သတင်းနှင့်နည်းပညာများ
12/7/13
Women's Nanquan ပွဲစဉ် တွင်
Women's Nanquan ပွဲစဉ် တွင် 
မလေးရှားအသင်းက Diana Bong Siong Lin က ရမှတ် ၉.၇၀ ဖြင့် ပထမ၊ ဗီယက်နမ်အသင်းမှ Minh Phuong Bui က ရမှတ် ၉.၆၈ ဖြင့် ဒုတိယ ၊ မလေးရှားအသင်းမှ Cheau Xuen Tai က ရမှတ် ၉.၆၇ ဖြင့် တတိယ အသီးသီးရရှိသွားကြောင်း သတင်းရရှိသည်။
မြန်မာက ဆုမရခဲ့ပါ။
Credit By - ဆီးဂိမ်းအားကစားပွဲတော် မြန်မာ
မြန်မာပရိတ်သတ်တွေ အားပေးနှစ်ခြိုက်ကြပြီး၊ ပြိုင်ပွဲတိုင်းကလည်း အကြိတ်အနယ်ရှိကြတဲ့ ပိုက်ကျော်ခြင်းပြိုင်ပွဲတွေကို
မြန်မာပရိတ်သတ်တွေ အားပေးနှစ်ခြိုက်ကြပြီး၊ ပြိုင်ပွဲတိုင်းကလည်း အကြိတ်အနယ်ရှိကြတဲ့ ပိုက်ကျော်ခြင်းပြိုင်ပွဲတွေကို
ဒီဇင်ဘာ ၁၀ ၇က်နေ့မှာ နေပြည်တော်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။
TV ချန်နယ်တွေကလည်း ထုတ်လွှင့်ပြသမှာ ဖြစ်သလို ကွင်းထဲမှာ အားပါးတရ အားပေးလိုသူတွေ ကလည်း တိုက်ရိုက်အားပေးမှုက စိတ်လှုတ်ရှားဖွယ်၊ အားရဖွယ်၊ ပျော်ရွှင်ဖွယ်ရှိကြောင်း၊ သတင်းပေးလိုက်ပါတယ်။
ပြိုင်ပွဲပွဲစဉ်တွေကို အောက်က ဖော်ပြထားတဲ့ ပုံတွေမှာ ကြည့်နိုင်ပါတယ်။
ဆီးဂိမ်းအားကစားပွဲတော် မြန်မာ
Photo
Photo
Photo
Add caption
ဆီးဂိမ်း ၀ူရှုးပြိုင်ပွဲ ကျန့်ဆုပြိုင်ပွဲတွင်
ဆီးဂိမ်း ၀ူရှုးပြိုင်ပွဲ ကျန့်ဆုပြိုင်ပွဲတွင်
မြန်မာ စန္ဒီဦး ငွေတံဆိပ်ဆု ထပ်မံရယူပြီး နိုင်ငံဂုဏ်ဆောင်လိုက်ပြန်ပါပြီ။
ဗီယက်နမ် က ရွှေ ၊ မလေးရှားမှ ကြေးတံဆိပ် အသိးသီး ဆွတ်ခူးရရှိပါတယ်။
(၇.၁၂.၂၀၁၃) ရက်နေ့ လက်ရှိအချိန်အထိ နိုင်ငံအလိုက် (၁၃ နာရီ ၃၀ မိနစ်) ရရှိထားသော ဆုတံဆိပ်စာရင်း
(၇.၁၂.၂၀၁၃) ရက်နေ့ လက်ရှိအချိန်အထိ နိုင်ငံအလိုက်
(၁၃ နာရီ ၃၀ မိနစ်) ရရှိထားသော ဆုတံဆိပ်စာရင်း
*********************
Credit - MOI
ယနေ့ ၇.၁၂.၂၀၁၃ ရက်နေ့။ ညနေ ၆ နာရီ ၄၅ မိနစ်တွင် သုဝဏ္ဏဘောလုံးအားကစားကွင်း၌ ယှဉ်ပြိုင် ကစားမည့်
ယနေ့ ၇.၁၂.၂၀၁၃ ရက်နေ့။ ညနေ ၆ နာရီ ၄၅ မိနစ်တွင် သုဝဏ္ဏဘောလုံးအားကစားကွင်း၌ ယှဉ်ပြိုင် ကစားမည့်
မြန်မာဘောလုံးအသင်းနှင့် ကမ္ဘောဒီးယားဘောလုံးအသင်းတို့မှ
ဘောလုံးကစားသမားများ၏ အမည်စာရင်းမှာ...
မြန်မာဘောလုံးအသင်း။ကျောနံပါတ်။ အမည်
၁။ ပြည့်ဖြိုးအောင်
၇။ ကျော်ဇေယျာဝင်း
၁၁။ ဒေးဗစ်ထန်း
၅။ ရန်အောင်ဝင်း
၁၆။ သိန်းသန်းဝင်း
၁၀။ ကျော်ကိုကို
၁၅။ ဇန်ဘိုထွန်း
၁၇။ အောင်ဇော်
၂။ စည်သူအောင်
၁၉။ ကျော်မင်းဦး
၎။ အောင်ဟိန်းကျော်
၉။ ကောင်းစည်သူ
၃။ ဇော်မင်းထွန်း
၁၄။ ရဲလင်းအောင်
၂၀။ သက်နိုင်
၆။ နိုင်လင်းဦး
၈။ ကြည်လင်း
၁၃။ ဆက်ဖြိုးဝေ။။
( နည်းပြ- ပက်ဆောင်ဟွာ။ မန်နေဂျာ- ဦးစိုးမိုးကျော်)
ကမ္ဘောဒီးယားဘောလုံးအသင်း။ ကျောနံပါတ်။ အမည်
1. Sou Yaty
6 .Touch Pancharong
7. Park Mony Udom
8. Bin Chantha Thearry
9. Sok Pheng
11. Chan Vathanaka
12. Sos Suhana
14. Ke Vannak
15. Rous Samoeun
16. Chhun Sothearath
21. Phourng Soksana
22. Sar Sophea
23. Khek Khemrin
26. Sophal Odom
( နည်းပြ- Tae Hoon Lee။ မန်နေဂျာ Ieng Sak nida)
credit -MOI
ထိုင်းက ရိုဟင်ဂျာ ဒုက္ခသည်များကို လူမှောင်ခိုကူးသူများထံ ရောင်းချ
ထိုင်းက ရိုဟင်ဂျာ ဒုက္ခသည်များကို လူမှောင်ခိုကူးသူများထံ ရောင်းချ
================================
Ref: Pressetv
================================
ဘန်ကောက် ၊ ဒီဇင်ဘာ ၆ ။ ။ ထိုင်းနိုင်ငံလူဝင် မှုကြီးကြပ် ရေးအရာ ရှိတို့က မြန်မာနိုင်ငံမှ ထွက်ပြေး လာသော ရိုဟင်ဂျာ ဒုက္ခသည်များကို တရားမဝင်လူ ကုန်ကူးသူများထံ ရောင်းချခဲ့ ကြောင်း စုံစမ်းစစ်ဆေးမှုအသစ် တွင် ဖော်ပြခဲ့ကြောင်း သိရသည်။ 
စုံစမ်းစစ်ဆေးမှုအစီရင်ခံစာတွင် ဖော်ပြချက်အရ ထိုင်းနိုင်ငံ လူဝင် မှုကြီးကြပ်ရေး၏ ထိန်းသိမ်းရေး စခန်းများမှ ရိုဟင်ဂျာ ဒုက္ခသည် များကို ပင်လယ်ပြင်တွင် စောင့် ဆိုင်းနေသော တရားမဝင်လူကုန် ကူးသူများထံမှ လွှဲပြောင်းပေး ခဲ့သည်ဟု သိရသည်။
ရိုဟင်ဂျာဒုက္ခသည်များ အား ထိုင်းနိုင်ငံတောင်ပိုင်း တစ် လျှောက် တိတ်တဆိတ်လွှဲပြောင်း ပို့ဆောင်ကာ ထိုင်း၊ မလေးရှား နယ်စပ်အနီးရှိ လုံခြုံရေးတင်း ကျပ်စွာ ချထားသော စခန်းများ တွင် ဓားစာခံများအဖြစ် ထိန်း သိမ်းထား ပြီး ထိန်းသိမ်းထားသူ တို့၏ ဆွေမျိုးသားချင်းများ က လာရောက်ငွေပေးရွေးမှသာ လွှတ်ပေးခဲ့ကြောင်း သိရသည်။
ငွေပေးရွေးနိုင်ခြင်းမရှိ သော ဖမ်းဆီးထိန်းသိမ်းထားသူ များကိုမူ တချို့သော သင်္ဘော သယ်ယူပို့ဆောင်ရေးကုမ္ပဏီ များနှင့် စိုက်ပျိုးရေးလုပ်ငန်းများ သို့ ရောင်းချခဲ့သည်ဟုသိရ သည်။
