သတင်းနှင့်နည်းပညာများ

8/30/14

Ooredoo ၏ အင်တာနက် အသုံးပြုခကို 1MB လျှင် ၂၅ ကျပ်မှ ၁၀ ကျပ်သို့ လျှော့ချ


Ooredoo ၏ အင်တာနက် အသုံးပြုခကို 1MB လျှင် ၂၅ ကျပ်မှ ၁၀ ကျပ်သို့ လျှော့ချ

အင်တာနက် အသုံးပြုရာတွင် ဈေးနှုန်းကြီးမြင့်သည်ဟု ဝေဖန်ခြင်း ခံနေရသည့် Ooredoo သည် ၎င်းတို့၏ မိုဘိုင်းဖုန်းလိုင်းမှ အင်တာနက်အသုံးပြုခကို 1MB လျှင် ၁၀ ကျပ်သို့ စတင်လျှော့ချပေးလိုက်ပြီ ဖြစ်ကြောင်း ကုမ္ပဏီမှ CEO ဖြစ်သူ Mr. Ross Cormack က ယနေ့ ပြောကြားလိုက်သည်။
ယခင်က Ooredoo သည် ၎င်းတို့၏ အင်တာနက်အသုံပြုခကို 1MB လျှင် ၂၅ ကျပ် သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုသူများ၏ ဝေဖန် အကြံပြုချက်အရ 1MB လျှင် ၁၀ ကျပ်အဖြစ်သို့ သြဂုတ်လ ၃၁ ရက်တွင် စတင်ပြောင်းလဲ ကောက်ခံသွားမည်ဟု Mr. Ross Cormack က ဆိုသည်။ Ooredoo သည် ၎င်း၏ ပုံမှန် အင်တာနက်အသုံးပြုခကို 1MB လျှင် ၁၀ အဖြစ်သို့ လျှော့ချပေးခဲ့သော်လည်း ယခင် သတ်မှတ် ထားသည့် နေ့စဉ် ၊ အပတ်စဉ်၊ လစဉ် အင်တာနက် Data Plan များကို ပြင်ဆင် သတ်မှတ်ပေးခဲ့ခြင်း မရှိခဲ့ပေ။ Data Plan အရ တစ်လအတွင်း အသုံးပြုသည့် 1GB ကို ၁၂,၀၀၀ ကျပ် ကောက်ခံထားသည်။ ပုံမှန်အားဖြင့် 1MB လျှင် ၁၀ ကျပ်ဖြင့် အသုံးပြုပါက 1GB လျှင် ၁၀,၂၄၀ ကျပ်သာ ကျသင့်မည် ဖြစ်သည့်အတွက် Data Plan များမှာ ဈေးနှုန်းပိုမို မြင့်မားနေမည် ဖြစ်သည်။
Ooredoo ၏အဆိုအရ ၎င်းတို့၏ Data Plan သည် ပရိုမိုးရှင်းများ ထပ်မံပါဝင်သည့်အတွက် အသုံးပြုရန် သင့်လျော်သည့် အနေအထားဖြစ်သည်ဟု သိရသည်။ Ooredoo ၏ ကွန်ရက်သည် လက်ရှိအချိန်၌ လူဦးရေ ၉ မီလီယံ ကို လွှမ်းခြုံထားကြောင်း၊ အသုံးပြုသူ လူဦးရေ ၁ မီလီယံကျော်ကို ပိုင်ဆိုင်ထားပြီဖြစ်သည့် Ooredoo သည် လာမည့် နှစ်ပတ်အကြာ ကာလအတွင်း လူဦးရေ ၁၂.၃ မီလီယံကို ကွန်ရက် လွှမ်းခြုံပေး မည် ဖြစ်ကြောင်း Mr. Ross Cormack က ပြောသည်။ ထို့အပြင် ရန်ကုန်မြို့၌ ကွန်ရက်ကောင်းမွန်ခြင်း မရှိသေးသည်ကိုလည်း ၎င်းတို့ အနေဖြင့် သိရှိထားကြောင်း ပြောဆိုခဲ့သည်။
http://internetjournal.com.mm/content/14208

နိုင်ငံတော်သီချင်း ဖျက်ဆိုသော အလယ်တန်း ဘင်္ဂလီ ကျောင်းသားနှစ်ဦး အား မိဘများထံပြန်အပ်


နိုင်ငံတော်သီချင်း ဖျက်ဆိုသော အလယ်တန်း ဘင်္ဂလီ ကျောင်းသားနှစ်ဦး အား မိဘများထံပြန်အပ်
==============================================
ဘူးသီးတောင်၊ ၂၉၊ သြဂုတ်လ၊ ၂၀၁၄။ Coral Arakan News
ဘူးသီးတောင်မြို့ အလက (၂)ကျောင်းတွင် နိုင်ငံတော်သီချင်းကို ဖျက်ဆိုသော ဘင်္ဂလီကျောင်းသားနှစ်ဦးကို မိဘများထံ ပြန်အပ်လိုက်ကြောင်း စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ (25.8.2014)နေ့က ကျောင်းတက်ချိန် နိုင်ငံတော်သီချင်း သီဆိုရာတွင် သတ္တမတန်းမှ မိုဟာမက် ကော်ရီမူလာ(ဘ)အဒူဆလင်နှင့် မိုဟာမက်ဆော်ဖော်ဝါ (ဘ)အဒူဂေါ်ဖော ဆိုသူ ဘင်္ဂလီကျောင်းသားနှစ်ဦးတို့က `မြန်မာပြည်´ဟု ဆိုရမည့် အပိုဒ်တွင် မူဆလင်ပြည်ဟုလည်းကောင်း၊ `ဒါတို့ပြည်၊ ဒါတို့မြေ တို့မူဆလင်ပြည်´ ဟူ၍လည်းကောင်း၊ စာသားများ ပြောင်းလဲကာ ဖျက်ဆိုခဲ့ကြကြောင်း၊ ၎င်းကို ကြားသိရသော အတန်းပိုင် ဆရာမကတစ်ဆင့် ကျောင်းအုပ်ဆရာကြီးထံ တင်ပြခဲ့သဖြင့် ကျောင်းအုပ်ကြီးက လိုအပ်သည့် စုံစမ်းမှုများ ဆောင်ရွက်ပြီး (28.8.2014)နေ့တွင် သက်ဆိုင်ရာ ကျောင်းသား မိဘများကို ခေါ်ယူ အသိပေးကာ ပြန်လည်အပ်နှံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ကျောင်းအုပ်ဆရာကြီးက `တိုင်ကြားချက်ရလို့ လိုအပ်သလို စုံစမ်း စစ်ဆေးပြီး ကျောင်းသားတွေကလည်း ဝန်ခံခဲ့ပါတယ်။ ဒါကြောင့် သူတို့ မိဘတွေကိုခေါ်ပြီး ပြန်အပ်ခဲ့ပါတယ်။ တခြား မလိုလားအပ်တဲ့ ပြသနာ မဖြစ်ရအောင်၊ သူတို့ ပညာရေး မနစ်နာရအောင် ကျောင်းပြောင်းစေခဲ့ပါတယ်။´ ဟု ရှင်းပြခဲ့ပါသည်။ ကျောင်းသားများအား ကျောင်းမှထုတ်ပစ်မည် ဆိုပါက အခြားကျောင်းများတွင်ပါ တက်ရောက်ခွင့် ရတော့မည် မဟုတ်ကြောင်း၊ ကျောင်းစည်းကမ်းအရ အရေးယူခြင်းသာဖြစ်ကြောင်း ပါ ပြောပါသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ဘူးသီးတောင်မြို့ ရခိုင်အမျိုးသားပါတီ၊ ဥက္ကဌ ဦးထွန်းအောင်သိန်းက `ဒီပြသနာရဲ့နောက်မှာ ဘယ်လို ပယောဂပါသလဲဆိုတာ သက်ဆိုင်ရာက စုံစမ်းဖို့ လိုအပ်သလို ထိထိရောက်ရောက် အရေးယူဖို့ လိုပါတယ်။ ကျောင်းသား တွေကို စံနစ်တကျ သင်ပေးထားတာပါ၊ ဘင်္ဂလီရွာတွေမှာ သူတို့ ဘာသာရေး ခေါင်းဆောင်တွေက စည်းရုံးဟောပြောနေတယ်လို့ သတင်းတွေထွက်နေတာလဲ ရှိတယ်။ ဒါတွေဟာ နောက်ကွယ်မှာ ဘယ်အဖွဲ့အစည်းတွေပါသလဲ၊ ဘယ်သူတွေကြိုးကိုင်နေသလဲ ဆိုတာတွေ ဖော်ထုတ်နိုင်ဖို့ လိုပါတယ်။ ဒီကိစ္စကို ကြည့်ရင် သူတို့တွေဟာ ကျွန်တော်တို့ ဒေသကို သူတို့ပိုင်နက် အဖြစ် ပိုင်ဆိုင်နေချင်တယ်ဆိုတာ ရှင်းနေတယ်´ ဟု ပြောပါသည်။
ယခုကိစ္စတွင် ကျောင်းသား တစ်ယောက်က သာမန် အပျော် အပျက် လုပ်တဲ့ ကိစ္စသက်သက်တစ်ခုအဖြစ် သတ်မှတ်ဖို့ မသင့်တော်ကြောင်း၊ လက်ရှိ ဘင်္ဂလီတို့၏ လှုပ်ရှားမှု များနှင့် ဆက်စပ်ကြည့်တတ်ရန် လိုအပ်ကြောင်း လူမှုကွန်ယက် ဦးဆောင်သူ တစ်ဦးကလည်း ပြောပါသည်။
ဘူးသီးတောင်မြို့၊ အလက(၂)ကျောင်းသည် တိုင်းရင်းသားနှင့် ဘင်္ဂလီများပါ တက်ရောက်သော အထက်တန်း ကျောင်းခွဲတစ်ကျောင်း ဖြစ်သည်။
ကိုအောင်(hyacinth)

