သတင်းနှင့်နည်းပညာများ

3/22/14

မျှော်လင့်ချက်ကို .. ဘယ်တော့မှ မစွန့်လွှတ်ဘူးလို့ အကြိမ်ကြိမ်ကြွေးကြော်ပေမယ့်


မျှော်လင့်ချက်ကို .. ဘယ်တော့မှ မစွန့်လွှတ်ဘူးလို့ အကြိမ်ကြိမ်ကြွေးကြော်ပေမယ့်
အခုလေးတင် BBC က တင်သွားတဲ့သတင်းကိုဖတ်ပြီး ငိုင်တောင်ငိုင်သွားတယ်
၂၀၀၉ ခုနှစ် ဂျွန်လတုန်းက ပြင်သစ်လေယာဉ် 447 ဟာ ဘရားဇီးနိုင်ငံ Rio de Janeiro ကနေပြင်သစ်ကိုထွက်ခွာရင်း
ယခု MH370 လို အလားတူဖြစ်ရပ်မျိုးဖြစ်ခဲ့ပါတယ်
ဒါပေမယ့်သူ့တုန်းကတော့ သိပ္ပံပညာရှင်တွေက ပြင်သစ်လေယာဉ်ဘယ်နေရာမှာရှိတယ်ဆိုတာကို ၂ နှစ်ကြာအပြီး ၂၀၁၁ ခုနှစ်ရောက်မှပြောပြနိုင်ခဲ့ကြတယ် ။ တချို့က လေယာဉ်အပိုင်းအစတွေတွေ့ရင် ဘာကြောင့်လေယာဉ်ပျက်ကျတယ်ဘယ်နေရာမှာ တွေ့တယ်ဆိုတာ ကို သိနိုင်လိမ့်မယ်လို့ လွယ်လွယ်လေးထင်နေကြတယ် ။
ဒါပေမယ့်အဲ့လောက်မရိုးရှင်းပါဘူး ရက်အနည်းငယ်အကြာမှာ အရာဝထ္ထုတော်တော်များများဟာ ပင်လယ်ရေစီးကြောင်းနဲ့ ရွေ့သွားပြီဖြစ်ပါတယ် ။ အဲ့ဒီတုန်းကလည်း အမေရိက ဘရာဇီးနဲ့ပြင်သစ်သဘောင်္တွေ လေယာဉ်တွေ အားလုံး ဒီလေယာဉ်ကိုရှာဖွေခဲ့ကြတယ် ဒါပေမယ့်ဘာမှမတွေ့ခဲ့ရဘူး ။ အဲ့ဒီတုန်းကတော့ ပြင်သစ် Aviation accident investigation authority , BEA ဟာ US မှာရှိတဲ့ သိပ္ပံပညာရှင်အုပ်စုကို ခေါ်ဆိုမှုတစ်ခုလုပ်ခဲ့တယ် ။ အဲဒီအဖွဲ့ကအထူးသဖြင့် ပင်လယ်ပြင်မှာ ပျောက်ဆုံးနေတဲ့အရာဝထ္ထုတွေကို ရှာဖွေတဲ့နေရာမှာ အလွန်ကျွမ်းကျင်တဲ့သူတွေပါ ။ အဲ့ဒီဖွဲ့က ပင်လယ်ပြင်မှာ ရှာဖွေဖို့မျဉ်းတွေဆွဲတယ် ဖြစ်နိုင်ခြေရှိတဲ့လေယာဉ်ပျောက်ဆုံးမှုအတွက်သတင်းအချက်အလက်အားလုံးသုံးသပ်တယ် ။
အဲဒီ ပြင်သစ်လေယာဉ်တုန်းကတော့ သူတို့ဟာ နောက်ဆုံး သိရတဲ့ last location ကနေ မိုင်လေးဆယ် ပတ်လည်မှာ ရှိမယ်ဆိုပြီး သူတို့ရဲ့ On-board computer system တွေနဲ့ ဟောကိန်းထုတ်ခဲ့ကြတယ် ။ ဒါပေမယ့် အားလုံးသေချာစုံစမ်းကြည့်တဲ့အခါလည်း ဘာမှမတွေ့ရပြန်ဘူး ဒါနဲ့ သိပ္ပံပညာကလည်း မကူညီနိုင်ဘူးလားဆိုပြီးအယုံအကြည်ကင်းမဲ့လာပြန်တယ် ။ နောက်လအနည်းငယ်အကြာမှာ ပြင်သစ်လေးကြောင်းက ပြန်လည်ရှာဖွေမှုတွေလုပ်ခဲ့ပြီး Keller ဦးဆောင်တဲ့အဖွဲ့ကို ဒေတာတွေ ပြန်လည် ပြီးသုံးသပ်ပေးဖို့တောင်းဆိုခဲ့တယ် ။ အဲဒီအချိန်မှာတော့ သူမနဲ့ အဖွဲ့ဟာ ပထမ ယူဆချက်တွေနဲ့တော့ဘယ်လိုမှမဖြစ်နိုင်တော့ဘူးဆိုတာ သိလာခဲ့တယ် ။ ထုံးစံအရဆိုရင် ပေါက်ကွဲမှု ပျက်ကျမှုမှာ black box ဟာ cases တိုင်းရဲ့ 90% မှာ signal ထုတ်လွှင့်ပေးနိုင်ပါတယ် ။
အဲဒီတုန်းကလည်း black box နဲ့ voice recoder တွေကို စောင့်နားထောင်ခဲ့ကြပေမယ့် လေယာဉ်တည်နေရာကို ဘာမှမခန့်မှန်းပေးနိုင်ခဲ့ဘူး ။ါဆိုရင် black box or voice recoder ဟာ signal ဘာလို့မပို့တာလဲ ပေါ့ ??
အဲဒီမှာ Metron statisticans တွေဟာ သူတို့ ပုံစံငယ်ရယ် ဖြစ်နိုင်ခြေရှိတဲ့အချက်အလက်တွေရယ် နေရာသစ်တစ်ခုမှာ ဖြစ်နိုင်ခြေအများဆုံး ဧရိယာကို သတ်မှတ်ခဲ့တယ် ။ အဲဒီအဖွဲ့ဟာလည်း အဲဒီနေရာကိုသွားကြည့်ခဲ့ကြတယ် ။
အဲဒီမှာ လေယာဉ်ကိုပြန်တွေ့ခဲ့ကြတယ် ။ ထူးဆန်းထွေလာကိုလည်းဖြေရှင်းနိုင်ခဲ့တယ် ။ Black box and voice recoder ထဲကဒေတာတွေက ပိုင်းလော့ဟာ လေယာဉ်အရှိန်မှားယွင်းစွာ ဖတ်မိတဲ့အချက်ရယ် ၊ တုံ့ပြန်မှု လွဲမှားတဲ့အတွက်ရယ် လေယာဉ်ကို ထိမ်းသိမ်းနိုင်စွမ်းမရှိခဲ့ဘူးဆိုတဲ့အချက်တွေ ထွက်ပေါ်လာခဲ့ပါတယ် ။
=========================
ကျွန်တော်တွေးတဲ့အချက်ကိုလည်း အဲဒီမှာ ထည့်ရေးထားတာတွေ့တယ် ။
လေယာဉ်ဟာ အလုံးလိုက်ထိုးစိုက်ပြီး ကြမ်းပြင်ရောက်နေရင်တော့ ၀မ်းနည်းစွာနဲ့ရှာလို့လုံးဝမတွေ့နိုင်ပါဘူးတဲ့ ။
bbc

ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည်


ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည်
ရန်ကုန်၊ မတ် ၂၁
သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာ ထည့်သွင်းခွင့် ပေးထားမှုကို ရုပ်သိမ်းရန် သတ်မှတ်ထားသော အချိန်အထိ အစိုးရက တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်း မရှိသဖြင့် ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည် ဖြစ်ကြောင်း စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်လုံး ဆိုင်ရာ ကျူးကျော် ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီ သတင်းပြန်ကြားရေး ဦးသန်းထွန်းက ပြောကြားသည်။
ရိုဟင်ဂျာ ထည့်သွင်းခွင့် ပြု မပြု မတ်လ ၂၁ ရက်နေ့ နေ့လယ် ၁၂ နာရီ နောက်ဆုံးထား၍ အစိုးရက တစ်စုံတစ်ရာ အကြောင်း ပြန်ကြားခြင်း မရှိပါက ရခိုင်တိုင်းရင်းသားများ သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မည်ဟု နိုင်ငံတော် သမ္မတထံ မတ်လ ၁၇ ရက်နေ့က စာတင် တောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ၎င်းကဆိုသည်။
“ဒီနေ့အထိ ထင်သာမြင်သာ ရှိတဲ့ တုံ့ပြန်မှုမျိုး မရသေးဘူး။ ရခိုင်တစ်ပြည်နယ်လုံး သန်းခေါင်စာရင်း အကောက်မခံဘဲ သပိတ်မှောက်မယ်” ဟု ဦးသန်းထွန်းက ပြောဆိုသည်။
အကြောင်းပြန်ရန် သတ်မှတ်ရက် ကျော်လွန်သွားသော်လည်း သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ယူမည် မဟုတ်ဟု အစိုးရက ပွင့်ပွင့်လင်းလင်း ကြေညာပေးမည် ဆိုပါက သပိတ်မှောက်မည့် အစီအစဉ်ကို ရပ်ဆိုင်းမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ ကျူးကျော် ဘင်္ဂါလီ သန်းခေါင်စာရင်း နာမည်လိမ် တိုက်ဖျက်ရေး ကော်မတီထံမှ သိရှိရသည်။
သန်းခေါင်စာရင်း ကောက်ယူရာတွင် ဖြေဆိုရန် ပြည်သူအားလုံးတွင် တာဝန်ရှိပြီး သန်းခေါင်စာရင်း ကောက်ယူရာတွင် ပြည်သူလူထု အားလုံး ပါဝင်လာရန် လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းရင်းသား များနှင့် ဆွေးနွေးနေကြောင်း ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
“သန်းခေါင်စာရင်း ကောက်လို့ မဖြေရင် မပါဘဲ ကျန်ခဲ့လိမ့်မယ်။ အကုန်လုံး ပါဝင်အောင်တော့ ဆွေးနွေးနေပါတယ်” ဟု ၎င်းကဆိုသည်။
သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းခွင့် ပြုပါက အထောက်အထား မှတ်တမ်းမှတ်ရာ ရရှိသွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာနှင့် လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်ကြောင်း၊ ယင်းကြောင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများ ဖြစ်သည့် ရခိုင်၊ ကမန်၊ မြို၊ ခမီ၊ မရမာကြီး၊ ဒိုင်းနက်နှင့် သက်တို့က သဘောထား ကြေညာချက်ကို မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ် သမိုင်းကြောင်းအရ လည်းကောင်း၊ နိုင်ငံတော် သမ္မတ၏ ပြောဆိုချက်အရ လည်းကောင်း တိုင်းရင်းသား ၁၃၅ မျိုးတွင် မပါဝင်သည့် ဘင်္ဂါလီများက သန်းခေါင်စာရင်းတွင် ရိုဟင်ဂျာဟု ထည့်သွင်းရန် တောင်းဆိုချက်ကို ကန့်ကွက်ကြောင်း ကမန်အမျိုးသား တိုးတက်ရေးပါတီ (ဗဟို) က မတ်လ ၁၈ ရက်နေ့တွင် သဘောထား ကြေညာချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

