သတင်းနှင့်နည်းပညာများ

1/29/14

(၁၀၉)လိုင်းကားသန်လျင်၌လမ်းဘေးထိုးကျ ဆေးရုံသို့ပို့သည့် ရေပိုက်လိုင်း ပေါက်သွားခဲ့


(၁၀၉)လိုင်းကားသန်လျင်၌လမ်းဘေးထိုးကျ ဆေးရုံသို့ပို့သည့်
ရေပိုက်လိုင်း ပေါက်သွားခဲ့

ချစ်ဟန်ဝင်း၊ ရန်ကုန်၊ ဇန်န၀ါရီ-၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် သန်လျင်မြို့ ဆေးရုံအောက်ကွေ့ မှတ်တိုင်အနီး၌ ဇန်န၀ါရီ ၂၈ ရက် နံနက်ပိုင်းက ရန်ကုန်အနောက်ပိုင်းခရိုင် (၁၀၉) ယာဉ်လိုင်း သန်လျင်-ရန်ကုန် ခရီးသည်တင်လိုင်းကား လမ်းဘေး ထိုးကျမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီ ၂၈ ရက် နံနက် ၉ နာရီခန့်တွင် သန်လျင်-ရန်ကုန် ခရီးသည်တင်ယာဉ်သည် သန်လျင်မြို့ ဆေးရုံ ကွေ့ မှတ်တိုင်အနီး၌ ရန်ကုန်သို့သွားရန် မောင်းနှင်လာစဉ်ယာဉ်၏ စက်ပိုင်းဆိုင်ရာချွတ်ယွင်း မှုကြောင့် လမ်းဘေးဝဲဘက်သို့ ဦးခေါင်းပိုင်းထိုးကျသွားခဲ့ပြီး ဆေးရုံ သို့ပို့ပေးသည့် ရေပိုက်အား ထိခိုက်မိသဖြင့် ရေများဒလဟောပန်း ထွက်နေသည်ကို တွေ့ခဲ့ရသည်။

ယာဉ်လမ်းဘေးထိုးကျမှုကြောင့် ကားပေါ်တွင်ပါလာ သည့် ခရီးသည်များ ဒဏ်ရာ (ပွန်းရှ၊ ထိခိုက်)အနည်းငယ်ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာသို့ သန်လျင်ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၄၅) မှ ရဲအုပ်ကျော်ဝင်းနိုင်နှင့်အဖွဲ့
ရောက်ရှိစစ်ဆေးခဲ့သည်။

စံတော်ချိန် နေ့စဉ်သတင်းစာ

လုပ်ခသွားတောင်းသူတွေကို သေးပန်းတဲ့ တရုတ်တွေရဲ့ CNPC ရုံးခွဲ မီးရှို့ခံရ


လုပ်ခသွားတောင်းသူတွေကို သေးပန်းတဲ့ တရုတ်တွေရဲ့ CNPC ရုံးခွဲ မီးရှို့ခံရ

လုပ်ခတောင်းသူတဲ့သူတွေကို ရုံးပေါ်ကနေ သေးနဲ့ပန်းချတဲ့ အတွက် တရုတ် CNPC ရဲ့ ရုံးခွဲ တစ်ခုကို ဒီလ ၂၆ ညနေပိုင်းက ဒေသခံတွေက မီးရှို့လိုက်ကြတယ်လို့ သိရပါတယ်။

ဒေသခံ ကျေးရွာသား တစ်ဦးပြောတာကတော့ အခု မီးရှို့ခံရတဲ့ တရုတ် CNPC ရုံးခွဲဟာ ရခိုင်ပြည်နယ် အမ်းမြို့နယ် ဆင်ခုံးတိုင်းကျေးရွာမှာ တည်ရှိတယ်လို့ ပြောပါတယ်။

ဖြစ်ပွားပုံနဲ့ ပတ်သက်ပြီး သူက ပြောကြားရာမှာ လုပ်ခ သွားတောင်းတဲ့ ရွာသားတွေ ရုံးအောက်မှာ စုရုံးနေချိန်မှာ တရုတ်ဝန်ထမ်း တစ်ဦးက ရုံးပေါ်ကနေ သေးပန်းချတယ်လို့ ပြောပါတယ်။ ဒီအပေါ်မှာ မကျေနပ်တဲ့ အတွက် ခုလို မီးရှို့လိုက်ကြတာဖြစ်တယ်လို့ ပြောပါတယ်။

ရွာသားတွေက သေးပန်းခံရတဲ့နောက်မှာ ၀ိုင်းဝန်းတိုက်ခိုက်ခံရမှာကို စိုးရိမ်တဲ့ အတွက် တရုတ်ဝန်ထမ်းတွေ ထွက်ပြေးသွားတဲ့ နောက်မှာ တရုတ်ဝန်ထမ်းတွေနေတဲ့ ရုံးခွဲ တစ်ခုနဲ့ ဆီပီပါတွေကို ရွာသားတွေက မီးရှို့လိုက်တယ်လို့ သူက ဆိုပါတယ်။

တရုတ်ဝန်ထမ်းတွေဟာ အစိုးရ အချင်းချင်း လုပ်တဲ့ စီမံကိန်းတွေ ဖြစ်တယ်ဆိုပြီး ဘယ်သူကိုမှ ဂရုမစိုက်သလို ဘယ်မြန်မာ အစိုးရ အရာရှိမှလည်း သူတို့ကို မပြောဝံ့တာကြောင့် ဒေသခံ လုပ်သားတွေ အပေါ်မှာ မချေမငံ ဆက်ဆံတာတို့၊ ရိုင်းပျစော်ကားတာတွေ ပြုလုပ်နေတာတွေ ကြာပြီဖြစ်တယ်လို့လည်း ဆိုပါတယ်။

ခုလို ဆက်ဆံပြုမူနေတာတွေကို အရင်ကလည်း တိုင်းတန်းတာတွေ ရှိပေမယ့် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အဆင့်ရှိသူတွေက ဘာတစ်ခုမှ ၀င်ရောက်ပြောဆိုတာတွေ မရှိဘူးလို့လည်း လူမူရေး လူပ်ရှားနေသူတွေက ပြောပါတယ်။

ဒါ့ပြင် လုပ်အားခ လျှော့ပေးတာတို့၊ လုပ်အားခတွေကို ပုံမှန် မရှင်းပေးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

နောက်ဆုံး ရရှိတဲ့ သတင်းအရ အခင်းဖြစ်ပွားတဲ့ ဆင်ခုံးတိုင်ရွာကို ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့က ရဲတွေ ရောက်ရှိနေပြီး ဖမ်းဆီးတာ တချို့လည်း ရှိနေတယ်လို့ သိရပါတယ်။

Credit By - သတင်းထူးများ စုစည်းရာ

ရခိုင်ပြည်နယ်၏ တစ်ကျော့ပြန်ပဋိပက္ခအား ဖြေရှင်းအသွင်ပြောင်းခြင်း ဒေသတွင်းငြိမ်းချမ်းရေးဆီသို့


ရခိုင်ပြည်နယ်၏ တစ်ကျော့ပြန်ပဋိပက္ခအား ဖြေရှင်းအသွင်ပြောင်းခြင်း ဒေသတွင်းငြိမ်းချမ်းရေးဆီသို့
----------------
ရေးသားသူ- ဒေါက်တာအရိုင်

ဒေါက်တာအရိုင်(Arai)သည် လွတ်လပ်သောလူမှုရေးသိပ္ပံပညာရှင် (social scientist) တစ်ယောက်ဖြစ်ပြီး ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များကို လက်တွေ့နယ်ပယ်တွင် ဆောင်ရွက်လျက်ရှိသော ဂျပန်လူမျိုးတစ်ယောက်ဖြစ်သည်။ ၂၀၁၃ သြဂုတ်လအတွင်း မြန်မာနိုင်ငံ အရပ်ဒေသအများအပြားသို့ ကွင်းဆင်းလေ့လာခဲ့ပြီး လူတွေ့အင်တာဗျူးများလည်း များစွာဆောင်ရွက်ခဲ့သည်။

