ဗလီဆောက်ရန် ပြင်နေသည်ဟုဆိုကာ စုံစမ်းစစ်ဆေးပေးရန် သံဃာတော်များ လက်မှတ်ရေးထိုး ကန့်ကွက်
====================================
မာန်ယုကျော် (ရွှေဝမြေ)
====================================
ရန်ကုန် ၊ နိုဝင်ဘာ ၂၂ ။ ။ သင်္ဃန်း ကျွန်းမြို့နယ်ရှိ ရပ်ကွက်တစ်ခု ၌ ဗလီဆောက်လုပ်ရန် ပြင်ဆင် နေသည်ကို စုံစမ်းစစ်ဆေးပေးရန် အဆိုပါမြို့နယ် မှ သံဃာတော် ၃ဝဝခန့်က နိုဝင်ဘာ ၂၂ရက် တွင် လက်မှတ်ရေး ထိုး ကန့်ကွက် လိုက်ကြကြောင်း သိရသည်။
သင်္ဃန်းကျွန်းမြို့နယ် င/ က ရပ်ကွက် ဇာဝေယာအရှေ့ အ မှတ်(၇၄/၇၅) တွင် အစ္စလာမ် ဘာသာဝင်များ၏ ''အစ္စလာမ့် လင်းရောင်ခြည် ဘာသာရေး အ ခြေခံစာသင်ကျောင်းနှင့် ဝတ်ပြု ဆောင်'' မှာ ဟောင်းနွမ်း ပျက်စီးယို ယွင်းလာ သည့်အတွက် ပြန်လည်ပြင်ဆင် မည်ဟုဆိုကာ ဗလီဆောက်လုပ် ရန်ကြိုးပမ်းနေခြင်း ကို ဖြေရှင်း ဆောင် ရွက်ပေးရန် သင်္ဃန်းကျွန်း မြို့နယ်မှ သံဃာတော်အပါး ၃၀၀ ကျော်ခန့်က လက်မှတ်ရေး ထိုး၍ နိုဝင်ဘာ ၂၂ရက်တွင် သင်္ဃန်းကျွန်း ခရိုင်အုပ်ချုပ်ရေး မှူးရုံးအပါအ ဝင် သက်ဆိုင် ရာအဖွဲ့အစည်းအ သီးသီးသို့ တင်ပြတောင်းဆိုခဲ့ကြ ကြောင်း သိရသည်။
''ပြုပြင်မယ်ဆိုပြီး သူတို့ တင်ပြထားတာက စာသင်ဆောင် တစ်ခုတည်း မဟုတ်ဘဲ ဝတ်ပြု ဆောင်ဆိုပြီး ပါလာတယ်။ ဝတ် ပြုဆောင်ဆိုတာ ဗလီပဲပေါ့။ ဒါကို ဦးဇင်းတို့ မလိုလားဘူး။ ဒါကြောင့် သံဃာတော်တွေ စုပေါင်းလက် မှတ်ထိုးပြီးတော့ ခုလို ဗလီဆောက် လုပ်ဖို့ ပြင်ဆင်နေမှုကို ယာယီ ရပ်ဆိုင်းပြီး ဒီအဆောက်အအုံဟာ အရင်က အိမ်လား၊ အဆောက် အအုံလား၊ စာသင်ဆောင်လား ဆိုတာ သေချာစုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပြီး ဖြေရှင်းဆောင်ရွက် ပေးဖို့တောင်းဆိုတာ''ဟု လက် မှတ်ရေးထိုး တောင်းဆိုရာတွင် ပါဝင်ခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ် အသောကသီတဂူဆရာတော် ဦးသီရိဒတ္တာလင်္ကာရက မိန့်ကြား သည်။
သတင်းအပြည့်အစုံသို့=>http://goo.gl/KCzlVl
Credit By - Yangon Media Group
No comments:
Post a Comment
Note: Only a member of this blog may post a comment.