သတင်းနှင့်နည်းပညာများ

2/12/14

သင်္ဃန်းကျွန်းကြီးမှ သိမ်းဆည်းခံလယ်မြေများအတွက် လျော်ကြေးရရန် ဆန္ဒထုတ်ဖော်ကြမည်

သင်္ဃန်းကျွန်းကြီးမှ သိမ်းဆည်းခံလယ်မြေများအတွက် လျော်ကြေးရရန် ဆန္ဒထုတ်ဖော်ကြမည်

[ ကျော်အောင် ၊ ရန်ကုန် ၊ Flower News Journal ]

မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုမှ သိမ်း ဆည်းခံလယ်ယာမြေများကို လက်ရှိကာလ ပေါက်ဈေးအတိုင်း လျော်ကြေးငွေရရှိရန် လယ်သမားများက ကုမ္ပဏီကို ဆန္ဒထုတ်ဖော် တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

မင်္ဂလာဒုံမြို့နယ်အတွင်း မင်္ဂလာ ဒုံဥယျာဉ်မြို့တော်စီမံကိန်းနှင့် ရန်ကုန်စက်မှု ဇုန်စီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အဆိုပါမြို့နယ်အတွင်း ရှိ လယ်ယာမြေကွင်းအမှတ် (၄၀၇ B)၊ (၅၃၄ B )ရှိ လယ်သမား ၉၁ဦးပိုင် လယ်မြေ ၆၉၀ ဧကကို ၁၉၉၇ ခုနှစ်တွင် အိုးအိမ်နှင့် ဇေကမ္ဘာကုမ္ပဏီတို့က သိမ်းယူခဲ့ကြောင်း လယ်သိမ်းခံလယ်သမားများ၏ ပြောပြချက် အရ သိရသည်။

““ကျွန်တော်တို့ ဘိုးစဉ်ဘောင် ဆက်လုပ်ကိုင်စားသောက်ခဲ့တဲ့လယ်တွေ ကို သူတို့သိမ်းတဲ့ကိစ္စနှင့်ပတ်သက်ပြီး ဇေ ကမ္ဘာဦးခင်ရွှေနဲ့ထိပ်တိုက်တွေ့ဖို့ ကျွန်တော် တို့ စာတင်တောင်းဆိုထားတယ်။ သူနဲ့လယ် သမားတွေနဲ့ထိပ်တိုက်တွေ့ပြီး ရှင်းမှ ဒီပွဲ က ပြီးမယ်””ဟု လယ်သိမ်းခံလယ်သမားတစ် ဦးဖြစ်သူ ဦးကျော်ညွန့်က ပြောသည်။

ယင်းသို့တွေ့ဆုံနိုင်ရန် သင်္ဃန်း ကျွန်းကြီးကျေးရွာအုပ်စုမှ လယ်သမားများ က မင်္ဂလာဒုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၉ ရက် က စာတင်တောင်းဆိုခဲ့သော်လည်း ယနေ့ အချိန်အထိ တစ်စုံတစ်ရာ အကြောင်းပြန် ကြားခြင်းမရှိသေးကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး မင်္ဂလာဒုံမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ““လယ်သမားတွေက ကုမ္ပဏီဥက္ကဋ္ဌ တွေ့ချင်တယ်။ တွေ့မယ်၊ မတွေ့ဘူးဆိုတာက ကုမ္ပဏီဥက္ကဋ္ဌရဲ့ဆန္ဒပေါ့။ ကျွန်တော်တို့ကတွေ့လို့ သွားပြောလို့မရ ဘူး””ဟု ပြောသည်။
တောင်းဆိုမှုများနှင့်ပတ်သက် ၍ ဖေဖော်ဝါရီ ၂၅ ရက်အထိ လယ်သမား များဘက်မှစောင့်ဆိုင်းသွားမည်ဖြစ်ပြီး ယင်း နေ့ထိတစ်စုံတစ်ရာ ထူးခြားမှုရှိမလာပါက လယ်သိမ်းခံလယ်သမားများ စုပေါင်းဆန္ဒ ထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

