သတင်းနှင့်နည်းပညာများ

4/4/14

အိုင်ဖုန်းဆယ်ရင်း ကိုယ်တစ်ပိုင်း တစ်သွားသော ဆယ်ကျော်သက် မလေး


အိုင်ဖုန်းဆယ်ရင်း ကိုယ်တစ်ပိုင်း တစ်သွားသော ဆယ်ကျော်သက် မလေး
ဗြိတိန်နိုင်ငံ၊ လန်ဒန်က အသက် ၁၆ နှစ် အရွယ် အမျိုးသမီး ငယ် တစ်ဦး ဖြစ်ပါတယ်။ ခွေးတစ်ကောင်နဲ့ အတူ လမ်းလျှောက်နေပြီး ဖုန်းပြော ပါတယ်။ ပြောပြီးတော့ ဖုန်းကို အိပ်ကပ်ထဲ ထည့်လိုက်ချိန် လွဲပြီးတော့ မြောင်းပေါက်ထဲကို ကျသွား ပါတယ်။ ဒါနဲ့ မြောင်းပေါက် ကို ဖွင့်ပြီး သူ့ခြေထောက်နဲ့ ဆယ်ပါတော့တယ်။
ရက်ပိုင်း လေးတင် အသစ်စက်စက် ဝယ်ထားတဲ့ အိုင်ဖုန်း ဖြစ် တာကြောင့် နှမြောတဲ့ စိတ်နဲ့ ချက်ချင်း လုပ်လိုက်တာ ဖြစ်ပါတယ်။ သို့ပေမယ့် ဝမ်းနည်းစွာပဲ ပြန် ထုပ်လို့ မရတော့ ပါဘူ။ ဒါနဲ့ မောင်းလာတဲ့ တက္ကဆီ သမားက တွေ့တော့ ချက်ချင်းပဲ ကယ်ဆယ်ရေး ရဲတပ်ဖွဲ့ကို ခေါ်လို့ ကယ်ဆယ် စေပါတော့တယ်။ ဒီအတွက် နာရီပိုင်းတော့ ကြာသွား ပါတယ်။
ယခု ရက်ပိုင်းလေးတင် ဖြစ်သွားပြီး သူမရဲ့ ဓာတ်ပုံဟာ အင်တာနက်မှာ ရယ်စရာ တစ်ခု အဖြစ် ကျန်ရှိ စေခဲ့ ပါတယ်။
.
Ref:dailymail
အောင်ခမ်း (ရိုးရာလေး)
.

4/2/14

သန်းခေါင်စာရင်းကောက်ယူသော အဖွဲ့များ ဘင်္ဂါလီရွာများတွင် စာရင်းမကောက်ရဘဲ လမ်းလျှောက်နေရ


သန်းခေါင်စာရင်းကောက်ယူသော အဖွဲ့များ ဘင်္ဂါလီရွာများတွင် စာရင်းမကောက်ရဘဲ လမ်းလျှောက်နေရ

Location: 


