11/19/13
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် လူသေအလောင်းတွေ့ရှိ
ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် လူသေအလောင်းတွေ့ရှိ
ရန်ကုန် နိုဝင်ဘာ ၁၈
ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် အမှတ် (၁၇)ရပ်ကွက် မောင်းမကန် ကန်သာယာလမ်းခြံအမှတ် (၁၀၆၈)တွင် ၁၇.၁၁.၁၃ ရက်နေ့ညနေ(၅း၃၀)တွင် အဆိုပါခြံဝင်းအတွင်းရှိ ရေအိုင်ငယ်အတွင်းတွင် လူတစ်ဦးမှောက်လျှက်သေဆုံးနေကြောင်းသိရသည်။
အဆိုပါသေဆုံးသူမှာ (ဘ)ဦးသက်နိုင်၏သားမောင်နေထက်လင်းအသက်
(၁၈)နှစ် အမှတ်(၁၈)ရပ်ကွက် ကျွန်းရွှေမြိုင်လမ်း ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်နေသူဖြစ်ကြောင်းသိရသည်။၎င်းသေဆုံးသူအား မြောက်ဥက္ကလာပ
ဆေးရုံသို့ပို့ဆောင်စစ်ဆေးလျှက်ရှိကြောင်းနှင့်သေဆုံးသူမှာ နှစ်ရက်ခန့်ရှိနေပြီး ပုပ်ပွလျှက်ရှိနေကြောင်းသိရသည်။
ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်၅၂/၂၀၁၃ အရဆက်လက်စုံစမ်းစစ်ဆေး လျှက်ရှိကြောင်းသိရသည်။
MOI
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.