သတင်းနှင့်နည်းပညာများ

10/5/13

ရခိုင်တို့ကိုသာ ဖမ်းနေခြင်းဖြင့် ပဋိပက္ခ မချုပ်ငြိမ်းနိုင်ပါ


ရခိုင်တို့ကိုသာ ဖမ်းနေခြင်းဖြင့် ပဋိပက္ခ မချုပ်ငြိမ်းနိုင်ပါ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၂၀၁၂ ဇွန်လမှ စတင်ခံစားလာရသော ဋ္ဌာနေရခိုင်တိုင်းရင်းသားတို့၏
စိုးရမ်စိတ် ၊ အနေကျုံ့လာမှု ၊ အံကြိတ်ခံပြင်းလာမှု တို့ လျော့ကျသွားအောင် အာဏာပိုင်ဆိုသူတို့ မည်မျှ ပံ့ပိုးထောက်ကူပေးခဲ့ပြီလဲ ။ အဖြေက ( No )

ကျူးကျော် ခိုးဝင် စစ်တကောင်းသား ဘင်္ဂလီခေါ်တော တို့ ဦးရေပမာဏ မည်မျှရှိနေပြီလဲလို့ စီစစ် ...စစ်ဆေးနိုင်ကြပြီလား ။ အဖြေက ( No )

ထိန်းသိမ်းရေးစခန်း ( Detention Camp ) မှာ ထားရမည့်အစား တရားမ၀င်ဘင်္ဂလီတို့ကို သုခရိပ်မြုံဒုက္ခသည်စခန်းများတွင် အကျအနထားပြီး
UN အပါအ၀င် INGO တို့က အလျှံပယ်ကျွေးမွေးထောက်ပံ့ထားကာ အစိုးရကို အာခံရန် မြှောက်ပင့်ပေးနေမှုကို တားဆီးနိုင်ပါသလား ။ အဖြေက ( No )

ကုလားစခန်း အနီးအပါးမှ ရခိုင်တို့၏ ကျွဲ နွားများ ၊ ငါးဖမ်းလှေ နှင့် ပိုက်များ ကို ဘင်္ဂလီတို့လုယူခြင်းခိုးယူခြင်များကို အရေးယူနိုင်ပါသလား ။ အဖြေက ( No )

Credit - Chit Thu Sky

သမ္မတသိန်းစိန်အနေနဲ့နိုင်ငံရှိတိုင်းရင်းသားများအား အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု


သမ္မတသိန်းစိန်အနေနဲ့နိုင်ငံရှိတိုင်းရင်းသားများအား အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် တိုက်ရိုက်သက်ဆိုင်သော အကာအကွယ်ပေးမှုကို တာဝန်မယူနိုင်ဘူးဆိုလျှင် ရခိုင်၊ကချင်၊ မွန်၊ကရင် ၊ရှမ်း အစရှိသော တိုင်းရင်းသားများသည် မိမိတို့ ၏အနာဂတ်ကို ကိုယ်တိုင်တာဝန်
ယူကာ ပြည်ထောင်စုပြိုကွဲသည်အထိ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ကြရပါလိမ့်မည်။ တိတိကျကျပြောရလျှင် ရခိုင်ဒေသရှိ တိုင်းရင်းသားရခိုင်လူမျိုးတို့ ၏အရည်အတွက်မှာ ဘင်္ဂလားဒေ့ရှ် အစိုးရ၏တိုက်ရိုက် စီမံခန့် ခွဲသော ရိုဟင်ဂျာအဖြစ်သ်ာလည်းကောင်း ၊ ကမန်(ကမန်အစစ်များမပါ) သော်လည်းကောင်း ဟုလိမ်လည်ထားသည့် ဘင်္ဂလားဒေ့ရှ်မှဝင်ရောက်လာသည့်ဘင်္ဂလီ မွတ်စလင်များ၏အရည်အတွက်သည် နိုင်ငံတော်၏အမျိုးသားလုံခြုံမှုကို အစိတ်စိတ်အမွှာအမွှာကွဲကြေလောက်သည်အထိ အန္တရာယ်ရှိနေပြီဖြစ်သည် ။ ရခိုင်ဒေသရှိမွတ်စလင်အကြမ်းဖတ်အုပ်စုများသည် နိုင်ငံတွင်းသာမက ဒေသတွင်းကမ္ဘာ့ မျက်နှာစာကိုပါ အကြမ်းဖတ်ဗဟိုဒေသအဖြစ်ပေါက်ကွဲရန် တာဆူနေပြီဖြစ်သည် ။ လက်ရှိ ကြံ့ဖွတ် အစိုးရသည် ရိုဟင်ဂျာအား တရားဝင် လုံးဝအသိအမှတ်မ ပြုထားသော်လည်း ၂၀၁၅တွင် ရွေးကောက်ပွဲအောင်နိုင်ရန်အတွက် ရိုဟင်၇ျာအမည်ခံ ဘင်္ဂလီများအား ကမန်လူမျိုးခေါင်းစဉ်အောက်တွင် ထိုဘင်္ဂလားဒေ့ရှ် ကျုးကျော်သူများအား ကမန်လူမျိုး အဖြစ်သော်လည်းကောင်း ၊ White Card များထုတ်ပေးထားခြင်းဖြင့်သော်လည်းကောင်း ၊မဲရရှိရန်အတွက် Project တစ်ခုအဖြစ် သေချာစွာလုပ်ဆောင်လျက်ရှိပါသည်။ ရခိုင်ဒေသ၏အချုပ်အခြာအာဏာနှင့် ဆိုင်သော စိန်ခေါ်မှုများနှင့်ပတ်သတ်ရ်ျ အစိုးရအနေနှင့် ယခုကဲ့သို့ သော အရည်အသွေးသိမ်ဖျင်းစွာ ၊ ယုတ်မာကောက်ကျစ်စွာ၊ ရခိုင်တိုင်းရင်းသားလူနည်းစုများအား ဖိနှိပ်ဖြိုလဲရန်ကြိုးစားလာမှုသည် တစ်နိုင်ငံလုံးကို တော်လှန်ရေး ပုံသဏ္ဍန်အနေဖြင့် ကြီးမားကျယ်ပြန့် စွာ ရိုက်ခတ်သွားပါလိမ့်မည်။ တိုင်းပြည်ကို အစိတ်စိတ်အမွှာအမွှာကွဲထွက်ရန်သကဲ့သို့ လုပ်ဆောင်နေသော သိန်းစိန်အစိုးရသည် မိမိ၏ညံ့ဖျင်းသော လုပ်ဆောင်မှုများကို တာဝန်ယူရမည်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန်သတိပေးလိုက်ပါသည်။ ပြည်ထောင်စုတိုင်းရင်းသားညီအစ်ကိုများအနေနှင့်လည်း ပြည်ထောင်စု၏အချုပ်အခြာအာဏာ ၊ဂုဏ်သိက္ခာရှိစွာရပ်တည်နိုင်ရန်အတွက် ပြင်ဆင်ထားကြပါရန် လေးလေးနက်နက် ဆော်သြောလိုက်ပါသည်။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ :::::::::Ko Htut::::::::October 4 :2013 ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

Credit - Chit Thu Sky

အခုခေတ်နဲ့ဆို ကွတ်တိပဲ ...

From - ဟာသ

အောက်တိုဘာလ ၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

အောက်တိုဘာလ ၃ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

စနစ်တစ်ခုအောက်က လူသန်းပေါင်းများစွာ

စင်ကာပူနိုင်ငံ လွတ်လပ်ရေးရသည့်အချိန်တွင် အရှေ့တောင်အာရှ၌ အတိုးတက်ဆုံး ဖြစ်နေသည့် မြန်မာနိုင်ငံကို လေ့လာ၍ ထိုအချိန်က စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီကွမ်ယုက သမိုင်းဝင်စကားတစ်ခွန်း ဆိုခဲ့သည်။ ''မြန်မာကို ကျွန်တော်တို့ မီအောင်လိုက်မယ်''

ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု၏သား လီရှန်လွန်း စင်ကာပူနိုင်ငံ ၀န်ကြီးချုပ်ဖြစ်လာခဲ့သည့် လက်ရှိအချိန်တွင်တော့ မြန်မာနှင့် စင်ကာပူနိုင်ငံ အခြေအနေသည် ပြောင်းပြန်ဖြစ်နေခဲ့လေပြီ။ လီကွမ်ယုက ''မြန်မာကို မီအောင်လိုက်မယ်'' ဟု ဆိုခဲ့သည်။ လီရှန်လွန်းကတော့ မြန်မာနှင့် ပတ်သက်၍ ယခုလို မှတ်ချက်ပေးခဲ့သည်။ ''မြန်မာဟာ အရှေ့တောင်အာရှ ဒေသတွင်းနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်ဖို့တောင် အတော်ကြိုးစားရဦးမယ်''ဟူ၍ ဖြစ်သည်။

၁၉၆၂ ခုနှစ်တွင် စတင်တွေ့ကြုံခဲ့ရသည့် အာဏာရှင်စနစ်သည် ဒီမိုကရေစီစနစ် စတင်အားကောင်းနေပြီဖြစ်သည့် မြန်မာနိုင်ငံကို နှစ်ပေါင်း ၅၀ ကျော်ကြာအောင် ဖိနှိပ်အုပ်ချုပ်သွားလိမ့်မည်ဟု ထိုအချိန်က အိပ်မက်ထဲမှာပင် မက်ဖူးကြမည် မဟုတ်ပါ။ သို့သော်လည်း သယံဇာတ ပေါကြွယ်ဝပြီး ရေခံမြေခံကောင်းလွန်းသည့်အတွက် ဘယ်တော့မှ မဆင်းရဲနိုင်ဘူးဆိုသည့် အာရှ၏တက်သစ်စ ကျားနိုင်ငံသည် အာဏာရှင်စနစ်၏ အောက်တွင် ဆယ်စုနှစ် ငါးခုအတွင်း စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍပေါင်းစုံတွင် ကျဆင်းလာခဲ့ရပြီး အရှေ့တောင်အာရှမှာပင် အောက်ဆုံးနိုင်ငံ ဖြစ်နေရသည်။ မှားယွင်းသော စနစ်ဆိုးတစ်ခု၏အောက်တွင် လူသန်းပေါင်းများစွာ၏ ဘ၀များ စတေးခံခဲ့ရသည်။ ကောင်းမွန်သော စနစ်တစ်ခု မရှိပါဘဲ သယံဇာတဆိုသည်မှာ ကျိန်စာတစ်ခုထက် မပိုသည့်အချက်တွင် မြန်မာသည် သာဓကပင်ဖြစ်သည်။

၁၉၆၀ ၀န်းကျင်တွင် အရှေ့တောင်အာရှ၌ ထိပ်ဆုံး တစ်နိုင်ငံဖြစ်ခဲ့သည့် မြန်မာနိုင်ငံ လက်ရှိတွင် မည်သည့်နေရာ မည်သည့်အဆင့်အတန်းကို ရောက်နေခဲ့ပြီလဲ။ လက်ချင်းချိတ်ကာ အပြုံးချိုချိုထားတတ်သည့် အာဆီယံအဖွဲ့တွင်ပင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူရရန် မြန်မာသည် ၁၇ နှစ်ကြာအောင် စံချိန်တင် စောင့်ဆိုင်းခဲ့ရသည်။ မလေးရှားနိုင်ငံတွင် အထူးဖမ်းဆီးရေး စီမံချက်ပြုလုပ်သဖြင့် မိခင်နိုင်ငံသို့ အကူအညီနှင့် ပြန်ရောက်လာသည့် မြန်မာအလုပ်သမားအချို့တွင် စီးစရာဖိနပ်ပင် မပါရှိခဲ့ပေ။ ကမ္ဘာအဆင့် အသာထား၍ အရှေ့တောင်အာရှတွင်ပင် မြန်မာနိုင်ငံ ဘယ်နေရာ ဘယ်အဆင့်အတန်းကို ရောက်နေခဲ့ပြီလဲဆိုသည့် အဖြေမှာ မျက်စိမှိတ်ငြင်းချင်သော်လည်း အထင်းသား သိမြင်နေရသည်။

