သတင်းနှင့်နည်းပညာများ

7/4/14

အဓိကရုဏ်းတွင် သေဆုံးသူ အသုဘ မြို့ပတ်ချ၊ မန္တလေး ချောက်ချားနေ


NEWS UPDATES
အဓိကရုဏ်းတွင် သေဆုံးသူ အသုဘ မြို့ပတ်ချ၊ မန္တလေး ချောက်ချားနေ
ဧရာဝတီ
ဇူလိုင် ၁ ရက် ညက သေဆုံးသွားသည့် ကိုထွန်းထွန်း၏ နာရေးကို လိုက်ပါပို့ဆောင်သည့် ယာဉ်တန်းသည် မန္တလေးမြို့ကျုံးသို့ တပတ်ပတ်ပြီး မန္တလေးတောင်ခြေ၊ မြောက်ဘက် အေးရိပ်ငြိမ်သုသာန်သို့ ဦးတည်သွားနေကြသည်။ လိုက်ပါပို့ဆောင်သည့် ကားများ ရာချီရှိပြီး ဆိုင်ကယ်ထောင်ချီရှိကြောင်း သတင်းရရှိသည်။ လိုက်ပါပို့ဆောင်သူ သောင်းချီရှိပြီး အများစုက ကမ္ဘာမကြေ သီချင်းစာသားကို အော်ဟစ်သီဆိုလျက်ရှိကြသည်။ အသုဘယာဉ်တန်း ဦးတည်သွားရာ မတ္တရာလမ်းတလျှောက်တွင် တုတ်များ ကိုင်ဆောင်ထားသည့် လူ ၂၀၀ မှ ၅၀၀ အကြား လူအုပ်ကို မြင်ရကြောင်း မျက်မြင်သက်သေများက ဆိုသည်။ တချိန်တည်းတွင် လူအချို့က လမ်း ၂၀ နှင့် ၂၂ လမ်းကျား လမ်း ၈၀ ပေါ်ရှိ ဗလီတလုံး ခဲနှင့်အပစ်ခံရကြောင်း၊ ဗလီအနီးရပ်ထားသော လိုက်ထရပ်ကားတစီးကိုလည်း ဝိုင်းဖျက်ကြကြောင်း သိရသဖြင့် ရဲတပ်ဖွဲ့က လုံခြုံရေးပေးခဲ့ရသည်။ ယနေ့ နေ့လည် ၁ နာရီမှ စ၍ မန္တလေးမြို့ပေါ်ရှိ ပုဂ္ဂလိကဘဏ်များ၊ ဈေးဆိုင်ခန်းများနှင့် လမ်းဘေးအရောင်းဆိုင်များ ပိတ်သိမ်းသွားပြီး နေ့လည်ပိုင်းမှ စ၍ မြို့ပေါ်တွင် လူသွားလူလာ နည်းပါးသွားကာ ချောက်ချားလျက် ရှိသည်။ မန္တလေး၏ လူသွားလူလာများသော အဓိက လမ်းမကြီးများတွင် လုံခြုံရေးရဲအင်အား ထပ်မံတိုးချဲ့ထားကြောင်းလည်း သိရသည်။ ယနေ့ မနက် ၅ နာရီခန့်က ၂၇-၂၈ လမ်းကြား နှင့် ၈၁-၈၂ လမ်းကြားရှိ ဂျွန်းဗလီ သို့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များဝင်ရောက်ပြီး ဗလီဆရာအပါအဝင် လူငါးဦးကို စုံစမ်းမေးမြန်းရန် ခေါ်ဆောင်သွားသည်။


No comments:

Post a Comment

Note: Only a member of this blog may post a comment.