အမေရိကန်အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီက MPT ကို တရားစွဲမည်


အမေရိကန်အခြေစိုက် ဆက်သွယ်ရေးကုမ္ပဏီက MPT ကို တရားစွဲမည်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကရောင်းချသည့် ဆင်းမ်ကတ်ကိုတွေ့ရစဉ်(ဓာတ်ပုံ − ကျော်ဇင်သန်း)
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတွင် ၀န်ကြီးအပြောင်းအ လဲကြောင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် သဘောတူစာချုပ် ချုပ်ဆိုထားသည့် အချက်အလက် များကို ဆောင်ရွက်ရန် ပျက်ကွက် ခဲ့သည့်အတွက် အမေရိကန်အ ခြေစိုက်ကုမ္ပဏီတစ်ခုက စက်တင်ဘာတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ကုမ္ပဏီက US မှာ ဖြစ်တဲ့ အတွက် အမေရိကန်နိုင်ငံကနေ တစ်ဆင့်သွားပြီး တရားစွဲမယ်။ လုပ်ငန်းနစ်နာမှုကြောင့် ဒါရိုက် တာအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ကန် ဒေါ်လာ သန်း ၃၀ ရလိုမှုရယ်၊ ကျွန်မတစ်ဦးတစ်ယောက်အနေ နဲ့ နစ်နာမှုကြောင့် ကန်ဒေါ်လာ သန်း ၁၅၀ ရလိုမှုရယ် အမှုနှစ်ခုနဲ့ တရားစွဲသွားမှာ ဖြစ်ပါတယ်’’ ဟု အမေရိကန်အခြေစိုက် ကုမ္ပဏီ I.I (W.S) ဒါရိုက်တာအဖွဲ့ဝင် ဒေါက်တာမြတ်နုခိုင်က ပြောသည်။
I.I (W.S) သည် TT Project ဟု အမည်ပေးထားသည့် လုပ်ငန်း တစ်ခုကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမှု စာချုပ်ကို ၁၉၉၉ ခုနှစ်က ဦး ဆောင်ညွှန်ကြားရေးမှူး ဦးမောင် မောင်တင်၊ အင်ဂျင်နီယာချုပ် ဦး တင့်လွင်နှင့် ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ဝင်းတင်တို့ ပါဝင်လက် မှတ်ရေးထိုးခဲ့ကြောင်း ၀န်ကြီး အပြောင်းအလဲ ဖြစ်ပေါ်လာသည့် အတွက် စာချုပ်ပါ အချက်များ ပျက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ မြတ်နုလွင်က ဆိုသည်။
‘‘တရားစွဲလာမယ်ဆိုရင် တော့ နိုင်ငံတော်ရဲ့ လုပ်ထုံးလုပ် နည်းအတိုင်းပဲ ဆက်သွားဖို့ ရှိပါ တယ်။ သူတို့က ဘယ်လိုပုံစံမျိုးနဲ့ တရားစွဲမယ်ဆိုတာကို အသေး စိတ်မသိရသေးတဲ့အတွက် သီး ခြားမှတ်ချက်ပေးချင်တာမျိုး မရှိ ပါဘူး’’ ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ ပြည်ပဆက်သွယ်ရေး ဌာနအင်ဂျင်နီယာချုပ် ဦးစိုင်းစိုး လင်းထွန်းက ပြောသည်။
စာချုပ် ချုပ်ဆိုရာတွင် အ မေရိကန်နှင့် အိန္ဒိယတို့ ပူးပေါင်း လုပ်ဆောင်မည့် ဆက်သွယ်ရေး လုပ်ငန်းတစ်ခုတွင် ဂြိုဟ်တုလှိုင်း နှုန်း မြန်မာနိုင်ငံ၏ လေနယ် နိမိတ်ပေါ်တွင် ဖြတ်သန်းသွား လာခွင့် ပြုရမည်ဖြစ်ပြီး အသုံးပြု ခွင့်အတွက် မြန်မာ့ဆက်သွယ် ရေးအနေဖြင့် တစ်မိနစ်လျှင် ကန် ဒေါ်လာ ငါးဆင့်နှုန်းရရှိမည်ဖြစ် ကာ တစ်လလျှင် ကန်ဒေါ်လာ ငါး သိန်းမှ ငါးသန်းအထိ ရရှိနိုင်မည် ဖြစ်ကြောင်း သဘောတူညီမှုများ ပြုလုပ်ခဲ့သည်။
သို့သော် လုပ်ငန်းစတင်၍ တစ်နှစ်ခွဲခန့်အကြာ ဆက်သွယ် ရေးဝန်ဆောင်မှုများ ပေးရန် စမ်း သပ်မှုများ ပြုလုပ်နေချိန်တွင် ဆက်သွယ်ရေးဝန်ကြီး အသစ် တက်လာပြီး နောက်ပိုင်း၌ အ ကြောင်းကြားခြင်းမရှိဘဲ စာချုပ် ပါ အချက်အလက်များရပ်ဆိုင်း သွားခဲ့သည့်အတွက် I.I (W.S)  အနေဖြင့် ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများဆုံးရှုံးခဲ့ပြီး လုပ်ငန်းအချို့လည်း ရပ်ဆိုင်းခဲ့ရကြောင်း ဒေါက်တာမြတ်နုလွင်က ပြောသည်။
‘‘လုပ်ငန်းက စဖို့အတွက် အ သံကြည်လင်မှု စမ်းသပ်နေတုန်း ပဲ။ တကယ်အသုံးပြုတဲ့အထိကို တောင် မရောက်လိုက်ဘူး။ ၀န် ကြီးအသစ်တက်လာတဲ့နောက် ပိုင်းမှာ ဦးဆောင်ညွှန်ကြားရေးမှူးနဲ့လည်း အဆက်အသွယ်မရတော့ ဘာမှလည်း မသိရဘဲနဲ့ လုပ်ငန်းတွေကလည်း ရပ်ခဲ့ရတယ်’’ ဟု ၎င်းကပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သက် ၍ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သို့ အကြောင်းကြားစာ နှစ်ကြိမ် ပေးပို့ပြီး ယခုတစ်ကြိမ်တွင် တရားစွဲဆိုရန် ဆုံးဖြတ်ခြင်းဖြစ်ကာ တရားစွဲဆိုခွင့်ရရှိပါက မြန်မာနိုင်ငံအနေဖြင့် ဂြိုဟ်တုနဲ့ပတ်သက် သည့်ဆက်သွယ်မှုများ အသုံးပြုမရအောင် တားမြစ်ခြင်းမျိုးလည်း ပြုလုပ်သွားရန် စီစဉ်ထားကြောင်း ဒေါက်တာမြတ်နုလွင်က ပြောသည်။

http://www.7daydaily.com/story/19477#.VAFxb0RUOc8

8/29/14

ဂိုဏ်ဃဏဆန်ဆန် မင်းမဲ့စရိုက် သာကေတရန်ပွဲ သေနတ် ၂ ချက် ပစ်ဖောက်ခဲ့ဟု ရပ်ကွက်နေ ပြည်သူများ ပြောကြား