ထိန်းသိမ်းရေးစခန်းများရှိ ရိုဟင် ဂျာအများအပြား မှာ သေဆုံးခဲ့ ကြောင်း၊ သေဆုံးသူများအနက် တချို့ကို စခန်းလုံခြုံရေးအစောင့် တို့က ပစ်ခတ်သတ်ဖြတ်ခြင်း ဖြစ်ပြီး အများစုမှာ ရေဓာတ်ခန်း ခြောက်သည့်ရောဂါကြောင့် သေ ဆုံးရခြင်းဖြစ်သည်ဟု အသက် ရှင်ကျန်ရစ်သူတို့ က ပြောသည်။
Yangon Media Group
RedLink ၏တပ်ဆင်လှူဒါန်းမှုဖြင့်ရွှေတိဂုံစေတီတော်ရင်ပြင်ရှိနေရာ(၈)နေရာတွင် Free Wireless Internet အသုံးပြုနိုင်ပြီ။
RedLink ၏တပ်ဆင်လှူဒါန်းမှုဖြင့်ရွှေတိဂုံစေတီတော်ရင်ပြင်ရှိနေရာ(၈)နေရာတွင် Free Wireless Internet အသုံးပြုနိုင်ပြီ။
ဒီဇင်ဘာလ(၆)ရက်နေ့မနက်တွင်ရွှေတိဂုံစေတီတော်မြတ်ကြီး၏ဂေါပကစောင်းတန်းတွင် RedLink Communication Company မှ Free Wireless Internetကိုစတင်အသုံးပြုနိုင်တဲ့ပွဲကိုကျင်းပခဲ့ပါသည်။အဆိုပါပွဲကို RedLink မှနမောတ ဿသုံးကြိမ်ရွတ်ဆိုကာဖွင့်လှစ်ခဲ့ပြီး RedLink မှာတာဝန်ရှိသူဦးသိန်းသန်းတိုးမှလှူဒါန်းရခြင်းအကြောင်း ကိုပြောကြားခဲ့ပါ တယ်။ထိုနောက်ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့မှကျေးဇူးတင်ရှိကြောင်းပြောကြားပြီး RedLink မှအင်တာနက်သုံးပစ္စည်း ကုန်ကျငွေကိုပေးအပ်လှူဒါန်းပြီးနောက်ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ကဂုဏ်ပြုမှတ်တမ်းလွှာများကိုပေးအပ်ခဲ့ပြီးအခမ်းအနားကိုပြီးဆုံးစေခဲ့ပါတယ်။ဆက်လက်ပြီးRedLink မှဒုတိယဥက္ကဌဖြစ်တဲ့ဦးသိန်းသန်းတိုးကကျွန်တော့်တို့တပ်ဆင်ထားတဲ့ Wireless Internet အတွက် Service ကို RedLink ကပဲတာဝန်ယူလုပ်ဆောင်သွားမှာဖြစ်ကြောင်း၊လက်ရှိ Wireless Internet ကိုရေရှည်သွားမည်ဖြစ်ကြောင်း ၊လိုအပ်ရင်ထက်မံတိုးချဲ့ဖို့အစီအစဉ်ရှိကြောင်း ၊ နောက်ပိုင်းတွင်စာသင်ကျောင်း များကိုလည်း Free Wireless Internet တွေတပ်ဖို့အစီအစဉ်ရှိကြောင်း ၊ လိုအပ်တဲ့နေရာမှန်သမျှကို Free Wireless Internet ကိုလှူဒါန်းသွားမည်ဖြစ်ကြောင်းစတဲ့ရေရှည်စီမံကိန်းတွေကိုစီစဉ်နေကြောင်းသိရသည်။ ဒါအပြင် ရွှေတိဂုံစေတီ တော်မှလက်ရှိ ဥက္ကဌဖြစ်တဲ့ဒေါက်တာတင်မင်းလွင်ကယခုကိုလှူဒါန်းတာကိုကျေးဇူးတင်သလိုဝမ်းလည်းသာမိကြောင်း ၊ နောင် RedLink လိုမျိုး Free Internet Wirless လာရောက်လှူဒါန်းမှုများရှိမယ်ဆိုရင်လက်ခံဖို့အစီအစဉ်ရှိကြောင်းသိရှိရ ပါတယ်။လက်ရှိမှာတော့ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့အဓိကစောင်းတန်း (၈)နေရာမှာလိုင်းလွှင့်တဲ့စက်တွေတပ်ဆင်ထား ပြီးယနေ့မှစတင်၍ရင်ပြင်တော်ပေါ်တွင် Wireless Internet ကိုအခမဲ့သုံးနိုင်ပြီပဲဖြစ်ပါတယ်။
-----------------------------------------
BlackFlame(TSJ Tech Team)
-----------------------------------------
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ကောလိပ်၊သိပ္ပံများ တွင် ဆရာ၊ဆရာမအဖြစ်တာဝန်ထမ်းဆောင်လိုသူများအတွက် အလုပ်လျှောက်လွှာ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်၊ကောလိပ်၊သိပ္ပံများ
တွင် ဆရာ၊ဆရာမအဖြစ်တာဝန်ထမ်းဆောင်လိုသူများအတွက် အလုပ်လျှောက်လွှာ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အလုပ်ခန့်ထားရေးအတွက် လျှောက်လွှာခေါ်ယူခြင်း
၁။ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ နှင့်ကျောင်းများတွင် အလုပ်ခန့်ထားနိုင်ရန်
အတွက် အောက်ဖော်ပြပါဘွဲ့ရများအား သရုပ်ပြ၊ လစာနှုန်း (၇၉၀၀၀-၁၀၀၀-၈၄၀၀၀) ရာထူးနေရာများ၌ အလုပ်ခန့်ထားရန်အတွက် သတ်မှတ်
ချက်များနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။ လျှောက်ထားသူသည်
လျှောက်လွှာနှင့်အတူ လိုအပ်သော စာရွက်စာတမ်းများ ပူးတွဲတင်ပြ၍ နီးစပ်
ရာ တက္ကသိုလ် ၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းများတွင် (၂၀-၁၂-၂၀၁၃) ရက်
နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။
(ခ)M.E, B.E(Q), M.C.Tech, M.C.Sc, M.Sc(Phys), M.Sc(Chem), M.Sc(Maths), M.A(Eng), M.A(TEFL),M.A(Myan) ဘွဲ့ရရှိသူဖြစ်ရမည်။
(ဂ)Master ဘွဲ့ရများသည် (၃၀-၁၁-၂၀၁၃) ရက်နေ့တွင် အသက် (၂၈)နှစ်
ထက် မကြီးသူ ဖြစ်ရမည်။B.E(Q) ဘွဲ့ရသူများသည် (၃၀-၁၁-၂၀၁၃) ရက်
နေ့တွင် အသက် (၂၅) နှစ်ထက်မကြီးသူဖြစ်ရမည်ဖြစ်သည်။
(ဃ) (၆)လအတွင်းရိုက်ထားသော ပတ်စ်ပို့ ဓာတ်ပုံ(၃)ပုံ ၊ဘွဲ့လက်မှတ်မိတ္တူ၊ အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်း
