သတင်းနှင့်နည်းပညာများ

8/2/14

ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးတွင် ကိုထင်ကျော်ကိုရုံးထုတ်စဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ကိုထင်ကျော်အား ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ချမှတ


ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးတွင် ကိုထင်ကျော်ကိုရုံးထုတ်စဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး ကိုထင်ကျော်အား ပုဒ်မ ၅၀၅ (ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်
၂၀၁၄ ခုနှစ် ဧပြီ ၂၆ ရက်တွင် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်တွင် ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိကြောင်း ဆန္ဒထုတ်ဖော်ကာ လက်ကမ်းစာစောင်ဝေခဲ့သော ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု(MDCF)အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်ကို သြဂုတ် ၁ ရက်တွင် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၆ ရက် နံနက်ပိုင်းခန့်တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် (၇၁)ရပ်ကွက်တွင် ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစု (MDCF)အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်သည် ပြည်ထောင်စုအစိုးရအား အယုံအကြည်မရှိကြောင်း ပြည်သူသာလျှင် အရှင်သခင်ဖြစ်ကြောင်းကို ဆန္ဒပြ ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်ဝေငှမှုဖြင့် ၎င်းအား ဒဂုံမြို့သစ်တောင်ပိုင်း မြို့မရဲစခန်းမှ အမှုဖွင့်ကာ တရားစွဲဆိုခဲ့ကြောင်း သိရသည်။
အဆိုပါရုံးချိန်းတွင် အင်းစိန်ထောင်မှ ကိုထင်ကျော်ကို ခေါ်ဆောင်လာခဲ့ပြီး ဒဂုံမြို့သစ် တောင်ပိုင်းတရားရုံးတွင် ရုံးထုတ်ရာတွင် ကိုထင်ကျော်သည် တရားရုံးကို လဲလျောင်းသပိတ်မှောက်ကာ ဆန္ဒပြခဲ့သည်။ အဆိုပါသပိတ်မှောက် ဆန္ဒပြရာတွင် ကိုထင်ကျော်အား ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်းထားခဲ့ရကြောင်းလည်း သိရသည်။
“ကိုထင်ကျော်ကိုခေါ်လာတဲ့ကားက တရားရုံးအတွင်းထိ မောင်းလာတယ်။ ကိုထင်ကျော်ထွက်လာတော့ သူကလဲလျောင်းပြီး တရားရုံးကို သပိတ်မှောက်ကာ သူပြောချင်တဲ့ ဆန္ဒတွေကို ပြောတယ်။ အဲဒီမှာ ရဲတွေအများကြီးက သူ့ကို ခြေထောက်ကမသူကမ၊ လက်ကမသူကမပြီးတော့ အချုပ်ခန်းထဲမှာ ထိန်းသိမ်းထားတယ်။ အဲဒီလိုမြင်ကွင်းမျိုးနဲ့ ကိုထင်ကျော်ကိုမြင်ရတာ ကျွန်တော်လည်း စိတ်မကောင်းဖြစ်ရတယ်။ ရဲတွေကလည်း တာဝန်အရ ပြဿနာပိုမကြီးအောင် ခုလိုဆောင်ရွက်ရခြင်း ဖြစ်တယ်လို့လည်း ပြောပါတယ်။ အမှန်တကယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပြေပြေလည်လည် ဖြစ်သင့်ပါတယ်” ဟု အဆိုပါရုံးချိန်းသို့ လာရောက်သူ လူမှုဖွံ့ဖြိုးရေးကွန်ရက်မှ ဦးနေမျိုးဇင်က ဆိုသည်။
ကိုထင်ကျော်ကို ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးမှ ရုံးချိန်းကိုးချိန်းမြောက်ချိန်းဆိုကာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)ဖြင့် ယခုလို ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
(MDCF)အဖွဲ့မှ အမည်မဖော်လိုသူ တစ်ဦးကလည်း “ခုလိုမျိုး သူ့ကို အတင်းဆွဲမ၊ ဆွဲထူတာမျိုး မဖြစ်သင့်ပါဘူး။ အဲ့ဒါကြောင့် ရဲတွေကို အဲ့လိုမလုပ်ပါနဲ့လို့ ကျွန်တော်တို့က အော်ပြောရင်း နည်းနည်းလေး ရုန်းရင်းဆန်ခတ်ဖြစ်ရတာပါ။ ပြီးတော့ ချက်ချင်းပြန်ပြီးတော့ အခြေအနေကောင်းသွားပါတယ်” ဟုဆိုသည်။
ကိုထင်ကျော်အား ဇူလိုင် ၂၁ ရက်ကလည်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ)ဖြင့် ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် မြောက်ပိုင်းမြို့နယ် တရားရုံးတို့မှ ထောင်ဒဏ်တစ်နှစ်စီ ချမှတ်ပြီးဖြစ်ကြောင်းလည်း သိရသည်။
(သြဂုတ် ၁ ရက်က ကိုထင်ကျော်အားရုံးထုတ်စဉ် တရားရုံး၌လဲလျောင်း၍ သပိတ်မှောက် ဆန္ဒပြသောကြောင့် တာဝန်ရှိသူများ ခေါ်ဆောင်လာစဉ်)

အားလုံးအတွက် အရေးကြီးပါတယ် ************************* အီဗိုလာသေမင်းဗိုင်းရပ်- Ebola Virus =====================