Yangon Media Group

Japanese Hiragana စာရေးသားနည်းကို အခြေခံမှ စတင်တတ်မြောက်လိုသူများအတွက်


Japanese Hiragana စာရေးသားနည်းကို အခြေခံမှ စတင်တတ်မြောက်လိုသူများအတွက်

Japanese Hiragana Handwriting ဆိုသော Android App လေး ကိုမိတ်ဆက်ပေးလိုက်ပါတယ်။

Japan စာကို မြန်မာ စာ ရေးသည့်အတိုင်း ဘယ်ကနေစဆွဲရမယ်ဆိုတာကို

လက်ရေးကျင့်လို့ရပါတယ်။

ITgroup

လိုအပ်သူများဒေါင်းလော့ဆွဲပါရန် >>https://www.dropbox.com/s/qnae0157ol6xk7s/japanese_handwriting_%20Upload%20By%20Myatko%20%28www.zealot-mko.com%29.apk

Zealot Myatko

Admin Of IT
www.zealot-mko.com

စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် အမှတ်(၂၁)မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ကွမ်းလုံ)မှတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများ နှင့်အတူ လောက်ကိုင်-ရန်လုံကျိုင်းလမ်းမပေါ်တွင် လောက်ကိုင်မြို့မှ ရန်လုံကျိုင်းမြို့သို့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ တာ့လီခရိုင်၊ ရှမ်ကွမ်းမြို့နေ ရန်ယူချီ(ခ)လောက်ရ(၄၀)နှစ်နှင့် လောက်ကိုင်မြို့နယ်၊ ရွှေယင်းစီးကျေးရွာနေ ၀ူဝင်မန့်(ခ)ရှောက်မန့်(၁၈)နှစ်လိုက်ပါသည့် တရုတ်ယာဉ်အမှတ်(L.Q xxxx) မော်တော်ယာဉ်အား ရန်တန့် ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ရန်ယူချီ(ခ)လောက်ရထံမှ WY စာတမ်းပါ နီညိုရောင်စိတ်ကြွရူးသွပ် ဆေးပြား(၄)ပြား၊ ယာဉ်ရှေ့ခန်းထိုင်ခုံနှစ်ခုကြားရှိ ပလပ်စတစ်အိတ်အတွင်းမှ WY စာတမ်းပါ နီညိုရောင်စိတ်ကြွရူးသွပ်ဆေးပြား(၂၀၀၀)ပြား၊ စုစုပေါင်းဆေးပြား(၂၀၀၄)ပြား၊ တန်ဘိုးငွေကျပ် (၃၀.၆)သိန်းအား သိမ်းဆည်းရမိခဲ့သဖြင့် ရန်ယူချီ(ခ)လောက်ရနှင့်ဝူ၀င်မန့်(ခ) ရှောက်မန့်တို့(၂)ဦးအား ရန်လုံကျိုင်းနယ်မြေရဲစခန်း မယ(ပ) ၂/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

လမ်းလယ်ကျွန်းဘယ်ရီယာတုံးများအား တိုက်မိ



လမ်းလယ်ကျွန်းဘယ်ရီယာတုံးများအား တိုက်မိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ နေ့လည် ၃ နာရီ ၅ မိနစ်အချိန် ပဲခူးတိုင်း ဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၈၃/၀-၁)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ မြို့ချောင်းအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ထားဝယ်မှမန္တလေးသို့ ထားဝယ်မြို့နယ်၊ တလိုင်းမားရပ်ကွက်နေ မျိုးဆက်သူ(၂၅)နှစ်မောင်းနှင်လာသောYGN 4G/xxxx Mini Truck အဖြူရောင် ယာဉ်သည် ၀ဲရှေ့ဘီးပေါက်၍ လမ်းလယ်ကျွန်းတွင်ကာရံထားသော ဘယ်ရီယာတုံးများအား ၀င်ရောက် တိုက်မိခဲ့ကြောင်း တွေ့ရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ယာဉ်ပေါ်ပါ ထားဝယ်မြို့၊ ကရစ်ပြင် ရပ်ကွက်နေသူများဖြစ်သည့် မချိုချိုသက်(၃၁)နှစ်၊ မတင်ဇာအောင်(၁၁)နှစ်၊ မတိုးအိန်ဂျယ်(၁)နှစ်(၇)လနှင့် မောင်စိုးပညာ(၅)နှစ်တို့တွင် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာများအသီးသီးရရှိခဲ့သောကြောင့် ဖဒိုဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မှာ ခေါင်းပိုင်းဝဲဘက်ခြမ်း ပိန်ချိုင့်၊ အမိုးကိုင်းပျက်စီး၊ ရှေ့ဘီး(၂)လုံးပြုတ်ထွက်၊ တန်ဘိုးငွေကျပ်(၁၀)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ မျိုးဆက်သူအား မြို့ချောင်း အမြန်လမ်းရဲစခန်း ယာဉ်(ပ)၅/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ကားပြပွဲ....