The Voice Weekly

အိမ်ထောင်မပြုသောအမျိုးသမီးများ နှလုံးရောဂါဖြင့် သေဆုံးနိုင်ခြေပိုများ


အိမ်ထောင်မပြုသောအမျိုးသမီးများ နှလုံးရောဂါဖြင့် သေဆုံးနိုင်ခြေပိုများ
**********************************************
အောက်စ်ဖို့ဒ်၊
အိမ်ထောင် ရှိ၊ မရှိဆိုသည့် အခြေအ နေသည် နှလုံးရောဂါဖြင့် သေဆုံးသည့် အန္တရာယ်အပေါ် လွှမ်းမိုးနိုင်ဟန်ရှိသည်။ သို့သော်လည်း အိမ်ထောင်မပြုသည့် အ မျိုးသမီးများသည် အိမ်ထောင်ရှိသည့် အမျိုး သမီးများထက် နှလုံးရောဂါဖြင့် သေဆုံးရန် ပို၍ဖြစ်နိုင်ကြောင်း ယူကေရှိ အောက်စ်ဖို့ဒ် တက္ကသိုလ်မှ သုတေသနအသစ်တစ်ခုက တွေ့ရှိခဲ့သည်။ အဆိုပါလေ့လာမှုအကြောင်း မကြာသေးမီက BMC Medicine ဂျာနယ် တွင် ဖော်ပြခဲ့သည်။
ယခင်သုတေသနတစ်ခုတွင်လည်း အိမ်ထောင်ရှိအမျိုးသားများက အိမ်ထောင် မရှိ အမျိုးသားများထက် နှလုံးရောဂါကြောင့် သေဆုံးမှုအန္တရာယ် ပို၍နိမ့်ကြောင်း တွေ့ ရှိခဲ့သည်။ သို့သော်လည်း အမျိုးသမီးများ ကြား ယခုကဲ့သို့ ဆက်စပ်မှုအား အကဲဖြတ် သည့် ကြီးမားသည့်လေ့လာမှု များများစား စားမရှိဟု ဆာရာဖလောက် ဦးဆောင်သည့် သုတေသနအဖွဲ့က ပြောကြားခဲ့သည်။
သုတေသီများသည် ယူကေ၏ Mil-lion Women Study မှ အချက်အလက် များကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့ကြသည်။ Mil-lion Women Study မှာ ၁၉၉၆ နှင့် ၂ဝဝ၁ ခုနှစ်အတွင်း လေ့လာမှုတွင် ပါဝင် ရန် စည်းရုံးခဲ့သည့် အသက် ၅ဝ နှင့်အထက် အမျိုးသမီး ၁ ဒသမ ၃ သန်းကျော် ပါဝင် သော အမျိုးသားကျန်းမာရေး လေ့လာမှု တစ်ခုဖြစ်သည်။ အမျိုးသမီးများသည် လေ့ လာမှု၏ အခြေခံအဖြစ် ကျန်းမာ ရေးဆိုင်ရာ မေးခွန်းလွှာတစ်ခု ကို ပြီးဆုံးအောင် ဖြေရန် လိုအပ်ပြီး နောက်သုံးနှစ် အကြာတွင် အခြေ အနေကို ပြန်လည် သုံးသပ်ခဲ့သည်။
ဆေးရုံတက်ရသော နှလုံးရောဂါဖြင့် သေဆုံးမှုများအတွက် စစ်တမ်းကောက် ယူခဲ့သော အမျိုးသမီးများအနက် ပျမ်းမျှ အသက် ၆ဝ ရှိ အမျိုးသမီး ၇၃၄၆၂၆ မှာ အောက်စ်ဖို့ဒ်တက္ကသိုလ်၏ လေ့လာမှု တွင် ပါဝင်ခဲ့သည်။ အမျိုးသမီးများမှာ ယခင် က နှလုံးရောဂါ၊ လေဖြတ်မှု သို့မဟုတ် ကင် ဆာရောဂါ ရာဇဝင်မရှိခဲ့ဘဲ ပျမ်းမျှနောက် ဆက်တွဲ လေ့လာမှုကို ၈ ဒသမ ၈ နှစ် ပြု လုပ်ခဲ့သည်။
နောက်ဆက်တွဲ လေ့လာမှုကာလအ တွင်း အမျိုးသမီး ၃ဝ၇၄၇ ဦးမှာ နှလုံးရော ဂါရရှိခဲ့ပြီး ၂၁၄၈ ဦးမှာ နှလုံးရောဂါဖြင့် သေဆုံးခဲ့သည်။
အိမ်ထောင်ပြုထားသော သို့မဟုတ် ပါတနာတစ်ဦးနှင့် နေထိုင်သော အမျိုး သမီးများတွင်လည်း လက်မထပ်သော အမျိုး သမီးများကဲ့သို့ နှလုံးရောဂါ ရခဲ့သည်။
သို့သော်လည်း အိမ်ထောင်ပြုထား သော အမျိုးသမီးများသည် အိမ်ထောင် မပြုသော အမျိုးသမီးများထက် နှလုံးရောဂါ ကြောင့် သေဆုံးရန် ၂၈ ရာခိုင်နှုန်း ဖြစ်နိုင် ခြေလျော့နည်းကြောင်း သုတေသီတို့က တွေ့ရှိခဲ့သည်။
အသက်အရွယ်၊ လူမှုစီးပွား အဆင့် နှင့် ဘဝဟန်ပန် စသည့် အခြားလွှမ်းမိုး သော အချက်များထက် အိမ်ထောင်မရှိခြင်း က ပိုမိုလွှမ်းမိုးသည်ဟု ဆိုသည်။
Ref: Medical News Today
******************

3/20/14

တရားမဝင်သစ်ထုတ်ယူမှုများကို နှိမ်နင်းရန် သစ်တောလုံခြုံရေးတပ်ဖွဲ့ကို အသစ်ပြန်ဖွဲ့



တရားမဝင်သစ်ထုတ်ယူမှုများကို နှိမ်နင်းရန် သစ်တောလုံခြုံရေးတပ်ဖွဲ့ကို အသစ်ပြန်ဖွဲ့
*********************************************
ရဲလင်းထက် ၊ အတွဲ (၁၀) အမှတ် (၁၂)
သစ်တောမူဝါဒပြဋ္ဌာန်းချက် များနှင့်အညီ သဘာဝသစ်တောများ ကာကွယ်စောင့်ရှောက်ခြင်း၊ တရား မဝင်သစ်ထုတ်ယူမှုများကို တားဆီး နှိမ်နင်းရာတွင် ပိုမိုထိရောက်စေရန် သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ကို အသစ် ပြန်လည်ဖွဲ့စည်းထားပြီဖြစ်ကြောင်း သိရသည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက မတ် ၁၇ရက်တွင်ကျင်းပသည့် ပထမ အကြိမ် ပြည်သူ့လွှတ်တော်နဝမပုံမှန် အစည်းအဝေး၌ ယခုကဲ့သို့ပြော ကြားခြင်း ဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးဦးဝင်းထွန်း က ''သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှရဲမှူးကြီးတစ်ဦး ဦးဆောင် ပြီး တပ်သားအင်အား ၃ဝဝခန့်နဲ့ အ သစ်ပြန်လည်ပြင်ဆင် စုဖွဲ့လေ့ကျင့်ပေး ထားပြီဖြစ်ပါတယ်''ဟုပြောကြားသည်။
အဆိုပါသစ်တောလုံခြုံရေး ရဲ တပ်ဖွဲ့အနေဖြင့် တစ်ဖက်နိုင်ငံသို့ သစ် ခိုးရောင်းချနေသည့် လမ်းကြောင်းများ ဖြစ်သည့် မိုးမိတ်မြို့နယ်၊ မဘိန်းမြို့ နယ်များတွင် ပိတ်ဆို့ဖမ်းဆီးရေးလုပ် ငန်းများကို စီမံချက်ချဆောင်ရွက်နေ ပြီဖြစ်ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)အစပ်ကြား ဒေသများသည် တရားမဝင်သစ်
ခုတ်လှဲမှု အများဆုံးဖြစ်နေကြောင်း
ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက အတည်ပြုပြောကြားသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန အနေဖြင့် သစ်တောသဘာဝသယံဇာ တများ ထာဝစဉ်တည်တံ့စေရေးအ တွက် သဘာဝသစ်တောများမှ နှစ်စဉ် ထုတ်ပေးနိုင်သည့် သစ်ပမာဏကို စနစ် တကျတွက်ချက်ထုတ်ယူခြင်း၊ ကြိုတင် ကာကွယ်ရေးအစီအမံများ ဆောင်ရွက် ကာ အရေးယူဆောင်ရွက်ခြင်း၊ တရား ဥပဒေသက်ရောက်မှု အားကောင်းစေ ရန်နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်း၊ မက်လုံးပေးခြင်းနည်း လမ်းများဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။


Yangon Media Group

တစ်ဖက်စောင်းနင်းရေးသားဖော်ပြချက်များကြောင့် မီဒီယာကိုမီဒီယာဖြင့်တုံ့ပြန်ရန် ဆရာတော်ဦးဝီရသူက မီဒီယာသင်တန်းပေး


