သတင်းနှင့်နည်းပညာများ

5/23/14

မြန်မာ့လေကြောင်း/အာကာသ ကျောင်းသားတို့ Radio Control လေယာဉ် တီထွင်နိုင်ပြီ


မြန်မာ့လေကြောင်း/အာကာသ ကျောင်းသားတို့ Radio Control လေယာဉ် တီထွင်နိုင်ပြီ

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာတက္ကသိုလ် စက်နှင့်ပျံသန်းယာဉ် ဌာနမှ ကျောင်းသားရှစ်ယောက်နှင့်ဖွဲ့စည်းဆောင်ရွက်ခဲ့သော DAWN SWAZ အမည်ပေးထားသည့် Radio Control သုံးလေယာဉ် အား(၁၂.၁၀၂၀၁၃) နေ့ မနက် ၇း၃၀ နာရီ အချိန်တွင် အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ပါတယ်။
လေယာဉ်တည်ဆောက်ရခြင်း၏ ရည်ရွယ်ချက်များကို အဖွဲ့ဝင်တစ်ဦးဖြစ် သည့် ကိုစွမ်းထက်မှ ရိုးရာလေးကို အခုလိုရှင်းပြပါတယ်။
"ကျွန်တော်တို့ တက္ကသိုလ်မှ ငါးနှစ်တာ သင်ကြားပေးခဲ့တဲ့ သီအိုရီများကို အခြေခံပြီး လက်တွေ့ အသုံးချဆောင်ရွက်နိုင်ဖို့ရယ် ၊ ကိုယ်ပိုင်ဒီဇိုင်းများတွက်ချက် ပြီး လေကြောင်းဆိုင်ရာနည်းပညာများ တိုးမြှင့်ဖော်ဆောင်နိုင်ဖို့ရယ် နောက်ပြီးတော့ အခုတည်ဆောက်ထားတဲ့လေယာဉ်ကို အကျိုးပြုလုပ်ငန်းများမှာ အသုံးချနိုင်ဖို့အတွက် ရည်ရွယ်ချက် နဲ့ ကြိုးစားတည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။
လေယာဉ်ဆိုင်ရာ အချက်အလက်များကို ကိုဝေယံစိုးမှ ဆက်လက်ရှင်းပြရာ
" ကျွန်တော်တို့ DAWN SWAZ လေယာဉ်ဟာ တောင်ပံအလျား ၉ ပေ၊ ကိုယ်ထည်အလျား ၅.၈ ပေရှိပြီးအင်ဂျင်ပါဝါ 2.9 hpကို အသုံးပြု တည်ဆောက် ထားပါတယ်၊ တစ်စီးလုံးရဲ့အလေးချိန်ကတော့ ၂၃ပေါင်ရှိပါ တယ်၊ လေယာဉ်ရဲ့ ထူးခြားချက်ကတော့ ကျွန်တော်တို့လေယာဉ်ဟာ အမေရိကန်နိုင်ငံမှာ လက်ရှိ အသုံးပြုပျံသန်းလျက်ရှိတဲ့ Predator MQ-9 Reaper လေယာဉ်ဒီဇိုင်းကို မှီငြှမ်းပြီး ကိုယ်ပိုင်ဒီဇိုင်းဆွဲ တည်ဆောက် ထားခြင်းဖြစ်ပါတယ်၊ အမြှီးပိုင်းကို သာမာန်လေယာဉ် ဒီဇိုင်းတွေလို မဟုတ်ပဲ ထိန်းချုပ်ပျံသန်းရာမှာ ပိုပြီးကောင်းဖို့အတွက် Y ပုံသဏ္ဍန်Tail ကိုတည်ဆောက်ကာ အင်ဂျင်ကနေ နောက်တွန်းအားကို ယူပြီးပျံသန်းရတဲ့ ဒီဇိုင်းဖြစ်ပါတယ် ဒီ့မတိုင်ခင် DAWN SWAZ,လေယာဉ် တည်ဆောက်မှု မတိုင်ခင် အကြိုစမ်းသပ်မှုအနေဖြင့် Motor Power သုံးလေယာဉ်ငယ် ကို ယမန်နှစ်က စမ်းသပ်ပျံသန်းခဲ့ပါသေးတယ်။ အဲလိုအကြိုစမ်းသပ် မှုတွေ လုပ်ခဲ့လို့သာ တိကျမှန်ကန်တဲ့ ဒီဇိုင်းတွက်ချက်မှု platform ကို ရရှိခဲ့တာဖြစ်ပါတယ်။ အခုကျွန်တော်တို့လေယာဉ်ဟာ အမြင့်ပေ ၂၀၀၀ခန့်ပျံသန်းနိုင်ပြီး အချိန်တစ်နာရီခန့်ကြာအောင် ပျံသန်းလို့ရ ပါတယ်။ လေယာဉ်ရဲ့ရှေ့ခေါင်းပိုင်းမှာတော့ aerial photographing လုပ်ဖို့ အတွက် ကင်မရာတပ်ဆင်ထားပါတယ်။"
စမ်းသပ်ပျံသန်းရာတွင်တွေ့ကြုံရသည့်ရလာဒ်များကို အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကိုဇင်မောင် မှ အခုလိုပြောပြပါတယ်။" ပထမအကြိမ် စမ်းသပ်ပျံသန်းမှု အနေ နဲ့ အမြင်ပေ ၈၀၀ခန့် မှာအချိန် ၁၀မိနစ်ခန့် ကောင်းကင် ဓါတ်ပုံရိုက်နိုင်ခဲ့ပြီး အောင်မြင်စွာ စမ်းသပ်ပျံသန်းနိုင်ခဲ့ ပါတယ်။ ကျွန်တော်တို့လေယာဉ်ဟာ စမ်းသပ်ပျံသန်းချိန်မှာ အသက်အဆင်း ကောင်းမွန်စွာဆောင်ရွက်နိုင်ခဲ့ပြီး လေထဲမှာ တည်ငြိမ်စွာပျံသန်းနိုင်ခဲ့ပါတယ် ၊ ပြောင်းလဲ အသုံးပြုလိုက်တဲ့ Y-tail ဒီဇိုင်းဟာ Control ပိုင်းမှာ တည်ငြိမ် ကောင်းမွန်စွာ ထိန်းချုပိ ပျံသန်းနိုင်တာတွေ့ရှိခဲ့ရပါတယ်"
အခုလို အောင်မြင်ခဲ့သည့်အပေါ် ခံစားချက်များကို အဖွဲ့ဝင်ကျောင်းသား တစ်ဦးဖြစ်သည့် ကိုအောင်ငြိမ်းချမ်းထွဋ် မှ အခုလို ပြောပြသွားပါတယ်။
" ကျောင်းသားများအနေနဲ့ အခုလို အင်ဂျင်ပါဝါသုံး လေယာဉ်ကို တည်ဆောက်ပျံသန်းနိုင်တာ ဒါပထမဆုံးဖြစ်ပါတယ်။ အခုလို အောင်အောင်မြင်မြင်ပျံသန်းသွားခဲ့တာတွေ့ရတော့ ကြိုးစားအားထုတ်မှုရဲ့နောက်မှာ တန်ဖိုးတူ ရလာဒ်တစ်ခုရှိနေတယ်ဆိုတာ လက်တွေ့ယုံကြည်လိုက်ရလို့ အဖိုးမဖြတ်နိုင်တဲ့စိတ်ဓါတ်အင်အားတွေ ရရှိခဲ့ပါတယ်၊ကျောင်းတော်ကြီးအတွက်လည်း ဂုဏ်ယူရင်းအတိုင်း မသိပျော်ရွှင်မိပါတယ်"
"Projectတွေကို အကျိုးပြုလုပ်ငန်းတွေအထိ အသုံးချနိုင်ရန် အမြဲအားပေး တိုက်တွန်းပေးတဲ့ ပါမောက္ခချုပ်ကြီးနှင့် ငါးနှစ်တာပညာသင်ကြားပေးခဲ့တဲ့ စက်နှင့်ပျံသန်းယာဉ်ဌာနမှ ဆရာ ဆရာမများအား အထူးပင်ကျေးဇူးတင် ရှိပါတယ်။ အချန်ပြည့်အားပေးကူညီပေး ခဲ့သော ကျွန်တော်တို့ရဲ့ Supervisorများကိုလည်း အထူးကျေးဇူးတင်ပါတယ်။ လေယာဉ်ဒီဇိုင်း ဆွဲနည်း ပညာများမှသည် ဒီပရောဂျက်ကို အစမှအဆုံး အနီးကပ်လမ်းညွှန်ဆောင်ရွက်ပေးခဲ့ပါသော မောင်းသူမဲ့လေယာဉ် သုတေသန ဌာနမှ ဆရာ ဆရာမများကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။"
DAWN SWAZ အဖွဲ့အား ဆက်သွယ်ရန် - https://www.facebook.com/pages/DAWN-SWAZ/125931760910359
ရိုးရာလေးပြည်တွင်းသတင်း

