သတင်းနှင့်နည်းပညာများ

6/24/14

ခရီးသည်တင်ယာဉ်မောင်းများ အင်တာနက်မသုံးရန် သတိပေးမည်


ခရီးသည်တင်ယာဉ်မောင်းများ အင်တာနက်မသုံးရန် သတိပေးမည်

အမြန်လမ်းမတစ်နေရာ (ဓာတ်ပုံ - နစ်ကီ)
အမြန်လမ်းတွင် ယာဉ် မောင်းနေစဉ် အင်တာနက်မသုံး ကြရန် သတင်းစာ၊ ရုပ်မြင်သံကြားနှင့် မီဒီယာများ၌ ထည့်သွင်းကြေညာသွားမည်ဖြစ်ကြောင်း  သတင်းရရှိသည်။

ယာဉ်မောင်းစဉ် မိုဘိုင်းဖုန်း အသုံးပြုသဖြင့် ရွှေမန္တလာလေ အိတ်ကားအသင်းမှ ယာဉ်မောင်း ကို ထုတ်ပယ်လိုက်ပြီးနောက် အ ထက်ပါအတိုင်း ဆောင်ရွက်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း အမြန်လမ်း နေပြည်တော်ဂိတ်မှ ဒုရဲအုပ်စိုးဝင်းက ပြောသည်။
‘‘ကားမောင်းနေတုန်း သူတို့ က အင်တာနက် သုံး၊ မသုံး မသိရဘူး။ ဒါ အန္တရာယ်သိပ်များတယ်။ အခုအချိန်က မိုးတွင်းကြီး ဆိုတော့ ပိုသတိထားရမှာပေါ့။ အမြန်လမ်းမှာ တချို့နေရာတွေကရေတွေတင်နေတော့ သတိဝီရိယရှိဖို့လိုတယ်’’ ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
ရန်ကုန်မှ မန္တလေးသို့ ဇွန်လ ၁၄ ရက်က ထွက်ခွာလာသည့် ရွှေမန္တလာ လေအိတ်အား မောင်း လာသည့် ယာဉ်မောင်းသည် ကားမောင်းနေစဉ် မိုဘိုင်းဖုန်းအသုံးပြုသဖြင့် အသင်း၏ စည်းကမ်းချက်များကို လိုက်နာခြင်းမရှိ၍ ယာဉ်မောင်းအဖြစ်မှ ရာ သက်ပန်ထုတ်ပယ်လိုက်ကြောင်း သတင်းရရှိသည်။
 ယာဉ်မောင်းအဖြစ်မှ အ လုပ်ထုတ်ပယ်ခံရသူသည် အဆို ပါနေ့က ယာဉ်မောင်းနေစဉ် ဖုန်း သုံးနေသည်ကို ခရီးသည်အမျိုး သမီးတစ်ဦးကတွေ့ပြီး ဖေ့စ် ဘွတ်ခ်ပေါ်တင်လိုက်သောကြောင့် ယာဉ်လိုင်းမှ တာဝန်ရှိသူများက တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မူရင်းလင့် - http://www.7daydaily.com/story/13971#.U6k9SkTkt5E

No comments:

Post a Comment

Note: Only a member of this blog may post a comment.