တစ်ဖက်စောင်းနင်းရေးသားဖော်ပြချက်များကြောင့်
မီဒီယာကိုမီဒီယာဖြင့်တုံ့ပြန်ရန် ဆရာတော်ဦးဝီရသူက မီဒီယာသင်တန်းပေး
************************************************
ကောင်းထက် ၊ ရန်ကုန်တိုင်းမ် ဂျာနယ်
အတွဲ (၁၀) အမှတ် (၁၂)
ပြည်တွင်းပြည်ပ သတင်းမီဒီယာ များတွင် ရေးသားဖော်ပြနေသာ သတင်း များသည် တစ်ဖက်စောင်းနင်း ရေးသား ဖော်ပြချက်များဖြစ်နေသောကြောင့် မီဒီ ယာကို မီဒီယာဖြင့်တုံ့ပြန်နိုင်ရန် သတင်း မီဒီယာသင်တန်းများ ပို့ချနေကြောင်း မန္တလေးမစိုးရိမ်တိုက်ဆရာတော် ဦးဝီရ သူက ရန်ကုန်တိုင်းမ်ဂျာနယ်သို့ ဖုန်းဖြင့် မိန့်ကြားသည်။
''မီဒီယာတွေက သတင်းမျှမျှတတ မရှိဘူး။ တစ်ဖက်စောင်းနင်းတယ်။ နိုင်ငံ ရေးမှာလည်း တစ်ဖက်စောင်းနင်း နိုင်
တယ်။ ရခိုင်လူမျိုးတွေဟာဆိုရင် ရုပ်ပိုင်း ဆိုင်ရာ အနိုင်ကျင့်စော်ကားခံရမှုတွေ များတဲ့အတွက် မီဒီယာကိုမီဒီယာနဲ့ ပြန် တုံ့ပြန်တဲ့ သဘောအနေနဲ့ သင်တန်းပေး ရတာဖြစ်ပါတယ်''ဟု ဆရာတော်က မိန့် သည်။
အထူးသဖြင့် ဆရာတော်ဦးဝီရသူ ပို့ချပေးနေသည့် သတင်းမီဒီယာ သင် တန်းတွင် သတင်းရေးသားမှု၊ သတင်းစု ဆောင်းမှု၊ သတင်းတည်ဆောက်ပုံ၊ ဖေ့စ် ဘွတ်ခ်အသုံးပြုခြင်းဖြင့် အကျိုးရှိပုံ၊ အ ကာအကွယ်ရယူပုံနှင့် ဓာတ်ပုံ၊ ကင်မရာ ပိုင်းဆိုင်ရာ အသုံးပြုပုံဟူ၍ အပိုင်း သုံး ပိုင်း ပါဝင်သည်ဟုဆိုသည်။
ဆရာတော်ဦးဝီရသူ၏ သတင်းမီဒီ ယာသင်တန်းနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းသမားများကွန်ရက် အတွင်းရေး မှူးလည်းဖြစ်၊ လက်ရှိသတင်းမီဒီယာသင် တန်းဆရာလည်းဖြစ်သူ ဦးမြင့်ကျော်က ''သတင်းမီဒီယာတွေမှာ လိုအပ်ချက်တွေ ရှိနေတာတော့ အမှန်ပါပဲ။ ဒါကြောင့်လဲ သတင်းမီဒီယာဖွံ့ဖြိုးရေးအတွက် တတ် နိုင်သလောက်လုပ်တာပါ''ဟု ပြောသည်။
ယင်းကဆက်လက်ပြီး''သတင်းရေး သားမှုဖော်ပြချက်တွေက မမျှတဘူးလို့ ဆိုရအောင်လဲ မျှတဖို့လို့ ပြောတဲ့သူတွေ ကိုယ်တိုင်ကရော တကယ်မျှတမှုရှိရဲ့လား ဆိုတာ မေးစရာရှိပါတယ်။ ဟောပြောတဲ့ သူတွေ ကိုယ်တိုင်ကလဲ ကိုယ့်ရဲ့အယူ အဆတွေက တကယ်မျှတမှုရှိရဲ့လားဆို တာ ပြန်စဉ်းစားသင့်တယ်''ဟု မှတ်ချက် ပေးသည်။
ဆရာတော်ဦးဝီရသူအနေဖြင့် ယခု လိုမီဒီယာသင်တန်းများကို ရခိုင်ပြည်နယ် တွင်သာ အဓိက သင်ကြားပေးသွားမည် ဖြစ်ပြီး ယခုအခါ သင်တန်းပေါင်း ၁ဝခု ခန့် သင်ကြားပေးခဲ့ပြီးဖြစ်ကာ သင်တန်း တစ်ခုလျှင် သင်တန်းသား ၅ဝ မှ ၁ဝဝ ကြားရှိသည်ဟု သိရသည်။

Yangon Media Group

သနပ်ခါးအမြစ်တုံးဖြင့် ရိုက်ရာမှလူသတ်မှုဖြစ်



သနပ်ခါးအမြစ်တုံးဖြင့် ရိုက်ရာမှလူသတ်မှုဖြစ်
နေပြည်တော်၊ မတ် ၁၉
၂၀၁၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ နံနက် ၁ နာရီခွဲအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ကျွဲကျောင်းဂယက်ရွာနေ ကိုကျော့ခိုင်ဝင်း(၃၁)နှစ်သည် ၎င်းအလုပ်လုပ်ကိုင်ရာ မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၊ ပိတောက်ပင်ရေနံမှော်ဟောင်းရှိတဲအတွင်း အိပ်ပျော်နေစဉ် အော်ဟစ်သံများကြားသဖြင့် လန့်နိုးပြီးအပြင်သို့ထွက်ကြည့်ရာ အတူနေထိုင်သည့် တစ်ရွာတည်းနေ ကိုစခန့်စလိန်(၃၄)နှစ်အား မေးစေ့/ယာချိုစောင်း/ယာမျက်ခုံးပေါက်ပြဲဒဏ်ရာများဖြင့် တွေ့ရှိရသောကြောင့် တဲအနီးချင်းနေထိုင်သူများအား အကူအညီတောင်းခံပြီး သရက်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ ကိုစခန့်စလိန် ပြောပြချက်အရ ၎င်းအား တစ်ရွာတည်းနေ အုန်းဟန်(၄၀)နှစ်မှ ယခင်ကစကားများဖူးသည့်ကိစ္စအား အငြိုးထားကာ သနပ်ခါးအမြစ်တုံးနှင့်ရိုက်နှက်ခဲ့၍ ဒဏ်ရာများရရှိခဲ့ကြောင်းသိရှိရသဖြင့် အရေးယူပေးရန် ၁၈-၂-၂၀၁၄ ရက်နေ့တွင် ကိုကျော့ခိုင်ဝင်းမှ တရားလိုပြုလုပ်တိုင်တန်းခဲ့ရာ အုန်းဟန်အား သရက်မြို့မ ရဲစခန်း (ပ)၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၅ ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ ထိုသို့အရေးယူထားစဉ် ကိုစခန့်စလိန်မှာ ရရှိသောဒဏ်ရာများဖြင့် သရက်ခရိုင် ပြည်သူ့ဆေးရုံတွင် သေဆုံးသွားခဲ့သောကြောင့် ပြစ်မှုပုဒ်မ ၃၂၅ မှ ၃၀၂ သို့ ပြောင်းလဲစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
14 hrs · 

တောင်ဥက္ကလာပမြို့နယ်၌ မီးလောင်မှုဖြစ်


တောင်ဥက္ကလာပမြို့နယ်၌ မီးလောင်မှုဖြစ်
ရန်ကုန်၊ မတ် ၁၉
၁၉.၃.၂၀၁၄ ရက်နေ့ ၁၄၅၈ အချိန်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၁၄/၁)ရပ်ကွက်၊ မြတ်လေးလမ်းနေ ဒေါ်မိမိခိုင်၊ (ဘ)ဦးသောင်းကြည်၏
နေအိမ်အပေါ်ထပ်ရှိ မီးပလပ်ခုံမှ အပူရှိန်လွန်ကဲပြီး မီးစတင်လောင်ကျွမ်း
ခဲ့ရာ မီးသတ်ယာဉ်များ ရောက်ရှိငြှိမ်းသတ်ခဲ့သဖြင့် ၁၅၁၀ အချိန်တွင် မီးငြိမ်းသွားခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့်နေအိမ်(၄)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီးနေအိမ်(၁)လုံးမှာ တစ်ဝက်ခန့်မီးလောင်ကျွမ်း ခြင်းခံခဲ့ရပါသည်။
ယင်းသို့မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက်ဒေါ်မိမိခိုင်အား တောင်ဥက္ကလာပ
မြို့မရဲစခန်း(ပ)၁၁၇/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၂၈၅ ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်လျက်ရှိပါသည်။