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာ တကယ် သိမ်းလိုက်ပြီ


ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာ တကယ် သိမ်းလိုက်ပြီ


ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့ မေလ ၂၀ ရက်နေ့က စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပေမယ့် အာဏာသိမ်းတာ မဟုတ်ဘူးလို့ ပြောခဲ့ပြီး အခုနောက်ဆုံး ဒီကနေ့မှာတော့ စစ်တပ်က အာဏာသိမ်းလိုက်ပြီဖြစ်တယ်လို့ ထိုင်း ပီဘီအက်စ် သတင်း ဋ္ဌာနက ကြေညာလိုက်ပါပြီ။



နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှု ရစေရေးအတွက် အခုလို စစ်တပ်က အာဏာ အရပ်ရပ်ကို တာဝန်ယူလိုက် တာဖြစ် တယ်လို့ ကြေညာပါတယ်။ 

မနေ့ကတော့ ထိုင်း နိုင်ငံမှာ တင်းမာမှုဖြစ်နေတဲ့ အုပ်စုတွေကို ထိုင်း စစ်ခေါင်းဆောင်တွေက ခေါ်ယူကာ မျက်နှာချင်း ဆိုင် တွေ့ဆုံဆွေးနွေး စေခဲ့ပါ သေးတယ်။ 

