သတင်းနှင့်နည်းပညာများ

2/26/14

မိုင်းပျဉ်းမှ နတ်ကိုးကွယ်သည့် လားဟူတိုင်းရင်းသား ၈၀၀ ကျော် ဗုဒ္ဓဘာသာပြောင်း


မိုင်းပျဉ်းမှ နတ်ကိုးကွယ်သည့် လားဟူတိုင်းရင်းသား ၈၀၀ ကျော် ဗုဒ္ဓဘာသာပြောင်း

26.2.2014

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့ရှိ ကျေးရွာဆယ်ရွာမှ မိရိုးဖလာ နတ်ကိုးကွယ်သည့် လားဟူ တိုင်းရင်းသား ၈၀၀ ကျော်သည် ဖေဖော်ဝါရီ တတိယပတ်အတွင်း ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူပြီး တိုင်းရင်းသား ၁၀၀ မှာ သာသနာ့ဘောင်သို့ ဝင်ရောက်ခဲ့ကြောင်း မန္တလေးမြို့၊ အေးငြိမ်းရိပ်သာ သာသနာ့အကျိုးဆောင် အဖွဲ့နှင့် သာသနာပြု ဗဟိုကျောင်း ဆရာတော်ထံမှ သိရသည်။

ထေရဝါဒ ဗုဒ္ဓသာသနာပြုဗဟို ကျောင်းတွင် ငါးကြိမ်မြောက် ဗုဒ္ဓအဆုံးအမ ခံယူပွဲနှင့် ရှင်ပြုအလှူပွဲကို ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၂ ရက်နေ့အထိ ကျင်းပရာ ဆင်မောင်းကျေးရွာ အုပ်စု၊ ပါခမ်း ကျေးရွာအုပ်စု၊ ထန်ယျန်းကျေးရွာ အုပ်စုနှင့် ယန်းမိုင် ကျေးရွာအုပ်စုတို့မှ ကျေးရွာ ဆယ်ရွာရှိ လားဟူတိုင်းရင်းသား အိမ်ထောင်စု ၁၄၈ စု၊ လူဦးရေ ၈၁၂ ဦးသည် ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူပြီး ၄င်းတို့၏ သားယောက်ျား ၁၀၀ ဦးကို သာသနာ့ဘောင်သို့ သွတ်သွင်းပေးခြင်း ဖြစ်ကြောင်း မြို့နယ်ထေရဝါဒ ဗုဒ္ဓသာသနာပြု ဗဟိုကျောင်း ဆရာတော် ဘဒ္ဒန္တသီရိဓမ္မ (တောင်ငူ) က မိန့်ကြားသည်။

"ဝေးလံခေါင်းပါးတဲ့ တောင်ပေါ်ဒေသက တိုင်းရင်းသားတွေကို သူတို့ရဲ့ ဆန္ဒအရ ဗုဒ္ဓဘာသာအဖြစ် ခံယူပွဲနဲ့ ရှင်ပြုအလှူပွဲကို ကျင်းပနိုင်ခဲ့တာ ငါးကြိမ်ရှိသွားပြီ။ ဒီငါးကြိမ်စလုံးကို မန္တလေး အေးငြိမ်းရိပ်သာ သာသနာ့အကျိုးဆောင် အဖွဲ့ကပဲ အကျွေးအမွေး ကုန်ကျစရိတ်တွေ အပြင် အိမ်ထောင်စုအလိုက် ကြေးဘုရား ဆင်းတုတော်တွေပါ လှူပေးတယ်။ အခု အကြိမ်က ဗုဒ္ဓဘာသာကို ခံယူတဲ့ဦးရေ အများဆုံးပဲ" ဟု ဆရာတော်က မိန့်ဆိုသည်။

၂၀၁၃ ခုနှစ်မှ စတင်၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) အတွင်းရှိ ဒေသခံ တိုင်းရင်းသားများ၏ သာသနာပြုလုပ်ငန်း များကို အေးငြိမ်းရိပ်သာ သာသနာ့အကျိုးဆောင် အဖွဲ့ဝင်များနှင့် စေတနာရှင်များ၏ ထည့်ဝင် လှူဒါန်းငွေ များဖြင့် ကူညီ ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ယခုအကြိမ်၌ နားပေါလောကျေးရွာ စာသင်ကျောင်း ဆောက်လုပ်ရန် အလှူငွေ ၁၅ သိန်းနှင့် ပါခမ်းကျေးရွာ ရေကန်ဆောက်လုပ်ရန် အလှူငွေ ခုနစ်သိန်း အပါအဝင် စုစုပေါင်း ကုန်ကျငွေ သိန်း ၇၀ ခန့်ရှိကြောင်း မန္တလေးမြို့ အေးငြိမ်းရိပ်သာ သာသနာ့အကျိုးဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းအောင်က ဆိုသည်။

"ဒီတစ်ကြိမ်ကတော့ လူအစည်ကားဆုံးပဲ။ တောင်ပေါ်ဒေသက ကိုယ့်လူမျိုးတွေ အသိဉာဏ် ပွင့်လင်းလာအောင် လုပ်ဆောင်ပေးတဲ့ ဆရာတော်ရဲ့ကျေးဇူးက ကြီးလှပါတယ်။ အရင်နှစ်တွေက ကိုရင်ဝတ်ခဲ့တဲ့ သူတွေကိုလည်း စာဝါလိုက်နိုင်အောင်လို့ မန္တလေးအထိ ဆရာတော်က ပို့ပေးတယ်။ ကျောင်းမှာလည်း ယဉ်ကျေးလိမ္မာ သင်တန်းအပြင် ကွန်ပျူတာသင်တန်းနဲ့ အင်္ဂလိပ်စကားပြော သင်တန်းကိုပါ အခမဲ့ သင်ပေးတယ်" ဟု ယုံကြည်မှုအရ ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ပြောင်းလဲခဲ့ပြီး ဆရာတော်၏ သာသနာပြု လုပ်ငန်းများ လုပ်ဆောင်ရာတွင် ဘာသာပြန်အဖြစ် လိုက်ပါကူညီ ဆောင်ရွက်ပေး နေသော လားဟူတိုင်းရင်းသူ ဒေါ်အဲနာက ဆိုသည်။

မိုင်းပျဉ်းမြို့နယ် အတွင်းရှိ ဘာသာခြား လားဟူတိုင်းရင်းသား များကို ထေရဝါဒ ဗုဒ္ဓသာသနာပြု ဗဟိုကျောင်း ဆရာတော်၏ ဟောပြောစည်းရုံးနိုင်ခဲ့မှုကြောင့် ပထမအကြိမ်တွင် ၄၀၀ ဦး၊ ဒုတိယ အကြိမ်တွင် ၆၁၅ ဦး၊ တတိယအကြိမ်တွင် ၇၁၀ ဦး၊ စတုတ္ထအကြိမ်တွင် ၄၆၆ ဦးနှင့် ပဉ္စမအကြိမ်တွင် ၈၁၂ ဦးတို့အား ဗုဒ္ဓဘာသာ အဆုံးအမ ခံယူပွဲများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်း ယင်းမြို့နယ် သာသနာရေး ဦးစီးဌာနထံမှ သိရသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း မြို့နယ် ဆယ်မြို့နယ်တွင် ၁၉၉၄ ခုနှစ်မှ လက်ရှိအချိန်ထိ ဗုဒ္ဓဘာသာ အဆုံးအမ ခံယူခဲ့သည့် အကြိမ်ပေါင်း ၃၀ ကျော်ရှိပြီး အာခါ၊ လားဟူနှင့် လီရှောတိုင်းရင်းသား ၃၇,၄၀၀ ခန့်သည် ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းခဲ့ပြီး ဖြစ်ကြောင်း ပြည်နယ် သာသနာရေးမှူးရုံး ထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

