အရှိန်လွန်မောင်းနှင်လာသည့်ယာဉ်မှ လမ်းဘေးသို့ထိုးကျပြီး ဆိုင်အတွင်း အိပ်ပျော်နေသူကို တိုက်မိ
ရန်ကုန်၊ မတ် ၂၄
၂၃.၃.၂၀၁၄ ရက်နေ့၂၁၀၀ အချိန် တာမွေမြို့နယ်၊ သမိန်ဗရမ်းလမ်းမ အတိုင်း တာမွေဘက်မှ အသောကတံတားဘက်သို့ ယာဉ်မောင်း
ကျော်ဇင်နေလတ်၊(၂၃)နှစ်၊(ဘ)ဦးကျော်ဌေး၊ တာမွေ မြို့နယ်နေသူ
မောင်းနှင်လာသော 1E ---- Belta ငွေရောင်ကိုယ်ပိုင်ယာဉ်သည် အသောကဂုံးတံတားအတက်အရောက်၌ အရှိန်လွန်ကာလမ်း၏ယာဘက် သို့ထိုးကျသွားပြီး လက်ဖက်ရည်ဆိုင်ကို ၀င်ရောက်တိုက်မိခဲ့ပါသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် လက်ဖက်ရည်ဆိုင်အတွင်း အိပ်ပျော်နေသော
မောင်နိုင်ဝင်း၊ (၁၅)နှစ်အား တိုက်မိခဲ့သဖြင့် ဦးခေါင်းဖူးရောင်၊ နှာခေါင်း
ပေါက်ပြဲ ဒဏ်ရာများရရှိခဲ့၍ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ပြင်ပလူနာ
အဖြစ်ကုသခဲ့ရပါသည်။
မောင်နိုင်ဝင်း၊ (၁၅)နှစ်အား တိုက်မိခဲ့သဖြင့် ဦးခေါင်းဖူးရောင်၊ နှာခေါင်း
ပေါက်ပြဲ ဒဏ်ရာများရရှိခဲ့၍ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် ပြင်ပလူနာ
အဖြစ်ကုသခဲ့ရပါသည်။
ယင်းကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကျော်ဇင်နေလတ်ကို တာမွေမြို့မရဲစခန်း ယာဉ်(ပ)၁၃/၂၀၁၄၊ ပုဒ်မ ၂၇၉/၃၃၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
Yangon Police
Yangon Police
No comments:
Post a Comment
Note: Only a member of this blog may post a comment.