သတင်းနှင့်နည်းပညာများ

1/28/14

မောင်တောမြို့ ဒုချီးရားတန်းကျေးရွာမှ ဖမ်းဆီးရမိသော တရားခံတစ်ဦး၏ ထွက်ဆိုချက်



မောင်တောမြို့ ဒုချီးရားတန်းကျေးရွာမှ ဖမ်းဆီးရမိသော တရားခံတစ်ဦး၏ ထွက်ဆိုချက်

၂၀၁၄ ဇန် ၂၈
အဆိုပါအခင်းဖြစ်နေ့တွင် ကင်းလှည့်ရန် လာရောက်သော တကက အောင်ကျော်သိန်းနှင့်အဖွဲ့အား ရွာရှိ ဘင်္ဂလီ (၅၀)ဦးမှ ၀ိုင်းဝန်းပြီး တုတ်ဓါးအုတ်ခဲများဖြင့် ပစ်ပေါက် အကြမ်းဖက်ကြကြောင်း၊ ကင်းလှည့်အဖွဲ့ ပြန်လည် ဆုတ်ခွာစဉ်တွင် တကက အောင်ကျော်သိန်းမှ လမ်းမှားသွားကြောင်း၊ ကျန်လူများက ရွာလမ်းကြား များနှင့် နေအိမ်များကြားဖောက်ထွက်နိုင်ခဲ့ကြသော်လည်း တကက အောင်ကျော်သိန်းမှ ရွာမြောက်ဘက် လယ်ကွင်းတွင် ဆောင်းသီးနှံများစိုက်ပျိုးထားသော ဟင်းခင်းမှ ဖြတ်ပြေးကြောင်း၊ ဟင်းခင်းတွင် အကာဖြစ် ပိုက်ကွန်များအား ၀ါးများစိုက်ထူကာရံထားရာ ထိုပိုက်ကွန်တွင် ငြိမိပြီး အဖမ်းခံရကြောင်း၊ တကက အောင်ကျော်သိန်းအား ဘင်္ဂလီများမှ ရွာလယ်သို့ ယူဆောင်လာပြီး တုတ်များဖြင့် ၀ိုင်းဝန်းရိုက်နက်ကြကြောင်း၊ ထို့နောက် တစ်ဦးမှ သတ်ဖြတ်ရာ ဤနေရာ ၌မသတ်ဖြတ်ဘဲ သချိုင်းတွင်သတ် ဖြတ်မည်ဟု ပြောပြီး တကက အောင်ကျော်သိန်း၏ အ၀တ်အစားများအား ချွတ်ကာ သချိုင်းသို့ ခွေး၊၀က်ဆွဲ သလို တရွတ်တိုက်ဆွဲခေါ်သွားခဲ့ကြောင်း၊ ထိုသို့ ခေါ်သွားချိန်တွင် တကက အောင်ကျော်သိန်းမှာ အသက်ရှိ သေးကြောင်း၊ ညဉ်းညူသံများကြရသေးကြောင်း၊ သူ မှ သချီိုင်းတွင် မည်သို့ သတ်ဖြတ်ခဲ့ကို လိုက်ပါမသွား မသိရှိပါကြောင်းနှင့်၊ သတ်ပြီး အလောင်းအား သချိုင်းတွင်းထားခဲ့ကြောင်၊ သတ်သူများပြန်လည်ရောက်ရှိချိန်တွင် ရွာသားများမှ အလောင်းအားသချိုင်းတွင် ထားရန် မသင့်တော်သဖြင့် တစ်ဖြန်ပြန်လည်ယူဆောင်လာပြီး ရွာဘေးချောင်းစပ်သို့ ဆွဲယူသွားကြောင်း၊ အလောင်းအား မည်သို့ မည်ပုံ အစဖျောက်သည်ကို သူမသိရှိကြောင်း၊ ရွာအတွင်း ၀ိုင်းဝန်းရိုက်နက်သည်ကို မှု မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ ကြောင်း ထွက်ခဲ့သည်။

Western Gate Guard
Credit By -
Share Arakan News

No comments:

Post a Comment

Note: Only a member of this blog may post a comment.