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်သော အပြုသဘော တိုးတက်မှုများ ရှိလာနေပြီဟု ဝေေ၀ဆာဆာ ကြားနေရသည်။ မြန်မာသည် စနစ်ဆိုးတစ်ခုကနေ တကယ်ပြောင်းလဲလာနိုင်ခဲ့ပြီလား။ အစိုးရသစ် သုံးနှစ်သက်တမ်း ၀င်ရောက်လာချိန်တွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး မည်သည့်ကဏ္ဍတွင် လူထုအကျိုးခံစားရအောင် သိသာဖြစ်ထွန်းလာနေပြီလဲ၊ အခြေခံလူထုဘ၀တွေ ဘယ်လောက် ပြောင်းလဲသွားခဲ့ပြီလဲ အစရှိသည့် မေးခွန်းများအတွက်တော့ အဖြေသည် ပျောက်ဆုံးလျက် ရှိနေပါသေးသည်။ ဆိုဗီယက်ပြည်ထောင်စု၏ နောက်ဆုံးခေါင်းဆောင် ဂေါ့ဘာချော့ခ်ျ၏ ပြုပြင်ပြောင်းလဲရေး လမ်းစဉ်လက်ထက်တွင် ဟာသတစ်ပုဒ် ပေါ်ခဲ့ဖူးသည်။ ''အရင်က ပါးစပ်တွေပိတ်ထားခဲ့ရတယ်။ ဗိုက်ထဲမှာလည်း ဘာအစာမှ မရှိခဲ့ဘူး။ အခုခေတ်ကျတော့ အခြေအနေကောင်းသွားပြီ။ ပိတ်ထားတဲ့ ပါးစပ်တွေ ဖွင့်လို့ရသွားပြီ။ ပြောချင်တာ ပြောလို့ရတယ်။ ဒါပေမဲ့ ဗိုက်ထဲမှာတော့ ဟောင်းလောင်းပဲ'' ဟူ၍ ဖြစ်သည်။ ဗိုက်ထဲမှာ ဟောင်းလောင်းဖြစ်နေသူတွေ များနေသရွေ့ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အခြေအနေသည်လည်း အလုပ်ဖြစ်သည်ဟု ထင်မြင်ယူဆနိုင်ခြင်း မရှိသေးသည့်အတွက် အမှန်တကယ် ကောင်းမွန်အကျိုးရှိသော ပြုပြင်ပြောင်းလဲရေးဖြင့် လူသန်းပေါင်းများစွာတို့၏ မျက်နှာကို ကြည့်ပါ။ ဘ၀တွေကိုကြည့်ပါဟု The Daily Eleven သတင်းစာက တိုက်တွန်းရေးသားအပ်ပါသည်။

Eleven Media Group

မေးပါများ စကားရ


မေးပါများ စကားရ


ရန်ကုန်မြို့ လမ်းဘေးဆိုင်တွေ၊ အချို့ကွမ်းယာဆိုင်တွေမှာ အမျိုးသားလိင်နဲ့သက်ဆိုင်တဲ့ အားတိုးဆေးတွေ၊ လိင်စိတ်ကြာရှည်ခံစေတဲ့ဆေးတွေကိုရောင်း နေကြတာဟာ ဥပဒေနဲ့ ညီပါသလား။ ဘယ်လို ခွင့်ပြုထားပါသလဲ။ ပြည်သူလူထုကို ထိခိုက်စေတဲ့ ဆိုးကျိုးတွေ ရှိပါသလား။
ကိုနိုင်နိုင် (မင်္ဂလာဒုံ)
ကိုနိုင်နိုင်မေးတဲ့ လမ်းဘေးဆိုင်တွေက အမျိုးသားလိင်ဆိုင်ရာဆေးတွေနဲ့  ပတ်သက်ပြီး ရန်ကုန်တိုင်းဒေ သကြီးကျန်းမာရေးဦးစီးဌာန မှူး ဒေါက်တာ အေးကို ကို ထံ မေးမြန်းခဲ့ပါတယ်။ ဒေါက်တာအေးကိုကို ဖြေကြားပေးတာက တော့…
”အဲဒီဆေးတွေက ဥပဒေနဲ့ မညီဘူး။ အဲဒီဆေးတွေက များသောအားဖြင့် FDA ရဲ့ ခွင့်ပြုချက်မရှိဘဲ အများစုက မှောင်ခိုကနေ ခိုးဝင်လာတဲ့ ပစ္စည်းတွေ များတယ်။ FDA က တရားဝင်ခွင့်ပြု ပေးထားတာကလည်း မရှိသလောက်ပဲ။ မြို့နယ်အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်မှုကော်မတီဆိုတာ ရှိတယ်။ အဲဒါကနေ  သူတို့ကို အရေးယူလို့ ရ တယ်။ အဲဒါတွေကို ခွင့်ပြုထားတာမျိုး မရှိဘူး။အထူးသဖြင့်တော့ နှလုံးရောဂါရှိတဲ့လူတွေ၊ သွေးတိုးရောဂါတို့၊ ဆီးချိုရောဂါ တို့ ရှိတဲ့ လူတွေလည်း မသောက်သုံး သင့် ဘူး။ သောက်ရင် အသက်အန္တရာယ်အထိ ရှိနိုင်တယ်။ သာမန်လူတွေလည်း မသောက်သုံးသင့်ဘူး။ အန္တရာယ်ရှိတယ်”
ရဲဝန်ထမ်းတွေအနေနဲ့ လူတစ်ယောက်ကို ဖမ်းဆီးဖို့လိုတဲ့အခါမှာ အရပ်ဝတ်နဲ့ဖမ်းလို့ရလား။ ဖမ်းဝရမ်း ပြဖို့ရောလိုလား။ ရဲဖြစ်ကြောင်း စိစစ်ရေးကတ်ေ ရာ ပြဖို့လို ပါသလား။
ကိုမောင်လင်းလှိုင်
ဟုတ်ကဲ့။ ကိုမောင်လင်းရဲ့မေးခွန်းနဲ့ပတ်သက်ပြီး ပေါ်ပြူလာနယူးစ်က မေးမြန်းခဲ့ရာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှတာဝန်ရှိသူတစ်ဦးက ဒီအချက် ၃ ချက်ကို ဖြစ် စဉ် အပေါ် မူတည်ပြီး ဖြေကြားသွားရမယ်လို့ အရင်ဆိုပါတယ်။ ပထမအချက်အနေနဲ့ ရဲကို တရားခံကသိရင် ထွက်ပြေးတိမ်းရှောင်နိုင်တဲ့ အတွက် အရပ်ဝတ်နဲ့ ဖမ်းလို့ရ တယ် လို့ ဆိုပါတယ်။ ဒုတိယအချက် ဖမ်းဝရမ်းဆိုတဲ့ကိစ္စမှာ ပြစ်မှုကျူးလွန်သူရဲ့ ပြစ်မှုနဲ့သာ သက် ဆိုင်ပြီး ပြစ်မှုအပေါ်လိုက်ကာ ရဲက ဖမ်းဝရမ်းကို ပြသရမှု ၊ မပြသရမှု အကြောင်းရှိ တယ်လို့ ဆိုပါတယ်။ ရဲအရေးပိုင်တဲ့ကိစ္စရပ်တွေကို ရဲကဖမ်းဝရမ်းမပြဘဲ ဖမ်းဆီးနိုင်ပြီးတော့ ရဲ အရေးမပိုင်တဲ့ ကိစ္စတွေမှာတော့ ရဲက ဖမ်းဝရမ်းပြသပြီးမှသာ ဖမ်းဆီးနိုင်တယ်လို့ ပြောပါတယ်။ဥပမာ- မယားခိုးမှု၊ ဒီမယားခိုးမှု ကို ထောင်ဒဏ်အထိချမှတ်နိုင်ပေမယ့် ဒီ အမှုဟာ ရဲအရေးမပိုင်တဲ့အတွက် ဖမ်းဝရမ်းလို တယ်လို သိရပါ တယ်။ နောက်ဆုံးအချက် ရဲစစ်ဆေးရေးကတ်ပြသဖို့ လိုမလို ဆိုတာကတော့ တောင်းခံတယ်ဆိုရင် ပြသဖို့လိုတယ်။ ဒါပေမဲ့ အသိသက်သေပါလာရင်တော့ လိုအပ်မှာ မဟုတ်ဘူးလို့ ပြန်လည်ဖြေကြားလိုက်ပါတယ် ခင်ဗျား။
မီတာတပ်ထားပြီး တစ်ယူနစ်မှ မသုံးစွဲရင် ဒဏ်ငွေရိုက်၊ မီတာဖြုတ်သိမ်း  တာမျိုးလုပ်တယ်လို့ ကြားမိပါတယ်။ ဟုတ်ပါသလား။ ဘာကြောင့် အရေးယူရတာပါလဲ။
ဒေါ်သန်းသန်းဝင်း (အလုံ)
ဒေါ်သန်းသန်းဝင်း ခင်ဗျာ။ မီတာသုံးစွဲခတွေနဲ့ ပတ်သက်ပြီး ဝေဖန်သံတွေ အတော်ရှိနေခဲ့ပြီး မီတာမသုံးရင် ဘာလုပ်မလဲဆိုတဲ့ ပြည်သူတွေရဲ့ ကြောင့်ကြ မှုဟာ အလွန်ကို နည်းခဲ့တဲ့အတွက် အစိုးရရဲ့ထုတ်ပြန်မှုက နည်းခဲ့လို့ သိပ်မသိခဲ့ ကြပါဘူး။ ဒေါ်သန်းသန်းဝင်းမေးတဲ့မေးခွန်းဟာ စာဖတ်သူအားလုံးလည်း အကျိုး ရှိစေတဲ့အတွက် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင် ခိုင်ကို မေးမြန်းကြည့်တဲ့အခါမှာ…
”မီတာ တစ်ယူနစ်မသုံးဘဲ သုံးလအထိ ရပ်ထားမယ်ဆိုရင်တော့ မီတာဖြုတ်သိမ်းပါတယ်။ ဒဏ်ငွေတော့ မရိုက်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ မီတာမသုံးဘဲထားရင် တပ်ထားတာ အပိုကြီးဖြစ်နေမယ်။ သူခိုးခိုးမယ်။ အဓိကတော့ မသုံးတဲ့အတွက် ဖြုတ်သိမ်းတာပါ။ မီတာထိန်းသိမ်းစောင့်ရှောက်ခပေးလည်း မရပါဘူး” လို့ ပြောပါတယ်။
မေးခွန်းများမေးလိုပါက  popularnews@popularmyanmar.com (သို့မဟုတ်) ဂျာနယ်တိုက် လိပ်စာအတိုင်း စာတိုက်မှ တစ်ဆင့် မိမိ မေးလိုသည့် မေးခွန်းနှင့်အတူ အမည်၊ နေရပ်၊ မှတ်ပုံတင်အမှတ် ထည့်သွင်း၍ မေးမြန်းနိုင်ပါသည်။
(အယ်ဒီတာအဖွဲ့)
http://www.popularmyanmar.com/mpaper/2013/10/77186/