 Yangon Police's 

3/19/14

ဥက္ကံပဋိပက္ခတွင် ပါဝင်ခဲ့သူရှစ်ဦးကို ထောင်ဒဏ်ခုနစ်နှစ်စီ အမိန့်ချ

ဥက္ကံပဋိပက္ခတွင် ပါဝင်ခဲ့သူရှစ်ဦးကို ထောင်ဒဏ်ခုနစ်နှစ်စီ အမိန့်ချ
ဥက္ကံ၊ မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကံမြို့တွင် လွန်ခဲ့သော ၁၁ လက ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ပါဝင်ခဲ့သည်ဟုဆိုကာ ပနီပင် ကျေးရွာအုပ်စု ကျွဲပုန်းလေး ကျေးရွာမှ အမျိုးသား ခုနစ်ဦးကို တိုက်ကြီး မြို့နယ်တရားရုံးက မတ်လ ၁၃ နေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခုနစ်နှစ်စီ အမိန့်ချမှတ်လိုက်ကြောင်း မြို့နယ်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
အမိန့်ချခံရသူများမှာ ပနီပင်ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အသက် ၂၇ နှစ်အရွယ် သားဖြစ်သူ ကိုသန်းအောင်၊ အသက် ၂၇ နှစ်အရွယ် ကိုသက်ဇော်ထွန်း၊ အသက် ၃၀ အရွယ် ကိုဇော်ထိုက်၊ အသက် ၃၅ နှစ်အရွယ် ကိုရန်နိုင်စိုး၊ အသက် ၄၀ အရွယ် ကိုဝင်းဇော်နှင့် ကိုလင်းသူအောင်တို့ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၀/၁၄၉ အရ ထောင်ဒဏ်ငါးနှစ် ကျခံစေရန်နှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆/၁၄၉ အရ ခုနစ်နှစ်ဖြင့် အဆိုပါပုဒ်မ နှစ်ရက်ပေါင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခုနစ်နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
“ထောင်ချခံရသူတချို့ ပဋိပက္ခမှာ မပါမှန်းသိလျက်နဲ့ ထောင်ချခံရတာမျိုးက နစ်နာပါတယ်။ ဘာပဲဖြစ်ဖြစ် တရားကို နတ်စောင့်တယ်” ဟု ထောင်ဒဏ်ခုနစ်နှစ် ကျခံရသူ ကိုသန်းအောင်၏ဖခင် ပနီပင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်းက ပြောကြားသည်။
အဆိုပါ ပဋိပက္ခနှင့် ပတ်သက်၍ ပနီပင် ကျေးရွာနေသူ ရှစ်ဦး၊ ဗန္ဓုလ ရပ်ကွက်တွင် နေသူနှစ်ဦး၊ ဥယျာဉ်ကြီး ကျေးရွာနေသူ နှစ်ဦး၊ မီးနင်းကံကုန်း ကျေးရွာတွင် သုံးဦးနှင့် ယခု ကျွဲပုန်းလေးကျေးရွာမှ ခုနစ်ဦး အပါအဝင် စုစုပေါင်း ၂၂ ဦးကို အမိန့်ချမှတ်ခဲ့ပြီး ဥက္ကံမြို့တွင် နေထိုင်သူ ၆၃ ဦးကို တရားရုံးက ဖမ်းဝရမ်း ထုတ်ထားကြောင်း တိုက်ကြီးမြို့နယ် တရားရုံးထံမှ သိရှိရသည်။
ဥက္ကံမြို့တွင် ၂၀၁၃ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက ကိုရင်လေးနှင့် အမျိုးသမီးတို့ တိုက်မိပြီး ဆွမ်းသပိတ်ကျကာ အဖုံးကွဲရာမှ စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် မီးလောင်ဖျက်ဆီးမှု များကြောင့် နေအိမ် ၈၁ လုံး၊ ဗလီတစ်လုံး၊ စာသင်ကျောင်းတစ်ခုနှင့် ဥက္ကံမြို့ပေါ် ဆိုင်ခန်း ၅၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ပြီး လူတစ်ဦး သေဆုံးကာ ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။

The Voice Weekly

လူ ၂၃၉ ဦးနဲ့အတူ ၆ ရက်ကြာ ပျောက်ဆုံးနေတဲ့ မလေးရှား


လူ ၂၃၉ ဦးနဲ့အတူ ၆ ရက်ကြာ ပျောက်ဆုံးနေတဲ့ မလေးရှား
လေကြောင်းလိုင်း လေယာဉ် အမှတ် MH370 ရဲ့ ရေဒါလှိုင်းဟာ ကပ္ပလီပင်လယ်ထဲက Andaman Islands (အက်ဒမန်ကျွန်း) ကနေ ထွက်ပေါ်နေတယ်လို့ ၇ိုက်တာ သတင်းအရ သိရကြောင်း SkyNews
မှာ Live ထုတ်လွှင့် ပြသနေပါတယ်။
Andaman Islands ဆိုတာ မြန်မာနိုင်ငံ နဲ့ အိန္ဒိယနိုင်ငံကြား
(မြန်မာနိုင်ငံ ရခိုင်ပြည်နယ် နဲ့ တနင်္သာရီတိုင်းကမ်းရိုးတမ်းအနားက) ကပ္ပလီ ပင်လယ်ပြင်ထဲက ကျွန်းတွေဖြစ်တာမို့ မြန်မာနိုင်ငံနဲ့ အလွန်
နီးကပ်တဲ့ အနေအထား ဖြစ်ပါတယ်။...
ဆက်လက်စောင့်ကြည့်ရအောင်.....
...Kyaw Swar Myint

http://www.myanmarcnn.com/

Combined fleet exercise Seashield 2014


Combined fleet exercise Seashield 2014
==========================
---------- အဏ္ဍ၀ါ ဒိုင်း - ၂၀၁၄ --------------
၂၀၁၄ မတ်လ ၁၉ ရက်မှ ၂၇ ရက်နေ့ ထိ …
ကိုးကိုးကျွန်းအရှေ့ ဘက် မြန်မာ့ပင်လယ်ပြင်…
Point A
မြောက်လတ္တီတွစ် ၁၄ဒီဂရီ ၃၆ မိနစ်
အရှေ့ လောင်ဂျီတွစ် ၉၄ဒီဂရီ ၀၆မိနစ် ….
Point B
မြောက်လတ္တီတွစ် ၁၄ဒီဂရီ ၃၆ မိနစ်
အရှေ့ လောင်ဂျီတွစ် ၉၄ဒီဂရီ ၄၇ မိနစ် ….
Point C
မြောက်လတ္တီတွစ် ၁၃ ဒီဂရီ ၅၆ မိနစ်
အရှေ့ လောင်ဂျီတွစ် ၉၄ဒီဂရီ ၄၇ မိနစ် ….
Point D
မြောက်လတ္တီတွစ် ၁၃ဒီဂရီ ၅၆ မိနစ်
အရှေ့ လောင်ဂျီတွစ် ၉၄ဒီဂရီ ၀၆မိနစ် ….
စသည့် Coordinates ဧရိယာ အတွင်း ….
တပ်မတော်(ရေ) မှ …
ရေတပ် စစ်ရေးလေ့ကျင့်မှု လေ့ကျင့်ခန်း ( အဏ္ဍ၀ါ ဒိုင်း )
( Combined fleet exercise Seashield 2014 ) အား ….
ပြုလုပ် လေ့ကျင့်လျက် ရှိ ....
စစ်ရေးလေ့ကျင့်မှုတွင် …
ပဲ့ ထိန်းဒုံးတပ် ဖရီးဂိတ် နှင့် …
ကော်ဗတ် စစ်ရေယာဉ်များ အပါအ၀င် ….
စစ်ရေယာဉ် ၂၀ စီး ခန့် ...
ပါဝင် လေ့ကျင့်လျက် ရှိပြီး …
ရေတပ်သမိုင်း တစ်လျောက် ….
အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်ကြောင်း သိရှိရ ….
အဆိုပါ ဧရိယာမှ ၅ မိုင်ပတ်လည် အတွင်း ….
ရေယာဉ်များ ဖြတ်သန်းခြင်း ၊ ရပ်နားခြင်းများ မပြုလုပ်ရန်နှင့် ….
လေယာဉ်၊ ရဟတ်ယာဉ်များ ….
အမြင့်ပေ ၁၅၀၀၀ (တစ်သောင်းငါးထောင်) အောက် ....
ဖြတ်ကျော် ပျံသန်းခြင်း များ လုံးဝမပြုလုပ်ရန် ….
ရေကြောင်း သတိပေးချက် နှင့် ....
လေကြောင်း သတိပေးချက်တို့ အား …..
ထုတ်ပြန် ကြေညာ ထားရှိကြောင်း သိရှိရပါသည် .....


Ye Moe

စကတ်အောက်ပိုင်းကို ဓာတ်ပုံခိုးရိုက်ခြင်းသည် တရားဝင်ကြောင်း တရားရုံးကအမိန့်ချမှတ်


စကတ်အောက်ပိုင်းကို ဓာတ်ပုံခိုးရိုက်ခြင်းသည် တရားဝင်ကြောင်း တရားရုံးကအမိန့်ချမှတ်
မိန်းကလေးတွေရဲ့ စကတ်အောက်ပိုင်းကို ဓာတ်ပုံခိုးရိုက်တာ ဟာ တရားဝင်တယ်လို့ မက်ဆာချူးဆက်ပြည်နယ်တရားရုံးက အမိန့်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
ပြည်နယ်ရဲ့ မြေအောက်ရထားလိုင်းမှာ ဖုန်းနဲ့ မိန်းကလေးတွေကို ဓာတ်ပုံခိုးရိုက်နေတဲ့ မိုက်ကယ်ရောဘတ်ဆန် ဆိုတဲ့လူကို၂၀၁၀သြဂုတ်လမှာရဲကဖမ်းမိပြီး အောက်တရားရုံးကစွဲချက်တင်ခဲ့ပေမဲ့ အထက်တရားရုံးက ပြန်လည်အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပါတယ်။
လက်ရှိတည်ဆဲဥပဒေက အဝတ်အစားလဲခန်းနဲ့ ရေချိုးခန်းတွေမှာ အဝတ်အစားလုံးဝမပါ၍ဖြစ်စေ၊ အဝတ်အစားအတော်အသင့်ပါ၍ဖြစ်စေ ဓာတ်ပုံရိုက်ခံရပါက ဥပဒေချိုးဖောက်ခြင်း ဖြစ်သော်လည်း အများပြည်သူရှိရာနေရာမှာ အဝတ်အစားဝတ်ထားတဲ့လူတွေကိုတော့ လက်ရှိဥပဒေက ကာကွယ်ထားခြင်းမရှိဘူးလို့ တရားရုံးကပြောကြားခဲ့ပါတယ်။
မက်ဆာချူးဆက်လွှတ်တော်အမတ် ရောဘတ်ဒီလီယိုက ဥပဒေကို ရှင်းရှင်းလင်းလင်းပြုလုပ်ဖို့အတွက် အမတ်များက နည်းလမ်းတစ်ခုကို ရှာဖွေနေကြောင်းပြောကြားခဲ့ပါတယ်။
“အထက်တရားရေးရုံးရဲ့ အမိန့်ချမှတ်မှုဟာ လက်ရှိဥပဒေရဲ့အနှစ်သာရနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်။ ယနေ့နည်းပညာခေတ်နဲ့အညီဖြစ်စေဖို့ ကျွန်တော်တို့ရဲ့ ဥပဒေတွေကို လွှတ်တော်က အဆင့်မြှင့်တင်မှုတွေ စတင်ဆောင်ရွက်နေပါပြီ” လို့ ဒီလီယိုက ဗုဒ္ဓဟူးနေ့မှာ ကြေငြာခဲ့ပါတယ်။


Myawady News
 

တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် အန္တရာယ်ရှိ တရုတ်မုန့်များပပျောက်ရေးစီမံချက် အကောင်အထည်ဖော်မည်


တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် အန္တရာယ်ရှိ
တရုတ်မုန့်များပပျောက်ရေးစီမံချက် အကောင်အထည်ဖော်မည်
*********************************************
ချစ်ချစ် ၊ ရန်ကုန်၊ မတ် ၁၅
လာမည့် ကျောင်းဖွင့်ရာ သီတွင် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းမုန့် စားတန်းများ၌ အန္တရာယ်ရှိ တရုတ်မုန့်များ ပပျောက်ရေး စီမံချက် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စား သုံးသူကာကွယ်ရေးအသင်းမှ သိရသည်။
ယင်းအသင်းမှာ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၇ ရက်တွင် အသင်းမှတ်ပုံတင်ရရှိ ခဲ့ပြီး ပညာရေးညွှန်ကြားရေးမှူးထံမှ မြန်မာ တစ်နိုင်ငံလုံးရှိ အခြေခံပညာရေးကျောင်း များအား ဝင်ရောက်စစ်ဆေးရန် ခွင့်ပြုမိန့် စာကို ၂ဝ၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ရ ရှိခဲ့ခြင်း ဖြစ်သည်။
''ရှေ့နှစ် ကျောင်းဖွင့်ရာသီကစ ပြီး ကျောင်းမုန့်ဈေးတန်းတွေမှာ အန္တရာယ် ရှိမယ့် အစားအစာတွေ ပပျောက်ရေး စီမံ ချက်ကို ရေးဆွဲပြီးတော့ ရှေ့နှစ်မှာ အပြတ် ဖြတ်မယ်။ တရုတ်ကလာတဲ့ မုန့်တွေက အန္တရာယ်များတယ်။ သက်ဆိုင်ရာကျောင်း အုပ်ဆရာရဲ့ ခွင့်ပြုချက်ရရင် ပိတ်သိမ်းမယ်'' ဟု အသင်းဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ဖလား ဝါးနယူးစ်ဂျာနယ်သို့ ပြောသည်။
၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလတွင် မလေးရှားနိုင်ငံ ဃ့နာငျအ ဓာတ်ခွဲခန်းမှ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ စားသုံးသူကာ ကွယ်ရေးအသင်းမှ အဖွဲ့ဝင်များမှာ အခြေခံ မူလတန်းကျောင်းများရှိ မုန့်ဈေးတန်းများ ကို ဝင်ရောက်စစ်ဆေးမှုများပြုလုပ်ရာ တရုတ် နိုင်ငံမှ တရားမဝင် ဝင်ရောက်လာသော အန္တရာယ်ရှိ နို့မှုန့်များကပ်ထားသည့် မုန့် များကို တွေ့ရှိခဲ့ရကြောင်း အသင်းအထွေထွေ အတွင်းရေးမှူး ဒေါ်ခင်စန္ဒာက ပြောသည်။
ယင်းမုန့်များ၏ အညွှန်းတွင် လူ သားများစားသုံးရန် မသင့်သော အစားအ စာဖြစ်ကြောင်း၊ ပြည်ပနိုင်ငံများတွင် အိမ်မွေး တိရစ္ဆာန်များသာ စားသော အစားအစာမျိုး ဖြစ်ကြောင်း တရုတ်စာဖြင့် ရေးသားထား သည်ကို တွေ့ခဲ့ရကြောင်း သိရသည်။
ယခင်က အသင်းအနေဖြင့် ကျောင်းများ၌ အန္တရာယ်ရှိမုန့်များ ဝင် ရောက်စစ်ဆေးမှု ပြုလုပ်ရာတွင် ဆန့်ကျင် သည့် ကျောင်းများလည်း ရှိခဲ့ကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံ စားသုံးသူကာကွယ် ရေးအသင်းအနေနှင့် မြန်မာတစ်နိုင်ငံလုံး ရှိ အခြေခံပညာရေးကျောင်းများတွင်သာ မက ဈေးများ၌ စားသောက်သူအန္တရာယ် ရှိ အစားအစာများ ဝင်ရောက်စစ်ဆေးသွား ရန် အစီအစဉ်ရှိကြောင်း သိရသည်။
********************
အတွဲ ၁၀ အမှတ် ၁၂
********************

တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ် မကျသဖြင့် စုံစမ်းရာမှ ယမန်နှစ်က အောင်မြင်ခဲ့ပြီးမှန်းသိရ


တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကတ် မကျသဖြင့် စုံစမ်းရာမှ ယမန်နှစ်က အောင်မြင်ခဲ့ပြီးမှန်းသိရ
************************************************

ထက်ဖြိုးပိုင် ၊ ကျိုက်ထို၊ မတ် ၁၅-

၂ဝ၁၂-၁၃ ခုနှစ် တက္က သိုလ်ဝင်စာမေးပွဲအောင်မြင်သည်ကို လုံးဝမသိဘဲ ၂ဝ၁၃-၁၄ ခုနှစ် တက္ကသိုလ်ဝင် စာမေး ပွဲဖြေဆိုရန် ဝင်ခွင့်ကတ် ကျမလာ သဖြင့် စုံစမ်းရာမှ ယမန်နှစ်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အောင်မြင် ခဲ့ကြောင်းသိရသည့် ကျောင်းသူတစ်ဦး၏ ဖြစ်ရပ် ကျိုက်ထိုမြို့၌ ဖြစ်ပွားခဲ့သည်။

''ဖြစ်ပုံက စံပယ်ထွန်းသမအသင်း ကဖွင့်တဲ့ ပညာဒါနကျောင်းကနေ အပြင် ဖြေ ၁၃ ယောက်ဖြေဖို့ ဖောင်တင်ကြပါတယ်။ ဒီလိုနဲ့ ဖောင်တွေတင်ထားပြီးတော့ မတ် ၁ဝ ရက် ကတ်ထုတ်မယ့်နေ့လဲရောက်ရော ကတ်က ၁၂ ယောက်စာပဲ ထုတ်လို့ရတယ်။ ကတ်မရတဲ့တစ်ယောက် နာမည်က မသန်း သန်းဌေးလို့ ခေါ်တယ်။ သူ့ကတ်လဲ ကျမလာ ရော ပညာရေးမှူးရုံးမှာ သွားမေးတယ်။ နောက်မှ ရန်ကုန်က သက်ဆိုင်ရာရုံးကို ဖုန်း ဆက်မေးကြည့်တော့ အဲဒီကျောင်းသူက မနှစ်က အောင်စာရင်းမှာ နာမည်ပါပြီးသား ဖြစ်နေတယ်။ ကျတယ်ထင်ပြီး ပြန်ဖြေဖို့ ဖောင်တင်ရင်းနဲ့ စာမေးပွဲကြီးဖြေခါနီးမှ သိ ရတာပါ''ဟု ဒေသခံ ရပ်မိရပ်ဖ ဦးမျိုးတင် ကပြောသည်။

မသန်းသန်းဌေးမှာ ပြီးခဲ့သည့် ၂ဝ၁၂-၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျရှုံးခဲ့သဖြင့် ၂ဝ၁၃-၁၄ ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုရာ အောင် မြင်ခဲ့သည်ကို အောင်စာရင်း သွားရောက် ကြည့်ရှုခဲ့ခြင်းမရှိသဖြင့် သိရှိခဲ့ခြင်း မရှိဘဲ ကျရှုံးသည်ထင်မှတ်ကာ ယခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲကို နောက်တစ်ဖန် ပြန်လည် ဖြေဆိုခြင်းဖြစ်ကြောင်း သိရသည်။

ကရင်တိုင်းရင်းသား ဖြစ်သူ အဖဦးဖားမီး၏သမီး မသန်းသန်းဌေးသည် ၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ညက-၉ဝ၆ ဖြင့် အထက(၂)ကျိုက်ထို စာစစ် ဌာနမှ ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်စာ ရင်းထွက်သည့်အခါ ကိုယ်တိုင်သွားရောက် ကြည့်ရှုရန်ကြောက်သဖြင့် မိဘများနှင့် ဆွေ မျိုးများကို အောင် မအောင်သွားရောက်ကြည့် ရှုခိုင်းရာ သုံးကြိမ်တိတိ သွားရောက်ကြည့်ရှု သော်လည်း အောင်မြင်သည်ကို မတွေ့ရှိဟု ပြောကြကြောင်း မသန်းသန်းဌေးကဆိုသည်။

''အောင်စာရင်းကို သုံးခါတောင် သွားကြည့်ခိုင်းတာ။ မပါဘူးဆိုတော့ တော် တော် စိတ်မကောင်းဖြစ်မိတယ်။ ဒါနဲ့ နောက်နှစ် အောင်ရမယ်၊ ဂုဏ်ထူးထွက်ရ မယ်ဆိုပြီး ဆက်ကြိုးစားခဲ့တာ''ဟု မသန်း သန်းဌေးကဆက်ပြောသည်။

''သူ့မိဘတွေက ရိုးသားတဲ့ကရင် တိုင်းရင်းသား တောသူတောင်သားတွေ လဲဖြစ်တယ်။ အောင်စာရင်း မကြည့်ဖူး တာလဲ ပါမယ်။ သူ့နာမည်ကို ရှာမတွေ့ဘူး လို့ပြောကြတယ်။ မြန်မာစာအဖတ် အား နည်းတာလဲ ပါလိမ့်မယ်ထင်တယ်။ အောင် စာရင်းမှာ ညက-၉ဝ၆ အောင်နေတာ သူတို့ ရှာမတွေ့ကြဘူး''ဟု ဒေသခံအထက်တန်း ပြဆရာမတစ်ဦးက ပြောသည်။