ဘိန်းဖြူဆပ်ပြာခွက်များနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


ဘိန်းဖြူဆပ်ပြာခွက်များနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၅ နာရီခွဲအချိန် ကချင်ပြည်နယ်၊ အမှတ်(၂) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(မြစ်ကြီးနား)မှတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဆိုင်းအောင်ကျေးရွာ အ၀င်တွင် ဟိုပင်မှဖားကန့်မြို့နယ်သို့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နေ ရွှေဦး(၄၇)နှစ်မောင်းနှင်ပြီး ရှမ်းပြည်နယ်၊ တာမိုးညဲမြို့နယ်နေ တင်တင်ဝင်း(၂၉)နှစ်လိုက်ပါလာသည့် ၈ဂ/xxxx အပြာရောင် Jeep ယာဉ်အားရပ်တန့်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ ဘိန်းဖြူဆပ်ပြာခွက်(၁၇၆)ခွက်၊ တန်ဘိုးငွေကျပ် (၁၉၅၈.၉)သိန်း၊ 88 နှင့် 1 စာတမ်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၈၀၀၀)ပြား၊ တန်ဘိုးငွေကျပ် (၁၀၈၀)သိန်း၊ မြန်မာငွေကျပ်(၅)သိန်းနှင့် လက်ကိုင်ဖုန်း(၂)လုံးတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ရွှေဦးနှင့် တင်တင်ဝင်းတို့(၂)ဦးအား ဖားကန့်မြို့မရဲစခန်း မယ(ပ)၄၁/၂၀၁၄၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ရေမခြားကုန်းမခြားစပိဘုတ်ကား


ရေမခြားကုန်းမခြားစပိဘုတ်ကား
==================

ကုန်းနှင့်ရေပြင်ကို ယာဉ်တစ်စီးကိုသာ အသုံးပြု၍ အရှိန်နှုန်းမြန်စွာဖြင့် လိုသလိုမောင်းနှင်နိုင်ရန်မှာ သာမန် အလုပ်တစ်ခု၊သို့မဟုတ် သာမန်ယာဉ်မျိုးတော့ ဖြစ်၍မရပေ။ အဘယ်ကြောင့်ဆိုသော် ကုန်းနှင့်ရေပြင်သည် သွားလာ မှုပိုင်းဆိုင်ရာတွင် ဆန့်ကျင်ဘက် အကြောင်းအရာတွင် ရှိနေသော်ကြောင့်ပင် ဖြစ်ပါသည်။

သို့သော် ယခုအခါတွင် Humdinga အဖွဲ့အစည်းအနေဖြင့် အတားအဆီးမဲ့စွာဖြင့် ကုန်းရေနှစ်သွယ်ကို သွားလာနိုင်မည့် ယာဉ်တစ်မျိုးကို တီထွင်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ Humdinga မှ တီထွင်လိုက်သော ယခုယာဉ် သည် ကုန်းနှင့်ရေပြင်ကို ပြောင်းလဲမောင်းနှင်ရန်အတွက် အချိန်စက္ကန့်ပိုင်းသာ လိုအပ်မည်ဖြစ်ပါသည်။ ထို့အပြင် ယာဉ်အနေဖြင့် ကုန်နှင့် ခရီးသည်အချို့ကိုလည်း တင်ဆောင်နိုင်သည်ဟု သိရှိရပါသည်။

Humdinga သည် ပို့ဆောင်ရေးပိုင်းဆိုင်ရာတွင် ယာဉ်များကို ဘက်စုံအသုံးပြုနိုင်ရန် အတွက် တည်ဆောက်ခြင်း အပိုင်းတွင် နှစ် ၂၀ ကျော်ခန့် တီထွင်ကြံဆနေသော အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ ယခုကုန်းရေနှစ်သွယ်သွားယာဉ်ကို တည်ဆောက်ရာတွင် ပူးပေါင်းပါဝင်သည့် Gibbs အဖွဲ့အစည်းမှ ဒီဇိုင်းပိုင်းဆိုင်ရာကို တာဝန်ယူခဲ့ကြောင်း လည်း သိရှိရ ပါသည်။ ကုန်းရေနှစ်သွယ်သွားယာဉ်အနေဖြင့် ကုန်းပေါ်တွင် မြန်နှုန်းမြင့်စွာဖြင့် မောင်းနှင်နိုင်ယုံသာမက ရေပြင်တွင်လည်း 50km/h နှုန်းဖြင့် မောင်းနှင်နိုင်မည် ဖြစ်သည်။

ယခုယာဉ်အနေဖြင့် အရေးပေါ်ကယ်တင်ခြင်းများ၊ အရေးပေါ်ဆေးဝါးသယ်ယူခြင်းများ၊ အရေးပေါ် လူပို့ဆောင်ခြင်းများ အစရှိသည်ဖြင့် အရေးပေါ်ကိစ္စဆိုင်ရာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် ကုန်းနှင့်ရေ ပိုင်းခြားထားသော ဒေသများတွင် အသုံးပြုနိုင်ရန်လည်း ရည်ရွယ်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ရေနှင့်ကုန်းမြေ သည် သီးခြားခွဲထားခြင်း ခံရသောအခြေအနေကို ယခုယာဉ်ကို အသုံးပြုကာ ကျော်လွန်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ထို့အပြင် Humdinga အနေဖြင့် စစ်ဘက်ဆိုင်ရာ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများတွင်လည်း ထောက်ပံ့ ကူညီပေးနိုင်အောင် လုပ်ဆောင်လျက်ရှိသည်ဟုလည်း သိရှိရပါသည်။

----------------------------------------------------------------------------------
ပြန်ဆိုသူ-World Wide

Ref:http://defense-update.com/20140212_new-amphibian-tailored-homeland-security-disaster-relief.html

-----------------------------------------------------------------------------------

အမေရိကန်တပ်ဖွဲ့များအတွက် သီးသန့်ထုတ်လုပ်မည့်စမတ်ဖုန်း


အမေရိကန်တပ်ဖွဲ့များအတွက် သီးသန့်ထုတ်လုပ်မည့်စမတ်ဖုန်း
===================================

မကြာသေးမီက အစ္စရေးကာကွယ်ရေးတပ်ဖွဲ့များ ကိုင်ဆောင်ရန်အတွက် သီးသန့်စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်နေကြပြီဟု သိရှိခဲ့ရပါသည်။ သို့သော် ယခုအခါတွင် အမေရိကန်တပ်မတော်မှလည်း ၄င်း၏ ရှေ့တန်းနယ်မြေမှ (အထူးသဖြင့် အာဖဂန်နစ္စတန်) စစ်သည်များအတွက် အချက်အလက်သတင်းများကို လုံခြုံစိတ်ချစွာ ပေးပို့နိုင်ပြီး ကွန်ရက်စနစ်မလိုအပ်သော စမတ်ဖုန်းတစ်မျိုးကို တီထွင်ရန်လုပ်ဆောင်နေပြီ ဖြစ်သည်။

အဆိုပါစမတ်ဖုန်းအား Vanderbilt University မှ သိပံပညာရှင်များမှ ဒီဇိုင်းပြုလုပ်လျက်ရှိပြီး အမေရိကန်ကာကွယ်ရေးနှင့် သုတေသနအေဂျင်စီ (DARPA) နှင့်လည်း စစ်ဘက်ဆိုင်ရာတွင် အသုံးပြုနိုင်ရန်အလို့ငှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစမတ်ဖုန်းကို လုံခြုံစိတ်ချရပြီး ကြမ်းတမ်းသော စစ်မြေပြင်အခြေအနေ များတွင်လည်း အသုံးပြုနိုင်သလို ၊ တယ်လီဖုန်းတာဝါတိုင်မရှိသော နေရာတွင်လည်း အသုံးပြုနိုင်ရန်အတွက် လုပ်ဆောင် နေကြခြင်း ဖြစ်ပါသည်ဟု ကာကွယ်ရေးသုတေသနမှ လာသောသတင်းများအရ သိရှိရပါသည်။ “သင့်အနေဖြင့် စစ်မြေပြင်များတွင် လှုပ်ရှားသွားလာနေသည့်အခါ မည်သည့်ဖုန်းခေါ်ဆိုခြင်းဆိုင်ရာ အဆောက်အဦများကို မှယုံကြည်စိတ်ချစွာ ဆက်သွယ်ဖို့မသင့်ကြောင်း ” ကိုလည်း Vanderbilt University မှ ကွန်ပျူတာပါမောက္ခ Douglas Schmidt မှ ပြောကြားခဲ့ပါသည်။