ဆီလီကွန်တောင်ကြားက Facebook အိမ်ရာ


ဆီလီကွန်တောင်ကြားက Facebook အိမ်ရာ

Facebook မှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းများအတွက် အိမ်ရာ တစ်ခုကို ဇူကာဘတ်က တည်ဆောက်ပေး တော့မှာ ဖြစ်ပါတယ်။

ဒီအတွက် အတည်ပြုချက်ကိုရရှိပြီး ဆောက်လုပ်ရေး ကုမ္မဏီတစ်ခုနဲ့ စတင်နေပါပြီ။ Zuckland သို့မဟုတ် Facebookville လို့ အမည်ပြောင် ပေးထားတဲ့ ယင်းအိမ်ရာက ဆီလီကွန်ဗယ်လီက ဝန်ထမ်း အားလုံး အတွက် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် လက်ရှိ စီမံကိန်းက ၁၀ ရာခိုင်နှုန်းသော ဝန်ထမ်းအတွက် နေထိုင် ဖို့အတွက်ပဲ အဆင်ပြေအုံး မယ်လို့ ဆိုပါတယ်။ စတုရန်းပေပေါင်း ၆သိန်း၃သောင်း အကျယ်ရှိ တဲ့ မြေနေရာမှာ တိုက်တာ အဆောက်အအုံများ ဆောက်လုပ်ပြီး ယူနစ် ၁၅ ခု ခွဲခြားပေးထားမှာ ဖြစ်ပါတယ်။ လူနေအိမ်ရာ၊ စားသောက်ဆိုင်၊ ရှော့ပင် စင်တာ၊ စက်ဘီးပြင်ဆိုင်၊ အားကစားခန်းမ၊ ရေကူးကန်၊ ကျန်းမာရေး ဆေးပေးခန်း အစရှိသဖြင့် Facility စုံစုံ လင်လင်နဲ့ ဖန်တီးထားပေးမယ့် အိမ်ရာ ဖြစ်ပါတယ်။ 

အိမ်ရာ တန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၁၂၀ ပါ။ ဒါတောင် Facebook က တန်ဖိုးနည်း အိမ်ရာ စီမံကိန်းလို့ အမည်ပေးထားပါတယ်။ ဝန်ထမ်းများ အတွက် ထောက်ပံ့မှု အပြည့်အဝပေးနိုင်ဖို့ ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ မိသားစု ရှိသူများအတွက်လည်း အခန်းကျယ် ပေးမှာပါ။ လုပ်ခလစာ၊ ပင်စင်လစာ အပြင်၊ နေစရာ၊ စားစရာ အပြည့် ထောက်ပံ့ပေးပြီး ကမ္ဘာ့ အလုပ်လုပ်ချင်စရာ အကောင်းဆုံး ကုမ္မဏီစာရင်းထဲ ဝင်ဖို့ ကြိုးစားနေ ပုံ ပေါက် ပါတယ်။ လက်ရှိ နံပါတ်တစ် ယူထားတာက Google ပါ။ ပြီးရင်သူ့ လက်အောက် Youtube ဖြစ်ပါတယ်။ Facebook ကလည်း တဖြည်းဖြည်း တက်လာပါပြီ။

အိမ်ရာစီမံကိန်းကို Facebook ကုမ္မဏီတစ်ခုတည်းက အကုန်ကျခံထားခြင်း မဟုတ်ပဲ အခြား ကုမ္မဏီ တစ်ခုနဲ့ အပြန်အလှန်အကျိုးပြု ရှယ်ယာဖြင့် တည်ဆောက်မှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable
Aung Kham (TSJ Team)

http://blog.techspace.com.mm/2013/10/facebook.html



.

မိကျောင်းကန်သပိတ်စခန်း မဖယ်ရှားပါက အင်အားသုံးမည်ဟု ဗိုလ်မှူးကြီးတင်ဝင်း သတိပေ


မဟာဗန္ဓုလပန်းခြံနံဘေးမှာ နှစ်ရက်ကြာ သပိတ်စခန်းဖွင့်ထားတဲ့ မိကျောင်းကန်ဒေသခံ ၅ဝဝနီးပါးရဲ့ ဆန္ဒပြမှုကို ရုပ်သိမ်းပေးဖို့နဲ့ မရုပ်သိမ်းရင် ဖယ်ရှားသွားမယ်လို့ ရန်ကုန်တိုင်း လုံခြုံရေးနဲ့နယ်စပ်ဝန်ကြီးက အောက်တိုဘာ ၃ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

"အကြောင်းရှိတယ်" ဘာရယ်တော့ မဟုတ်ပါဘူး "ဒေါ်လာတစ်သောင်းတောင် မရှိပါဘူး" ဆိုတဲ့ စကားလေးနဲ့ ဆက်စပ်ပြီး ရီစရာလေးတစ်ခု တွေးမိလို့ ရေးပြလိုက်တာပါ


"အကြောင်းရှိတယ်"

ဘာရယ်တော့ မဟုတ်ပါဘူး
"ဒေါ်လာတစ်သောင်းတောင် မရှိပါဘူး" ဆိုတဲ့ စကားလေးနဲ့ ဆက်စပ်ပြီး ရီစရာလေးတစ်ခု တွေးမိလို့ ရေးပြလိုက်တာပါ

ကျနော့် သူငယ်ချင်းတစ်ယောက်က ပြောပြတာ
သူက အစိုးရဝန်ထမ်း၊ သူ့ဌာနက ဝင်ငွေကောင်းတယ်
ကောင်းတာမှ တော်တော်ကောင်းတာ
သူများတွေ စက်ဘီးနဲ့ ရုံးတက်နေရတဲ့အချိန်မှာ သူတို့က ဆိုင်ကယ်ကိုယ်စီနဲ့။
ညနေဆို ဘီယာဆိုင်မှာ...
ညဆို ကာရာအိုကေဆိုင်မှာ...

ပြီးတော့ "မယားငယ်ကိုယ်စီ" နဲ့လို့လည်း နာမည်ကြီးတယ်။

တရက်တော့ သူတို့ဝန်ကြီးဌာနက ညွှန်ချုပ်က အဲဒီဌာနကို လာစစ်တယ်
ဌာနကလူတွေကို အစည်းအဝေးခန်းမှာ ခေါ်ပြီး သြဝါဒစကားမိန့်ကြားတယ်
အဲလို သြဝါဒစကား ပြောကြားရင်းနဲ့ ကြားဖောက်ပြီး မေးပါလေရော... ...

"ငါကြားထားတာတခုရှိတယ်၊ မင်းတို့ဌာနကကောင်တွေ မိန်းမနှစ်ယောက် ရှိတယ်တဲ့၊ ကဲ... ဘယ်သူတွေလဲ သိရအောင် မိန်းမနှစ်ယောက်ရှိတဲ့ကောင် မတ်တပ်ရပ်စမ်း"

တယောက်မှ မရပ်ဘူး
လူကြီးက ထပ်ပြောတယ်... ...

"မကြောက်ပါနဲ့ အရေးမယူပါဘူး၊ သိချင်ယုံ သက်သက်ပါ၊ ကဲ ကဲ ရပ်ပြပါ မိန်းမနှစ်ယောက်ရှိတဲ့ကောင်"

ဘယ်သူမှ မရပ်ဘူး။

ဒါနဲ့ ညွှန်ချုပ်လည်း စိတ်မရှည်တော့ပဲ အဲဒီဌာနက ဌာနမှူးကို မေးလိုက်တယ်... ..

"ဘယ်လိုလဲ ဌာနမှူးကြီး၊ မိန်းမနှစ်ယောက်ရှိတဲ့လူ မတ်တပ်ရပ်ဆိုတာ ခင်ဗျားလူတွေ တယောက်မှ မရပ်ပါလား"

ဒီတော့ ဌာနမှူးက ပြန်ဖြေတယ်... ...

"ဟုတ်ပါတယ် ညွှန်ချုပ်ခင်ဗျား၊ မတ်တပ်မရပ်ရတဲ့ အကြောင်းက အကုန်လုံး မိန်းမသုံးယောက်နဲ့၊ လေးယောက်နဲ့ ကောင်တွေချည်းပဲမို့ပါ"
"ဟေ... "


သန်၎ကို-ပေါက်ကရရေးသည်။
https://www.facebook.com/thanlayko


၂ လအတွင်း Samsung မိုဘိုင်း ဝင်ငွေ စံချိန်တင်


၂ လအတွင်း Samsung မိုဘိုင်း ဝင်ငွေ စံချိန်တင်


Samsung Mobile Division ရဲ့  ပြီးခဲ့တဲ့ ရက် ၉၀ စာ ဝင်ငွေဟာ HTC ကိုကျော်ဖြတ်ဖို့ ကမ္ဘာ့ စံချိန်တင် သွားပါတယ်။

၂ လအတွင်း Operating Profit ကို အမေရိကန်ဒေါ်လာ ၉.၄ ဘီလျံ ရရှိခဲ့ပြီး ယမန်နှစ် အချိန်ထပ် ၁ ဘီလျံတောင် ပိုခဲ့တဲ့ အကျိုးအမြတ် ဖြစ် ပါတယ်။ ဒီမှာထူးခြားချက်က လက်ရှိရတဲ့ ဝင်ငွေအတွက် အဓိက ရှာပေးတာက Samsung Galaxy S4, Note 3 တို့လို အမြင့်ဟန်း ဆက်တွေ မဟုတ်ပဲ ဈေးသက်သာ ဟန်းဆက်တွေ ဖြစ်နေခြင်း ဖြစ် ပါတယ်။ Samsung ဟာ Galaxy စီးရီးထဲက ပဲ ဈေးသက်သာ စမတ်ဖုန်း အပြင် စီးရီးပြင်ပက ခေါက်ဖုံး တို့လို ဈေးသက်သာ ဖုန်းတို့ကိုလည်း ထုတ်လုပ်ဖြန့်ချိခဲ့ခြင်း ဖြစ်ပါတယ်။

သို့ပေမယ့် အကျိုးအမြတ် အတွက် Samsung Galaxy S4 လည်း တစ်ဘက်တစ်လမ်းမှ ပါဝင်ခဲ့ပါတယ်။ လက်ရှိ Samsung Galaxy Note 3 ကလည်း ကမ္ဘာ့ လူ့စိတ်ဝင်စားမှု အများဆုံး စာရင်းထဲ ပါဝင်ပြီး ရောင်းအား သွက်လျက် ရှိပါတယ်။ မြန်မာပြည်မှာ ကျပ်ငွေ ၇ သိန်းဝန်းကျင် နဲ့ ရောင်းထွက်နေပါတယ်။ ဖုန်းဆိုင် အချို့ မှာ ၆၈၀,၀၀၀ ကျပ်နဲ့ လည်း ရောင်းချပေးနေကြောင်းလည်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)

http://blog.techspace.com.mm/2013/10/samsung.html

တချိန်တည်း တရက်တည်း KTV ကအခန်းနှစ်ခန်း မှာ လူနှစ်ယောက်အသတ်ခံရ

တချိန်တည်း တရက်တည်း KTV ကအခန်းနှစ်ခန်း မှာ လူနှစ်ယောက်အသတ်ခံရ

ရန်ကုန်၊ အောက်တိုဘာ ၎

၎.၁၀.၂၀၁၃ရက်နေ့ ၀၇၀၀အချိန် လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်နေ ဦးတင်သိန်းသည် သားဖြစ်သူ မောင်ဇော်နှင့် သားဖြစ်သူ၏သူငယ်ချင်း ကိုသူ တို့နှစ်ဦးမှာ လှိုင်သာယာမြို့နယ်၊ (၅)ရပ်ကွက်ရှိ Music KTV
ဆိုင်တွင် အသတ်ခံရကြောင်း ကြားသိရသဖြင့် သွားရောက်ကြည့်ရှုရာ
KTV ဆိုင်၏အခန်းအမှတ် V-2 ၌ သားဖြစ်သူမောင်ဇော်မှာဓါးဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုလည်းကောင်း၊အခန်းအမှတ် V-9
တွင် တစ်ရပ်ကွက်တည်းနေ ကိုသူ ၊ (ဘ)ဦးညွန့်ဝင်းမှာ ဓါးဒဏ်ရာများဖြင့်လည်းကောင်း သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးပါရန် တိုင်တန်းခဲ့၍ လှိုင်သာယာမြို့မရဲစခန်း
(ပ) ၁၂၃၁/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