ဒီကနေ့မှာတော့ ယခင် ၀န်ကြီးချုပ်တွေဖြစ်တဲ့ မစ္စတာ သက်ဆင်နဲ့ မစ္စယင်လတ်အစိုးရတွေ ကို ထောက်ခံ တဲ့ ရှပ်နီ ခေါင်းဆောင်တွေနဲ့ အဲဒီအစိုးရတွေကို ဆန့်ကျင်တဲ့ ဆုထေ့ပ် အပါအ၀င် နိုင်ငံရေး အဖွဲ့တွေက  
ခေါင်းဆောင်တွေ ကိုလည်း ထိုင်း စစ်တပ်က ဖမ်းဆီးလိုက်ပြီလို့ ထိုင်း သတင်းတွေက ကြေညာပါတယ်။ 

ထိုင်းစစ်တပ်က ကြေညာရာမှာတော့ နိုင်ငံရေးအဖွဲ့တွေကို ညှိနှိုင်းပေးလို့မရလို့ အခုလို ဖမ်းဆီးတာဖြစ် တယ် လို့ ဆိုပါတယ်။ အခုတော့ ထိုင်းနိုင်ငံမှာ စစ်တပ်က တကယ် အာဏာသိမ်းလိုက်တာဖြစ်ပါတယ်။ 

ဘန်ကောက်မြို့က အစိုးရဆန့်ကျင်ရေးဆန္ဒပြသူနဲ့ အစိုးရ ထောက်ခံရေး ဆန္ဒပြ သပိတ်စခန်းများ ပိတ်သိမ်း ရေး ထိုင်းစစ်သားများက လူစုကွဲအောင် ဖိအားပေးနေပြီး ထိုင်း ရုပ်/သံလိုင်း များတွင်လည်း စစ်သီချင်းတွေ ထုတ်လွှင့်နေပါတယ်။  


အိမ့်သံစဉ် ~ 

အမြန်ဆုံး မော်တော် ဆိုင်ကယ် ထွက်ပေါ်လာ


အမြန်ဆုံး မော်တော် ဆိုင်ကယ် ထွက်ပေါ်လာ
Lightning motorbike (လျှပ်စီးဆိုင်ကယ်) လို့အမည်ရှိတဲ့ ဆိုင်ကယ်ဖြစ်ပါတယ်။ ၂၀၁၂ ကတည်းက အနာဂတ်ရှေပြေးပုံစံအဖြစ် ရည်ရွယ်ထားခဲ့ပေမဲ့ ယခုမှသာ နောက်ဆုံး ဖိုင်နယ်ဗားရှင်းကို ကတိအရ လုပ်နိင်ခဲ့ပြီး ကယ်လီဖိုးနီးယားပြည်နယ်၊
Quail မော်တော်ဆိုင်ကယ်မိတ်ဆက်ပွဲမှာ ထုတ်ဖော်နိင်ခဲ့ခြင်း
ရှိခဲ့တာ ဖြစ်ပါတယ်။ ဈေးကတော့ မသေးပါဘူး။ $ 38,000 ဖြစ်ပါတယ်. မြင်းကောင်ရေ 200 ရှိတဲ့ မော်တာအသုံးပြုပြီး ဘတ္တရီရဲ့ သင့်စိတ်ကြိုက်ရွှေးချယ်မူ အပေါ့်မှာ အမြင့်ဆုံ တစ်နာရီ မိုင် ၁၈၀ အထိကို မြင့်တင်နိင်ပြီး ဘတ္တရီရဲ့ အလေးချိန်ကတော့ မြန်နှုန်းမြင့် ဆိုင်ကယ်ဖြစ်တဲ့အတွက်ကြောင့် 225 ကီလိုလောက်တော့ ရှိပါမယ်။ သူရဲ့မြန်ဆန် ပေါ့ပါးရတဲ့ အကြောင်းကတော့ ဆိုင်ကယ်ဂီယာ မပါတဲ့အတွက် ဂီယာထိုးစရာမလိုဘဲ Torque (လိမ်အား ) လို့ခေါ်တဲ့
အင်ဂျင်ရဲ့ စွမ်းရည်က သိပ်ကိုကောင်းလွန်တဲ့အတွက် အခုလို့ မြန်ဆန် ပေါ့ပါးရတာဖြစ်ပါတယ်။
ဗီဒီယိုအတွက် https://www.youtube.com/watch?v=nztLjEs_2Kwကြည့်ကြည့်လိုက်ပါဦး ။
အရမ်းမိုက်ပါတယ်။
Aung Heine ...