အောင် လက်မှတ်မိတ္တူ နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ၊
(င) ဒေသမရွေးတာဝန်ထမ်းဆောင်နိုင်ကြောင်း ဝန်ခံကတိရေးထိုးနိုင်ရမည်။
(စ)(၁) လအတွင်းပြုလုပ်ထားသော ကျန်းမာရေးကောင်းမွန်ကြောင်းဆေးထောက်ခံစာ။
(ဆ)(၁) လအတွင်းပြုလုပ်ထားသော အကျင့်စာရိတ္တကောင်းမွန်ကြောင်း
ကျေးရွာ/ရပ်ကွက်/ ရဲစခန်း ထောက်ခံစာ၊
(ဇ)(၆)လအတွင်းပြုလုပ်ထားသော အလုပ်သမားမှတ်ပုံတင်မိတ္တူ၊
(၂) သတ်မှတ်ချက်ကိုက်ညီသူများသည် အလုပ်ဝင်ခွင့် ရေးဖြေစာမေးပွဲ
ဖြေဆိုရမည်ဖြစ်ပါသည်။ လူတွေ့စစ်ဆေးချိန်တွင် ဘွဲ့/ နိုင်ငံသားစိစစ်ရေးကတ်/ တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်/ အလုပ်သမားမှတ်ပုံတင်မူရင်းများ တင်ပြနိုင်ရမည်။ လျှောက်လွှာများကို နီးစပ်
ရာ တက္ကသိုလ်/ကောလိပ်/သိပ္ပံ နှင့်ကျောင်းများ၌ ထုတ်ယူနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီးရုံး (တယ်လီဖုန်းနံပါတ် -၀၆၇-၄၀၄၀၁၇) တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
Credit By - TechSapce Journal
SEA Games အမျိုးသားဘောလုံးပြိုင်ပွဲ စတင်၊ မြန်မာနှင့် ကမ္ဘောဒီးယား ယနေ့ ယှဉ်ပြိုင်မည်
SEA Games အမျိုးသားဘောလုံးပြိုင်ပွဲ စတင်၊ မြန်မာနှင့် ကမ္ဘောဒီးယား ယနေ့ ယှဉ်ပြိုင်မည်
နေပြည်တော်
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ အမျိုးသား ယူ ၂၃ အသင်း ဘောလုံးပွဲစဉ်များကို ဒီဇင်ဘာ ၇ ရက် စတင်ကျင်းပမည်ဖြစ်ရာ အဖွင့်ပွဲစဉ် အဖြစ် မြန်မာအသင်းက ကမ္ဘောဒီးယား အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
မြန်မာအသင်းနှင့် ယှဉ်ပြိုင်ရမည့် အဖွင့်ပွဲစဉ်နှင့် ပတ်သက်၍ ကမ္ဘောဒီးယား အသင်းနည်းပြချုပ် ကိုရီးယားနိုင်ငံသား တေလီဟွန်းက "ပရိသတ်ရဲ့ အားနဲ့ နည်းပြချုပ် ပတ်ဆောင်ဟွာရဲ့ နည်းဗျူဟာ တွေကြောင့် ဒီပွဲက ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ ပြိုင်ပွဲတစ်ခု ဖြစ်လာနိုင်ပါတယ်" ဟု မှတ်ချက်ပြုသည်။
အိမ်ရှင်အားသာချက်သည် ကစားသမားများကို ဖိအား ပိုမိုကြီးမားစေပြီး တာဝန်ပိုကြီးကြောင်း၊ SEA Games ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် သုံးလသာ ရရှိခဲ့သောကြောင့် လက်ရှိအချိန်၌ မြန်မာအသင်း မည်မျှအောင်မြင်မည်ကို မပြော နိုင်သေးကြောင်း မြန်မာယူ ၂၃ အသင်း၏ နည်းပြချုပ် ပတ်ဆောင်ဟွာက ပြောကြားသည်။
လက်မှတ်ဈေးနှုန်း အနည်းငယ် ကြီးမြင့်သော်လည်း မြန်မာအသင်း၏ ပွဲစဉ်တိုင်းကို ကြည့်ရှုမည့် ပရိသတ် များသောကြောင့် မြန်မာ ယူ ၂၃ အသင်းအနေဖြင့် ပရိသတ်အားပေးမှုနှင့် ထိုက်တန်သည့် အောင်မြင်မှု ရသင့်ကြောင်း၊ အဖွင့်ပွဲစဉ်တွင် ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည် ဖြစ်သောကြောင့် အနိုင်ရမည် ဖြစ်ကြောင်း ဝါရင့် အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က သုံးသပ်ပြောဆိုသည်။
အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲ (၂၀၀၈ ခုနှစ်) တွင် မြန်မာအသင်းက ကမ္ဘောဒီးယား အသင်းကို သုံးဂိုး နှစ်ဂိုး၊၂၀၁၂ အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို သုံးဂိုး ဂိုးမရှိ တို့ဖြင့် အနိုင်ရထားရာ (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင်လည်း မြန်မာအသင်း ကပင် ဂိုးပြတ် အနိုင်ရရှိမည် ဖြစ်ကြောင်း နာမည်ကျော် goal.com အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
မြန်မာယူ ၂၃ အသင်းသည် အုပ်စု (ခ) တွင် SEA Games ပြိုင်ပွဲတစ်လျှောက် အကြိမ်အများဆုံး ဗိုလ်စွဲထားသည့် ထိုင်း၊ ၂၀၁၁ SEA Games ပြိုင်ပွဲတွင် ဗိုလ်လုပွဲ တက်ခဲ့သည့် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား နှင့် မွေးစားနိုင်ငံသားများ ပါဝင်လာ နိုင်သည့် အရှေ့တီမောအသင်း တို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက် ရှိသည်။
မြန်မာအသင်းသည် အဖွင့်ပွဲစဉ် အဖြစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကမ္ဘောဒီးယား၊ ၉ ရက်နေ့တွင် အရှေ့တီမော၊ ၁၁ ရက်နေ့တွင် ထိုင်း၊ ၁၃ ရက်နေ့တွင် အင်ဒိုနီးရှားအသင်း တို့နှင့် ရန်ကုန်မြို့ရှိ သုဝဏ္ဏ ဘောလုံးအားကစားကွင်းတွင် ယှဉ်ပြိုင်ရမည် ဖြစ်သည်။
Credit By - The Voice Weekly
ဆီးဂိမ်း ဘောလုံး ဘယ်သူ ရွှေယူပေးမလဲ
ဆီးဂိမ်း ဘောလုံး ဘယ်သူ ရွှေယူပေးမလဲ
ဆီးဂိမ်း, အမျိုးသား, အမျိုးသမီး, ဘောလုံး
စနေနေ့မှာ မြန်မာအမျိုးသားလက်ရွေးစင်အသင်းနဲ့ကမ္ဘောဒီးယား စကန်မယ့် ရန်ကုန် သုဝဏ္ဏ ဘောလုံးကွင်း (ဓာတ်ပုံ- ဂျေပိုင်/ ဧရာဝတီ)