ယခုပြုလုပ်နေသည့် လုံခြုံစိတ်ချရသော စမတ်ဖုန်းရရှိရေး အစီအစဉ်အား Nett Warrior ဟုခေါ်ပြီး ရှေ့တန်းစစ်သည်များ လက်ဝယ်သို့ အရောက်ပေးပို့နိုင်အောင် လုပ်ဆောင်လျက်ရှိကြပါသည်။ လက်ရှိတွင် စစ်သည်များ အနေဖြင့် 10th Mountain Division ကို အာဖဂန်နစ္စတန်တွင် အသုံးပြုလျက်ရှိပါသည်။

---------------------------------------------------------------------------------
ပြန်ဆိုသူ-World Wide

Ref:http://i-hls.com/2014/02/new-u-s-army-secure-smartphones/

၁၇နှစ်အရွယ် ကောင်မလေးရဲ့ အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားသူ၊ အခေါင်းထဲ အိပ်ပျော်သွားလို့ ဖမ်းမိခဲ့


၁၇နှစ်အရွယ် ကောင်မလေးရဲ့ အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားသူ၊ အခေါင်းထဲ အိပ်ပျော်သွားလို့ ဖမ်းမိခဲ့
Wedesday, February 26, 2014

အုတ်ဂူ ကိုဝင်တူးပြီး ၁၇နှစ်အရွယ်ကောင်မလေး အလောင်းနဲ့ လိင်ဆက်ဆံဖို့ကြိုးစားခဲ့သူဟာ အခေါင်းထဲမှာ အိပ်ပျော်သွားပြီးဖမ်းမိခဲ့တယ်လို့ ကမ္ဘောဒီးယား ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

Chin Chean အမည်ရှိ ၄၇နှစ်အရွယ် အမျိုးသားရဲ့ ခြေထောက်ကို အခေါင်းထဲမှာ ရွာသားတွေက စတွေ့ခဲ့ပါတယ်။ ဒါ့ကြောင့် သေဆုံးသူ ဆယ်ကျော်သက်ကောင်မလေးရဲ့ မိသားစုကို အကြောင်းကြားခဲ့ကြပါတယ်။ Chin Chean ဟာ ၁၇နှစ်အရွယ်ကောင်မလေးရဲ့ ဈာပနကို တက်ရောက်ခဲ့ပြီး နောက်တစ်နေ့မှာ အုတ်ဂူကို ည(၁၀)နာရီလောက်ကစပြီး တူးခဲ့ကြောင်း ရဲတွေကို ပြောပြခဲ့ပါတယ်။

တူးပြီးတဲ့နောက်မှာ အခေါင်းကို ဖွင့်ဖို့ကြိုးစားခဲ့တယ်လို့ ကမ္ဘောဒီးယား နေ့စဉ်သတင်းစာက သတင်းထုတ်ပြန်ပါတယ်။ Chin Cheanဟာ အလောင်းနဲ့ လိင်ဆက်ဆံဖို့ ကြိုးစားခဲ့ပေမဲ့ အခေါင်းက အရမ်းသေးနေတာကြောင့် အထမမြောက်ခဲ့ဘူး။ အဲဒီ့နောက် အလောင်းပေါ်မှာပဲ အိပ်ပျော်သွားတယ်လို့ သူက၀န်ခံပါတယ်။

“Chin Cheanက ဆေးကြောင်ပြီး ပုံမှန်မဟုတ်တာတွေ လုပ်လေ့ရှိတာ လူတိုင်းသိတယ်။ ရွာဘုရားမှာလည်း အ၀တ်မပါဘဲ ပတ်ပြေးနေဖူးတယ်။ Mr Chean ကို တရားရုံးမပို့ခင် ခရိုင်ရဲဋ္ဌာနကို ပို့ပြီးတော့ စစ်ဆေးမေးမြန်းမှာပါ။” လို့ ပြောရေးဆိုခွင့်ရှိသူ ရဲတစ်ယောက်က ပြောပါတယ်။

Ref:dailymail.co.uk
သီဟနိုင်

Trend Myanmar

တောဆင်ရိုင်းကန်၍ လူ(၁)ဦးသေ

တောဆင်ရိုင်းကန်၍ လူ(၁)ဦးသေ
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၂ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ မိုင်(၂၀)ကျေးရွာနေ ဦးခင်မောင်မြင့်(၅၆)နှစ်သည် အုတ်တွင်း-ပေါက်ခေါင်းကားလမ်း၊ မိုင်တိုင်အမှတ်(၉၃/၄-၅) ကြား၊ ကားလမ်းဘေးကိုက်(၁၀၀)ခန့်အကွာရှိနေအိမ်တွင်ရှိနေစဉ် ခွေးဟောင်သံ ကြားသဖြင့်ထွက်ကြည့်ခဲ့သည်။ ထိုသို့ထွက်ကြည့်စဉ် အိမ်အနီးသို့ရောက်နေသည့် တောဆင်ရိုင်းတစ်ကောင်က ခြေဖြင့်ကန်သဖြင့်လွင့်စင်ကာ ဆီးအိမ်ကွဲ၊ ခါးပိုင်းညိုမဲဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်သေးသေး(၄၃)နှစ်မှ အော်ဟစ်အကူအညီတောင်းစဉ် ဆင်ရိုင်းမှာထွက်ပြေးသွားခဲ့သည်။ ထိုသို့ ဆင်ကန်၍သေဆုံးသွားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး၏သတင်းပေးပို့ချက်အရ အုတ်တွင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့ပြီး ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် အုတ်တွင်းမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ်(၂/၂၀၁၄)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်

အမေရိကန်တွေ မြန်မာပြည်လာပြီး အနုပညာဖလှယ်ပွဲ လုပ်သွား တုန်းက video လေးပါ


အမေရိကန်တွေ မြန်မာပြည်လာပြီး အနုပညာဖလှယ်ပွဲ လုပ်သွား တုန်းက video လေးပါ။ အမေရိကန်တွေ မြနန္ဒာ ကို မြန်မာလိုတောင် ဆိုလိုက်သေး ပါတယ်။ ရှားပါး video လေးပါ။ ၁၉၆၁ တုန်းက ဆိုတော့ ဦးနေ၀င်း က နောက်နှစ် ၁၉၆၂ မှာ လုံးဝအာဏာသိမ်း လိုက်တယ်လေ။
ဆိုတော့ ခေတ်မပျက်ခင် တုန်းက ပေါ့ဗျာ။ ၁၀ မိနစ်ကျော်ရှိပါတယ်။ ကွန်မကောင်းရင် share ထားပြီး နောက်မှ ပြန်ကြည့်ကြည့်ပါ၊ တချိန်က ဒို့ အနုပညာလည်း မခေ ခဲ့ဘူး ဆိုတာ သိစေချင်ပါတယ်။


Myawady News

အရက်သောက်ပြီးဆိုင်ကယ်မောင်းနှင်မှုကြောင့် တိမ်းမှောက်

အရက်သောက်ပြီးဆိုင်ကယ်မောင်းနှင်မှုကြောင့် တိမ်းမှောက်
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၃ နာရီ ၂၀ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ နတ်မောက်ဆေးရုံတွင် ဆိုင်ကယ်မှောက်၍လူနာတစ်ဦးရောက်ရှိနေကြောင်းသတင်းအရ နတ်မောက်မြို့မ ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ နတ်မောက်မြို့နယ်၊ ယင်းချောင်း တံတားဆောက်လုပ်ရေးဝင်းနေ ဖြိုးအောင်ကျော်(၂၃)နှစ်သည် အရက်သေစာသောက်စားမူးယစ်ပြီး မြို့သစ်မြို့မှနတ်မောက်မြို့သို့ လော့ဂျာ ၁၁၀ အစိမ်းရောင်ဆိုင်ကယ်ဖြင့် တစ်ဦးတည်းမောင်းနှင်လာစဉ် နတ်မောက်-မြို့သစ်ကားလမ်း၊ မိုင်တိုင်အမှတ်(၂၅/၂-၃)ကြားတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် ခဲ့ကြောင်းတွေ့ရှိရသည်။ ထိုသို့တိမ်းမှောက်မှုကြောင့် ဦးခေါင်းယာဘက်ချိုစောင်း/ယာမျက်ခုံး/ယာဘက်ခြေသလုံးဖူးရောင်၊ ၀ဲဘက်ခြေမပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဖြိုးအောင်ကျော်အား နတ်မောက်မြို့မရဲစခန်း ယာဉ်(ပ)၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

ဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်

ဘရိတ်ပေါက်ပြီး ယာဉ်တိုက်မှုဖြစ်
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်ပြည်သူ့ဆေးရုံမှ ယာဉ်တိုက်မှုဖြစ်ပွား၍ ဆေးရုံသို့ရောက်ရှိနေကြောင်းသတင်းပေးပို့ချက်အရ ဂန့်ဂေါမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မြိုင်-တောမ လမ်းအတိုင်း မြိုင်မှတောမရွာသို့ မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်နေ တာတီး(ခ)ထူးအောင်လွင် (၂၈)နှစ်မောင်းနှင်လာသော ၉ခ/xxxx နစ်ဆန်းအစိမ်းရောင်(၁၀)ဘီး မြေသယ်ယာဉ်သည် မျှစ်ရှောက်ရွာအရောက်တွင် ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်သို့ထိုးကျသွားရာမှ ယာခင်းထဲတွင်ပဲရွေးနေသော ထီးလင်းမြို့နယ်၊ မျှစ်ရှောက်ရွာနေ ဒေါ်လှမေ(၅၅)နှစ်အား ၀င်ရောက် တိုက်မိခဲ့ကြောင်းတွေ့ရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ဒေါ်လှမေတွင် ဦးခေါင်းနှင့်ရင်ဘတ်နာကျင်၊ ၀ဲခြေပွန်းပဲ့ဒဏ်ရာများရရှိခဲ့သောကြောင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ တာတီး(ခ)ထူးအောင်လွင်အား ဆေးမင်းတောနယ်မြေရဲစခန်း ယာဉ်(ပ)၁/၂၀၁၄၊ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မောင်ကံထူးအောင်အတွက် အလှူရှင်ရှိပါသလား?


မောင်ကံထူးအောင်အတွက် အလှူရှင်ရှိပါသလား?

ကျွန်တော်တို့မြို့မှာရှိတဲကလေးတစ်ယောက်အတွက်ပါခင်ဗျာ။သူ့ရဲ့ခေါင်းကသာမန်ထက်2ဆ 3ဆလေက်ကြီးတယ်ဗျ၊၊

သူ့အဖေနဲ့အမေကဆင်းရဲတော့ဆေးမကုနိုင်ပါ။

ကျွန်တော်တို့မြို့ကတောမြို့လေးဆိုတော့ ဆေးရုံကရန်ကုန်သွားပြပါလို့ပြောပါသည်။

ကလေးရဲ့အဖေအမေကမတတ်နိုင်တော့သွားမပြနှိုင်ပါ

ကလေးအမည်ကမောင်ကံထူးအောင်လို့ခေါ်ပါသည်။အသက်က ၅နှစ်ပါ။ကိုသန်းထွန်း+မတူးတို့၏သားဖြစ်ပါသည်။

အကိုတို့ဆိုဒ်ကလူကြည့်များတော့အကူအညီရရန်မျှော်လင့်ချက်ဖြင့်အကူအညီတောင်းခြင်းဖြစ်ပါသည်

ကလေးပုံကိုတင်ပေးလိုက်ပါသည်။

လိပ်စာက မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင်၊စလင်းမြို့နယ်၊ပိန်းနှဲပင်ရွာဖြစ်ပါသည်။

ကလေး၏အဖေအမေတွင်ဖုန်းမရှိပါ။ကျွန်တော့ဖုန်းမှတဆင့်စုံစမ်းနိုင်ပါသည်။

ကျွန်တော့ဖုန်းနံပါတ်က09440228628ဖြစ်ပါသည်။
ကျွန်တော့အမည်ငြိမ်းချမ်းပါခင်ဗျာ။ကျေးဇူးတင်ပါသည်

ဖိုးသူတော်

www.phothutaw.com

မီဒီယာကျင့်ဝတ်မရှိသည့် Canal Plusရုပ်သံလိုင်းဟု မော်ရင်ဟို ဝေဖန်


မီဒီယာကျင့်ဝတ်မရှိသည့် Canal Plusရုပ်သံလိုင်းဟု မော်ရင်ဟို ဝေဖန်

ချဲလ်ဆီးနည်းပြ မော်ရင်ဟိုကပြင်သစ်ရုပ်သံလိုင်း Canal Plus မှာ မီဒီယာကျင့်ဝတ် မရှိကြောင်းဝေဖန်သွားခဲ့သည်။ ပြီးခဲ့သည့် ၈ရက်အကြာက ဆွစ်ဇာလန်နိုင်ငံ တွင် ပြုလုပ်ခဲ့သည့် စပွန်ဆာစာချုပ် ချုပ်ဆိုပွဲအခမ်းအနားတွင် အီတူးနှင့်ပတ်သက်၍ ဆွစ်ဇာလန် စီးပွားရေးသမားတစ်ဦးကို မော်ရင် ဟိုပြောခဲ့သည့် စကားအား Canal Plus ရုပ်သံလိုင်းမှ မှတ်တမ်းတင် ခဲ့ပြီး ပြီးခဲ့သည့် တနင်္လာနေ့က ထုတ်လွှင့်ခဲ့ခြင်း အပေါ် မော်ရင်ဟိုကဝေဖန်ခဲ့ခြင်းဖြစ်သည်။

အီတူးမှာ အသက် ၃၂နှစ်သာ ရှိသေးသော်လည်း ၃၅နှစ်အရွယ်နှင့် ထင်မှတ်မှားရသည်ဟု မော်ရင်ဟိုက ဟာသလုပ်ခဲ့ခြင်းဖြစ်ပြီး ချဲလ်ဆီး တိုက်စစ်မှူးများ၏ စွမ်းဆောင်မှုကို မော်ရင်ဟို
ကျေနပ်ခြင်းမရှိဟူသော ခေါင်းစဉ်ဖြင့် Canal Plus မှ ထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။ ယင်းအတွက်ကြောင့် မော်ရင်ဟိုက “ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြောဆိုမှုတွေကို ထုတ်လွှင့်သင့်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒီအတွက်ကြောင့် ပရော်ဖက်ရှင်နယ် မီဒီယာတစ်ခုအနေနဲ့ ရှက်သင့်ပါတယ်။ မီဒီယာ ကျင့်ဝတ်ပိုင်းက ကြည့်မယ်ဆိုရင်လည်း မနှစ်မြို့ဖွယ်ကိစ္စပါ”ဟု ဝေဖန်ခဲ့သည်။
http://yoyarlay.com/sport/football/40147-canal-plus
@z (ရိုးရာလေး)

2/25/14

အကူအညီလိုသူ လက်ထဲ အမြန်ရောက်အောင် ရှယ်ပေးကြပါ


အကူအညီလိုသူ လက်ထဲ အမြန်ရောက်အောင် ရှယ်ပေးကြပါ

ကနီမြို့ အမှတ်(၃)ရပ်ကွက် မှ ကလေးငယ်တစ်ဦးမွေးရာပါ သွေးအကြိတ်များ ခွဲစိတ်ကုသရန် အကူ
အညီများလိုအပ်နေပါသဖြင့် ဆေးကုသစရိတ်လှူဒါန်းလိုသူများကို လေးစားစွာဖိတ်ခေါ်အပ်ပါသည်

စစ်ကိုင်းတိုင်းဒေသကြီး၊ယင်းမာပင်ခရိုင်၊ကနီမြို့ အမှတ် (၃)ရပ်ကွက်၊ ယုန်မရတောတန်းနေ
ဒေါ်ခင်ဝင်းမာသည် ယခုလ (၁၉)ရက်နေ့ နေ့လည် (၁၂)နာရီအချိန်ခန့်တွင် စတုတ္ထမြောက်
သားတစ်ဦး မွေးဖွားခဲ့ရာတွင် ကလေးမှာ နဖူးပြင်တွင် သွေးအကြိတ်လုံးကြီးဖြင့် မွေးဖွားခဲ့သဖြင့် ခွဲစိတ်ကုသရန်အတွက်ငွေကြေးအခက်အခဲများရှိနေပါသဖြင့် စေတနာရှင်များအနေဖြင့် သဒ္ဓါတရားရှိပါက၊
ဦးသန်းဌေးအောင်(မြို့နယ်ပြန်ဆက်) ဖုန်း-09400410405သို့၎င်း၊ ကျွန်တော်၏၀၉၅၀၆၄၀၄၈ သို့၎င်းဆက်သွယ်လှူဒါန်းနိုင်ပါသည်။