5/21/14

လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ


လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ
နေပြည်တော်၊ မေ ၂၁
၂၀၁၄ ခုနှစ်၊ မေလ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲအချိန် မွန်ပြည်နယ်၊ ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ရေးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများပါဝင်သော ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာနေ ကျော်မျိုးလွင်(ခ) ဘိုင်လေး(၄၅)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ကျော်မျိုးလွင်(ခ)ဘိုင်လေးအား နေအိမ်အတွင်းမှ အမဲရောင်ပစ္စတိုသေနတ်(၁)လက်၊ ကျည်ကတ်(၁)ခု၊ ၎င်းကျည်(၁၈)တောင့်၊ ပြောက်ကျား စတစ်ကာကပ်ထားသော M-16 မောင်းပြန်ရိုင်ဖယ်(၁)လက်၊ ၅.၅၆ ကျည်(၂၅)တောင့်၊ M-16 ကျည်ဘောက်အရှည်(၄)ခု၊ ပြောင်းပို(၃)ခု၊ ဖြူးစ်တပ်ထားသော Grenade Hand, Frag Delay Maz 11-74 Comdo Lotls 6669 တံဆိပ်ပါ ဗုံးသီး(၁)လုံးနှင့် 06-20-73 T စာတန်းပါ နာနတ်သီးဗုံးသီး(၁)လုံး၊ ကာဘိုင်ကျည်ကတ်အတို/အရှည်(၄)ခု၊ ကာဘိုင်ကျည်(၃၄)တောင့်၊ ၇.၆၂ ကျည်(၇)တောင့်၊ 38 Special စတီးရောင်ကျည်(၄)တောင့်၊ 38 Special ကြေးရောင်ကျည်(၃)တောင့်၊ 38 စတီးရောင်ကျည်(၄)တောင့်၊ ကျည်ဖူးဖြတ်ထားသော 38 Special ကျည်(၂)တောင့်၊ ၉ မမကျည်(၁၀)တောင့်၊ ၉ မမကျည်ခွံ(၁)ခု၊ ကိုးလုံးကျည်(၃)တောင့်၊ လက်ကိုင်စကားပြောစက်(၄)လုံး၊ အားသွင်းစက်(၁)လုံး၊ ဆက်သွယ်ရေးစက် တိုင်တို/ရှည်(၄)ခု၊ USA United State တံဆိပ်ပါ အစိမ်း/အမဲရောင်ပစ္စတိုကျည်ထည့်အိတ်(၁)ခု၊ ပြောက်ကျားခါးပတ်အိတ်အစိမ်းရောင်(၁)လုံး၊ Chemgfei တံဆိပ်ပါ အမဲရောင်အိတ်သေး(၁)လုံး၊ ကန္တာရ ပြောက်ကျားခါးပတ်အိတ်(၁)လုံးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သောကြောင့် ၎င်းအား ရေးမြို့မရဲစခန်း (ပ)၅၉/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ ၁၉(စ)ဖြင့်လည်းကောင်း၊ (ပ)၆၀/၂၀၁၄၊ ကြိုးမဲ့ကြေးနန်းအက်ဥပဒေ ပုဒ်မ ၆၇ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