ကားပြပွဲ....

Telenor က လိုင်စင်ရပြီး သုံးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ကုန်ကျစားရိတ် အရင်းကျေရန် မျှော်မှန်းထား


Telenor က လိုင်စင်ရပြီး သုံးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ကုန်ကျစားရိတ် အရင်းကျေရန် မျှော်မှန်းထား
အတွဲ (၁၅)၊ အမှတ် (၇)
Tue, 02/11/2014 - 10:46
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် ယခုနှစ်အတွင်း လုပ်ငန်း စတင်လုပ်ကိုင်တော့မည့် Telenor မိုဘိုင်းအော်ပရေတာ ကုမ္ပဏီက လုပ်ငန်း စတင်လည်ပတ်ချိန်မှ သုံးနှစ်အတွင်းတွင် ၎င်းင်းတို့ကို ရင်းနှီးမြှုပ်နှံထားသည့် ရင်းနှီးငွေပမာဏကို အရင်းကျေနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

နော်ဝေဆက်သွယ်ရေး ကုမ္ပဏီက ဆက်သွယ်ရေးလိုင်စင် ရရှိသည့်အချိန်မှ နောက်သုံးနှစ်အကြာတွင် မြန်မာအစိုးရကို ပေးဆောင်ရမည့် အခွန်ခနှုန်းထားများ၊ အခြားသော ကုန်ကျစားရိတ်များ ကို မနှုတ်ရသေးမီ ဝင်ငွေ အရင်း ကျေနိုင်ရန် အပြည့်အဝ ရည်မှန်းထားသည်ဟု အဆိုပါကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် Mr.Jon Fredrik Baksaas က ပြောကြားသည်။

အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ပေးဆောင်ရမည့် လုပ်ငန်းလိုင်စင်ကြေးမှာ အမေရိကန် ဒေါ်လာ သန်းငါးရာဖြစ်သည်။ ၎င်းတို့သည် မြန်မာအစိုးရသို့ ပေးဆောင်ရမည့် လိုင်စင်ကြေးနှင့် လုပ်ငန်း အသုံးစာရိတ် စုစုပေါင်း ကုန်ကျငွေကို အမေရိကန်ဒေါ်လာ တစ်ဘီလီလျံခန့် ရှိမည်ဟု ခန့်မှန်း ထားပြီး ယင်းပမာဏကို သုံးနှစ်အ တွင်း ပြန်လည် ရရှိနိုင်မည် ဟု မျှော်မှန်းထား ကြခြင်း ဖြစ်သည်။

၎င်းတို့၏ နှစ်စဉ်ရင်းနှီးငွေ ကုန်ကျစားရိတ်တွင် ဝန်ထမ်းများ ကို ပေးချေရသော လစာငွေများ  ပါဝင်ပြီး Telenor မှ ၀န်ထမ်းများ ကို ပေးအပ်သော လစာငွေများသည် မြင့်မားသည်ဟု စုံစမ်းသိရ သည်။ ထို့အပြင် အဆိုပါ ကုမ္ပဏီသည် ယခုလက်ရှိ အချိန်တွင် မြန် မာနိုင်ငံသားနှင့် နိုင်ငံခြားသားဝန်ထမ်း ဦးရေ တစ်ရာငါးဆယ်ခန့်ကို ခန့်အပ်ထားပြီး ဖြစ်ပြီး ၂၀၁၄ ခုနှစ် မကုန်မီ အချိန် အတွင်း စုစုပေါင်း ဝန်ထမ်းဦးရေ တစ်ထောင်ခန့် ရှိ လာမည်ဟု သိရသည်။ ကာတာ အခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီနှင့် အပြိုင်အဆိုင် လုပ်ကိုင်မည့် Telenor လုပ်ငန်း အုပ်စုသည် ၎င်းတို့ထုတ်လုပ်သည့် ဆင်းမ်ကတ်များ၊ ငွေဖြည့်ကတ်များနှင့် မိုဘိုင်းနှင့် ဆက်စပ်ပစ္စည်း ဝန်ဆောင်မှုနှင့် အရောင်းဆိုင်များမှ အဓိကဝင်ငွေ ရရှိရန် လုပ်ဆောင်သွားမည်ဟု သိရသည်။

