သတင်းနှင့်နည်းပညာများ

9/20/14

တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရပ်ကွက်များအတွင်းရေ၀င်ရောက်မှုကြောင့် ရေဘေးသင့် ပြည်သူများအား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းဖွဲ့က ကူညီဆောင်ရွက်ပေးလျက်ရှိ


တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရပ်ကွက်များအတွင်းရေ၀င်ရောက်မှုကြောင့် ရေဘေးသင့် ပြည်သူများအား ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းဖွဲ့က ကူညီဆောင်ရွက်ပေးလျက်ရှိ

၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့ နံနက် ၃ နာရီခွဲအချိန် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မယ်ဆိုင်ချောင်းရေမြင့်တက်ကာ မိုးရေနှင့်တောင်ကျ ချောင်းရေများ စီးဝင်မှုကြောင့် ပုန်းထွန်ရပ်ကွက်ရှိ အိမ်ခြေ(၅၂၇)လုံး၊ အိမ်ထောင်စု(၃၂၅)စု၊ လူဦးရေ (၁၅၂၁)ဦး၊ တာလော့ရပ်ကွက်ရှိ အိမ်ခြေ(၁၅၄)လုံး၊ အိမ်ထောင်စု(၁၈၀)စု၊ လူဦးရေ(၆၇၅)ဦး၊ မကာဟိုခမ်းရပ်ကွက်ရှိ အိမ်ခြေ(၁၀၃)လုံး၊ အိမ်ထောင်စု(၁၁၅)စု၊ လူဦးရေ(၂၈၉)ဦး၊ မယ်ခေါင် ရပ်ကွက်ရှိ အိမ်ခြေ(၁၁၄)လုံး၊ အိမ်ထောင်စု(၂၂၂)စု၊ လူဦးရေ(၉၂၉)ဦး၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ အိမ်ခြေ(၁၂၀)လုံး၊ အိမ်ထောင်စု(၁၄၂)စု၊ လူဦးရေ(၃၈၂)ဦး၊ ၀ိန်းကျောက်ရပ်ကွက်ရှိ အိမ်ခြေ(၁၂၁)လုံး၊ အိမ်ထောင်စု(၁၂၁)စု၊ လူဦးရေ(၄၉၃)ဦး၊ ရန်အောင်မြေရပ်ကွက်ရှိ အိမ်ခြေ(၉၅)လုံး၊ အိမ်ထောင်စု (၉၅)စု၊ လူဦးရေ(၃၂၆)ဦး၊ စုစုပေါင်းအိမ်ခြေ(၁၂၃၄)လုံး၊ အိမ်ထောင်စု(၁၂၀၀)စု၊ လူဦးရေ(၄၆၁၅)ဦးတို့ နေထိုင်ရာနေရာများသို့ ရေအမြင့် ၃ ပေမှ ၁၀ ပေခန့်ထိဝင်ရောက်လျက်ရှိသည်။ ရေ၀င်ရောက်သည့် နေရာများမှ ရေဘေးသင့်ပြည်သူများအတွက် ပုန်းထွန်ရပ်ကွက်ရှိ သီရိရတနာဂူဟာ ရှမ်းဘုန်းကြီးကျောင်း၊ တာလော့ရပ်ကွက်ရှိ တာလော့ကျောင်းတိုက်၊ မကာဟိုခမ်းရပ်ကွက်ရှိ မြို့နယ်ဓမ်္မာရုံ၊ ဆန်ဆိုင်း(က) ရပ်ကွက်ရှိ နဂါးနှစ်ကောင်ဘုန်းကြီးကျောင်း၊ မယ်ခေါင်ရပ်ကွက်ရှိ မယ်ခေါင်ဘုန်းကြီးကျောင်းနှင့် ၀ိန်းကျောက်ရပ်ကွက်ရှိ ကော်တော့(အတွင်း)ဘုန်းကြီးကျောင်းများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့သည်။ မိုးရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်ရှိ ရေနစ်မြုပ်နေသော နေရာများတွင် လျှပ်စစ်မီးအား နံနက် ၆ အချိန်မှစ၍ ဖြတ်တောက်ထားပြီး အဆိုပါနေရာများတွင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှတပ်မတော်သားများ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိပြီး နံနက် ၁၁ နာရီခွဲအချိန် တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များက ပုန်းထွန်ရပ်ကွက်အတွင်းရှိ ရေဘေးသင့်ပြည်သူ (၁၅၂၁)တို့အား ထမင်းထုပ်များပေးဝေခဲ့ကြောင်း သတင်းရရှိသည်။

https://www.facebook.com/yezarnimedia/photos/pcb.802235243162610/802235196495948/?type=1

No comments:

Post a Comment

Note: Only a member of this blog may post a comment.