီးပွားဖြစ် မဟုတ်သော အများပြည်သူ ကြည့်ရှုရာ နေရာများ၊ သာရေး နာရေ လူမှုရေး အသင်းများ၊ အိမ်ထောင်စု တစ်စု လျှင် တစ်လဝင်ငွေကျပ် တစ်သိန်းခွဲအောက် ဖြစ် ပြီး သစ်သား၊ ဝါးအိမ်ဖြင့် နေထိုင်သော အိမ်ထောင်စုများကို အခမဲ့ ဖြန့်ဝေပေး ပြီး မရရှိသေးသော သူများအား မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား ဌာနခွဲ တွင် လာ မည့်နှစ် ဇန်နဝါရီလ အတွင်း အခမဲ့ ထုတ်ယူနိုင်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ညွှန်ကြားမှု ဦးစီးဌာ နမှ သတင်း ထုတ်ပြန်သည်။

Set Top Box များမှ အထက်ပါ လိုင်းငါးလိုင်း အပြင် MRTV 4 နှင့် မြဝတီ ရုပ်သံ ထပ်ဆင့်လွှင့်စက်ရှိသော ဒေသများတွင် နောက်ထပ် ရုပ်သံလိုင်း ၁ဝ လိုင်းကျော် ကို ထပ်မံ၍ အခမဲ့ ကြည့်ရှုနိုင်ပြီး Set Top Box များ တပ် ဆင် ပြီးစီးနေသော ရန်ကုန်၊ နေပြည် တော်၊ မန္တလေး တစ်ဝိုက် ရုပ်သံဖမ်းယူ ကြည့်ရှုနိုင်မည့် မြို့နယ်များ အတွက် ၂ဝ၁၄ ခုနှစ်တွင် Set Top Box များမှ ဖမ်းယူနိုင်သော စက် များအား အသံ လွှင့်စက်ရုံ ၂၂ ရုံတွင် တပ်ဆင် သွားမည် ဖြစ်သည်။ Set Top Box ဖမ်းယူနိုင် သော မြို့နယ် များအား တစ်ပြိုင်နက် အခမဲ့ ဖြန့်ဝေပေးသွား မည်ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိ သည်။

ဖိုးလပြည့်

Popular Myanmar News Journal

ဗိုဗီနမ် မှာ မြန် မာ ရွှေ တံ ဆိပ် ဆု ရှင် အောင် ဇော် သက်


ဗိုဗီနမ် မှာ မြန် မာ ရွှေ တံ ဆိပ် ဆု ရှင် အောင် ဇော် သက်

ဥရောပ ပရီးမီးယားလိဂ်တစ်ခုတွင် မြန်မာလူမျိုး ဘောလုံးသမား ချစ်စန်းကျော် ဝင်ရောက်ကစားနေ


ဥရောပ ပရီးမီးယားလိဂ်တစ်ခုတွင် မြန်မာလူမျိုး ဘောလုံးသမား ချစ်စန်းကျော် ဝင်ရောက်ကစားနေ
======================================
မင်းသန့်
======================================
ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ။ ။ ဖင်လန် ပရီးမီးယားလိဂ်အသင်း တစ် သင်းဖြစ်သည့် KUPS လူငယ် အသင်း တွင် မြန်မာလူမျိုးဘော လုံးသမားတစ်ဦး ဝင်ရောက်က စားနေပြီဖြစ်ကြောင်း သိရသည်။

KUPS ၏ Junior A အ သင်းတွင် Jose အမည်ဖြင့် ကစားလျက်ရှိသူ ချစ်စန်းကျော် သည် ၂၀၁ဝပြည့်နှစ်က ဖင်လန် ယူ-၁၉ အသင်း၏ရွေး ချယ်ခြင်း ကို ခံခဲ့ရသူလည်းဖြစ်သည်။ ယင်းသည် ၁၉၉၅ ခုနှစ်တွင် မွေး ဖွားခဲ့ပြီး အသက်၁၉နှစ်အောက် အသင်းတွင် ၂၀၁ဝပြည့်နှစ် ဇူလိုင်လ က ရွေးချယ်ခံရကာ အသင်းနှင့်အတူ ကာလတိုလေ့ ကျင့်ခွင့်ရခဲ့သူ လည်း ဖြစ်သည်။

ထိုစဉ်က ယင်းနှင့်အတူ လေ့ကျင့်ခွင့်ရခဲ့သူ ကစားသမား အချို့မှာ ယူ-၁၉ ဥရောပချန်ပီ ယံရှစ်တွင် ဖင်လန်နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ သည်ဟုလည်း သိရသည်။

Yangon Media Group

မြန်မာအမျိုးသမီးဘောလုံးအသင်းကို မန္တလေးကဒီလိုအားပေးကျတာ ဂုဏ်ယူပါတယ်ဗျာ ....