အမှုမှ ပြစ်မှုကျူးလွန်သူများအား ဖေါ်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် တိုင်း/ခရိုင်မှ တပ်ဖွဲ့ဝင်များနှင့် လှိုင်သာယာမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပူးပေါင်း၍ စုံစမ်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
http://www.todaymyanmar.net/

မြန်မာ သံဃာတော်များကို ထိုင်းသာသနာရေးရုံးက တောင်းပန်


မြန်မာ သံဃာတော်များကို ထိုင်းသာသနာရေးရုံးက တောင်းပန်


ထိုင်းနိုင်ငံ မြောက်ပိုင်း လန်ပန်းမြို့ ဝပ်ထာ့မအိုးကျောင်းမှာ သီတင်းသုံး ပညာသင်ကြားနေတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား သံဃာတော်တွေ နေထိုင်ခွင့်ဗီဇာ ရရှိရေးအတွက် ထောက်ခံချက်သွားယူတဲ့ မြန်မာသံဃာတော်တပါးကို ထိုင်းသာသနာရေးရုံးရဲ့ အမျိုးသမီး ဝန်ထမ်းတဦးက မချေမငံ ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာကို တောင်းပန်တာဖြစ်တယ်လို့ သိရပါတယ်။

“သူတို့ထင်တာက ဒီမှာ နေ၊ ဆွမ်းခံထွက်၊ ရတဲ့ပိုက်ဆံစုပြီး မြန်မာပြည်ပြန်ပို့ အဲလိုထင်တာ။ ဦးဇင်းတို့က ပြောပြရတာပေါ့၊ ငါတို့က ဒီမှာ ဆွမ်းမခံဘူး၊ တက္ကသိုလ်တွေမှာ ကျောင်းတွေမှာ တက်နေကြတာ။ မင်းတို့ဆီမှာ ငါတို့က တောင်းစားတာ မဟုတ်ဘူး”
Read More -http://www.myanmardailynews.org/2013/10/onb.html#.Uk-LJlM9v90


သံတွဲတွင် လက်လုပ်ဗုံးများ ဖမ်းဆီးရမိ


သံတွဲတွင် လက်လုပ်ဗုံးများ ဖမ်းဆီးရမိ


3.10.2013 ရက်နေ့တုန်းက သံတွဲမြို့နယ်၊ ရွှေလှေရွာမှာ လက်လုပ်ဗုံးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။
ရွှေလှေရွာ (စာသင်ကျောင်းရှေ့) မှ ကိုတင်နောင် (ဘ) ဦးရာကွတ်+မနီ(ခ)မခင်မေသန်း(ဘ) ဦးဟူစိန်ထွန်း တို့၏ နေအိမ်မှာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး Sprite ပုလင်းထဲတွင်-ဆန်နှင့် တစ်လက်မသံများ ပုလင်းဝက်ထိ ထည့်ထားပြီး ဓာတ်ဆီများဖြည့်ထားကာ စနက်တံတပ်ထားကြောင်း အားလုံး ဂျပ်ဖာနှစ်ဖာ အပြည့်ဖြစ်ကြောင်း သိရပါတယ်။
Read More -
http://www.myanmardailynews.org/2013/10/bom.html#.Uk95KFM9v90

သိပံ္ပနှင့်နည်းပညာဂျာနယ်စာအုပ် (၅)


Thantsin

သိပံ္ပနှင့်နည်းပညာဂျာနယ်စာအုပ် (၅)
https://app.box.com/s/hlwmxj95slq3tgy4wa4k

သိပံ္ပနှင့်နည်းပညာဂျာနယ်စာအုပ် (4)




Thantsin
သိပံ္ပနှင့်နည်းပညာဂျာနယ်စာအုပ် (4)

https://app.box.com/s/wtdd4zb2g4d0lgh2oysf


မရမ်းကုန်းမှ မြင်းသောင်းကျန်း လူခုနှစ်ဦးကို ကိုက်


မရမ်းကုန်းမှ မြင်းသောင်းကျန်း လူခုနှစ်ဦးကို ကိုက်
===================================
စိုင်းဟန်
===================================
ရန်ကုန် ၊ အောက်တိုဘာ ၄။ ။ မ ရမ်းကုန်းမြို့နယ် အမှတ်(၁)ရပ် ကွက်အတွင်း မြင်းတစ်ကောင်က အရိုင်းစိတ်ဝင်ကာ ရပ်ကွက်အတွင်း သွားလာနေသော လူခုနစ်ဦးအား လိုက်လံကိုက်ခဲ့သည့် ဖြစ်စဉ်တစ် ခု ယနေ့နံနက် ၇ နာရီခန့်က ဖြစ် ပွားခဲ့ ကြောင်း ဒေသခံများထံမှ သိရသည်။

''ဒီနေ့မနက်က အဲဒီ့ မြင်း က ရူးပြီးတော့ လမ်းမှာသွားနေတဲ့ သူတွေကို လိုက်ကိုက်တယ်။ မ နက်ခင်းဖြစ်တော့ တော်တော်များ များအလုပ်သွားတဲ့အချိန်ဖြစ်တဲ့ အတွက် အကိုက်ခံရတော့ ထိခိုက် ဒဏ်ရာတွေရတာများတယ်။ ပုံစံ ကခွေးရူး အကိုက် ခံရလို့ ခွေးရူး ပြန်ပြီး လိုက်ကိုက်တာလို့ ထင် တယ်''ဟု အမှတ်(၁)ရပ်ကွက်နေ ဒေါ်သက် က ပြောသည်။ ယင်းဖြစ်ရပ်အား မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက မှန်ကန်ကြောင်း အတည် ပြုပြောကြားသည်။ အဆိုပါမြင်း သည် အမှတ် (၁) ရပ်ကွက်အတွင်း နေအိမ်တစ် အိမ်မှ မွေးမြူ ထားသော မြင်းဖြစ် ကြောင်းနှင့် အကိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသူ ခုနစ်ဦးအထိရှိပြီး ယင်းတို့အထဲ တွင် အသက်၁ဝနှစ်အောက် ကလေး လေးဦးရှိကြောင်း သိရ သည်။

''ဒဏ်ရာရတဲ့ သူတွေထဲက လေးဦးကို အင်းစိန်ဆေးရုံပို့ပေး တယ်။ တစ်ဦးကို ရန်ကုန်ဆေးရုံ ကြီးကို ပို့လိုက်တယ်။ ကျန်တဲ့နှစ် ယောက်ကတော့ အပြင်ဆေးခန်း မှာပဲပြလိုက်တယ်။ မြင်းကို ဝိုင်းပြီး ရိုက်သတ်လိုက်ကြတယ်။ ခွေးရူး ပြန်ကာ ကွယ်ဆေး တော့ ထိုးပြီး သွားပြီလို့သိရတယ်''ဟု အနီးရှိ မျက်မြင်တစ်ဦးက ပြောသည်။ ရန်ကုန်ဆေးရုံကြီးအရေး ပေါ်ဌာနမှ တာဝန်ကျတစ်ဦးက ''ဟုတ်တယ်။ နံနက်ကဖြစ်တာပါ။ ပြင်ပလူနာဌာနကိုပြပြီးတော့ ပြန် သွားပြီ''ဟု အတည်ပြု ပြောသည်။

From - Yangon Myanmar Media

သိပံ္ပနှင့်နည်းပညာဂျာနယ်စာအုပ် (၃)

Thantsin

သိပံ္ပနှင့်နည်းပညာဂျာနယ်စာအုပ် (၃)

https://app.box.com/s/4qbbxt6qd09h90a7zl2p

သိပံ္ပနှင့်နည်းပညာဂျာနယ်စာအုပ် (၂)


Thantsin

သိပံ္ပနှင့်နည်းပညာဂျာနယ်စာအုပ် (၂)

https://app.box.com/s/3k5wvwmen89kpdaiqvz1

သိပ္ပံနှင့်နည်းပညာဂျာနယ် စာအုပ် ၁


Thansin

သိပ္ပံနှင့်နည်းပညာဂျာနယ် စာအုပ်လေးတွကို ဗဟုသုတရအောင်
မျှဝေပေးချင်လို့ပါ ....


https://app.box.com/s/mswioe5aqrnvi4eu9jxz

sky net


ကဲ ဘော်ဘော်တို့အတွက် ဘောလုံးပွဲ နှင့်
ရလဒ်များကို sky net ကနေကြည့်ရအောင်နော်
https://www.dropbox.com/s/yswdo9x6zz8ljmk/Skynet.apk

Credit - Yelay

10/4/13

မတရားအသိမ်းဆီးခံ မိကျောင်းကန်၁


လာရောက်အားပေးတယ်ဆိုတဲ့ NDF မှ လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ရီကို မိကျောင်းကန်ပြည်သူတွေကိုယ်စား...အထူးကျေးဇူးတင်ပါတယ်....

ဦးကုမုဒ
ပဓာနနာယကဆရာတော်..
ယခင် မတရားအသိမ်းဆီးခံ မိကျောင်းကန်၁ ..စိန်ပန်းကျောင်း..
..................................................................................
ယနေ့ မိကျောင်းကန်ပြည်သူများ ဘိုးဘွားပိုင်မြေနေရာပြန်လည်ရှိရန် မူလပိုင်ရှင်၅၀၀ကျော် သပိတ်စခန်းဖွင့်တောင်းဆိုနေသော နေရာထံသို့ ညနေ ၆ နာရီ တွင် အမျိုးသားလွတ်တော်ကိုယ်စားလှယ် NDF ပါတီ မှ လွတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရီမှ လာရောက်တွေ့ဆုံခဲ့

ဦးခင်မောင်ရီ မှ
ဒီကလူတွေဒုက္ခရောက်နေတာ မမြင်ရပ်ပါဘူး အခုလဲအားလုံးဒုက္ခရောက်နေကြတယ် ကျွန်တော်တို့လဲ အတူတူပါဘဲ တစ်ဖက်ကိုလဲအခက်ခဲးမရှိစေခြင်ဘူး ဒါဟာ တပ်သိမ်းမြေဖြစ်နေတဲ့အတွက် အများကြီးညှိနိုင်းရမှာပါ ကျွန်တော်တို့မှာအာဏာမရှိပါဘူး ကျွန်တော်တို့က လူထုအတွက် အစိုးရနဲ့ပြည်သူကြားကနေဖြေရှင်းရတာပါ ဝါဝါဝင်းကိုလဲကျွန်တော်တို့ပြေလည်အောင်ဖြေရှင်းခဲ့ပါတယ် 
လွတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရီမှ ပြေားကြားအပြီ ပြည်သူများမှ ကျွန်မတို့ကို ဘယ်သူတစ်ဦးတစ်ယောက်မှဒီလိုလာမဖြေရှင်းပေးသေးပါဘူး ဦးခိုင်မောင်ရီအခုလို့လာရောက် ပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြည်သူများပြေားကြားခဲ့သည်
ထိုးနောက် လွတ်တော်ကိုယ်စာလှယ်ကြီးကျန်းမာပါစေ ဟုဆုတောင်မတ္တာပို့သပေးအပြီး

ဦးခိုင်မောင်ရီမှ
မနေ့ဖြန် အမှတ် ၁၅၈ ပထမထပ် အလုံလမ်း အလုံမြို့နယ်
နံနက်၉ နာရီ အချိန်တွင်တွေ့ဆုံ မိကျောင်းကန် ကိုယ်စားလှယ်များနှင့်တွေ့ဆုံမည်ဖြစ်ကြောင်း ပြေးကြားသွားခွှဲပါတယ်..