မိခင်ဖြစ်သူ ဒေါ်ခင်ဝင်းမာ သည် ကလေးကိုယ်ဝန်(၄)လခန့်တွင် တောထဲ သို့ နွားစာမြက်ရိတ်ရန်သွားစဉ်က ပျားကြီးများဝိုင်း၍အတုပ်ခံခဲ့ရပြီး အိမ်ပြန် ရောက်စဉ် ပျားအဆိပ်များပြန်
ထုတ်ရာ လ္ဘက်ရည် ပန်းကန်တစ်လုံးနီးပါး ပျားအဆိပ်များထွက်ရှိခဲ့ကြောင်းလည်းသိရသည်။

မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့ မီးလောင်မှုသတင်း သို့မဟုတ် မြို့လည်ခေါင်မှ ထ၍ပေါက်ကွဲသောမိုင်းဗုံးကြီး


မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့
မီးလောင်မှုသတင်း သို့မဟုတ်
မြို့လည်ခေါင်မှ ထ၍ပေါက်ကွဲသောမိုင်းဗုံးကြီး
========================

မကွေးတိုင်းဒေသကြီး၊တောင်တွင်းကြီးမြို့
မြို့လယ်ခေါင်ရပ်ကွက်ဖြစ်သောရွှေကြာအင်း၂ ရပ်
ကွက် ၁ လမ်း တွင် ယနေ့ ၂၄:၊၂၊၂၀၁၄ နေ့ညနေ
၃း၃၀နာရီအချိန်ကဝါဝါဝင်းပုဂ္ဂလိကစက်သုံးဆီအရောင်း
ဆိုင်(ပန့်ဆိုင်)မှစက်သုံးဆီထဲ့နေစဉ်မီးလောင်မှုဖြစ်ပွား
ခဲ့သည်။
မီးလောင်လျှင်လောင်ခြင်းမြို့နယ်မီးသတ်နှင
ရပ်ကွက်၁၀ရပ်ကွက်မှမီးသတ်ကား၁၀စီးခန့်နှင့်မီးသတ်
တပ်ဖွဲ့ဝင်များ၊ပြည်သူလူထုများ၏စွမ်းစွမ်းတမံငြိမ်းသတ်
နိုင်မှုကြောင့်ညနေ ၄း၀၀ နာရီအချိန်ခန့်တွင်မီးညွန့်
ကျိုးသွားပြီးညနေ၆း၃၀နာရီခန့်တွင်လုံးဝငြိမ်းသတ်နိုင်
ခဲ့သည်။
မီးလောင်မှုနှင့်ပါတ်သက်ပြီးမြို့လည်ခေါင်တည့်
တည့်လူနေရပ်ကွက်အတွင်းစက်သုံးဆီပန့်ဆိုင်ထောင်
ပြီးရောင်းချလျှက်ရှိသောဝိသမလောဘသားစီးပွားရေး
သမားနှင့်ခွင့်ပြုထားသောမြို့နယ်အာဏာပိုင်များကြောင့်
တမြို့လုံးမီးလောင်ခံရမည့်ဘေးမှကယ်တင်နိုင်ရေးအတွက်
မိမိအသက်ကိုပဓာနမထားပဲဆီလှောင်ကန်၊ဆီပေပါ
များအကြားသက်စွန့်ဆံဖြာ့း်ငြိမ်းသတ်ပေးခဲ့သောမီးသတ်
ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်လူငယ်များကိုအထူးကျေး
ဇူးတင်ချီးကျူးနေကြကြောင်းသတင်းရရှိသည်။
မီးလောင်ကျွမ်းမှုကြောင်မီးငြိမ်းသတ်သူအချို့
ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သော်လည်းလူသေဆုံးမှုမရှိ
ခဲ့ပါ။
တောင်တွင်းကြီးမြို့သည်၁၉၈၁ ခုနှစ်ကလည်း
အုန်းတော ၁ ရပ်ကွက်မှစတင်လောင်ကျွမ်းခဲ့သော
မီးကြောင့်တမြို့လုံးနီးပါးမီးလောင်ကျွမ်းခံခဲ့ရဘူးကြောင်း
သိရှိရသည်။
မြို့သူမြို့သားများအနေနှင့်နောက်ထပ်မိုင်းဗုံး
ကြီးတခုဖြစ်သောနယူးဒေး စက်သုံးဆီအရောင်းဆိုင်
ကိုမြို့ပြင်သို့ရွေ့ပေးရန်ဆန္နရှိနေကြောင်းသိရှိရသည်။

ဦးကျော်စွာ

Samsung တို့ မိတ်ဆက် လိုက်ပြီဖြစ်တဲ့ Samsung Galaxy S5


Samsung တို့ မိတ်ဆက် လိုက်ပြီဖြစ်တဲ့ Samsung Galaxy S5

မနေ့ညက ဘာစီလိုနာမှာ တရားဝင် ဖောက်ပြ လိုက်တဲ့ Samsung Galaxy S5 ကို စောင့်ကြည့် ခဲ့သူများကတော့ သိပါလိမ့်မယ်။ အဲ့ဒီကနေ ရရှိ လာတဲ့ သတင်း အချို့ ကတော့ -

မျက်နှာပြင်

၅.၁ လက်မ အရွယ် Super AMOLED မျက်နှာပြင်ကို အသုံးပြု ထားပါတယ်။ အရည်အသွေး အတိအကျ အားဖြင့် ခန့်မှန်း ထားခဲ့ကြ သလိုပဲ 1920×1080 px ရှိပါတယ်။

အတွင်း စက်ပစ္စည်း

RAM က 2GB ပါ။ Processor က 2.5 GHz quad core ပါပဲ။ Memory အနေနဲ့ 16 GB, 32 GB ပဲ ထုတ်လုပ် ထား ပါတယ်။ ဘက်ထရီ ကတော့ 2800 mAh ပမာဏ ရှိပါတယ်။

ကင်မရာ

နောက်ကျော 16 Megapixel ရှိပြီး ရှေ့ ကင်မရာက 2.1 Megapixel ရှိ ပါတယ်။

Operating System

Android 4.4.2 Kit Kat OS ကို ထည့်သွင်း ထားပါတယ်။

Connectivity

GSM ဖုန်း ဖြစ်ပြီး LTE Network ရရှိ ပါတယ်။

ရိုးရာလေး Comment -

Samsung Galaxy S5 ဟာ ယခင် S4 ထက် အနည်းငယ် ပိုကြီး လာပါတယ်။ ကျယ်ပြီးတော့ ရှည်လာ ပါတယ်။ ပြီးတော့ ရေစိုခံ၊ dust proof ဖြစ်ပြီး အကြမ်းသုံးဖို့အတွက် Galaxy S4 တုန်းကလို တစ်လုံး ထပ်ထွက်ဖို့ လိုတော့မှာ မဟုတ် ပါဘူး။ အရောင်အသွေး အားဖြင့်လည်း အတော်လေးကို စုံလာ ပါတယ်။ ရွှေရောင်လည်း ရရှိ နိုင်ပါတယ်။ Fingerprint Scanner လည်း ပါဝင် လာတာမို့ iPhone, HTC တို့နဲ့ ယှဉ်ပြိုင်လာတဲ့ လုံခြုံရေး စနစ် ဖြစ်ပါတယ်။

Samsung Galaxy Note 3 တုန်းကတောင် RAM 3GB နဲ့ ထွက်တာ ဆိုတော့ S4 ကိုလည်း RAM 3GB လောက် ရှိမယ်လို့ ထင်ခဲ့ တာပါ။ သို့ပေမယ့် စမတ်ဖုန်း Platform မှာ တော့ RAM 2GB က အမြင့်ဆုံး ရှိနေ ပါသေးတယ်။ နောက်တစ်ခု ခန့်မှန်း ထင်မြင် ခဲ့ကြတာက 64 Bit Processor ဖြစ်ပါတယ်။ Octa core သုံးမယ်လို့ ထင်ပေမယ့် Quad core ပဲ ဖြစ်ခဲ့ ပါတယ်။ ဒီတော့ ယနေ့အချိန်အထိ 64 Bit Architecture သုံးတဲ့ စမတ်ဖုန်း အဖြစ် iPhone 5S ကပဲ စံချိန်တင် ထားပါသေးတယ်။