၂၀၁၂ ခုနှစ်ကတည်းကစတင်၍ ရခိုင်ပြည်နယ်၌ ဖြစ်ပွားခဲ့သော ဒေသတွင်းပဋိပက္ခသည် မျိုးဆက်အဆင့်အဆင့် ကြာရှည်စွဲမြဲစွာ တည်ရှိလာခဲ့ပြီး ဆင့်ပွားကြီးထွားလာခဲ့သော လူမှုဖွဲ့စည်းပုံမမျှတမှုနှင့် စိုးရိမ်ကြောင့်ကြမှုစိတ်ရောဂါ (trauma) တို့ကို လှစ်ဟဖော်ပြလိုက်မှုပြယုဂ်တစ်ခုပင်ဖြစ်သည်။ ဤလူမှုဖွဲ့စည်းပုံမမျှတမှုနှင့် စိုးရိမ်ကြောင့်ကြမှုစိတ်ရောဂါတို့ ဖြစ်စေခဲ့သည့် သမိုင်းဆိုင်ရာ အရင်းအမြစ်မှာ (၁၈၂၄-၁၉၄၈ ဗြိတိသျှနှင့် ၁၉၄၂-၁၉၄၅ ဂျပန်)တို့၏ ကိုလိုနီလက်အောက်ကျရောက်ခဲ့ရခြင်းနှင့် လွတ်လပ်ရေးရပြီးနောက်ပိုင်းကတည်းက ကြုံလာခဲ့ရသော မြန်မာနိုင်ငံ၏ လူမျိုးရေး၊ တိုင်းရင်းသားရေးဆိုင်ရာ ဆက်ဆံရေးနှင့် အားလုံးပါဝင်သည့် စီမံအုပ်ချုပ်မှုနိုင်ငံရေးပြဿနာပင်ဖြစ်သည်။ ပဋိပက္ခအတွင်း ပါဝင်ခဲ့ကြသည့် နှစ်ဖက်အုပ်စုတို့၏ မိမိတို့ကိုယ်ပိုင်စရိုက်လက္ခဏာ (Identity) နှင့် တရားမျှတမှု (Justice) အသီးသီးအတွက် ရုန်းကန်ကြိုးစားမှုကို ဖြစ်စေခဲ့သည့် သမိုင်းဆိုင်ရာ နာကြည်းကြေကွဲမှုများ ရှိခဲ့သည်။ သို့စေကာမူ နာကျင်ဖွယ်ရာဖြစ်မည့် ခါးသီးသော ပကတိအမှန်တရားတစ်ခုကိုလည်း နောက်ထပ်ရင်ဆိုင်ကြရပေဦးမည်။ ယင်းမှာ ယခုပဋိပက္ခ ပိုမိုပျံ့နှံ့သွားသည်နှင့်အမျှ ပို၍ကြီးမားသော ဒေသတွင်းဆူပူအကြမ်းဖက်မှုများကိုပင် ဖြစ်ပွားစေနိုင်သည့်အခြေအနေအထိ ရောက်ရှိသွားနိုင်လိမ့်မည်ဟုဆိုလျှင် မှားမည်မထင်ပါ။ ဤအနေအထားသည် မြန်မာတစ်နိုင်ငံလုံး မငြိမ်မသက်ဖြစ်စေမည့် အနေအထားထိ ရောက်ရှိသွားစေနိုင်ပြီး တစ်နိုင်ငံလုံးနစ်နာဆုံးရှုံးမှုများ ကြုံတွေ့ကောင်းကြုံရနိုင်သည်။ ယခုလက်ရှိအခြေအနေသည် မည်သို့ပင်ခက်ခဲပြီး စဉ်းစားရကျပ်တည်းသော အခြေအနေမျိုး ဖြစ်နေစေကာမူ အသိုင်းအ၀ိုင်းနှစ်ဖက်စလုံးက လုပ်ရိုးလုပ်စဉ်ကြိုးပမ်းဆောင်ရွက်မှုများမှ လုံးဝရှောင်ဖယ်ကြရမည်ဖြစ်ပြီး မတူကွဲပြားသည့် ချဉ်းကပ်မှုပုံစံတစ်မျိုးနှင့် အဖြေရှာကြရပေလိမ့်မည်။ ရခိုင်ပြည်နယ်၏ ရေရှည်အနာဂတ် ပုံမှန်အနေအထား မည်သို့မည်ပုံဖြစ်လာနိုင်မည်နည်း။ ထိုကဲ့သို့ ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာစေရန် ခိုင်မာတိကျသော ဆောင်ရွက်မှုမျိုးကို မည်သို့ပူးပေါင်းအဖြေရှာကြမည်နည်းဆိုသည်မှာ မေးခွန်းအဖြစ်ကျန်ရှိနေဆဲ။

၂၀၁၃ သြဂုတ်လအတွင်း ရခိုင်ပြည်နယ်အပါအ၀င် ရန်ကုန်၊ မန္တလေးနှင့် အခြားဒေသများသို့ ရောက်ရှိခဲ့စဉ် ပဋိပက္ခ၏ နှစ်ဖက်စလုံးမှ ခေါင်းဆောင်များအား ထိုမေးခွန်းများ မေးမြန်းခဲ့ပါသည်။ ၎င်းတို့အထဲတွင် နိုင်ငံရေးပါတီခေါင်းဆောင်များ၊ မြန်မာနိုင်ငံအစိုးရဌာနများနှင့် အခြားနိုင်ငံတကာအစိုးရကိုယ်စားပြုသူများ၊ ဘာသာရေးဆိုင်ရာနှင့် အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ (အမျိုးသမီးများနှင့် လူငယ်များ)၊ မီဒီယာလုပ်ငန်းဌာနမှ ကျွမ်းကျင်ပုဂ္ဂိုလ်များ၊ သင်တန်းဆရာများနှင့် ရခိုင်ပြည်နယ်ရှိ ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေကြသူများ ပါဝင်ခဲ့ကြသည်။

ဤဆောင်းပါးတွင် အကြံပြုဖော်ပြအပ်သည့် ဆောင်ရွက်မှုလုပ်ငန်းစဉ်များသည် ထိုအင်တာဗျူးများ၊ အုပ်စုဆွေးနွေးမှုများနှင့် အလုပ်ရုံဆွေးနွေးမှုများမှတစ်ဆင့် အခြေခံ၍ ရရှိလာသည့် တွန်းအားရလဒ်များပင်ဖြစ်သည်။ ဤဆောင်ရွက်မှုလုပ်ငန်းစဉ်များကို ၁။ လုံခြုံရေးဆိုင်ရာ ရေတိုစီမံဆောင်ရွက်မှု ၂။ ရေလတ်နှင့် ရေရှည်နိုင်ငံသားဖြစ်မှုဆိုင်ရာ အကျပ်အတည်းကို အကောင်အထည်ဖော်စီမံဆောင်ရွက်မှု ၃။ ပြန်လည်သင့်မြတ်ရေးနှင့် အားလုံးပါဝင်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရေလတ်နှင့် ရေရှည် စီမံဆောင်ရွက်မှုဟူ၍ အပိုင်းသုံးပိုင်း ခွဲခြားတင်ပြထားသည်။ ဤသည်တို့မှာ အကြံပြုတင်ပြမှု သက်သက်မျှဖြစ်သော်လည်း ရခိုင်ပြည်နယ်၏ အနာဂတ်နှင့် မြန်မာနိုင်ငံတွင်း နေထိုင်ကြသည့် ဒေသအသိုင်းအ၀ိုင်းများ အချင်းချင်း ယှဉ်တွဲနေထိုင်ရေး ဆောင်ရွက်မှုတို့အတွက် အသွင်တစ်မျိုးဆောင်သည့် မူဝါဒရေးဆိုင်ရာနှင့် ပြည်သူ့ရေးရာ အစပြုဆွေးနွေးပွဲများကို ဖြစ်စေလိမ့်မည်ဟု ယုံကြည်နေမိပါသည်။