Credit - Ashin Kumuda Bawdhitahtaung 
Photo -  Thein Aung's


အမေအိုလေးတွေ ပါဝင်လှူဒါန်းပြီးကုသိုလ်ယူကျပါနော်


မိတ်ဆွေတို့  အလှူလေးတခု ပြုနိုင်အောင် ဖတ်ပေးပြီး share ပေးကြပါနော်။ ဒီမနက် ကျမဆိုင် ခင်းတုန်း အဘွားခင် ဆိုတဲ့ အဘွား တစ်ယောက် Tobramycin eye drop လာဝယ်တော့ ကျမစကားမေးဖြစ်တယ်။ အဘွားအသက်က ( ၉၁ ) နှစ် ရှိပါပြီ။ တကိုယ်တည်းနေပါတယ်။ နေတဲ့ နေရာက အင်းစိန် ဘူတာသန့်စင် ခန်းအနီးမှာ အဖီလေးထိုးပြီးနေပါတယ်။်ဆွေမျိုးများမရှိပါ။ ၎င်း အနီးအနားက ချမ်းမြေ့ရွှေ လ္ဘက် ရည်ဆိုင် မှလည်း ကူညီပေးပါတယ်တဲ့။ တခါတရံ အလှူခံပြီး ရတဲ့ ငွေလေးနဲ့ စားသောက်နေထိုင် ရပါတယ်။ ကျမလည်း ဆေးဖိုးပြန်လှူပြီး အဘွားခင် ကို သမီးမိတ်ဆွေ တွေက လာလှူ လို့ရ အောင် ဓာတ်ပုံ ရိုက်ခွင့်တောင်းပြီး Internet ပေါ်တင်ပေးမယ့် အ ကြောင်း ပြောပြလိုက်ပါတယ်။ မိတ်ဆွေတို့ အင်းစိန် ဘူတာနားရောက် ရင် အဘွားခင် ကို သတိရ ပေးကြပါနော်။ အဘွားက ဆုပေးသွားတော့ ကျမရင် နင့် အောင် ခံစားရပါတယ်။ မိတ်ဆွေတို့လည်း အဘွားခင် စီအ ရောက် သွားဖို့ စိတ်ကူးခဲ့ရင် လိပ်စာလေး က အ ဘွားခင် အင်းစိန်ဘူတာ သန့်စင် ခန်းအနီး BOC မှတ်တိုင် ဆင်းပြီး ချမ်းမြေ့ရွှေ လ္ဘက် ရည်ဆိုင် မှာ မေးလို့ ရပါတယ်နော်။ မိမိတတ် နိုင် သ လောက်ပါဝ င် ကူညီခြင်းဖြင့် အထီးကျန်သူ များကိုအားပေးကြ အောင်နော်။ အချိန်ပေးပြီး ဖတ်ပေးတာ ကျေးဇူးပါ။ အဘွားအတွက်လည်း ဆုတောင်းပေးကြ ရ အောင်နော်။
Credit - San Mary

ရယ်သောသူအသက်ရှည်၏ဆိုသလိုမျိုး တစ်ခါတစ်လေမှာရယ်စရာဟာသလေးတွေကိုဖတ်ရင်း ဘ၀အမောလေးတွေ ဖြေပျောက်ကျရတာ အမှန်ပါပဲ .....


ရယ်သောသူအသက်ရှည်၏ဆိုသလိုမျိုး တစ်ခါတစ်လေမှာရယ်စရာဟာသလေးတွေကိုဖတ်ရင်း ဘ၀အမောလေးတွေ ဖြေပျောက်ကျရတာ အမှန်ပါပဲ .....


“မိဆိုး”


1.
နာမည်အရင်းက စိုးစိုးပါ
ငယ်ငယ်လေးတည်းက ပြောမရဆိုမရနဲ့ ဆိုးလွန်းလို့ မိစိုးကနေ မိဆိုးအဖြစ် ပြောင်းသွားတာ
ဘယ်လောက်ပဲ ဆိုးဆိုး တဆွေလုံးတမျိုးလုံးက ချစ်ကြတယ်
ချစ်ဆို ကလေးက ‘ဖတဆိုးလေး’ ကိုး၊
သူ့အဖေက ဆုံးသွားတာတော့ မဟုတ်ဘူး
ဇာတ်က အလွမ်းဇာတ်ရယ်၊ ပြောပြမယ်… …
မိဆိုးအမေက မအေးနုတဲ့၊ ရိုးရိုးသားသား အေးအေးဆေးဆေးနေတတ်တဲ့ မိန်းကလေးတစ်ဦးပေါ့
ကံအကြောင်းက ဖန်လာတော့ မအေးနုတို့အိမ်ဘေးမှာ ဆန်စက်လာဆောက်ပေးတဲ့ အင်ဂျင်နီယာလေးနဲ့ လူငယ်ဘဝ ချစ်သူတွေ ဖြစ်သွားကြတယ်။
တောသူဌေး လယ်ပိုင်ရှင်လူကုန်တန် မအေးနုတို့ အသိုင်းအဝိုင်းက သဘောမတူဘူး ခွဲကြတယ်၊ ကောင်လေးက လာတောင်းတယ် မပေးစားဘူး ငြင်းလွှတ်တယ်
နောက်ဆုံး ကောင်လေးလည်း လက်လျှော့သွားပြီး မအေးနုနဲ့ဝေးရာ နိုင်ငံခြားကို ထွက်သွားတယ်
ထွက်သွားလို့မှ မကြာဘူး၊ မအေးနုမှာ ကိုဝင်းကြည်နဲ့ဖြစ်ရော၊ အဲလေ ကိုယ်ဝန်ကြီးနဲ့ ဖြစ်လာရော…
ခြေလွန်လက်လွန်တွေ ဖြစ်ထားရှာတာကိုး
ဒါနဲ့ မိသားစုတွေ တိုင်ပင်ကြတယ်၊ ခေါင်းစဉ်က “ကောင်လေးကို ပြန်ခေါ်ပြီး ပေးစားမလား၊ မပေးစားဘူးလား” ပေါ့
ခေါင်းမာဂိုဏ်းသားတွေ ကြီးစိုးတဲ့ မိသားစုရဲ့အဖြေက “နိုး” ..တဲ့
အကြောင်းကတော့ ‘အင်ဂျင်နီယာတစ်ယောက်ကို မိသားစုထဲ အဝင်ခံတာထက်စာရင်၊ ဖအေမပေါ်ဘဲ မွေးတဲ့ကလေးက ပိုဂုဏ်ရှိတယ်”… ဆိုဘဲ
{အင်ဂျင်နီယာဖြစ်ရတဲ့ဘဝ အားငယ်လိုက်တာ ပြောမနေနဲ့တော့}
ဒါနဲ့ မိဆိုးလေးလည်း မွေးကတည်းက ဖအေဆိုတာ မမြင်ဖူးသေးဘူးပေါ့
သူ ဆိုးတာက လူမှန်းသိစ ပေါက်စနလေးကတည်းက ဆိုးတာ
လိုချင်တာ မရလို့ပဲဖြစ်ဖြစ်၊ ဗိုက်ဆာလို့ပဲဖြစ်ဖြစ်၊ တခုခု အလိုမကျလို့ပဲဖြစ်ဖြစ် အသံဗြဲကြီးနဲ့ ငိုတာ
အရှေ့ခုနှစ်အိမ်၊ အနောက်ခုနှစ်အိမ် အိပ်မရဘူးသာမှတ်တော့
ဘယ်လိုချော့ချော့ မတိတ်ဘူး
အဲ… သူအငိုရပ်တဲ့နည်း တစ်နည်းပဲ ရှိတယ်
စိုးသူလေ၊ ရုပ်ရှင်မင်းသားစိုးသူပေါ့
ဘာမှန်းတော့ မသိဘူး၊ လူမှန်းသိတတ်စ ကတည်းက စိုးသူကို ကြိုက်တာမှ
ငိုနေတုံး အိမ်ရှေ့ခန်းခေါ်သွား၊ နံရံမှာ ကပ်ထားတဲ့ မင်းသားစိုးသူပုံကို ပြလိုက်
ချက်ခြင်း အငိုတိတ်သွားတဲ့အပြင် ပြုံးပြုံးကြီးကို ကြည့်နေတော့တာတဲ့
ကျောင်းတက်တဲ့အရွယ် မူလတန်းလည်း တက်ရော… ရတဲ့မုန့်ဖိုးကို မုန့်ဝယ်မစားဘဲ စိုးသူပုံတွေချည့် ဝယ်ဝယ်စုလို့ မအေနဲ့ အမျိုးတွေက ငေါက်ရတာ အမော
ခက်ဘူးလား

2.
လူက ဆိုးရတဲ့အထဲ အဆော့ကမက်သေး
ကလေးမို့ အဆော့မက်တာက ထားပါတော့၊ အရာရာ နမော်နမဲ့နဲ့ မေ့ကမေ့တတ်သေးတယ်
ကျောင်းသွားခါနီးကို ဓမ္မာရုံဘေးကွက်လပ်မှာ အမိအရ သွားဆော့သေးတာ
အစ်မဝမ်းကွဲတစ်ယောက်က စက်ဘီးနဲ့ထွက်လာပြီး ဓမ္မာရုံဘေး လာလာခေါ်ရတယ်။
ပြီးတော့ သူ့ကို စက်ဘီးနောက်က ကယ်ရီယာမှာတင်ပြီး ကျောင်းကိုလိုက်ပို့တာ
အဲ…
ကျောင်းရောက်ခါနီးမှ … ..
“မမ… မမ အဟီး”
“ဘာတုံး မိဆိုး၊ ဘာမဟုတ်တာ ဖြစ်ပြန်ပြီလဲ”
“ဟို ဟို လွယ်အိတ်လေ၊ ခုနဆော့တဲ့နေရာမှာ ကျန်ခဲ့တယ်၊ ဟီး ဟီး”
“အေး အေး ညီမလေး၊ မမ ပြန်ရင်းနဲ့ ယူလိုက်မယ်၊ အယ်… ဘယ်ရမလဲ နင့်ဟာက ကျောင်းလွယ်အိတ်ကြီးပဲ”
“ဟုတ်… အဲဒါ ပြန်သွားယူရအောင်နော် မမ”
“ငါတော့ အမောဆို့ပြီး သေတော့မှာဘဲ မိဆိုးရယ်”