ဂိုဏ်ဃဏဆန်ဆန် မင်းမဲ့စရိုက် သာကေတရန်ပွဲ သေနတ် ၂ ချက် ပစ်ဖောက်ခဲ့ဟု ရပ်ကွက်နေ ပြည်သူများ ပြောကြား

29 August 2014 02:42(+0630) (လွန်ခဲ့သော 15 နာရီ ခန့်က)

သြဂုတ်လ ၂၈ ရက်နေ့ နေ့လည် (၁၂) နာရီခန့်အချိန်က သာကေတမြို့နယ် (၁၀) တောင် (၁၃) ရပ်ကွက် ခိုင်ရွှေဝါ လမ်းမကြီးပေါ်တွင် မင်းမဲ့စရိုက်ဆန်ဆန် လူအုပ်စု ၂ စုအကြား ခိုက်ရန်ဖြစ်ပွားခဲ့ ကြရာတွင် အဖွဲ့တစ်ဖွဲ့မှ သေနတ် ၂ ချက် မိုးပေါ်ထောင်၍ ပစ်ဖောက်ခဲ့သည်ဟု ရန်ပွဲ ဖြစ်ပွားရာအနီးရှိ ပြည်သူများက News Watch ဂျာနယ်သို့ ပြောသည်။

သာကေတမြို့နယ် ၁၀ တောင် (၁၃) ရပ်ကွက်နေ နေမျိုးအောင်ဆိုသူ ခေါင်းဆောင်သောအဖွဲ့နှင့် ထူပါရုံရပ်ကွက်နေ မြင့်အောင်ဆိုသူ ဦးဆောင်သော အဖွဲ့နှစ်ဖွဲ့တို့ ရန်ငြိုးရှိခဲ့ရာမှ နှစ်ဖွဲ့ပေါင်း လူအယောက် (၅၀) နီးပါး ဓားများ၊ တုတ်များနှင့် ရန်စောင်နေသည့်အချိန်တွင် မြင့်အောင် က သေနတ် (၂) ချက်ဖောက်၍ ခြိမ်းခြောက် ခဲ့ခြင်းဖြစ်နိုင်သည်ဟု အဆိုပါရပ်ကွက်နေ ပြည်သူများက ပြောသည်။

“အဖြစ်အပျက်တွေက အရမ်းမြန်တယ်။ လမ်းထဲကို ကားတစ်စီးဝင်လာတယ်။ နေမျိုးအောင်တို့ကို ပထမကားနဲ့ လိုက်တိုက်တယ်။ ပြီးတော့ နှစ်ဖက်အပြန် အလှန် အုတ်နီခဲတွေနဲ့ ထုတယ်။ ကားလည်း ထိသွားတယ်။ ပြီးတော့ နှစ်ဖွဲ့စလုံး ငှက်ကြီးတောင် ဓားကိုယ်စီနဲ့ ပြဿနာဖြစ်တော့မယ့်အချိန်မှာ သေနတ်ဖောက်သံလို ပစ်ဖောက်သံ နှစ်ချက် ကြားလိုက်တယ်။ နှစ်ဖွဲ့ပေါင်းကို ဓားကိုင်ထားတဲ့ လူ (၅၀) နီးပါးရှိတယ်။ အကုန်နီးပါးပဲ။ တချို့က တုတ်တွေနဲ့။ အဲဒီလို အသံနှစ် ချက်ကြားပြီးတော့ နှစ်ဖွဲ့အကြီးအကျယ် အချင်းများချိန်မှာ ရဲတွေရောက်လာတယ်။ နှစ်ဖွဲ့စလုံးကလည်း သာကေတမြို့နယ်မှာ နာမည်ကြီးပါတယ်” ဟု ရန်ပွဲကို အစ အဆုံးမြင်တွေ့ခဲ့သည့် ခိုင်ရွှေဝါလမ်းတွင် နေထိုင်သူ အသက် (၂၃) နှစ်အရွယ် လူငယ်တစ်ဦးက ပြန်လည်ပြောပြသည်။

အဆိုပါ အဖွဲ့ ၂ ဖွဲ့အနက်မှ ၁ဖွဲ့သည် လက်နက်ကိုင်အဖွဲ့အစည်းတခုနှင့် ဆက်စပ်မှုရှိသည်ဟုလည်း သာကေတမြို့နယ်နေ ပြည်သူအချို့၏ပြောကြားချက်အရ သိရသည်။ ရန်ပွဲ၌ ပါဝင်သူတဦးလည်း ဦးခေါင်းတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။

ရန်ပွဲဖြစ်ပွားစဉ်အတွင်း အနီးပတ်ဝန်းကျင်တွင် နေထိုင်သော ပြည်သူအားလုံး ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြပြီး အိမ်တံခါးများ ပိတ်ထားကာ ရဲတပ်ဖွဲ့ရောက်ရှိလာမှသာ အခြေအနေ ပြန်လည် တည်ငြိမ်သွားကြောင်း ယင်းလူငယ်က ဆက်လက်ရှင်းပြသည်။

ရပ်ကွက်နေပြည်သူများက ဖော်ပြပါ ပစ်ဖောက်သံ ၂ ချက်အား သေနတ်ပစ်ဖောက်သံဟု ယူဆကြသော်လည်း သာကေတမြို့နယ် နယ်မြေရဲစခန်းမှ တာဝန်ရှိသူကမူ ဗျောက်အိုးဖောက်သံဟု ကြားသိရသည်ဟု ဆိုသည်။

“လက်ရှိအချိန်ထိတော့ အမှုမဖွင့် ထားပါဘူး။ နှစ်ဖက်စလုံးလည်း မတိုင်ကြားထားသေးဘူး။ မိုးပေါ်ထောင်ပစ်တာလည်း သေနတ်သံမဟုတ်ဘဲ ဗျောက်အိုး သံဆိုပြီး ပြောကြတယ်။ ဖြစ်စဉ်နဲ့ပတ်သက် ပြီး စစ်ဆေးစုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။ အဖွဲ့အစည်းနှစ်ဖွဲ့ ပုံစံရန်ပွဲဖြစ်ခဲ့တာကြောင့် ပြည်သူတွေလည်း ထိတ်လန့်ခဲ့တယ်။ ဒါကြောင့် အထက်ကချပေးတဲ့အတိုင်း ဒီအမှုကို ဆက်လက်ကိုင်တွယ်သွားမယ်” ဟု သာကေတမြို့နယ် နယ်မြေ (၁) ရဲစ ခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သူတို့က မလာသေဘူးဗျ၊ အမှုဖွင့်တာတွေ ဘာတွေတော့မရှိသေးဘူး၊ ဘာကြောင့် မဖွင့်သလဲဆိုတာတော့ ကာယကံရှင်တွေပဲ သိမှာပါ၊ သူဆို့ကိုတော့ ခေါ်ထားတာပဲ၊ နှစ်ဦးနှစ်ဖက် နှစ်နာရင်အမှုဖွင့်ဖို့ ဘာဖို့ပေါ့၊ ကျနော်တို့သွားတော့ အကုန်လုံးလုစုကွဲသွားပါပြီ၊ ဒဏ်ရာရတာ မရှိဘူး”ဟု အဆိုပါရဲစခန်းမှ အမည်မဖော်လိုသူ တာဝန်ကျ ဒုရဲအုပ်တဦးက ပြောကြားခဲ့သည်။

သာကေတမြို့နယ်အတွင်း ယခုကဲ့ဖြစ်စဉ်ကဲ့သို့ ဂိုဏ်းဃဏဆန်ဆန်ရန်ပွဲများ၊ ရပ်ကွက်ခြား ရန်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး၊ ပြဿနာကို ငွေကြေးဖြင့် ရှင်းနိုင်သူအချို့က ဦးဆောင်လေ့ရှိကြောင်း သာ ကေတမြို့နယ် ပြည်သူများက ဆိုသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနောက်ပိုင်း မင်းမဲ့စရိုက်ဆန်သည့် ရန်ပွဲများ၊ လူသတ်မှုများ အဖြစ်များလာပြီး လူငယ်များ၏ လက်ရဲဇက်ရဲမှုများနှင့် တရားဥပဒေစိုးမိုးမှုအားနည်းခြင်းအပေါ် ပြည်သူများက အပြင်းအထန် ဝေဖန်နေကြသည်။