၂၀၁၃၊ ဇန်န၀ါရီ ၃၀ က အစိုး ရ၏ လုပ်ငန်းလိုင်စင်ကို ကာတာ ဆက်သွယ်ရေး အော်ပရေတာနှင့် အတူတကွ ရရှိခဲ့သည့် အဆိုပါနော်ဝေကုမ္ပဏီသည် HSPA နှင့် LTE-ready နည်းပညာများကို အသုံးပြု ၍ မိုဘိုင်းကွန်ရက်များကို တည်ဆောက်သွားမည် ဖြစ်ပြီး ငါးနှစ်အတွင်း မြန်မာနိုင်ငံ လူဦးရေ၏ ကိုးဆယ်ရာခိုင်နှုန်းကို ဆက်သွယ်ရေး ကွန်ရက်လွှမ်းခြုံနိုင်ရန် ဆောင်ရွက်သွားမည်ဟု အခိုင်အမာ ပြောဆိုထားသည်။

အဆိုပါ ပြည်ပဆက်သွယ်ရေး အော်ပရေတာ နှစ်ခုသည် လိုင်စင် ရရှိသည့် အချိန်မှစတင်ကာ မြန်မာနိုင်ငံ၌ တစ်ဆယ့်ငါးနှစ်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်သည်။

ယုဇနကိုကို

Internet Journal

အူရီးဒူး ၏ ၀န်ဆောင်မှုများ နှင့် မိုဘိုင်းအသုံးအဆောင်များ ကို ဒီ နှစ်အတွင်းမှာ ရရှိ


အူရီးဒူး ၏ ၀န်ဆောင်မှုများ နှင့် မိုဘိုင်းအသုံးအဆောင်များ ကို ဒီ နှစ်အတွင်းမှာ ရရျှိမှာ ဖြစ်တဲအတွက် ၊ 3G ကွန်ရက်ကို ကြိုဆို ရင် LIKE လုပ်ပြီး SHARE လုပ်ပါ။ ကျေးဇူးတင်ပါတယ် ။
Ooredoo is proudly launching in Myanmar this year, like and share for 3G with Ooredoo Myanmar

ထားဝယ်ဒေသမှ လယ်သိမ်းဆည်းခံတောင်သူများ အာဏာပိုင်နှင့် ကုမ္ပဏီများကို ကျိန်စာတိုက်


ထားဝယ်ဒေသမှ လယ်သိမ်းဆည်းခံတောင်သူများ အာဏာပိုင်နှင့် ကုမ္ပဏီများကို ကျိန်စာတိုက်
---------------
ထားဝယ်- ထားဝယ်မြို့မှ လယ်သိမ်းဆည်းခံ တောင်သူလယ်သမားငါးဆယ်ခန့်က ၎င်းတို့ လယ်ယာမြေများအပေါ်တွင် လာရောက်အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့်အာဏာပိုင်များကို ကျိန်စာတိုက်ပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကျိန်စာတိုက်ပွဲကို ဖေဖော်ဝါရီ ၈ ရက်က ဆောက်လုပ်ရေးလုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်နေသော လယ်သမား ဦးကြူလွင်၏ လယ်ကွင်းအတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သိမ်းဆည်းခံ လယ်ယာမြေများအတွက် နစ်နာကြေးများနှင့် စီမံကိန်းဆောင်ရွက်ခြင်းမရှိသေးသော လယ်ယာများကို လယ်ယာမြေလုပ်ကိုင်ခွင့် ပြန်လည်ပေးအပ်ရန် သက်ဆိုင်ရာသို့ တင်ပြတောင်းဆိုခြင်း၊ ဆန္ဒထုတ်ဖော်ခြင်းများ ပြုလုပ်ခဲ့သော်လည်း သက်ဆိုင်ရာအာဏာပိုင်များက တုံ့ပြန်မှုတစ်စုံတစ်ရာ မပြုသည့်အပြင် ကန်ထရိုက်ကုမ္ပဏီများက ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို အရှိန်ဟုန်မြှင့်ဆောင်ရွက်နေသောကြောင့် ထိုသို့ပြုလုပ်ရခြင်းဖြစ်ကြောင်း လယ်သမားများက ပြောကြားသည်။

