သတင်းနှင့်နည်းပညာများ

6/21/14

ကင်မရာ (၅) ခုနဲ့ စမတ်ဖုန်း



ကင်မရာ (၅) ခုနဲ့ စမတ်ဖုန်း
မကြာသေးခင်ကမှ Amazon က ထုတ်ပြန်လိုက်တဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Amazon Fire ဖုန်းလို့ခေါ်ပြီး ဂျူလိုင်လ ၂၅ရက်မှာ ရောင်းချမှာ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ အရှေ့ဘက်မှာ ရိုက်ကူးသူရဲ့ အနေအထားအမျိုးမျိုးကို ကျယ်ပြန့်စွာ ဖော်ပြနိင်တဲ့ ကင်မရာ 4 လုံးပါရှိပါတယ်။ အနောက်ဖက် ကင်မရာမှာ 13 Megapixel ရှိပြီး ကင်မရာတွေအားလုံးဟာ အနီအောက်ရောင်ခြည်တပ်ဆင်ပေးထားတဲ့အတွက်အလင်းရောင်နည်းပါးတဲ့နေရာတွေမှာပါ အဆင်ပြေစွာ ရိုက်ကူးနိင်မှာ ဖြစ်ပါတယ်။
နောက်ထပ်ပါဝင်လာတာကတော့ 3D မျက်နှာပြင် Screen ဖြစ်ပါတယ်။ ၃ဖက်မြင် မြင်ကွင်းများကို မြင်ရမှာ ဖြစ်ပြီး ၀က်ဒ်ပေ့ခ်ျတွေကို သုံးနေတဲ့အခါမှာလည်း အောက်ကို လက်ဖြင့် ဆွဲကာ
ကြည့်ရူနိင်မည့်နေရာတွင်ဖုန်းကိုအနည်းငယ်စောင်းရုံနဲ့ အောက်ကို အော်တို ရောက်ရှိနိင်တဲ့ အစိတ်အပိုင်းတွေ ပါဝင်ထားပါတယ်။ နောက်ထပ်အနေနဲ့ အွန်လိုင်း
ရှော့ပင်းဆိုဒ်မှ ထုတ်ထားတဲ့အတွက် ဈေးဝယ်ကဒ်တွေကိုလည်း built-in အနေနဲ့ ထည့်သွင်းပေးထားပြီး Amazon ထုတ် ပစ္စည်း အဆက်အနွယ်တွေဖြစ်တဲ့ Amazon's Fire TV သို့လည်းကောင်း၊ X box နဲ့ အခြား Play station တွေသို့လည်းကောင်း ဖုန်းထဲမှာ ရှိတဲ့ အချက်အလက်တွေကို ရွှေပြောင်းနိင်ပါသေးတယ်။
ကုမ္ပဏီရဲ့ Kindle Fire line ထဲမှာပါဝင်တဲ့အတွက် စာဖတ်ရူရာမှာ ဖုန်းရဲ့ အစိတ်အပိုင်းတွေကတစ်ဆင့် အသံဖြင့် နားဆင်နိင်ပါသေးတယ်။ ဟုတ်ပါတယ်။ စာအုပ်ရဲ့ အော်ဒီယို ဗားရှင်းတွေကိုလည်း စကားပြောနေစဉ် ကားမောင်းနေစဉ်
စတဲ့အချိန်တွေမှာ နားဆင်နိင်ပါတယ်။ သီချင်းတွေနားဆင်ရာမှာလည်း X-ray အစိတ်အပိုင်းပါဝင်တာမို့ နားဆင်နေတဲ့ သီချင်းတွေကို စာသားတွေပါ တစ်ခါတည်း ဖော်ပြပေးနိင်မယ်။ ဓာတ်ပုံများအတွက် Amazon cloud
ရဲ့ ၀န်ဆောင်မူထဲမှာ အကန့်အသတ်မရှိ အခမဲ့ ဓာတ်ပုံတွေကို သိမ်းဆည်းနိင်မဲ့ ၀န်ဆောင်မူကိုလည်း ရရှိနိင်မှာ ဖြစ်ပါတယ်။
၎.၇ လက်မ မျက်နှာပြင်ရှိပြီး ၊ 2.2 GHz quad-core processor သုံးကာ ဂရပ်စ်ဖက် အတွက် Adreno 339 processor ကိုသုံးပါတယ်။ RAM 2GB ရှိပြီး Fire OS လို့ခေါ်တဲ့ Amazon ရဲ့ Android custom ဗားရှင်းကို သုံးထားပါတယ်။ ဂျူလိုင် ၂၅ ရက်နေ့မှာ စတင်ရောင်းချမှာ ဖြစ်ပြီး US မှာဆိုရင်တော့ AT&T ဖုန်းစီစဉ်သူ ကုမ္ပဏီက သီးသန့်ရရှိမှာ ဖြစ်ပြီး 32GB နဲ့ 64 GB ဆိုပြီး ဗားရှင်းနှစ်မျိုးရရှိပါတယ်။ Amazon.com မှာ ၀ယ်မယ်ဆိုရင်တော့ ဒေါ်လာ ၆၄၉ ကျသင့်မှာ ဖြစ်ပါတယ်။
အောင်ဟိန်း ( ရိုးရာလေး )

ရဲဇာနည်


အရှိန်မထိန်းနိုင်သောယာဉ် မိုင်တိုင်အားဝင်ရောက်တိုက်မိ
နေပြည်တော်၊ ဇွန် ၂၀
၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၇/၅)၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနတ်ကြီးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှ နေပြည်တော်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ပျားရည်ကုန်း ရပ်ကွက်နေ အောင်ဆန်းဦး(၃၄)နှစ်မောင်းနှင်လာသည့် 4G/xxxx ဟွန်ဒါဖစ်အနက်ရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ မိုင်တိုင်အမှတ်(၃၇/၅)အားဝင်ရောက်တိုက်မိပြီး လမ်းဘေး လယ်ကွင်းအတွင်း ထိုးကျရပ်တန့်သွားကြောင်းသိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ရှေ့ဘန်ဘာပိန်ချိုင့်၊ ၀ဲယာရှေ့မီးကွဲ၊ တန်ဘိုးငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်ဆန်းဦးအား ဘောနတ်ကြီးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

၁၂ ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလမယ် ပြိုင်ပွဲ


၁၂ ကြိမ်မြောက် အရှေ့တောင်အာရှ ကာယဗလမယ် ပြိုင်ပွဲတွင် မြန်မာနိင်ငံ အတွက် ရွှေတံဆိပ်ဆု ဆွတ်ခူးပေးခဲ့သော မအေးအေးစိုး