သတင်းနှင့်နည်းပညာများ

6/28/14

ဇူလိုင် ၂ ရက်မှစ၍ GSM နှင့် WCDMA မိုဘိုင်းဖုန်းများ ပြည်ပနိုင်ငံ ၃၁ နိုင်ငံသို့ သယ်ဆောင်အသုံးပြုခွင့် ပြုမည်


ဇူလိုင် ၂ ရက်မှစ၍ GSM နှင့် WCDMA မိုဘိုင်းဖုန်းများ ပြည်ပနိုင်ငံ ၃၁ နိုင်ငံသို့ သယ်ဆောင်အသုံးပြုခွင့် ပြုမည်
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ GSM နှင့်WCDMA ဖုန်း ကိုင်ဆောင်အသုံးပြုသူများ ပြည်ပနိုင်ငံ ၃၁ နိုင်ငံသို့ မိမိအသုံးပြုနေသည့်ဖုန်းများ သယ်ဆောင်အသုံးပြု ခွင့်ကို ဇူလိုင် ၂ ရက်မှ စတင်ခွင့်ပြုမည်ဖြစ်ကြောင်းကို ဇူလိုင် ၂၆ ရက် ညပိုင်း မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြခဲ့သည်။
“International Outbound Roaming သွားရောက်သုံးစွဲနိုင်တဲ့ နိုင်ငံပေါင်း ၃၁ နိုင်ငံ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ မိုဘိုင်းဖုန်းသုံးစွဲသူများအနေနဲ့ Prepaid ဖုန်းရော Postpaid ဖုန်းနှစ်မျိုးစလုံး သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Prepaid ဖုန်းများအနေနဲ့ကတော့ Top-Up များကို မိမိဆန္ဒရှိတဲ့အလျောက် ဖြည့်တင်းသွားဖို့ လိုအပ်သလိုTop-Up ကတ်များကို ဝယ်ယူသွားပြီး တခြားအသုံးပြုမယ့် နိုင်ငံမှာ ကုန်သွားလို့ထပ်မံပြီး Top-Up လုပ်မယ်ဆိုရင် ရရှိနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ Postpaid ဖုန်းအသုံးပြုသူတွေအနေနဲ့ နိုင်ငံတကာလေဆိပ် ဝင်ပေါက် ထွက်ပေါက်များဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများမှာရှိတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ တယ်လီဖုန်းအခွန်ကောက်ခံရေးကောင်တာများမှာ သွားရောက်ပြီး မိုဘိုင်းဖုန်း International Outbound Roaming သုံးဖို့အတွက်ကို ငွေကျပ်ငါးသိန်း ပေးသွင်းရမှာဖြစ်ပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ပြောကြားသည်။
“ဖုန်းခေါ်ဆိုခနှုန်းထားတွေအနေနဲ့ အာဆီယံနိုင်ငံတွေအတွင်းမှာတော့ ဇုန် ၁ ပေါ့၊ တောင်အာရှတိုက်ကိုတော့ ဇုန် ၂၊ အလယ်အာရှတိုက်ကိုတော့ ဇုန် ၃ ၊ ကျန်တဲ့ ဥရောပ၊ အာဖရိက၊ ဩစတြေးလျ၊ အမေရိကတိုက်များကို ဇုန် ၄ ဆိုပြီး ခွဲခြားထားပါတယ်။ အာဆီယံနိုင်ငံတွင်းကနေ မြန်မာနိုင်ငံကို ပြန်ခေါ်မယ်ဆိုရင် တစ်မိနစ် ကို ကျပ် ၃ဝဝဝ၊ တောင်အာရှတိုက်နိုင်ငံတွေကနေ မြန်မာနိုင်ငံကို ခေါ်ဆိုမယ်ဆို ရင် တစ်မိနစ်ကို ကျပ် ၃၅ဝဝ၊ အလယ် အာရှတိုက်ကနေ မြန်မာနိုင်ငံကို ဖုန်းခေါ်ဆိုပါက တစ်မိနစ် ကျပ် ၄၅ဝဝ၊ ဥရောပ၊ အာဖရိက၊ ဩစတြေးလျ၊ အမေရိကတိုက် တွေကနေ မြန်မာနိုင်ငံကို ဖုန်းခေါ်မယ်ဆိုရင် တစ်မိနစ်ကို ကျပ် ၅ဝဝဝ နှုန်း ကျသင့်မှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ သုံးစွဲသူတွေကို ခေါ်ဆိုမယ်ဆိုရင် ပုံမှန်ပြည်တွင်းမှာ ကောက်ခံနေတဲ့ ခေါ်ဆိုခနှုန်းထားအတိုင်းသာ ခေါ်ဆိုသူက ကျသင့်မှာဖြစ်ပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ဆက်လက်ပြောကြားသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Outbound Roaming ဝန်ဆောင်မှုကို သုံးစွဲလိုသူများအနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် သုံးရက်ကြိုတင် လျှောက်ထားရမည်ဟု မြန်မာ့ရုပ်မြင်သံကြားသတင်း ဖော်ပြချက်အရ သိရသည်။