ဘင်္ဂါလီကျေးရွာများသို့ လုံခြုံရေးအပြည့်ဖြင့် သန်းခေါင်စာရင်းသွားရောက်ကောက်ယူနေစဉ် (ဓာတ်ပုံ - အောင်ခိုင်)
စစ်တွေမြို့နယ်အတွင်းရှိဘင်္ဂါလီကျေးရွာများ၌ သန်းခေါင်စာရင်းကောက်ယူရာတွင် ရိုဟင်ဂျာလူမျိုးဟု စာရေးကန့်ကွက်မှု၊ ရိုဟင်ဂျာဟုသာ ဖြေဆိုမှုဆက်လက်ကြုံတွေ့နေကြောင်း သတင်းရရှိသည်။
မတ်လ ၃၁ ရက်က စစ်တွေ မြို့ ဆုမေကျေးရွာ၌ သန်းခေါင်စာရင်းကောက်ယူရာ ယင်းကျေးရွာအ၀င်လမ်းဘေးရှိ အုတ်နံရံများ၌ လူမျိုးရိုဟင်ဂျာကို ဖြည့်စွက်ပါဟု မြေဖြူဖြင့် စာများရေးသားထားသည်ကိုတွေ့ရသည်။ ဘုမေကျေးရွာအတွင်း သန်းခေါင်စာရင်းဝင်ရောက်ကောက်ယူရာတွင်လည်း ဘင်္ဂါလီလူမျိုးများက ရိုဟင်ဂျာဟုသာ ဖြေဆိုသောကြောင့် စာရင်းကောက်ဝန်ထမ်းများက ဆက်လက်ကောက်ယူခြင်း
မပြုတော့သည်ကို တွေ့ရသည်။
 ‘‘ရိုဟင်ဂျာဆိုရင် ဆက်ကောက်စရာမလိုတော့ဘူး’’ဟု လုံခြုံရေးကို အနီးကပ်ကွင်းဆင်းကြီးကြပ်နေသော ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ပြောသည်။
 ဘင်္ဂါလီများကို သန်းခေါင်စာရင်းကောက်ယူရာ၌ အချို့သူများမှာ ဗမာ၊ ရခိုင် စသည့် ဘာသာစကားကို နားလည်ခြင်းမရှိဘဲ  စကားပြန်မှတစ်ဆင့်ဝင်ရောက်ပြောဆိုပေးမှ ဖြေဆိုနိုင်သည်ကိုလည်း တွေ့ရသည်။
‘‘အပြင်ကနေ ဘာလူမျိုးလည်းမေးတယ်။ ရိုဟင်ဂျာဆို ဆက်မမေးဘဲ လှည့်သွားတယ်။’’ ဘင်္ဂါလီရွာများ၌ သန်းခေါင်စာရင်းကောက်ယူရာတွင် လိုက်ပါနေသော အင်ဘာလာရပ်ကွက်နေ ဦးအောင်ဝင်းကဆိုသည်။
 ဘုမေကျေးရွာတွင် သန်းခေါင်စာရင်းကောက်ယူရာ၌ အချို့နေရာများတွင် စာရင်းစစ်ဝန်ထမ်းများနောက်သို့ လူစုလူဝေးဖြင့် လိုက်လံကြည့်ရှုမှုများကြောင့် လုံခြုံရေးတပ်ဖွဲ့များက ဟန့်တားခဲ့သည်။ ဘင်္ဂါလီကျေးရွာများ၌ သန်းခေါင်စာရင်းကောက်ယူရာတွင် တပ်မတော်က အပြင်လုံခြုံ ရေးယူပေးပြီး ရဲတပ်ဖွဲ့နှင့် ရဲတပ်ရင်းတို့မှ စာရင်းစစ်၊ စာရင်းကောက်များအား အတွင်းအထိ လုံခြုံရေးလိုက်
ပါဆောင်ရွက်ပေးကြောင်း မြင်တွေ့ရသည်။
‘‘စာရင်းလိုက်မှတ်ရတာမှ သက်သာပါသေးတယ်။ အခုရို ဟင်ဂျာ၊ ရိုဟင်ဂျာဆိုတော့ မမှတ်ရဘဲနဲ့ လျှောက်သွားနေရတာက ပိုပင်ပန်းတယ်’’ဟု ဘုမေကျေးရွာတွင် သန်းခေါင်စာရင်းကောက် ယူခဲ့သော ဒေါ်ဌေးရီကဆိုသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘုမေကျေးရွာအတွင်း တစ်အိမ်ဝင်၊ တစ်အိမ်ထွက်သန်းခေါင်စာရင်းကောက်ယူရာ စာရင်းကောက်၊ စာရင်းစစ်များ၏ လုံခြုံ ရေးကို အထူးတင်းကျပ်ဆောင်ရွက်ပေးခဲ့သည်။
 ‘‘ကိုယ်သိတဲ့နေရာလည်း မဟုတ်ဘူး။ ပြဿနာတွေလည်း ရှိနေတာဆိုတော့ အခုသူတို့ရှိတဲ့ နေရာကို လာရတာ စိုးရိမ်မိတာ အမှန်ဘဲ’’ဟု အသက် (၂၀) ကျော်စာရင်းကောက်ဆရာမတစ်ဦးကဆိုသည်။
 ယမန်နေ့က ဘာဆာရာ ဘင်္ဂါလီကျေးရွာ၌ သန်းခေါင်စာရင်းကောက်ယူရာတွင်လည်း ရိုဟင်ဂျာဟု ဖြေဆိုခဲ့မှုကြောင့် သက်ဆိုင်ရာမှ ဆက်လက်မကောက်ယူခဲ့ပေ။
ပြည်ထောင်စုအစိုးရညွှန် ကြားချက်ဖြင့် မတ်လ ၂၉ရက် က သန်းခေါင်စာရင်းတွင် တရားမ၀င်သော ရိုဟင်ဂျာလူမျိုးဟူ သုံးနှုန်းခြင်းကို လက်မခံကြောင်း စာထုတ်ပြန်ခဲ့သည်။
ဘုမေကျေးရွာရှိ ကမန် တိုင်းရင်းသားများမှာမူ သန်းခေါင် စာရင်းကောက်ယူမှုကို လိုလို လားလားဖြေဆိုပေးခဲ့သည်ကို တွေ့ရသည်။
 ‘‘အားလုံးအဆင်ပြေပါ တယ်။ ဖြေပြီးသွားပါပြီ’’ဟု အ သက် (၄၀) အရွယ်ကမန်တိုင်း ရင်းသားတစ်ဦးက ပြုံးရွှင်စွာဖြင့် ပြောသည်။
ဧပြီလ ၁ ရက်တွင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် မကြာခဏ ထိပ်တိုက်ရင်ဆိုင်တွေ့မှုများဖြစ် ပွားခဲ့သော စစ်တွေမြို့အနောက် ဘက် သဲချောင်းတစ်လျှောက်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းများ ကျေး ရွာများတွင် သန်းခေါင်စာရင်း ဆက်လက်ကောက်ယူမည်ဖြစ် ကြောင်း သတင်းရရှိသည်။