NW
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal




မလေးရှားတွင် မြန်မာလေးယောက်ကို လူသတ်မှုဖြင့်စွဲချက်တင်


မလေးရှားတွင် မြန်မာလေးယောက်ကို လူသတ်မှုဖြင့်စွဲချက်တင်
==================================================
ကူလိုင်ဂျာယာ၊ သြဂုတ် ၂၈
ကိုယ့်နိုင်ငံသားချင်းကို သတ် မှုဖြင့် မြန်မာနိုင်ငံသားလေးယောက် တို့ကို မလေးရှားတရားရုံးတစ်ရုံးက စွဲချက်တင်လိုက်ကြောင်း The Star Online News တွင် သြဂုတ် ၂၈ ရက်ကဖော်ပြခဲ့သည်။
အသတ်ခံရသူအလောင်း၏ အစိတ်အပိုင်းများကို ပလတ်စတစ် အိတ်များဖြင့် အထပ်ထပ်ထုပ် ထားပြီး အဝေးပြေးလမ်းမအနီးတွင် ပစ်ထားသည်ကို တွေ့ရသည်ဟုဆို သည်။
မျိုးမြင့်၊ မွဒ်ဟက်ဆန်အလီ၊ ရှာ အိဘ်အို့သ်မန်နှင့် ဟာဂျီအစ္စမေးလ် တို့ကို စွဲချက်တင်ကြောင်း ဘာဟာ ဆာ မလေးရှားတွင် တရားရုံးကဖတ် ပြသည်။
သို့ပင်ဖြစ်သော်လည်းစွဲ ချက်ကို ရှာအိဘ်အို့သ်မန်နှင့် ဟာဂျီ အစ္စမေးလ်တို့က နားမလည်ဟုဆို သည်။ ထိုစွဲချက်ကို ထပ်မံရှင်းပြရန် တရားသူကြီး အာမက်ဖာရစ်ဒ်အာ မက်ကမဲလ်က စက်တင်ဘာ၂၄ရက် သို့ရက်ချိန်းပေးလိုက်သည်။ မြန်မာ စကားပြန်လည်း တရားရုံးတွင်ရှိနေ စေရမည်ဟု ဆိုသည်။
ထိုလေးယောက်တို့သည် ကို သက်ဆိုသော မြန်မာနိုင်ငံသားကို ဇူလိုင်၂၉ရက် ည ၉နာရီနှင့် သြဂုတ် ၁ရက် နံနက် ၁၁နာရီ မိနစ် ၂ဝအတွင်း သတ်ဖြတ်ခဲ့သည်ဟူ၍လည်း စွပ်စွဲ ခံရသည်။
သေဆုံးသူအလောင်း၏အစိတ် အပိုင်းများကို အဝေးပြေးလမ်းဆိုင် ရာအရာရှိများက တွေ့ခဲ့ကြောင်း၊ အနက်ရောင်ပလတ်စတစ်အိတ်များ ဖြင့်ထည့်ပြီး KM 21 အနီး မြောက်- တောင် အဝေးပြေးလမ်းမကြီးဘေး တွင် ပစ်ထားကြောင်း၊ ထိုအစိတ်အ ပိုင်းများကို သြဂုတ် ၁ရက်၌တွေ့ရ ခြင်းဖြစ်ကြောင်း အဝေးပြေးလမ်း အရာရှိများက ဆိုသည်။
Ref: The Star Online News

Yangon Media Group

"ဦးစားပေးခုံ ပြသနာ"


"ဦးစားပေးခုံ ပြသနာ"
စင်္ကာပူက MRT လို့ ခေါ်တဲ့ မြို့ပတ်ရထားပေါ်မှာ ဦးစားပေးခုံတွေ ရှိတယ်။
ကိုယ်ဝန်သည်၊ မသန်မစွမ်းသူ နဲ့ သက်ကြီးရွယ်အိုတွေကို ဦးစားပေးရတဲ့ ထိုင်ခုံတွေပေါ့။
အဲဒီခုံတွေ လွတ်နေရင်ထိုင်၊ ဦးစားပေးရမယ့်သူတွေလာရင် ထပေး။ ဒါပဲ။
ခက်တာက... တချို့လူကြီးတွေက သူတို့လာလို့ ထပေးရင် မကြိုက်ဘူးဗျ၊ သူတို့ကို အသက်ကြီးတယ်လို့ အထင်မခံနိုင်တာ။
ဒါပေမယ့် တချို့အဖွားကြီးတွေကျတော့လည်း ထမပေးရင် ပြသနာရှာပြန်ရော။
ဆိုတော့ ...
ထပေးရမှာလား မပေးရဘူးလား ဇယားရှုပ်လို့ အဲ့ခုံတွေမှာ မထိုင်ဖြစ်တာ များတယ်။
ဒီနေ့မနက် အလုပ်အသွား ရထားစီးလာတော့ အဲဒီဦးစားပေးခုံမှာ ဘင်္ဂလားတစ်ယောက်ထိုင်လာတယ်။
သုံးလေးဘူတာလောက်ရောက်တော့ အဲဒီဘင်္ဂလားရှေ့ကို အဖိုးကြီးတစ်ယောက်ဝင်ရပ်တာ တွေ့လိုက်ရတယ်။
ဘင်္ဂလားက တောင်ကြည့်မြောက်ကြည့်လုပ်ပြီး ထတယ်၊
အဘိုးကြီးက "နိုး နိုး" ဆိုပြီး ဘင်္ဂလားပုခုန်းကိုဖိပြီး ပြန်ထိုင်ခိုင်းတယ်။
ဘင်္ဂလားက အံ့သြသွားတဲ့မျက်နှာနဲ့ အဖိုးကြီးကို မော့ကြည့်ပြီး ကုန်းထပြန်တယ်။
ဒီတခါလည်း အဘိုးကြီးက "နိုး နိုး" ဆိုပြီး ဘင်္ဂလားပုခုန်းကိုဖိပြီး ပြန်ထိုင်ခိုင်းပြန်တယ်။
ဘင်္ဂလားမျက်နှာ ငိုမဲ့မဲ့ ဖြစ်လာတယ်။
နောက်ဆုံး ဘယ်လိုမှ ထ မရတော့ အဖိုးကြီးကို မျက်နှာငယ်လေးနဲ့ မေးတယ်... ...
"ဘာဖြစ်လို့ ထလို့ မရတာလဲ ငင်"
"ငါက သန်သန်မာမာရှိပါသေးတယ်ကွ"
"အန်ကယ် သန်မာတာနဲ့ အနော်က အဲဒီဘူတာမှာ ဆင်းမှာနဲ့ ဘာဆိုင်လို့လဲ ဟင်"
"ဘာ... မင်းက ဆင်းမလို့ ထ တာလား"
"ဟုတ်တယ်ဂျ... ခညား လုပ်တာနဲ့၊ ခု တစ်ဘူတာတောင် ကျော်လာပြီ"
"ငင်..."
အဲဒါပြောတာပေါ့...
စေတနာသည် လူတိုင်းနဲ့မတန်... ဆိုတာ
ငိ ငိ ငိ
သန်၎ကို - ပေါက်ကရရေးသည်။
https://www.facebook.com/thanlayko

သာကေတမြို့နယ်၌ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုအား အရေးယူဆောင်ရွက်လျက်ရှိ