အင်းလျား လမ်းပေါ်တွင် နေ့လယ်ခင်းချိန် ကားလုယူထွက်ပြေးမှု ဖြစ်ပွား


အင်းလျား လမ်းပေါ်တွင် နေ့လယ်ခင်းချိန် ကားလုယူထွက်ပြေးမှု ဖြစ်ပွား


ကားလုယက်မှု, အင်းလျားလမ်း, တက္ကသိုလ်ရိပ်သာလမ်း, ယာဉ်ထိန်းရဲ, ကမာရွတ်, ဗဟန်း
ကားလုယက်သူကို ၀ိုင်းဝန်း ဖမ်းဆီးနေစဉ် (ဓာတ်ပုံ – ကိုစိုးဂျူလှိုင် / Facebook)
ရန်ကုန်မြို့ အင်လျားလမ်းပေါ် နေ့လယ်ခင်းချိန် ကားလုယက် ထွက်ပြေးမှု ဖြစ်ပွားခဲ့ပြီး ကားလုယက်သူကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင် များနှင့် ပြည်သူတချို့က ၀ိုင်းဝန်း ဖမ်းဆီးခဲ့ရကြောင်း သိရှိရသည်။
မေလ ၂၁ ရက်နေ့၊ နေ့လယ် ၁ နာရီဝန်းကျင်က ဘင်္ဂလားဒေ့ရှ် သံရုံးအနီး၊ အင်လျားလမ်းမပေါ်တွင် ယာဉ်မောင်း ကိုစိုးမိုး မောင်းနှင်လာသော AA- 6670 နံပါတ် တိုယိုရိုတာ Fielder ယာဉ်ကို ကိုစိုးပြည့်မွန်ဆိုသူက လုယက်ခဲ့ပြီး ကားကို မောင်း နှင် ထွက်ပြေးရာ အင်းလျားလမ်းနှင့် တက္ကသိုလ်ရိပ်သာ လမ်းထောင့် မီးပွိုင့် အရောက်တွင် မီးပွိုင့်တွင် ခေတ္တ ရပ်တန့် နေသော ကား၃ စီးကို ပွတ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ တိုက်မိသွားစဉ် မီးပွိုင့်တွင် တာဝန်ထမ်းဆောင် နေသော ယာဉ်ထိန်းရဲ က စစ်ဆေးအရေးယူမှုများ လုပ်ဆောင်ရန် ကားအနီးသို့ ချည်းကပ်လာစဉ် ကားလုယက်လာသူ ကိုစိုးပြည့်မွန် က တာဝန်ကျ ယာဉ်ထိန်းရဲကို လက်သီးဖြင့် လှမ်းထိုးခဲ့ကြောင်း၊ ပတ်ဝန်းကျင်မှ ပြည်သူတချို့နှင့် သက်ဆိုင်ရာ ယာဉ်ထိန်းရဲများ ၀ိုင်းဝန်းပူးပေါင်း၍ ကိုစိုးပြည့်မွန်ကို ဖမ်းဆီးခဲ့ကြောင်း ကမာရွတ်နယ်မြေ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ် စိုင်းထွန်းလင်းခိုင်က ဧရာဝတီသို့ ပြောသည်။
“ ကျနော် ယဉ်ထိန်းရဲ အထိုးခံရတဲ့အတွက် သူ့ကို တာဝန်ဝတ္ထရား နှောက်ယှက်မှုနဲ့ အမှု ဖွင့်မယ်။ အခုရဲစခန်းကို သွားနေပြီ ” ဟု  ဒုရဲအုပ်စိုင်းထွန်းလင်းခိုင်က ဆိုသည်။
လုယက်မှုဖြစ်ပွားသော နေရာသည် ဗဟန်းမြို့နယ်အပိုင်တွင် ဖြစ်ပွားခြင်းဖြစ်သည့်အတွက် ကားလုယက်သူ ကိုစိုးပြည့်မွန် ကို ကားလုယက်မှု၊ တာဝန်ဝတ္တရား နှောက်ယှက်မှု တို့ဖြင့် ဗဟန်းမြို့နယ်ရဲစခန်းကလည်း အမှုဖွင့် ထားကြောင်း၊ ကမာရွတ် မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ကလည်း ယာဉ်တိုက်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။
ကားလုယက် မောင်းနှင်ထွက်ပြေးသူ ကိုစိုးပြည့်မွန်သည်  အရက် အမူးလွန်နေပြီး ယခုအခါဗဟန်းမြို့နယ် ရဲစခန်းတွင် အချုပ်ချထားကြောင်း ၊ ယခုကဲ့သို့နေခင်းကြောင်တောင် ကားလုယက်ခံရပြီး ယဉ်တိုက်မှု ဖြစ်စဉ်မှာအလွန်ရှားပါးသော ဖြစ်စဉ်တခု ဖြစ်ကြောင်း ကမာရွက်မြို့နယ်ယဉ်ထိန်းရဲတပ်ဖွဲ့မှူး ဒုရဲမှူးဝေလင်းအောင်က ဧရာဝတီသို့ ပြောသည်။
“ဘယ်လောက် မူးနေလဲဆိုရင် နာမည်တောင် မနည်း မေးယူရတယ် ။ ရဲကိုတောင် မူးပြီး ပြန်ရန်လုပ်ချင်တဲ့ သဘော ရှိတယ် ” ဟု ဒုရဲမှူးဝေလင်းအောင်ကပြောသည်။
“ဓမ္မစေတီ လမ်းထိပ်ကနေ ၀င်လာတဲ့ တက္ကသိုလ် ရိပ်သာလမ်းပေါ်မှာ ကားငှားမယ်ဆိုပြီး တက္ကစီကားမောင်းတဲ့သူက ရပ်ပေးလိုက်တယ်။ အဲဒီမှာ သူ့ကို လက်သီးနဲ့ လှမ်းထိုးတော့ မောင်းပြေးဖို့လုပ်တာ။ ကား မမောင်း ထွက်နိုင်ခင် မှာ ကားလုတဲ့သူက နောက်ခန်းကို ၀င်ထိုင်ပြီး လက်သီးနဲ့ဆက်တိုက်ထိုးတော့ ဆက်မောင်းလာရင်း သစ်သီးတန်း ရှေ့အရောက်မှာ ကားသမားက ကြောက်ပြီး ကားပေါ်က ဆင်းပြေးတဲ့အခါ အဲဒီလူက ကားကို ဆက်မောင်းပြေးပြီး မီးပွိုင့်ထိပ်ရောက်တော့ ကားတိုက်မိတာပဲ ” ဟု ဗဟန်းမြို့နယ် စခန်းမှူး ဒုရဲမှူး မြင့်လွင်သန်းက ပြောသည်။

5/20/14

မျိုးစောင့်ဥပဒေရေးဆွဲဆဲတွင် ကန့်ကွက်ဝေဖန်ခြင်းသည် မသမာသည့်ရည်ရွယ်ချက်ဖြစ်ကြောင်း မဘသ(ဗဟို)ကြေညာချက်ထုတ်


