သတင်းနှင့်နည်းပညာများ

6/23/14

လှည်းတန်းဈေးတွင် ဓာတ်ကြိုးပြတ်ကျရာမှ ဓာတ်လိုက်သေဆုံးမှု သက်ဆိုင် ရာမြို့နယ် လျှပ်စစ်ဌာနတွင် များစွာတာဝန်ရှိ ဟု ပြည်သူများဝေဖန်


လှည်းတန်းဈေးတွင် ဓာတ်ကြိုးပြတ်ကျရာမှ ဓာတ်လိုက်သေဆုံးမှု သက်ဆိုင် ရာမြို့နယ် လျှပ်စစ်ဌာနတွင် များစွာတာဝန်ရှိ ဟု ပြည်သူများဝေဖန်
=====================================================
ရန်ကုန်၊ ဇွန် ၂၂- ဇွန်၂၁ရက် ည နေက လှည်းတန်းဈေးလမ်းတွင် ဓာတ် ကြိုးပြတ်ကျရာမှဓာတ်လိုက်ပြီး လူနှစ် ဦးသေဆုံး ခဲ့မှုနှင့် နှစ်ဦးဒဏ်ရာရရှိမှု တို့တွင် သက်ဆိုင်ရာမြို့နယ်လျှပ်စစ် ဌာနတွင် များစွာတာဝန်ရှိကြောင်း ပြည်သူ များက ဝေဖန် လိုက်ကြသည်။
ပွင့်လင်းမြင်သာသော ဖြေရှင်းမှုဖြစ်ရန်လို 
**********************************************
ယခုကဲ့သို့သောဖြစ်ရပ်များမှာ မကြာခဏဖြစ် ပွားနေလေ့ ရှိပြီး ပြည် သူများ အသက်ဆုံးရှုံးရမှုများရှိခဲ့သော် လည်း မည်သူ့တွင်တာဝန်ရှိသည်ဟူ သည်ကို တိတိကျကျမသိရှိရဘဲ ပြီး ပြီးရောသဘောမျိုးဖြင့် သာ အဆုံးသတ် သွားတတ် ကြရာ ယနေ့ခေတ်လို ပွင့် လင်းမြင်သာမှုရှိလာသောခေတ်တွင် ပွင့်လင်းမြင် သာသော အရေးယူ မှုများ ပြုလုပ်ပေးရန်လိုအပ်သကဲ့သို့ သေဆုံး ရသူတို့ အတွက် လည်း နစ်နာသည့် အလျောက် ထိုက်သင့်သောဖြေရှင်းမှု ပုံစံများရှိသင့် သည် ဟု ပြည်သူများ က ဝေဖန်အကြံပြု ပြောကြားလိုက် သည်။
ကမာရွတ်မြို့နယ်လျှပ်စစ်ရုံး မှ တာဝန်ရှိသူတစ်ဦးက ''မနေ့ကဖြစ်စဉ် မှာက ၄ဝဝဗို့အား ဓာတ်ကြိုးလေးပင် ထဲက တစ်ပင်ပြတ် ကျသွားတာ။ ပြတ် ကျရတာက မီးအသုံးများတာလဲ ပါ တယ်။ နောက်ပြီး ရာသီဥတုဒဏ်တွေ ကြောင့်လဲပါတယ်။ ခုတော့ ကျွန်တော် တို့ အဲဒီပြတ်ကျတဲ့ဓာတ်ကြိုးကို အ သစ်လဲထား ပါပြီ ။ ဟောင်းနွမ်းနေ တဲ့ ဓာတ်ကြိုးတွေကိုတော့ အမြဲတမ်းလဲ လှယ်ပေးနေ ပါတယ်။ အခုဒီကြိုးလဲ လဲထားတာသိပ်မကြာသေးဘူး၊ သုံး နှစ်လောက်ပဲ ရှိသေးတယ်။ ဘယ် လောက် အာမခံချက်ရှိလဲဆိုတော့ သုံးစွဲတဲ့အပေါ်မှာပဲ မူတည်ပါတယ်'' ဟု ဇွန် ၂၁ရက်က ကမာရွတ်မြို့နယ် တွင် လူနှစ်ဦးသေဆုံးမှုဖြစ်ပေါ်စေခဲ့ သည့် လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုနှင့် ပတ်သက်ပြီး ပြောကြားခဲ့ခြင်းဖြစ် သည်။
ကြိုတင်ပြင်ဆင်ထားမှုမရှိခြင်းနှင့် ပြုပြင်ရန်အတွက် စစ်ဆေး တိုင်းတာမှုမရှိခြင်းကြောင့်ဖြစ်
***********************************************************************
လျှပ်စစ်မီးကြိုးများ မကြာခဏ ပြတ်ကျနေခြင်းမှာ လက်ရှိသွယ်တန်း ထားသည့် လျှပ်စစ်ဓာတ်အားလိုင်း များမှာ သက်တမ်းကာလကျော်လွန် သည့်အတွက် လျှပ်စစ်အားနည်းသည့် အခါ သုံးစွဲသည့်ဝန်အားမနိုင်ခြင်း၊ ဓာတ်အား များခြင်း များကြောင့် လျှပ် စစ်ဓာတ်အားလိုင်းမခံနိုင် ၍ ပြတ် တောက်ရခြင်းဖြစ်ပြီး ယင်းလျှပ်စစ် ဓာတ်အားလိုင်းများအား ပြုပြင်ရန်အ တွက် ကြိုတင်ပြင် ဆင်ထားမှု မရှိခြင်း နှင့် ပြုပြင်ရန်အတွက် စစ်ဆေးတိုင်း တာခြင်း မပြုလုပ်နိုင်ခြင်း တို့ကြောင့် ဖြစ် သည်။
သတင်းကဏ္ဍ အပြည့်အစုံသို့ =>http://www.dailydemocracytoday.com/2014-03-04-06-50-07/item/256-2014-06-23-07-25-17
SH/MYK
[--Democracy today Daily Newspaper--]
‪#‎Democracytoday‬

No comments:

Post a Comment

Note: Only a member of this blog may post a comment.