ထိုင်းနိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ တိုးပွားနေ
ထိုင်းနိုင်ငံတွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ တိုးပွားနေPOST 25 NOVEMBER 2013 BY ညွန့်အောင် ( မြစ်မခ )ထိုင်းအစိုးရအား ဖြုတ်ချရန် နှင့် ဖြုတ်ချခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက်ရှင် ရှီနာဝပ်၏ သြဇာဆက်လက် လွှမ်းမိုးနေခြင်း ကိုအဆုံးသတ်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ထောင်သောင်းချီသော ဆန္ဒပြသူများမှာ ဘန်ကောက်မြို့တော်လမ်းမများပေါ်၌ဆန္ဒထုတ်ဖော်နေကြသည်။၂၀၁၀ ခုနှစ် သွေးထွက်သံယိုဖြစ်ပေါ်ခဲ့သောလူထု ဆန္ဒပြမှုနောက်ပိုင်း ကြီးကျယ်ထင်ရှားသည့်ဆန္ဒပြပွဲအသွင်ဆောင်သည့် ဆန္ဒထုတ်ဖော်ပွဲတွင် ကန့်ကွက် ဆန္ဒပြသူများမှာ နိုဝင်ဘာလ(၂၄)ရက်နေ့က သက်ဆင်၏ ညီမဖြစ်သူ လက်ရှိဝန်ကြီးချုပ် ယင်လပ် ရှီနာဝပ်အား ဖြုတ်ချရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။Shwe Myitmakha Media Group
No comments:
Post a Comment
Note: Only a member of this blog may post a comment.