Yangon Police added 2 new photos.
သာကေတမြို့နယ်၌ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုအား အရေးယူဆောင်ရွက်လျက်ရှိ
ရန်ကုန်၊ သြဂုတ် ၂၉
၂၈.၈.၂၀၁၄ ရက်နေ့ ၁၂၁၅ အချိန်ခန့်တွင် သာကေတမြို့နယ်၊ ၁၀/တောင်(၁၃)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းမပေါ်တွင် လူအများအုပ်စုဖွဲ့ကာ တစ်ဘက်နှင့်တစ်ဘက် ခိုက်ရန်ဖြစ်ပွားခဲ့
ပါသည်။
ထိုသို့ဖြစ်ပွားကြောင်းသတင်းအရ သာကေတနယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များမှ သွားရောက်
ထိန်းသိမ်းခဲ့ရာ အဆိုပါနေရာတွင် သာကေတမြို့နယ်၊ ၁/ထူပါရုံရပ်ကွက်နေ ကိုလေး(ခ)
မြင့်အောင်(ခ) စောဇော်မှိုင်းပါ(၈)ဦးခန့်နှင့် သာကေတမြို့နယ်၊ ၁၀/တောင်(၁၄)ရပ်ကွက်
နေ နေမျိုးအောင်ပါ(၁၀)ဦးခန့်တို့ခဲများဖြင့် အပြန်အလှန် ပစ်ပေါက်ကာ ခိုက်ရန်ဖြစ်ပွားခဲ့
ကြောင်း၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ကိုလေး(ခ)မြင့်အောင်(ခ)စောဇော်မှိုင်း၏ Nissan Cectricယာဉ်မှာ ရှေ့လေကာမှန်ကွဲသွားခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာအနီး၌ရပ်ကြည့်နေသူ
၁၀/တောင်(၁၃)ရပ်ကွက်နေ ကိုနေလင်းအောင်၏ ဦးခေါင်းကိုခဲထိမှန်ခဲ့သဖြင့် ဖူးရောင်
နာကျင်ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန် ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ်ကုသခဲ့ရကြောင်း၊ ကျန်သူများထိခိုက်မှုမရှိကြောင်း သိရှိရပါသည်။
ယင်းသို့ဖြစ်ပွားခဲ့သည့် အဖွဲ့တစ်ဖွဲ့မှဦးဆောင်သူ ကိုလေး(ခ)မြင့်အောင်(ခ)စောဇော်မှိုင်း၊ (၄၅)နှစ်၊ (ဘ)ဦးအုန်းရွှေအား ဖမ်းဆီးပြီး စစ်ဆေးရှာဖွေခဲ့ရာ ၎င်းထံမှ အရိုးအသွား
(၆)လက်မခန့်ရှိ ခေါက်ဓါး(၁)ချောင်း၊ လက်(၄)ချောင်းစွပ် သတ္ထုသံလက်သီးကွင်း(၁)ကွင်း၊ WARNING တံဆိပ်ပါ စက္ကူပတ်လျက် ဗျောက်အိုး(၁)ခု၊ လက်ကိုင်ဖုန်း(၁)လုံး၊ ဖုန်းအိတ်
(၁)ခု၊ အနက်ရောင်ခါးပတ်(၁)ချောင်းတို့ကိုတွေ့ရှိခဲ့သဖြင့် ၎င်းကို မင်္ဂလာတောင်ညွန့်
မြို့မရဲစခန်း (ပ)၅၂၇/၂၀၁၄၊ လက်နက်ဥပဒေပုဒ်မ-၁၉(င) ဖြင့်လည်းကောင်း၊ ရပ်ရွာ
အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိပါးနှောက်ယှက်မှုပြုလုပ်ခဲ့သဖြင့် သာကေတမြို့မရဲစခန်း (ပ)၄၁၄/၂၀၁၄၊ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ-၅(၁)(စ)(ဆ)
ဖြင့်လည်းကောင်း၊ အခင်းဖြစ်ပွားစဉ်က ဗျောက်အိုး(၂)ချက်ပစ်ဖောက်ခဲ့သည့်အတွက် သာကေတနယ်မြေ ရဲစခန်း(ပ)၅၀၇/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၂၈၆ ဖြင့်လည်းကောင်း အမှုများ
အသီးသီး ရေးဖွင့်ကာ အရေးယူဆောင်ရွက်ခဲ့ပါသည်။
ကျန်တစ်ဖွဲ့မှ ဦးဆောင်သူ နေမျိုးအောင်၊ (၃၇)နှစ်၊ (ဘ)ဦးဌေးအောင်ကိုလည်း ရပ်ရွာ
အေးချမ်းသာယာရေး နှင့် တရားဥပဒေစိုးမိုးရေးကို ထိပါးနှောက်ယှက်မှုပြုလုပ်ခဲ့သဖြင့် ဖမ်းဆီးခဲ့ပြီး သာကေတနယ်မြေရဲစခန်း (ပ)၅၀၆/၂၀၁၄၊ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ-၅(၁)(စ)(ဆ) ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပါသည်။
၎င်းဖြစ်စဉ်အား On Line မီဒီယာအချို့မှ သတင်းဖော်ပြရာတွင် အခင်းဖြစ်ပွားစဉ်က
နှစ်ဖွဲ့ပေါင်း လူ(၅၀)ခန့် ရှိကြောင်း၊ သေနတ်ပစ်ဖောက်သံကဲ့သို့ အသံ(၂)ချက်ကြားရ
ကြောင်းတို့ကို ရေးသားခဲ့ကြရာ စိစစ်ချက်များအရ ကိုလေး(ခ)မြင့်အောင်(ခ)စောဇော်မှိုင်း
ပါ(၈)ဦးခန့်နှင့် နေမျိုးအောင် ပါ(၁၀)ဦးခန့်တို့သာ နှစ်ဘက်ခိုက်ရန် ဖြစ်ပွားခြင်းဖြစ်ပြီး
သေနတ်ပစ်ဖောက်သံကဲ့သို့ကြားရသည်ဆိုသောအသံမှာလည်း သေနတ်ပစ်ဖောက်ခြင်း မဟုတ်ဘဲ ကိုလေး(ခ)မြင့်အောင်(ခ)စောဇော်မှိုင်းမှ ဗျောက်အိုး(၂)ချက် ဖောက်ခဲ့ခြင်းသာ
ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန်ကြိုးသိုင်းခြင်းလုပ်ငန်းစတင်ဟုဆို


ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန်ကြိုးသိုင်းခြင်းလုပ်ငန်းစတင်ဟုဆို
===============================================
သက်သျှိုင်းသူ
ရန်ကုန်၊
သြဂုတ်လ ၂၆ရက်က စတင်တွေ့ရှိထားပြီဟု ဆိုသော ဓမ္မစေတီခေါင်းလောင်းကို ဆယ်ယူရန်အတွက် ကြိုးသိုင်းခြင်း လုပ်ငန်းများကို စတင်လုပ်ဆောင်နေ ပြီဖြစ်ကြောင်း နတ်စင်တစ်ရာဆရာ တော်၏ မိန့်ကြားချက်အရသိရသည်။
''ဓမ္မစေတီခေါင်းလောင်းက ပြည် သူတွေရဲ့ရင်ခွင်ထဲကို ရောက်ကိုရောက် လာမှာ ဖြစ်ပါတယ်။ အခုလဲ ကြိုးသိုင်း ခြင်းလုပ်ငန်းတွေကို စတင်ဆောင် ရွက်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ ကြိုးက သိုင်းလို့မရသေးဘူးဖြစ်နေတယ်။ ကြိုးသိုင်းခြင်းလုပ်ငန်းအောင်မြင်သွားပြီဆိုတာနဲ့ ဒီခေါင်းလောင်း နဲ့ပတ်သက်ပြီး ဆယ်ယူရေးကိစ္စတွေ အပါအဝင် တစ်ခြားသော အချက် အလက်တွေကို နိုင်ငံတော်သို့တင်ပြ သွားမှာဖြစ်ပါတယ်''ဟု ဆရာတော် ကဆက်လက်မိန့်ကြားသည်။
ဓမ္မစေတီခေါင်းလောင်းစတင် တွေ့ရှိထားပြီဆိုသောနေရာတွင်ရှိ သည့်နုန်းများဖယ်ရှားသည့်လုပ် ငန်းများကိုလည်း စတင်လုပ်ဆောင် နေသည်ကိုတွေ့ရှိခဲ့ရကြောင်း သွား ရောက်ကြည့်ရှုသူတစ်ဦးက ပြော သည်။
''ဒီနေ့စက်လှေနဲ့ သောင်တူး စက်နားကို သွားကြည့်တော့သောင် တူးစက်နဲ့ရေအောက်ထဲက နုန်းတွေ ကို ဆယ်ထုတ်နေတာတွေ့ရပါ တယ်''ဟု သာကေတမြို့နယ်မှ ကို မင်းသူကပြောသည်။
ဓမ္မစေတီခေါင်းလောင်းကို စ တင်တွေ့ရှိထားပြီဆိုသော်လည်း ယင်း ခေါင်းလောင်းကြီးကိုအောင်မြင်စွာ ဆယ်ယူနိုင်ရန်အတွက် အချိန်အနည်း ငယ် စောင့်ဆိုင်းပေးရမည်ဖြစ်ကြောင်း၊ လက်ရှိအနေအထားအရ ခေါင်း လောင်းကြီးမှာ ရေအောက်ကြမ်းပြင် တွင် တစောင်းအနေအထားရှိနေ ကြောင်း နတ်စင်တစ်ရာဆရာတော် ၏မိန့်ကြားချက်အရ သိရသည်။
''ဒီကိစ္စကို ကမ္ဘာကပါ စောင့် ကြည့်နေပါတယ်။ ပြည်သူတွေအ နေနဲ့လဲ လက်ရှိဆယ်ယူရေးကိစ္စ တွေကို ဆောင်ရွက်နေကြတဲ့သူတွေ ရဲ့ လုပ်ကိုင်နေကြပုံကိုလဲ အပြုသ ဘောဆောင်တဲ့ အမြင်နဲ့ စောင့်ကြည့် ပေးစေချင်ပါတယ်။ ဓမ္မစေတီခေါင်း လောင်းဆိုတာလဲ ဓမ္မစက်ရော၊ အာ ဏာစက်ရော၊ ပြည်သူတွေရော၊ အခု အကျိုးဆောင်နေတဲ့အဖွဲ့ရော ဒီအ ကျိုးဆောင်နေတဲ့ အဖွဲ့ကို ရေဆုံး၊ ရေဖျား စောင့်ကြည့်စေချင်ပါတယ်'' ဟု ဆရာတော်ကြီးက ဆက်လက် မိန့်ကြားသည်။
''သြဂုတ် ၂၇ရက်က သောင် တူးစက်နဲ့တူးတဲ့အခါမှာ မာကျောတဲ့ အရာကို ငါးခါလောက်ထိမိတယ်။ အဲဒီနေရာက အရင်ခေါင်းလောင်း လို့ ယူဆရတဲ့အရာကို ရေငုပ်သမား တွေ တွေ့ရှိထားတဲ့နေရာပါ'' ဟု အ ဆိုပါခေါင်းလောင်းတူးဖော်ရေးအ ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
ဓမ္မစေတီခေါင်းလောင်းဆယ် ယူသည့်နေရာသို့ လာရောက်ကြည့် ရှုသည့်ပြည်သူများကို သာကေတ (၃)ဈေးမှ ဈေးသူဈေးသားများက အအေးစတုဒိသာကို သြဂုတ် ၂၈ ရက်တွင် လာရောက်လှူဒါန်းခဲ့ ကြောင်းသိရသည်။
အဆိုပါခေါင်းလောင်းကြီးကို ဆယ်ယူရရှိနိုင်ရန်အတွက် ယခုအ ခါ နိုင်ငံတော်အနေဖြင့်လည်း လိုအပ် သော ကူညီပံ့ပိုးမှုများကိုဆောင်ရွက် ပေးလျက်ရှိပြီး ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတချို့လည်း ပူးပေါင်းပါဝင် ဆောင်ရွက်နေကြောင်း သိရသည်။
(ဒီမိုကရေစီတူဒေးမှ ကူးယူဖော်ပြပါသည်။)

