သင်္ဃန်းကျွန်းကြီးမှ သိမ်းဆည်းခံလယ်မြေများအတွက် လျော်ကြေးရရန် ဆန္ဒထုတ်ဖော်ကြမည်
သင်္ဃန်းကျွန်းကြီးမှ သိမ်းဆည်းခံလယ်မြေများအတွက် လျော်ကြေးရရန် ဆန္ဒထုတ်ဖော်ကြမည်[ ကျော်အောင် ၊ ရန်ကုန် ၊ Flower News Journal ]မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုမှ သိမ်း ဆည်းခံလယ်ယာမြေများကို လက်ရှိကာလ ပေါက်ဈေးအတိုင်း လျော်ကြေးငွေရရှိရန် လယ်သမားများက ကုမ္ပဏီကို ဆန္ဒထုတ်ဖော် တောင်းဆိုသွားမည်ဖြစ်ကြောင်းသိရသည်။မင်္ဂလာဒုံမြို့နယ်အတွင်း မင်္ဂလာ ဒုံဥယျာဉ်မြို့တော်စီမံကိန်းနှင့် ရန်ကုန်စက်မှု ဇုန်စီမံကိန်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အဆိုပါမြို့နယ်အတွင်း ရှိ လယ်ယာမြေကွင်းအမှတ် (၄၀၇ B)၊ (၅၃၄ B )ရှိ လယ်သမား ၉၁ဦးပိုင် လယ်မြေ ၆၉၀ ဧကကို ၁၉၉၇ ခုနှစ်တွင် အိုးအိမ်နှင့် ဇေကမ္ဘာကုမ္ပဏီတို့က သိမ်းယူခဲ့ကြောင်း လယ်သိမ်းခံလယ်သမားများ၏ ပြောပြချက် အရ သိရသည်။
““ကျွန်တော်တို့ ဘိုးစဉ်ဘောင် ဆက်လုပ်ကိုင်စားသောက်ခဲ့တဲ့လယ်တွေ ကို သူတို့သိမ်းတဲ့ကိစ္စနှင့်ပတ်သက်ပြီး ဇေ ကမ္ဘာဦးခင်ရွှေနဲ့ထိပ်တိုက်တွေ့ဖို့ ကျွန်တော် တို့ စာတင်တောင်းဆိုထားတယ်။ သူနဲ့လယ် သမားတွေနဲ့ထိပ်တိုက်တွေ့ပြီး ရှင်းမှ ဒီပွဲ က ပြီးမယ်””ဟု လယ်သိမ်းခံလယ်သမားတစ် ဦးဖြစ်သူ ဦးကျော်ညွန့်က ပြောသည်။
ယင်းသို့တွေ့ဆုံနိုင်ရန် သင်္ဃန်း ကျွန်းကြီးကျေးရွာအုပ်စုမှ လယ်သမားများ က မင်္ဂလာဒုံမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၉ ရက် က စာတင်တောင်းဆိုခဲ့သော်လည်း ယနေ့ အချိန်အထိ တစ်စုံတစ်ရာ အကြောင်းပြန် ကြားခြင်းမရှိသေးကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်ပြီး မင်္ဂလာဒုံမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တာဝန်ရှိသူတစ်ဦးက ““လယ်သမားတွေက ကုမ္ပဏီဥက္ကဋ္ဌ တွေ့ချင်တယ်။ တွေ့မယ်၊ မတွေ့ဘူးဆိုတာက ကုမ္ပဏီဥက္ကဋ္ဌရဲ့ဆန္ဒပေါ့။ ကျွန်တော်တို့ကတွေ့လို့ သွားပြောလို့မရ ဘူး””ဟု ပြောသည်။
တောင်းဆိုမှုများနှင့်ပတ်သက် ၍ ဖေဖော်ဝါရီ ၂၅ ရက်အထိ လယ်သမား များဘက်မှစောင့်ဆိုင်းသွားမည်ဖြစ်ပြီး ယင်း နေ့ထိတစ်စုံတစ်ရာ ထူးခြားမှုရှိမလာပါက လယ်သိမ်းခံလယ်သမားများ စုပေါင်းဆန္ဒ ထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
Yangon Media Group
No comments:
Post a Comment
Note: Only a member of this blog may post a comment.