အားလုံးအတွက် အရေးကြီးပါတယ်
*************************
အီဗိုလာသေမင်းဗိုင်းရပ်- Ebola Virus =====================
မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန နှင့် မြန်မာ ရုပ်မြင် သံကြား သတင်း များမှ ထို ရောဂါ အ ကြောင်း ကို ပြည်သူ များ အမြန် သိရှိနိုင် စေရန်အမြန် ဆုံး အထူး ထုတ်လွင့် ပေးသင့် နေပြီ ဖြစ် သည်၊၊
(1) EBOLA VIRUS - အီဗိုလာဗိုင်းရပ်ဆိုတာဘာလဲ-------------------------------------------------
အီဗိုလာဗိုင်းရပ်ဆိုသည်မှာ သဘာဝ တိရိစ္ဆာန်များမှတဆင့် လူသို့ကူးဆက်သော ဗိုင်းရပ်ရောဂါပိုးတစ်မျိုးဖြစ်သည်။
ရောဂါ ကူးဆက်ခံရသူ ၉၀ ရာခိုင်နှုန်း အသက်ဆုံးရှုံးကာ ရက်ပိုင်းအတွင်း သေဆုံးစေနိုင်သော AIDS ထက်အဆပေါင်းများစွာဆိုးရွားသော ဗိုင်းရပ်စ်ရောပိုးဖြစ်သည် ။အာဖရိကတိုက်အနောက်အလယ်ပိုင်း နိုင်ငံများရှိ လင်းနို့ ၊ မျောက် ဒရယ် ၊ မျောက်ဝံ စသော တိရိစ္ဆာန်များ တွင်အဆိုပါ အီဗိုလာ ဗိုင်းရပ်ပိုးတွေ့ရှိရပြီး ရောဂါပိုး ရှိသည့် တိရိစ္ဆာန်အသားများကို စားသုံးရာမှ လူတွင်ကူးစက်ကာ ယခုအချိန်ထိ ကူးစက်ခံရသူ ၁၂၀၀ ကျော်သေဆုံးခဲ့ပြီးဖြစ်သည် ။
၂၀၁၄ တွင် အာဖရိက အနောက်ခြမ်း နိုင်ငံ ၃ နိုင်ငံအား ကန့်သတ် နယ်မြေမျာအဖြစ်သတ်မှတ်ကာ ထိုရောဂါကို စတင်ပိတ်ဆို့နေပြီဖြစ်သည်။.အီဗိုလာသညှ်နှာခြေ ၊ ချောင်းဆိုး စသော လေထုထဲမှတဆင့်မကူးစက်သည်မှာအလွန်ကံကောင်းသည်ဟုဆိုရမည်။
၎င်းသည်တုတ်ကွေးကဲ့သို့ချောင်းဆိုးသူကြောင့် လေထဲမှတဆင့် မပျံနှံ့ပါ ။
သို့သော် EBOLA သည် ရောဂါရှိသော တိရိစ္ဆာန်များ ၏ အရည် ၊ သွေးသား တို့အား လက်ဖြင့်ထိခြင်း ၊ ထိုအသားအားစားခြင်း ။
ရာဂါခံစားနေရသောသူ နှင့် လက်ခြင်းထိတွေ့ခြင်း ၊ အရေပြားပေါက်ပြဲသောနေရာအားထိတွေ့ခြင်း ၊ သွေးသားခြင်းထိတွေ့ခြင်း ၊ နမ်းခြင်း ၊ လိင်ဆက်ဆံခြင်းတို့ စသဖြင့် ရောဂါရှိသူ၏ အသွေးသား ၊ သွေး ၊ အချွဲ ၊ ခန္ဒာကိုယ်မှထွက်သောအရည်တို့ကို လက်ဖြင့် ထိတွေ့ရုံဖြင့် ရောဂါ ကူးဆက်နိုင်သည် ။ထိုသို့ရောဂါကူးဆက်ပြီး ၂၁ ရက်အတွင်း ဝေဒနာစတင်ခံစားရမည်ဖြစ်ကာထိုသူမှတဆင့် ယခု နှုန်းထားအတိုင်း ၂.၅ ဦးအားဆက်လက် ကူးဆက်နေပြီးဆက်တိုက်ပျံ့ပွားသွားမည်ဖြစ်သည်ရောဂါခံစားရပြီးမကြာခင်ရက်ပိုင်းအတွင်းသေဆုံးမည်ဖြစ်သည် ။
(2) ရောဂါလက္ခဏာတွေကဘယ်လိုလဲ--------------------------------------
အီဗိုလာ ဗိုင်းရပ်စ် ကူးဆက်ခံရပြီး ၂၁ ရက်အကြာတွင် အပြင်းဖျားခြင်း မလှုပ်ရှားနိုင်အောင် အားအင်ကုန်ဆုံးခြင်း ၊ ကြွက်သားများ နာကျင်ခြင်းခေါင်းကိုက်ခြင်း ၊ လည်ချောင်းနာခြင်းတို့ ဖြစ်ကာ မကြာခဏ အော့အန်ပြီး ဝမ်းသွားသည့် ရာဂါလက္ခဏာ ပြလိမ့်မည်။ထိုမှတဆင့်ရောဂါပြင်းထန်လာကာ ကျောက်ကပ် ၊ အသဲ တို့၏ လုပ်ဆောင်ချက်များကို ဆိုးဝါးစွာ ပျက်ဆီးစေကာ မျက်လုံး ၊ ပါးစပ် ၊ နှာခေါင်းတို့စသော ဒွာရပေါက်များမှ သွေးထွက်ခြင်း ၊ အရေပြားပေါက်ပြဲကာ သွေးထွက် ခြင်းစသည့်ခန္ဒာကိုယ် အတွင်းအပြင် တို့မှ သွေးထွက်ကာ နောက်ဆုံး သေဆုံးစေမည်ဖြစ်သည်။
ထိုထက်ဆိုးဝါးသည်မှာ ရောဂါကူးစက်ခံရသော သူ ထိုင်သွားသည့် ခုံ ၊အိပ်ယာ တို့မှတဆင့် ကူးဆက်ကြောင်းတွေ့ရသော အခါ အဆိုပါ နိုင်ငံ ၃ နိုင်ငံတွင် TAXI (တက္ကစီ) ၊ ကား၊ ရထား ၊ လေယာဉ် တို့ပါ ရောဂါစောင့်ကြည့် နေရသည့်အခြေအနေ တွင်ရှိနေပြီဖြစ်သည် ။ထိုအီဗိုလာ ဗိုင်းရပ်အား ကုသရန်ဆေးမရှိသကဲ့သို့ ။ရောဂါကူးစက်ခံရပါကမည်သို့မှ လုပ်မရတော့ပဲ သီသန့်ခန်းထဲတွင် ခွဲထားကာ သေဆုံးသည်ကိုစောင့်ရမည်ဖြစ်သည် ။ ရောဂါပိုး ကူးစက်သူ၏ ၁၀ ရာခိုင်းနှုန်းကိုသာ ကယ်ဆယ်နိုင်ခဲ့သေးကြောင်းသင်သိရမည်ဖြစ်သည် ။
(3) ဘယ်နိုင်ငံတွေအထိ ကူးစက်လာခဲ့ပြီလဲ--------------------------------------------
၂၀၁၄ ခုနှစ်၏အီဗိုလာ ဗိုင်းရပ်မြစ်ဖြားခံရာ Guinea နိုင်ငံမှတဆင့်ရောဂါဝေဒနာ ခံစားရသူများ ခရီးသွား သောကြောင့် ထိုနိုင်ငံ၏ အိမ်နီးခြင်းနိုင်ငံများဖြစ်သော Liberia နှင့် Sierra Leone တို့အား အလျှင်အမြန် ကူးဆက်လျှက် ရှိသည်။အဆိုပါ ၃ နိုင်ငံတွင် ၂၀၁၄ မတ်လ မှ စတင်ကာယနေ့အထိ လူဦးရေ(၁၂၀၀) ကျော်အား ကူးစက်နေပြီး - ၇၀၀ နီးပါးသေဆုံးခဲ့ပြီဖြစ်သည် ။၎င်းသည် နှစ် ၄၀ အတွင်း အဆိုးဝါးဆုံးသော ဗိုင်းရပ်ကူးစက် သေဆုံးမှုဖြစ်ကြောင်း WHO မှထုတ်ပြန်ခဲ့ရသည်။
ရောဂါဆိုးဝါးသော ဒေသများသို့ ဆေးကုသပေးရန် ရောက်ရှိနေသော အထူးကု ဒေါက်တာတစ်ဦးအပါအဝင် နိုင်ငံခြားသား လုပ်အားပေး ၂ ဦးရေဂါကူးစက်ခံရသည်ဆိုသောအခါ ကမ္ဘာနိုင်ငံများကြား အီဗိုလာ သည်အထူး သတိထားကိုင်တွယ်ရမည့် ကြောက်စရာအကောင်းဆုံး ကူးစက်ဗိုင်းရပ်ဖြစ်လာခဲ့သည်။