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခွင့်ရထားတဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီးမှာ လူအများစု စိတ်ဝင်တစား စောင့်ကြည့်နေကြတာကတော့ ဘောလုံးပွဲဖြစ်ပါတယ်။
ဘောလုံးပြိုင်ပွဲမှာ မြန်မာ့အမျိုးသား လက်ရွေးစင်အသင်းနဲ့ အမျိုးသမီးလက်ရွေးစင်အသင်းတွေက ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး ဘယ်အသင်းကနေ ရွှေတံဆိပ်ယူပေးနိုင်မလဲဆိုတာ ပရိတ်သတ်တွေက ရင်ခုန်စွာနဲ့ စောင့်မျှော်နေကြပြီဖြစ်ပါတယ်။
မြန်မာအမျိုးသားလက်ရွေးစင်အသင်းကတော့ အုပ်စု (ခ) မှာ ကမ္ဘောဒီးယား၊ တီမော၊ အင်ဒိုနီးရှား၊ ထိုင်း တို့နဲ့ တအုပ်စုထဲ ကျနေပြီး ပထမဆုံး ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၇ ရက်နေ့မှာ ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းကြီးမှာ စတင်ယှဉ်ပြိုင် ကစားကြ တော့မှာဖြစ်ပါတယ်။
မြန်မာအသင်းအနေနဲ့ အိမ်ရှင်အားသာချက်တခုသာရှိပြီး အုပ်စုတွင်းပြိုင်ဘက်တွေထဲမှာ ထိုင်းနဲ့အင်ဒိုအသင်းတွေနဲ့ တွေ့ရင် ရုန်းကန်ရမှာဖြစ်ပေမယ့် ရှေ့ပိုင်းမှာ ကစားရမယ့် ကမ္ဘောဒီးယားနဲ့ တီမောပွဲစဉ်တွေကို လျှော့မတွက်ဘဲ အမှတ်ပြည့် ရယူ ထားနိုင်ဖို့ လိုတယ်လို့ ဝါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောပါတယ်။
“အမျိုးသားအသင်းကတော့ အစကောင်းမှ အနှောင်းသေချာမှာဆိုတော့ ပထမပွဲတွေဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ တီမောပွဲကို အနိုင်ကစားထားဖို့လိုတယ်၊ အဲဒီနှစ်ပွဲမှာ ရှုံးတာတို့၊ သရေကျတာတို့ဆိုရင် ကျန်တဲ့ပွဲတွေမှာ ခက်သွားမယ်” လို့ ဦးခင်မောင်ထွေး (ပျဉ်းမနား) ကဧရာဝတီကိုပြောပါတယ်။
အုပ်စု (က) မှာတော့ လက်ရှိ ဆီးဂိမ်း ဘောလုံးချန်ပီယံ မလေးရှား၊ ၂၀၁၁ ဆီးဂိမ်း ဘောလုံး ပြိုင်ပွဲ စတုတ္ထရ ဗီယက်နမ်၊ စင်ကာပူ၊ လာအိုနှင့် ဘရူနိုင်း နိုင်ငံတို့ပါဝင်ပါတယ်။ ဒီအုပ်စုကတော့ အုပ်စု (ခ) ထက် ပိုပြီးတော့ ပွဲကြပ်တယ်လို့ ပြောလို့ရပါတယ်။
လက်ရှိပြိုင်ပွဲဝင်မယ့် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းကို ဆီးဂိမ်းချန်ပီယံဖြစ်ရေးအတွက် တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့မှာ သွားရောက် လေ့ကျင့်ထားသလို၊ ပြည်တွင်းမှာလည်း အသင်းတော်တော်များများနဲ့ြေ ခစမ်းထားတဲ့ အတွက်ကြောင့် ရွှေတံဆိပ်ဆု ရယူပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ် (MFF) ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးက ပြောပါတယ်။
“ကျနော်တို့ ရွှေယူနိုင်မယ်လို့ ယုံကြည်ပါတယ်၊ ကိုရီးယားရော၊ ဂျပန်ရောမှာ သွားလေ့ကျင့်ထားသလို တခြားခြေစမ်းပွဲတွေလည်း အများကြီးကစားထားတယ်၊ဘောလုံးသမားတွေကလည်း ယုံကြည်မှုအပြည့်ရှိနေကြပါတယ်” လို့ ဦးစိုးမိုးက ဧရာဝတီကို ပြောပါတယ်။
လက်ရှိဆီးဂိမ်း ဘောလုံးပြိုင်ပွဲမှာတော့ အမျိုးသား အသင်းထက် အမျိုးသမီးအသင်းဟာ ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ဖို့ ပိုပြီး အလားအလာကောင်းတယ်လို့ အားကစား ကလောင်ရှင်တွေနဲ့ ဝါသနာရှင်တွေကတော့ ခန့်မှန်းပြောဆိုကြပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ အုပ်စု (က) မှာ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့နဲ့ အတူကျပြီး ပထမဆုံးပွဲစဉ်အဖြစ် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ဖိလစ်ပိုင် အသင်းနဲ့ မန္တလေးမှာ စတင်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ အမျိုးသမီး အသင်းရဲ့ အုပ်စု (ခ) မှာတော့ ထိုင်း၊ လာအိုမလေးရှားတို့ ဖြစ်ပါတယ်။
ဖိလစ်ပိုင် အမျိုးသမီး အသင်းနဲ့ မြန်မာအမျိုးသမီးအသင်းတို့ဟာ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၂ ပွဲမှာ မြန်မာအမျိုးသမီးအသင်းက ၂ ကြိမ်လုံး ဂိုးပြတ်နဲ့ အနိုင်ရရှိထားပါတယ်။
မြန်မာ အမျိုးသမီး အသင်းအနေနဲ့ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ဖို့အတွက်မန္တလေးမှာ အဆင်သင့် စောင့်ဆိုင်းနေပြီဖြစ်တယ်လို့ မြန်မာအမျိုးသမီးအသင်းကို ဦးဆောင်ပေးနေတဲ့ ဒေါ်မြတ်မြတ်ဦးက ဧရာဝတီကို ပြောပါတယ်။
“အခု ကျမတို့က တနှစ်လုံး ကျက်ထားတဲ့ စာတွေကို ဖြေဖို့အတွက်၊ စာမေးပွဲဖြေရမယ့်ရက်ကိုစောင့်နေတာပေါ့၊ ကျမတို့က ဘယ်အသင်းကိုမှ လျှော့တွက်မှာ မဟုတ်ပါဘူး၊ အသင်းတိုင်းကို ဖိုင်နယ်မှာကစားသလို ရေကုန်ရေခန်းကစားပြီး ရွှေရအောင် ကျိုးစားသွားမှာပါ” လို့ ဒေါ်မြတ်မြတ်ဦးက ပြောပါတယ်။
