သတင်းနှင့်နည်းပညာများ

11/29/13

ရခိုင်တွင် ရိုဟင်ဂျာများရှိကြောင်း ပြောသည့် ဒေါ်စုအား ဒီဇင်ဘာ ၂ ရက်နေ့တွင် ရန်ကုန်လေဆိပ်မှ စောင့်ကြိုဆန္ဒပြမည် ======================================

ရခိုင်တွင် ရိုဟင်ဂျာများရှိကြောင်း ပြောသည့် ဒေါ်စုအား ဒီဇင်ဘာ ၂ ရက်နေ့တွင် ရန်ကုန်လေဆိပ်မှ စောင့်ကြိုဆန္ဒပြမည်
======================================

ရခိုင်တွင် ရိုဟင်ဂျာများရှိကြောင်း ပြောသည့် ဒေါ်အောင်ဆန်းစုကြည်အား ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်လေဆိပ် မှ စောင့်ကြိုဆန္ဒပြမည် ဖြစ်ကြောင်း ရခိုင်အမျိုးသား ကွန်ယက်မှ သတင်းရရှိသည်။ 

သြစတြေးလျနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်မှ ရိုဟင်ဂျာနှင့်ပတ်သက်၍ မေးမြန်းမှုတွင် ရခိုင်ပြည်နယ်တွင် ခိုးဝင်ဘင်္ဂါလီ ၅၀ ခန့်သာရှိ၍ ရိုဟင်ဂျာဆိုသည်များသာ ရှိကြောင်း သြစတေးလျခရီးစဉ်၌ ပြောကြားသွားပါသည်။


ဒေါ်အောင်ဆန်းစုကြည်၏ ဖြေကြားမှုနှင့်ပတ်သက်ပြီး ရခိုင်တိုင်းရင်းသား အားလုံး သာမက မြန်မာလူထု တစ်ရပ်လုံး ဒေါသထွက်လျှက်ရှိပြီး ရခိုင်အမျိုးသား ကွန်ယက်မှ ဦးစီးကာ ဆန္ဒပြရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များထံသို့ ခွင့်ပြုချက် တင်လိုက်ပြီဖြစ်ကြောင်း သိရသည်။


ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာတိုင်းရင်းသားများနှင့် မတည့်ဖြစ်နေပြီး သြဇီခရီးစဉ်တွင် ကချင်များက မကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သလို အပြန်တွင်လည်း ရခိုင်များက ဆန္ဒပြအုံးမည်ဖြစ်သည်။


ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျ ခရီးစဉ်ကို နိုဝင်ဘာ ၂၆ တွင် စတင်ခဲ့ပြီး ဒီဇင်ဘာ ၂ ရက်တွင် အဆုံးသက်မည်ဖြစ်သည်။

http://www.myanmarexpress.net/2013/11/blog-post_3134.html

No comments:

Post a Comment

Note: Only a member of this blog may post a comment.