သို့ပေမယ့် Samsung Galaxy S5 ရဲ့ လုပ်ဆောင်ချက် Performance ကလည်း အထင်သေးလို့ မရ ပါဘူး။ 2.6 GHz Quad core နဲ့ 2GB DDR3 ပေါင်းစပ်လိုက်ရင် မြန်ဆန်မှုက ကွန်ပြူတာ တစ်လုံး ပါပဲ။ ဧပြီလ ၁၁ ရက်နေ့ ဆိုရင် ဖြန့်ချိပြီ ဖြစ်ပါတယ်။ ဈေးနှုန်း ကတော့ မကြေညာ ရ သေး ပါဘူး။ Samsung Galaxy S5 နဲ့ ပက်သက်တဲ့ သတင်းများအတွက် မြန်မာပြည်က Official Samsung Page ဖြစ်တဲ့www.facebook.com/samsungmyanmar မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
Ref:pocketlint/gsmarena/phonearean

အောင်ခမ်း (ရိုးရာလေး)

ဆူဒန်နိုင်ငံက ဆိတ်နှင့် တရားဝင်လက်ထက်ရသူ


ဆူဒန်နိုင်ငံက ဆိတ်နှင့် တရားဝင်လက်ထက်ရသူ

ဆူဒန်နိုင်ငံမှာ ဖြစ်ပါတယ်။ ဆိတ်တစ်ကောင်ကို သားမယားပြုကျင့်တဲ့ ပြစ်မှု ကို တွေ့ရှိခဲ့ပြီး ယင်းဆိတ်မနဲ့ တရားဝင် လက်ထက်ဖို့အတွက် အစိုးရမှ အမိန့်ပေးလိုက်ပါတယ်။

ယင်းအမိန့်ကြောင့် ကျူးလွန်သူဟာ ဆိတ် မင်္ဂလာပွဲကို တစ်ခမ်းတနား ကျင်းပ ပေးခဲ့ရပြီး အိမ်ထောင်တကယ်ပြုခဲ့ရပါတယ်။ သူ့အနေနဲ့ အခြား ဘယ် အမျိုးသမီးကိုမှ ယူခွင့်လည်း မရှိတော့ပါဘူး။ ငွေဒဏ် အဖြစ်လည်း ဆူဒန် Dinar ၁၅၀၀၀ လည်း ဆောင်ခဲ့ ရပါတယ်။

အိမ်ထောင်ရေးနှင့် လိင်ကိစ္စနဲ့ ပက်သက်လို့ စည်းကမ်းတင်းကြပ်တဲ့ ဆူဒန် လို နိုင်ငံမှာ ယင်းကဲ့သို့ ပြစ်မှုက ရှားပါတယ်။ အဓိကကတော့ စည်းကမ်း တင်းကြပ်လို့ပါ။ အလားတူပဲ ဘယ်တိရစ္ဆာန်နဲ့ပဲ ဖြစ်ဖြစ် ပြစ်မှု ကျူးလွန်တာ တွေ့ရှိရင် ထိမ်းမြားလက်ထက်လို့ တစ်ဘဝစာ နေထိုင်စေရန် ဥပဒေ ချမှတ်ထားကြောင်း သိရပါတယ်။
.
Ref: dyknow
အောင်ခမ်း (ရိုးရာလေး)

“OIC ကို အိုးစည်ဗုံမောင်းများဖြင့် ကြိုဆိုမည်”


“OIC ကို အိုးစည်ဗုံမောင်းများဖြင့် ကြိုဆိုမည်”

မူဆလင်ဘာသာဝင်၏စောဒက.....

သီတဂူဆရာတော်ကြီး ဒုက္ခသည်ကယ်တယ်ဖို့ မလေးရှားကိုလာတော့ မလေးရှား အစ္စလာမ်ဘာသာဝင်တွေက မကန့်ကွက်ဘူး။ OIC မြန်မာပြည်လာပြီး ဒုက္ခသည်တွေ ကယ်တာကိုတော့ မြန်မာဗုဒ္ဓဘာသာတွေက ကန့်ကွက်တယ်။

ဗုဒ္ဓဘာသာဝင်၏ အဖြေ.....

သီတဂူဆရာတော်ဘုရားကြီးက မလေးရှားရောက်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို မြန်မာပြည် ပြန်ခေါ်တာပါ။
အကယ်၍ OIC မှ ဘင်္ဂါလီ ဝှိုက်ကတ်ကိုင်များကို OIC နိုင်ငံများသို့ ခေါ်ဆောင်သွားမည် ဆိုပါလျှင် ကျွန်တော်တို့မှ OIC အား ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါသည်။

သီတဂူဆရာတော်ဘုရားကြီးက ရွှေ့ပြောင်းမြန်မာအလုပ်သမားများအား မြန်မာပြည်ပြန်ခေါ်သကဲ့သို့.....
OIC မှလည်း ဘင်္ဂါလီမူဆလင်များကို OIC နိုင်ငံများသို့ ခေါ်ဆောင်သွားပါလျှင်.....

ကျွန်တော်များမှ "Welcome to OIC" ပိုစတာများကို ကိုင်ဆောင်ပြီး.....
အိုးစည်ဗုံမောင်းများနှင့် ကြိုဆိုမည့်အကြောင်း မောင်မောင် (ရွှေကရဝိတ်) မှတစ်ဆင့် ကြေငြာမောင်း ခတ်လိုက်ပါသည်။

OIC, HEARTILY WELCOME TO MYANMAR?

I am interested in a post which mentions our Association's activities. So, it is posted in my facebook account.

A Muslim’s Question:

Muslims in Malaysia did not demonstrate against Sitagu Sayadaw who came to Malaysia to help Myanmar refugees. Why did Buddhists in Myanmar demonstrate against OIC who came to Myanmar to help Bangali refugees?

A Myanmar’s Answer:

Well, we would like to heartily and warmly welcome OIC if they follow the way of Sitagu Sayadaw.

‘Just as Sitagu Sayadaw took back Myanmar refugees from Malaysia so too OIC should take Bangali-Muslim refugees, holders of white card (i.e, not Myanmar citizen), each OIC countries from Myanmar. If so, we are sure to give a warm and hearty welcome to them’ said Ko Maung Muang (shwekaraweik).

(Sitagu Sayadaw: is one of the most prominent Buddhist monks in Myanmar and known for his charismatic leadership and practices of socially-engaged Buddhism.)

ထေရဝါဒ တို့တိုင်းပြည်
(ဗမာပြည်ဖွား ညီနောင်များ)

Myawady News

"ချမ်းလွန်းလို့"


"ချမ်းလွန်းလို့"

နွားခိုးမှုနဲ့ ထောင်ကျလာတဲ့ တောသားကျေးညို တစ်ယောက်၊ တရက်တော့ ထောင်ဖောက်ပြေးလာတယ်။
လုံခြုံရေးကလည်း နောက်က ထပ်ကြပ်လိုက်လာတယ်။
ဒါနဲ့ ကျေးညိုလည်း နီးစပ်ရာလေယာဉ်ကွင်းထဲ ဝင်ပြေးတယ်။

ကံကောင်းချင်တော့ စက်နိုးထားတဲ့ ရဟတ်ယာဉ်တစ်စင်းကို တွေ့လိုက်ရတယ်။
မောင်းသူလည်း အဆင်သင့် ခုံမှာ ထိုင်လို့
ကျေးညိုက ပါလာတဲ့ ခြောက်လုံးပြူးနဲ့ လေယာဉ်မှူးကို ချိန်ပြီး အတင်းမောင်းထွက်ခိုင်းတယ်။

ဒီလိုနဲ့ မောင်းလာလိုက်တာ အမြင့်ပေတော်တော်များများကို ရောက်လာတော့ ကျေးညိုတစ်ယောက် ချမ်းလာရော..
ချမ်းမှာပေါ့ ထောင်ကထွက်ပြေးလာတာ အင်္ကျီပါးပါးလေးနဲ့ကိုး