8/28/14

စကားများရန်ဖြစ်စဉ် ရည်းစားဖြစ်သူက ဓါးနှင့်ထိုးသဖြင့် သေဆုံး


စကားများရန်ဖြစ်စဉ် ရည်းစားဖြစ်သူက ဓါးနှင့်ထိုးသဖြင့် သေဆုံး
နေပြည်တော်၊ သြဂုတ် ၂၇
၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့ ည ၇ နာရီအချိန် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိစာရအိမ်ရာဝင်းနေ အာကာဝဏ္ဏ(၂၂)နှစ်သည် နေအိမ်၌ရှိနေစဉ် ညီမဖြစ်သူ မအေးချမ်းမြတ်မိုး(၁၉)နှစ်သည် အပြင်မှတံခါးခေါက်ကာ ““အမေရေကယ်ပါဦး”” ဟုခေါ်သဖြင့် အစ်မဖြစ်သူ မအေးချမ်းဖြိုးနှင့်အတူ သွားရောက် ဖွင့်ပေးခဲ့ရာ မအေးချမ်းမြတ်မိုးမှာ လည်ပင်းဝဲဘက် သွေးထွက်ဒဏ်ရာဖြင့် လဲကျသွားသောကြောင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ပို့စဉ် လမ်း၌ သေဆုံးသွားကြောင်းသတင်းအရ ဒဂုံမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ မအေးချမ်းမြတ်မိုးသည် ရည်စားဖြစ်သူ ဦးဝိစာရအိမ်ရာနေ အံ့ဖြိုးပိုင်(၂၂)နှစ်နှင့် စကားများရန်ဖြစ်စဉ် အံ့ဖြိုးပိုင်က ဓါးနှင့်ထိုးသဖြင့် မအေးချမ်းမြတ်မိုးတွင် လည်ပင်းထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသဖြင့် အံ့ဖြိုးပိုင်အား ဒဂုံမြို့မ ရဲစခန်း(ပ)၁၈၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


ရဲဇာနည်

8/27/14

iPhone 6 မိတ်ဆက်မည့် ရက်ကို ပြင်သစ် Apple blog တစ်ခုမှ ဖော်ပြခဲ့


iPhone 6 မိတ်ဆက်မည့် ရက်ကို ပြင်သစ် Apple blog တစ်ခုမှ ဖော်ပြခဲ့
=========
Apple ၏ မျိုးဆက်သစ် စမတ်ဖုန်းကို စက်တင်ဘာလ ၉ ရက်တွင် ပွဲထုတ်မိတ်ဆက်မည်ဟု အတည်ပြု ဖော်ပြထားသော ဖုန်းဘူးခွံသည် ပြင်သစ် Apple blog ဖြစ်သည့် nowherrelse.fr မှ ပေါက်ကြား ထွက်ပေါ်လာခဲ့သည်။
ထို့အပြင် အဆိုပါ ဖုန်းဘူးခွံတွင် ဖော်ပြထားသည့် ဖုန်းဒီဇိုင်းအရ အသံအတိုးအကျယ် ခလုတ်များ၏ အနေအထားနှင့် Power ခလုတ် အနေအထားသစ်တို့ကို တွေ့မြင်ရမည် ဖြစ်သည်။
အဆိုပါ သတင်းပေါက်ကြားမှုကို ပြင်သစ် Apple blog ဖြစ်သည့် nowhereelse.fr မှ အယ်ဒီတာ စတိဗ်ဟမ်မာစတော့ဖာမှ တစ်ဆင့် Forbes က ဖော်ပြခဲ့ခြင်းဖြစ်သည်။
ဟမ်မာစတော့ဖာသည် ပြီးခဲ့သည့်က iPhone 5S ကို မမိတ်ဆက်မီ နာရီအနည်းငယ် အတွင်း ၎င်း စမတ်ဖုန်းနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်ကို ဖော်ပြခဲ့သူ ဖြစ်သည်။
၎င်းသည် iPhone 6 ဖုန်းဘူးခွံကို ယုံကြည်စိတ်ချရသည့် တရုတ်ရင်းမြစ်တစ်ခုထံမှ ရရှိခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပေါက်ကြားထွက်ပေါ်လာခဲ့သည့် ဖုန်းဘူးခွံတွင် iPhone 6 ကြေညာမည့် ရက်စွဲဟု ယူဆရသည့် စက်တင်ဘာလ ၉ ရက် အင်္ဂါနေ့ဟု ဖော်ပြထားသည်။
ထို့အပြင် Apple သည် iPhone 5S ကို ဖြန့်ချိခဲ့စဉ်ကလည်း ဖုန်းဘူးခွံပေါ်တွင် မိတ်ဆက်ကြေညာမည့် ရက်စွဲကို ဖော်ပြခဲ့သည်။
အဆိုပါ iPhone 6 ဖုန်းဘူးခွံတွင် အသံအတိုးအကျယ် ခလုတ်ကို ယခင် စက်ဝိုင်းဒီဇိုင်းပုံစံမှ ထောင့်မှန်စတုဂံ ပုံစံအသွင် ပြောင်းလဲ ပြုလုပ်ထားပြီး sleep/wake ခလုတ်ကိုလည်း ယခင် ဖုန်းထိပ်ဘက်ပိုင်းမှ ညာဘက်ဘေးသို့ ပြောင်းရွှေ့ထားသည်ကို တွေ့ရမည် ဖြစ်သည်။
Ref: DailyMail

Internet Journal

အမေရိကန် သတင်းထောက်ကို သတ်သူအဖြစ် ဗြိတိန်ဖွား Rap ဂီတ အဆိုတော် တစ်ဦးကို သံသယရှိနေ


အမေရိကန် သတင်းထောက်ကို သတ်သူအဖြစ် ဗြိတိန်ဖွား Rap ဂီတ အဆိုတော် တစ်ဦးကို သံသယရှိနေ