3.
တရက်တော့ ဆရာမက သိပ္ပံချိန်မှာ ‘ခြ’ အကြောင်းသင်တယ်
အဲဒီကနေ ‘ခြ’ အကြောင်းကို ကောင်းကောင်းသိသွားတဲ့ ဥာဏ်ကြီးရှင်မိဆိုးက နောက်ရက်မှာ လက်တွေ့ အသုံးချပါတော့တယ်
အိမ်ဘေးက ဂိုထောင်အဟောင်းကြီးမှာ တက်နေတဲ့ ခြတွေကို ဖမ်းပြီး ပုလင်းလေးထဲထည့်လို့ ကျောင်းကို ယူလာတယ်
ပြီးတော့ ဆရာမ မလာခင် စာသင်ခန်းရဲ့ နံရံတွေပေါ်ကို ခြတွေ ဖမ်းတင်တယ်
အဲလိုလုပ်ရတာက သူ့မှာ ရည်ရွယ်ချက်ရှိတယ်
ကျောင်းကြီးကို ‘ခြ’ တွေ ကိုက်သွားရင် သူကျောင်းတက်စရာ မလိုတော့ဘူးလေ
ဒါပေမယ့် သူ့အကြံအစည် မအောင်မြင်ပါဘူး
ကျောင်းသားတွေထဲမှာလည်း အစိုးရသတင်းပေးတွေ ရှိတာကိုး အဲလေ ဆရာမရဲ့ အလိုတော်ရိတွေက ရှိတာကိုး
ဒီလိုနဲ့ ဆရာမသိသွားပြီး ဥာဏ်ပူဇော်ခ ကြိမ်ဒဏ် သုံးချက် ရလိုက်တယ်


4.
သူတို့ အညာဒေသမှာက မိုးကိုကြောက်ကြတယ်
ကျောင်းသွားချိန်မှာများ မိုးသည်းသည်းမရွာလိုက်နဲ့
မိဘတွေကိုက ကလေးတွေကို ကျောင်းမလွှတ်တော့ဘူးရယ်
မိုးမိလာတဲ့ ကလေးတွေကိုလည်း ကျောင်းက ဆရာ/ဆရာမတွေက အိမ်ပြန်လွှတ်လိုက်တာ များတယ်
မိုးမိပြီး ဖျားနာနေမှာ စိုးတာကိုး
ဒီအားနည်းချက်ကို ကျောင်းပျင်းလူလည် မိဆိုးက အမိအရအသုံးချတယ်
မိုးဖွဲဖွဲလေးပဲရွာလို့ ထီးဆောင်းခိုင်းပြီး ကျောင်းကိုလွှတ်မယ်များ မကြံနဲ့
လမ်းမှာ ထီးမဆောင်းဘဲ မိုးမစို စိုအောင်လုပ်တာ
လုံလောက်တဲ့ အစိုဓါတ်က ရွာနေတဲ့မိုးကနေမရရင် သစ်ပင်လေးတွေအောက်ကိုဝင်ပြီး သစ်ကိုင်းကိုလှုပ်ချတယ်
အဲဒီမှာ တော်တော်စိုတော့မှ ကျောင်းခန်းထဲဝင်တယ်
ဆရာမက ပြန်လွှတ်တာပေါ့၊ ကလေးဖျားနာနေရင် သူ့အပြစ်လည်း ဖြစ်မှာ ကြောက်ရသေးတာကိုး
တခါကနှစ်ခါ နှစ်ခါကသုံးခါ၊ မိဆိုးတစ်ယောက်ထဲချည့် မိုးရွှဲရွှဲလာတော့ ဆရာမက မသင်္ကာဘူး
ဒါနဲ့ သူ့ထောက်လှမ်းရေးအဖွဲတွေလွှတ်ပြီး ကင်းထောက်ခိုင်လိုက်တော့မှ မမိဆိုးရဲ့ မိုးရေစိုစီမံကိန်းကို ဒီ သမ္မတသက်တမ်းအတွင်း ရပ်လိုက်ရတယ် အဲလေ ရောကုန်ပြီ၊ ဒီဆရာမ သက်တမ်းအတွင်း ရပ်လိုက်ရတယ်


5.
တရက်ကတော့ ပွဲတိုင်းကျော် မိဆိုးတစ်ယောက် မစို့မပိုရေစိုကွက်တွေနဲ့ ကျောင်းခန်းထဲ ဝင်လာတယ်
ဆရာမက မြင်တော့ မေးတယ်… …
“ဟဲ့ မိဆိုး… မိုးမရွာ ဘာမရွာနဲ့ ဘယ်ရေတွေက စိုလာပြန်တာလည်း၊ ဥာဏ်များမယ် မကြံနဲ့နော်”
ဘာမှပြန်မပြောပဲ မျက်စိပျက် မျက်နှာပျက်နဲ့ သူ့ခုံသူ သွားထိုင်နေတယ်…
ခဏနေတော့ မိဆိုးနဲ့ ပေါင်းနေကျ သူငယ်ချင်းမိန်းကလေး သုံးယောက်လည်း မစို့မပို့ရေစိုကွက်တွေနဲ့ စာသင်ခန်းထဲကို ကုပ်ကုပ် ကုပ်ကုပ်နဲ့ ဝင်လာကြတယ်
အနံ့တစ်မျိုးရတော့ ဆရာမမှာလည်း နားခေါင်းတစ်ရှုံ့ရှုံ့နဲ့ ဖြစ်နေတာ
“ဟဲ့… ဘာနံ့ပါလိမ့်၊ ရှုး ရွှတ် အဲ သေးနံ့ ဟုတ်တယ် သေးနံ့၊ မိဆိုးလာစမ်း မှန်မှန်ပြော၊ ဘာမဟုတ်တာ လုပ်လာသလဲ”
မိဆိုး ခေါင်းငိုက်စိုက်နဲ့ ရှေ့ထွက်လာတယ်
ဆရာမရဲ့ စစ်ကြောရေးအောက်မှာ အဖြစ်မှန်ကို ဝန်ခံလိုက်ရရှာတယ်
အဖြစ်က ဒီလို… …
မုန့်စားကျောင်းဆင်းချိန်မှာ မိဆိုးနဲ့ အပေါင်းပါသုံးဦး ရှုးရှုးပေါက်သွားကြတယ်တဲ့
ကျောင်းဘေးမှာက လူတခုန်စာလောက်ကျယ်တဲ့ မြောင်းရိုးလေးတစ်ခုရှိတယ်
ရှုးပေါက်တာကို ရိုးရိုးမပေါက်ပဲ မြောင်းရဲ့ ဟိုဘက်ကမ်း ဒီဘက်ကမ်းမှာ နှစ်ယောက်စီခွဲပြီး မျက်နှာခြင်းဆိုင် ရပ်လိုက်ကြတယ်
ပြီးတော့ ၁, ၂, ၃ လို့ အော်ပြီး တဘက်နဲ့တဘက် ရှုးစစ်တိုက်ကြလေသတဲ့
တဖက်ကမ်းက ရန်သူကို ရှုးနဲ့ ထိအောင်ပန်းရတာလေ
အဲလို ရှုးစစ်တိုက်နိုင်အောင်လို့လည်း ကြိုတင်ပြင်ဆင်ထားကြတယ် ဆိုဘဲ
ရေများများသောက်၊ ရှုးမပေါက်ဘဲ အောင့်ထားပေါ့လေ
ဒါမှ ဝေးဝေးပြေးမှာကိုး…
ဒါပေမယ့် မိန်းမတို့ရဲ့ ဘဝပေးအခြေအနေအရ ဘယ်လိုမှ နှစ်ပေကျော်အောင် ပန်းမရတော့ ရန်သူကို မထိဘူး ဖြစ်နေတယ်…
အဲဒီမှာ ဥာဏ်ကြီးရှင် မိဆိုးက စ,ညစ်တော့တာ
ရန်သူကို တိုက်ရိုက်ပန်းမရတော့ လက်ခုပ်နဲ့ခံပြီး လှမ်းပက်တယ်
ထိတာပေါ့…
ဒါပေမယ့် လမ်းမှာ အလေအလွင့်က နည်းနည်းရှိတော့ ထိချက်က သိပ်မပြင်းဘူး
သူလုပ်တော့ တဖက်ကလည်း ပြန်လုပ်တယ်
ဒီတော့ နှစ်ဖက် အထိအခိုက် အကျအဆုံးတွေနဲ့ ကျောင်းခန်းထဲ ရောက်လာတာ
ဇာတ်လမ်းက အဲလို…


6.
အဲဒီလို သမိုင်းကြောင်းလေးနဲ့ မမိဆိုး အရွယ်လေးရလာတော့ ဆွေးမကင်းမျိုးမကင်းထဲက မောင်ကျေးညိုနဲ့ ပေးစားလိုက်တယ်။
မိန်းမက ကမောက်ကမလုပ်သမျှ ယောက်ျားလုပ်သူခမျာ အတော်သည်းခံပြီး ပေါင်းလာတာ ခု သားလေးမောင်ကြည်ဆွေတောင် တစ်နှစ်ပြည့်တော့မယ်
မိဆိုးမှာ မကောင်းတဲ့အကျင့်တစ်ခုက သွားတိုက်ရမှာ ပျင်းတာ
အိပ်ရာထ အာလုပ်တော့ကျင်းတယ်၊ သွားမတိုက်ချင်ဘူး
သွားတွေများ ဝါထိန်နေလို့၊ ကိုကျေးညိုကတောင် စနောက်နေသေးတယ်… ..
‘ဟဲ့ မိဆိုး၊ မြို့ထဲရောက်လို့များ မီးပွိုင့်နားသွားပြီး ရီမပြနဲ့နော်”
‘ဘာလို့လဲ’
‘အော်… တော်ကြာ နင့်သွားတွေကိုမြင်လိုက်ရင် မီးဝါတယ်မှတ်ပြီး ကားတွေ ရပ်ကုန်မှာ စိုးလို့ပါ’
‘ဘာာာ…’
နောက်တစ်ခုက မေ့တတ်တာ…
တရက်က ကိုကျေးညို အလုပ်ကပြန်လာတော့ မေးတယ်… …
“မိဆိုး၊ သားလေးရော…”
“ခဏလေးစောင့် ကိုကျေးညို”
“ဘာကို စောင့်ရမှာလဲ”
“သားလေးငိုတာကို စောင့်ရမှာ”
“ဘာလို့လဲဟ…”
“ကျမ ကလေးကို ဘယ်နားချမိမှန်းမသိလို့ သူငိုအောင်စောင့်ပြီး အသံကြားရာကို သွားရှာရမှာ”
ကဲ… သူ့သားဖြစ်ရတာလဲ မစားသာဘူးနော့်
ယောက်ျားလုပ်သူကလဲသည်းခံ၊ ကလေးကလည်း ဒဏ်ခံပေါ့လေ