အဆိုပါ ၃ နိုင်ငံသို့ စိုက်ပျိုးရေး ၊ ကျမ်မာရေ ၊ ပညာရေ တို့အတွက် လုပ်အားပေး ရောက်ရှိနေသော အမေရိကန် နိုင်ငံသား ၃၀၀ ကျော်ကိုယခု အခါ အမေရိကန် က ပြန်လည်ခေါ်ယူနေပြီဖြစ်သည် ။ယခု အမေရိက နိုင်ငံ ၊ လန်ဒန် ၊ ဥရောပနိုင်ငံများ ၊ တရုတ် ၊ ဖိလစ်ပိုင် တို့တွင် ရောဂါလက္ခာများစတင်တွေ့ရှိကြောင်းယနေ့သတင်းစာများတွင်ကြော်ငြာအပြီး နိုင်ငံတကာလေကြောင်းလိုင်းများသည်အဆိုပါအီဗိုလာရောဂါအား စောင့်ကြည့်ဖြေရှင်းရန် အထူး ဆွေးနွေးပွဲများဖြင့် စတင်နေရပြီဖြစ်သည် ။
(4)မြန်မာနိုင်ငံတွင်ထိုရောဂါကူးစက်ပြန့်နှံ့မှုရှီနေပြီလား-------------------------------------------------------ကျွန်တော်တို့မြန်မာနိုင်ငံတွင်ထိုရောဂါကူးစက်ပြန့်နှံ့မှုမတွေ့ရသေးပါဟုပြောရပေမည်။
သို့သော်မြန်မာနိုင်ငံအနေဖြင့်အာဖရိကနိုင်ငံများနှင့်လေကြောင်းအရဆက်သွယ်မှုတွေရှိသဖြင့်ဖြေရှင်းကိုင်တွယ်နိုင်ရန်အတွက်ထိုရောဂါနှင့်ပတ်သည့်သည့်ကာကွယ်ရန်အသုံးအဆောင်များ၊ခေတ်မှီကရိယာများယခုအချိန်ကကတည်းကကျန်းမာရေးဝန်ကြီးဌာနအနေနှင့်ပြင်ဆင်ထားရန်လိုအပ်နေပြီဖြစ်သည်။
လိုအပ်သည်များကို ဆောင်ရွက်ရန် နိုင်ငံတကာမြို့ပြ လေကြောင်း အဖွဲ့ချုပ်The International Civil Aviation Organization (ICAO) နှင့်လည်းဆွေးနွေးဆောင်ရွက်ရန်လိုအပ်နေပြီဖြစ်သည်။
(5) ရောဂါကူးစက်တဲ့ နိုင်ငံမှာ ဘာတွေဖြစ်နေပြီလဲ--------------------------------------------------
Guinea, Liberia, Sierra Leone စသည့် အီဗိုလာ အဆိုးဆုံးကူးစက်ရာ ၃ နိုင်ငံတွင် ကျောင်းအားလုံး ပိတ်ပစ်ရပြီဖြစ်သည်။
အဆိုပါနိုင်ငံ ၃ ခု၏ ဒေသ အချို့တွင် ရောဂါထိန်းချုပ်နိုင်မှု မရှိတော့ပဲ ဆိုးဝါးစွာကူးစက်ပြီနေပြီဖြစ်ကြောင်း သိရသည် ။
ရောဂါကူးစက်မှုသည် ထိန်းချုပ်ကိုင်တွယ်နိုင်သည့်အဆင့်တွင်မရှိတော့ပါ ။ အခြေအနေ အလွန်ဆိုးဝါးနေပြီဖြစ်ကြောင်း ယေနေ့ နိုင်ငံတကာသတင်းဌာနများကကြော်ငြာနေသည် ။
အခြေအနေ ကောင်းမလာပဲ ပိုမိုးဆိုးဝါးကာ ကူးစက်သူ ၂.၅ ဆနှုန်းဖြင့် တိုးပွာလာကြောင်း ကြောက်မက်ဖွယ်သိရှိခဲ့ကြရသည် ။
Sierra Leone နိုင်ငံရှိ အီဗိုလာရောဂါ အတွက် အထူးကုသနေရသော ထိပ်တန်း ဆရာဝန် တစ်ဦးသည်ယခု အီဗိုလာရောဂါကူးစက်ခံရကာသေဆုံးခဲ့ပြီးဖြစ်သည် ။
အမေရိကန် နိုင်ငံသား ကနေဒါမှ အဆိုပါ ၃ နိုင်ငံသို့ ရောဂါကုပေရန် လုပ်အားပေး သွားရောက်သော ဆရာဝန်တစ်ဦးသည်လည်း ယခုအခါ ရောဂါကူးစက်ခံနေရပြီဖြစ်ကြောင်းတွေ့ရှိသောအခါ အီဗိုလာသည် ကမ္ဘာကိုခြိမ်းခြောက်နေသော ဗိုင်းရပ် အဖြစ် သတ်မှတ်ရတော့သည် ။
အဆိုပါ နိုင်ငံ ၃ နိုင်ငံ၏ ရောဂါကူးစက်ပျံ့ပွားမှု ထိန်းချုပ်ရေးသည် ယနေ့ ကမ္ဘာအရေးဖြစ်လာခဲ့သည်။
Liberia နိုင်ငံတွင်မူ ကျောင်းအားလုံး အကန့်အသတ်မရှိ ပိတ်ထားပြီး အစိုးရဝန်ထမ်းအားလုံး ခွင့် ရက် ၃၀ ပေးကာ လုပ်ငန်းအားလုံး ရပ်ဆိုင်းထားရပြီဖြစ်သည်။
Togo အခြေစိုက် pan-African လေကြောင်းလိုင်းဖြစ်သော ASKY,လေကြောင်းလိုင်းသည် အဆိုပါ ၃ နိုင်ငံမှ အခြား နိုင်ငံ ၂၀ သို့ ပြေးဆွဲပျံသန်းနေသောလေကြောင်းဖြစ်ပြီး ယခု ASKY၏ လေကြောင်းအားလုံး ရပ်ဆိုင်းထားရပြီဖြစ်သည်။
အသက် ၄၀ ရှိ Liberia နိုင်ငံသားတစ်ဦး Nigeria သို့သွားရောက် လည်ပတ်အပြီး သေဆုံးခဲ့ကာ အဆိုပါသေဆုံးမှုသည် အီဗိုလာဗိုင်းရပ်ကြောင့်ဖြစ်ကြောင်း အတည်ပြုအပြီး Nigeria နိုင်ငံတွင် ယခု စောင့်ကြည့်ကွပ်ကဲမှုများပြုလုပ်နေရပြီဖြစ်သည်။လေကြောင်းလိုင်းများသည် နိုင်ငံတကာသို့ရောဂါကူးစက်စေသောရေသောက်မြစ်ဖြစ်လာသောအခါ IATA သည် လေကြောင်းလိုင်များအားထိရောက်စွာ ထိန်းချုပ်သွားရန် ယခု စတင်ဆောင်ရွက်နေပြီဖြစ်သည်။
ယနေ့မှစတင်ပြီး နေ့စဉ်ရောဂါ ပျံနှုံမှုကို စောင့်ကြည့်ကာ ဖြစ်ပွားသည့်နေရာများသို့ ပျံသန်သောလေကြောင်းများကို တားမြစ်သွားမည်ဖြစ်ကြောင်းနိုင်ငံတကာလေကြောင်းထိန်းချုပ်ရေးအေဂျင်စီသည် ယနေ့ကြော်ငြာချက်ထုတ်ပြန်ခဲ့ရပြီဖြစ်သည်။အထက်ပါအကြောင်းအရာများသည် EBOLA (အီဗိုလာဗိုင်းရပ်) အကြောင်းနှင့်လက်ရှိ နိုင်ငံတကာ အဖြေအနေဖြစ်ပြီး မြန်မာနိုင်ငံသားများအား သတိ အသိ ၊ ဗဟုသုတ ရစေရန် သတင်းဌာနများ ၊ ကျမ်းမာရေးဆိုင်ရာအင်တာနက်စာမျက်နှာများ နှင့် ဆရာဝန်မိတ်ဆွေများ၏ အကူအညီရယူကာမြန်မာနိုင်ငံသားများ သိရှိရန် ဘာသာပြန်တင်ဆက်ပေးခြင်းဖြစ်သည် ။
ဤဆောင်းပါးအားမည်သူမဆို ကူးယူနိုင်သလို မသိရှိသေးသည့် နီးစပ်ရာသူငယ်ချင်း ၊ မိတ်ဆွေ အားလုံးသို့ ဆက်လက် လက်ဆင့်ကမ်း (SHARE) ကြရန် မြန်မာနိုင်ငံသားများ facebook စာမျက်နှာမှ အထူး တိုက်တွန်းသည် ။
ဆက်လက် ထူးခြားမှုများရှိပါက တင်ဆက်မည်၊၊.....................................
credit to- သားငယ်