Photo - Dailymail
အမေရိကန် သတင်းထောက် ဂျိမ်းစ်ဖိုလေကို ခေါင်းဖြတ်သတ်ခဲ့သည့် IS စစ်သွေးကြွ အဖွဲ့ဝင်သည် ဗြိတိန်ဖွား Rap ဂီတ အဆိုတော်တစ်ဦးအဖြစ် အမေရိကန်နှင့် ဗြိတိသျှ ထောက်လှမ်းရေးများက အလေးအနက် ယူဆထားကြောင်း သတင်းရရှိသည်။
အနောက်နိုင်ငံတစ်ခုမှ ထိပ်တန်းအဆင့် ထောက်လှမ်းရေး အရာရှိတစ်ဦးက အသက်(၂၃)နှစ် အရွယ်ရှိ အက်ဘ်ဒဲလ် မာဂျက် အက်ဘ်ဒဲလ် ဘာရီသည် IS အဖွဲ့က အင်တာနက်ပေါ် လွှင့်တင်ခဲ့သည့် ဗီဒီယိုထဲတွင် ဖိုလေကို ခေါင်းဖြတ်ခဲ့သူဟု ယူဆနိုင်စရာ အထောက်အထားများ ရှိနေကြောင်း Fox News သို့ ပြောကြားခဲ့သည်။ ဗီဒီယိုထဲတွင် ဖိုလေကို သတ်ဖြတ်သူသည် မျက်နှာကို အဝတ်နက်များဖြင့် လွှမ်းခြုံဖုံးအုပ်ထားပြီး စကားပြောရာတွင် ဗြိတိသျှ လေယူလေသိမ်း ပီပီသသဖြင့် ပြောဆိုခဲ့သည်။
ဆီးရီးယားတွင် အစိုးရကို တော်လှန်သည့် လှုပ်ရှားမှုများ ဖြစ်ပေါ်လာချိန်တွင် ဗြိတိန်ရှိ အစ္စလာမ် လူငယ်အချို့သည် သူပုန်တပ်များထံ သွားရောက်ပူးပေါင်းခဲ့ပြီး ထို့နောက်တွင် IS တို့နှင့် ချိတ်ဆက်မိခဲ့ခြင်း ဖြစ်ဖွယ်ရှိသည်။ ယခင်က ISIS ဟု လူသိများခဲ့သည့် စစ်သွေးကြွအဖွဲ့သည် ဆီးရီးယားနှင့် အီရတ်တို့ရှိ နယ်မြေ အများအပြားကို သိမ်းယူကာ အစ္စလာမ်မစ် နိုင်ငံတော် (IS)ဟု အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ဘာရီသည် ဆီးရီးယားတွင် တော်လှန်ရေး တိုက်ပွဲဝင်ရန်အတွက် ပြီးခဲ့သည့်နှစ်က ဗြိတိန်မှ ထွက်ခွာသွားသူ ဖြစ်ကြောင်းလည်း သတင်းရင်းမြစ် အချို့၏ အဆိုကို ကိုးကားပြီး Fox News က ဖော်ပြခဲ့သည်။ IS အဖွဲ့တွင် ဗြိတိန်နိုင်ငံသား သုံးဦးထက်မနည်း ပါဝင်သည့် အဖွဲ့ခွဲတစ်ခု ရှိနေပြီး ယင်းတို့ကို The Beatles ဟု ခေါ်ဝေါ်ကြကြောင်း၊ ဘာရီသည် ၎င်းတို့အနက် တစ်ဦးဖြစ်ကြောင်း Sunday Times နှင့် Sunday People သတင်းစာများက ဖော်ပြခဲ့သည်။
ဗြိတိန်ထောက်လှမ်းရေးဌာန MI5 နှင့် MI6 တို့ အနေဖြင့်မူ ဘာရီသည် ဖိုလေကို ရက်စက်စွာ သတ်ဖြတ်ခဲ့သူအဖြစ် အခိုင်အမာ လက်ခံထားသော်လည်း လူသိရှင်ကြား မှတ်ချက်မျိုး မပေးသေးဟု ဆိုသည်။ ဖိုလေသည် (၂၀၁၂)ခုနှစ်၊ နိုဝင်ဘာလက ဆီးရီးယား မြောက်ပိုင်းတွင် ပြန်ပေးဆွဲ ခံရပြီး ပျောက်ကွယ်သွားကာ ပြီးခဲ့သည့် သီတင်းပတ်တွင်မှ ၎င်းကို သတ်ဖြတ်သည့် ဗီဒီယို အင်တာနက်ပေါ် ရောက်ရှိလာခြင်း ဖြစ်သည်။
ဗြိတိန်ထောက်လှမ်းရေး အဖွဲ့အစည်းများက ဘာရီနှင့်အတူ လှုပ်ရှားနေသည့် IS အဖွဲ့ဝင်များအဖြစ် ဘာမင်ဂမ်မှ အသက်(၂၀)အရွယ် အဘူဟူစိန်အယ်လ် ဘရစ်တာနီ၊ ဟမ့်ရှိုင်းယားမှ အသက်(၂၃)နှစ်အရွယ် အဘူ အက်ဘ်ဒူလာ အယ်လ် ဘရစ်တာနီတို့ကိုလည်း ဖော်ထုတ် သိရှိထားကြောင်း သိရသည်။ Daily Mail က IS တို့ကြားတွင် ၎င်းတို့ကို ဂျွန်၊ ဂျော့ဂ်ျနှင့် ရင်ဂိုဆိုသော အမည်ဝှက်များဖြင့် လူသိများကြောင်းလည်း ဖော်ပြခဲ့သည်။
Daily Mail ၏ အဆိုအရ Beatles တို့သည် ဥရောပ နိုင်ငံများထံမှ ပေးချေခဲ့သည့် ပြန်ပေးငွေ အမြောက်အမြား ရှိနေပြီးနောက် ကူဝိတ်၊ သို့မဟုတ် ကာတာ တစ်နိုင်ငံတွင် အခြေချ အနားယူနိုင်လောက်အောင် ကြွယ်ဝနေပြီဟု ကြွားဝါလေ့ ရှိကြောင်းလည်း သိရသည်။ ဗြိတိန်နှင့် အမေရိကန်တို့တွင် အကြမ်းဖက် အဖွဲ့အစည်းများ တောင်းဆိုသည့် ငွေကြေးကို ပေးချေသည့် မူဝါဒမျိုး မရှိသော်လည်း အခြားဥရောပ နိုင်ငံများတွင် ယင်းသတ်မှတ်ချက်မျိုး ပြဋ္ဌာန်း မထားချေ။
IS တို့သည် ဖိုလေအပြင် အခြား အမေရိကန် ဓားစာခံ သုံးဦးမျှကို ဖမ်းဆီးထားသည်ဟု ယူဆရပြီး ယင်းတို့အနက် တစ်ဦးသည် စတီဗန် ဆော့လော့ဖ်ဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်က ဂျွန်ဟု အမည်ဝှက် ပေးထားသည့် စစ်သွေးကြွက ဖိုလေကို ခေါင်းဖြတ် သတ်ဖြတ်သည့် ဗီဒီယိုအတွင်း ဖော့လော့ဖ်၏ ပုံရိပ်ကို ဖော်ပြခဲ့ပြီး အမေရိကန်၏ အပြုအမူများအပေါ် မူတည်က ဆော့လော့ဖ်၏ ကံကြမ္မာကို ဆုံးဖြတ်သွားမည်ဟု ခြိမ်းခြောက်သွားခဲ့သည်။
_Ref: Fox News
http://7daydaily.com/story/19153#.U_3G6ERUOc8