မြန်မာ အမျိုးသမီး လက်ရွေးစင် အသင်းဟာ အမျိုးသား လက်ရွေးစင်အသင်းထက် အောင်မြင်မှုတွေရရှိထားတဲ့ အသင်းဖြစ်ပြီး အာရှခြေစစ်ပွဲကို အောင်မြင်ထားသလို ကမ္ဘာ့ဖလား ခြေစစ်ပွဲကိုလည်း စီစဉ်ထားတဲ့ အသင်းလည်းဖြစ်ပါတယ်။
“ဆီးဂိမ်းမှာ အမျိုးသား အသင်းထက် အမျိုးသမီးအသင်းက ရွှေတံဆိပ်ကို ဆွတ်ခူးပေးဖို့ ပိုပြီး အလားအလာကောင်းတယ်၊ သူက အရှေ့တောင်အာရှမှာရော၊ အာရှအဆင့်မှာပါ အောင်မြင်မှုရထားတဲ့ အသင်းဖြစ်တာလည်း ပါတယ်၊ အမျိုးသားအသင်းကတော့ ပိုပြီး ခက်ခဲလိမ့်မယ်၊ အသင်းတိုင်းကို ခက်ခက်ခဲခဲရုန်းကန်ရလိမ့်မယ်” လို့ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောပါတယ်။
အရှေ့တောင် အာရှ နိုင်ငံများထဲမှာတော့ အမျိုးသမီးဘောလုံးအသင်းအနေနဲ့ နိုင်ငံအလိုက် အောင်မြင်တဲ့ အသင်းတွေဟာ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။
Credit By - http://burma.irrawaddy.org/sport/2013/12/06/51816.html
မင်းသမီးတွေ လူရွှင်တော်လုပ်မယ့် မသန်စွမ်း ရန်ပုံငွေပွဲ ဝင်ကြေးအခမဲ့ ကပြမည်
အနုပညာ
မင်းသမီးတွေ လူရွှင်တော်လုပ်မယ့် မသန်စွမ်း ရန်ပုံငွေပွဲ ဝင်ကြေးအခမဲ့ ကပြမည်
Print This Post
ဇာဂနာ, မသန်စွမ်းရန်ပုံငွေပွဲ, လူရွှင်တော်
မင်းသမီးများ လူရွှင်တော်အဖြစ် ကပြရန် အစမ်းလေ့ကျင့်နေစဉ် (ဓာတ်ပုံ – ဇာဂနာ facebook မှ)
သရုပ်ဆောင် အဆိုတော် မင်းသားက ဇာတ်မင်းသားလိုက၊ သရုပ်ဆောင် မင်းသမီးတွေက လူရွှင်တော်လိုလုပ်ပြီး လူရွှင်တော်တွေက မင်းသမီးလိုကပြမယ့် ဖျော်ဖြေပွဲတခုကို လာမယ့် ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၇ နာရီအချိန် ရန်ကုန်မြို့ Junction Square ရှေ့  မျက်နှာစာ ကွင်းပြင်မှာ ကျင်းပပြုလုပ်မှာပါ။
ဒီဖျော်ဖြေပွဲကတော့ မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်း ကလေးငယ်တွေအတွက် ရန်ပုံငွေဖျော်ဖြေပွဲ တခု ဖြစ်ပါတယ်။
“အခုလောလောဆယ်မှာ လိုအပ်နေတဲ့အရာက မသန်စွမ်း ကလေးငယ်တွေအတွက် ရန်ပုံငွေက အများဆုံး လိုအပ်နေတယ်။ အဲဒီအထဲမှာ အထူးသဖြင့် လိုအပ်တာက အကြားအာရုံ ချိုတဲ့သူနဲ့ အမြင်အာရုံချို့တဲ့တဲ့သူတွေအတွက် ငွေကြေးက တော်တော်လေး လိုအပ်တယ်။ အဲဒီအတွက်ကြောင့် ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ တိုင်ပင်ကြတဲ့အခါ ဘယ်လိုပဲဖြစ်ဖြစ် ဒါကို အလှူပွဲလုပ်မယ်။ ရသမျှ အကုန်လှူမယ်ဆိုတဲ့ အဖြေကိုရတယ်” လို့ ဒီပွဲကို စတင်စီစဉ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး ပွဲစီစဉ်သူ လူရွှင်တော် သရုပ်ဆောင် ဇာဂနာက ဧရာဝတီကို ပြောပါတယ်။
“လက်မှတ်တွေ ရောင်းတဲ့ပွဲမျိုးတွေက အမျိုးသား ဇာတ်ရုံမှာလည်း ရှေ့မှာလုပ်ခဲ့ဖူးပြီးပြီလေ။ အဲဒီတော့ အရင်ဟာမျိုးနဲ့ မတူအောင် လုပ်ရအောင်ဆိုပြီး Junction Square ရှေ့က ကွက်လပ်အကျယ်ကြီးမှာ ဆိုရင် လူတိုင်းလည်း လာလို့ရတယ်။ လွယ်လွယ်လည်း ကြည့်လို့ရတယ်ဆိုပြီးတော့ လုပ်ဖြစ်တာ။ အဲဒီမှာ Free show လုပ်ပြီး ဘယ်သူ့ကိုမှ ပိုက်ဆံမကောက်ဘူး။ လက်မှတ်မရောင်းဘူး။ လာချင်တဲ့သူလာပဲ။ ဒါပေမယ့် မေတ္တာရပ်ခံထားတယ်။ ကြိုက်သလောက် လှူပါ။ ဘယ်လောက်လှူပါလို့ မသတ်မှတ်ထားဘူး။ ရှေ့မှာ အလှူခံပုံးလေး ချထားမယ်။ ကွင်းထဲကို ဝင်လာတဲ့သူမှန်သမျှ အဲဒီ အလှူခံပုံးထဲကို ကြိုက်သလောက် ထည့်ပေတော့။ အလှူခံပုံးထဲက ပိုက်ဆံမှန်သမျှကို ရန်ပုံငွေစီမံခန့်ခွဲရေးကို အကုန်အပ်လိုက်မှာပဲ” လို့ ရန်ပုံငွေအလှူခံ ကောက်ခံရေးနဲ့ ပတ်သတ်ပြီး စီစဉ်သူ ဇာဂနာက ဧရာဝတီကိုပြောပါတယ်။
အခု လက်ရှိအချိန်အထိ အဆိုပါ မသန်စွမ်း ကလေးငယ်များရန်ပုံငွေအဖြစ် လှူဒါန်းဖို့ရန် စာရင်းပေးသွင်းထားတာ ကျပ်သိန်းတထောင်ကျော် ရရှိထားပြီးဖြစ်ကြောင်းနဲ့ အဲဒီဖျော်ဖြေပွဲနေ့မှာ လာရောက်လှူဒါန်းတာတွေ ကိုလည်း ငွေပဒေသာပင် အဖြစ် အဲဒီရက်ညမှာပဲ လှူဒါန်းမယ်လို့ သိရပါတယ်။
ပွဲပြီးဆုံးပြီး နောက်ပိုင်းအချိန်တွေမှာ လှူဒါန်းချင်တယ်ဆိုရင်လည်း အဆိုပါ ပဒေသာပင်ထဲကို ထည့်ဝင်နိုင်ဖို့ ဘဏ်ငွေ အကောင့်နံပါတ် ဘယ်လောက်ဆိုတာကို ရုပ်မြင်သံကြားမှာ ကြော်ညာနေပြီဖြစ်ကြောင်းလည်း ဦးဇာဂနာက ဆက်ပြော ပါတယ်။
မသန်စွမ်း ကလေးငယ်တွေအတွက် ရန်ပုံငွေဖျော်ဖြေပွဲ အစီအစဉ်ကို နှစ်ပိုင်း သတ်မှတ်ထားပြီး ပထမပိုင်းမှာတော့ မသန်စွမ်းသူတွေကို သာမန်လူတွေနဲ့ ခွဲခြားဆက်ဆံတာမျိုးမဟုတ်ဘဲ၊ တွဲလျက် အတူတူပါပဲဆိုတဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်တဲ့ အနေနဲ့ မသန်စွမ်းသူများနဲ့အတူ အဆိုတော်တွေ ဖြစ်ကြတဲ့ ကျားပေါက်၊ အိမ့်ချစ်၊ နီနီခင်ဇော်၊ ဘန်နီဖြိုးစတဲ့ အနုပညာရှင်တွေက စုံတွဲတေးသီချင်းတွေနဲ့ တွဲဖက် ဖျော်ဖြေတင်ဆက် ကြမှာပါ။