လုံခြုံရေးဆိုင်ရာရေတိုစီမံဆောင်ရွက်မှု

ဖြစ်လာနိုင်ဖွယ်ရှိသည့် နောက်ဆက်တွဲတိုက်ခိုက်မှုများအား နှစ်ဖက်စလုံးမှ ကြောက်ရွံ့စိုးရိမ်စိတ်များ လွှမ်းမိုးလျက်ရှိနေကြဆဲဖြစ်သည့်အလျောက် ပေါက်တော၊ မြေပုံ၊ စစ်တွေမြို့ (သ၀င်ချောင်း)တို့ရှိ ယာယီစခန်းများတွင် နေထိုင်လျက်ရှိကြသော မွတ်ဆလင်များနှင့် အများစုဖြစ်သော ရခိုင်လူမျိုးတို့အကြား ယာယီသီးခြားနေရာချထားမှုအစီအစဉ်တစ်ခု လိုအပ်သည်။ သို့ရာတွင် အသိုင်းအ၀ိုင်းနှစ်ခုအကြား လိုအပ်ကောင်းလိုအပ်လာနိုင်သည့် ပတ်သက်ဆက်နွှယ်မှုမျိုးကို လုံးဝပိတ်ဆို့မှုသဖွယ် ဖြစ်စေနိုင်သည့် အဟန့်အတားပုံစံမျိုးများအား ရှောင်ရှားရန်လိုအပ်ပြီး ဤယာယီ သီးခြားနေရာချထားမှုအစီအစဉ်ကို ဖြည်းဖြည်းချင်း ရုပ်သိမ်းသွားနိုင်ရန် (သို့မဟုတ်) တိုးမြှင့်ဆောင်ရွက်သွားစေနိုင်ရန် လက်ရှိအခြေအနေကို မပြတ်လေ့လာစောင့်ကြည့်မှုကို အခြေခံသည့် စနစ်ကျသော အစီအစဉ်တစ်ခုထားရှိရန် လိုအပ်သည်။

နိုင်ငံသားပြုခြင်းဆိုင်ရာ အကျပ်အတည်းကိစ္စရပ်အတွက် ရေလတ်နှင့် ရေရှည်စီမံဆောင်ရွက်မှု

မြန်မာအစိုးရ၏ ရခိုင်ပြည်နယ်အတွင်း နှစ်ရှည်ငြိမ်းချမ်းရေးစီမံဆောင်ရွက်မှု လုပ်ငန်းစဉ်အား အာဆီယံ (သို့) ၎င်းအဖွဲ့ဝင်နိုင်ငံအချို့ (အင်ဒိုနီးရှားနိုင်ငံ ဖြစ်ကောင်းဖြစ်နိုင်သည်)မှ ကူညီပံ့ပိုးပေးရန် လိုအပ်လေသည်။ ၂၀၁၄ မြန်မာနိုင်ငံ အာဆီယံဥက္ကဋ္ဌသက်တမ်းအတွင်း နှစ်ဖက်အသိုင်းအ၀ိုင်း ညှိနှိုင်းဆွေးနွေးရေးနှင့် ပြန်လည်သင့်မြတ်ရေး တွေ့ဆုံဆွေးနွေးပွဲများ ဖန်တီးပေးခြင်းတို့ ပြုလုပ်နိုင်သည့်အပြင် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ကုလသမဂ္ဂ၊ အစ္စလာမ်မစ်နိုင်ငံများအသင်းနှင့် အခြားပါဝင်ပတ်သက်သူများ အသီးသီးပါဝင်သည့် နိုင်ငံတကာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်တစ်ခု စတင်ခြင်းဖြင့် ယခုတင်ပြအကြံပြုအပ်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား အကျိုးပြုနိုင်မည်ဖြစ်သည်။
ဤနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ အဓိကရည်ရွယ်ချက်မှာ ဆက်လက်ဖြစ်ပွားလျက်ရှိသော ပဋိပက္ခ၏ အသိုင်းအ၀ိုင်းနှစ်ဖက်စလုံးအတွက် အကျိုးရှိစေမည့် အဓိကကိစ္စရပ်များနှင့် ကျယ်ပြန့်လာသော နောက်ဆက်တွဲပြဿနာများကို တိကျသောအချိန်ကာလ အကန့်အသတ်အတွင်း ဖြေရှင်းစေနိုင်ရန်၊ နည်းပညာပိုင်းနှင့် စီးပွားရေးဆိုင်ရာပံ့ပိုးမှုများ ဆောင်ရွက်ပေးနိုင်ရန်၊ ပြည်ထောင်စုအစိုးရ၊ ရခိုင်ပြည်နယ်အစိုးရတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်ဖြစ်သည်။ ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိကြသော မွတ်ဆလင်လူဦးရေကို စစ်တမ်းကောက်ယူရာတွင် ကြုံတွေ့ရင်ဆိုင်ရသော အခက်အခဲများကို ဖြေရှင်းရာတွင် သင့်တင့်လျောက်ပတ်သော နိုင်ငံတကာ၏ အကူအညီကို ကြိုဆိုလိုသည့် ပြည်ထောင်စုအစိုးရ၏ ဆန္ဒနှင့်လည်း လိုက်လျောညီထွေမှုရှိပါသည်။ ပဋိပက္ခနှင့်ပတ်သက်သည့် နိုင်ငံရေးပိုင်းဆိုင်ရာကိစ္စရပ်ကိုမူ နိုင်ငံတော်အစိုးရ၏ သဘောထားဆန္ဒမပါဘဲ ကြားနေသူအဖြစ်ဖြင့်သော်လည်းကောင်း၊ ညှိနှိုင်းဝင်ရောက်ဆောင်ရွက်သူအဖြစ်ဖြင့်သော်လည်းကောင်း လုံး၀၀င်ရောက်စွက်ဖက်ကိုင်တွယ်ဖြေရှင်းခြင်း ပြုလုပ်မည်မဟုတ်ကြောင်းကို ရှင်းရှင်းလင်းလင်းဖော်ပြထားရမည်။

ယခုအကြံပြုတင်ပြအပ်သည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်နှင့်အတူ လက်တွဲပူးပေါင်းလျက် ပြည်ထောင်စုအဆင့်အစိုးရ၊ ရခိုင်ပြည်နယ်အစိုးရတို့က ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်လူဦးရေအတွက် တရားဝင်မြန်မာနိုင်ငံသားအဖြစ် စိစစ်ခံယူနိုင်မည့် နိုင်ငံတကာစံနှုန်းများကို အခြေခံသည့် အနေအထားတစ်ခုကို သတ်မှတ်ကြီးကြပ်ဆောင်ရွက်ကြရမည်။ နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူဟူ၍ သတ်မှတ်ခွဲခြားပါရှိသည့် မြန်မာနိုင်ငံ၏ ၁၉၈၂ နိုင်ငံသားဥပဒေသည် ထိုသို့ဆက်လက်ဆောင်ရွက်ရန် မူဘောင်ကောင်းတစ်ခုပင်ဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံ၏ အားလုံးပါဝင်မှုရှိသည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု မျှော်မှန်းချက်များကို ထင်ဟပ်စေရန် အရေးကြီးသည်။ ဤသို့ နိုင်ငံသားဖြစ်မှုဆိုင်ရာ သတ်မှတ်ပြင်ဆင်ရာတွင် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်အသိုင်းအ၀ိုင်းမှ ခေါင်းဆောင်များ၏ ပါဝင်ဆွေးနွေးမှုသည်လည်း ၎င်းတို့၏ လက်ခံနိုင်မှုနှင့် ရေရှည်အတွက် များစွာအကျိုးရှိလှမည်ဖြစ်သည်။ ဤလုပ်ငန်းဖြစ်စဉ်တစ်လျှောက်တွင် ပြည်ထောင်စုအစိုးရအနေဖြင့် ရခိုင်ပြည်နယ်အစိုးရအား လိုအပ်သည့်လုပ်ပိုင်ခွင့်နှင့် အရင်းမြစ်များကို သုံးစွဲပိုင်ခွင့်ပေးခြင်းဖြင့် များစွာအကျိုးရှိစေမည်။ ဤဖြစ်စဉ်အားလုံး၏ အနာဂတ်အကျိုးဆက်များကို ရေရှည်တွင် ကြုံတွေ့ရင်ဆိုင်ရမည်မှာ ဒေသခံအစိုးရပင်ဖြစ်သည် မဟုတ်ပါလော။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ၂၀၀၂-၂၀၀၉ တန်ဇနီးယားနိုင်ငံ (Tanzania) မှ ဘူရန်ဒီယန်(Burundian) စစ်ပြေးဒုက္ခသည်များကို ပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်မှ သင်ယူရရှိခဲ့သည့် နိုင်ငံတကာအတွေ့အကြုံအရ ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်အသိုင်းအ၀ိုင်း နိုင်ငံသားအဖြစ် စိစစ်ခံယူနိုင်မှုအား ဆုံးဖြတ်သတ်မှတ်ရန်အတွက် တိကျသောအချိန်ကာလတစ်ခု သတ်မှတ်ရေးဆွဲရမည်။ အချိန်ကာလအတိအကျတစ်ခုကို ဖော်ပြသတ်မှတ်ထားရှိရမည်ဖြစ်ပြီး ဤကာလအတွင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ၀င်ရောက်လာမှုမရှိစေရန် အထူးစီမံဆောင်ရွက်ရန် လိုအပ်သည်။ ဤလုပ်ငန်းစဉ်ကို ကောင်းစွာဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံအစိုးရအနေဖြင့် အာဆီယံ (သို့) အခြားနိုင်ငံတကာပူးပေါင်းမှုအစီအစဉ်များမှတစ်ဆင့် နည်းပညာပံ့ပိုးကူညီမှုများရယူရန် ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်သည်။