မျိုးစောင့်ဥပဒေရေးဆွဲဆဲတွင် ကန့်ကွက်ဝေဖန်ခြင်းသည် မသမာသည့်ရည်ရွယ်ချက်ဖြစ်ကြောင်း မဘသ(ဗဟို)ကြေညာချက်ထုတ်
=========================================
မင်းဟိန်းထက် ၊ ရန်ကုန်၊ မေ ၁၇
လက်ရှိအချိန်တွင် အ မျိုးဘာသာ၊ သာသာနာဆိုင်ရာ မျိုးစောင့် ဥပဒေလေးရပ်ကို ရေးဆွဲနေဆဲ ဖြစ်သော ကြောင့် ဥပဒေပါ အချက်အလက်များကို မသိရှိသေးဘဲ ကန့်ကွက်ဝေဖန်နေခြင်း သည် မသမာသည့် ရည်ရွယ်ချက် သဘာဝ မကျသည့်လုပ်ရပ်များဖြစ်ကြောင်း မဘသ (ဗဟို)မှ သဘောထားကြေညာချက် ထုတ် ပြန်လိုက်သည်။
ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရွာမ ပရိယတ္တိကျောင်းတွင် မေ ၁၇ ရက်က ပြု လုပ်သည့် မျိုးစောင့်ဥပဒေဆိုင်ရာ သတင်း စာရှင်းလင်းပွဲတွင် အဆိုပါကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မျိုးစောင့်ဥပဒေလေးရပ်ကို ရေး ဆွဲရေးကော်မရှင်မှ မူကြမ်းရေးဆွဲပြီးနောက် လွှတ်တော်တွင် တင်ပြခြင်း၊ ပြည်သူလူထု ကို တင်ပြခြင်းများ ပြုလုပ်မည်ဖြစ်သည့်အ တွက် ဥပဒေအကြောင်းအရာကို သေချာမ သိဘဲနှင့် မဝေဖန်စေလိုကြောင်း မဘသ (ဗဟို)မှ အလုပ်အမှုဆောင် ဓမ္မစက္ကဦးမောင် မောင်က ပြောကြားခဲ့သည်။
''ဥပဒေအကြောင်းအရာတွေက နိုင်ငံနဲ့ ပြည်သူအကျိုးကို မည်မျှအကျိုးပြု သည်ကို မလေ့လာမသိရှိရသေးဘဲ မှန်းဆ ရမ်းသန်းကာ ဝေဖန်ကန့်ကွက်နေခြင်းသည် မျိုးစောင့်ဥပဒေကို ထောက်ခံလက်မှတ်ရေး ထိုးထားသည့် ပြည်သူလေးသန်းကျော်ကို ဆန့်ကျင်တိုက်ခိုက်ရာ ရောက်ပါတယ်''ဟု ¤င်းကပြောသည်။
မြန်မာအမျိုးသမီးများ အနိုင်ကျင့် ခံရခြင်း၊ အတင်းအဓမ္မ ဘာသာကူးပြောင်း ခံရခြင်း အစရှိသည့်လူ့အခွင့်အရေးနှင့် အ မျိုးသမီးအခွင့်အရေး ဖောက်ဖျက်ခံရမှုများ ကိုကာကွယ်ရန် မျိုးစောင့်ဥပဒေလေးရပ် ကို ပြဋ္ဌာန်းပေးရန် တောင်းဆိုနေခြင်းဖြစ် ကြောင်း ယင်းက ဆက်ပြောသည်။
ထို့ပြင် အမျိုးသမီးအဖွဲ့အစည်း များနှင့် အရပ်ဘက်အဖွဲ့အစည်းများက ဝေ ဖန်ပြောဆိုနေကြသည့် မျိုးစောင့်ဥပဒေရေး ဆွဲခြင်းသည် နိုင်ငံရေးတွင် ဘာသာရေးကို ခုတုံးလုပ်သည်ဟုလည်းကောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လမ်းကြောင်းလွှဲနေခြင်းဟု လည်းကောင်း၊ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ကြံစည်မှု ဖြစ်သည်ဟုလည်းကောင်း အစရှိသည့် စွပ်စွဲချက်များသည် မျိုးစောင့် ဥပဒေဖြစ်မြောက်ရေး ဆောင်ရွက်သူဖြင့် သက်ဆိုင်ခြင်းမရှိဘဲ လက်ရှိအုပ်ချုပ်နေ သော အစိုးရကို စွပ်စွဲခြင်းဖြစ်သည့်အတွက် အစိုးရအဖွဲ့ဖြင့်သာ ဖြေရှင်းသင့်ကြောင်း မဘသ(ဗဟို)မှ သဘောထားထုတ်ပြန်ခဲ့သည်။
အဆိုပါ မျိုးစောင့်ဥပဒေဆိုင်ရာ သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာ သူအများစုကလည်း ယင်းဥပဒေကို ထောက် ခံနေသူများသည်လည်း ဥပဒေပါ အချက် အလက်ကို သေချာမသိရှိသေးဘဲ ထောက် ခံနေကြသည်ဟု ဝေဖန်ပြောဆိုနေကြသည်။
ထို့ပြင် မော်လမြိုင်ကျွန်းမြို့နယ်၊ တောင်ကြီးမြို့၊ မြဝတီမြို့၊ အခြားပြည်နယ် နှင့် တိုင်းဒေသကြီးများတွင် အမျိုးဘာသာ၊ သာသနာဆိုင်ရာ ဥပဒေလေးရပ်ကို ပြည်သူ လူထုကြားတွင် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေ ရန် ဟောပြောပွဲများ ပြုလုပ်ရန်စီစဉ်နေ ကြောင်း သိရသည်။
လူမှုကွန်ရက် စာမျက်နှာပေါ် တွင် ပျံ့နေသည့် အော်ရီဒူးဆက်သွယ်ရေး ကုမ္ပဏီမှ ဖုန်းကတ်များကို ပြည်သူများမ ဝယ်ယူကြရန် မဘသမှ တိုက်တွန်းသည်ဟူ သောဖြစ်ရပ်များသည် အမျိုးဘာသာစောင့် ရှောက်ရေးအဖွဲ့(ဗဟို)ညွှန်ကြားချက်ဖြင့် ပြုလုပ်နေခြင်းမဟုတ်ကြောင်း တရားဝင်ပြော ကြားခဲ့သည်။
-------------------------------------------------------------------------
Flower News Journal | အတွဲ ၁၀ ၊ အမှတ် ၁၉

RSO လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုအပေါ် ပြန်လည်ဖြေရှင်းပေး ရန် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရထံ တောင်းဆို