ဒါနဲ့ ကျေးညိုက လေယာဉ်ထဲမှာ ဘေးဘီဝဲယာအပေါ်အောက် လျှောက်ကြည့်တယ်
အော်... ဟော်....
ကြည့်စမ်း... အေးပါတယ် အောက်မေ့နေတာ
ခေါင်းပေါ်မှာ တပ်ထားတဲ့ မျက်နှာကျက်ပန်ကာကြီးက နည်းတာကြီးမှ မဟုတ်ဘဲကိုး
ဒါနဲ့ သူက လေယာဉ်မှူးကို သေနတ်ထောက်ပြီး ခိုင်းလိုက်တယ်.. ...
"ဟေ့ကောင်... ငါချမ်းတယ်၊ အပေါ်က ပန်ကာကြီး ပိတ်စမ်း"
"ဂျာ... ဟို ဟို အဲဒီ အဲဒီ ပန်ကာ... ကာ"
"စကားမရှည်နဲ့... ငါကပိတ်ဆို ပိတ်မှကြိုက်တယ် ခု ပိတ်"
"အဲ... ဆရာကြီး အဲဒါကို ပိတ်လို့ မရ မရ..."
"တိတ်စမ်း... ပစ်ထည့်လိုက်ရ သေတော့မယ်၊ မင်း ညစာ စားချင်သေးလား"
"ဟုတ်ကဲ့ စားချင်ပါတယ်"
"အေး... ဒါဆို ငါပြောတဲ့အတိုင်းလုပ် ကြားလား"

ဘယ်လိုမှ ရှင်းပြခွင့်မရတော့ လေယာဉ်မှူးလည်း အဲဒီပန်ကာကြီးကို ပိတ်ထည့်လိုက်တာ နှစ်ယောက်လုံး ညစာ မစားရတော့ဘူး

တေ.. အေးတာပဲ

သန်၎ကို-ရမ်းဘာသာပြန်သည်။
https://www.facebook.com/thanlayko

MPU ကတ်များဖြင့် AGD ဘဏ်၏ ATM စက်များတွင် ၂၄ နာရီ မိုလ်ဘိုင်းဖုန်းငွေဖြည့်ခြင်း ပြုလုပ်နိုင်ပြီ


MPU ကတ်များဖြင့် AGD ဘဏ်၏ ATM စက်များတွင် ၂၄ နာရီ မိုလ်ဘိုင်းဖုန်းငွေဖြည့်ခြင်း ပြုလုပ်နိုင်ပြီ
=========

အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD) နှင့် ချိတ်ဆက်ထားသော MPU Card များကို အသုံးပြု၍ ATM စက်များတွင် မိုဘိုင်းဖုန်းဘီလ်များကို ၂၄ နာရီ ကိုယ်တိုင်ဖြည့်သွင်းနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

၂၄ နာရီအသုံးပြုနိုင်သည့် ATM စက်များတွင် ယခုကဲ့သို့ AGD ဘဏ်နှင့် ချိတ်ဆက်ထားပြီး မိုဘိုင်းဖုန်းဘီလ်များ ထည့်သွင်းနိုင်သည့် ဝန်ဆောင်မှုကို ယခုလ ၁၃ ရက်က စတင်စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ယခုအချိန်တွင် မည်သည့်ဖုန်းအမျိုးအစားအတွက်မဆို အသုံးပြုနိုင်မည်ဖြစ်သည်။

အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်နှင့် ချိတ်ဆက်ထားသော MPU စနစ်အသုံးပြု ATM စက်များတွင် မိုဘိုင်းဖုန်းဘီလ်များ ဖြည့်သွင်းသည့်အခါ ပထမဆုံးအနေဖြင့် MPU Card ထဲတွင် ငွေဖြည့်သွင်းနိုင်သည့် ပမာဏအလုံလောက်ရှိရန် လိုအပ်သည်။

 http://www.myanmarinternetjournal.com/content/11305

2/24/14

ပါတီ ရပ်ကျေးဥက္ကဌမှ စက်ရုံအလုပ်သမတစ်ဦးအား လိမ်လည်ခေါ်ဆောင်ကာ သားမယားပြုကျင့်


ပါတီ ရပ်ကျေးဥက္ကဌမှ စက်ရုံအလုပ်သမတစ်ဦးအား လိမ်လည်ခေါ်ဆောင်ကာ သားမယားပြုကျင့်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

၂၃.၂.၂၀၁၄ ရက်နေ့ ၀၉၀၀ အချိန် မ---၊(၁၇)နှစ်၊ အထည်ချုပ်စက်ရုံ အလုပ်သမ၊ လှိုင်သာယာမြို့နယ်နေသူသည် မိဘများထံသို့ပြန်ရန် ကားဂိတ်သို့တစ်ဦးတည်းထွက်လာစဉ် ဆိုင်ကယ်စီးလာသည့် အမျိုးသားတစ်ဦးမှ မိတ်ဆက်စကားပြောပြီး ဆိုင်ကယ်ဖြင့်လိုက်ခဲ့ရန်၊ ကယ်ရီခပေးစရာမလိုကြောင်း ပြောသဖြင့်လိုက်ပါသွားခဲ့ကြောင်း၊ ထန်းတပင်မြို့နယ်၊ သီတာအေးလမ်းဆုံသို့အရောက်တွင် ၎င်းအမျိုးသား
မှ ပိုက်ဆံအိတ်ကျန်ခဲ့ကြောင်းပြောကာ ဆိုင်ကယ်အားပြန်လှည့်၍ လှိုင်သာယာမြို့နယ်၊ ၅ရပ်ကွက်ရှိ၊ --- တည်းခိုခန်းသို့ရောက်ရှိဝင်ရောက် သွားခဲ့ကြောင်း၊ ခဏအကြာ မ---အားပြစရာရှိသည်ဟုပြောဆိုခေါ်ကာ အခန်းထဲသို့အရောက်တွင် တံခါးဂျက်ထိုးပြီး အလိုမတူဘဲသားမယား အဖြစ်ပြုကျင့်ခဲ့ကြောင်း၊ ပြီးနောက် မ--- အားဆိုင်ကယ်ဖြင့် တင်ဆောင်
ကာ ရန်ကုန်-ပုသိမ်လမ်းအတိုင်းလိုက်ပို့ခဲ့ရာ ---ရွာထိပ်သို့အရောက်တွင် ရပ်မပေးဘဲ ဆက်လက်မောင်းနှင်ပြေးခဲ့သဖြင့် မ---မှာ ဆိုင်ကယ်ပေါ်မှ
ပြုတ်ကျခဲ့၍ ဒဏ်ရာရရှိခဲ့ကြောင်း၊ အနီးရှိ ဆိုင်ကယ်ကယ်ရီ သမားများမှ ၀ိုင်းဝန်းဖမ်းဆီးပြီး ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်းသို့ ပို့အပ်ပေးခဲ့သဖြင့် စစ်ဆေးခဲ့ရာမှ ၎င်းအမျိုးသားမှာ ဇော်ဇော်အောင် (ခ)ကျော်ထက်နိုင်၊ (၃၀)နှစ်၊ရပ်ကျေးဥက္ကဌ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ (ဘ)ဦးလှထွန်း၊ (၇)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်ဖြစ်ကြောင်းသိရှိရ
ပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်ခဲ့သူ ဇော်ဇော်အောင်(ခ)ကျော်ထက်နိုင်အားအရေးယူပေးပါရန် မ---မှတိုင်တန်းခဲ့သဖြင့် လှိုင်သာယာမြို့မရဲစခန်း (ပ)၂၂၇/၂၀၁၄၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူကာ ဖမ်းဆီးစစ်ဆေး လျက်ရှိပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါပြစ်မှုအားကျူးလွန်ခဲ့သည့် ဇော်ဇော်အောင်(ခ)ကျော်ထက်နိုင်သည် တွံတေးမြို့နယ်၊ ပန်းလှိုင်တံတား ကျူးကျော်တဲများဖယ်ရှားစဉ်က အကွက်ချပုံစံများပြုလုပ်ရောင်းချခြင်း၊ နေထိုင်ရန်အတွက်အိမ်ထောင်စု စာရင်းစာရွက်များအား၎င်းပါ(၄)ဦးတို့မှ အတုပြုလုပ်လက်မှတ်ရေးထိုး ထုတ်ပေးထားကြောင်း အထောက်အထားများကို သိမ်းဆည်းရမိခဲ့၍ ခလောက်ချိုက်နယ်မြေရဲစခန်း (ပ)၂၈/၂၀၁၄၊ ပုဒ်မ ၄၂၀/၄၆၈ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရသူဖြစ်သောကြောင့် ဤအမှုဖြင့်လည်း ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Credit By - Yangon Police