Eleven Media Group

6/24/14

အဖြေရှာမရသော သြစတေးလျမှ သဘာဝ ပန်းရောင် ရေကန်-Hiller Lake


အဖြေရှာမရသော သြစတေးလျမှ သဘာဝ ပန်းရောင် ရေကန်-Hiller Lake
ယနေ့ချိန်ခါထိ သိပ္ပံပညာရှင်တို့ ရှာဖွေဖော်ထုတ်လို့မရသေးတဲ့ သဘာဝ အလျောက် ပန်းရောင်သန်းနေတဲ့ ရေကန် ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ အနောက်ပိုင်း Western Australia ပြည်နယ်မှာ တည်ရှိပြီး ပင်လယ်နဲ့ နီးပါတယ်။ Hiller Lake လို့အမည်ရပါတယ်။
ပင်လယ်နဲ့ နီးပေမယ့် ပင်လယ်နဲ့လည်း မဆက်နေပါဘူး။ ကြားမှာ သစ်ပင် သစ်တော် တန်းများ ခြားထားပါသေးတယ်။ ရေကန်မှာ အယ်လ်ဂျေး များကြောင့်၊ ဆားဓာတ်ကြောင့် ပန်းရောင် သန်းနေခြင်း မဟုတ်ဘူး ဆိုတာကို လေ့လာတွေ့ရှိထားပါတယ်။ သို့ပေမယ့် ဘယ်လို ဘက်တီရီးယား မျိုးများ ပေါက်ဖွားလို့ ပန်းရောင်ဖြစ်နေတယ် ဆိုတာကို ရှာဖွေ မဖော် ထုတ်နိုင်ကြသေးပါဘူး။
သြစတေးလျနိုင်ငံရဲ့  ထူးဆန်းအံ့ဖွယ်နေရာ တစ်ခုအဖြစ် တည်ရှိနေပါ တယ်။ ရေကန်အလျားအနံ - ၁၉၆၉ ပေx 820 ပေ ရှိပြီး
Hiller Lake ကို နှစ်စဉ် လာရောက် လေ့လာသူ များပြားတယ်လို့ သိရပါ တယ်။
--
Ref: wiki
ရိုးရာလေး သတင်း
---

ပျူမြို့သုံးမြို့ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်ပြီ



မြန်မာနိုင်ငံမှ ပျူမြို့သုံးမြို့ သည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ် ယူနက်စကို အဖွဲ့ကြီးမှ အသိအမှတ်ပြုလိုက်ပြီ ဖြစ်ကြောင်း အသိပေးရှင်းလင်းပွဲကို ဇွန်လ ၂၃ ရက်နေ့ ညက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ခန်းမဆောင်တွင် ကျင်းပခဲ့ပါသည်။ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်စန္ဒာခင်မှ ရှင်းလင်းပြောကြားကာ လာရောက်ကြိုဆိုသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြပါသည်

ခရီးသည်တင်ယာဉ်မောင်းများ အင်တာနက်မသုံးရန် သတိပေးမည်


ခရီးသည်တင်ယာဉ်မောင်းများ အင်တာနက်မသုံးရန် သတိပေးမည်

အမြန်လမ်းမတစ်နေရာ (ဓာတ်ပုံ - နစ်ကီ)
အမြန်လမ်းတွင် ယာဉ် မောင်းနေစဉ် အင်တာနက်မသုံး ကြရန် သတင်းစာ၊ ရုပ်မြင်သံကြားနှင့် မီဒီယာများ၌ ထည့်သွင်းကြေညာသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