7 Day Daily

3/30/14

ရန်ကုန်မြို့လယ် မိကျောင်းကန် သပိတ်စခန်း ဖျတ်သိမ်းခံရ


ရန်ကုန်မြို့၊၊မဟာဗန္ဒုလပန်းခြံလမ်းတွင်ဖွင့်လှစ်ထားသည့် မိကျောင်းကန်သပိတ်စခန်းသည် မတ်လ(၃၀)ရက်နေ့ နံနက် (၄)နာရီဝန်းကျင်ခန့်တွင် မြို့တော်စည်ပင်သာယာရေးကော်မတီမှ အင်အားသုံးလာရောက်ဖျတ်သိမ်းခဲ့သည်။ မြို့တော်စည်ပင်မှ တာဝန်ရှိသူများလာရောက်ပြီး သပိတ်စခန်းမှ ဆန္ဒပြသူများကိုယ်တိုင် သပိတ်စခန်းဖျတ်သိမ်းရန်ညိုနှိုင်းခဲ့သော်လည်း သပိတ်စခန်းမှလက်မခံခဲ့သဖြင့် အသင့်ရောက်ရှိလာသည့် စည်ပင်ဝန်ထမ်းတစ်ရာခန့်မှ အင်အားသုံး ၀င်ရောက်ဖျတ်သိမ်းခဲ့သည်။ သပိတ်စခန်းမှ ဆန္ဒထုတ်ဖော်သူများမှ နစ်နာမှုများအတွက် ဆက်လက် တောင်းဆိုမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
(ဓာတ်ပုံများ-စိုင်းဇော်/ဧရာဝတီ)