အဆိုပါ လယ်မြေများကို ထားဝယ်မြို့ပြဖွံ့ဖြိုးရေးစီမံကိန်း အတွက် ၁၉၉၀ပြည့်နှစ်တွင် သိမ်းဆည်းသည်ဟု သိရပြီး သိမ်းဆည်းခံတောင်သူများအား လယ်သုံးဧကတွင် ပေ ၆၀x ၄၀ မြေကွက်တစ်ကွက်သာ ပြန်လည်ပေးအပ်သဖြင့် မကျေနပ်ကြကြောင်း လယ်သမားများပြောသည်။

အဆိုပါ ပြန်လည်နေရာချထားမည့် နေရာသည် ချောင်ကျခြင်း၊ ရေ၀ပ်နေရာဖြစ်ခြင်း၊ လယ်တစ်ဧကတွင် အဆိုပါမြေကွက် ရှစ်ကွက် ရနိုင်ခြင်းတို့ကြောင့် လယ်သမားများက ပိုမိုအဆင်ပြေသောနေရာတွင် ပေ ၆၀ x ၈၀ မြေကွက်များ ပြန်လည်ပေးအပ်ရန် တောင်းဆိုထားကြောင်း သတင်းရရှိသည်။

လယ်သမား ၆၀ ကျော်နှင့် တာဝန်ရှိသူတို့ မြို့တော်ခန်းမ၌ တွေ့ဆုံဆွေးနွေးစဉ် ပြန်လည်ပေးအပ်မည့် မြေကွက်များကို လက်ခံသူ ခြောက်ဦးရှိခဲ့ပြီး လက်မခံသူများကို တရားရုံးတွင် တွေ့ဆုံမည်ဖြစ်ကြောင်း တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးတင်သိန်းက ပြောကြားကြောင်း သတင်းရရှိသည်။

“အဓိကကတော့ သိမ်းဆည်းခံလယ်သမားတွေကို ကူညီမယ့်သူမရှိတော့ဘူး။ ဒါကြောင့် နေမင်းနဲ့ လမင်းကို အကူအညီတောင်းခံရတဲ့သဘောပေါ့။ ကျွန်မတို့ကို အပြင်မှာ ဖိနှိပ်လို့ရပေမယ့် ကျွန်မတို့ လယ်သမားတွေရဲ့ စိတ်ခံစားမှုကို ဘယ်သူကမှ ထိန်းချုပ်လို့မရဘူး။ ဒါကြောင့် ခံစားချက်တွေကို ဖွင့်ချတာပေါ့။ တကယ်လည်း ခံစားရလို့ပါ” ဟု လယ်မြေများ သိမ်းဆည်းခံထားရသော ဒေါ်ရွှေစင်ယုက ပြောကြားသည်။