ယာဉ်မောင်းစဉ် မိုဘိုင်းဖုန်း အသုံးပြုသဖြင့် ရွှေမန္တလာလေ အိတ်ကားအသင်းမှ ယာဉ်မောင်း ကို ထုတ်ပယ်လိုက်ပြီးနောက် အ ထက်ပါအတိုင်း ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း အမြန်လမ်း နေပြည်တော်ဂိတ်မှ ဒုရဲအုပ်စိုးဝင်းက ပြောသည်။
‘‘ကားမောင်းနေတုန်း သူတို့ က အင်တာနက် သုံး၊ မသုံး မသိရဘူး။ ဒါ အန္တရာယ်သိပ်များတယ်။ အခုအချိန်က မိုးတွင်းကြီး ဆိုတော့ ပိုသတိထားရမှာပေါ့။ အမြန်လမ်းမှာ တချို့နေရာတွေကရေတွေတင်နေတော့ သတိဝီရိယရှိဖို့လိုတယ်’’ ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ရန်ကုန်မှ မန္တလေးသို့ ဇွန်လ ၁၄ ရက်က ထွက်ခွာလာသည့် ရွှေမန္တလာ လေအိတ်အား မောင်း လာသည့် ယာဉ်မောင်းသည် ကားမောင်းနေစဉ် မိုဘိုင်းဖုန်းအသုံးပြုသဖြင့် အသင်း၏ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိ၍ ယာဉ်မောင်းအဖြစ်မှ ရာ သက်ပန်ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။
 ယာဉ်မောင်းအဖြစ်မှ အ လုပ်ထုတ်ပယ်ခံရသူသည် အဆို ပါနေ့က ယာဉ်မောင်းနေစဉ် ဖုန်း သုံးနေသည်ကို ခရီးသည်အမျိုး သမီးတစ်ဦးကတွေ့ပြီး ဖေ့စ် ဘွတ်ခ်ပေါ်တင်လိုက်သောကြောင့် ယာဉ်လိုင်းမှ တာဝန်ရှိသူများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မူရင်းလင့် - http://www.7daydaily.com/story/13971#.U6k9SkTkt5E

Huawei ဖုန်းအတုအစစ် ဘယ်လိုခွဲမလဲ


Huawei ဖုန်းအတုအစစ် ဘယ်လိုခွဲမလဲ


ပြည်တွင်းဈေးကွက်၌ လက်ရှိ Huawei ကုမ္ပဏီက ရောင်းချပေးနေသည့် Honor 3Cမှာ အတုများထွက်ပေါ်နေ ခြင်းကြောင့် ၀ယ်ယူလိုသူများအတွက် အစစ်နှင့်အတုခွဲခြားချက်များကို တင်ပြလိုက်ပါသည်။

အစစ်နှင့်အတုကို အပြင်ပုံပန်းသဏ္ဌာန်နှင့် အသုံးပြုမှု အပေါ်မူတည်၍ ခွဲခြားနိုင်ပြီး Honor 3C အစစ်တွင် အလေးချိန် 140G ရှိပြီး ဖုန်းဆင်းမ်ကတ်ထည့်သွင်းသည့်နေရာနှင့် Micro SD ကတ်ထည့်သွင်းသည့်နေရာမှာ တစ်တန်းတည်းရှိသည်။
တရုတ်မှ တရားမ၀င်တင်သွင်းရောင်းချနေသည့် Honor 3C အတုတွင် အလေးချိန် 220G ရှိရာအစစ်နှင့် နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံပိုမို လေးလံခြင်းရှိပြီး ကတ်ထည့်သွင်းသည့်နေရာနှင့် Micro SD ကတ်ထည့်သွင်းသည့်နေရာမှာ တစ်တန်းတည်းမရှိဘဲ တစ်စောင်းအနေအထားရှိခြင်း၊ အစစ်နှင့် နှိုင်းယှဉ်ပါက ကင်မရာအရွယ်အစားအနည်းငယ် သေးငယ်မှုရှိခြင်းဖြင့် နှိုင်းယှဉ်နိုင်ကြောင်း သိရသည်။
အစစ်နှင့်အတုကို နှိုင်းယှဉ်ခွဲခြားရန်မလိုဘဲ သုံးစွဲမှုအပေါ် မူတည်၍လည်း သိရှိနိုင်ပြီး Honor 3C အစစ်တွင် Free Phone Storage မှာ 5GB ခန့်ရှိပြီး အတုတွင် 2BG သာရှိကြောင်း၊အစစ်တွင် ထည့်သွင်းနိုင်သည့် Sim Card Slot နေရာများတွင် 3G နှင့် 2G ကွန်ရက်များကို ကွဲပြားစွာဖော်ပြနိုင်သော်လည်း အတုတွင် 3G ကွန်ရက်တစ်ခုတည်းကိုသာဖော်ပြခြင်းဖြစ်ကြောင်းHuawei ပြည်တွင်းရုံးချုပ်က ထုတ်ပြန်သည်။
အခြားသော Huawei မှထွက်ရှိပြီး ရောင်းချနေသည့် P6 နှင့် P7 ဖုန်းများလည်း အတုများထွက်ပေါ်နေကြောင်း သိရှိထားသော်လည်း လိုက်လံစစ်ဆေးနေဆဲဖြစ်ရာ အဆိုပါ ဟန်းဆက်များအတွက်ခွဲခြားနိုင်မည့်အချက်များ ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မူရင်းလင့် - http://www.7daydaily.com/story/13973#.U6k7a0Tkt5E

