တာမွေမြို့နယ်တွင် ယာဉ် (၅)စီးဆင့်ကဲတိုက်မိ
ရန်ကုန်၊ ဇွန် ၃
၃.၆.၂၀၁၄ရက်နေ့ ၀၉၂၀အချိန် တာမွေမြို့နယ်၊ လေးထောင့်ကန်
လမ်းအတိုင်း တာမွေမြို့နယ်ဘက်မှ သင်္ဃန်းကျွန်းမြို့နယ်ဘက်သို့ ပဲခူးမြို့နယ်နေ ယာဉ်မောင်း အောင်ကိုဝင်း မောင်းနှင်လာသော
၎ခ/--- နစ်ဆန်းဒီဇယ်၊(၈၈)သန်မြန်သူယာဉ်လိုင်းခရီးသည်တင်
ယာဉ်သည် မင်းရဲကျော်စွာ ဂုံးတံတားအတက် အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ၎င်း၏ရှေ့မှ မောင်းနှင်သော ၃ဂ/--- ဆူဇူးကီး ပစ်ကပ်ယာဉ်အား တိုက်မိခဲ့ပါသည်။

၃ဂ/---ဆူဇူးကီးပစ်ကပ်ယာဉ်သည် အတိုက်ခံရသည့်အရှိန်ဖြင့် ၎င်း၏ရှေ့မှမောင်းနှင်သော AA---ဆူဇူးကီးဝက်(စ်)ဂွန်ယာဉ်
လည်းကောင်း၊ AA---ဆူဇူးကီးဝက်(စ်)ဂွန်ယာဉ်မှ ၇ဃ/----မတ်တူး
ဆလွန်း ယာဉ်အားလည်းကောင်း၊ ၇ဃ/----မတ်တူးဆလွန်းယာဉ်မှ
BB---အေဒီဗင်ယာဉ်အားလည်းကောင်း ဆင့်ကဲဆင့်ကဲတိုက်မိခဲ့ကြ
ပါသည်။

ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်းအောင်ကိုဝင်း
အား တာမွေမြို့မရဲစခန်း ယာဉ်(ပ)၂၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၇၉ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

No comments:
Post a Comment
Note: Only a member of this blog may post a comment.