ဒုတိယပိုင်း အစီအစဉ်အနေနဲ့ နှစ်ပါးခွင်နဲ့ ကပြဖြေဖျော် ကြမှာဖြစ်ပြီး နှစ်ပါးခွင်မင်းသားအဖြစ် သရုပ်ဆောင် အဆိုတော် ထွန်းထွန်း (Examplez) နဲ့အတူ တွဲဖက်ကပြမယ့် မင်းသမီးတွေအဖြစ် မြန်မာပြည်စတား လူရွှင်တော်အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ချက်ကြီး၊ ဖိုးသဲ၊ စံလင်း၊ ယုန်လေး၊ ချစ်စု တို့အပါအဝင် သီးလေးသီး အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ စိန်သီး၊ ကြယ်သီး၊ ဆီးသီးတို့က မင်းသမီးတွေလို ၀တ်ဆင် ကပြဖျော်ဖြေကြမှာပါ။ နှစ်ပါးခွင်ရဲ့ လူရွှင်တော်တွေ အဖြစ်ကတော့ သရုပ်ဆောင် မင်းသမီးတွေ ဖြစ်ကြတဲ့ လင်းဇာနည်ဇော်၊ ခိုင်သင်းကြည်၊ သက်မွန်မြင့်၊ အေးမြတ်သူ၊ ရွှေမှုန်ရတီ၊ အိချောပိုတို့က လူရွှင်တော်တွေ အနေနဲ့ ဟာသပြက်လုံးတွေကို ထူးထူးခြားခြား တင်ဆက်သွားမယ် လို့လည်း သိရပါတယ်။
မင်းသားအဖြစ် ကပြဖျော်ဖြေမယ့် ထွန်းထွန်း (Examplez) က တေးသီချင်းတွေကို ကိုယ်တိုင်သီဆိုပြီး ကပြဖျော်ဖြေမှာဖြစ်ပြီး တေးသီချင်းပေါင်း ၇ ပုဒ် ပါဝင်မှာဖြစ်ပါတယ်။ အကတွေကို မင်းသမီး ချောစုမျိုးက သင်ကြားပေးထားပြီး ပြက်လုံးခွင်တွေနဲ့ တေးသီချင်းတွေကိုတော့ ဇာဂနာနဲ့ အရိုင်းတို့က ဖန်တီးပေးထားတယ်လို့ သိရပါတယ်။ လူရွှင်တော် အစစ်တွေ မဟုတ်ကြတဲ့ မင်းသမီး သရုပ်ဆောင်တွေရဲ့ ပြက်လုံးခွင်နဲ့ ပတ်သက်လို့ ပြက်လုံး အသစ်တွေကိုသာ ဖန်တီးထားပြီး ညစ်ညမ်းတဲ့ ပြက်လုံးမျိုး မပါဝင်ဘဲ သရုပ်ဆောင် မင်းသမီးတွေရဲ့ ကြိုးစား အားထုတ်မှုကြောင့် ပရိသတ်ကြိုက်မယ်လို့ ယုံကြည်ကြောင်း ဦးဇာဂနာက ပြောပါတယ်။
အခုလို သရုပ်ဆောင် မင်းသားက ဇာတ်မင်းသားအဖြစ် ကပြ၊ လူရွှင်တော်အစစ်တွေက မင်းသမီးအဖြစ် တင်ဆက်ပြီး မင်းသမီး သရုပ်ဆောင်တွေက လူရွှင်တော်လို ဖျော်ဖြေကြမယ့် အပေါ် ဇာဂနာက “ဒါကို တချို့ကတော့ ပြောမှာပဲ။ သူတို့က ကတတ်လို့လားတို့၊ ဆိုတတ်လို့လားတို့ လူရွှင်တော် လုပ်တတ်လို့လားတို့ ပြောမှာပဲလေ။ တကယ်တမ်းတော့ အဲဒီလို မဟုတ်ပါဘူး။ နောက် ဒီမင်းသမီးတွေ မင်းသားတွေကလည်း နောက်နောင် ဒီလိုကပါ ဆိုလည်း လိုက်ကချင်မှ ကနိုင်မှာလေ။ သူတို့က သူတို့ အလုပ်နဲ့သူတို့ ရှုပ်နေကြတဲ့သူတွေ၊ အဲဒီတော့ တခါတလေလောက် ကရတဲ့အခါမျိုးမှာ နည်းနည်းလေး ဆန်းလိုက်တဲ့ သဘောပေါ့။ ဒါက ပရိသတ်ကို ဖျော်ဖြေရေး ပုံစံတခုပြချင်လို့။ နောက်ပြီး ဒါမျိုးက အမြဲတစေ လုပ်မှာမဟုတ်ဘဲ တခါတလေ လုပ်တာလေ။ တခါတလေ ဆိုတာကလည်း ဒီလိုမျိုး အလှူခံပွဲမျိုးမှပဲ ကောင်းမှာပေါ့။ ဒါကြီးကို ကမ္ဘာပတ်ပြီး ဖျော်ဖြေဖို့လည်း အစီအစဉ်မရှိဘူးလေ။  နောက် ဒီလိုမျိုး စမ်းသပ်မှုတခု လုပ်လိုက်ရင် ကြည့်ရတဲ့ ပရိသတ်လည်း တန်တာပေါ့။ မြင်နေကျအတိုင်းလို မကြည့်ရတော့ဘူးပေါ့” လို့  ပွဲရဲ့ အိုင်ဒီယာအပေါ် သူ့သဘောထားကို ဆိုပါတယ်။
လူရွှင်တော်အဖြစ် ကပြဖျော်ဖြေမယ့် သရုပ်ဆောင် လင်းဇာနည်ဇော်က ဒါဟာ သူရဲ့ ဒုတိယအကြိမ်မြောက် လူရွှင်တော်လို ဖျော်ဖြေ တင်ဆက်ရခြင်းဖြစ်ကာ အခုလို အထူးအဆန်းမျိုးတွေ လုပ်ရတဲ့အပေါ် ကျေနပ်အားရတယ်လို့လည်း ဆိုပါတယ်။
“ကောင်းပါတယ်။ အခုဆိုရင် ရန်ပုံငွေပွဲတွေဆိုပြီးတော့ ပရဟိတပွဲတွေ တော်တော်များများ လုပ်လာကြတယ်ပေါ့။ အဲဒီအတွက်လည်း အရမ်းကောင်းပါတယ်။ ကျမလည်း တတ်နိုင်သလောက် ကိုယ့်အနုပညာ လုပ်အားနဲ့ ဒီလို ပရဟိတ ပွဲလေးတွေမှာ ပါဖြစ်ပါတယ်။ ကျမတို့က မင်းသမီးတွေလည်း ဖြစ်နေတော့ လူရွှင်တော်ပြက်လုံးနဲ့က သပ်သပ်စီပါပဲ။ ဒါပေမယ့် ကျမအစ်မ မချစ် (ချစ်ချစ်ဇော်) က ငယ်ငယ်ကတည်းက အငြိမ့်ကတယ်လေ။ အဲဒီတော့ သူအငြိမ့်ကရင် လူရွှင်တော်တွေ ပြက်တဲ့ပြက်လုံးကို လိုက်လိုက်မှတ်နေတော့ ပြက်လုံးတွေနဲ့ မစိမ်းဘူးဆိုပေမယ့် အလုပ်နဲ့ကျတော့ စိမ်းပါတယ်။ အဲဒါကြောင့် တော်တော်တော့ ကြိုးစားယူရပါတယ်။ ပြီးတော့ ကျမက မင်းသမီးသာ လုပ်နေတာ နဂိုကတည်းက ရှက်တတ်တာလေ။ လူရွှင်တော် လုပ်ရတော့ ပိုဆိုးတယ်။ လူရွှင်တော်ဆိုတာ မရှက်တတ်မှ ဖြစ်မှာ” လို့ လင်းဇာနည်ဇော်က ပြောပါတယ်။
Credit By -http://burma.irrawaddy.org/entertainment/2013/12/06/51906.html
၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ခြင်းလုံး အခြေခံ အဆင့် မျိုးကွဲအမျိုးသားပြိုင်ပွဲ
၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ခြင်းလုံး အခြေခံ အဆင့် မျိုးကွဲအမျိုးသားပြိုင်ပွဲ တွင်
 မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို ၃၅၉ မှတ် - ၂၉၁ မှတ်ဖြင့် အနိုင်ရဗိုလ်စွဲ ကာ