6/23/14

ကြက်ဥကို စားသင့်တဲ့ အကြောင်းများ



ကြက်ဥကို စားသင့်တဲ့ အကြောင်းများ
ကြက်ဥဟာ လူတိုင်းနီးပါး စားသုံးနိုင်တဲ့ အစားအစာ ဖြစ်ပါတယ်။ ဒါကြောင့် ကြက်ဥနဲ့ ပက်သက်ပြီး သိသင့်တဲ့ အရာလေးတွေကို စာဖတ်သူများ အတွက်ရေး သားလိုက် ရပါတယ်။
ကြက်ဥဟာ မျက်လုံးအတွက် ကောင်းမွန်သော အစားအစာ ဖြစ်ရုံသာ မကဘဲ ခန္ဓာကိုယ် အတွက် ခွန်အားကိုပါ ရရှိနိုင်ကြောင်း သိရပါတယ်။ ဒါ့အပြင် ကြွက်သားများကို သန်စွမ်းစေသော ဂုဏ်သတ္တိ ပါဝင်တာကြောင့် အမျိုးသားများ အတွက် စားသင့်သော အစားအစာ တစ်ခုလို့ ဆိုရမှာပေါ့။
ဒါ့တင်မက သေးပါဘူး ကြက်ဥကို မနက်စာ အဖြစ် စားမယ်ဆိုရင် ဝိတ်ကို ကျစေနိုင်လို့ အရမ်းဝနေသော အမျိုးသား (သို့) အမျိုးသမီးများ ကြက်ဥကို မနက်စာ အဖြစ် စားသုံးပါလို့ အကြံပြု ပါရစေ။
ဒါ့အပြင် ခြေသည်း လက်သည်းများ အတွက်လည်း ကောင်းမွန်ပြီး အမျိုးသမီး ရင်သား ကင်ဆာ ကိုတောင် ကြက်ဥမှ ကာကွယ်ပေးနိုင်လို့ အမျိုးသမီးများ စားသင့် ပါတယ်။
www.yoyarlay.com
ကျော်လင်းနိုင် (ရိုးရာလေး)

လှည်းတန်းဈေးတွင် ဓာတ်ကြိုးပြတ်ကျရာမှ ဓာတ်လိုက်သေဆုံးမှု သက်ဆိုင် ရာမြို့နယ် လျှပ်စစ်ဌာနတွင် များစွာတာဝန်ရှိ ဟု ပြည်သူများဝေဖန်


