Telenor က မိုဘိုင်းအင်တာနက်စနစ် ပေးအပ်ရန် MPT နှင့်ဆွေးနွေး
Telenor သည် ၎င်းတို့၏ မိုဘိုင်းဖုန်းကွန်ရက်တွင် အင်တာနက်စနစ်ပေးအပ်ရန် မြန်မာဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ဆွေးနွေးနေကြောင်း Telenor ၏ CEO ဖြစ်သူ Mr.Petter ကပြောသည်။
လက်ရှိအချိန်တွင် ကိုယ်ပိုင် Gateway ပိုင်ဆိုင်သော အော်ပရေတာသည် မြန်မာနိုင်ငံ၌ MPT တစ်ခုသာရှိပြီး အဆိုပါ MPT Gateway ထံမှာ အင်တာနက် အသုံးပြုနိုင်သော Bandwidth ကို Telenor က ရယူ အသုံးပြုရန် ဆွေးနွေးနေခြင်းဖြစ်သည်။
Telenor သည် သီးခြား Gateway တစ်ခုနှင့် မိုဘိုင်းအင်တာနက်စနစ် ပေးအပ်နိုင်ရန် Bandwidth အကြောင်း ဆွေးနွေးခဲ့သော်လည်း ကွန်ရက်နှေးကွေးမှုကြောင့် အဆင်မပြေ ဖြစ်ခဲ့ရသည်ဟု Mr.petter ကပြောသည်။ Telenor သည် MPT တွင်ပိုနေသည့် Bandwidth ကို ရယူအသုံးပြုရန် စီစဉ်နေခြင်းဖြစ်ပြီး Ooredoo သည် ၎င်း၏ မိုဘိုင်းအင်တာနက်စနစ်အတွက် ထိုင်းကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက် ထားသည်ဟု သိရသည်။
http://www.internetjournal.com.mm/content/14412
http://www.internetjournal.com.mm/content/14412
No comments:
Post a Comment
Note: Only a member of this blog may post a comment.