 မြန်မာနိုင်ငံအတွက် ၆ ခုမြောက် ရွှေဆုကို ရရှိခဲ့ ကြောင်း သိရသည်။
Credit By - Eleven Media Group
မြန်မာနိုင်ငံအတွက် ၅ ခုမြောက် ရွှေတံဆိပ်ဆုကို
မြန်မာနိုင်ငံအတွက် ၅ ခုမြောက် ရွှေတံဆိပ်ဆုကို
ွဲမှ အောင်စည်သူက
ထပ်မံဆွတ်ခူးရယူပေးခဲ့ကြောင်း သိရသည်။
၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ခြင်းလုံး အခြေခံ အဆင့် မျိုးကွဲအမျိုးသမီးပြိုင်ပွဲ
၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ခြင်းလုံး အခြေခံ အဆင့် မျိုးကွဲအမျိုးသမီးပြိုင်ပွဲ တွင်
မြန်မာအမျိုးသမီးအသင်းက လာအိုအမျိုးသမီးအသင်းကို ၂၈၉ မှတ် - ၂၀၄ မှတ်ဖြင့်
 အနိုင်ရဗိုလ်စွဲ ကာ ခြင်းလုံးပြိုင်ပွဲမှ သုံးခုမြောက် ရွှေဆုကို ရရှိခဲ့ ကြောင်း သိရသည်။
Credit By - Eleven Media Group
ငှားရမ်းခမြင့် ရန်ကုန်တိုက်ခန်းများနှင့် ကျောတစ်ခင်းစာ
ငှားရမ်းခမြင့် ရန်ကုန်တိုက်ခန်းများနှင့် ကျောတစ်ခင်းစာ
(Written by သစ်ထဋ် )
ယခုတလော မိတ်ဆွေသူငယ်ချင်းတွေထံက ကြားနေရတဲ့ အသံတွေထဲမှာ မကြာခဏ ကြားနေရတာကတော့ ကြီးမြင့်လာတဲ့ အိမ်ငှားရမ်းခ ဈေးနှုန်းတွေနဲ့ ပတ်သက်ပြီး ညည်းညူသံတွေပါပဲ။ အသိ မိတ်ဆွေများထဲက ရန်ကုန်မြို့မှာ အိမ်ငှားရမ်း နေထိုင်သူတွေ အားလုံးလိုလိုဟာ ယခုနှစ် ၀ါကျွတ်ကာလနောက်ပိုင်း အိမ်ငှားရမ်းခ နှုန်းထားတွေဟာ သိသိသာသာ တိုးမြှင့်သွားတဲ့ဒဏ်ကို ခံခဲ့ကြရတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့၏ ကျောတစ်ခင်းစာ
ရန်ကုန်မြို့မှာ အိမ်ငှားရမ်းရာတွင် တိုက်ခန်းတွေကို အများစု ငှားရမ်းကြပြီး မိသားစုအလိုက် ငှားရမ်းကြသလို မိတ်ဆွေသူငယ်ချင်းတွေ စုဖွဲ့ပြီး ငှားရမ်းနေထိုင်ကြတာ ဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေရဲ့ အဆိုအရတော့ ယခင်တစ်လ ငှားရမ်းခ ကျပ်တစ်သိန်း ၀န်းကျင်ရှိတဲ့ တိုက်ခန်းတွေဟာ ကျပ်တစ်သိန်း သုံးသောင်းဝန်းကျင်အထိ တိုးမြင့်သွားပြီး တစ်လကျပ် တစ်သိန်းခွဲခန့်ရှိတဲ့ တိုက်ခန်းတွေဟာ ကျပ်နှစ်သိန်းနီးပါးအထိ ရှိလာတယ်လို့ သိရပါတယ်။ ပျမ်းမျှအားဖြင့် တိုက်ခန်းငှား ဈေးနှုန်းတွေဟာ တည်ရှိရာနေရာ ဒေသကိုလိုက်ပြီး ကျပ်သုံးသောင်းမှ ကျပ်ငါးသောင်းအထက်ကို မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ တိုက်ခန်းငှားရမ်းခတွေ တက်လာခဲ့ပေမယ့် ငှားရမ်းသူ အများစုကတော့ ရွေးချယ်စရာ မရှိဘဲ တိုးမြင့်လာတဲ့ ငှားရမ်းခတွေကို မိမိရဲ့ မိသားစုဝင်ငွေထဲက နေထိုင်မှု အသုံးစရိတ်အဖြစ် ထည့်ဝင်သုံးစွဲ ခဲ့ကြရတဲ့ အခြေအနေသာ ရှိနေခဲ့ပြီး အများစုက ၀င်ငွေအတွက် အလုပ်အကိုင် တည်ရှိရာ ရန်ကုန်မြို့မှာ ကျောတစ်ခင်းစာ ရဖို့သာ ဦးစားပေးကြရတာ ဖြစ်ပါတယ်။
ဝါကျွတ်ကာလ အမြင့်ဈေးတွင်ရှိသည့် တိုက်ခန်းများ
တိုက်ခန်းငှားရမ်းခတွေ ဘာကြောင့်ဒီလောက်အထိ လျင်မြန်စွာ တက်လာရပါသလဲ။ အကျိုးသက်ရောက်မှု ရှိစေတဲ့ အကြောင်းအချက်တွေ အများကြီး ရှိနိုင်ပေမယ့် အများမြင်သာနိုင်တဲ့ အချက်ကတော့ တိုက်ခန်းပေါက်ဈေးနှုန်းတွေ ယခုဝါကျွတ်မှာ သိသိသာသာ မြင့်တက်ခဲ့ရတဲ့ အကျိုးဆက်အဖြစ် တိုက်ခန်းငှားရမ်းခ နှုန်းတွေဟာလည်း လိုက်ပါတိုးမြင့် လာခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ယခင်ဝါကျွတ်ကာလ ရောက်ရှိချိန်တိုင်း တိုက်ခန်းဈေးနှုန်းတွေဟာ ဈေးနှုန်းပုံမှန်တက်လေ့ ရှိပေမယ့် ယခုနှစ်မှာတော့ ထူးထူးခြားခြား အိမ်၊ ခြံ၊ မြေ ဈေးကွက်မှာ တိုက်ခန်းဈေးနှုန်း မြင့်တက်မှုနှုန်းဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်က ၀ါကျွတ်ကာလထက် များစွာမြင့်တက်ပြီး အရောင်းအ၀ယ်များလည်း ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ယခင်တစ်လ ငှားရမ်းခ ကျပ်တစ်သိန်းခွဲခန့် ရှိနိုင်တဲ့ ကျပ်သိန်းနှစ်ရာ့ငါးဆယ်ခန့် ပေါက်ဈေးရှိ တိုက်ခန်းတစ်ခန်းဟာ ကျပ်သိန်းနှစ်ရာ့ရှစ်ဆယ် ၀န်းကျင်ခန့်အထိ ပေါက်ဈေးရှိလာ ခဲ့တာမို့ တိုက်ခန်းတန်ဖိုး တက်လာတဲ့အပေါ် ငှားရမ်းခ ဈေးနှုန်းတွေဟာ လိုက်လံတိုးမြှင့်လာပြီး တစ်လငှားရမ်းခ နှစ်သိန်းနီးပါးကို ငှားရမ်းသူတွေက တိုးမြှင့်ပေးချေ ခဲ့ကြရတာ ဖြစ်ပါတယ်။
တစ်လ ကျပ်ငါးသိန်း ရသူတောင် မ၀ယ်နိုင်
