အရှိန်မထိန်းနိုင်သောယာဉ် မိုင်တိုင်အားဝင်ရောက်တိုက်မိ
နေပြည်တော်၊ ဇွန် ၂၀
၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့ နံနက် ၆ နာရီ ၅ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၇/၅)၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနတ်ကြီးအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ရန်ကုန်မှ နေပြည်တော်ဘက်သို့ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ပျားရည်ကုန်း ရပ်ကွက်နေ အောင်ဆန်းဦး(၃၄)နှစ်မောင်းနှင်လာသည့် 4G/xxxx ဟွန်ဒါဖစ်အနက်ရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးရှိ မိုင်တိုင်အမှတ်(၃၇/၅)အားဝင်ရောက်တိုက်မိပြီး လမ်းဘေး လယ်ကွင်းအတွင်း ထိုးကျရပ်တန့်သွားကြောင်းသိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ယာဉ်မှာ ရှေ့လေကာမှန်ကွဲ၊ ရှေ့ဘန်ဘာပိန်ချိုင့်၊ ၀ဲယာရှေ့မီးကွဲ၊ တန်ဘိုးငွေကျပ်(၅)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ အောင်ဆန်းဦးအား ဘောနတ်ကြီးအမြန်လမ်းရဲစခန်း ယာဉ်(ပ)၁၆/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.