********************
အတွဲ ၁၀ အမှတ် ၁၂

The Flower News Journal

********************
Yangon Media Group

3/18/14

ဝါရှင်တန် လူဝင်မှုကြီးကြပ်ရေးအကျဉ်းစခန်းတွင် လေးရက်မြောက် အစာငတ်ခံ ဆန္ဒပြ


ဝါရှင်တန် လူဝင်မှုကြီးကြပ်ရေးအကျဉ်းစခန်းတွင် လေးရက်မြောက် အစာငတ်ခံ ဆန္ဒပြ
************************************************
ဝါရှင်တန်၊
အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ လူဝင်မှု ကြီးကြပ်ရေးအကျဉ်းစခန်း၌ လူပေါင်း ၁၅ဝ ခန့်သည် လေးရက်မြောက်အဖြစ် ဆက်လက် အစာငတ်ခံ ဆန္ဒပြလျက်ရှိသည်ဟု သိရသည်။
အကျဉ်းသားများကို ထောက်ခံအားပေး သူများ၏ ပြောကြားချက်အရ ဖမ်းဆီးထိန်း သိမ်းခံထားရသူများသည် အကျဉ်းစခန်းတွင် ¤င်းတို့အား ထားရှိမှုအခြေအနေများနှင့် ပြည် နှင်ဒဏ်ပေးအပ်မှုများ အဆုံးသတ်စေရန် ယခု ကဲ့သို့ အစာငတ်ခံ ဆန္ဒပြနေကြခြင်းဖြစ်ကြောင်း သိရသည်။
တာကိုမာမြို့ရှိ The Northwest Detention Center အကျဉ်းစခန်းတွင်လည်း အ ကျဉ်းသား ၇၅ဝ ခန့်မှာ အစာစားရန် ငြင်းဆို နေကြပြီး ¤င်းအကျဉ်းစခန်းတွင် ပြည်နှင်ဒဏ် အတွက် စစ်ဆေးခံနေရသူ ၁၃ဝဝ ခန့်ရှိကြောင်း သိရသည်။
အမေရိကန် လူဝင်မှုကြီးကြပ်ရေး အရာ ရှိများ၏ ပြောကြားချက်အရ အစာစားရန် ငြင်း ဆိုသော အကျဉ်းသားတစ်ဦးသည် ၇၂ နာရီ ကြာပြီးနောက် ကျန်းမာရေးအရ ပြုစုစောင့် ရှောက်ရန် လိုအပ်သော အခြေအနေရှိသူတစ် ဦးအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်ဟု သိရ သည်။
လူဝင်မှုကြီးကြပ်ရေးဌာနမှ ဖမ်းဆီးထား သော အကျဉ်းသားများ၏ ဆန္ဒပြမှုကို ထောက် ခံသော တက်ြ<ွကလှုပ်ရှားသူများက ထိန်းသိမ်း ခံထားရသူများသည် ပိုမိုကောင်းမွန်သော အ စားအသောက်များ ရရှိရေးနှင့် အကျဉ်းစခန်း တွင် လုပ်ကိုင်ရသော အလုပ်များအတွက် တစ် နေ့လျှင် တစ်ဒေါ်လာထက် မြင့်မားသော လုပ်ခ လစာ တိုးမြှင့်ပေးရန်တို့ကို တောင်းဆိုလျက် ရှိသည်ဟု သိရသည်။
အကျဉ်းသားတစ်ဦး၏ ဇနီးဖြစ်သူ၏အဆိုကို ရှေ့နေတစ်ဦးမှ တနင်္ဂနွေနေ့တွင် ပြော ကြားချက်အရ အစာငတ်ခံ ဆန္ဒပြကြသူများ ကို ခြိမ်းခြောက်မှုများရှိပြီး တိုက်ပိတ်ထားခြင်း များလည်းရှိသည်ဟု သိရသည်။
အမေရိကန် လူဝင်မှုကြီးကြပ်ရေးဌာန၏ ပြောရေးဆိုခွင့် ရှိသူတစ်ဦးမှ အေပီသတင်းဌာနသို့ လက်ရှိအ ခြေအနေတွင် ထင်မြင်ချက် မပေးနိုင်သေး ကြောင်း ဖြေကြားခဲ့ပြီး အမေရိကန်တွင် သက် သေခံ အထောက်အထားမရှိဘဲ နိုင်ငံတွင်း ဝင် ရောက်နေထိုင်သူဦးရေမှာ ၁၁ သန်းခန့်ရှိကြောင်း သိရသည်။
Ref: AP
*******************
Vol - 10 , No. 11
March 13 - 19 , 2014
*******************

လွန်ခဲ့သည့်သုံးနှစ်က ပစ်သတ်ခံရသည်ဟု သတင်းထွက်ပေါ်ခဲ့သော မူးယစ်ဂိုဏ်းခေါင်းဆောင်ကို မိမိတို့သတ်ဖြတ်ခဲ့ဟု မက္ကဆီကိုအရာရှိများပြောကြား


လွန်ခဲ့သည့်သုံးနှစ်က ပစ်သတ်ခံရသည်ဟု သတင်းထွက်ပေါ်ခဲ့သော
မူးယစ်ဂိုဏ်းခေါင်းဆောင်ကို မိမိတို့သတ်ဖြတ်ခဲ့ဟု မက္ကဆီကိုအရာရှိများပြောကြား
***********************************************
မီချိုယာကန်၊
El Mas Loco (The Craziest One) ဟုခေါ်ဆိုသော နာဇာရီယိုမိုရီနို မူးယစ်ဆေး ဝါးဂိုဏ်းခေါင်းဆောင်မှာ လွန်ခဲ့သည့် သုံး နှစ်က ပစ်သတ်ခံရသည်ဟု သတင်းထွက် ပေါ်ခဲ့ရာ အဆိုပါခေါင်းဆောင်ကို မိမိတို့ က သတ်ဖြတ်ခဲ့သည်ဟု မက္ကဆီကိုအရာရှိ များက ပြောကြားခဲ့သည်။
¤င်းဂိုဏ်းခေါင်းဆောင်မှာ La Familia ကာတယ်ဂိုဏ်းကို ထူထောင်ခဲ့ပြီး ¤င်း၏အ ဆွယ်အပွားများက ဘာသာရေးခေါင်းဆောင် တစ်ဦးသဖွယ် ယူဆခံရသူလည်း ဖြစ်သည်။ ၂ဝ၁ဝ ပြည့်နှစ်က ပစ်သတ်ခံရသည်ဟု သ တင်းများ ထွက်ခဲ့ပြီးနောက် ¤င်းသေဆုံး ကြောင်း ပထမဆုံးအကြိမ် ကြေညာမှုဖြစ် သည်။ ၂ဝ၁ဝ ပြည့်နှစ်က ပစ်သတ်ခံရသည် ဆိုသော်လည်း အလောင်းကိုမူ မတွေ့ရှိခဲ့ ပေ။ ထို့ကြောင့် ထိုစဉ်ကတည်းက ရှင်သန် နေဆဲဖြစ်သည်ဟုလည်း ယူဆခဲ့သည်။
ဂိုဏ်းခေါင်းဆောင်အား နောက်ဆုံး တွင် ခြေရာခံမိပြီး မီချိုယာကန် ပြည်နယ် တွင် အသေပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲ တပ်ဖွဲ့က ပြောကြားခဲ့သည်။
''လက်ဗွေကို ဆန်းစစ်လေ့လာမှု က နေ သူဟာ နာဇာရီယိုမိုရီနိုဂွန်ဇာလက်စ် ဆိုတာ ကျွန်တော်တို့ ရာနှုန်းပြည့် အတည် ပြုထားပါတယ်''ဟု ပြည်ထောင်စုရှေ့နေရုံး မှ စုံစမ်းစစ်ဆေးမှုအကြီးအကဲ တောမတ်စ် ဇီရွန်က ပြောကြားခဲ့သည်။
နာဇာရီယိုမိုရီနိုသည် အသက်ရှင်နေ ရုံမက ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ဓားပြတိုက် ခြင်း၊ ပြန်ပေးဆွဲခြင်း၊ အခြားပြစ်မှုများ၊ ကျူး လွန်ခြင်းကို လုပ်ဆောင်နေသော ရာဇဝတ် ဂိုဏ်းတစ်ခု၏အကြီးအကဲအဖြစ် ဆက်လက် ဆောင်ရွက်နေကြောင်း အမည်မသိသတင်း ပေးများက ပြောကြားခဲ့ကြောင်း အစိုးရ၏လုံခြုံရေးဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ် အလီဂျန် ဒရိုရူဘီဒိုက ပြောကြားခဲ့သည်။
နာဇာရီယိုသည် ¤င်းသေဆုံးသည်ဟု သတင်းထွက်ပေါ်ပြီးနောက်ပိုင်း လူသတ် မှုများစွာကို ကျူးလွန်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ယုံကြည်ခဲ့သည်။
နာဇာရီယိုမိုရီနိုကို တနင်္ဂနွေနေ့ နံနက် က မီချိုယာကန်ပြည်နယ်၊ တမ်ဘစ်စကေး ရှိုးရွာတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း မစ္စ တာရူဘီဒိုက ပြောသည်။
''အဖမ်းခံဖို့ပြောတော့ သူက စပစ် တယ်။ ပြီတော့ အပစ်ခံရပြီး သူသေသွား တယ်''ဟု ¤င်းကပြောသည်။
အသက် ၄၃ နှစ်အရွယ် မိုရီနိုသည် မီချိုယာကန်ပြည်နယ်ရှိ မူးယစ်ဆေးဝါး ကုန် သွယ်မှုကို ကြီးစိုးခဲ့သည်။
မိုရီနိုအား သတ်ဖြတ်နိုင်ခြင်းသည် အ စိုးရ၏ မူးယစ်ဆေးဝါးကုန်သွယ်ရေး တိုက် ဖျက်မှု စစ်ဆင်ရေးတွင် တစ်လအတွင်း ဒုတိ ယမြောက် ကြီးမားသော အောင်မြင်မှုဖြစ် သည်။ ဖေဖော်ဝါရီလနောက်ပိုင်းက ကြီး မားသည့် ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဂျိုအာကွင်းဂတ်ဇ်မဲန်ကို ဆီနာလိုအာ ပြည် နယ်တွင် ဖမ်းဆီးနိုင်ခဲ့သည်။
Ref: BBC
*******************
The Yangon Times Journal
Vol - 10 , No. 11
March 13 - 19 , 2014
*******************

နှစ် ၅၀ ကျော် တောင်းရမ်းစားသောက်ခဲ့သူ ဆော်ဒီနိုင်ငံသူ သေဆုံးချိန်၌ မီလီယံနာဖြစ်နေ