7.
အဲ…
ဒီတခါတော့ ကွဲမလိုကို ဖြစ်ကြတော့တယ်…
ပြဿနာက သူတို့ တောမြို့လေးရဲ့ မြို့နယ်လုံးကျွတ် စုပေါင်းကထိန်က စ,တာ
ကထိန်မှာ ဖြေဖျော်ဖို့ ရန်ကုန်က တီးဝိုင်းတစ်ခုကို ငှားတယ်
တီးဝိုင်းက ပြဿနာမဟုတ်သေးဘူး
တကယ့်ပြဿနာက မင်းသားစိုးသူကို သီချင်းဆိုဖို့ ငှားလိုက်ကြတာ
ငယ်ငယ်ထဲက စိုးသူပုံမြင်မှ အငိုတိတ်ခဲ့မိဆိုး ဒီသတင်းကြားတော့ သဲသဲလှုပ်ပေါ့
မှောင်ရီဖြိုးဖြကတည်းက တီးဝိုင်းသွားဖို့ တပြင်ပြင်နဲ့
ကိုကျေးညိုကလည်း မိန်းမရဲ့ ခရေဇီကို သိနေတော့ လိုက်ပို့ရှာပါတယ်။
ဒီလိုနဲ့ တီးဝိုင်းထွက်ပြီ…
အဆိုတော်တွေ တစ်ယောက်ပြီးတစ်ယောက် ဆိုပြီးတဲ့နောက်မှာ အများမျှော်လင့်တောင့်တနေတဲ့ မင်းသားစိုးသူ အလှည့် ဒန်… …
သီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ဆိုတယ်
ရပ်မယ်လုပ်လိုက်ရင် ပရိတ်သတ်က… ‘နောက်တစ်ပုဒ်၊ နောက်တစ်ပုဒ်’ နဲ့ တောင်းဆိုလို့ ထပ်ဆိုရပြန်တယ်
ကြာတော့ မင်းသားလည်း မောလာတာပေါ့..
နယ်မြို့လေးရဲ့ ပရိတ်သတ်ဆိုတော့ နာမည်ကြီးမင်းသားကို မနားတမ်းတောင်းဆိုနေတာ
“နောက်တစ်ပုဒ်၊ နောက်တစ်ပုဒ်”… နဲ့
အဲဒီမှာ မမိဆိုးတို့က သူများနဲ့မတူ တမူထူးခြားစွာ အော်တယ်… …
“တော်ပါတော့၊ တော်ပါတော့”… တဲ့
အော်ရင်းနဲ့လည်း မျက်ရည်တောက်တောက်ကျတာ ဘူးသီးလုံးလောက်ရှိမယ်
ကိုကျေးညိုက အံ့သြပြီး မေးတာပေါ့…
“ဟဲ့… နင်ကြိုက်တဲ့ အဆိုတော်လေ၊ ဘာကြောင့် အတော်ခိုင်းနေရတာလဲ၊ သူဆိုလေ နင်နားထောင်ရလေ မဟုတ်ဘူးလား”
ဒီတော့ မိဆိုးက မျက်ရည်လည်ရွဲနဲ့ ပြန်ပြောရှာတယ်… …
“နားမထောင်ရက်တော့ပါဘူးတော်၊ သူ့ခမျာ မောနေရှာတာ၊ ကျမ မကြည့်ရက်ဘူးတဲ့”
အဲ… အဲဒီမှာ တွေ့ကြတာဘဲ… ..
ကိုကျေးညိုလည်း ဒေါသအမျက် ခြောင်းခြောင်းထွက်သွားပြီး မိဆိုးကို ဂုတ်ကနေဆွဲခေါ်လို့ အိမ်ကိုပြန်လာလိုက်တော့တယ်
ပါးစပ်ကလည်း ပြောလိုက်သေးတယ်… …
“ဟင်… နေပူစပ်ခါး လယ်ထဲယာထဲ လုပ်ကိုင်ကျွေးနေတဲ့ ယောက်ျားကိုတော့ သနားကြောင်း တခါမှ ပြောသံမကြားဖူးဘူး၊ သူ့လင်ငယ်ကျတော့ သနားလို့တဲ့၊ ရွာချလိုက်တာ မျက်ရည်မိုးတွေကို သည်းရော…”


နည်းနည်းဖြစ်ဖြစ် ပြုံးနိုင်ကြပါစေ…
သန်၎ကို
https://www.facebook.com/thanlayko

ကဗျာရွာငယ်လေး လူတစ်ယောက် ဘဝမှာနေပျော်ဖို့ အရေးကြီးဆုံး လိုအပ်ချက်(၅) ချက်.

ကဗျာရွာငယ်လေး
လူတစ်ယောက် ဘဝမှာနေပျော်ဖို့ အရေးကြီးဆုံး လိုအပ်ချက်(၅) ချက်.
**********************
၁။ မွေးစကနေ စပြီး အသက်အိုမင်းလာတဲ့ အချိန်ထိ
မိမိကို မွေးဖွား ကျွေးမွေးခဲ့တဲ့ မိဘ ဆွေမျိုး။(အစားထိုးစရာ မရှိတဲ့ အပြင် အနှိုင်းမဲ့ ကျေးဇူးရှိတဲ့အတွက် တစ်ကယ် အရေးပါ လိုအပ်လွန်းပါတယ် )

၂။ ငွေဆိုတာကလည်း နေရာတစ်ကာမှာ မရှိ မဖြစ် လို့ ဆိုနိုင်လောက်အာင် ပဲ
စိုးမိုးလွန်းပါတယ်။( ပိုက်ဆံမရှိလို့ ဆုံးရှုံးသွားခဲ့ရတာ ဘဝမှာ အများကြီး ရှိမှာပါ )

၃။ အေးချမ်းသာယာသော ဘဝကို ဆိတ်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့
ပါတ်ဝန်းကျင် ကောင်းလည်း လိုအပ်ပါတယ်။ (ပါတ်ဝန်းကျင်ကြောင့် ဘဝတိုးတက်သွားသလို ၊ လူတွေ့မခံချင်လောက်အောင်ကို စိတ်ပျက်စေနိုင်လောက်တဲ့ ပါတ်ဝန်းကျင် လည်း ရှိပါတယ်)

၎။ ဘဝတစ်ခုလုံးရဲ့ ထိန်းချုပ်ခန်း လို့ ပြောလို့ရတဲ့ အချစ် စိတ်ပါ။(အခ်ျန်ရှိသရွေ့ တွေးနေတတ်သလို အချစ်အတွက် အသက်ပေးခဲ့ကြတဲ့ သူတွေ မှ လောကမှာ မရေတွက်နိုင်ပါဘူးနော်..အချစ်အတွက် ဘဝကို ကြိုးစားရင်း တိုးတက် အောင်မြင်သွားတာတွေလည်း ဒုနဲ့ ဒေး ပါပဲ)

၅။ နောက်ဆုံး အရေးကြီးတာက မိမိယုံကြည်ရာ ၊ အမွန်မြတ်ဆုံး လို့ သတ်မှတ်ထားတဲ့ ဘာသာတရားပါပဲ။ (ဘာသာတရားတွေ အများကြီးရှိပါတယ် ..ဒါပေမယ့် သဘာဝတရားကို လွန်ဆန်မှုမရှိပဲ မရှိတာကို မရှိတဲ့ အတိုင်း လက်ခံပေးတဲ့ သဘောတရားက တစ်ကယ့် အစစ်မှန်ဆုံး လောကရဲ့ အထွဋ်အမြတ်ထားသင့်တဲ့ အရာပါ။အယူဝါဒ မတူတဲ့အခါ မခံချင်စိတ်တွေ ထိပ်တိုက်တွေ့ဖန်များလာတော့ နစ်နာပါစေတော့ဆိုတဲ့ မကောင်းတဲ့ စိတ်တွေနဲ့.. ရန်ပြုဖြေရှင်းတတ်ပါတယ်..တစ်ကယ်တော့ ဘာသာတရား ဆိုတာ မိမိဘဝကို သက်ရောက်မှု အရှိဆုံး နိယာမ တစ်ခုပါပဲ)

ကဗျာ ရှင်

iPhone နှင့် iPhone နားကြပ်ရဲ့ လူသိနည်းနေသေးသောလုပ်ဆောင်ချက်များ

Soe Yarzar

iPhone နှင့် iPhone နားကြပ်ရဲ့ လူသိနည်းနေသေးသောလုပ်ဆောင်ချက်များ

http://pyaephyo.blogspot.com/
iPhone နားကြပ်ကို အသံ အတိုးအချဲ့ လုပ်ဆောင်ဖို့ ရန်အတွက်ပဲအသုံးပြုနိုင်တာ မဟုတ်ပါဘူး။ အောက်တွင်ဖော်ပြထားတဲ့ အချက်တွေလည်းလုပ်ဆောင်နိုင်ပါတယ်။

၁။ သီချင်းနားထောင်နေစဉ်မှာ နားကြပ်ကြိုးမှ toggle ခလုတ်ရှိ အလယ်ခလုတ်ကိုနှိပ်ပြီး ခေတ္တရပ်နားခြင်း သို့ မဟုတ် ဆက်လက်နားထောင်ခြင်းပြုလုပ်နိုင်ပါသည်။

၂။ သီချင်းကို ရှေ့သို့ အမြန်ကျော်လိုလျှင် နားကြပ်ကြိုးမှ toggle ခလုတ်ရှိ အလယ်ခလုတ်ကို ၂ချက်နှိပ်ပါ။ ဒုတိယမြောက်တစ်ချက်ကို အနည်းကြာအောင်ဖိနှိပ်ထားပါ။

၃။ သီချင်းကို အနောက်သို့ ပြန်ရစ်လိုလျှင် နားကြပ်ကြိုးမှ toggle ခလုတ်ရှိ အလယ်ခလုတ်ကို ၃ချက်နှိပ်ပါ။ တတိယမြောက်တစ်ချက်ကို အနည်းငယ်ကြာအောင်ဖိနှိပ်ထားပါ။

၎။ သီချင်းကျော်လိုလျှင် နားကြပ်ကြိုးမှ toggle ခလုတ်ရှိ အလယ်ခလုတ်ကို ၂ချက်နှိပ်ပါ။
၅။ သီချင်းအနောက်တစ်ပုဒ်ကို ပြန်သွားလိုလျှင် နားကြပ်ကြိုးမှ toggle ခလုတ်ရှိ အလယ်ခလုတ်ကို ၃ချက်နှိပ်ပါ။

၆။ ဖုန်းအဝင် call လာပါက နားကြပ်ကြိုးမှ toggle ခလုတ်ရှိ အလယ်ခလုတ်ကို ၁ချက်နှိပ်၍ဖြေဆိုနိုင်ပြီး နောက်၁ချက်နှိပ်ရုံဖြင့်ဖုန်းပြန်ချနိုင်ပါသည်။

၇။ ဖုန်းအဝင် call ကိုလက်ခံပြီးမဖြေကြားချင်လျှင် နားကြပ်ကြိုးမှ toggle ခလုတ်ရှိ အလယ်ခလုတ်ကို ကြာကြာဖိနှိပ်ထားပါ။

၈။ အကယ်၍ဖုန်းလက်ခံပြောနေစဉ်မှာ ဖုန်းနောက်တစ် call (second call) ဝင်လာလျှင် နားကြပ်ကြိုးမှ toggle ခလုတ်ရှိ အလယ်ခလုတ်ကို နှိပ်ပြီး second call ကိုလက်ခံဖြေကြားနိုင်ပြီး ထို call ကို အဆုံးသတ်လိုလျှင် အလယ်ခလုတ်ကို ၂စက္ကန့် ဖိနှိပ်ထားပါ။

၉။ iPhone အသံအတိုးအချဲ့  လုပ်တဲ့ ခလုတ်မှ အသံချဲ့  ခလုတ်ကိုနှိပ်၍လည်း ဓာတ်ပုံရိုက်နိုင်ပါတယ်။

၁၀။ iPhone 4s နှင့် iPhone 5 အသုံးပြုသူတွေကတော့ ဖုန်းမှ အလယ်ခလုတ်ကို ကြာကြာဖိနှိပ်ထားခြင်းဖြင့် Siri သို့ တိုက်ရိုက်သွားရောက်နိုင်ပါတယ်။
ပြည့်ဖြိုး (နည်းပညာမှတ်တမ်း)