အဆိုပါလယ်သမားများက သိမ်းဆည်းခံလယ်မြေများအတွက် ဖျက်ဆီးသော အာဏာပိုင်များနှင့် ဆောက်လုပ်ရေးကုမ္ပဏီများသည် သံသရာအဆက်ဆက်၊ ဆွေမျိုးခုနစ်ဆက်တိုင်အောင် ဘေးဒုက္ခအမျိုးမျိုး၊ စိတ်သောကအမျိုးမျိုးရပါစေဟု ကျိန်စာတိုက်ပြီး သေရာမပါသော မြေများ သိမ်းယူခြင်းကြောင့် တမလွန်ဘ၀တွင် မြေစောင့်သရဲများ ဖြစ်ပါစေဟု ဆုတောင်းခဲ့သည်။ ထို့အပြင် ၎င်းတို့သည် ဘ၀အဆက်တိုင်း ခရိုနီ၊ အာဏာပိုင်များ နိုင်ထက်ပြုခြင်းမှ ကင်းဝေးပါစေကြောင်း ဆုတောင်းခဲ့သည်။

လက်ရှိတွင် ဆန္ဒပြကန့်ကွက်နေသော လယ်မြေများ၌ ပြည့်စုံမင်းဟိန်း၊ တင်အောင်၊ Super Local ကုမ္ပဏီများ အပါအ၀င် ဆောက်လုပ်ရေးကုမ္ပဏီ ခြောက်ခုက မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းများအဖြစ် ၀န်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်းနှင့် ပေ ၆၀၊ ပေ ၄၀ လမ်းများ ဖောက်လုပ်နေသည်။

သိမ်းဆည်းခံ တောင်သူလယ်သမား ၁၀၀ စီ ပါဝင်သော ဆန္ဒပြမှုများကို ၂၀၁၃ ခုနှစ် နိုဝင်ဘာနှင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ အတွင်း ပြုလုပ်ခဲ့သည်။ ယင်းကျိန်စာတိုက်ပွဲသည် ထားဝယ်ဒေသရှိ သိမ်းဆည်းခံတောင်သူလယ်သမားများအနေဖြင့် ပထမဆုံး ပြုလုပ်ခြင်းဖြစ်သည်။

ဓာတ်ပုံ - စိုးမိုးအောင်
7Day News Journal

969 ဆိုတာဘာလဲ

https://fbcdn-video-a.akamaihd.net/hvideo-ak-ash3/v/t42/1038094_10200838365635482_1465657104_n.mp4?oh=e5d18f9b44e2a8bda30e44b2ee046316&oe=52FAF6FB&__gda__=1392177712_0cf2d868e810a56289da7ea8713a0c1e

လဂွန်းအိမ်တံတားတွင် ယာဉ်တစ်စီးအရှိန်လွန်ကာ နေအိမ်အမိုးပေါ်သို့ကျ


လဂွန်းအိမ်တံတားတွင် ယာဉ်တစ်စီးအရှိန်လွန်ကာ
နေအိမ်အမိုးပေါ်သို့ကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

၁၁.၂.၂၀၁၄ ရက်နေ့၁၂၁၅ အချိန်တာမွေမြို့နယ်၊သမိန်ဗရမ်းလမ်းအတိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်ဘက်သို့ ယာဉ်မောင်း ကိုအဏ္ဏ၀ါစိုး (ဘ)ဦးသက်စိုး၊ တာမွေမြို့နယ်နေသူမောင်းနှင်လာသော 2E/----
ဟွန်ဒါဖစ် အနက်ရောင်ကိုယ်ပိုင်ယာဉ်သည် လဂွန်းအိမ်တံတားအရောက် အရှိန်လွန်ကာလမ်း၏ယာဘက်သို့ရောက်ရှိပြီး တံတားအောက်သို့
ကျသွားခဲ့ပါသည်။

ယင်းသို့ ကျသွားခဲ့ရာတွင် တံတားအောက်ဖက် မီးရထားဝင်းလိုင်းရှိ ဦးခင်ဇော်၏နေအိမ်ခေါင်မိုးပေါ်သို့ ရောက်ရှိသွားသဖြင့် သွပ်များပိန်ချိုင့် သွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရှိရပါသည်။

အဆိုပါယာဉ်မတော်တဆမှုဖြစ်ပွါးခဲ့သည့်အတွက် ယာဉ်မောင်း ကိုအဏ္ဏ၀ါစိုးအား တာမွေမြို့မရဲစခန်း ယာဉ်(ပ)၉/၂၀၁၄၊ ပုဒ်မ၂၇၉ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