အကြံပြုတင်ပြအပ်သော လူဦးရေစိစစ်ကောက်ယူမှုနှင့် နယ်စပ်ဒေသ အထူးထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် ယခင်နယ်စပ်ဒေသကာကွယ်ရေး နစက (၂၀၁၃ ဇူလိုင်လ ဖျက်သိမ်း) ၀န်ထမ်းဟောင်းများအား လူမှုဆက်ဆံရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ပညာပေးသင်တန်းများ ပို့ချပေးခြင်းဖြင့် နစက၏ ပြည်သူ့ယုံကြည်မှုများ ပြန်လည်ရရှိလာအောင် ဆောင်ရွက်နိုင်သည်။ ၁၉၉၀ ပြည့်နှစ်များအတွင်း (အစ္စရေး-ပါလက်စတိုင်း) နှင့် (ပီရူး-အီကွေဒေါ) ညွန့်ပေါင်းတပ်များ သက်ဆိုင်ရာအငြင်းပွားနယ်စပ်တစ်လျှောက် စောင့်ကြည့်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့သကဲ့သို့ ဗုဒ္ဓဘာသာနှင့် မွတ်ဆလင်များပါဝင်သည့် အရည်အချင်းပြည့်ဝသည့် နယ်စပ်လုံခြုံရေးအဖွဲ့ ဖွဲ့စည်းရန် စဉ်းစားသင့်သည်။

ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရတို့မှ အဆိုပါဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် အခြားသော သက်ဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတို့တွင် လိုအပ်ပါက ၎င်းနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုကို ရယူနိုင်သည်။

ရခိုင်ပြည်နယ်အတွင်း ကန့်သတ်နေရာများရှိ မွတ်ဆလင်အသိုင်းအ၀ိုင်းနှင့် ယဉ်ကျေးမှုအရသော်လည်းကောင်း၊ ဘာသာရေးအရသော်လည်းကောင်း ဆက်နွှယ်မှုရှိနိုင်သည့် ခိုင်မာသည့် ဒေသတွင်း အစ္စလာမ်မစ်နိုင်ငံတစ်နိုင်ငံ (သို့) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ လူမှုအဖွဲ့အစည်းတစ်ခုခုကို ဖိတ်ခေါ်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် လူဦးရေစိစစ်ကောက်ခံရာတွင် လူဝင်မှုကြီးကြပ်ရေးမှ ဆက်လက်ကြုံတွေ့နေရသည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်နိုင်ပေမည်။ စိတ်ချယုံကြည်မှုရှိသော စစ်တမ်းကောက်ယူမှုအဖြစ် ပံ့ပိုးပေးနိုင်ရန် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အစီအစဉ်မှ အာဆီယံနိုင်ငံများဖြစ်ကြသည့် အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံ (သို့) ဂျပန်နှင့် ကိုရီးယားတို့၏အဖွဲ့သားများ ပူးပေါင်းဆောင်ရွက်မှုကို ရယူနိုင်သည်။

နိုင်ငံသားဖြစ်ခွင့်ကိစ္စ စိစစ်ဆောင်ရွက်ပြီးစီးပါက မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေနှင့်အညီ နိုင်ငံသားအခွင့်အရေး၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာအခွင့်အရေးများကို ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ လွတ်လပ်စွာယုံကြည်ကိုးကွယ်မှု၊ လွတ်လပ်စွာဟောပြောစည်းရုံးနိုင်မှုနှင့် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်မှု အခွင့်အရေးများပင်ဖြစ်သည်။ နိုင်ငံသားအဖြစ် ခံယူခွင့်မရရှိသူများ၏ အနာဂတ်အတွက် ရှင်းလင်းသေချာသော အစီအစဉ်တစ်ခုထားရှိရမည်။ ဥပမာအားဖြင့် နိုင်ငံခြားသားများဆိုင်ရာ မြန်မာနိုင်ငံသားအဖြစ် လျှောက်ထားခြင်း၊ ငွေကြေးအထောက်အပံ့အကူအညီတို့နှင့်အတူ တတိယနိုင်ငံတစ်ခုတွင် အခြေချနေထိုင်နိုင်ရေး စသည်တို့ပင်ဖြစ်သည်။

ပြန်လည်သင့်မြတ်ရေးနှင့် အားလုံးပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ရေလတ်နှင့် ရေရှည်စီမံဆောင်ရွက်မှု

နိုင်ငံသားဖြစ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိစဉ်တွင် ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးမှုအစီအစဉ်တစ်ခုကိုလည်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်အဖွဲ့၊ ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရတို့မှ တစ်ပြိုင်နက်တည်း စနစ်တကျအသေအချာပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားခဲ့သည့် ဒေသ၏ မိသားစုဝင်ငွေမြှင့်တင်မှုကို အလေးပေးဆောင်ရွက်ရန် အရေးကြီးသည်။ စိုက်ပျိုးရေး၊ ငါးမွေးမြူရေး၊ အသေးစားစီးပွားရေး၊ မူလတန်းအဆင့်ပညာရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး၊ ကျန်းမာရေးတို့နှင့်အတူ အခြေခံအဆောက်အအုံ (လမ်းများ၊ သက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးမှုအတွက် အရေးကြီးသည့် ဆိပ်ကမ်းများအပါအ၀င်)တို့မှာ အဓိကဦးစားပေးလုပ်ဆောင်ရမည့် ကဏ္ဍများဖြစ်သည်။ ရပ်ရွာလူထုအခြေပြု သမ၀ါယမနှင့် အသေးစားချေးငွေလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့တစ်ခု (“ကနဦး သက်မွေးဝမ်းကျောင်းဆိုင်ရာဖွံ့ဖြိုးမှု” ဟူ၍ ရပ်ရွာလူထု ကိုယ်တိုင်စီမံခန့်ခွဲမှုမျိုးပုံစံ) ရှိခြင်းဖြင့် အကျိုးရှိစေပါလိမ့်မည်။ ဒေသခံများ၏ လိုလားမှုဆန္ဒကို အထူးဦးစားပေး၍ ဖြစ်နိုင်မည်ဆိုပါက စီးပွားရေးလုပ်ငန်းဆိုင်ရာ နှစ်ဖက်ကူးလူးဆက်ဆံမှုကို ဖန်တီးပေးနိုင်မည့် ၀င်ငွေလည်ပတ်မှုဆိုင်ရာလုပ်ငန်းများကို ထည့်သွင်းစဉ်းစားသင့်သည်။

ဤနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ နည်းပညာပိုင်းနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုများဖြင့် အသိုင်းအ၀ိုင်းတစ်ဖက်ဖက်မှ (သို့မဟုတ်) နှစ်ဖက်စလုံး၏ ယုံကြည်လေးစားမှုရှိသည့် ဘာသာရေးနှင့် အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်တို့မှ တောင်အာရှနှင့် အရှေ့အလယ်ပိုင်းနှစ်ခုစလုံးတွင် အခြေစိုက်နေသော Rohigya Solidarity Organization (RSO) ကွန်ယက်များ၏ ခေါင်းဆောင်မှုပိုင်းနှင့် သြဇာလွှမ်းမိုးမှုရှိသော ဘုန်းတော်ကြီးများနှင့် အများစုလက်ခံကျင့်သုံးသည့် ဗုဒ္ဓဘာသာမြန်မာနိုင်ငံဖြစ်တည်မှုလက္ခဏာရပ်ကို တက်တက်ကြွကြွကာကွယ်ရန် တစိုက်မတ်မတ် ကြိုးစားလုပ်ဆောင်နေကြသည့် အများကြည်ညိုလေးစားသော ဗုဒ္ဓဘာသာ လောကီခေါင်းဆောင်များအား အဆက်အသွယ်ပြုလုပ်နိုင်မည့် နည်းလမ်းတစ်သွယ်ကို ရှာဖွေရန်လိုအပ်နေသည်။ နှစ်ဖက်စလုံးမှ ပါဝင်ပတ်သက်နေကြသော ယင်းအထောက်အကူပြုအဖွဲ့များမှ ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာပံ့ပိုးမှုများအစား ရခိုင်ပြည်နယ်ရှိ ၀င်ငွေနိမ့် အိမ်ထောင်စုများအား နိုင်ငံရေးသွေးထိုးလှုံ့ဆော်မှုနှင့် အကြမ်းဖက်မှုများအတွင်းသို့ ကျရောက်စေသည့် စီးပွားရေးနိမ့်ကျမှုနှင့် လူမှုရေးမမျှတမှုတို့ကို ဖြစ်စေသည့် အဓိကအကြောင်းခြင်းရာများပေါ်တွင် ပြန်လည်အလေးထား အာရုံပြုကြရမည်။

ပြည်ထောင်စုအစိုးရ၊ ရခိုင်ပြည်နယ်အစိုးရနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်အဖွဲ့တို့ ပူးပေါင်း၍ နှစ်ဖက်စလုံးမှ ဒေသတွင်း ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များ၏ ပြန်လည်နေရာချထားရေးကို ကူညီထောက်ပံ့ရန် လိုအပ်သည်။ ဘက်စုံအသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဖန်တီးပေးခြင်း ဖြစ်ပေါ်လာမည့် မြေယာနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်မှု အငြင်းပွားခြင်းများ ဖြေရှင်းပေးခြင်းတို့ကို ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်၏ အစပိုင်းလုပ်ငန်းစဉ်များအဖြစ်ဖြင့် သွက်လက်မြန်ဆန်စွာ ဆောင်ရွက်ရမည်။

ပြည်သူလူထုအားလုံးအတွက် လုံခြုံစိတ်ချမှု၊ စိတ်သက်သာရာရမှု၊ နွေးထွေးပျူငှာမှုရှိသည့် လူမှုပတ်ဝန်းကျင်တစ်ရပ်ကို ဖန်တီးပေးစေနိုင်ရန်အလို့ငှာ တွေ့ဆုံစုရုံးမှုများကို ကောင်းစွာပြုလုပ် ဖန်တီးပေးရန်လိုအပ်သည်။ စိုးရိမ်ကြောက်ရွံ့စိတ်များ၊ ပူဆွေးသောကများ၊ ကြောက်စိတ်စွဲကတ်မှုများအား ဖြေလျော့ကုသနည်း အတွေ့အကြုံများကို ၎င်းအစည်းအဝေးများတွင် မျှဝေပေးခြင်းတို့ကို ပြုလုပ်နိုင်သည်။ ယခုလောလောဆယ်တွင် အိပ်မက်ဆိုးများနှင့်အတူ ကြောင့်ကြစိုးရိမ်ပူပန်မှုများကို ခံစားနေရသည့် သာမန်ပြည်သူများအတွက် အထူးလိုအပ်လှသည့် လူမှုစိတ်ပညာနှင့် စိတ်ခံစားမှုဆိုင်ရာ အထောက်အပံ့များအတွက် စနစ်ကျသော လုပ်ထုံးလုပ်နည်းများ မတွေ့ရှိရသလို ယင်းသို့ ဆောင်ရွက်စီစဉ်မှုများ လိုအပ်သည်ဟူသည့် အသိအမြင်များလည်း လစ်ဟာလျက်ရှိနေသည်ကို တွေ့ရသည်။ နှစ်ဖက်စလုံး၏အကျိုးနှင့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုတို့အတွက် အထောက်အကူပြုစေမည့် သာမန်တွေ့ဆုံစုရုံးမှုများကို ဖန်တီးပြုလုပ်ပေးရာတွင် အမျိုးသမီးများ၊ လူငယ်များအပါအ၀င် အတွေ့အကြုံရှိသော ဘာသာရေးနှင့် လူမှုအသိုင်းအ၀ိုင်း ဒေသခံခေါင်းဆောင်များက အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်သည်။ ထိုသို့ ကူညီဆောင်ရွက်ပေးရာတွင် စိတ်ပိုင်းဆိုင်ရာကုသပေးခြင်းပညာရပ်ကို ကျွမ်းကျင်စွာတတ်မြောက်ရန် မလိုအပ်သည့် ရိုးစင်းသော လမ်းညွှန်မှုများ အသုံးပြုနိုင်သည်။

တင်းမာမှုအခြေအနေ အချိန်နှင့်အမျှ တဖြည်းဖြည်း လျော့ကျလာသည်နှင့်အညီ ယုံကြည်လေးစားမှုရှိသည့် နှစ်ဖက်ခေါင်းဆောင်များ ဦးဆောင်မှုပြု၍ ပြန်လည်သင့်မြတ်မှု၊ ညှိနှိုင်းအဖြေရှာမှုနှင့် နှစ်ဖက်လက်ခံအသိအမှတ်ပြုနိုင်မည့် နည်းလမ်းများ ဖော်ထုတ်စေနိုင်ရန် ဒေသခံများ၏ ဆန္ဒအလျောက် နှစ်ဖက်အသိုင်းအ၀ိုင်းအချင်းချင်း တွေ့ဆုံဆွေးနွေးမှုများ၊ ဘာသာရေးဆိုင်ရာ နှီးနှောဖလှယ်မှုများ ပြုလုပ်ပေးခြင်းဖြင့် အကျိုးရှိစေမည်။ အရှေ့တီမော၊ ရ၀မ်ဒါနှင့် တောင်အာဖရိကနိုင်ငံများတွင် ကျင့်သုံးခဲ့သော ဒေသခံလူထု၏ လုပ်ဆောင်ချက် သာဓကများသည် မြန်မာနိုင်ငံ၏ တစ်မူထူးခြားသောသမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် ဘာသာရေးအနေအထားအတွက် အသင့်လျော်ဆုံးဖြစ်စေမည့် နည်းလမ်းအခြေခံများကို ရှာဖွေဖော်ထုတ်နိုင်ရန်အတွက် အခြေခံများပင်ဖြစ်သည်။ ပိုင်းခြားလျက်ရှိသော နှစ်ဖက်အသိုင်းအ၀ိုင်းအတွက် တိကျခိုင်မာသော နိုင်ငံရေးဖြေရှင်းမှုတစ်ရပ် အရေးပေါ်လိုအပ်လျက်ရှိသောကြောင့် အထက်တွင်ဖော်ပြခဲ့သော ဆောင်ရွက်မှုလုပ်ငန်းစဉ်များ သေချာစွာညှိနှိုင်းဆွေးနွေးမှုပြုရန်နှင့် ပြန်လည်သုံးသပ်ရန် လိုအပ်သော်လည်း ဤအကြံပြုတင်ပြချက်၏ ခိုင်မာပြီးအပြုသဘောဆောင်သည့် အခြေခံမျှော်မှန်းချက်ကို အလေးအနက်ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး ကျယ်ကျယ်ပြန့်ပြန့်မျှဝေရမည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေး၌ တည်ထောင်ခဲ့သည့် အာဆီယံငြိမ်းချမ်းရေးနှင့် ရင်ကြားစေ့ရေးအင်စတီကျု့ဒ် (ASEAN Institute for Peace and Reconciliation)သည် မူဝါဒရေးဆိုင်ရာ သက်ရောက်မှုရှိစေရန်အတွက် ဤဖော်ပြပါလုပ်ငန်းစဉ်များကို ဆန်းစစ်လေ့လာခြင်း၊ ထပ်မံအားဖြည့်ခြင်းတို့ပြုလုပ်ရာ၌ အရေးကြီးသောအခန်းကဏ္ဍတစ်ရပ်မှ ပါဝင်မည်ဖြစ်သည်။