CR7 အမည်ကြောင့် ရော်နယ်ဒိုကို အမေရိကန်သားတစ်ဦး တရားစွဲဆို


CR7 အမည်ကြောင့် ရော်နယ်ဒိုကို အမေရိကန်သားတစ်ဦး တရားစွဲဆို
CR7 အမည်နှင့် ပတ်သက်၍ ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုကို အမေရိကန် နိုင်ငံသားတစ်ဦး တရားစွဲဆိုခဲ့ကြောင်း ဒေးလီးမေးလ်က ဖော်ပြ သည်။ ခရစ္စတီယာနိုရော်နယ်ဒိုကို ကမ္ဘာတစ်လွှား ပရိသတ်များက CR7 ဟု အတိုကောက် ခေါ်ဆိုကြပြီး ဒိန်းမတ်ကုမ္ပဏီ JBS ကလည်း အဆိုပါအမည်ဖြင့် အမျိုးသားဝတ် အတွင်းခံများ ထုတ်လုပ်ရောင်းချခဲ့သည်။
သို့သော် အမေရိကန်နိုင်ငံသား ရန်ဇီက CR7 အမှတ်တံဆိပ်ဖြင့် အ၀တ်အထည်များ ရောင်းချနေသည့်အပြင် အဆိုပါ အမည်ဖြင့် ခုနှစ်မိနစ်တာ ကိုယ်လက်ကြံ့ခိုင်မှု လေ့ကျင့်ခန်းများ ထုတ်လွှင့်နေသည်။ ရန်ဇီသည် CR7 အမှတ်တံဆိပ် မူပိုင်ခွင့်အတွက် ၂၀၀၈ခုနှစ်က အမေရိကန်နိုင်ငံ မူပိုင်ခွင့်နှင့် အမှတ်တံဆိပ် တရားရုံးတွင် လျှောက်ထားခဲ့ပြီး ၂၀၀၉ခုနှစ်က မူပိုင်ခွင့်ရရှိခဲ့သည်။ JBS ကုမ္ပဏီက CR7 အမှတ်တံဆိပ်ကို စွန့်လွှတ်မည်ဆိုပါက ပိုက်ဆံပေးမည်ဟု ရန်ဇီကို ညှိနှိုင်းခဲ့ပြီး ခြိမ်းခြောက်မှုဆန်ဆန် လုပ်ရပ်များ ကျူးလွန်ခဲ့ခြင်းကြောင့် ရန်ဇီက အမေရိကန်နိုင်ငံ ခရိုင်တရားရုံးတွင် ရော်နယ်ဒိုနှင့် JBS ကုမ္ပဏီတို့ကို တရားစွဲဆိုခဲ့ခြင်းဟု သိရသည်။
@z(ရိုးရာလေး)

Telenor မှ 4G အထိ အသုံး ပြုနိုင်သည့် မိုဘိုင်း ဆင်းကတ်သန်း (၃၀) အား (၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချမည်ြ


Telenor မှ 4G အထိ အသုံး ပြုနိုင်သည့် မိုဘိုင်း ဆင်းကတ်သန်း (၃၀) အား (၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချမည် ဖြစ်သည်။ အဆိုပါ ဆင်းကတ်များ တွင် Video Call, Voice Mail, Internet, SMS စသည့် ၀န်ဆောင်မှု များကိုလည်း ထည့်သွင်း ဆောင်ရွက် ထားကြောင်း Telenor Myanmar မှ သိရသည်။
Telenor အနေနဲ့တော့ စပြီးကတိ ပေးထားတဲ့ အတိုင်း လိုင်စင်ရပြီး ရှစ်လ အကြာ မှ ရောင်းချပေးမယ်။ ဆင်းကတ်က 2G,3G သုံး လို့ ရပါတယ်။ ဈေးနှုန်း ချိုသာတဲ့ ဟန်းဆက်ကိုပါ ရောင်းချပေးဖို့ စီစဉ် ထား တယ် ဟု Telenor Myanmar မှ ပြန်ကြားရေ တာဝန်ခံ ကိုစိုးသူက ပြောသည်။
4G အထိ အသုံးပြုနိုင်သည့် ဆင်းကတ် များအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ဖြူး ရောင်းချပေး သွားမည် ဖြစ်ပြီး ဆင်းကတ် ၀ယ်ယူရာတွင် မှတ်ပုံတင် တစ်ခုဖြင့် လိုသလောက် ၀ယ်ယူ *နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆင်းကတ်များ၏ ဈေးနှုန်း အားကျပ် (၁၅၀၀) သတ်မှတ်ထား သော်လည်း ငွေဖြည့်ကတ်မှာမူ တစ်မိနစ် (၂၅) ကျပ်နှုန်းဖြင့် အကြမ်းဖျင်း သတ်မှတ် ထားပြီး အင်တာနက် အသုံးပြုခမှာ လက်ရှိ MPT ဈေးနှုန်း ထက် လျော့နည်းသွား မည် ဖြစ်ကြောင်း Telenor Mynmar မှ သိရသည်။
________________________________
Thursday, July 31, 2014 | The Messenger

