မိန်းခလေးလို ဝတ်လို့ ချစ်သူကိုယ်စား စားမေးပွဲ သွားဖြေတဲ့ ကောင်လေး
အာရှ အလယ်ပိုင်းက ကာဇာကစ္စတန် နိုင်ငံရှိ မြို့ငယ်လေး တစ်ခုမှာ ဖြစ်ပါတယ်။ အသက် ၂၀ အရွယ် အမျိုးသား တစ်ဦးဟာ သူ့ရဲ့ ချစ်သူ ကောင်မလေး အတွက် စာမေးပွဲ ဖြေဖို့ရာ မိန်းကလေးလို ယောင်ဆောင်လို့ သွားပါတယ်။
Ayan Zhademov လို့ အမည်ရတဲ့ အမျိုးသား ဖြစ်ပါတယ်။ သူ့ရဲ့ ချစ်သူဟာ စားမေးပွဲ ဖြေရန် စာမရပါဘူး။ ဒါ့အပြင် ဖြေဆိုချင်စိတ်လည်း မရှိတော့ပါ။ သို့သော် မဖြစ်မနေ ဖြေရမယ်လဲသိတော့ ကြံရာမရ ဖြစ်ပါတယ်။ ဒါကြောင့် သူမရဲ့ ချစ်သူဟာ ယင်းအတွက် ကြည့်မနေနိုင်ပဲ သူကိုယ်တိုင် မိန်းကလေးလို ဝတ်စားလို့ သွားဖြေပါတယ်။ အတတ်နိုင်ဆုံး မိန်းကလေးလို ပြင်ဆင်သွားပေမယ့် စာမေးပွဲခန်းထဲမှာ အခန်းစောင့် ဆရာက စကားလာပြောတော့ ယောင်္ကျားသံကြီး ထွက်လာပါတယ်။ အတတ်နိုင်ဆုံး မိန်းကလေးလို အသံဖြင့် ပြောပေမယ့် ယောင်္ကျားသံ မပျောက်ပါဘူး။
ဒါကြောင့်မို့ ဒဏ်ငွေအဖြစ် အမေရိကန် ဒေါ်လာ ၃၀၀၀ နီးပါးကို ဒဏ်ငွေအဖြစ် ကျောင်းကို ပေးအပ်စေရန် ဒေသခံ အာဏာပိုင်များက ဆုံးဖြတ်ပါတယ်။ သူ့ရဲ့ ဖြစ်ရပ်ကို ကြားသိတော့ ယင်းနယ်က သူဌေး တစ်ဦးဟာ ဒဏ်ငွေ တစ်ဝက်စာကို အကုန်ကျ ခံပေးခဲ့ပါတယ်။
Ayan ကောင်လေးရဲ့ ကြိုးစားမှုဟာ မအောင်မြင်ခဲ့ပေမယ့် Romantic ဆန်တဲ့ ဖြစ်ရပ်လေး တစ်ခု အဖြစ် လူပြောများစေခဲ့ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
No comments:
Post a Comment
Note: Only a member of this blog may post a comment.