3/24/14
မလေးရှားလေကြောင်းလိုင်း စီအီးအို ဝန်ခံချက်ကြောင့် MH 370 လယာဉ်ပျောက်ဆုံးရခြင်း လမ်းစ တွေ့ရှိ
မလေးရှားလေကြောင်းလိုင်း စီအီးအို ဝန်ခံချက်ကြောင့်
MH 370 လယာဉ်ပျောက်ဆုံးရခြင်း လမ်းစ တွေ့ရှိ
**********************************************
အတွဲ ၁၀ အမှတ် ၁၃ ၊ The Flower News Journal
ကွာလာလမ်ပူ
မလေးရှားလေကြောင်း လိုင်း စီအီးအို အာမက်ဂျူဘာရီသည် ပျောက်ဆုံးနေသော MH 370 လေယာဉ် ပေါ်တွင် ပေါက်ကွဲစေ တတ်သော လစ်သီ ရန်အိုင်း ယွန်း (Lithum-iron) ဘထ္ထရီ အသေးစားများ တင်ဆောင်ခဲ့ကြောင်း ဝန်ခံလိုက်သည်ဟု သိရသည်။
မလေးရှားလေကြောင်းလိုင်း စီအီးအိုသည် ကွာလာလမ်ပူ၌ ပြုလုပ်ခဲ့ သော သတင်းစာရှင်းလင်းပွဲတွင် မီဒီယာ များက လေယာဉ်ပေါ်တွင် ပေါက်ကွဲစေ သော ကုန်ပစ္စည်းများ ပါဝင်ခြင်းရှိမ ရှိမေး မြန်းရာတွင် လေယာဉ်ပေါ်တွင် သစ်သီး များ အမြောက်အမြားတင်ဆောင်ခဲ့သည် ဟု ဟာသနှောကာ ဖြေကြားခဲ့သည်။
ယခုအခါတွင် စီအီးအိုက ဘထ္ထ ရီခြောက်များ အမြောက်အမြားတင်ဆောင် ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ယင်းဘထ္ထရီများက ပေါက်ကွဲမှု၏ အကြောင်းအရင်းဖြစ်နိုင် သည်ဆိုခြင်းကို ငြင်းဆိုခဲ့သည်ဟု သိရ သည်။
ယင်းဘက်ထရီခြောက်များမှာ ထွက်ပေါ်ရရှိလာသော သတင်းဓာတ်ပုံ များအရ လက်တော့ပ်ကွန်ပျူတာတွင်အသုံး ပြုသော ဘက်ထရီများဖြစ်သည်ကို တွေ့ရှိ ရပြီး အခြားလေယာဉ်များတွင် ¤င်းဘက် ထရီတင်ဆောင်မှုကြောင့် လေယာဉ်ပေါက် ကွဲသည့်သမိုင်းရာဇဝင်များလည်း ရှိခဲ့ဖူး သည်ဟု သိရသည်။
မလေးရှားလေကြောင်းလိုင်း စီအီးအိုက ယင်းကုန်ပစ္စည်းများ သည် ICAO ၏ခွင့်ပြုချက်ဖြင့် တင်ဆောင်ခဲ့ ခြင်းဖြစ်ပြီး အန္တရာယ်ရှိနိုင်သော ကုန်ပစ္စည်း နှင့်ဆက်စပ်မှုမရှိကြောင်း ပြောကြားခဲ့ သည်ဟု သိရသည်။ လေကြောင်းထိန်းချုပ် ကွပ်ကဲရေးဌာနချုပ်(FAA) ကမူ ယင်းကုန် ပစ္စည်းများသည် အန္တရာယ်ရှိသောကုန် ပစ္စည်းအဖြစ် သမိုင်းရာဇဝင်များရှိခဲ့ပြီး လွန်ခဲ့သော ၂၃နှစ်အတွင်း လေယာဉ်ပေါ် ၌ ဖြစ်ပွားခဲ့သော အက်ဆီးဒင့်ပေါင်း ၁၄ဝ အဖြစ်အပျက်တွင် ပါဝင်ပတ်သက်မှုရှိခဲ့ ကြောင်းသိရသည်။
Ref: Yahoo News
***********************
LIKE | SHARE ✓ | LOVE
| Yangon Media Group |
www.yangonmedia.com
***********************
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.