ဗဟန်းမြို့မရဲစခန်းလူသတ်မှုမှ ပြစ်မှုကျူးလွန်ပြီးထွက်ပြေးတိမ်းရှောင်နေသူအား သတင်းပေးကြပါရန် မေတ္တာရပ်ခံခြင်း


ဗဟန်းမြို့မရဲစခန်းလူသတ်မှုမှ ပြစ်မှုကျူးလွန်ပြီးထွက်ပြေးတိမ်းရှောင်နေသူအား သတင်းပေးကြပါရန် မေတ္တာရပ်ခံခြင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

၈.၂.၂၀၁၄ရက်နေ့ ၂၂၀၀အချိန် ဗဟန်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ရန်ကုန်ဆေးရုံကြီးတွင် အမျိုးသားတစ်ဦးဓါးထိုးခံရကာ သေဆုံးရောက်ရှိ
နေကြောင်း သတင်းအရသွားရောက်စစ်ဆေးရာ သေဆုံးသူမှာ ဗဟန်းမြို့နယ်၊ ဆရာစံမြောက်/အရှေ့ရပ်ကွက်နေ ကိုဆန်းမင်းသူဖြစ်ပြီး ၀ဲရင်အုံ တွင်ထိုးသွင်းဒဏ်ရာ(၁)ချက်၊ မေးစေ့ဝဲဘက်ပွန်းစုတ်ဒဏ်ရာ (၁)ချက်တို့ရရှိထားသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ ၎င်းသည် ဗဟန်းမြို့နယ်၊ စက်မှု(၁)လမ်းတွင်
အမျိုးသားတစ်ဦးနှင့်စကားများရန်ဖြစ်စဉ် အဆိုပါအမျိုးသားမှ ဓါးဖြင့်ထိုး သွားခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ဗဟန်းမြို့မရဲစခန်း (ပ)၆၃/၂၀၁၄၊
ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ ပြစ်မှုကျူးလွန်သူအား စုံစမ်းဖော်ထုတ် ခဲ့ပါသည်။

စုံစမ်းဖော်ထုတ်ချက်များအရ အဆိုပါပြစ်မှုအားကျူးလွန်သူများမှာ ညီဇင်ဦး (ခ)ညီဇင်(ခ)သူရလင်းနှင့် အဖိုးကြီး(ခ)အောင်ကျော်သူတို့ဖြစ်ကြောင်း
ပေါ်ပေါက်သဖြင့် ညီဇင်ဦး(ခ)ညီဇင်(ခ)သူရလင်းအား ဖမ်းဆီးရမိစစ်ဆေး လျက်ရှိပါသည်။

အမှုမှကျန်ပြစ်မှုကျူးလွန်သူ အဖိုးကြီး(ခ)အောင်ကျော်သူ၊(၄၂)နှစ်၊
(ဘ)ဦးမောင်မောင်လွင်၊ ၁၂/ရကတ(နိုင်)၀၆၂၇၅၈၊ အခန်း(၄၀၁)၊ တိုက်အမှတ်(၃၀)၊ စီ(၁၄)လမ်း၊ယုဇနဥယျာဉ်မြို့တော်၊ ဒဂုံမြို့သစ်
(ဆိပ်ကမ်း)မြို့နယ်နေသူမှာ အခင်းဖြစ်ပွားပြီးနောက်ထွက်ပြေးတိမ်းရှောင်
နေခဲ့၍ အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် ၎င်းနှင့်ပတ်သက်၍ အောက်ဖေါ်ပြပါဖုန်းနံပါတ်များသို့ ဆက်သွယ်ကူညီ သတင်းပေးနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်-

၀၁-၂၃၀၀၇၄၇ (ကွပ်ကဲမှုခန်းမ) ၊
၀၉-၅၂၄၀၁၁၂ (ရဲမှူး-ဦးစီး) ၊
၀၉-၈၆၀၂၃၆၃(ရဲမှူး-မှုခင်း)၊
၀၁-၃၇၆၁၆၆(အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၁-၅၄၅၅၉၅(ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး)၊
၀၁-၅၅၄၆၃၀(ဗဟန်းမြို့မရဲစခန်း)။

Yangon Police