မြန်မာအမျိုးသမီးဘောလုံးအသင်းကို မန္တလေးကဒီလိုအားပေးကျတာ ဂုဏ်ယူပါတယ်ဗျာ ....

photo- ကောင်းထက်

စစ်ကိုင်းအုပ်စု ရေကျော်ကျေးရွာနေ ရင်သားကင်ဆာဝေဒနာရှင် မနှင်းဝေလွင်


ဧရာဝတီတိုင်း မအူပင်မြို့နယ် စစ်ကိုင်းအုပ်စု ရေကျော်ကျေးရွာနေ ရင်သားကင်ဆာဝေဒနာရှင် မနှင်းဝေလွင်အား ကိုယ်ချင်းစာနာစွာဖြင့် လူ့ဘ၀လေးနေရခိုက်မှာ သက်တောင့်သက်သာအဆင်ပြေစွာနေထိုင်သွားနိုင်စေရန်အတွက် တတ်နိုင်သလောက် ၀ိုင်းဝန်း ကူညီပေးနိုင်ကြစေရန်အတွက် စေတနာရှင် အလှူရှင်များ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်....

Nan War War Mg



ဆက်သွယ်လှူဒါန်းရန်-

ဝါ၀ါခိုင်မင်း(ရန်ကုန်) Nan War War Mg
ငွေလွှဲရန်- ၀ါဝါခိုင်မင်း KBZ (တာမွေ)
ဖုန်း- ၀၉ ၇၃၀၉၅၈၅၁

မဧဧသန့် (စင်္ကာပူ) Malay Aye Aye Thant
POSB Saving 403 - 01368 - 4, ph 8133 7316

ကျေးဇူးတင်စွာဖြင့်-

ဒီပုံလေးထဲက အကျီင်္ပေါ်မှာ ရေးထားတာလေးတွေကတော့ မြန်မာအမျိုးသမီးအသင်း ဗိုလ်လုပွဲကို မတက်ရောက်ခဲ့တဲ့အတွက် မျှော်လင့်ခဲ့ကျတဲ့ ပရိတ်သတ်တွေကို တောင်းပန်စကား


ဒီပုံလေးထဲက အကျီင်္ပေါ်မှာ ရေးထားတာလေးတွေကတော့ မြန်မာအမျိုးသမီးအသင်း ဗိုလ်လုပွဲကို မတက်ရောက်ခဲ့တဲ့အတွက် မျှော်လင့်ခဲ့ကျတဲ့ ပရိတ်သတ်တွေကို တောင်းပန်စကား ဆိုထားပြီး ကစားသမား အားလုံးရဲ့ လက်မှတ်ပါတဲ့ အကျီင်္လေးတစ်ထည်ပါ..

ကျွန်တော်တို့ အားလုံးကို တောင်းပန်စရာ မလိုပါဘူးဗျာ.. တောင်းပန်တယ်ဆိုတာ မှားတဲ့သူတွေအတွက် ကိုလုပ်ရမယ့်တာဝန်ကို မကျေပွန်သူတွေ အတွက်ပါ.. အမတို့က တာဝန်ကျေခဲ့တယ်လေ.. အဲ့အတွက် တောင်းပန်စရာ မလိုပါဘူး... အဓိကက နောက်ဆုံးလက်ကျန် မျှော်လင့်ချက် မလေးရှားနဲ့ပွဲမှာ ပြတ်ပြတ်သားသားအနိုင်ယူပြီး ပရိသတ်တွေအတွက် ကြေးတံဆိပ်တခုယူပေးရင်ကို ကျေနပ်ပြီ.. ပြည်သူတွေ အားလုံးကလည်း အမတို့အားလုံးကို ရွှေတံဆိပ်မရပေမယ့် ရွှေတံဆိပ်ဆု ရခဲ့သလို ချီးကျူး ဂုဏ်ပြု ပေးအပ်ပြီးသား....

တခုပဲဗျာ.. တောင်းပန်သင့်တဲ့သူတွေက မတောင်းပန်ပဲ... တာဝန်ကျေတဲ့ လူတွေက လာတောင်းပန်နေတယ် အော်... အော် မေတ္တာဆိုတာ ခံယူတတ်မှ ရတာ.. မေတ္တာမရှိအောင် နေမှတော့ ဘယ်သူမှ မေတ္တာရှိမှာ မဟုတ်ဘူး

မြန်မာအမျိုးသမီး ဘောလုံးအသင်း

အိုဝင်ပေါက်စ
(Myanmar Red Devils)