ပုရိသတို့ အသည်းစွဲ ဗီယက်နမ်ကော်ဖီဆိုင်


ပုရိသတို့ အသည်းစွဲ ဗီယက်နမ်ကော်ဖီဆိုင်
29.3.2014

အမေရိကန်ပြည်ထောင်စုမှာ ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားလာပြီး ပုရိသ ယောက်ျားတွေရဲ့ အသည်းစွဲဖြစ်နေ တာ ကတော့ ဗီယက်နမ်ကဖေး ဆိုတာတွေပါ တဲ့။
တကယ်တော့ ဗီယက်နမ်ကဖေးဆိုတာ အမေရိကန်ရောက် ဗီယက်နမ်လူမျိုး တွေဖွင့်ခဲ့တာကြောင့် အဲဒီလို ခေါ်ကြ တာပါ တဲ့။ ဧရာဝတီဘလော့ ပရိသတ်အတွက် ဒီလိုဆိုင်များနဲ့ ပတ်သက်တဲ့ ထူးခြားချက်တွေ ဖော်ပြရရင် ဗီယက်နမ်ကော်ဖီဆိုင်တွေမှာ ခေတ်မီတဲ့ ဗီယက်နမ်အမျိုးသမီးတွေက ဘီကနီလေးတွေဝတ်ပြီး ကော်ဖီ လာသောက်သူ တွေကို ဧည့်ခံတဲ့ အလုပ်တွေလုပ်ကြပါတယ်။ မြန်မာပြည်မှာ ဆိုရင်တော့ ဘီကနီဝတ် အမျိုးသမီး စားပွဲထိုးပေါ့။
ဗီယက်နမ်ကော်ဖီဆိုင်တွေဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ ပိုပြီး လူကြိုက်များသလို တချို့ အမျိုးသမီး စားပွဲ ထိုးတွေက အ၀တ်အစားတောင် မ၀တ်ပဲ စားပွဲထိုး အလုပ်ကိုလုပ်ပါတယ်တဲ့။
ဗီယက်နမ်တွေဟာ အမေရိကန်ကို ရောက်နေကြပြီး တချို့က ကိုယ့်ယဉ်ကျေးမှု အ၀တ်အစားကို ထိန်းသိမ်း ၀တ်စား ဆင်ယင်တာမျိုး ရှိသလို တော်တော်များများကတော့ အတော်ကို ခေတ်မီရုံတင်မကာ ခေတ်ကို ပါ ကျော်လွန်ကုန်ပြီလို့ ဆိုပါတယ်။
အခုတော့ ဒီလို ဗီယက်နမ်ကော်ဖီဆိုင်ယဉ်ကျေးမှုက အတော်ကို ကျယ်ကျယ်ပြန့်ပြန်ခေတ်စားလာ တာကြောင့် ကန့်သတ်မှုတွေနဲ့ ပိတ်ပင်မှုတွေ လုပ်သင့်တယ်လို့ တချို့ ဝေဖန်ထောက်ပြမှုတွေ ရှိလာပေ မယ့် အမေရိကန်လို နိုင်ငံမျိုး မှာ ဥပဒေနဲ့ ဘယ်လို ကိုယ်တွယ်ရမယ်ဆိုတာတော့ အခက်တွေ့နေတယ်လို့ လည်း သတင်းတွေက ဆိုပါတယ်။
လူပြောများလာတဲ့ ဗီယက်နမ် ကော်ဖီဆိုင်တွေအကြောင်း အမေရိကန် မီဒီယာတွေကလည်း ဆက်တိုက် ဆိုသလို ဖော်ပြလာတော့ အမေရိကန်ရဲတွေကလည်း ဆိုင်တွေကို ပိတ်ခိုင်းတာမျိုး ဖိအားပေးတာရှိသလို ဆိုင်ဝန်ထမ်းအမျိုးသမီး တွေကိုလည်း အရေးယူသွားမယ်လို့ ဆိုပါတယ်။
ဒါပေမယ့် အမေရိကန်နိုင်ငံမှာ ဒီလို ၀တ်စားဆင်ယင်တာမျိုးကို ပိတ်ပင်တဲ့ ဥပဒေမျိုးမရှိတော့ ဘယ်လို ဥပဒေမျိုးနဲ့ အဲဒီ အမျိုးသမီးစားပွဲထိုးတွေကို အရေးယူမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါ။
ဧရာဝတီ