(ဒေါက်တာအရိုင်သည် အမေရိကန်ပြည်ထောင်စု George Mason University, School for International Training (SIT) Graduate Institute & Fellow, Center for Peacemaking Practice, School for Conflict Analysis and Resolution (S-CAR) ၌ Peacebuilding and Conflict Transformation ဘာသာရပ်၌ တွဲဖက်ပါမောက္ခအဖြစ် ဆောင်ရွက်လျက်ရှိသည်။ စာဖတ်သူများ ဦးနှောက်မုန်တိုင်းဆင်နိုင်ရန် ဖော်ပြခြင်းသာဖြစ်ပြီး ဆောင်းပါးပါအကြောင်းအရာမှာ စာရေးသူ၏အာဘော်သာဖြစ်သည်)

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီရာတန်းမီးလောင်မှု ဘင်္ဂလီများ၏ကာက်ကျစ်မှုများပေါ်ပြီ


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဒုချီရာတန်းမီးလောင်မှု ဘင်္ဂလီများ၏ကာက်ကျစ်မှုများပေါ်ပြီ

28.1.2014 ရက်နေ့ ညနေ ဒုချီးရားတန်းမီးလောင်မှုဖြစ်ပွားမှုမှာ မတော်တဆ လောင်ကျွမ်းမှုမဟုတ်ဘဲ ကျေးရွာနေ ဘင်္ဂလီကုလားများမှ အကွက်ကျကျစီစဉ်ပြီး သူတို့ကိုယ်တိုင် မီးရှို့မှုဖြစ်ကြောင်း၊

သူတို့အိမ်ခေါင် မိုးများပေါ်တွင် ဓါတ်ဆီစိမ် ကောက်ရိုးလိပ်များနှင့် ဖျာလိပ်များအား စီတန်းထားသည်တွေ့ရှိရကြောင်း၊ မီးမ လောင်ဘဲ ကျန်ရစ်ခဲ့သော အိမ်တချို့၏ ပုံများမှ သက်သေခံလျှက်ရှိသည်။

မနက်ဖန် ရောက်ရှိလာကြမည့် EU အဖွဲ့များထံတွင် သူတို့ရဲ့ တဲကုတ်သာသာရှိသော နေအိမ်များအား မီးရှို့ပြီး နေအိမ် အသစ်တောင်းမယ်ဆို တဲ့သဘောကို ဆောင်နေပါကြောင်း
တင်ပြအပ်ပါသည်။

Western Gate Guard
29.1.2014

ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း၏ ပစ္စည်းများအား ….. ရှာဖွေတွေ့ ရှိခြင်း မှတ်တမ်းဓာတ်ပုံများ…


ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း၏ ပစ္စည်းများအား …..
ရှာဖွေတွေ့ ရှိခြင်း မှတ်တမ်းဓာတ်ပုံများ…
( ဓာတ်ပုံ ၁၀ ပုံ )
================================
ကိုယ်ရေးအကျဉ်း - ကိုယ်ပိုင်အမှတ် - လ ၁၇၂၁၀၈ 
အဆင့် - တပ်ကြပ်ကြီး
အမည် - အောင်ကျော်သိန်း
အဘအမည် - ဦးသာဖြူမောင်
ဇနီးအမည် - မခင်အေးလွင်
သားသမီး - သမီးလေး ၁ဦး ( ၂၅.၁.၂၀၁၄ ရက်နေ့ မွေးဖွား )
တပ်ဖွဲ့ဝင်ရက်စွဲ - ၁၅.၂.၁၉၉၆
ပညာအရည်အချင်း - ၇တန်း
လူမျိုး - ရခိုင်
ဘာသာ - ဗုဒ္ဓ
အရပ်အမြင် - ၅ပေ ၆လက်မ
မွေးရာဇာတိ - မောင်တောမြို့
လက်ရှိတာဝန် - ခရေမြိုင်ရဲကင်းမှူး
==============================
    

1/28/14

မောင်တောမြို့ ဒုချီးရားတန်းကျေးရွာမှ ဖမ်းဆီးရမိသော တရားခံတစ်ဦး၏ ထွက်ဆိုချက်



မောင်တောမြို့ ဒုချီးရားတန်းကျေးရွာမှ ဖမ်းဆီးရမိသော တရားခံတစ်ဦး၏ ထွက်ဆိုချက်

၂၀၁၄ ဇန် ၂၈
အဆိုပါအခင်းဖြစ်နေ့တွင် ကင်းလှည့်ရန် လာရောက်သော တကက အောင်ကျော်သိန်းနှင့်အဖွဲ့အား ရွာရှိ ဘင်္ဂလီ (၅၀)ဦးမှ ၀ိုင်းဝန်းပြီး တုတ်ဓါးအုတ်ခဲများဖြင့် ပစ်ပေါက် အကြမ်းဖက်ကြကြောင်း၊ ကင်းလှည့်အဖွဲ့ ပြန်လည် ဆုတ်ခွာစဉ်တွင် တကက အောင်ကျော်သိန်းမှ လမ်းမှားသွားကြောင်း၊ ကျန်လူများက ရွာလမ်းကြား များနှင့် နေအိမ်များကြားဖောက်ထွက်နိုင်ခဲ့ကြသော်လည်း တကက အောင်ကျော်သိန်းမှ ရွာမြောက်ဘက် လယ်ကွင်းတွင် ဆောင်းသီးနှံများစိုက်ပျိုးထားသော ဟင်းခင်းမှ ဖြတ်ပြေးကြောင်း၊ ဟင်းခင်းတွင် အကာဖြစ် ပိုက်ကွန်များအား ၀ါးများစိုက်ထူကာရံထားရာ ထိုပိုက်ကွန်တွင် ငြိမိပြီး အဖမ်းခံရကြောင်း၊ တကက အောင်ကျော်သိန်းအား ဘင်္ဂလီများမှ ရွာလယ်သို့ ယူဆောင်လာပြီး တုတ်များဖြင့် ၀ိုင်းဝန်းရိုက်နက်ကြကြောင်း၊ ထို့နောက် တစ်ဦးမှ သတ်ဖြတ်ရာ ဤနေရာ ၌မသတ်ဖြတ်ဘဲ သချိုင်းတွင်သတ် ဖြတ်မည်ဟု ပြောပြီး တကက အောင်ကျော်သိန်း၏ အ၀တ်အစားများအား ချွတ်ကာ သချိုင်းသို့ ခွေး၊၀က်ဆွဲ သလို တရွတ်တိုက်ဆွဲခေါ်သွားခဲ့ကြောင်း၊ ထိုသို့ ခေါ်သွားချိန်တွင် တကက အောင်ကျော်သိန်းမှာ အသက်ရှိ သေးကြောင်း၊ ညဉ်းညူသံများကြရသေးကြောင်း၊ သူ မှ သချီိုင်းတွင် မည်သို့ သတ်ဖြတ်ခဲ့ကို လိုက်ပါမသွား မသိရှိပါကြောင်းနှင့်၊ သတ်ပြီး အလောင်းအား သချိုင်းတွင်းထားခဲ့ကြောင်၊ သတ်သူများပြန်လည်ရောက်ရှိချိန်တွင် ရွာသားများမှ အလောင်းအားသချိုင်းတွင် ထားရန် မသင့်တော်သဖြင့် တစ်ဖြန်ပြန်လည်ယူဆောင်လာပြီး ရွာဘေးချောင်းစပ်သို့ ဆွဲယူသွားကြောင်း၊ အလောင်းအား မည်သို့ မည်ပုံ အစဖျောက်သည်ကို သူမသိရှိကြောင်း၊ ရွာအတွင်း ၀ိုင်းဝန်းရိုက်နက်သည်ကို မှု မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ ကြောင်း ထွက်ခဲ့သည်။