တရုတ်ရန်ကာကွယ်ရေး ရေငုပ်သင်္ဘောနှင့် တိုက်လေယာဉ် ရောင်းချရန် အမေရိကန်ကို ထိုင်ဝမ်တောင်းဆို


တရုတ်ရန်ကာကွယ်ရေး ရေငုပ်သင်္ဘောနှင့် တိုက်လေယာဉ် ရောင်းချရန် အမေရိကန်ကို ထိုင်ဝမ်တောင်းဆို

ထိုင်ပေ၊ အောက်တိုဘာ ၂

တရုတ်တို့၏ရန်ကို ခုခံကာကွယ်နိုင်သည့် စွမ်းရည် မြှင့်တင်နိုင်ရန် ရေငုပ်သင်္ဘော များနှင့် အဆင့်မြင့် တိုက်လေယာဉ်များ ရောင်းချပေးရန်အမေရိကန်ပြည်ထောင်စု ကို ထိုင်ဝမ် အထက်တန်းအရာရှိကြီး တစ်ဦးက ထပ်မံတိုက်တွန်းလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

ထိုင်ဝမ်သမ္မတ မာရင်ကျိုးလက်ထက်တွင် တရုတ်နှင့် ထိုင်ဝမ်တို့ကြား ဆက်ဆံရေး ကောင်းမွန်လျက် ရှိသော်လည်း အဆင့်မြင့် လက်နက်များရောင်းချပေးရန် တိုက်တွန်းမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ယင်းကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်နေသော်လည်း တရုတ်နိုင်ငံက ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းနိုင်ရေး ကြိုးပမ်းရာတွင် စစ်အင်အား အသုံးပြုသည့် နည်းလမ်းကို ပစ်ပယ်မည်မဟုတ်ဟု တရားဝင် ပြောကြားထားခြင်းကြောင့် ထိုင်ဝမ်က မိမိ၏ လက်နက်ကိုင် တပ်ဖွဲ့များကို အဆင့်မြင့်တင်လျက် ရှိသည်။

"တရုတ်ပြည်မကြီးရဲ့ စစ်ရေးစွမ်းရည် က ပြီးခဲ့တဲ့နှစ်တွေ အတွင်း အရမ်းကို တိုးတက်လာပါတယ်။ အဲဒါတွေက ထိုင်ဝမ် အတွက် အရမ်းကို အန္တရာယ်ကြီးတဲ့ ခြိမ်းခြောက်မှုတွေပါ" ဟု ထိုင်ဝမ် ဒုတိယကာကွယ် ရေးဝန်ကြီးရန်တီဖက အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်၌ ကျင်းပသော အမေရိကန်-ထိုင်ဝမ် ကာကွယ်ရေး စက်မှုလုပ်ငန်း ကွန်းဖရင့်တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။

ထိုင်ဝမ်နိုင်ငံ အပေါ် တရုတ်နိုင်ငံ၏ အင်အားကြီးမားလာသော စစ်ရေးစွမ်းရည် က မည်မျှ ခြိမ်းခြောက်မှုပေးနိုင်မည်ကို လေ့လာ သုံးသပ်နိုင်ရန် အမေရိကန်-ထိုင်ဝမ် ကွန်းဖရင့်ကို ၂၀၀၂ ခုနစ်မှစတင် ကျင်းပခဲ့ပြီး ယခုနှစ်တွင် (၁၂) ကြိမ်မြောက် ကွန်းဖရင့် ကျင်းပခဲ့သည်။

အမေရိကန်နိုင်ငံထံမှ ရေငုပ်သင်္ဘော များကို ဦးစားပေး ဝယ်ယူလိုကြောင်း ထိုင်ဝမ်၏ အထက်တန်းအရာရှိ ရန်က ပြောကြားသည်။

ထို့အပြင် ထိုင်ဝမ်လေတပ်တွင် လက်ရှိအသုံးပြုနေသော င်္-၁၆ တိုက် လေယာဉ်များထက် အဆင့်မြင့်သည့် တိုက်လေယာဉ်များလည်း ဝယ်ယူလိုကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက ပြော ကြားသည်။

ရီပတ်ဘလစ်ကန်သမ္မတ ဂျော့ဘုရှ် လက်ထက်အတွင်း အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ကို သမားရိုးကျ ရေငုပ်သင်္ဘော ရှစ်စင်းနှင့် အခြားသော လက်နက်ပစ္စည်း များကို ရောင်းချပေးခဲ့ပြီး ယင်းကဲ့သို့ ရောင်းချ ပေးမှုသည် ၁၉၉၂ ခုနစ်နောက်ပိုင်း အငြင်းပွားဖွယ် အကောင်းဆုံး အမေရိက၏ လက်နက်ရောင်းချမှုဖြစ်စဉ် ဖြစ်သည်။

သို့သော်လည်း အမေရိကန် ပြည်ထောင်စု တွင် သမားရိုးကျရေငုပ် သင်္ဘောများ မတည်ဆောက်ဖြစ်သည်မှာ နှစ်ပေါင်း ၄၀ ကျော်သွားပြီ ဖြစ်သဖြင့် လက်နက်တင်ပို့ရေး မှာယူမှုတွင် တိုးတက်မှု အတည်းငယ်သာ ရှိခဲ့သည်။

နျူကလီးယားစွမ်းအင်သုံး မဟုတ်သော သမားရိုးကျ ရေငုပ်သင်္ဘောများကို ဂျာမနီနှင့် စပိန်နိုင်ငံတို့က ထုတ်လုပ်လျက် ရှိသော်လည်း တရုတ်နိုင်ငံက စိတ်ဆိုးဒေါသထွက် မည်ကိုစိုးရိမ်ခြင်းကြောင့် ထိုင်ဝမ်သို့ တင်ပို့ရောင်းချခြင်း မပြုပေ။

ထိုင်ဝမ်ရေတပ်တွင် ရေငုပ်သင်္ဘော လေးစင်း အသုံးပြုနေပြီး ယင်းအနက် နှစ်စင်းမှာ ၁၉၄၀ ပြည့်လွန်နှစ်များတွင် အမေရိကန်ပြည်ထောင်စု၌ တည်ဆောက်ခဲ့သော ရေငုပ်သင်္ဘောများ ဖြစ်ကာ စစ်ပွဲကာလတွင် အသုံးဝင်ခြင်း မရှိတော့ဘဲ ရေငုပ်သင်္ဘော နှစ်စင်းသာ တာဝန်ထမ်း ဆောင်နိုင်မည် ဖြစ်ခြင်းကြောင့် ရေငုပ်သင်္ဘောများ အရေးတကြီး လိုအပ်လျက် ရှိသည်။

From - The Voice Weekly

ယနေ့ နံနက်အစောပိုင်းတွင် Traders Hotel ရှေ့၌ ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားခဲ့၊ ယာဉ်ပေါ်ပါလာသူများ အားလုံးကို ဆေးရုံသို့ ပို့ထားရ


ယနေ့ နံနက်အစောပိုင်းတွင် Traders Hotel ရှေ့၌ ယာဉ်နှစ်စီးတိုက်မှုဖြစ်ပွားခဲ့၊ ယာဉ်ပေါ်ပါလာသူများ အားလုံးကို ဆေးရုံသို့ ပို့ထားရ

From - Eleven Media

သံတွဲမြို့နယ်၊ ပဋိပက္ခများနှင့်ဆက်စပ်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌကိုဖမ်းဆီးထား၊ ရခိုင်တိုင်းရင်းသား ၁၁ဦးကိုလည်း ဖမ်းဆီးခဲ့


သံတွဲမြို့နယ်၊ ပဋိပက္ခများနှင့်ဆက်စပ်ပြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဋ္ဌကိုဖမ်းဆီးထား၊ ရခိုင်တိုင်းရင်းသား ၁၁ဦးကိုလည်း ဖမ်းဆီးခဲ့

ရဲအုပ်ကို သေနတ်ဖြင့်ပစ်သတ်သည့် ဒုရဲအုပ်အား ရဲတရားရုံးမှ ဦးစွာ ထောင်ဒဏ်သုံးနှစ်ချ

ရဲအုပ်ကို သေနတ်ဖြင့်ပစ်သတ်သည့် ဒုရဲအုပ်အား ရဲတရားရုံးမှ ဦးစွာ ထောင်ဒဏ်သုံးနှစ်ချ
Friday, October 4, 2013

ရဲအုပ်ဖြစ်သူကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဒုရဲအုပ်အား ရဲတရားရုံးမှ ထောင်ဒဏ်သုံးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ်၏ ခွင့်ပြုချက်ဖြင့် တိုင်းရဲရုံးမှ ဖွဲ့စည်းထားသည့် ရဲတရားရုံးမှ ရဲဝန်ထမ်းတစ်ဦးဖြစ်နေသည့် တရားခံကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ထောင်ဒဏ်သုံးနှစ် ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲအရာရှိက ပြောသည်။

စက်တင်ဘာ ၂ ရက် ညအချိန်က မန္တလေးတိုင်းရဲရုံးအတွင်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါအမှုအတွက် သက်ဆိုင်ရာနယ်မြေရဲစခန်းမှလည်း စက်တင်ဘာ ၃၀ ရက်တွင် ပြစ်မှုဥပဒေပုဒ်မ ၃၀၂ ဖြင့် မန္တလေးခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း၊ ယင်းတရားရုံးမှ အမှုအားစစ်ဆေးလျက်ရှိကြောင်း၊ တရားခံဖြစ်သူကို တရားစွဲဆိုမှုများပြုလုပ်ခဲ့သည့် အမှတ် (၃)နယ်မြေရဲစခန်းမှ တာဝန်ရှိသူက ပြောသည်။

တရားခံမှာ ရဲဝန်ထမ်းဖြစ်သည့်အတွက် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနှင့်သာမက ပြစ်မှုဥပဒေပုဒ်မအရပါ အရေးယူခဲ့ခြင်းဖြစ်သည်။

ပြစ်မှုနှစ်ခုစလုံးမှ ချမှတ်မည့် ထောင်ဒဏ်ပြစ်ဒဏ်များကို မန္တလေးအကျဉ်းထောင်တွင် ကျခံရမည်ဖြစ်ကြောင်း အမှတ်(၃)နယ်မြေရဲစခန်းမှ သတင်းရရှိသည်။

7Day News

မရမ်းကုန်းမြို့နယ်တွင်ရေနုတ်မြောင်းအတွင်းအမျိုးသမီးအလောင်းတွေ့ရှိ

မရမ်းကုန်းမြို့နယ်တွင်ရေနုတ်မြောင်းအတွင်းအမျိုးသမီးအလောင်းတွေ့ရှိ
Friday, October 4, 2013

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းပေါ်ရှိ ရဲရန်အောင် ဘတ်စ် ကားမှတ်တိုင်အနီး ရေနုတ်မြောင်းအတွင်း အမျိုးသမီးအလောင်းတစ်လောင်းကို ယနေ့မွန်းလွဲ ၂ နာရီဝန်းကျင်တွင်တွေ့ရှိရကြောင်း၊ မြို့နယ်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရပ်ကွက် လုပ်သားပြည်သူများက ပူးပေါင်းဆယ်ယူရာ ၄င်းအမျိုးသမီးမှာ မနီနီယဉ်(ဘ)ဦးမင်းဆွေ အသက် (၄၇)နှစ်ဝန်းကျင်ရှိပြီး မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် သာယာရေးလမ်း လမ်းသွယ်(၁)တွင်
နေထိုင်သူ ဖြစ်ကြောင်းသိရသည်။

The Union Daily