နှစ် ၅၀ ကျော် တောင်းရမ်းစားသောက်ခဲ့သူ ဆော်ဒီနိုင်ငံသူ သေဆုံးချိန်၌ မီလီယံနာဖြစ်နေ
Tuesday, March 18, 2014
နှစ်ပေါင်း ၅၀ ကျော်မျှ တောင်းရမ်းစားသောက်ခဲ့သော အသက် ၁၀၀ အရွယ် ဆော်ဒီအမျိုးသမီးတစ်ဦးမှာ ၎င်းသေဆုံးချိန်၌ ငွေကြေးအများအပြားနှင့် အဆောက်အအုံ လေးခုချန်ထားခဲ့ကြောင်း အမ်းမရိတ် သတင်း တစ်ရပ်တွင် မတ်လ ၁၆ ရက်က ဖော်ပြထားသည်။
အိုင်ရှာဟု အမည်ရသည့် အဆိုပါအမျိုးသမီးမှာ ဆွေးမျိုးသားချင်း မရှိသောကြောင့် ၎င်း၏ ပိုင်ဆိုင်မှုများကို အာဏာပိုင်များသို့ပေးအပ်ရန် အိမ်နီးနားချင်း တစ်ဦးသို့ ပြောဆိုခဲ့ရာမှတစ်ဆင့် ယခုကဲ့သို့ သိရှိခဲ့ရခြင်း ဖြစ်သည်။
အနှစ် ၅၀ကျော် တောင်းရမ်းစားသောက်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းမှုပြုခဲ့သည့် ပင်လယ်နီဆိပ်ကမ်း မြို့ ဂျက်ဒါရှိ အဆောက်အအုံလေးလုံးနှင့် ငွေကြေးတို့၏ စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၁ ဒသမ ၃သန်း ရှိသည်ဟု အာရဗျသတင်းစာ Okaz မှ ခန့်မှန်းထားသည်။
“သူ့မှာ ငွေသားချည်း ကန်ဒေါ်လာ တစ်သန်းကျော်လောက် ရှိပါတယ်။ ဒါ့အပြင် အဆောက်အအုံ လေးခု လည်း ရှိပါသေးတယ်” ဟု ၎င်းမသေဆုံးမီ နှစ်ပေါင်းများစွာ စောင့်ရှောက်ခဲ့သည့် အိမ်နီးနားချင်းက ပြော ကြားခဲ့သည်ဟု Okaz တွင် ဖော်ပြထားသည်။
“သူမသေခင်မှာ အာဏာပိုင်တွေကို အကြောင်းကြားပြီး ပိုင်ဆိုင်သမျှတွေပေးဖို့ ကျွန်တော့်ကို မှာခဲ့တယ်၊ အဲဒါကြောင့် ကျွန်တော်တို့ အိမ်နီးချင်းတွေရဲ့ ဂုဏ်ပုဒ်ကိုထောက်ပြီး အကုန်လုံးကို ပေးသွားမှာပါ၊ လိုအပ် တာတွေကို အမြန်ဆုံးဆက်လက် လုပ်ဆောင်သွားပါမယ်” ဟုလည်း ၎င်း အိမ်နီးနားချင်းက ပြောကြားခဲ့သည်။
Mizzima - News in Burmese

အမေရိကန်ကို “ပြာမှုန့်” ဖြစ်အောင် ရုရှလုပ်နိုင်ဟု နိုင်ငံပိုင်ရုပ်သံ ဆို


အမေရိကန်ကို “ပြာမှုန့်” ဖြစ်အောင် ရုရှလုပ်နိုင်ဟု နိုင်ငံပိုင်ရုပ်သံ ဆို
အေအက်ဖ်ပီ
ကရိုင်းမီးယားဒေသနှင့် သက်ဆိုင်သော တင်းမာမှုများ မြင့်တက်နေသည့် အချိန်နှင့် တစ်ပြိုင်နက်တည်း၌ ရုရှနိုင်ငံပိုင် ရုပ်သံဌာနမှ အမေရိကန်နိုင်ငံကို “ပြာအဖြစ် ပြောင်းလဲသွားစေရန် ရုရှနိုင်ငံသာလျှင် ပြုလုပ်နိုင် သည်” ဟု ရုရှရုပ်သံမှ မတ်လ ၁၆ ရက်က ဖော်ပြခဲ့သည်ဟု အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“အမေရိကန်နိုင်ငံကို ရေဒီယိုသတ္ထုကြွ ပြာမှုန်ဖြစ်သွားအောင် အမှန်တကယ် ပြုလုပ်နိုင်တဲ့ နိုင်ငံဟာ ဒီကမ္ဘာ ပေါ်မှာ ရုရှ တစ်နိုင်ငံတည်းပဲ ရှိပါသေးတယ်” ဟု ရုပ်သံကြေညာသူ ဒီမီထရီကစ်(စ်)လုပ်က နိုင်ငံပိုင်ရုပ်သံ Rossiya 1 ၏ အပတ်စဉ်ကဏ္ဍတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ယူကရိန်းအကျပ်အတည်း ပေါ်ပေါက်နေချိန်၌ သမ္မတဗလာဒီမာပူတင် ဦးဆောင်သည့် ရုရှနိုင်ငံအား အမေရိ ကန် ပြည်ထောင်စုနှင့် သမ္မတအိုဘားမားတို့မှ ကြောက်ရွံ့ ထိတ်လန့်နေရသည် ဟူသော ၎င်း၏ အဆိုကို အထောက်အကူဖြစ်စေရန်အတွက် ကစ်(စ်)လုပ်က ယခုကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese

နိုင်ဂရု(ပ်) ဆောက်လုပ်ရေး ကုမ္ပဏီဒါရိုက်တာ ကလပ်တွင် ရိုက်နှက်ခံရဟုဆို


နိုင်ဂရု(ပ်) ဆောက်လုပ်ရေး ကုမ္ပဏီဒါရိုက်တာ ကလပ်တွင် ရိုက်နှက်ခံရဟုဆို
###################################
မရမ်းကုန်းမြို့နယ်ရှိ ကလပ်တစ်ခုတွင် အရက်သောက်နေစဉ် ကားဖြင့်ရောက်လာသည့် လူငါးဦးက ၀င် ရောက်ရိုက်နှက်ခဲ့သည်ဆိုကာ နိုင်ဂရု(ပ်) ကုမ္ပဏီဒါရိုက်တာ၏ အမှုဖွင့် တိုင်တန်းမှုကို မြို့နယ်ရဲစခန်းက မတ်လ ၁၆ ရက်တွင် အမှုဖွင့် စစ်ဆေးနေသည်။
နိုင်ဂရု(ပ်) ကုမ္ပဏီဒါရိုက်တာဖြစ်သူ ဦးမျိုးဇော်သောင်းနှင့် ကုမ္ပဏီမှဝန်ထမ်းဖြစ်သူ အောင်မျိုးထွန်းတို့သည် နံနက် ၃နာရီအချိန်က အမှတ်(၁၀)ရပ်ကွက်၊ ကန်ရိပ်သာလမ်းရှိ Brave Bar ကလပ်တွင် ဘီယာသောက် ခဲ့ကြသည်ဟု ဆိုထားသည်။
ထိုအချိန်တွင် အရက်မူးနေသည့် အသက် (၃၀)နှစ်ခန့်ရှိ အမျိုးသား ငါးဦး (စုံးစမ်းဆဲ)တို့ ရောက်ရှိလာပြီး အကြောင်းမဲ့ ဆဲဆိုကာ ၀ိုင်းဝန်းထိုးကြိတ် ကန်ကျောက်ကြသဖြင့် ကြောက်လန့်၍ ထွက်ပြေးခဲ့သည်ဟု တရားလိုက ဆိုသည်။
အဆိုပါ လူများမှာ ကလပ်အ၀င်ဝထိ လိုက်လံထိုးကြိတ်ခဲ့ကြပြီး ကလပ်လုံခြုံရေး ၀န်ထမ်းများက ၀ိုင်းဝန်း ဖြန်ဖြေသဖြင့် ရန်ပွဲပြီးဆုံးသွားသည်ဟုလည်း ရဲထံတွင် ပြောပြထားသည်။
ထို့ကြောင့် ဦးမျိုးဇော်သောင်းတွင် ဦးခေါင်းဝဲဘက်နောက် ကွဲရှဒဏ်ရာ တစ်ချက်၊ ရှေ့အပေါ်သွား တစ် ချောင်းကျိုး၊ ခါးဝဲဘက်နှင့် ကျောတွင် နာကျင်ဒဏ်ရာ၊ နှုတ်ခမ်းအပေါ်အောက် ဖူးရောင်ဒဏ်ရာ၊ နှာခေါင်း ဖူးရောင်နာကျင်ဒဏ်ရာများ ရရှိထားသည်ဟုလည်း တရားလိုက ဆိုသည်။
ယင်းအပြင် ကုမ္ပဏီမှ ၀န်ထမ်းဖြစ်သူ အောင်မျိုးထွန်းတွင် ၀ဲပါးပွန်းဒဏ်ရာ၊ ဦးခေါင်း နာကျင်ဒဏ်ရာများ ရရှိခဲ့ပြီး ၀ိုင်းဝန်း ထိုးကြိတ်သူများမှာ Surf အနက်ရောင်ကားဖြင့် ရောက်ရှိလာသူများဖြစ်ကြောင်း လုံခြုံ ရေးဝန်ထမ်းများက ပြောပြသိရှိထားသည်ဟုလည်း ရဲထံတွင် ထည့်သွင်း ပြောပြထားသည်။
ထို့ကြောင့် ၀ိုင်းဝန်းထိုးကြိတ်ခဲ့သည့် အမျိုးသား ငါးဦးကို အရေးယူပေးရန် ကုမ္ပဏီဒါရိုက်တာက အမှုဖွင့် တိုင်တန်းထားခြင်း ဖြစ်သည်။ ယင်းတိုင်တန်းမှုကို မြို့နယ်ရဲစခန်းက (ပ)၆၂/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှု ပုဒ်မ ၂၉၄/၃၂၅/၁၁၄ တို့ဖြင့် အရေးယူရန် စုံစမ်းဖော်ထုတ်နေသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ထားသည်။
Mizzima - News in Burmese