အသဲပုံ မျက်နှာလိုချင်လို့ ကိုရီးယားမ တစ်ဦး ခွဲစိတ်ပြုပြင်ခဲ့


အသဲပုံ မျက်နှာလိုချင်လို့ ကိုရီးယားမ တစ်ဦး ခွဲစိတ်ပြုပြင်ခဲ့
တောင်ကိုရီယားက TV Presenter အမျိုးသမီး တစ်ဦးဟာ အသဲပုံ ပုံသဏ္ဍန် မျက်နှာကိုလိုချင်တာကြောင့် ပလပ်စတစ်ဆာဂျီရီ ခွဲစိတ်ပြုပြင်ခဲ့ပြီး အွန်လိုင်းမှာ သူမရဲ့  ဓာတ်ပုံများ ပြန့်နှံ့ခဲ့ ပါတယ်။
ယခင်က လှပနေတဲ့ ရုပ်ရှည်ကို ဂျပန်ကာတွန်းမလေးတွေ လို မှေးစေ့ချွန် ချွန် အသဲပုံ ပုံသဏ္ဍာန်လိုချင်တာကြောင့် ခွဲစိတ်ပြုပြင် လိုက်ခြင်း ဖြစ်ပါ တယ်။ သူမရဲ့  ခွဲစိတ်မှုဟာ အန္တရာယ် အင်မတန် များပါတယ်။ အသား အရည်တင်မဟုတ်ပဲ အရိုးအကြောများကိုပါ ခွဲစိတ်ပြုပြင်ရတာမို့ သေစေတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ ဒါကြောင့်မှု ပလပ်စတစ် ဆာဂျရီနဲ့ ပက်သက် လို့ တောင်ကိုရီး ယား မှာ ဥပဒေ သစ်များ ပြန်ထုတ်ရမယ် လို့တောင် ဝေဖန်နေကြ ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပလပ်စတစ် ဆာဂျရီ ပြုလုပ်မှုအများဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် စံချိန်တင် ထားပြီး အများဆုံးမြို့ က ဆိုးလ်မြို့ ဖြစ်ပါတယ်။ ဆိုးလ်မြို့ က ၅ ဦးမှာ ၁ ဦးက ပလပ်စတစ်စ် ဆာဂျီပြုလုပ်တဲ့အထကိုအရေအတွက်က အင်မတန် များပါတယ်။ ၂၀ ရာခိုင်နှုန်းဖြစ်ပြီး အသက်အပိုင်းအခြားကတော့ ၁၉ ခုနှစ်ကနေ ၄၉ နှစ်ကြား ဖြစ်ပါတယ်။
အများအားဖြင့် ပြုပြင်မှုက မျက်လုံးတစ်ဝိုက်ဖြစ်ပေမယ့် ပုံထဲက အမျိုးသမီး လို အသဲပုံကတော့ ကမ္ဘာ့ပထမဆုံး ဖြစ်ပါတယ်။ အရှေ့ အာရှသူ အချို့ လိုချင်ကြတဲ့ မျက်နှာထားဖြစ်ပြီး သူမကတော့ တကယ်ပြုလုပ်ယူခဲ့ ပါတယ်။ သူမရဲ့ ပြုပြင်မှုနဲ့ ပက်သက်ပြီး တောင်ကိုရီးယားနဲ့ ဂျပန်က ကြည့်ရှုသူတို့ကို အံ့သြမင်သက်စေခဲ့ကြောင်း သိရ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
http://www.yoyarlay.com/international-news/asia/40429-heart-shapped-girl-in-korea