ကြယ်ငါးပွင့် ဝယ်ယူခဲ့သည့် တန်ချိန် ၁ဝဝဝဝခန့် တင်ဆောင်နိုင်သော ဟံသာ သင်္ဘော ရန်ကုန်ရောက်ရှိ
======================================================
ရန်ကုန်၊ ဇွန် ၇- မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ ဝယ်ယူခဲ့သော ကုန်တန်ချိန် ၉၉၃၄တန်တင်ဆောင် နိုင်သည့် ဟံသာသင်္ဘော ရန်ကုန် ဆိပ်ကမ်းသို့ ဇွန် ၆ရက်တွင် ရောက် ရှိလာခဲ့ကြောင်း သိရသည်။
အဆိုပါသင်္ဘောကို စင်ကာပူ နိုင်ငံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး သင်္ဘော သက်တမ်းမှာ ငါးနှစ်သာရှိသေးကြောင်း မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း မှ သိရသည်။

မြန်မာ့ကြယ်ငါးပွင့် သင်္ဘော လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေ ဂျာက
''ကျွန်တော်တို့က ၁၉၅၉ ခု နှစ်ကစပြီးတော့ ကုမ္ပဏီ တည်ထောင် တဲ့အတွက်
ဒီမှာရှိနေတဲ့ သင်္ဘော တွေမှာ နှစ်ပေါင်း၃၀ ကြာတဲ့သင်္ဘော တွေရှိနေပါတယ်။
ဒါကြောင့် အပြည် ပြည်ဆိုင် ရာက သင်္ဘောအစင်းတစ်ရာ လောက်ကြည့်ပြီး
မြန်မာနိုင်ငံကသွား မယ့်လမ်းကြောင်းနဲ့ ချိန်ပြီးတော့ ဒီ ဟံသာသင်္ဘောကို
စင်ကာပူနိုင်ငံတရား ရုံးကနေ လေလံဆွဲတာ နှစ်ကြိမ်ဆွဲ ပေမယ့်
သူတို့သတ်မှတ်တဲ့နှုန်း မရ တာကြောင့် မြန်မာ့ ကြယ်ငါးပွင့် အနေ နဲ့
အမေရိကန်ဒေါ်လာ ၄ ဒသမ၂ သန်းနဲ့ ဝယ်ယူလိုက်တာဖြစ်ပါတယ်။ သင်္ဘောကို
ဂျပန်နိုင်ငံမှာ တည် ဆောက်တာဖြစ်ပြီး သက်တမ်းက ငါးနှစ် ပဲရှိပါ သေးတယ်။
သင်္ဘောက အထွေ ထွေ ကုန်ပစ္စည်းတွေ တင်ဆောင် နိုင်ပါတယ်။ အာရှနိုင်ငံတွေကို
ပြေး ဆွဲသွားမှာပါ''ဟု ပြောသည်။
ယင်းအပြင် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ လုပ်ငန်းခွင်တွင် အသုံးပြု လျက်ရှိသော သက်တမ်းရင့် သင်္ဘောများကို ပယ်ဖျက်၍ သက် တမ်းနု သင်္ဘောများ အစားထိုးသွား မည်ဖြစ်ကြောင်း သိရသည်။
သတင်းအပြည့်အစုံသို့ =>http://www.dailydemocracytoday.com/2014-03-04-07-04-33/item/214-2014-06-08-06-50-29
ရန်ကုန်သို့ ရောက်ရှိလာသည့် ဟံသာသင်္ဘောကို တွေ့ရစဉ်။
TEEP [--Democracy today Daily Newspaper--]

No comments:
Post a Comment
Note: Only a member of this blog may post a comment.