တိုက်ခန်းဈေးနှုန်းများ ယခုနှစ်မှာ ဘာကြောင့်ခုန်တက် ခဲ့သလဲဆိုတဲ့ နေရာမှာလည်း အကြောင်းအမျိုးမျိုး ရှိနိုင်ပေမယ့် ထင်သာမြင်သာရှိတဲ့ အချက်အလက်အချို့ ရှိနေပါတယ်။ ယေဘုယျအားဖြင့် တိုက်ခန်းဈေးနှုန်း တက်လာရတာဟာ ၀ါကျွတ်ပွင့်လင်းကာလ ရောက်လာသဖြင့် တိုက်ခန်းများ အ၀ယ်လိုက်လာလို့ ဈေးတက်လာတာလာလို့ ပြောနိုင်ပါတယ်။ ဒီနေရမှာ တိုက်ခန်းဝယ်သူတွေဟာ ဘယ်သူတွေလဲဆိုတာ လေ့လာဆန်းစစ်ကြည့်ဖို့ လိုပါမယ်။ ဆိုလိုတာက တကယ်နေထိုင်ဖို့အတွက် ၀ယ်ယူသူနဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုအဖြစ် ၀ယ်ယူသူ (ဥပမာအားဖြင့် ပြန်လည်ငှားရမ်းထားပြီး တက်ဈေးဖြင့် ရောင်းချရန် ၀ယ်ယူခြင်း) ဘယ်သူက ပိုများသလဲ ဆိုတာပါ။ အိမ်၊ ခြံ၊ မြေ ဈေးကွက်ဆိုင်ရာ သတင်းတွေမှာတော့ နေထိုင်ဖို့ထက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ဖို့ ၀ယ်ယူကြတယ်လို့ ဆိုထားပါတယ်။ တကယ်လည်း ယနေ့ခေတ်ရဲ့ ရန်ကုန်မြို့က တိုက်ခန်းဈေးနှုန်းတွေဟာ တစ်လလစာ ကျပ်တစ်သိန်း၊ နှစ်သိန်း ရရှိနေသူတွေ မဆိုထားနဲ့ တစ်လကျပ်ငါးသိန်းခန့် ရနေသူတွေတောင် တန်ဖိုးအသင့်အတင့်ရှိတဲ့ တိုက်ခန်းတစ်ခန်း ၀ယ်ဖို့ဆိုတာ အိပ်မက်တောင် မက်လို့မရတဲ့ အနေအထားမျိုးပါ။ ရရှိတဲ့ ၀င်ငွေထဲက နေစရိတ်၊ စားစရိတ်၊ အသုံးစရိတ်၊ ကျန်းမာရေးစရိတ် အပါအ၀င် အခြားတိုထွာ ကုန်ကျစရိတ်တွေ နုတ်ပြီးတဲ့ အချိန်မှာ တိုက်ခန်းဝယ်ဖို့ နေနေသာသာ တစ်လတစ်လ အကျွေးမတင်ရအောင် လှည့်ပတ်သုံးစွဲ နေရသူ အများစု ဖြစ်နေတာကြောင့် ယခုတိုက်ခန်း ၀ယ်ယူသူ အများစုဟာ တိုက်ခန်းဝယ်ယူ ရင်းနှီးမြှုပ်နှံ ပြန်လည်ငှားရမ်းသူတွေ ဖြစ်နေတာ မဆန်းတဲ့ ဖြစ်ရပ်ပါ။
သည်းခြေကြိုက် ရင်းနှီးမြှုပ်နှံမှု
ယခုလို တိုက်ခန်းတွေကို ၀ယ်ယူရောင်းဝယ်ခြင်းကို စီးပွားရေး လုပ်ငန်းကြီးသဖွယ် ဆောင်ရွက်နေကြရတာ ဘာကြောင့်လဲဆိုတာ လွယ်လွယ်တွေးကြည့်ရင်တော့ အမြတ်လိုချင်လို့ အရောင်းအ၀ယ် လုပ်တာလို့ဆို နိုင်ပါတယ်။ သေချာလေ့လာ ကြည့်မယ်ဆိုရင်တော့ ဥပမာ ကိုယ့်ဆီမှာ ဟိုကဒီက စုထားတဲ့ ရထားတဲ့ ငွေကလေး ကျပ်သိန်းသုံး၊ လေးရာလောက် ရှိတယ်ဆိုပါစို့။ ဒီငွေနဲ့ ဘယ်လိုစီးပွားရေး လုပ်မလဲ စဉ်းစားကြည့်ရအောင်။ ယခုခေတ် အလွယ်ဆုံးကတော့ ကားတစ်စီးဝယ်ပြီး Taxi အဖြစ် နေ့တွက်နဲ့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် တစ်လပျမ်းမျှဝင်ငွေ ကျပ်လေးသိန်းနီးပါး ရနိုင်တယ်ပေါ့။ ဒါကယာဉ်တိုက်မှု မဖြစ်၊ ယာဉ်မောင်းက စိတ်ချဆိုတဲ့ အနေအထား ရှိပါမှ။ ၀ယ်ထားတဲ့ ကားကလည်း သုံးစွဲချိန် ကြာလေ ဈေးကျလေ ဆိုပေမယ့် တိုက်ခန်းကျတော့က ၀ယ်ထားတာကြာလေ ဈေးကတက်လေပဲ။ ပြန်ငှားထားရင်လည်း ခြောက်လတန်သည် တစ်နှစ်တန်သည် ငှားရမ်းငွေကို တစ်လုံးတည်း ရတော့ Taxi လို တစ်နေ့တစ်ခါသွင်း တစ်လတစ်ခါသွင်း ဆိုတာထက် အများကြီး တွက်ခြေကိုက်တာကြောင့် တိုက်ခန်းရင်းနှီးမြှုပ်နှံမှုဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ သည်းခြေကြိုက် ရင်းနှီးမြှုပ်နှံမှုမျိုး ဖြစ်နေတာပါ။ တခြားစီးပွားရေး လုပ်ငန်းလေးတွေ လုပ်ဖို့စဉ်းစားမယ် ဆိုရင်လည်း လုပ်ငန်းလုပ်ဖို့ နေရာအတွက် မြင့်တက်နေတဲ့ တိုက်ခန်းငှားခဈေးတွေက လုပ်ငန်းရင်းနှီးငွေရဲ့ ရာခိုင်နှုန်း တော်တော်များများကို ရင်းနှီးမြှုပ်နှံရမလို ဖြစ်နေတာပါ။
အချုပ်ဆိုရရင် လက်ရှိမြန်မာနိုင်ငံမှာ စီးပွားရေ ပြောင်းလဲမှုကို ဖော်ဆောင်မယ်လို့ အစိုးရ တာဝန်ရှိသူတွေက ဆိုနေပေမယ့် တကယ့်ဒီမိုကရေစီ နိုင်ငံတွေရဲ့ အားကောင်းမောင်းသန်ဖြစ်တဲ့ လူလတ်တန်းစား ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ အချက်တစ်ချက်ဖြစ်တဲ့ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းတွေ အလျင်အမြန် ပေါ်ထွက်လာဖို့ ရေခံမြေခံတွေ ဖန်တီးပေးနိုင်ဖို့ အားနည်းခြင်းကြောင့် ယခုလို တိုက်ခန်းအရောင်းအ၀ယ် ရင်းနှီးမြှုပ်နှံမှုလို စီးပွားရေး ရင်းနှီးမြှုပ်နှံမှုမျိုးတွေကိုသာ ဖြစ်ပေါ်စေပြီး ယင်းရဲ့အကျိုးဆက်အဖြစ် ယနေ့ရန်ကုန်မြို့မှာ ကြုံတွေ့နေရတဲ့ တိုက်ခန်းငှားရမ်းခတွေ ကြီးမြင့်ခြင်းဒဏ်ကို အများပြည်သူ အများစုက ခါးစည်းခံနေ ကြရတာ ဖြစ်ပါတယ်။ လုပ်ငန်း ကုမ္ပဏီတွေမှာ လုပ်ကိုင်ဆောင်ရွက် နေကြတဲ့ လုပ်သားဝန်ထမ်းတွေ အများစုဟာ လက်ရှိအချိန်မှာ လစာဝင်ငွေ သိသာစွာ တိုးမြင့်လာခြင်း မရှိတဲ့ အခြေအနေမှာ ကျောတစ်ခင်းစာအတွက် ပူပန်နေကြရတဲ့ အဖြစ်တွေဟာ နိုင်ငံရဲ့ စီးပွားရေး အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်မှု အားနည်းမှုတွေရဲ့ အကျိုးဆက်အဖြစ် အိမ်ခြံမြေ ကစားသူတွေရဲ့ လက်ဝယ်မှာ မှောက်လိုမှောက် လှန်လိုလှန် ဘ၀ကို ရောက်ရှိနေပါကြောင်း တင်ပြလိုက်ရပါတယ်။
(ရန်ကုန်မြို့လယ်ရှိ တိုက်ခန်းများကို ရွှေဂုံတိုင် တံတားနှင့်အတူ တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))