စတန့်အထွင်ကောင်းသော နယ်သာလန်မှ သတို့သားလောင်းတစ် ဦးသည် သူ၏စိတ်ကူးအသစ်ကြောင့် အိမ်ဖျက်သူတစ်ယောက် ဖြစ်သွား ကြောင်း AFP သတင်းအရ သိရ သည်။
နယ်သာလန်နိုင်ငံ အီဂျက်ဆယ် စတိန်မြို့တွင် နေထိုင်သောအမျိုး သားတစ်ဦးသည် ၄င်း၏ချစ်သူမိန်း ကလေးကို လက်ထပ်ခွင့်တောင်းရန် ကရိန်းတစ်စီးကို ငှားရမ်းခဲ့သည်။
ထို ကရိန်းဖြင့် သူ၏ချစ်သူအိမ်မှ ဥယျာဉ် ခြံတွင်းသို့ နိမ့်ဆင်းလာကာ လက်ထပ် ခွင့်တောင်းရန်မှာ သူ၏စိတ်ကူးသစ် ဖြစ်သည်။ ထိုနည်းလမ်းဖြင့် ချစ်သူ အား အံ့အားသင့်စေရန် ရည်ရွယ် သည်။
သို့သော် သတို့သားလောင်း ၏ စိတ်ကူးမှာ အကောင်အထည် မပေါ်ခဲ့ပေ။
၎င်းအသုံးပြုသည့် ကရိန်း မှာ ကံမကောင်းစွာနှင့်ပင် နိမ့်ဆင်း နေစဉ်မှာပင် ရပ်ထားရာမှ ချော်သွား ကာ ကရိန်းသည်လည်း တစ်ဖက် သို့ စောင်းသွားခဲ့သည်။
သတို့သား လောင်းသည် အလျင်အမြန်ခုန်ရှောင် လိုက်ခြင်းကြောင့်သာ သက်သာရာ ရသွားခဲ့သည်။
သို့သော် ကရိန်းဒဏ် ကြောင့် အနီးအနားရှိ အိမ်တစ်လုံး ၏ ခေါင်းမိုးတစ်ခုလုံး ပျက်စီးသွား ခဲ့ရသည်။ ထိုမတော်တဆမှုတွင် ဒဏ် ရာရရှိသူတစ်ဦးမျှ မရှိသော်လည်း ကရိန်းဒဏ်ခံခဲ့ရသည့် အိမ်တွင်းမှ လူများ အလွန် ထိတ်လန့်ခဲ့ရသည်။
ထိုမတော်တဆမှုသည် စနေ နေ့ နံနက်အစောပိုင်းတွင် ဖြစ်ပွား ခဲ့ရခြင်းဖြစ်ပြီး အိမ်ပေါ်ပိနေသည့် ကရိန်းကိုဖယ်ရှားရန် အကောင်းဆုံး နည်းလမ်းကို ရှာဖွေနေသည်ဟု ဒေ သဆိုင်ရာ အရေးပေါ်လုပ်ငန်းတာ ဝန်ရှိသူတစ်ဦးက ဆိုသည်။
ထိုသို့ မမျှော်လင့်သော ဖြစ်ရပ်နှင့်ရင်ဆိုင် ခဲ့ရသော်လည်း သတို့သားလောင်း ၏ လက်ထပ်ခွင့်တောင်းခံမှုကို သူ ၏ချစ်သူက လက်ခံခဲ့သည်။
ကရိန်း ပိသောအိမ်ကို မဖြစ်မနေဖြိုချရန် အာဏာပိုင်များက ဆုံးဖြတ်ခဲ့ပြီး ရဲ တပ်ဖွဲ့၏ ခွင့်ပြုချက်ဖြင့် စုံတွဲသည် ပဲရစ်သို့ အပန်းဖြေရန် သွားရောက် နေပြီဟု သိရသည်။
Ref : AFP
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
|─────----------------Yangon Media Group ----------──────-|
|─────----------------Yangon Media Group ----------──────-|