သတင်းနှင့်နည်းပညာများ

11/13/13

မြိုင်ဟေ၀န်စခန်းမှ ဆင်ထီးမုန်ယို၊ ခရုချောင်း၌ လူတစ်ဦးကို နင်းသတ်

မြိုင်ဟေ၀န်စခန်းမှ ဆင်ထီးမုန်ယို၊ ခရုချောင်း၌ လူတစ်ဦးကို နင်းသတ်

POST 13 NOVEMBER 2013 BY ဇော်မျိုးဦး(မြစ်မခ)
ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် မြိုင်ဟေ၀န်ဆင်စခန်းအနီး၌ အသက် ၄၀ ခန့်ရှိသည့်ဆင်ထီးတစ်ကောင်မှ မုန်ယို၍ လူတစ်ဦးကို နင်းသတ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

နိုဝင်ဘာလလ ၁၂ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်က ဥက္ကံနယ်မြေရဲစခန်းမှ ဒုရဲအုပ်ကျော်စွာလင်းတာဝန်မှူး အဖြစ်ဆောင်ရွက် နေစဉ်လူတစ်ဦးဆင်နင်းခံရ၍ သေဆုံးခဲ့ကြောင်းသတင်းရရှိသဖြင့် စခန်းမှူးရဲအုပ်စိုးဝင်း က သက်သေများနှင့်အတူသွားရောက် စစ်ဆေးခဲ့သည်ဟု သိရသည်။

အခင်းဖြစ်ပွားသည့်နေရာကို စစ်ဆေးရာ၌ တိုက်ကြီးမြို့နယ်ကင်းမတီးအုပ်စု၊မြိုင်ဟေ၀န်ဆင်စခန်းမှဆင်ဦးစီး ဦးအေးမင်း၏ ထီး/ဟန် အမျိုးအစား ၄၉၈၃ နိုင်မိုးကျော်ဟု အမည်ပေးထားသော အသက်(၄၀)နှစ်ခန့်ရှိဆင်မှ မုန်ယိုပြီး ဆင်စခန်းအနီးရှိ ခရုချောင်းစပ်၌ ကျွဲများအားရေချိုးပေးနေသည့် အသက်(၅၄)နှစ်ရှိ မြိုင်ဟေ၀န်ဆင်စခန်းဝင်းနေသူ ဦးစံငြိမ်းကို နှာမောင်းဖြင့် ရစ်ပတ်ကာချောင်းကမ်းပါးဖြင့် ဖိပြီးနင်းသတ်ခဲ့ခြင်းဖြစ်သည်ဟု ဥက္ကံ ရဲစခန်းမှ တာဝန်ရှိရဲဝန်ထမ်းတစ်ဦးက ပြောသည်။

ဆင်နင်းခံသဖြင့် ဦးစံငြိမ်းမှာ ရင်ဘတ်၊၀မ်းဗိုက်နှင့်ဆီးခုံတို့တွင်ပွန်းပဲ့ညိုမဲ ဒဏ်ရာတို့ဖြင့် သေဆုံးနေသည်ကို တွေရှိရသော ကြောင့် အလောင်းကို ဥက္ကံဆေးရုံသို့ ရဲဆေးစာဖြင့်ပေးပို့ခဲ့ကြောင်း၎င်းက ဆက်ပြောသည်။

အဆိုပါ ဖြစ်စဉ်အား ဥက္ကံနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၉/၁၃ ဖြင့် နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင်အမှုဖွင့်ပြီး စခန်းမှူး ရဲအုပ် စိုးဝင်းက စစ်ဆေးလျက်ရှိသည်။

Credit By - http://myitmakhamediagroup.com/

No comments:

Post a Comment

Note: Only a member of this blog may post a comment.