Western Gate Guard
Credit By -
Share Arakan News

ချင်းလူမျိုး နှင့် နာဂ လူမျိုး မတူညီကြောင်း စာတမ်းဖတ်မည်



ချင်းလူမျိုး နှင့် နာဂ လူမျိုး မတူညီကြောင်း စာတမ်းဖတ်မည်
====================================
သူသူထက်လွင်
====================================
ရန်ကုန် ၊ ဇန်န၀ါရီ ၂၇ ။ ။ နာဂ တိုင်းရင်းသားများစုပေါင်း ၍ သန်းခေါင် စာရင်းကောက်ယူ ရာတွင် လူမျိုးမှားယွင်းမှုမရှိ စေရေးအတွက် ချင်းလူမျိုးနှင့် နာဂလူမျိုး မတူညီကြောင်း၊ လူမျိုးရေးဆိုင်ရာစာတမ်းဖတ် ပွဲများ ပြုလုပ် သွားမည်ဖြစ် ကြောင်း သိရသည်။

““နာဂလူမျိုးနဲ့ ချင်းလူမျိုး က လူမျိုးချင်းမတူပါဘူး။ သီး ခြားစီပါ။ သန်းခေါင်စာရင်း ကောက်ဖို့ ကုတ်နံပါတ်ယူရင် လဲ အဲဒီအတိုင်းလုပ်ရမယ်။ ချင်းအောက်ထဲမှာ ၀င်သွားလို့ မဖြစ်ဘူး။ နာဂတိုင်းရင်းသား တွေ အနေနဲ့ နိုင်ငံရေးအရ နစ် နာမှုတွေဖြစ်လာမယ်။ အဲဒီအ ကြောင်းတွေ ကိုရှင်းလင်း ဖို့ သန်း ခေါင်စာရင်းကောက်ယူခြင်းနဲ့ ပတ်သက်တဲ့ လူမျိုးရေးဆိုင်ရာ စာတမ်းဖတ်ပွဲနောက်လမှာ ပြုလုပ်သွားဖို့ရှိပါတယ်””ဟု နာဂစာပေနှင့် ယဉ်ကျေးမှုအ သင်းမှ ဦးရှုမောင်က ပြော သည်။

ချင်းတိုင်းရင်းသားများနှင့် နာဂတိုင်းရင်းသားများသည် လူမျိုးချင်းတူညီသည် ဟု ယူဆ ချက်များကြောင့် နိုင်ငံရေးအရ နာဂလွှတ်တော်အမတ်များ နစ် နာမှုများရှိသဖြင့် ယင်းကဲ့သို့ စာတမ်းဖတ်ပွဲ ကျင်းပခြင်းဖြစ် သည်။

““ချင်းနဲ့ နာဂ တူသွားရင် ၂၀၁၅ရွေးကောက်ပွဲမှာ ချင်း လွှတ်တော် အမတ်တွေ ပဲ ၀င် ပြိုင်လို့ရမယ်။ နာဂအမတ်တွေ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ခက်ခဲ သွားလိမ့်မယ်။ ချင်းနဲ့ နာဂမ တူလို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသတွေရထားတာပါ””ဟု နာဂတိုင်းရင်းသားတစ်ဦးက ပြောသည်။

အဆိုပါ နာဂတိုင်းရင်း သားများ၏ သန်းခေါင်စာရင်း ကောက်ယူခြင်းနှင့် ပတ်သက် သည့်လူမျိုးရေးဆိုင်ရာစာတမ်း ဖတ်ပွဲကို ဖေဖော်ဝါရီလ တွင် ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

Credit By -Yangon Media Group

သင်ချောင်းရိုက်ခံနေရပြီလား ??



သင်ချောင်းရိုက်ခံနေရပြီလား ??
Tuesday, January 28, 2014

အဖြစ်များလာနေတဲ့ ရေချိုးခန်း၊အိမ်သာတွေထဲက မိန်းမသားများ၏
ဝတ်လစ်စလစ်ပုံများကို ခိုးရိုက်ကြကာ အင်တာနက် သို့ တင်နေကြတာ
ကိုစိတ်မကောင်း ဖွယ်တွေ့ရှိနေရပါတယ်။

အဆိုပါကိစ္စများ မဖြစ်ပေါ်စေရန် တာစီးဖို့ မလွယ်ကူပေမဲ့ အတက်
နိုင်ဆုံး ရှောင်ရန် ဆောင်ရန်အချို့တော့ရှိနေပါတယ်။

(၁) မိန်းကလေးများ ရေချိုးတော့မယ် ဆိုရင် ကိုယ့်ရေချိုးခန်းကို
ရေမချိုးခင် လုံခြုံမူ့ရှိ မရှိ စစ်ဆေးပြီးမှသာ ရေချိုးဖို့ အကြံပြုချင်ပါတယ်။

(၂) ဟိုတယ် ( သို့မဟုတ်) အများသုံးရေအိမ် ဖြစ်ပါက ရေဆွဲမောင်းတံများ၊
စက္ကူလိပ်များ၊ မီးလုံးများ ၊ ပန်းအိုးများ ၊ တခါးလော့ချတံများ၊ ပိုစတာများ ၊ ပစ္စည်းချိတ်တံများ စသည်တို့တွင် လျှုီူ့ဝှက်ထားတက် ကြသည်။

(၃) တံခါးဂျက် ကောင်းမကောင်း၊အကာအရံ လုံမလုံ၊ တိုက်ခန်းဖြစ်နေရင်
တောင်မှ အပေါက်ဖေါက် ထားလား၊ အတွင်းက မမြင်အောင် အပြင်ကမှ
မြင်နိုင်အောင် အပေါက်ဖေါက်ထား သလား၊ ခေါင်မိုးရှိတယ် ဆိုရင် တောင်
အမိုးနဲ့ အကာအကြား လက်လျှိုလို့ ရနိုင်လားဆိုတာသေချာ စစ်ဆေးပြီးမှသာ
ရေချိုးကြ တာ အကောင်းဆုံးပါလို့ အသိပေးချင်ပါတယ်။

မကြာသေးမှီ ကဖြစ်ခဲ့ တဲ့အမူအရဆိုရင် ဗဟန်းမြို့နယ်မှာ တိုက်ခန်း
ငါးလွှာအထပ်မှာ နယ်က ကျောင်းသူ လေးငါးယောက်စုပြီး တိုက်ခန်းဌားနေ ကြပါတယ်၊ ဘေးချင်းကပ် တိုက်ခန်း ငါးလွှာမှာလဲ လူငယ် လင်မယား မိသားတစ်စု နေကြတယ်လို့သိရတယ်။

တစ်နေ့မှာ ပြသာနာ အကြီးအကျယ်တက်ပြီး ရပ်ကွက် ရုံးကို တိုင်ကြားတဲ့အထိ ဖြစ်ကြတယ်။

အကြောင်းရင်းက တစ်ဖက် တိုက်ခန်းငါးလွှာက ယောင်္ကျားဖြစ်သူက ဒီဖက်ငါးလွှာ က ကျောင်းသူတွေ နေတဲ့ ရေချိုးခန်းကခေါင်မိုးနဲ့ နံရံ လွတ်နေတဲ့ ကြားမှာဟမ်းဖုန်း နဲ့ ကျောင်းသူလေးတွေ ရေချိုးနေတာကို ဗွီဒီယို ခိုးရိုက်နေတာ ဖမ်းမိသွားတဲ့ အမှု့အခင်း ဖြစ်တယ်လို့ သိရတယ်။

ဘယ်အချိန်ကထဲက ရိုက်နေလဲ ဘယ်လောက်ကြာနေ ပြီလဲဆိုတာ ကတော့ ကာယကံ
ရှင်ကိုယ်တိုင် သာသိနေမယ်လို့ ယူဆရတယ်။

မိန်းကလေးတွေ ရေချိုးတာမှာ လုံချီမပါဘဲ ၀တ်လစ်စလစ်ရေချိုးနေတာကို
ဘယ်ပွန်းဆိုက်တွေမှာ တင်လိုက်ပြီလဲ ဆိုတာတော့ ဘယ်သူမှ မသိနိုင်ကြပါဘူး။

မိန်းကလေးတယောက် အဖို့ လူသိကြတော့လဲ တစ်ရှက်က နှစ်ရှက်ဖြစ်တော့မှာ ဆိုတာတော့ သေချာနေပြီဖြစ်တယ်။