ဖွဲ့စည်းပုံပြင်ဆင်ရေး NLDဦးဆောင်ကာ ရွှေတောင်တွင် ဆန္ဒထုတ်ဖော်



ဖွဲ့စည်းပုံပြင်ဆင်ရေး NLDဦးဆောင်ကာ ရွှေတောင်တွင် ဆန္ဒထုတ်ဖော်

Written by ရေခဲ(ပြည်)

ရွှေတောင်၊ မဇ္ဈိမ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ဦးစီးကာ လူအင်အား ၄ဝဝကျော်ဖြင့် ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် ဖေဖော်ဝါရီလ ၂၄ရက်က နံနက် ၉နာရီက ဆန္ဒထုတ်ဖော်ခဲ့ သည်။

“ကျွန်တော်တို့ ရွှေတောင်မြို့နယ်ရဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုက အကောင်းဆုံးအနေအထားလို့ ကျွန်တော်မြင်ပါတယ်။ တစ်ကိုယ်တော်ဆန္ဒပြတယ်။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေဆိုပြီး ပြတယ်။ အခုတစ်ခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ပြီးပြတယ်”ဟု ရွှေတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ဥက္ကဋ္ဌ ဦးညွှန့်ဝေက ပြောသည်။

ဖွဲ့စည်းပုံ ပြဌာန်းချက်ပါ ပုဒ်မ၅၉(ဃ)၊ (စ)နှင့် ပုဒ်မ(၄၃၆)တို့သည် ပြင်ဆင်ရန် ဖျက်သိမ်းရန် ခက်ခဲသည့်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ကာ လူထုဆန္ဒဖော်ထုတ်ပွဲများ ပြုလုပ်ရခြင်းဖြစ်သည်ဟုလည်း ဦးညွှန့်ဝေက ဆိုသည်။

ဆန္ဒထုတ်ဖော်ခြင်းကို ဖေဖော်ဝါရီလ ၂၄ရက်၊ နံနက် ၉နာရီတွင် ရွှေတောင်မြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့မှ စတင်ကာ ကင်းပွန်းခြံလမ်း၊ ဆေးရုံလမ်း၊ ရန်ကုန်- ပြည်လမ်း၊ အတွင်းရှမ်းလမ်း၊ လမ်းမတော်လမ်းနှင့် ကြာနီကန်လမ်းများအတိုင်း လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒဖော်သူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ၅၉(စ) ဖျက်သိမ်းရေး၊ ပုဒ်မ၅၉(ဃ) ဖျက်သိမ်းရေး၊ ပုဒ်မ၄၃၆ ပြင်ဆင်ရေး ဟူသော စာသားပါ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ ယင်းစာသားများကို ကြွေးကြော်ခဲ့သည်။

ရွှေတောင်မြို့တွင် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဖေဖော်ဝါရီ တစ်လအတွင်း ဆန္ဒထုတ်ဖော်သည်မှာ ယခုအကြိမ်သည် တတိယ အကြိမ်မြောက်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၃ရက်က ပထမအကြိမ်အဖြစ် တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်မှု၊ ၁၉ရက်တွင် မြို့ခံ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၂၆ဦးက လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့သေးသည်။

Credit By - Mizzima - News in Burmese

တက္ကစီယာဉ်မောင်းကို အကြောင်းမဲ့ တိုက်ခိုက်ခြင်းမဟုတ်ဟု ပြိုင်ကားသမားတို့ရှင်းလင်း


တက္ကစီယာဉ်မောင်းကို အကြောင်းမဲ့ တိုက်ခိုက်ခြင်းမဟုတ်ဟု ပြိုင်ကားသမားတို့ရှင်းလင်း
Monday, February 24, 2014

ပြိုင်ကားမောင်းသမားများနှင့် တက္ကစီယာဉ်မောင်းတို့ ခိုက်ရန်ဖြစ်ပွားသည့် အမှုတွင် ပြိုင်ကားသမားများမှ အကြောင်းမဲ့ ရိုက်နှက်ခြင်းမဟုတ်ကြောင်း တက္ကစီယာဉ်မောင်းနှင့် အပေါင်းအပါများမှ ဆဲဆိုရန်စပြီး ၎င်းတို့ကားကိုတိုက်ပြီး ထွက်ပြေးသွားခြင်းကြောင့် လိုက်လံတားဆီးရင်းဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြိုင်ကားသမားတို့က ဆိုသည်။

“ကျွန်တော့် ဘော်ဒါတစ်ယောက်ရဲ့ ကားပျက်နေလို့ဝိုင်းပြင်နေတာ။ တက္ကစီသမားက သူ့ဘော်ဒါတွေနဲ့ မူးရူးပြီးတော့ ကျွန်တော်တို့ကို ဆဲပြီး ကားနဲ့ဝင်တိုက်ပြီး ထွက်ပြေးတာ။ ကျွန်တော် အရှောင်မြန်လို့ လူကိုမထိပဲ ကားဘေးတစ်ခြမ်း ပိန်သွားတယ်။ သူ့ကို လိုက်ဖမ်းရင်းနဲ့ ရန်ဖြစ်တဲ့ပုံစံဖြစ်သွားတာ” ဟု Aristo ကားပိုင်ရှင် ကိုဇာနည်ထက်ဝေ ကပြောသည်။

၎င်းတို့ခိုက်ရန်ဖြစ်ပွားသည့် ဖေဖော်ဝါရီ ၁၆ ရက်နေ့က အဆိုပါ တက္ကစီယာဉ်မောင်းနှင့် အပေါင်းအသင်းဖြစ်ဟန် တူသည့် လူ ၃ ဦးစီးနင်းလိုက်ပါလာပြီး ကားကို ၎င်းတို့အနီးတွင်ရပ်ကာ ကားပေါ်မှနေ၍ အကြောင်းမဲ့ စိန်ခေါ်ကာ ဆဲဆို ရန်စခဲ့သည်ဟု သိရ သည်။

အဆိုပါပြိုင်ကားအဖွဲ့ထဲမှ လူငယ်တစ်ဦးက ၎င်းအားပြောဆိုရန်ကြိုးစားရာတွင် ၎င်း၏ toyota Aristo ကားအား တက္ကစီ ယာဉ်မောင်းမှ တိုက်ကာထွက်ပြေးသွားခဲ့သဖြင့် ကားများဖြင့်ပိတ်ရပ်ကာ လိုက်လံတားဆီးရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြိုင်ကားမောင်းသမားများနှင့် သက်ဆိုင်သည့်၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာ၌ ဖော်ပြထားသည်ကိုလည်း သိရသည်။

တက္ကစီယာဉ်မောင်းကမူ ၎င်းသည် ခရီးသည်များတင်ဆောင်လာကာ ပြည်လမ်းအတိုင်း ပြိုင်ကားအုပ်စုအနီးမှ ဖြတ်သန်း မောင်းနှင်လာစဉ် အဆိုပါပြိုင်ကားများဖြင့် လူငယ်တစ်စုမှ အနောက်မှလိုက်လာကာ ၎င်း၏ကားအား ၀ိုင်းဝန်းပိတ်ဆို့ပြီး ပြိုင်ကား မောင်းသမားများက ဘေ့စ်ဘောတုတ်ကိုင်ဆောင်လာကာ ရိုက်နှက်ကြခြင်းဖြစ်ကြောင်း လှိုင်မြို့နယ်ရဲစခန်းတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့က ထွက်ဆိုထားသည်ဟု သိရသည်။

အခင်းဖြစ်စဉ်က ပါဝင်ခဲ့သည် Nissan အမျိုးအစားကားတစ်စီးကိုမူ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မရမ်းကုန်း မြို့နယ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ဇာနည်ထက်ဝေ၏ Toyota Aristo အဖြူရောင်ကား နှင့် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ဝေယံလင်း၏ ခဲပုတ်ရောင် Mazada RX 8 ကားတို့ကို ၎င်းတို့၏ မိဘများက လှိုင်မြို့နယ် ရဲစခန်းသို့ လာရောက် အပ်နှံထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ဖေဖော်ဝါရီ ၂၃ ရက်နေ့ တွင် သတင်းထုတ်ပြန်ထားသည်။

Myit Ma Kha Media Group