သတင်းနှင့်နည်းပညာများ

2/12/14

Telenor က လိုင်စင်ရပြီး သုံးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ကုန်ကျစားရိတ် အရင်းကျေရန် မျှော်မှန်းထား


Telenor က လိုင်စင်ရပြီး သုံးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ကုန်ကျစားရိတ် အရင်းကျေရန် မျှော်မှန်းထား
အတွဲ (၁၅)၊ အမှတ် (၇)
Tue, 02/11/2014 - 10:46
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍတွင် ယခုနှစ်အတွင်း လုပ်ငန်း စတင်လုပ်ကိုင်တော့မည့် Telenor မိုဘိုင်းအော်ပရေတာ ကုမ္ပဏီက လုပ်ငန်း စတင်လည်ပတ်ချိန်မှ သုံးနှစ်အတွင်းတွင် ၎င်းင်းတို့ကို ရင်းနှီးမြှုပ်နှံထားသည့် ရင်းနှီးငွေပမာဏကို အရင်းကျေနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

နော်ဝေဆက်သွယ်ရေး ကုမ္ပဏီက ဆက်သွယ်ရေးလိုင်စင် ရရှိသည့်အချိန်မှ နောက်သုံးနှစ်အကြာတွင် မြန်မာအစိုးရကို ပေးဆောင်ရမည့် အခွန်ခနှုန်းထားများ၊ အခြားသော ကုန်ကျစားရိတ်များ ကို မနှုတ်ရသေးမီ ဝင်ငွေ အရင်း ကျေနိုင်ရန် အပြည့်အဝ ရည်မှန်းထားသည်ဟု အဆိုပါကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ် Mr.Jon Fredrik Baksaas က ပြောကြားသည်။

အဆိုပါ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ပေးဆောင်ရမည့် လုပ်ငန်းလိုင်စင်ကြေးမှာ အမေရိကန် ဒေါ်လာ သန်းငါးရာဖြစ်သည်။ ၎င်းတို့သည် မြန်မာအစိုးရသို့ ပေးဆောင်ရမည့် လိုင်စင်ကြေးနှင့် လုပ်ငန်း အသုံးစာရိတ် စုစုပေါင်း ကုန်ကျငွေကို အမေရိကန်ဒေါ်လာ တစ်ဘီလီလျံခန့် ရှိမည်ဟု ခန့်မှန်း ထားပြီး ယင်းပမာဏကို သုံးနှစ်အ တွင်း ပြန်လည် ရရှိနိုင်မည် ဟု မျှော်မှန်းထား ကြခြင်း ဖြစ်သည်။

၎င်းတို့၏ နှစ်စဉ်ရင်းနှီးငွေ ကုန်ကျစားရိတ်တွင် ဝန်ထမ်းများ ကို ပေးချေရသော လစာငွေများ  ပါဝင်ပြီး Telenor မှ ၀န်ထမ်းများ ကို ပေးအပ်သော လစာငွေများသည် မြင့်မားသည်ဟု စုံစမ်းသိရ သည်။ ထို့အပြင် အဆိုပါ ကုမ္ပဏီသည် ယခုလက်ရှိ အချိန်တွင် မြန် မာနိုင်ငံသားနှင့် နိုင်ငံခြားသားဝန်ထမ်း ဦးရေ တစ်ရာငါးဆယ်ခန့်ကို ခန့်အပ်ထားပြီး ဖြစ်ပြီး ၂၀၁၄ ခုနှစ် မကုန်မီ အချိန် အတွင်း စုစုပေါင်း ဝန်ထမ်းဦးရေ တစ်ထောင်ခန့် ရှိ လာမည်ဟု သိရသည်။ ကာတာ အခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီနှင့် အပြိုင်အဆိုင် လုပ်ကိုင်မည့် Telenor လုပ်ငန်း အုပ်စုသည် ၎င်းတို့ထုတ်လုပ်သည့် ဆင်းမ်ကတ်များ၊ ငွေဖြည့်ကတ်များနှင့် မိုဘိုင်းနှင့် ဆက်စပ်ပစ္စည်း ဝန်ဆောင်မှုနှင့် အရောင်းဆိုင်များမှ အဓိကဝင်ငွေ ရရှိရန် လုပ်ဆောင်သွားမည်ဟု သိရသည်။

၂၀၁၃၊ ဇန်န၀ါရီ ၃၀ က အစိုး ရ၏ လုပ်ငန်းလိုင်စင်ကို ကာတာ ဆက်သွယ်ရေး အော်ပရေတာနှင့် အတူတကွ ရရှိခဲ့သည့် အဆိုပါနော်ဝေကုမ္ပဏီသည် HSPA နှင့် LTE-ready နည်းပညာများကို အသုံးပြု ၍ မိုဘိုင်းကွန်ရက်များကို တည်ဆောက်သွားမည် ဖြစ်ပြီး ငါးနှစ်အတွင်း မြန်မာနိုင်ငံ လူဦးရေ၏ ကိုးဆယ်ရာခိုင်နှုန်းကို ဆက်သွယ်ရေး ကွန်ရက်လွှမ်းခြုံနိုင်ရန် ဆောင်ရွက်သွားမည်ဟု အခိုင်အမာ ပြောဆိုထားသည်။

အဆိုပါ ပြည်ပဆက်သွယ်ရေး အော်ပရေတာ နှစ်ခုသည် လိုင်စင် ရရှိသည့် အချိန်မှစတင်ကာ မြန်မာနိုင်ငံ၌ တစ်ဆယ့်ငါးနှစ်လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်သည်။

ယုဇနကိုကို

Internet Journal

No comments:

Post a Comment

Note: Only a member of this blog may post a comment.