ရပ်ကွက်ရုံးကို တိုင်ကြားတော့လဲ နယ်က မိဝေးဖဝေး လာနေကြတဲ့
မိန်းကလေးတွေခင်မျာ ဖိဖိစီးစီး ပြောနိုင် အောင်နိုင်အောင် မလုပ်နိုင်ကြတော့
အမှု့က နောက်ဆုံးတော့ ဝေလေလေ ဖြစ်တာနဲ့ ပဲ အဆုံးသတ်ရ တယ်လို့
လဲ ကြားသိခဲ့ရတယ်။

အိမ်ထောင်သည် ယောကျာင်္းမှ မဟုတ်၊ ကြီးကြီးငယ်ငယ် အခုလို
ကျင့်ဝတ်နဲ့ မညီ၊ စာရိတ္တပိုင်း မကောင်းတဲ့ယောင်္ကျား၊ မောင်နှမသားချင်း
စာနာမှု့မရှိတဲ့ ယောင်္ကျားတစ်ချို့တွေကြောင့် မနစ်နာသင့်ပဲ နစ်နာနေကြ
သူတွေ ဘယ်လောက်တောင် ရှိနေပါပြီလဲဆိုတဲ့ ကိစ္စကတော့ယနေ့ခေတ်မှာ
မေးခွန်းထုတ်စရာ တခုဖြစ်လို့ လာနေပါပြီ။

ဒီလိုအဖြစ်မျိုးကို နိုင်ငံတကာမှာလည်း တွေ့ကြုံနေရတာဖြစ်ပေမဲ့ မြန်မာ့
ယဉ်ကျေးမူတွေ ကိုဥပခါပြုနေတဲ့ လုပ်ရပ်တွေက နိုင်ငံနှင့်လူမျိုးအတွက် များ
စွာ ထိခိုက်စေတယ် ဆိုတာ အထင်အရှားတွေ့ရှိရမှဖြစ်တယ်။

ယခုလို ပြုလုပ်သူမျးကို ထိထိရောက်ရောက် ပြစ်မူ ၊ ပြစ်ဒဏ်များပေးဖို့လိုအပ်
သလို ဆောင်ရွက်ပေးဖို့ လူမူအသိုက်အ၀န်း ကလိုလားမူ တိုးတက်လာပြီဆို
တာ မငြင်းနိုင်မယ့် အချက်ဖြစ်ပါတယ်။

အချူပ်ဆိုရသော် မိန်းမပျိုလေးတွေနေတဲ့ အိပ်ခန်း၊ ရေချိုးခန်း၊ အိမ်သာတွေကို လဲ
လုံလုံခြုံခြုံ ရှိနေဖို့ ကြိုတင်ပြီး ဆောင်ရွက်ကြပါလို့ တင်ဆက်ပေးလိုက်ပါတယ်။

ကချင်း ( www.mmsocialsky.com )

အင်းဝဘဏ် အနုကြမ်းစီးသည့်ဗိုလ်ကြီးကို ပြစ်ဒဏ် နှစ်ရပ်ချမှတ်မည်


အင်းဝဘဏ် အနုကြမ်းစီးသည့်ဗိုလ်ကြီးကို ပြစ်ဒဏ် နှစ်ရပ်ချမှတ်မည်
=======================================
ကျော်မြတ်ဇံ
=======================================
ရန်ကုန် ၊ ဇန်န၀ါရီ ၂၇ ။ ။ တပ်မ တော်ပိုင် အင်းဝဘဏ်ကို အနု ကြမ်း စီးခဲ့သည့် ဗိုလ်ကြီးအဆင့် ရှိသူသည် တရားရုံးတွင် ပြစ်မှု ကျူးလွန်ကြောင်း ၀န်ခံလိုက်ပြီ ဖြစ်သဖြင့် ကျူးလွန်သူကို စစ် ဘက်၊ နယ်ဘက်ဥပဒေများအ ရ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြင့် ချမှတ် သွား မည်ဖြစ်ကြောင်း နေပြည် တော် ရဲချုပ်ရုံးမှ ရဲမှူးကြီးတစ် ဦးက ရန်ကုန်တိုင်းမ်သို့ အတည် ပြုပြောကြားသည်။

အဆိုပါမှုခင်းသည် တပ် မတော်သားတစ်ဦးမှ ကျူးလွန် သော အမှုဖြစ်သောကြောင့် ပြစ်မှုကျူးလွန်သူဟုဆိုသော ဗိုလ်ကြီးဝေယံ မျိုးကျော်ကို ဖမ်း ဆီးရမိပြီး သက်ဆိုင်ရာအမှတ်- ၆၀၀၆ ကန့်ဘလူမြို့နယ် တင့် ကားတပ်(ကြည်း)သို့ အကြောင်း ကြားပြီး တပ်သို့လွှဲအပ်ကာ ယခု အခါတပ်မှ တာဝန်ရှိသူများက ၎င်းင်းကို စစ်ဘက်ဆိုင်ရာတရားရုံး တွင် စစ်ဆေးမေးမြန်းမှုများပြု လုပ်နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါရဲမှူးကြီးက ““သူ ဖြောင့်ချက်ပေးပါပြီ။ သူ့ကိုတပ် ဥပဒေအပြင် နယ်ဘက်ဥပဒေနဲ့ ပါ အရေးယူရမှာပါ။ တရားရုံး က သူ့ကိုပြစ်မှုတွေ တစ်ပေါင်း တည်းကျခံစေဆိုပြီး အမိန့်ချ မှာပါ။ စစ်ဆေးစရာ ရှိတာတွေ တော့ ဆက်လုပ်နေတုန်းပဲ။ နောင် တပ်မတော်သားတွေ ပြစ်မှု ကျူးလွန်မှုတွေ မလုပ်ရဲအောင် စံပြနမူနာတစ်ခုအနေနဲ့ ဆောင် ရွက်သွားမှာပါ””ဟုပြောသည်။

မိတ္ထီလာမြို့နယ်အမှတ် (၂) ရဲစခန်း တောင်ဘက် (၂၂)ကိုက်ခန့်အကွာ မိတ္ထီလာဈေး ကြီးတောင်ဘက် ရန်ကုန်-မန္တ လေး လမ်းဘေးရှိ အင်းဝဘဏ် ကို လူတစ်ဦးက ဘဏ်မန်နေဂျာ အား ကျောမှသိုင်းဖက်ပြီး လက် တစ်ဖက်မှ အရိုးအသွား ၁၄ လက်မခန့်ရှိဓားဖြင့် လည်ပင်း အားထောက်ပြီး ၀င်ရောက်အနု ကြမ်းစီးရာမှ ဘဏ်လုံခြုံရေး တပ်ဖွဲ့ဝင်များ ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးကျော်အောင်က ““တကယ် တော့ တပ်မတော် သားတွေဒီ လိုပြစ်မှုမျိုးကို ကျူးလွန် တာ နိုင်ငံတော် အတွက်တော့ သိက္ခာ ကျတယ်။ ပြင်းပြင်းထန်ထန်နဲ့ နောင်ကြဉ်အောင် စီရင်ချက် ချသင့်တယ် ။ နောင် တပ်မ တော်သားတွေအတွက်လဲ စံပြ ဖြစ်အောင်ပေါ့”” ဟု ပြောသည်။

ဗိုလ်ကြီးဝေယံမျိုးကျော် အား မိတ္ထီလာအမှတ်(၂) ရဲစခန်း မှ စခန်းမှူး ရဲအုပ်မြင့်သန်းက တရားလိုလုပ်ပြီး အမှုဖွင့်ကာ စစ် ဆေးဆောင် ရွက်နေကြောင်း သိ ရသည်။ ပြစ်မှုကျူးလွန်သူဟု အ မှုဖွင့်တိုင်ကြားခံထား ရသူ မှာ ကန့်ဘလူ အမှတ်၆၀၀၆ တင့် ကားတပ်မှ ကြည်း/၄၇၄၈၀ ဗိုလ် သင်တန်းအမှတ်စဉ်(၄၉)မှ ဗိုလ် တစ်ဦးဖြစ်ပြီး ကူမဲမြို့နယ်မိုင်း မောတပ်၌ တပ်ခွဲမှူးသင်တန်း အမှတ်စဉ် ၃၆/၂၀၁၃တွင် သင် တန်းတက်ရောက်နေပြီး အသက် ၂၆နှစ်ခန့်ရှိကြောင်း သိရသည်။

Credit - Yangon Media Group