Ooredoo ၏ Unlimited Plan ကို လာမည့်နှစ်မှ ဝန်ဆောင်မှုပေးနိုင်မည်


Ooredoo ၏ Unlimited Plan ကို လာမည့်နှစ်မှ ဝန်ဆောင်မှုပေးနိုင်မည်
========================
Ooredoo ၏ မိုဘိုင်းဖုန်းလိုင်းများပေါ်၌ Data အကန့်အသတ်မရှိ အသုံးပြုနိုင်သော Unlimited Plan ကို လာမည့်နှစ်မှသာ စတင်ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း Ooredoo မှ တရားဝင် ဖွင့်လှစ်ထားသည့် ဆင်းမ်ကတ်အရောင်းဆိုင် တာဝန်ရှိသူကပြောသည်။
Unlimited Plan ကို လာမည့်နှစ်တွင် ဝန်ဆောင်မှု ပေးအပ်မည့် Postpaid မိုဘိုင်းဖုန်းလိုင်းများပေါ်တွင် အသုံးပြုခွင့် ပေးအပ်သွားမည်ဟု ဆင်းမ်ကတ်ဝယ်ယူသူများကို Ooredoo ၏ ဝန်ထမ်းများက ပြောဆိုခဲ့သည်။ လက်ရှိအချိန်၌ Ooredoo သည် Prepaid (ကြိုတင်ငွေပေးချေ) စနစ်ဖြင့် ၎င်း၏ မိုဘိုင်းဖုန်းလိုင်းများကို အသုံးပြုစေခဲ့ခြင်းဖြစ်သည်။ Ooredoo သည် ၎င်းတို့ မိုဘိုင်းဖုန်းလိုင်းများအတွက် ကြိုတင်ငွေဖြည့်ကတ်များကို တစ်ထောင်ကျပ်မှစတင်၍ သုံးထောင်ကျပ်၊ ငါးထောင်ကျပ်၊ တစ်သောင်းကျပ်၊ နှစ်သောင်းကျပ်ဟူ၍ အမျိုးအစား ၅ မျိုး ရောင်းချပေးခဲ့သည်ဟု သိရသည်။
“Ooredoo ရဲ့ အင်တာနက် အသုံးပြုခဈေးက MPT ထက် ပိုများနေတယ်။ အင်တာနက် သုံးတာများတဲ့အခါ 1 MB ကို ၂၅ ကျပ်ဆိုတာ သိပ်ပြီး အဆင်မပြေချင်ဘူး။ Unlimited Plan ဆိုရင်တော့ မသိသေးဘူးပေါ့ဗျာ” ဟု မိုဘိုင်းဖုန်းမှ နေ့စဉ်အင်တာနက်အသုံးပြုသူ ကိုလင်းကပြောသည်။
Ooredoo ၏ မိုဘိုင်းဖုန်းလိုင်းပေါ်၌ အင်တာနက် အသုံးပြုရသည်မှာ ဈေးနှုန်းကြီးမြင့်သည်ဟု အသုံး ပြုသူများက ဝိုင်းဝန်းဝေဖန်ကြသော်လည်း Ooredoo မှ တာဝန်ရှိသူများသည် ၎င်းတို့၏ အင်တာနက်စနစ်မှာ လျင်မြန်သည့်အတွက် စောင့်ဆိုင်းနေရသည့် မိနစ်များနှင့် ပြန်လည်တွက်ချက်ကြည့်ပါက ဈေးနှုန်း များပြားသည်ဟု မဆိုနိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။
ရန်ကုန်မြို့တွင် Ooredoo မိုဘိုင်းဖုန်းလိုင်းပေါ်၌ အင်တာနက်အသုံးပြုသူများ၏ အဆိုအရ ၎င်းတို့၏ အင်တာနက် အမြန်နှုန်းသည် ထင်သလောက် ကောင်းမွန်ခြင်းမရှိသည့်အပြင် အချို့သောနေရာများတွင် မို ဘိုင်းဖုန်းလိုင်း ခေါ်ဆိုမှုကိုပင် ပြုလုပ်ဆောင်ရွက်နိုင်ခြင်းမရှိဟု ညီညွှတ်စွာပြောဆိုထားသည်။ Ooredoo ၏ CEO ဖြစ်သူအဆိုအရ ၎င်းတို့၏ မိုဘိုင်းဖုန်းလိုင်းများသည် မန္တလေးနှင့် နေပြည်တော်၌ အလွန်ကောင်းမွန်ပြီး ရန်ကုန်မြို့၌ အနည်းငယ်အားနည်းချက်ရှိနေကြောင်း သိရသည်။
Ooredoo ၏ Unlimited Plan နှင့်ပတ်သက်၍ တရားဝင် အရောင်းဆိုင်များမှ လာမည့်နှစ်တွင် ထွက်ရှိလာမည်ဟု ပြောဆိုခဲ့သော်လည်း Ooredoo ရုံးချုပ်မှ တာဝန်ရှိသူများသည် အဆိုပါသတင်းနှင့် ပတ်သက်၍ ပြန်လည်အတည်ပြု ပြောဆိုခဲ့ခြင်းမရှိပေ။ လက်ရှိအချိန်၌ Ooredoo ၏ တရားဝင် အင်တာနက် အသုံးပြုခမှာ 1 MB လျှင် ၂၅ ကျပ်ဖြစ်သည်။


Internet Journal

အင်တာနက်သုံးစွဲခများ Data (အချက်အလက်)အသုံးပြုသည့် ပမာဏအတိုင်း ပြောင်းလဲကောက်ခံရန် မြန်မာ့ဆက်သွယ်ရေးစီစဉ်


အင်တာနက်သုံးစွဲခများ Data (အချက်အလက်)အသုံးပြုသည့်
ပမာဏအတိုင်း ပြောင်းလဲကောက်ခံရန် မြန်မာ့ဆက်သွယ်ရေးစီစဉ်
===================================================
ရန်ကုန်၊
မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်တာ နက်အသုံးပြုခများကို Data (အ ချက်အလက်)အသုံးပြုသည့်ပမာဏ အတိုင်းပြောင်းလဲ ကောက်ခံသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
လက်ရှိ အင်တာနက်အသုံးပြု ခများကို မိနစ်ဖြင့် အသုံးပြုခွင့်ပေး ထားရာမှ မကြာမီလပိုင်းအတွင်း Data နှုန်းဖြင့် တိုင်းတာ၍ ကောက်ခံ သွားမည်ဖြစ်သည်ဟု သိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း မှတာဝန်ရှိသူတစ်ဦးက ''MPT က အော်ပရေတာတစ်ခုအနေနဲ့ ဝန် ဆောင်မှုပေးတဲ့အခါ သုံးစွဲတဲ့ Data စီးဆင်းမှုပမာဏပေါ်မှာ မူတည်ပြီး ပြောင်းလဲကောက်ခံဖို့အတွက် ဆွေး နွေးနေပါတယ်။ နှစ်ကုန်ပိုင်းနီးပါး လောက်မှ ဖြစ်မှာပါ။ မြန်နှုန်းမြင့်လဲ ပိုသုံးမယ်''ဟု ပြောသည်။
အော်ပရေတာတစ်ခုအနေဖြင့် ဝန်ဆောင်မှုပေးမည့် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ KDDI,Sumitomo အစရှိသည့် ကုမ္ပဏီများနှင့်ပူးပေါင်း ၍ ဆင်းမ်ကတ်များစတင် ရောင်းချ ချိန်တွင် ယင်းကဲ့သို့ကောက်ခံနိုင်ရန် ဆွေးနွေးနေခြင်းဖြစ်ကြောင်း သိရ သည်။
''တခြားအော်ပရေတာတွေနဲ့ ယှဉ်ပြီး ဝန်ဆောင်မှုပေးတဲ့အခါ သိပ် ကွာခြားမှုမရှိအောင်ဆောင်ရွက်မှာ ပါ။ MB ဘယ်လောက်သုံးရင် ဘယ် လောက်ဖြတ်မယ်။ နှုန်းဘယ်လောက် သတ်မှတ်မလဲဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး'' ဟု ယင်းက ထပ်မံပြောသည်။
MPT ၏ မိုဘိုင်းဖုန်းမှအင်တာ နက်အသုံးပြုနေသူမဇာခြည်သူက ''MPTက အခုနောက်ပိုင်း အင်တာ နက်လဲ ပိုကောင်းလာတယ်။ တခြား အော်ပရေတာတွေရှိတော့ သူတို့လဲ လိုင်းပိုကောင်းအောင် လုပ်လာတယ်။ အခုမိနစ်နဲ့ ပိုက်ဆံဖြတ်တာက အဆင် ပြေတယ်။ ဒေတာအလိုက်ဆိုရင် ပိုက်ဆံများများကုန်ပြီး အင်တာနက် သုံးရမလို ဖြစ်နေပြီ'' ဟု ပြောသည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ အင်တာနက်တစ်မိနစ် အသုံးပြုခကို ဂျီအက်စ်အမ်ဖုန်းများ အတွက် နှစ်ကျပ်၊ CDMA နှင့် WCDMA ဖုန်းများအတွက် လေး ကျပ် အသီးသီးကောက်ခံလျက်ရှိ ပြီး ယင်းသို့ Data ဖြင့် အသုံးပြုခ ကောက်ခံရန် ၂ဝ၁၁ခုနှစ်က မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ထုတ်ပြန် ကြေညာခဲ့ဖူးသည်။
PPT