လှည်းတန်းဈေးတွင် ဓာတ်ကြိုးပြတ်ကျရာမှ ဓာတ်လိုက်သေဆုံးမှု သက်ဆိုင် ရာမြို့နယ် လျှပ်စစ်ဌာနတွင် များစွာတာဝန်ရှိ ဟု ပြည်သူများဝေဖန်
=====================================================
ရန်ကုန်၊ ဇွန် ၂၂- ဇွန်၂၁ရက် ည နေက လှည်းတန်းဈေးလမ်းတွင် ဓာတ် ကြိုးပြတ်ကျရာမှဓာတ်လိုက်ပြီး လူနှစ် ဦးသေဆုံး ခဲ့မှုနှင့် နှစ်ဦးဒဏ်ရာရရှိမှု တို့တွင် သက်ဆိုင်ရာမြို့နယ်လျှပ်စစ် ဌာနတွင် များစွာတာဝန်ရှိကြောင်း ပြည်သူ များက ဝေဖန် လိုက်ကြသည်။
ပွင့်လင်းမြင်သာသော ဖြေရှင်းမှုဖြစ်ရန်လို 
**********************************************
ယခုကဲ့သို့သောဖြစ်ရပ်များမှာ မကြာခဏဖြစ် ပွားနေလေ့ ရှိပြီး ပြည် သူများ အသက်ဆုံးရှုံးရမှုများရှိခဲ့သော် လည်း မည်သူ့တွင်တာဝန်ရှိသည်ဟူ သည်ကို တိတိကျကျမသိရှိရဘဲ ပြီး ပြီးရောသဘောမျိုးဖြင့် သာ အဆုံးသတ် သွားတတ် ကြရာ ယနေ့ခေတ်လို ပွင့် လင်းမြင်သာမှုရှိလာသောခေတ်တွင် ပွင့်လင်းမြင် သာသော အရေးယူ မှုများ ပြုလုပ်ပေးရန်လိုအပ်သကဲ့သို့ သေဆုံး ရသူတို့ အတွက် လည်း နစ်နာသည့် အလျောက် ထိုက်သင့်သောဖြေရှင်းမှု ပုံစံများရှိသင့် သည် ဟု ပြည်သူများ က ဝေဖန်အကြံပြု ပြောကြားလိုက် သည်။
ကမာရွတ်မြို့နယ်လျှပ်စစ်ရုံး မှ တာဝန်ရှိသူတစ်ဦးက ''မနေ့ကဖြစ်စဉ် မှာက ၄ဝဝဗို့အား ဓာတ်ကြိုးလေးပင် ထဲက တစ်ပင်ပြတ် ကျသွားတာ။ ပြတ် ကျရတာက မီးအသုံးများတာလဲ ပါ တယ်။ နောက်ပြီး ရာသီဥတုဒဏ်တွေ ကြောင့်လဲပါတယ်။ ခုတော့ ကျွန်တော် တို့ အဲဒီပြတ်ကျတဲ့ဓာတ်ကြိုးကို အ သစ်လဲထား ပါပြီ ။ ဟောင်းနွမ်းနေ တဲ့ ဓာတ်ကြိုးတွေကိုတော့ အမြဲတမ်းလဲ လှယ်ပေးနေ ပါတယ်။ အခုဒီကြိုးလဲ လဲထားတာသိပ်မကြာသေးဘူး၊ သုံး နှစ်လောက်ပဲ ရှိသေးတယ်။ ဘယ် လောက် အာမခံချက်ရှိလဲဆိုတော့ သုံးစွဲတဲ့အပေါ်မှာပဲ မူတည်ပါတယ်'' ဟု ဇွန် ၂၁ရက်က ကမာရွတ်မြို့နယ် တွင် လူနှစ်ဦးသေဆုံးမှုဖြစ်ပေါ်စေခဲ့ သည့် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုနှင့် ပတ်သက်ပြီး ပြောကြားခဲ့ခြင်းဖြစ် သည်။
ကြိုတင်ပြင်ဆင်ထားမှုမရှိခြင်းနှင့် ပြုပြင်ရန်အတွက် စစ်ဆေး တိုင်းတာမှုမရှိခြင်းကြောင့်ဖြစ်
***********************************************************************
လျှပ်စစ်မီးကြိုးများ မကြာခဏ ပြတ်ကျနေခြင်းမှာ လက်ရှိသွယ်တန်း ထားသည့် လျှပ်စစ်ဓာတ်အားလိုင်း များမှာ သက်တမ်းကာလကျော်လွန် သည့်အတွက် လျှပ်စစ်အားနည်းသည့် အခါ သုံးစွဲသည့်ဝန်အားမနိုင်ခြင်း၊ ဓာတ်အား များခြင်း များကြောင့် လျှပ် စစ်ဓာတ်အားလိုင်းမခံနိုင် ၍ ပြတ် တောက်ရခြင်းဖြစ်ပြီး ယင်းလျှပ်စစ် ဓာတ်အားလိုင်းများအား ပြုပြင်ရန်အ တွက် ကြိုတင်ပြင် ဆင်ထားမှု မရှိခြင်း နှင့် ပြုပြင်ရန်အတွက် စစ်ဆေးတိုင်း တာခြင်း မပြုလုပ်နိုင်ခြင်း တို့ကြောင့် ဖြစ် သည်။
သတင်းကဏ္ဍ အပြည့်အစုံသို့ =>http://www.dailydemocracytoday.com/2014-03-04-06-50-07/item/256-2014-06-23-07-25-17
SH/MYK
[--Democracy today Daily Newspaper--]
‪#‎Democracytoday‬