အော်ရီဒူး မြန်မာ အမှုဆောင်အရာရှိချုပ် Mr. Ross Cormack နှင့် တွေ့ဆုံခြင်း


အော်ရီဒူး မြန်မာ အမှုဆောင်အရာရှိချုပ် Mr. Ross Cormack နှင့် တွေ့ဆုံခြင်း
***********************************************************
မင်းညီ တွေ့ဆုံမေးမြန်းသည်
************************************************************
မြန်မာနိုင်ငံတွင် အော်ပရေတာလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိထားသော နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် အော်ရီဒူးမှ တန်ဖိုးနည်းဆင်းမ်ကတ်များကို စတင်ဖြန့်ဖြူးလျက်ရှိသည်။
ယင်းကဲ့သို့ ရောင်းချရာတွင် အော်ရီဒူးဆင်းမ်ကတ်များ၏ ဖုန်းပြောဆိုခများ၊ အင်တာနက်အသုံးပြုမှုများကို သိရှိနိုင်ရန်အတွက် အော်ရီဒူးမြန်မာ အမှုဆောင်အရာရှိချုပ် Mr. Ross Cormack နှင့် တွေ့ဆုံခဲ့ သည်များကို တင်ပြလိုက်ပါသည်။
+++++++++++++++++++++++++++++++++++++++++++++++++++
မေး- ဩဂုတ် ၂ရက်မှာ လူကြီးမင်းတို့ သတင်းစာ ရှင်းလင်းပွဲလုပ်မယ်လို့ သိရပါတယ်။ အဲဒီနေ့မှာ ပြည်သူ တွေကို ဘာတွေ အသိပေးကြေညာသွားဖို့ ရှိသလဲ။
ဖြေ- ဩဂုတ် ၁၅ရက်မှာ ဝန်ဆောင်မှုများအားလုံးကို အမှန်တကယ် မိတ်ဆက်တော့မှာ မို့ ကွန်ရက်ပိုမိုကောင်း မွန်ကျယ်ပြန့် လာစေဖို့နဲ့ အပြီးသတ်ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေတာတွေကို တရားဝင် သတင်းထုတ်ပြန်ဖို့ ပါ။ တစ်ဆက်တည်းမှာပဲ ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့များမှာ ကနဦးအစမ်းသပ်ကာလအနေနဲ့ အဆင့်မြင့်ကြည် လင်ပြတ်သားသောအသံနှင့် ဖုန်းခေါ် ဆိုမှုများအပြင် မြန်နှုန်းမြင့် အင်တာနက်နှင့် စာတို ပေးပို့ခြင်းများကို အခမဲ့ဝန်ဆောင်မှုပေးမှာ ဖြစ်ပါတယ်။
မေး- ကြော်ငြာမိတ်ဆက်အနေနဲ့ ဘယ်လိုအထူးအခွင့် အရေးတွေ ဘယ်လိုပေးဖို့ရှိလဲ။
ဖြေ- Ooredoo မှ Ooredoo သို့ အပြန်အလှန်ခေါ်ဆိုသော သုံးစွဲသူ မိဘပြည်သူတွေ အတွက် မိနစ် ၉၀၀ အခမဲ့ခေါ်ဆိုခွင့်နဲ့ အခမဲ့စာ တိုပေးပို့ခြင်းအကြိမ်ရေ ၉၀၀ ပြုလုပ်နိုင်ဖို့ အထူးအခွင့်အရေး စီစဉ်ထားပါတယ်။ Ooredoo ကနေ တခြားဖုန်းတွေ ဥပမာ-MPT တို့ တယ်လီနောတို့ကို ဖုန်းခေါ်ဆို မယ်ဆိုရင် မိနစ် ၉၀ နဲ့ စာတိုပေးပို့ခြင်းအကြိမ်ရေ ၉၀ အဲဒီကာလမှာ အခမဲ့ လုပ်နိုင်အောင် စီစဉ်ထားပါတယ်။ ပရိုမိုးရှင်းကာလ အတွင်းမှာ နေ့စဉ်ဒေ တာ20MB နဲ့ Facebook အခမဲ့ သုံးခွင့်ရကြမှာပါ။ 20MB ဆိုတာကE-mail အစောင် ၈ဝနှင့် အင်တာနက်စာမျက်နှာပေါင်း ၄ဝကို ဖတ်ရှု နိုင်မှာပါ။
အင်တာဗျူးအပြည့်အစုံသို့ =>http://www.dailydemocracytoday.com/2014-03-04-07-01-05/item/404-mr-ross-cormack

တရုတ်တွင် စက်ရုံပေါက်ကွဲမှုကြောင့် (၆၅)ဦးထက်မနည်း သေဆုံး


တရုတ်တွင် စက်ရုံပေါက်ကွဲမှုကြောင့် (၆၅)ဦးထက်မနည်း သေဆုံး


တရုတ်နိုင်ငံ အရှေ့ပိုင်း ဒေသတွင် စက်ရုံတစ်ရုံ ပေါက်ကွဲမှု ဖြစ်ပွားရာ အနည်းဆုံး လူ(၆၅)ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။
တရုတ်သတင်းမီဒီယာများက ကွန်ရှန်တွင် ဖြစ်ပွားသော ပေါက်ကွဲမှု၌ နောက်ထပ် လူ(၁၀၀)ထက်မနည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။ တရုတ် Social Mediaများပေါ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများ၌ အရေပြား လောင်ကျွမ်းထားသူများကို ဆေးဝန်ထမ်းများက ကူညီပြုစုနေကြသည်ကို တွေ့ရသည်။

ဩဂုတ်(၂)ရက်က ဖြစ်ပွားသော ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စုံစမ်းမှုများ လုပ်ဆောင်နေဆဲဟု သိရသည်။ CCTV သတင်းဌာနက ပေါက်ကွဲမှု ဖြစ်ပွားသည့် စက်ရုံကို Zhongrong Plating ကုမ္ပဏီက ပိုင်ဆိုင်ကြောင်း အတည်ပြုခဲ့သည်။ အဆိုပါ စက်ရုံသည် အမေရိကန် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းကြီး GMအတွက် မော်တော်ယာဉ် အစိတ်အပိုင်းများ ထုတ်လုပ်ပေးနေပြီး ဝန်ထမ်း(၄၅၀)မျှ ရှိနေကြောင်း သိရသည်။
တရုတ်မီဒီယာများက စက်ရုံ၏ အရောင်တင်ဌာန၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဟု ဖော်ပြခဲ့သည်။ ထိုအချိန်က အခင်းဖြစ်ရာ နေရာတဝိုက်တွင် အလုပ်သမား (၂၀၀)ကျော် ရှိနေသည်။ တရုတ်နိုင်ငံတွင် စက်မှုလုပ်ငန်းများ၏ လုံခြုံရေး စံနှုန်းများကို ပြီးခဲ့သည့် နှစ်ပိုင်းများအတွင်း မြှင့်တင်လာခဲ့သော်လည်း မတော်တဆမှုများ ကြုံတွေ့နေရဆဲ ဖြစ်သည်။
—Ref: BBC