RSO လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုအပေါ် ပြန်လည်ဖြေရှင်းပေး ရန် မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အစိုးရထံ တောင်းဆို
======================================
ကျော်မြတ်ဇံ
======================================
ရန်ကုန်၊ မေ ၁၉- မောင်တောနယ် စပ်တွင် မေ ၁၇ က ဘင်္ဂလားဒေရှ့်မှ RSO လက်နက်ကိုင်အဖွဲ့မှ နယ်ခြား စောင့်ရဲတပ်ဖွဲ့ ဝင်များအား တိုက်ခိုက် မှုကြောင့် သေဆုံးဒဏ်ရာရခြင်းများ နှင့်ပတ်သက်ပြီး မြန်မာအစိုးရမှ ဘင်္ဂ လားဒေရှ့် အစိုးရတာဝန်ရှိသူ များ ထံ ကန့်ကွက်ရှုတ်ချသည့် အဆိုလွှာ ကို မေ ၁၈ရက်က ပေးပို့ခဲ့ကြောင်း နိုင်ငံတော် လုံခြုံရေးနှင့် ထောက် လှမ်း ရေးဌာနမှ ဒုရဲမှူးကြီးမင်းအောင်က ဒီမိုကရေစီတူဒေးသို့ အတည်ပြု ပြောကြားသည်။
ယင်းကဲ့သို့ ကန့်ကွက်ရှုတ်ချ သည့် အဆိုလွှာကိုပေးပို့ခဲ့ သည့်အ ပြင် ဘင်္ဂလားဒေရှ့်နိုင်ငံအနေဖြင့် မြန်မာအစိုးရကို အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြန်လည်ဖြေရှင်းပေး ရန်၊ ကျူးကျော်ပစ်ခတ်သောအကြမ်း ဖက်သမားများကို ဖော်ထုတ်အရေး ယူပေးရန်စသည့် ကိစ္စများကိုပါထည့် သွင်းရေးသားထားကြောင်း သိရသည်။
ဒုရဲမှူးကြီးမင်းအောင်က ''ဒီဖြစ် ရပ်နဲ့ပတ်သက်ပြီး နယ်ခြားစောင့်တပ် က တာဝန်ရှိသူတွေနဲ့သက်ဆိုင်ရာ ဌာနတွေက တာဝန်ရှိ သူတွေ ကတော့ အစည်းအဝေးတွေ ပြုလုပ်နေတယ်။ လုံခြုံရေးကိုတော့ အရင်ထက်ပိုပြီး ဂရုတစိုက်နဲ့စောင့်ကြပ် မှုတွေပြုလုပ် ပါတယ်။''ဟုပြော သည်။
မေ ၁၇ ရက်က မောင်တောနယ် စပ် မိုင်တိုင်အမှတ် ၅၂တွင် ဖြစ်ပွား ခဲ့သည့် RSO လက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် အမှတ် ၁ နယ် ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်လေး ဦးကျဆုံးပြီး တစ်ဦးမှာဒဏ်ရာရရှိ ခဲ့ကြောင်း၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဝင်များအနေဖြင့် နယ်စပ်ခြံစည်းရိုး လမ်းတစ်လျှောက် ဗန္ဓုကျေးရွာ ဘက် သို့ ချီတက်လာစဉ် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ RSO လက်နက်ကိုင်အဖွဲ့မှ ပုန်းခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည် ဟု မောင်တောမြို့နယ် ရဲတပ်ဖွဲမှူးရုံးမှ သိရသည်။
မောင်တောမြို့နယ် ရွှေရင်အေး ကျေးရွာနေသူ ဦးထွန်းမြတ်ကျော် က ''မောင်တောမှာနေတဲ့ ရခိုင်တိုင်း ရင်းသားတွေအနေနဲ့ လုံခြုံမှုမရှိသ လို ခံစားနေရတယ်။ မောင်တောမှာ ပြဿ နာတွေကတစ်ခုပြီး တစ်ခုဖြစ် နေတော့ နေထိုင်ရတာအဆင်မပြေ ဘူး။ တချို့ဆိုစစ်တွေ တို့ ကျောက်ဖြူ တို့ဘက်ကို ပြောင်းသွားကြပြီ'' ဟု ပြောသည်။
K M Z [--Democracy today Daily Newspaper--]

ထိုင်းတွင် စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်၊ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး အဖွဲ့ ဖွဲ့စည်း


ထိုင်းတွင် စစ်အုပ်ချုပ်ရေး အမိန့် ထုတ်ပြန်၊ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး အဖွဲ့ ဖွဲ့စည်း
ဧရာဝတီ
ထိုင်းနိုင်ငံတွင် ထိုင်းစစ်တပ်က ယနေ့နံနက်ပိုင်း၌ စစ်အုပ်ချုပ်ရေး (Martial Law) ထုတ်ပြန်ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းရေး ထိန်းချုပ်မှု စင်တာ (The Peace Keeping Command Centre-PKCC) ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ထိုင်း လုံခြုံရေး အက်ဥပဒေအရ ထိုင်း တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာ လက်မှတ်ရေးထိုး၍ စစ်အုပ်ချုပ်ရေး ကြေညာခြင်းဖြစ်သော်လည်း စစ်တပ်က အာဏာသိမ်းခြင်း မဟုတ်ကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။ ယခုကဲ့သို့ ထိုင်းစစ်တပ်က စစ် အုပ်ချုပ်ရေး ကြေညာခြင်းသည် လက်ရှိ အိမ်စောင့်အစိုးနှင့် တိုင်ပင်ခြင်း မရှိကြောင်းလည်း အစိုးရပိုင်းက ထုတ်ပြန်ထားသည်။ ၀န်ကြီးချုပ် ယင်းလတ်ကို ဖွဲ့စည်းပုံအ ခြေခံဥပဒေခုံရုံးမှ အဂတိလိုက်စားမှု စွဲချက်ဖြင့် ယခုလ စောစောပိုင်းက ရာထူးမှ ဖယ်ရှားခဲ့သည်။ ထိုင်းနိုင်ငံရေးတွင် စစ်တပ်က မကြာမကြာ အာဏာသိမ်းလေ့ရှိပြီး ၈၁ နှစ် အတွင်း စစ်တပ်က အကြိမ်ပေါင်း ၁၈ ကြိမ် အာဏာသိမ်းခဲ့ကြောင်း သိရသည်။
(ဓာတ်ပုံ - timesunion.com, sbs.com.au, cnn.com, foxnews.com, theaustralian.com.au, news.asiaone.com)