အမျိုးသမီးတစ်ဦး တိုက်ပေါ်မှခုန်ချသဖြင့် ဒဏ်ရာရ


အမျိုးသမီးတစ်ဦး တိုက်ပေါ်မှခုန်ချသဖြင့် ဒဏ်ရာရ
ရန်ကုန်၊ မတ် ၁၈
၁၈.၃.၂၀၁၄ ရက်နေ့ ၀၈၃၀ အချိန်ခန့်တွင် လှိုင်မြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ခရေ(၃)လမ်း၊ တိုက်အမှတ်-- နေ မ----- သည် ၎င်း၏မိဘများ
နေထိုင်ရာ တောင်ငူမြို့သို့ပြန်လိုကြောင်း ပြောသည်ကို ယောက္ခမ
ဖြစ်သူတို့မှ မပြန်ရန်တားမြစ်ခဲ့သဖြင့် စိတ်ဆိုးကာ နေအိမ်တိုက်ခန်း
(၆)လွှာ၊ ၀ဲဘက်ဘေးပြူတင်းပေါက်မှ အောက်သို့ခုန်ချခဲ့ရာ (၃)လွှာရှိ ဆန်းရှိတ်ပေါ်မှတစ်ဆင့် မြေညီထပ်ရှိ ကားဂိုဒေါင်သွပ်မိုးပေါ်သို့ကျပြီး သွပ်မိုးပေါက်ကာ မြေကြီးပေါ်သို့ ပြုတ်ကျခဲ့ပါသည်။
ထိုသို့ခုန်ချခဲ့သည့်အတွက် မ---- တွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာနှင့် ခါးနာကျင်ဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ
(မစိုးရိမ်ရ)အဖြစ် တက်ရောက် ဆေးကုသမှုခံယူလျက်ရှိပါသည်။
ယင်းကဲ့သို့ မိမိကိုယ်ကိုသေကြောင်းကြံစည်ခဲ့သူ မ--- အား ပိတောက်ချောင်းနယ်မြေရဲစခန်း (ပ)၁၃၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၀၉ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။


Yangon Police

ဝိုင်ဖိုင် အင်တာနက်စနစ်ကို ပုဂ္ဂလိကနှင့် ပူးပေါင်းပြီး ဝန်ဆောင်မှုပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းစီစဉ်


ဝိုင်ဖိုင် အင်တာနက်စနစ်ကို ပုဂ္ဂလိကနှင့် ပူးပေါင်းပြီး ဝန်ဆောင်မှုပေးနိုင်ရန် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းစီစဉ်
========
ဝိုင်ဖိုင်အင်တာနက်ဝန်ဆောင်မှုစနစ်ကို အများပြည်သူသို့ ဝန်ဆောင်မှုပေးရောင်းချနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၎င်းတို့၏ ဝန်ဆောင်မှုအသစ်အတွက် ပြည်တွင်း၊ ပြည်ပ နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်ရန် စီစဉ်ထားသည်ဟု ယင်းလုပ်ငန်းမှ စုံစမ်းသိရသည်။ အဆိုပါ လုပ်ငန်းအနေဖြင့် ဝိုင်ဖိုင်အင်တာနက်စနစ်ကို အကျိုးတူ လုပ်ကိုင်လိုသော ၎င်းတို့နှင့်ပူးပေါင်းဆောင်ရွက်လိုသည့် ကုမ္ပဏီများကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလက စတင်ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ထိုအစီအစဉ်ကို လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်နိုင်ရန်နှင့် အများပြည်သူသို့ ရောင်းချနိုင်ရန် ဆောင်ရွက်နေကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


Internet Journal

စကားကျယ်လောင်စွာပြောသည်ကို တားမြစ်ရာမှ ခိုက်ရန်ဖြစ်ပွား


စကားကျယ်လောင်စွာပြောသည်ကို တားမြစ်ရာမှ ခိုက်ရန်ဖြစ်ပွား
ရန်ကုန်၊ မတ် ၁၈
၂၇.၂.၂၀၁၄ ရက်နေ့ ၁၉၀၀ အချိန်ခန့်တွင် ကိုရီးယားနိုင်ငံသား 
Mr. Jang Weol Sang သည် ကိုရီးယားလူမျိုး သူငယ်ချင်း(၃)ဦးနှင့်အတူ တာမွေမြို့နယ်ရှိ ဂရင်းလိဒ်ဟိုတယ် မြေညီထပ်စားသောက်ခန်း၌ စားသောက်နေစဉ် တစ်ဘက်ဝိုင်းမှ ဂရင်းလိဒ်ဟိုတယ်တွင်အလုပ်လုပ်ကိုင်
သော မြင့်စိုး(စုံစမ်းဆဲ)နှင့် ကိုရီးယားလူမျိုး(၂)ဦးတို့မှ စကားကျယ်လောင်စွာပြောဆိုနေသည်ကို Mr. Jang Weol Sang မှ စကားတိုးတိုးပြောရန် ပြောဆိုတားမြစ်ခဲ့ကြောင်း၊ ထိုသို့တားမြစ်ခဲ့သဖြင့်
မြင့်စိုးမှ ဆိုဂျူးအရက်ပုလင်းကိုရိုက်ခွဲပြီး ထိုးသောကြောင့်
Mr.Jang Weol Sang တွင် ၀ဲမျက်လုံးအောက် ပြတ်ရှဒဏ်ရာရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရကြောင်း၊
မြင့်စိုးနှင့်အတူပါလာသော ကိုရီးယားနိုင်ငံသားများမှ ရဲစခန်းသို့ တိုင်ကြားခြင်းမပြုရန်နှင့် ဆေးဖိုးစရိတ်ပေးကာ လာရောက်တောင်းပန်
မည်ဖြစ်ကြောင်း ပြောဆိုခဲ့သောကြောင့် စောင့်ဆိုင်းနေခဲ့ရာမှ လာရောက်ဖြေရှင်းခြင်းမပြုသဖြင့် အရေးယူပေးရန် ၁၇.၃.၂၀၁၄ရက်နေ့
တွင် လာရောက်တိုင်တန်းချက်အရ တာမွေမြို့မရဲစခန်း(ပ)၁၃၈/၂၀၁၄၊
ပြစ်မှုပုဒ်မ-၃၂၄ ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ယခင်နှစ်အဆက်ဆက်က တယ်လီဖုန်းခေါ်ဆိုခ ကြွေးကျန်များအား မတ်လ (၂၃) ရက်နေ့ နောက်ဆုံးထား ပေးသွင်းရမည်


ယခင်နှစ်အဆက်ဆက်က တယ်လီဖုန်းခေါ်ဆိုခ ကြွေးကျန်များအား မတ်လ (၂၃) ရက်နေ့ နောက်ဆုံးထား ပေးသွင်းရမည်
=======
အချို့သော တယ်လီဖုန်းများသည် ယခင်နှစ်အဆက်ဆက်မှ ဖေဖော်ဝါရီလကုန်အထိ တယ်လီဖုန်းခေါ်ဆိုခ ကြေးကျန်များ ပေးသွင်းရန် ကျန်ရှိနေကြောင်း တွေ့ရှိရသည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ငှားရမ်းသုံးစွဲခဲ့သည့် တယ်လီဖုန်းများအနက် အချို့တယ်လီဖုန်းများသည် ယခင်နှစ်အဆက်ဆက်မှ ၂၈.၂.၂၀၁၄ အထိ တယ်လီဖုန်းခေါ်ဆိုခ ကြွေးကျန်များပေးသွင်းရန် ကျန်ရှိနေကြောင်း၊ ယင်းတယ်လီဖုန်းခေါ်ဆိုခ ကြွေးကျန်များအား ၂၃.၃.၂၀၁၄ နေ့နောက်ဆုံးထား၍ သက်ဆိုင်ရာငွေလက်ခံ စခန်းများတွင် ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။ “ကြာနေတဲ့အကြွေး ကြွေးဟောင်းတွေဆိုရင်တော့ ရုံးချုပ် (မောင်ထော်လေးလမ်း) မှာပဲ ဆောင်ရမှာဖြစ်ပါတယ်။ ကျန်တဲ့ အွန်လိုင်းဘီလ်တို့ ဘာတို့ကတစ်ဆင့် ဆောင်လို့မရပါဘူး။ ရုံးချုပ်ကတော့ နေ့စဉ်ပိတ်ရက်မရှိ ဖွင့်ပေးသွားမှာပါ။ မတ်လ ၂၃ ရက်နေ့အထိ နောက်ဆုံးထား ဆောင်ရွက်ရမှာပါ” ဟု ရန်ကုန်မြို့ရှိ ဖုန်းခေါ်ဆိုခ ကြွေးကျန်စာရင်းနှင့် ဆက်သွယ်မေးမြန်းစုံစမ်းရန် နေရာမှ မေးမြန်းသိရှိရသည်။


Internet Journal

စာမေးပွဲဖြေဆိုနေသူ ကျောင်းသားတစ်ဦး မြွေကိုက်ခံရ



စာမေးပွဲဖြေဆိုနေသူ ကျောင်းသားတစ်ဦး မြွေကိုက်ခံရ

ရန်ကုန်၊ မတ် ၁၇

၁၇.၃.၂၀၁၄ရက်နေ့ ၀၈၄၅ အချိန် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အထက(၃)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသူ
မောင်သက်ထွန်းဦး(၂၃)နှစ်၊ ခုံအမှတ် ဆဒတ-၁၇၆၆၊ သိပ္ပံတွဲ(ပြင်ပဖြေ)၊ (ဘ)ဦးတင်ထွန်း၊ (၁၈)ရပ်ကွက်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်
နေသူသည် ကျောင်းအိမ်သာသို့သွားရာမှ ခြေမျက်စေ့အထက်နားသို့
မြွေကိုက်ခံရသဖြင့် ၀၉၀၃ အချိန်တွင် ဆရာ၊ ဆရာမများလိုက်ပါလျက် ဒဂုံတောင်မြို့နယ်ဆေးရုံမှတစ်ဆင့် သင်္ဃန်းကျွန်းစံပြဆေးရုံ၊
ထိုမှတစ်ဆင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရာ အထူးကြပ်မတ် ကုသဆောင်၊ ကုတင်အမှတ်(၁၈)၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police

Centuryply သစ်ပါးလွှာစက်ရုံတွင် တပေါင်းလပြည့်နေ့တွင် စက်ရုံရှိအလုပ်သမားများနှင့် စက်ရုံဝန်ထမ်းများစုပေါင်း၍ စက်ရုံအတွင်း အလှူမင်္ဂလာ အမှတ်တရ ဓါတ်ပုံမျာ


Centuryply သစ်ပါးလွှာစက်ရုံတွင် တပေါင်းလပြည့်နေ့တွင် စက်ရုံရှိအလုပ်သမားများနှင့် စက်ရုံဝန်ထမ်းများစုပေါင်း၍ စက်ရုံအတွင်း အလှူမင်္ဂလာ အမှတ်တရ ဓါတ်ပုံမျာ