(REUTERS/Stringer)

(REUTERS/Stringer)

(REUTERS/Stringer)

(REUTERS/Carlos Barria)

(REUTERS/Carlos Barria)

အော်ရီဒူး လာပြီ


အော်ရီဒူး လာပြီ




 
 

သောကြာနေ့က ရန်ကုန်မြို့လယ်မှာတော့ အော်ရီဒူးက ရုတ်တရက် ထုတ်ရောင်းလိုက်တဲ့ တယ်လီဖုန်းဆင်ကတ် ဝယ်သူတွေနဲ့ ပျားပန်းခပ်နေပါတယ်။
အော်ရီဒူး ဆင်ကတ်ရောင်းတဲ့ဆိုင်တွေမှာ အုံနေတဲ့၊ တန်းစီနေတဲ့သူတွေ အများအပြားပါပဲ။ 

ဒီအကြောင်းကို ဧရာဝတီအင်္ဂလိပ်ပိုင်းစာမျက်နှာမှာလည်း Call Me, Maybe? Rangoon Becomes SIM City ဆိုပြီး ရေးပါတယ်။
http://www.irrawaddy.org/burma/call-maybe-rangoon-becomes-sim-city.html မှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။

မကြာသေးခင်ကအထိတော့ ဆင်ကတ် ဆိုရင် ဈေးကွက်ကို လက်ဝါးကြီးအုပ် မောင်ပိုင်စီးထားတဲ့ MPT ပဲ ရှိတာပါ။
MPT ကတ်တွေကို လစဉ် ကံစမ်းမဲဖောက်ပေးလို့ ပျော်ရွှင်ရသူတွေလည်း အများအပြားပါပဲ။
ခုတော့ အော်ရီဒူး လာပါပြီ။

အော်ရီဒူးက မြန်မာပြည်မှာ ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို နော်ဝေအခြေစိုက် တယ်လီနောနဲ့အတူ မနှစ်က ရရှိပါတယ်။
ဒါကြောင့် ပြီးခဲ့တဲ့ ၁၃လလုံးလုံး သူတို့က တာဝါတိုင်တွေထောင်ဖို့၊ သူတို့တံဆိပ် ဈေးကွက်ထဲပေါက်ဖို့ လုပ်ခဲ့ကြတာပါ။

ဒီရက်ပိုင်းအတွင်း အော်ရီဒူးက သူ့ဆင်ကတ်တွေ ထုတ်ပြလိုက်တာကြောင့် မြန်မာပြည်ရဲ့ ဆက်သွယ်မှုတော်လှန်ရေး တခု အစပြုတယ်လို့လည်း ဆိုနိုင်ပါတယ်။

ဒါကြောင့် ဆက်သွယ်ရေးကဏ္ဍ အားအနည်းဆုံးနိုင်ငံတခုဖြစ်တဲ့ မြန်မာပြည်မှာ ဆင်ကတ်တွေကို ပထမဆုံး ဈေးကွက်ထဲ အရောင်ပို့နိုင်တဲ့ နိုင်ငံခြားကုမ္ပဏီက အော်ရီဒူး ဖြစ်လာပါတော့တယ်။

တယ်လီနောကတော့ သူ့ဆင်ကတ်တွေကို ဒီနှစ်နှောင်းပိုင်း ဈေးကွက်ထဲ ဖြန့်မယ်လို့ ဆိုထားတဲ့အတွက် သူလည်း မကြာခင် လာမယ်ဆိုတဲ့သဘော ရှိပါတယ်။

ဆင်ကတ်ဝယ်တဲ့အခါ ကျပ်ထောင့်ငါးရာထက် ပိုမပေးဖို့  အော်ရီဒူးက သူ့ဖေ့စ်ဘုတ်မှာ ကြေညာပါတယ်။ 
မည်သို့ပင် ကြေညာစေ သတ်မှတ်ထားစေကာမူ ဝယ်ယူအားပေးသူ များပြားလွန်းတဲ့အတွက် ဆိုင်တွေမှာတော့ ၂,ဝဝဝ၊ ၃,ဝဝဝ၊ ၅,ဝဝဝ စသဖြင့် ရောင်းကြတာကို ရန်ကုန်မြို့လယ်မှာ တွေ့ရမှာပါ။

MPT ကတ်တွေကို ထောင့်ငါးရာနဲ့ ကံစမ်းမဲ ဖောက်ပေးပေမယ့် မဲမပေါက်သူတွေအများအပြား ရှိနေပါတယ်။ တနည်းဆိုရရင်
မြန်မပြည်သား သန်းပေါင်းများစွာဟာ ၂၁ ရာစုထဲ ရောက်နေပေမယ့်၊ ကမ္ဘာလွှမ်းပတ်ဆက်နွယ်မှုခေတ်ထဲ ရောက်နေပေမယ့် ဖုန်းကို ကိုယ်ပိုင်မသုံးနိုင်သူ အများအပြား ရှိနေပါတယ်။

ဒါကြောင့် တန်ဖိုးနည်းပြီး အများပြည်သူ လက်လှမ်းမီတဲ့ ဈေးနှုန်းနဲ့ အော်ရီဒူးက ဈေးကွက်ကို မိတ်ဆက်ပေးလိုက်တော့ အင်မတန် လှုပ်လှုပ်ရှားရှား ဖြစ်သွားခြင်းပါ။

စနေနေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ အော်ရီဒူးရဲ့ ရှင်းလင်းပွဲမှာ ဆင်ကတ်တွေကို သတ်မှတ်ဈေးနှုန်း ထောင့်ငါးရာထက် ပိုပေးပြီး မဝယ်ဖို့ အော်ရီဒူးမြန်မာရဲ့ အမှုဆောင်အရာရှိချုပ် (အပေါ်ပုံ) က   တကြိမ်ထက်မက တိုက်တွန်းသွားပါတယ်။

လတ်တလော အနယ်နယ်အရပ်ရပ်မှာ အရောင်းကိုယ်စားလှယ်ဆိုင်ပေါင်း ၆,၅ဝဝ ရှိတယ်လို့ သိရပါတယ်။
အဲဒီဆိုင်တွေမှာ နိုင်ငံသားစိစစ်ရေးကတ်ပြပြီး ဝယ်နိုင်ပါတယ်။

တခြားသောနိုင်ငံတွေလိုပါပဲ၊ မြန်မာပြည်မှာလည်း နိုင်ငံသားစိစစ်ရေးကတ်ပြပြီး ဆင်ကတ်ကို ဝယ်ယူရပါတယ်လို့ ပြောပါတယ်။

ထိုင်းနိုင်ငံမှာလည်း  ဒီလို ကန့်သတ်ထားခဲ့ဖူးပါတယ်။
အခုတော့ ထိုင်းမှာ ဒီလို မကန့်သတ်တော့ပါဘူး။ ဒီအတိုင်း ဝယ်နိုင်ပါပြီ။ အရေအတွက်လည်း မကတ်သတ်တော့ပါ။
အခမဲ့ဝေတဲ့နေရာတွေမှာလည်း ကတ်တွေကို ဒီအတိုင်း ပုံထားပါတယ်။
ကြိုက်သလောက် ကောက်ယူရုံပါ။