ခရိုနီ စီးပွားရေး လုပ်ငန်းရှင်ကြီးလည်းဖြစ် လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်း ခမီးခမက် တော်စပ်သူ ဇေကမ္ဘာ ဦးခင်ရွှေရဲ့ ထိုင်းနိုင်ငံ အယုဒ္ဓယမှာ ၁၇ ရက်နဲ့ ၁၈ နေ့မှာ လုပ်သွားတဲ့ ဘာသာရေး ပွဲတစ်ခုမှာ ထီးဖြူတော်ဆောင်းပြီး သွားလာနေတာကို မြင်တွေ့လိုက်ရပါတယ်။


ခရိုနီ စီးပွားရေး လုပ်ငန်းရှင်ကြီးလည်းဖြစ် လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်း ခမီးခမက် တော်စပ်သူ ဇေကမ္ဘာ ဦးခင်ရွှေရဲ့ ထိုင်းနိုင်ငံ အယုဒ္ဓယမှာ ၁၇ ရက်နဲ့ ၁၈ နေ့မှာ လုပ်သွားတဲ့ ဘာသာရေး ပွဲတစ်ခုမှာ ထီးဖြူတော်ဆောင်းပြီး သွားလာနေတာကို မြင်တွေ့လိုက်ရပါတယ်။
ဒါပေမယ့် သူ့ကို ဘုရင်ရူး ရူးနေတာပဲလို့ အင်တာနက် ဖေ့ဘုတ် အွန်လိုင်းတွေပေါ်မှာ ပြောဆိုနေကြတာ ငြင်းခုံနေကြတာကို အတော်များများ ဖတ်ရှုလိုက်ရပါတယ်။ ရေရရင် ပြီးရောဆိုတဲ့ သူ့နောက်ပါတွေကပဲ မြှောက်ပေးတာလား သူ့ဟာသူပဲ ထွင်တာလားတော့ မသိပါဘူး၊ ကြည့်ရတာ အတော်လေးကို အော်ဂလီ ဆန်လှကြောင်းလည်း ပြောဆိုနေကြတာကို ဖေ့ဘုတ်က comments တွေမှာ ဖတ်ရှုလိုက်ရပါတယ်။
ဦးခင်ရွှေဟာ ဂမ္ဘီရလိုင်းဘက်ကိုလည်း ဝါသနာပါသူ တစ်ဦးလို့လည်း သိရပါတယ်။ ဒါကြောင့်လည်း ဓမ္မစေတီခေါင်းလောင်းကြီးကို ဆယ်ယူဖို့ကြိုးစားနေသူလည်း ဖြစ်ပါတယ်။
“ခေါင်းလောင်းကြီးကို ဆယ်ဖို့အတွက် ကျနော် တို့ သင်္ဘောကြီးတွေလဲ ငှားပြီးသွားပါပြီ။ တကယ်လို့ အောင်မြင်သွားရင် ရွှေတိဂုံ ဘုရားမှာ ပြန်ထားမှာ ဖြစ်ပါတယ်။ နိုင်ငံခြား ကျွမ်းကျင်သူတယောက်က လုပ်ငန်းတခုလုံးအတွက် အမေရိကန် ဒေါ်လာ ၅ သန်းကနေ ၁၀ သန်းအတွင်း ကုန်ကျမယ်လို့ ခန့် မှန်းထားပါတယ်။ ဘယ်လောက်ပဲ ကျပါစေ၊ ကျနော် က အကုန်အကျခံဖို့အဆင်သင့်ပါပဲ” လို့ ဦးခင်ရွှေက ဧရာဝတီကို မနှစ်က ပြောခဲ့ဖူးပါတယ်။
ပင်ဆယ်ဗေးနီး ယားပြည်နယ်၊ Bryn Mawr မှာရှိတဲ့ စာတိုက် သေတ္တာ တစ်ခုက တဆင့်ထုတ်ပေးတဲ့ အမေရိကန် နိုင်ငံ ဝါရှင်တန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ အတုရရှိထားသူ ဇေကမ္ဘာ ခရိုနီ ဦးခင်ရွှေဟာ ဒေါက်တာ ဦးခင်ရွှေရယ်လို့ ဘွဲ့ရထားသူလည်း ဖြစ်ပါတယ်။
(ဓာတ်ပုံ - သူဇာ / Facebook)