တူလွန်းတဲ့ သုံးမြွာပူးကလေးတွေကို ခွဲခြားဖို့အတွက် ခြေသည်းဆိုးရသတဲ့
ဗြိတိန်နိုင်ငံမှ အင်မတန် ကံကောင်းတဲ့ လင်မယား နှစ်ဦး ဖြစ်ပါတယ်။ မီးဖွားမှုပေါင်း ၁သိန်း၆ထောင်မှာ တစ်ကြိမ်သာ ဖြစ်နိုင်ချေ ရှိတဲ့ သုံးမွာပူး မွေးဖွားခြင်းကို ပြုလုပ်နိုင်ခဲ့ ပါတယ်။ ပုံမှာ မြင်တွေ့ ရသလိုပဲ ဘယ်သူက ဘယ်သူမှန်းကို မသိရအောင် အင်မတန် ဆင်တူတဲ့ ကလေးများကို မွေးဖွားဖြစ်ခဲ့ ပါတယ်။
အားလုံးကလည်း ချစ်စရာလေးတွေ ပါပဲ။ မွေးပြီး စကားမပြောတတ် သေးတဲ့ ကလေးများကို ဘယ်သူ ဘယ်ဝါဆိုတာကို မိခင်၊ ဖခင်ကိုယ်တိုင်တောင် မခွဲခြား တတ်သေး ပါဘူး။ ဒါကြောင့်မို့ ဖြေရှင်းရန် နည်းလမ်း အနေနဲ့ ခြေသည်းတွေကို မတူညီတဲ့ အရောင်တွေ ဆိုးပေးလိုက်ခြင်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကို အရောင်နဲ့ မှတ်သားခြင်း ဖြစ်ပါတယ်။ South Wale နေမှာ နေထိုင်တဲ့ Parents Karen နဲ့ Ian Gilbert ဇနီးမောင်နှံ တို့ရဲ့ ကလေးများ ဖြစ်ပါတယ်။
ချစ်စဖွယ် ကလေးများရဲ့ ဓာတ်ပုံ များကိုhttp://www.dailymail.co.uk/femail/article-2715454/Triplets-identical-parents-colour-code-toe-nails-tell-apart.html ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
Ref: dailymail.co.uk
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
.
.
Ref: dailymail.co.uk
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
.
No comments:
Post a Comment
Note: Only a member of this blog may post a comment.