အလကားရတာပဲ ဆိုပြီး စုပြုံ ကောက်ထည့်သွားတာမျိုးတော့ မတွေ့ဖူးပါဘူး။
ဆင်ကတ်ကို သုံးတယ် ဆိုကတည်းက ငွေဖြည့်ကတ် ထပ်ဝယ်ရပါတယ်။
ဒါကြောင့် အလကားရတဲ့ ဆင်ကတ်ကို မလိုအပ်ဘဲ မယူကြခြင်းဖြစ်ပါတယ်။

မြန်မာပြည်မှာတော့ MPT က လက်ဝါးကြီးအုပ်ထားတဲ့အတွက် ဆင်ကတ်က ထီးသုံးနန်းသုံးလို ဖြစ်ခဲ့ရခြင်းပါပဲ။

အခုတော့ အသစ်စက်စက် ပြိုင်ဘက်များထဲက တခုက ရှေ့ခြေတလှမ်းပြီးတလှမ်း တိုးလာပြီ လို့ ဆိုရမှာ ဖြစ်ပါတယ်။

http://blog.irrawaddy.org/2014/08/blog-post_13.html

oredoo ကိုတော့ ပရိသတ်တွေအားပေးမလားတော့မသိဘူး ကျွန်တော်ကတော့ လာမဲ့ဆင်းကတ်ကိုတော့ စောင့်နေတယ်ဗျာ ...
အားလုံးကိုလေးစားလျှက် TSN ..........

Ooredoo card အတွက် သုံးလို့ရတဲ့ Function တွေကအများသား မိမိဖုန်းကိုငွေဖြည့်မလား...


အမှန်ပြောရရင် Ooredoo card ကမရှိသေးဘူး...
Ooredoo card အတွက် သုံးလို့ရတဲ့ Function တွေကအများသား
မိမိဖုန်းကိုငွေဖြည့်မလား...
အခြား Ooredoo card ကိုငွေဖြည့်ပေးမလား...
မိမိဖုန်းထဲကငွေကို အခြား Ooredoo phone ထဲလွှဲပေးမလား...
မိမိဖုန်းထဲကို အခြား Ooredoo phone ထဲကငွေဖြည့်ပေးဘို့တောင်းခံမလား...
ငါ့ကိုပြန်ခေါ်ပါလို့ ပြောချင်သလား...
လက်ကျန်ငွေစစ်ချင်လား...
ဝန်ဆောင်မှုဌာနကိုဆက်သွယ်ချင်လား...
မိမိဖုန်းနံပါတ်ကိုပြန်စစ်ချင်လား...
အဲဒီ function တစ်ခုစီအတွက် code တွေလိုက်မှတ်ဘို့ဆိုတာဘယ်လွယ်မလည်း...
ဒါကြောင့် ဘာ code မှ မှတ်စရာမလို အသင့်သုံးနိုင်အောင် apk လေးတစ်ခု မနက်က သတိရပြီးရေးလိုက်တယ်...
ဒီဇိုင်းကတော့ တောဒီဇိုင်းလေးပါ...
နယ်က လူတွေအတွက်လွယ်မလားလို့...
နောက် Version မှာတော့ design ပြောင်းပါမယ်...
အောက်ပါ လင့်မှာယူပါ...
လိုအပ်ချက် တွေလည်း ပြောပေးကြပါ...
မနက်ကမှ ကမန်းကတန်းလုပ်လိုက်တာမို့ 

7/29/14

မန္တလေးတွင် အော်ရီးဒူးဆင်းမ်ကတ် ရောင်းပြီ


မန္တလေးတွင် အော်ရီးဒူးဆင်းမ်ကတ် ရောင်းပြီ
==============
ဇူလိုင် ၂၉ ယနေ့နေ့လည် ၁၂ နာရီနောက်ပိုင်းမှ စတင်၍ အော်ရီးဒူး၏ မိုဘိုင်းဖုန်းဆင်းမ်ကတ်များကို ငွေကျပ် ၁၅၀၀ ဖြင့် မန္တလေးမြို့ရှိ ဟန်းဆက် အရောင်းဆိုင်များတွင် ၀ယ်ယူအသုံးပြု နိုင်ခဲ့သည်။
ရွှေအဆင့်ကိုယ်စားလှယ်အရောင်းဆိုင်တစ်ခုလျှင် ဆင်းမ်ကတ်ပေါင်း ၈၀၀ ခန့်ရောင်းချပေးခဲ့သည်ဟုသိရသည်။ အဆိုပါဆင်းမ်ကတ်များသည် မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းဆီသို့ ခေါ်ဆိုမည်ဆိုပါ တစ်မိနစ်လျှင် ၃၅ ကျပ်ကျသင့်ပြီး အချင်းအချင်းပြန်လည်ခေါ်ဆိုပါ ၂၅ ကျပ်ကျသင့်သည်ဟု သိရသည်။
အော်ရီဒူးအနေဖြင့် သြဂုတ်လ ၂ ရက်နေ့မှသာ ဆင်းမ်ကတ်များရောင်းချရန် ကိုယ်စားလှယ်များကို ပြောကြားထားခဲ့သော်လည်း နာမည်ရရှိရန်အတွက် အရောင်းဆိုင်များ ကြိုတင်ရောင်းချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယနေ့ညနေပိုင်း၌ အော်ရီဒူး၏ငွေအဆင့်အရောင်းကိုယ်စားလှယ်များထံမှ ဆင်းမ်ကတ်များ ထပ်မံထွက်ရှိလာမည်ဟုလည်း မန္တလေးမြို့၌ သတင်းထွက်ပေါ်နေသည်။ လက်ရှိအချိန်၌ ဆင်းမ်ကတ်များသည် မိနစ် ၉၀၀ ကို အခမဲ့ပြောဆိုနိုင်မည်ဖြစ်ပြီး အင်တာနက်အနေဖြင့်လည်း တစ်ရက်လျှင် 20M အခမဲ့အသုံးပြုနိုင်မည်ဟု သိရသည်။
ငွေဖြည့်ကတ်များအနေဖြင့် ၁ ထောင်ကျပ်မှ ၁ သောင်းကျပ်အထိ သက်မှတ်ရောင်းချပေးမည်ဖြစ်သော်လည်း လက်ရှိအချိန်၌ ၅ ထောင်ကျပ်တန် ငွေဖြည့်ကတ်များသာ အရောင်းဆိုင်များဆီသို့ ရောက်ရှိနေခဲ့သည်ဟု သိရသည်။ ၀ယ်ယူရန်အတွက် မှတ်ပုံတင်မိတ္တူနှင့် ဓာက်ပုံတစ်ပုံသာလိုအပ်ကြောင်းသိရသည်။

Internet Journal

မာဆူလဲလ်ရွာ သို့မဟုတ် တောင်ရွာ


မာဆူလဲလ်ရွာ သို့မဟုတ် တောင်ရွာ
တောင်ပုံသဏ္ဍန်တည်ဆောက် ထားသောကြောင့် ၎င်းရွာကို မာဆူလဲလ်ရွာ တစ်နည်း တောင်ရွာဟု ခေါ်ဆို ဖြင်းဖြစ်ပါတယ်။ ၎င်းရွာဟာ အီရန်နိုင်ငံမှာ တည်ရှိပါတယ်။
အလွန်ပဲ လှပပြီး ဆန်းပြားတဲ့ ရွာလေးတစ်ရွာ ဖြစ်ပါတယ်။ အိမ်များကို အဝေးက ကြည့်လိုက်မယ်ဆိုလျှင် လှေကားထစ် ကလေးများ ကဲ့သို့ ထင်ရလောက် ပါတယ်။ ကမ္ဘာ့အံ့ဖွယ် ရွာတစ်ရွာလည်း ဖြစ်ပါတယ်။
၎င်းရွာဟာ ရှေးယခင် ကတည်းက တည်ရှိနေခြင်း ဖြစ်ပါတယ်။ အီရန်နိုင်ငံမှာ နာမည်ကျော်ကြားသော ရွာတစ်ရွာ ဆိုလည်း မမှားပါဘူး။ လူဦးရေ စုစုပေါင်း ၅၄၀ ခန့်လောက်နေထိုင် တယ်လို့လည်း ဆိုပါတယ်။
Ref - General Knowlegde
ကျော်လင်းနိုင် (ရိုးရာလေး)
www.yoyarlay.com

မျက်နှာဖုံးစွပ်ပြီး ၁၀နှစ်ကျော်နေခဲ့ရတဲ့ GQ မဂ္ဂဇင်း မျက်နှာဖုံးရှင်


မျက်နှာဖုံးစွပ်ပြီး ၁၀နှစ်ကျော်နေခဲ့ရတဲ့ GQ မဂ္ဂဇင်း မျက်နှာဖုံးရှင်
ကမ္ဘာကျော် GQ မဂ္ဂဇင်းက သြဂုတ်လထုတ် အမျိုးသား မဂ္ဂဇင်းမှာ ရစ်ချက်နောဝစ်ဆိုသူကို မျက်နှာဖုံးရှင်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ရစ်ချက်နောဝစ်ဟာ သေနတ် မတော်တဆမှုကြောင့် မျက်နှာတစ်ခုလုံး မြင်မကောင်းအောင် ပျက်စီးသွားခဲ့ပြီး မျက်နှာဖုံးစွပ် ဘ၀နဲ့ ၁၀နှစ်ကျော် နေထိုင်ခဲ့ပြီးနောက် မျက်နှာအစားထိုး ခွဲစိတ်ကုသမှု ခံယူခဲ့လို့ သာမန်ရုပ်သွင်ရဲ့ ၅၀ရာခိုင်နှုန်းလောက် ပြန်ရခဲ့တာပါ။
အရက်မူးနေတုန်း သူ့မျက်နှာကို သေနတ်နဲ့ ပြန်ချိန်ပြီး သတ်သေမလို လုပ်ခဲ့ရာမှာ မတော်တဆ ကျည်ဆန်ထွက်သွားလို့ မေးရိုးနဲ့ သွားတွေ ပြုတ်ထွက်သွားခဲ့ပြီး မျက်နှာတစ်ပြင်လုံး ပျက်စီးသွားခဲ့တဲ့ ရစ်ချက်နောဝစ်ဟာ ခွဲစိတ်ကုသမှု အကြိမ်ကြိမ် လုပ်ခဲ့ပေမယ့် အခြေအနေ တိုးတက်လာခြင်းမရှိခဲ့ပါဘူး။ မျက်နှာ လူမြင်မခံရဲလို့ ညဘက်မှ အိမ်ပြင်ထွက်ရတဲ့ ရစ်ချက်နောဝစ်ဟာ မျက်နှာဖုံးစွပ် ဘ၀နဲ့ ၁၀နှစ်ကျော် နေထိုင်ခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ရစ်ချက်နောဝစ်က အသက်(၂၂)နှစ်ပဲ ရှိပါသေးတယ်။
၂၀၁၂ခုနှစ်မှာတော့ အမေရိကန်နိုင်ငံ၊ မာရီလန်း တက္ကသိုလ်ဆေးရုံက ရုပ်ပြင်ခွဲစိတ်ကုသရေးဌာန အကြီးအကဲ ဒေါက်တာ ရိုဒရီဂွက်ဇ်က ရစ်ချက်နောဝစ်ကို မျက်နှာအစားထိုး ကုသဖို့ အကြံပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်မှာ မျက်နှာအစားထိုး ခွဲစိတ်ကုသမှု နှစ်ကြိမ်ပဲ လုပ်ခဲ့ရပါသေးတယ်။ ပထမဆုံးအကြိမ် မျက်နှာတစ်ပြင်လုံး အစားထိုးကုသမှုလုပ်ခဲ့တာ စပိန်နိုင်ငံမှာဖြစ်ပြီး ၂၀၁၀ခုနှစ်တုန်းကပါ။ အဲဒီအတွက် ရစ်ချက်နောဝစ်ကို မျက်နှာအစားထိုး ကုသဖို့ ဆရာဝန်နဲ့ သူနာပြု ၁၀၀ကျော် ပါဝင်တဲ့ အဖွဲ့တစ်ခုဖွဲ့စည်းပြီး အစားထိုးခွဲစိတ်မှု လုပ်ခဲ့ရပါတယ်။
ခွဲစိတ်ကုသမှု မလုပ်ခင် ရိုဒရီဂွက်ဇ်က ဒီခွဲစိတ်မှု အောင်မြင်ဖို့ ရာခိုင်နှုန်းက ၅၀-၅၀ပဲ ရှိတယ်လို့ နောဝစ်အမေကို ပြောခဲ့ပေမယ့်
နောဝစ်ကတော့ ဆေးပညာလောက အတွက် အဖိုးတန် အတွေ့အကြုံတွေ ရရှိစေမယ့် ခွဲစိတ်ကုသမှု ခံယူဖို့ စိတ်အားထက်သန် ခဲ့သလို ပြန်ကောင်းလာလိမ့်မယ်လို့လည်း ယုံကြည်ထားခဲ့ပါတယ်။ ဒီခွဲစိတ်ကုသမှုဟာ မျက်နှာအစားထိုး ခွဲစိတ်ကုသမှုတွေထဲမှာ အကြီးမားဆုံး ခွဲစိတ်မှုတစ်ရပ်ဖြစ်ခဲ့ပါတယ်။ နောဝစ် မျက်နှာအစားထိုး ကုသဖို့ ခန္ဓာကိုယ် လှူ ဒါန်းခဲ့တာကတော့ ယာဉ်တိုက်မှုကြောင့် အသက်(၂၁)နှစ်အရွယ်မှာ
သေဆုံးသွားတဲ့ အဗာဆာနိုရဲ့ မိသားစုတွေ ဖြစ်ပါတယ်။
@z (ရိုးရာလေး)